Amazing Dreams Travels & Tours

Amazing Dreams Travels & Tours If you love to have unforgettable travel experiences, here is a reliable travel agent for you. Our river cruise tour may be just what you’re looking for.
(79)

Amazing Dreams Travels is a professional travel agency operating out of Yangon, Myanmar. We offer affordable tour packages to beautiful and scenic locations like Mandalay, Inle, Kyakhtiyo, ChaungThar beach, and more. Amazing Dreams Travels will handle all the logistics for you, from hotel reservations to car rentals and plane tickets, allowing you to focus on relaxing and enjoying the sights all a

round the country. Do you love taking pictures and capturing the natural environment? We offer high quality tours aimed at helping photo enthusiasts get the very best shots. Or do you prefer a laid back and relaxing time hanging out with your friends and family on the river? No matter what kind of tour you’re after, our goal is to provide you with a vacation you’ll remember for years to come. Let us handle the flight ticketing and visa services and give you an affordable and unforgettable experience enjoying the rich natural landscape of Myanmar. Let us help you experience an absolutely perfect vacation through our friendly and professional service. Amazing Dreams Travel is always ready to do our best to service you every way we can.

Merry Christmas to you all🎄⛄❤️
24/12/2020

Merry Christmas to you all🎄⛄❤️

ပျော်ရွှင်စရာ နှစ်သစ်ချိန်ခါမှာ Covid 19 ကပ်ရောဂါဆိုးမှ ကင်းဝေးပြီး ကျန်းမာကြပါစေကြောင်း Amazing Dreams Travels & Tours ...
17/04/2020

ပျော်ရွှင်စရာ နှစ်သစ်ချိန်ခါမှာ Covid 19 ကပ်ရောဂါဆိုးမှ ကင်းဝေးပြီး ကျန်းမာကြပါစေကြောင်း Amazing Dreams Travels & Tours မိသားစုမှ ဆုတောင်းသဝဏ်လွှာ ပို့သအပ်ပါတယ် …

[English Below] အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းမည်။ =====...
31/03/2020

[English Below]


အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆိုက်ရောက်ခွင့် ရပ်ဆိုင်းမည်။

======================================================

ကူးစက်မြန် COVID-19 ရောဂါပြန့်ပွားမှုကာကွယ်ရေးကြိုတင်စီမံချက်အနေဖြင့် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့၏ ထုတ်ပြန်ချက်နှင့်အညီ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မြန်မာနိုင်ငံရှိ မည်သည့် လေဆိပ်၌မဆို အပြည်ပြည်ဆိုင်ရာ ခရီးသည်တင်လေယာဉ်များ ဆိုက်ရောက်ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်သည်။

ဤကြေညာချက်သည် မတ်လ ၃၀ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီမှ စတင်၍ ဧပြီလ ၁၃ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ အကျုံးဝင်သက်ရောက်သွားမည်ဖြစ်သည်။

အသေးစိတ်သိရှိလိုပါက https://bit.ly/2QWTpYC တွင် ဝင်ကြည့်ရှုနိုင်ပါသည်။

Landing at Yangon International Airport will not be Allowed for All International Commercial Passenger Flights

======================================================

For preventive measures of highly infectious COVID-19, the Department of Civil Aviation and the Ministry of Health and Sports advised that the landing of all international commercial passenger flights will not be allowed at Yangon International Airport (“YIA”) and any other airport in Myanmar,

This immediate notice effective from 30 March 2359 hours MST up to 13 April 2359 hours MST.

For more details, please read at https://bit.ly/2QWTpYC.

Credit : Yangon International Airport

Temporary Measures To Prevent Importation Of Covid - 19 To Myanmar Through Air Travel
29/03/2020

Temporary Measures To Prevent Importation Of Covid - 19 To Myanmar Through Air Travel

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကျရောက်ခြင်းဘေးမှ ကင်းဝေးပြီး အမြန်ဆုံး သက်သာပျောက်ကင်းကာ အားလုံး ကျန်းမာကြပါစေကြောင်း Amazing D...
29/03/2020

ကမ္ဘာ့ကပ်ရောဂါ Covid-19 ကျရောက်ခြင်းဘေးမှ ကင်းဝေးပြီး အမြန်ဆုံး သက်သာပျောက်ကင်းကာ အားလုံး ကျန်းမာကြပါစေကြောင်း Amazing Dreams Travels & Tours မိသားစု မှ ဆုတောင်း မေတ္တာ ပို့သ အပ်ပါတယ် ...






ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအပေါ် ချမှတ်ထားသည့် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များ ထု...
24/03/2020

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသွားများအပေါ် ချမှတ်ထားသည့် ကြိုတင်ကာကွယ်ရေး ကန့်သတ်ချက်များ ထုတ်ပြန်ခြင်း

မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင် ပွဲတော်ကို ရှေးအစဉ်အလာ ကပင် နှစ်စဉ်မပျက် ခရစ်နှစ်၏ ဧပြီလနှင့် မြန်မာ...
12/03/2020

မြန်မာနိုင်ငံတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာရေသဘင် ပွဲတော်ကို ရှေးအစဉ်အလာ ကပင် နှစ်စဉ်မပျက် ခရစ်နှစ်၏ ဧပြီလနှင့် မြန်မာနှစ်၏ တန်ခူးလတို့တွင် ကျင်းပဆင်နွှဲ ကြသည်။ ဘာသာရေးနှင့် တိုက်ရိုက်ဆက်နွှယ်ခြင်း မရှိသော ပွဲတော်ဟုလည်း ဆိုရမည်ဖြစ်သည်။ မြန်မာသက္ကရာဇ်၏ နှစ်ဟောင်းအဆုံးတွင် ကျင်းပရသော ပွဲတော်ဖြစ် သကဲ့သို့ နှစ်သစ်ကိုကြိုဆိုသော ပွဲတော်လည်း ဖြစ်သည်။ ယနေ့ချိန်ခါ ကာလသည် ယခုနှစ် ၁၃၈၁ ခုနှစ် ကုန်ဆုံး၍ ၁၃၈၂ ခုနှစ်ကို ကြိုဆိုသော နှစ်သစ်ကူး အခါသမယ ပွဲတော်လည်း ဖြစ်သည်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာရေသဘင် ပွဲတော်သည် အခြေခံမဲ့စွာဖြင့် ဖြစ်ပေါ်လာသော ပွဲတော်မဟုတ်ဘဲ နက္ခတ်ဗေဒပညာရှင် များနှင့် ပြက္ခဒိန် အကြံပေးအဖွဲ့တို့က တွက်ချက်ကာလပေါင်း များစွာ ကြိုတင်၍ နိုင်ငံတော်အစိုးရ ပြန်တမ်းဖြင့် သင်္ကြန်အကြိုနေ့၊ သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့၊ သင်္ကြန်အတက်နေ့၊ နှစ်ဆန်းတစ်ရက်နေ့ စသည်ဖြင့် ကြေညာ ပေးထားခြင်း ဖြစ်သည်။ သင်္ကြန်အကြတ် နှစ်ရက်ဖြစ်သည့် နှစ်လည်း ရှိသည်။

ရေသဘင်ပွဲတော်ကြီး ၏ အနှစ်သာရသည် အမှန်အားဖြင့် နှစ်ဟောင်းမှ မကောင်းမှု အညစ်အကြေး တို့ကို ဆေးကြောခြင်း၊ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းတို့အား ရေကဲ့သို့အေးမြ စေကြောင်း ဆန္ဒဖြင့် အတာရေပက်ဖျန်း ပေးခြင်း၊ မြန်မာနှစ်သစ်ကို ကြိုဆိုခြင်းတို့ ပါဝင်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာရေသဘင် ပွဲတော်ကြီးကို ခရစ်သက္ကရာဇ်၏ ဧပြီလတွင် ကျင်းပသည် ဆိုသော်လည်း ပွဲတော်အတွက် အစောပိုင်း ကတည်းက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ကြရသည်။

ပြင်ဆင်မှုဟု ဆိုရာတွင် စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရဌာနများ၊ လူမှုရေး အသင်းအဖွဲ့များ စသည်တို့က ရေကစားမဏ္ဍပ်များ တည်ဆောက်ခြင်း၊ အလှပြယာဉ်များ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။ မန္တလေးမြို့တွင် ကျုံးပတ်လည်၌ ရေကစားမဏ္ဍပ် များကို အဓိကထား တည်ဆောက် ကြပြီး ရန်ကုန်မြို့တွင် ကမ္ဘာအေး ဘုရားလမ်းနှင့် ကန်တော်ကြီး ပတ်လမ်းတို့တွင် တည်ဆောက်ကြလေ့ ရှိသည်။ အခြားမြို့နယ် များတွင်လည်း မိသားစုမဏ္ဍပ်ငယ် တို့ဖြင့် ဆင်နွှဲကြသည်။

ထို့နောက် မဏ္ဍပ်များပေါ်တွင် ရေပိုက်များ၊ အချို့မဏ္ဍပ်များ ပေါ်တွင် ရေစည်ပိုင်းများ ထားပြီး လှပျိုဖြူလေးများက တူညီဝတ်စုံများကို ဝတ်ကာ သီချင်းသီဆိုခြင်း၊ သင်္ကြန်အက များဖြင့် ရေကစား ကြသည်။ ရေသဘင်ပွဲဆင်နွှဲ လိုကြသော လူငယ်များကလည်း စုဖွဲ့၍ ကားငှားကာ ရေပက်ခံထွက် ကြသည်။ ထိုကဲ့သို့သော အပြုအမူများကို မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် အညီ ဆင်နွှဲကြပါက ပျော်ရွှင်ဖွယ် ကောင်းသော နှစ်သစ်ကူးပွဲတော်၊ အတာရေသဘင် ပွဲတော်ဟု ခေါ်ဆိုရမည် ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် လအလိုက် ဘာသာရေးနှင့် ပတ်သက်သော၊ ဘာသာရေးနှင့် မပတ်သက်သော ပွဲတော်များကို နေရာအနှံ့အပြား၌ ကျင်းပလေ့ရှိကြသည်။ မြန်မာနှစ်သစ်ကူး ပွဲတော်သည် လူမျိုးဘာသာ မခွဲခြားဘဲ ပါဝင်ဆင်နွှဲကြသော ပွဲတော် ဖြစ်သောကြောင့် ကမ္ဘာ့အလယ်တွင် မြန်မာဟု ဂုဏ်ယူဝင့်ကြွား နိုင်စေရန် နှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်တွင် သရုပ်ပျက် ဝတ်စားဆင်ယင်မှု၊ မူးယစ်ရမ်းကားမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ အမျိုးသမီးများ၏ ဂုဏ်သိက္ခာ ထိခိုက်မှုတို့ကို ဖယ်ရှား၍ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းကာ ဆင်နွှဲကြ စေလိုကြောင်း အသိပေး ရေးသား လိုက်ရပေသည်။

ယခု‌ကျရောက်မည့် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် သင်္ကြန်အခါသမယ မှစ၍ စိတ်၏ချမ်းသာ ခြင်း ကိုယ်၏ကျန်းမာ ခြင်းနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများလည်း ဒီရေမက တိုးတက်ပါစေလို့ Amazing Dreams Travels &Tours မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင်



-----------------------------------------------------------------------------------------------------------

ျမန္မာႏိုင္ငံတြင္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ အတာေရသဘင္ ပြဲေတာ္ကို ေရွးအစဥ္အလာ ကပင္ ႏွစ္စဥ္မပ်က္ ခရစ္ႏွစ္၏ ဧၿပီလႏွင့္ ျမန္မာႏွစ္၏ တန္ခူးလတို႔တြင္ က်င္းပဆင္ႏႊဲ ၾကသည္။ ဘာသာေရးႏွင့္ တိုက္႐ိုက္ဆက္ႏႊယ္ျခင္း မရွိေသာ ပြဲေတာ္ဟုလည္း ဆိုရမည္ျဖစ္သည္။ ျမန္မာသကၠရာဇ္၏ ႏွစ္ေဟာင္းအဆံုးတြင္ က်င္းပရေသာ ပြဲေတာ္ျဖစ္ သကဲ့သို႔ ႏွစ္သစ္ကိုႀကိဳဆိုေသာ ပြဲေတာ္လည္း ျဖစ္သည္။ ယေန႔ခ်ိန္ခါ ကာလသည္ ယခုႏွစ္ ၁၃၈၁ ခုႏွစ္ ကုန္ဆံုး၍ ၁၃၈၂ ခုႏွစ္ကို ႀကိဳဆိုေသာ ႏွစ္သစ္ကူး အခါသမယ ပြဲေတာ္လည္း ျဖစ္သည္။

ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ အတာေရသဘင္ ပြဲေတာ္သည္ အေျခခံမဲ့စြာျဖင့္ ျဖစ္ေပၚလာေသာ ပြဲေတာ္မဟုတ္ဘဲ နကၡတ္ေဗဒပညာရွင္ မ်ားႏွင့္ ျပကၡဒိန္ အႀကံေပးအဖြဲ႕တုိ႔က တြက္ခ်က္ကာလေပါင္း မ်ားစြာ ႀကိဳတင္၍ ႏုိင္ငံေတာ္အစိုးရ ျပန္တမ္းျဖင့္ သႀကၤန္အႀကိဳေန႔၊ သႀကၤန္အက်ေန႔၊ သႀကၤန္အၾကတ္ေန႔၊ သႀကၤန္အတက္ေန႔၊ ႏွစ္ဆန္းတစ္ရက္ေန႔ စသည္ျဖင့္ ေၾကညာ ေပးထားျခင္း ျဖစ္သည္။ သႀကၤန္အၾကတ္ ႏွစ္ရက္ျဖစ္သည့္ ႏွစ္လည္း ရွိသည္။

ေရသဘင္ပြဲေတာ္ႀကီး ၏ အႏွစ္သာရသည္ အမွန္အားျဖင့္ ႏွစ္ေဟာင္းမွ မေကာင္းမႈ အညစ္အေၾကး တို႔ကို ေဆးေၾကာျခင္း၊ ေဆြမ်ဳိးမိတ္သဂၤဟ အေပါင္းတုိ႔အား ေရကဲ့သို႔ေအးျမ ေစေၾကာင္း ဆႏၵျဖင့္ အတာေရပက္ဖ်န္း ေပးျခင္း၊ ျမန္မာႏွစ္သစ္ကို ႀကိဳဆိုျခင္းတို႔ ပါဝင္သည္။ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ အတာေရသဘင္ ပြဲေတာ္ႀကီးကို ခရစ္သကၠရာဇ္၏ ဧၿပီလတြင္ က်င္းပသည္ ဆုိေသာ္လည္း ပြဲေတာ္အတြက္ အေစာပိုင္း ကတည္းက ႀကိဳတင္ ျပင္ဆင္မႈမ်ား ျပဳလုပ္ၾကရသည္။

ျပင္ဆင္မႈဟု ဆိုရာတြင္ စီးပြားေရး လုပ္ငန္းရွင္မ်ား၊ အစိုးရဌာနမ်ား၊ လူမႈေရး အသင္းအဖြဲ႕မ်ား စသည္တို႔က ေရကစားမ႑ပ္မ်ား တည္ေဆာက္ျခင္း၊ အလွျပယာဥ္မ်ား ျပင္ဆင္ျခင္းတုိ႔ကို ေဆာင္ရြက္ၾကသည္။ မႏၲေလးၿမိဳ႕တြင္ က်ဳံးပတ္လည္၌ ေရကစားမ႑ပ္ မ်ားကို အဓိကထား တည္ေဆာက္ ၾကၿပီး ရန္ကုန္ၿမိဳ႕တြင္ ကမၻာေအး ဘုရားလမ္းႏွင့္ ကန္ေတာ္ႀကီး ပတ္လမ္းတို႔တြင္ တည္ေဆာက္ၾကေလ့ ရွိသည္။ အျခားၿမိဳ႕နယ္ မ်ားတြင္လည္း မိသားစုမ႑ပ္ငယ္ တုိ႔ျဖင့္ ဆင္ႏႊဲၾကသည္။

ထို႔ေနာက္ မ႑ပ္မ်ားေပၚတြင္ ေရပိုက္မ်ား၊ အခ်ဳိ႕မ႑ပ္မ်ား ေပၚတြင္ ေရစည္ပိုင္းမ်ား ထားၿပီး လွပ်ဳိျဖဴေလးမ်ားက တူညီဝတ္စံုမ်ားကို ဝတ္ကာ သီခ်င္းသီဆုိျခင္း၊ သႀကၤန္အက မ်ားျဖင့္ ေရကစား ၾကသည္။ ေရသဘင္ပြဲဆင္ႏႊဲ လိုၾကေသာ လူငယ္မ်ားကလည္း စုဖြဲ႕၍ ကားငွားကာ ေရပက္ခံထြက္ ၾကသည္။ ထုိကဲ့သို႔ေသာ အျပဳအမူမ်ားကို ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈႏွင့္ အညီ ဆင္ႏႊဲၾကပါက ေပ်ာ္ရႊင္ဖြယ္ ေကာင္းေသာ ႏွစ္သစ္ကူးပြဲေတာ္၊ အတာေရသဘင္ ပြဲေတာ္ဟု ေခၚဆိုရမည္ ျဖစ္သည္။

သို႔ျဖစ္ရာ ျမန္မာႏိုင္ငံတြင္ လအလိုက္ ဘာသာေရးႏွင့္ ပတ္သက္ေသာ၊ ဘာသာေရးႏွင့္ မပတ္သက္ေသာ ပြဲေတာ္မ်ားကို ေနရာအႏွံ႔အျပား၌ က်င္းပေလ့ရွိၾကသည္။ ျမန္မာႏွစ္သစ္ကူး ပြဲေတာ္သည္ လူမ်ဳိးဘာသာ မခြဲျခားဘဲ ပါဝင္ဆင္ႏႊဲၾကေသာ ပြဲေတာ္ ျဖစ္ေသာေၾကာင့္ ကမၻာ့အလယ္တြင္ ျမန္မာဟု ဂုဏ္ယူဝင့္ၾကြား ႏုိင္ေစရန္ ႏွစ္သစ္ကူး အတာသႀကၤန္ ပြဲေတာ္တြင္ သ႐ုပ္ပ်က္ ဝတ္စားဆင္ယင္မႈ၊ မူးယစ္ရမ္းကားမႈ၊ ခိုက္ရန္ျဖစ္ပြားမႈ၊ အမ်ဳိးသမီးမ်ား၏ ဂုဏ္သိကၡာ ထိခိုက္မႈတို႔ကို ဖယ္ရွား၍ ျမန္မာ့ယဥ္ေက်းမႈကို ထိန္းသိမ္းကာ ဆင္ႏႊဲၾက ေစလိုေၾကာင္း အသိေပး ေရးသား လိုက္ရေပသည္။

ယခု‌က်ေရာက္မၫ့္ ျမန္မာသကၠရာဇ္ ၁၃၈၂ ခုႏွစ္ သႂကၤန္အခါသမယ မွစ၍ စိတ္၏ခ်မ္းသာ ျခင္း ကိုယ္၏က်န္းမာ ျခင္းနဲ႔ ျပၫ့္စံုျပီး စီးပြားလာဘ္လာဘမ်ားလည္း ဒီေရမက တိုးတက္ပါေစလို႔ Amazing Dreams Travels &Tours မိသားစုမွ ဆုေတာင္းေမတၲာပို႔သလိုက္ပါတယ္ ရွင္

သဘာ၀ အလှတရားများ ၊ အေးချမ်းသော ရာသီဥတု ဖြင့် လှချင်တိုင်းလှနေသော ပတ္တမြားမြေ မိုးကုတ် / ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက်...
11/03/2020

သဘာ၀ အလှတရားများ ၊ အေးချမ်းသော ရာသီဥတု ဖြင့် လှချင်တိုင်းလှနေသော ပတ္တမြားမြေ မိုးကုတ် / ကုန်းဘောင်ခေတ်၏ နောက်ဆုံးမင်းဆက် စိုးစံခဲ့ရာ နန်းမြို့တော် မန္တလေး / ရာဇဝင်များထဲက အင်းဝ နှင့် ကမ္ဘ့ာအံ့ဖွယ် ခေါင်းလောင်းကြီး ရှိရာ မင်းကွန်း သို့ အလည် တစ်ခေါက်

မိုးကုတ်မြို့လို့ ဆိုလိုက်တာနဲ့ နေလို့ကောင်းတဲ့ ရာသီဥတု အေးအေးလေး ရယ် တောတောင် စိမ်းစိမ်း စိုစို ထူထူလေး တွေ နဲ့ ကွေ့ကွေ့ကောက်ကောက် တောင်ပေါ်လမ်းတွေ ရယ်ကို မြင်ယောင် မိကြမှာပါ …

💓💓 ပြည်တန်ပတ္တမြားငမောက် ထွက်ရှိခဲ့တဲ့ ဂုဏ်ယူဖွယ်ရာသမိုင်းကြောင်းရှိသော မြို့ကလေး

💓💓 တိုင်းရင်းသားလူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်ကြသည့်အလျောက် မိမိတို့ ယုံကြည်သက်၀င်ရာ ဘာသာတရားများနှင့် အတူ သွေးစည်းညီညွတ်စွာ တည်ရှိနေတဲ့ အေးချမ်းလှတဲ့ မြို့ကလေး

💓💓 ဗုဒ္ဓဘာသာထွန်းကားတဲ့ နိုင်ငံဖြစ်သည့်အားလျော်စွာ တန်ခိုးကြီး တောင်ပေါ်ဘုရားများ၊ မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့်ကြံ အားထုတ်ခဲ့ရာဒေသ

💓💓 အဖိုးတန် တွင်းထွက်ရတနာမျိုးစုံ ခင်းကျင်းပြသကထားပြီး မိမိတို့စိတ်ကြိုက် လေ့လာ၊ ကြည့်ရှု၊ ၀ယ်ယူနိုင်မည့် ထာပွဲ

💓💓 လွမ်းမောဖွယ်ရာ ရာဇ၀င်တွေနဲ့ ပြည့်နှက်နေတဲ့ ဒေါ်နန်းကြည်တော်ပေါ်မှ မြင်ရတဲ့မြင်ကွင်းဟာ ကိုယ်တိုင် တိမ်တွေကြားထဲ ရောက်သွားသလို ခံစားရမယ့်အပြင် မြင်ကွင်းတစ်ဆုံး ခံညားထည်ဝါလှတဲ့ တောင်တန်းကြီး တွေရဲ့ အလှ

💓💓 ညစျေးတွင်လည်း မဖြစ်မနေ မြည်းစမ်းကြည့်ရမယ့် ၀က်သားချဉ်၊ ခေါပုတ်ကင်၊ မိုးကုတ်မြီးရှည်၊ မှိုပေါင်းတို့ရဲ့ အရသာဟာ မိုးကုတ်မြို့ကို မမေ့နိုင်အောင် အမှတ်ရနေစေပါတယ်

💓💓 မုနိလေးဆူမှ ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မဟာမြတ်မုနိဘုရားကြီးကို မဖူးရလျှင် မန္တလေးမြို့သို့ မရောက် ဟုပင် ဆိုစမှတ်ပြုရလောက်အောင် တန်ခိုးကြီးထင်ရှားတဲ့ ဘုရားတစ်ဆူဖြစ်တဲ့အတွက်ကြောင့် သွားရောက် ဖူးမြော်ကြရအောင် …

💓💓 အသက်လေးရယ်တဲ့ရှည်စေလို မန်းတောင်ရိပ်ခို ဆိုသလို မန္တလေးရောက်လျှင် မဖြစ်မနေ သွားရောက်လည်ပတ် သင့်တဲ့ မန်းတောင်ကို အလည်သွားရင်း မြွေကြီးနှစ်ကောင် သွားလို့ကြည့်ရအောင်……

💓💓 သာလွန်မင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ကောင်းမှုတော်ဘုရားကို သွားရောက်ဖူးမြော်ရင်း မြန်မာတွင်သာမက ကမ္ဘာမှာပါ ကျော်ကြားလူသိများလှတဲ့ မင်းကွန်းခေါင်းလောင်းကြီး ၊ ဘိုးတော်ဘုရားတည်ဆောက်ခဲ့ပြီး မပြီးဆုံးသေးသော ကမ္ဘာ့အကြီးဆုံး မင်းကွန်းပုထိုးတော်ကြီး ၊ ဘိုးတော်ဘုရား၏ သမီးတော် ဆင်ဖြူမယ် ဝတ်ဆင်ခဲ့တဲ့ တစ်သိန်းတန် မြရတနာကို ဌာပနာထား ပူဇော်ခဲ့သော မြသိန်းတန်စေတီတော်ကြီး တည်ရှိရာ မင်းကွန်းမြို့သို့ သွားရောက်လည်ပတ်ကြရအောင် …

💓💓 အင်းဝ ရှေးဟောင်းယဉ်ကျေးမှုဒေသမှာရှိတဲ့ ရှေးခေတ်ပညာရှင်တို့၏ တည်ဆောက်မှုလက်ရာ ၊ ထုတည် ကြီးမားမှုတွေကို စိတ်ဝင်စားဖွယ် လေ့လာနိုင်မယ့် မိဖုရားခေါင်ကြီး နန်းမတော် မယ်နု တည်ထားသော မဟာအောင်မြေ ဘုံစံကျောင်း (သို့) မယ်နုအုတ်ကျောင်း၊ ( ၂၇ ) မီတာ အမြင့်ရှိ နန်းမြင့်မျှော်စင် စတဲ့ သမိုင်းဝင် နေရာများကို သွားရောက်လေ့လာနိုင်မယ့် အခွင့်အရေးကို လက်လွှတ် မခံဘဲ ရယူလိုက်ကြရအောင် …

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ အနေဖြင့် 3 Stars အဆင့်ရှိ ဟိုတယ်တွင် (၃)ညအိပ် တည်းခိုခြင်း ၊ 2+1 VIP Scania ကား ၊ ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာ ၊ ညစာ များ ၊ တဆင့်သွားကားခများ အပါအ၀င် စိတ်ရှည်သည်းခံ ဖော်ရွှေပျူငှာပြီး ကျွမ်းကျင်သောTour Leader ရဲ့၀န်ဆောင်မှုများ ပါ၀င်မှာဖြစ်ပါတယ် ….

***********************************************************************

မိုးကုတ် - မန္တလေး - စစ်ကိုင်း - မင်းကွန်း - အင်း၀ ( ၅ည၆ရက် ခရီးစဉ်)

🗓️ ခရီးစဉ် ထွက်ခွာမည့်အချိန် - ဧပြီ ( ၁၃ ) ရက် ၂၀၂၀ ညပိုင်း

🗓️ ခရီးစဉ် ပြန်လည်ရောက်ရှိမည့်အချိန် - ဧပြီ ( ၁၈ ) ရက် ၂၀၂၀ ညပိုင်း

💰💰 တဦးနှုန်း - ၃၀၀၀၀၀ ကျပ်

***********************************************************************
Amazing Dreams Travels & Tours Co.,Ltd

Inbound License No : Kha - 1693
Company Registration No: 119166454

အမှတ်(၈၈) ၊ ဗဟိုလမ်း နှင့် မကြီးကြီးလမ်းအနီး ၊ စမ်းချောင်း ၊ ရန်ကုန် ။
၀၁ ၅၃၄၀၇၂ ၊ ၀၁ ၂၃၀၂၀၆၈ ၊ ၀၉ ၅၀၇၇၉၆၈ ၊ ၀၉ ၅၁၁၃၂၇၁ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်...

ရုံးများ ၊ ကျောင်းများ ၊ အဖွဲ့အစည်းများ ၊ Group လိုက်ဖြစ်စေ ၊ မိသားစုလိုက်ဖြစ်စေ သီးသန့်သွားချင်သော ခရီးသွားလူကြီးမင်းများအတွက် အသက်သာဆုံးစျေးနှုန်းများဖြင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးပါသည်...

တောင်ကြီး - ထမ့်ဆမ်း - ကက္ကူ - အင်းလေး - ပင်းတယ - ကလော - ရွာငံ (၄ည၅ရက်)(သွားတဲ့သူတိုင်း Recommend ပေးလွန်းလို့ Amazing D...
10/03/2020

တောင်ကြီး - ထမ့်ဆမ်း - ကက္ကူ - အင်းလေး - ပင်းတယ - ကလော - ရွာငံ (၄ည၅ရက်)

(သွားတဲ့သူတိုင်း Recommend ပေးလွန်းလို့ Amazing Dreams ရဲ့ အရောင်းရဆုံး ခရီးစဉ်)

တောတောင် သဘာဝကြီးရဲ့ ရာနှုန်းပြည့် အလှတရား ၊ ရှမ်းတိုင်းရင်းသူ တိုင်းရင်းသားတို့ရဲ့ ဖော်ရွေပျူငှာတဲ့ အပြုံး ၊ ရှမ်းပြည်နယ်ရဲ့ ရတနာတစ်ပါးဖြစ်တဲ့ အင်းလေးကန်ကြီးရဲ့ အလှတရားတွေကို သွားရောက် ကြည့်ရှု ခံစား နိုင်မယ့်ခရီးစဉ်လေးဖြစ်ပါတယ်…… 💛💛

လမ်းတစ်လျှောက် ရောင်စုံပန်းချီကားတစ်ချပ်လို လှပနေတဲ့ တောင်ယာစိုက်ခင်းအလှတွေကို တဝကြီး ခံစားပြီး မှော်အတတ်ပညာနဲ့ ဖန်ဆင်းထားသယောင် ထင်ရမယ့် သဘာဝ မြသပိတ် ရေပြာအိုင်ရဲ့ အလှကို ခံစားကြမယ်……. 💙💙

ရှမ်းတိုင်းရင်းသားတို့ရဲ့ ဘာသာတရားကိုင်းရှိုင်းမှု ၊ သဒ္ဒါတရား ထက်သန်မှုတွေကို အထင်အရှားတွေ့ မြင်နိုင် မယ့် အထင်ကရ ရွှေဥမင် လှိုဏ်ဂူတော်ကို သွားရောက်လည်ပတ်ရင်း ညောင်ပင်ကြီးတွေကို နောက်ခံထားကာ ဓာတ်ပုံ ရိုက်ကြရင်း အဖိုးတန် အမှတ်တရတွေကို ဖန်တီးကြမယ် … 💚💚

သာယာလှပတဲ့ ကလောမြို့လေး၏ ကျက်သရေဆောင် တန်ခိုးကြီး နှီးဘုရားကြီးကို သွားရောက်ဖူးမြော်ကြကာ ကုသိုလ်ယူကြရင်း ကိုလိုနီခေတ် က တည်ဆောက် အသုံးပြုခဲ့သော ကလောဘူတာ တို့ကို သွားရောက်လည်ပတ်ကြမယ် … ❤❤

မြင်းမထိဂူ ရဲ့ သမိုင်းကြောင်းကို လေ့လာပြီး ဗျိုက်တောင်ကို နောက်ခံထားကာ သဘာဝအလှအပ ရှူခင်းများနှင့် ဓာတ်ပုံရိုက်ကြမယ် ... 💛💛

ရှမ်းပြည်လို့ပြောလိုက်တာနဲ့ ခြေတံရှည် အိမ်လေးတွေသာ တွေ့မြင်ရမယ့် အရပ် ၊ ခြေထောက်နဲ့ လှေလှော်တဲ့ အလေ့အထကို တွေ့မြင်နိုင်မယ့် တစ်ခုတည်းသော အရပ် ၊ သီးနှံတွေကို ကျွန်းမျောနဲ့ စိုက်ပျိုးတဲ့ အရပ် ၊ ငွေထည် လုပ်ငန်းတွေ ပေါတဲ့အရပ် ၊ ပုဒုမ္မာ ကြာရိုးမှ ချည်ထည် ယက်လုပ်တဲ့ အရပ် ဒေသဖြစ်တဲ့ အင်းလေး ကန်ကြီးကို သွားရောက်လည်ပတ်ရင်း အင်းသူအင်းသားတွေရဲ့ ဘဝကို လေ့လာကြမယ် … 💖💖

အင်းလေးကန်ထဲမှာ လှေလေးစီးရင်း တန်ခိုးကြီးဘုရားတွေကို သွားရောက်ဖူးမြော်ကာ ဘဝ တလျှောက် သာယာချောမွေ့စေဖို့ ဆုတွေလည်း တောင်းကြမယ် … 💛💛

ဇင်ယော်ငှက်လေးတွေကို အစာကျွေးရင်း အင်းလေးကန်ကြီးကို ကာရံထားတဲ့ တောင်တန်းကြီးတွေနဲ့ အတူ ဓာတ်ပုံရိုက်ကာ ဘဝအတွက် အမှတ်တရကောင်းလေးတွေ ပြုလုပ်ကြမယ် … 💙💙

ဝိုင်ဆိုတာနဲ့ ချန်ထားလို့ မရတဲ့ နေရာတစ်ခုဖြစ်တဲ့ အေးသာယာ ဝိုင်ခြံထဲမှာ ဒေသထွက် အသီးတွေနဲ့ ပြုလုပ် ထားတဲ့ ဝိုင်မျိုးစုံကို အရသာ မြည်းစမ်းရင်း စပျစ်ခင်းကြီး ထဲမှာ ဓာတ်ပုံရိုက်ကြမယ်…. 💜💜

ဟိုပုံးမှာရှိတဲ့ ကိုရင်လေး တွေ့ရှိခဲ့သော ထမ့်ဆမ်းလှိုဏ်ဂူ နှင့် တောင်ကြီးရောက်ရင် မသွားမဖြစ် မွေတော်ကက္ကူ ဘုရား တို့ကို သွားရောက်ဖူးမြော်ကြမယ် ... 💚💚

ရှေ့ဆက်ရမယ့် ဘဝခရီးအတွက် သဘာဝအလှတရားဆီမှ အားအင်သစ်တွေ ရယူနိုင်မယ့် ခရီးစဉ်လေးကို လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါရစေ … 😍😍

ခရီးစဉ်တွင် ပါဝင်သော ဝန်ဆောင်မှုများ အနေဖြင့် 3 Stars အဆင့်ရှိ ဟိုတယ်တွင် (၂)ညအိပ် တည်းခိုခြင်း ၊ Scania 2+1 VIP ကား ၊ Boat ခများ ၊ ခရီးစဉ်တစ်လျှောက် နံနက်စာ၊ နေ့လည်စာ၊ ညစာ များ အပါအဝင် ဖော်ရွှေပျူငှာ တဲ့ Tour Leader ရဲ့ဝန်ဆောင်မှုများ ပါဝင်မှာဖြစ်ပြီး အားလုံး စရိတ်ငြိမ်း မည်သည့်အတွက်မှ ထပ်မံ ကုန်ကျစရာ မရှိပါဘူး ….

***************************************************************************************

တောင်ကြီး - ထမ့်ဆမ်း - ကက္ကူ - အင်းလေး - ပင်းတယ - ကလော - ရွာငံ (၄ည၅ရက်)

🚃🚃 ထွက်ခွာမည့်နေ့ရက် - 11 Apr 2020 ည (၈)နာရီ

🚃🚃 ပြန်ရောက်မည့်နေ့ရက် - 15 Apr 2020 နံနက်ပိုင်း

💰💰 ခရီးစဉ်ကုန်ကျငွေ - တစ်ဦးလျှင် ၂၄၀၀၀၀ ကျပ်

***************************************************************************************

Amazing Dreams Travels & Tours Co.,Ltd

Inbound License No : Kha - 1693
Company Registration No: 119166454

အမှတ်(၈၈) ၊ ဗဟိုလမ်း နှင့် မကြီးကြီးလမ်းအနီး ၊ စမ်းချောင်း ၊ ရန်ကုန် ။
၀၁ ၅၃၄၀၇၂ ၊ ၀၁ ၂၃၀၂၀၆၈ ၊ ၀၉ ၅၀၇၇၉၆၈ ၊ ၀၉ ၅၁၁၃၂၇၁ ကို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်...

ရုံးများ ၊ ကျောင်းများ ၊ အဖွဲ့အစည်းများ ၊ Group လိုက်ဖြစ်စေ ၊ မိသားစုလိုက်ဖြစ်စေ သီးသန့်သွားချင်သော ခရီးသွားလူကြီးမင်းများအတွက် အသက်သာဆုံးစျေးနှုန်းများဖြင့် ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးပါသည်...

Start Journey, Alive Your Dreams.....

ချင်းတောင်တန်းမှ နွားနောက်များချင်းပြည်နယ်ရဲ့ ထင်ရှားသော သတ္တဝါများ အဖြစ် အောက်ချင်းငှက် နှင့် နွားနောက် တို့ကို ဖော်ညွှ...
28/02/2020

ချင်းတောင်တန်းမှ နွားနောက်များ

ချင်းပြည်နယ်ရဲ့ ထင်ရှားသော သတ္တဝါများ အဖြစ် အောက်ချင်းငှက် နှင့် နွားနောက် တို့ကို ဖော်ညွှန်းလေ့ရှိကြပါသည်။

နွားနောက်ဆိုတာကတော့ ပြောင် နှင့် စိုင် ကဲ့သို့ တောရိုင်း နွားမျိူးစေ့ သတ္တဝါဖြစ်ပါတယ်ရှင် ။ နွားနောက် ဟာ ဘို့မပါဘဲ မြေပြန့်ဒေသ တွင် တွေ့ရသော နွားများနှင့် မတူ တမူ ထူးခြားပြီး အနက် နှင့် အဖြူ များရှိသည့် အနက်မှ မီးခိုးရောင် ကို အများဆုံးတွေ့ရှိရပါသည် ။ နွားနောက်များ ရဲ့ အမွှေးများသည် နက်မှောက်တောက်ပနေပါသည် ။

ချင်းတိုင်းရင်းသား များက နွားနောက် ကို Sial ဟုခေါ်ပြီး အသားစားရန် အတွက် သီးသန့်မွေးမြူကြပါသည် ။ နွားနောက်များသည် ပင်လယ်ရေ မျက်နှာပြင် အထက် ပေ ၃၀၀၀ မှ ပေ ၁၀၀၀၀ ကြားတွင် နေထိုင်လေ့ရှိပြီး အရိပ်အာဝါသ ကောင်းမွန်သော လျှိူမြောင် များကြားတွင် လည်း ကျက်စားလေ့ရှိသည် ။

နွားနောက်များသည် မြေပြန့်ဒေသမှ နွားများကဲ့သို့ မြက်၊ကောက်ရိုး များကို မစားဘဲ သစ်ရွက်စိမ်း ၊ နွယ် နှင့် ဝါးရွက်များကို သာ စားပြီး အုပ်စုဖွဲ့နေထိုင်ကြသည်။ နွားနောက်များမှာ ဆားကို ကြိုက်နှစ်သက်သဖြင့် ပိုင်ရှင်များက ဆားပုံမှန် ကျွေးလေ့ရှိ သည်။ ခြံမခတ်ဘဲ တောတောင်များတွင် လွှတ်ကျောင်းမွေးမြူထားသည့် နွားနောက်များကို ဆားပုံမှန် ကျွေးပါက နောက်ရက် များတွင် လည်း ဆားကျွေးသည့် နေရာများသို့ ရောက်လာလေ့ရှိကြသည် ။

ချင်းပြည်နယ်ရှိ မိသားစုတစု ၏ ချမ်းသာ ကြွယ်၀ မှုကို နွားနောက် ပိုင်ဆိုင်မှု အကောင်ရေ ဖြင့် သတ်မှတ်ကြသည် ။ နွားနောက်ကို တန်ဖိုး သတ်မှတ်ပြီး မင်္ဂလာကြေး ၊ လျော်ကြေး ၊ နစ်နာကြေးများ အဖြစ် ယနေ့တိုင် အသုံးပြုလေ့ရှိကြသည် ။ နွားနောက်ကောင်ရေ များများပိုင်ဆိုင်သူသည် ချင်းပြည်နယ် တွင် ကြွယ်၀ချမ်းသာသော သူဖြစ်ပေသည်။

ရှမ်းနတ်နွား
နွားနောက်များကို ရှမ်းတိုင်းရင်းသားများက တောစောင့်နတ်၊တောင်စောင့်နတ်များ ပိုင်ဆိုင်သည် ဟု ယူဆကာ သတ်ဖြတ်ခြင်း ၊ စားသုံးခြင်း မပြုကြပါ ။ ဒေသခံများက နွားနောက်များကို နတ်များဟု ပေးထား သည့် နွားများဟု သတ်မှတ်ကြပြီး ဖမ်းဆီး သတ်မှတ် စားသုံးလျှင် ဆိုင်ရာနတ်များ၏ ပြစ်ဒဏ် ခတ်ခြင်း ခံရမည် ဟု ယုံကြည်ကြသည် ။ ရှမ်းပြည်နယ်မှ နတ်နွား ခေါ် နွားနောက်များသည် ဘေးကင်းစွာ နေထိုင်ကြရပြီး ဒေသခံများက နွားနောက်များကို မွေးမြူ ခြင်း မပြုကြဘဲ တောတောင် များတွင် သဘာ၀အတိုင်းနေထိုင်ကြသည် ။

-----------------------------------------------------------------------------------------------------------

ခ်င္းေတာင္တန္းမွ ႏြားေနာက္မ်ား

ခ်င္းျပည္နယ္ရဲ႕ ထင္႐ွားေသာ သတၱဝါမ်ား အျဖစ္ ေအာက္ခ်င္းငွက္ ႏွင့္ ႏြားေနာက္ တို႔ကို ေဖာ္ၫႊန္းေလ့႐ွိၾကပါသည္။

ႏြားေနာက္ဆိုတာကေတာ့ ေျပာင္ ႏွင့္ စိုင္ ကဲ့သို႔ ေတာ႐ိုင္း ႏြားမ်ိဴးေစ့ သတၱဝါျဖစ္ပါတယ္႐ွင္ ။ ႏြားေနာက္ ဟာ ဘို႔မပါဘဲ ေျမျပန္႔ေဒသ တြင္ ေတြ႕ရေသာ ႏြားမ်ားႏွင့္ မတူ တမူ ထူးျခားၿပီး အနက္ ႏွင့္ အျဖဴ မ်ား႐ွိသည့္ အနက္မွ မီးခိုးေရာင္ ကို အမ်ားဆုံးေတြ႕႐ွိရပါသည္ ။ ႏြားေနာက္မ်ား ရဲ႕ အေမႊးမ်ားသည္ နက္ေမွာက္ေတာက္ပေနပါသည္ ။

ခ်င္းတိုင္းရင္းသား မ်ားက ႏြားေနာက္ ကို Sial ဟုေခၚၿပီး အသားစားရန္ အတြက္ သီးသန္႔ေမြးျမဴၾကပါသည္ ။ ႏြားေနာက္မ်ားသည္ ပင္လယ္ေရ မ်က္ႏွာျပင္ အထက္ ေပ ၃၀၀၀ မွ ေပ ၁၀၀၀၀ ၾကားတြင္ ေနထိုင္ေလ့႐ွိၿပီး အရိပ္အာဝါသ ေကာင္းမြန္ေသာ လွ်ိဴေျမာင္ မ်ားၾကားတြင္ လည္း က်က္စားေလ့႐ွိသည္ ။

ႏြားေနာက္မ်ားသည္ ေျမျပန္႔ေဒသမွ ႏြားမ်ားကဲ့သို႔ ျမက္၊ေကာက္႐ိုး မ်ားကို မစားဘဲ သစ္႐ြက္စိမ္း ၊ ႏြယ္ ႏွင့္ ဝါး႐ြက္မ်ားကို သာ စားၿပီး အုပ္စုဖြဲ႕ေနထိုင္ၾကသည္။ ႏြားေနာက္မ်ားမွာ ဆားကို ႀကိဳက္ႏွစ္သက္သျဖင့္ ပိုင္႐ွင္မ်ားက ဆားပုံမွန္ ေကြၽးေလ့႐ွိ သည္။ ျခံမခတ္ဘဲ ေတာေတာင္မ်ားတြင္ လႊတ္ေက်ာင္းေမြးျမဴထားသည့္ ႏြားေနာက္မ်ားကို ဆားပုံမွန္ ေကြၽးပါက ေနာက္ရက္ မ်ားတြင္ လည္း ဆားေကြၽးသည့္ ေနရာမ်ားသို႔ ေရာက္လာေလ့႐ွိၾကသည္ ။

ခ်င္းျပည္နယ္႐ွိ မိသားစုတစု ၏ ခ်မ္းသာ ႂကြယ္၀ မႈကို ႏြားေနာက္ ပိုင္ဆိုင္မႈ အေကာင္ေရ ျဖင့္ သတ္မွတ္ၾကသည္ ။ ႏြားေနာက္ကို တန္ဖိုး သတ္မွတ္ၿပီး မဂၤလာေၾကး ၊ ေလ်ာ္ေၾကး ၊ နစ္နာေၾကးမ်ား အျဖစ္ ယေန႔တိုင္ အသုံးျပဳေလ့႐ွိၾကသည္ ။ ႏြားေနာက္ေကာင္ေရ မ်ားမ်ားပိုင္ဆိုင္သူသည္ ခ်င္းျပည္နယ္ တြင္ ႂကြယ္၀ခ်မ္းသာေသာ သူျဖစ္ေပသည္။

႐ွမ္းနတ္ႏြား
ႏြားေနာက္မ်ားကို ႐ွမ္းတိုင္းရင္းသားမ်ားက ေတာေစာင့္နတ္၊ေတာင္ေစာင့္နတ္မ်ား ပိုင္ဆိုင္သည္ ဟု ယူဆကာ သတ္ျဖတ္ျခင္း ၊ စားသုံးျခင္း မျပဳၾကပါ ။ ေဒသခံမ်ားက ႏြားေနာက္မ်ားကို နတ္မ်ားဟု ေပးထား သည့္ ႏြားမ်ားဟု သတ္မွတ္ၾကၿပီး ဖမ္းဆီး သတ္မွတ္ စားသုံးလွ်င္ ဆိုင္ရာနတ္မ်ား၏ ျပစ္ဒဏ္ ခတ္ျခင္း ခံရမည္ ဟု ယုံၾကည္ၾကသည္ ။ ႐ွမ္းျပည္နယ္မွ နတ္ႏြား ေခၚ ႏြားေနာက္မ်ားသည္ ေဘးကင္းစြာ ေနထိုင္ၾကရၿပီး ေဒသခံမ်ားက ႏြားေနာက္မ်ားကို ေမြးျမဴ ျခင္း မျပဳၾကဘဲ ေတာေတာင္ မ်ားတြင္ သဘာ၀အတိုင္းေနထိုင္ၾကသည္ ။

Start Journey, Alive Your Dreams ...

မြန်မာနိုင်ငံတွင်းအဓိကသွားလည်သင့်သောနေရာများအကြောင်းပုဂံကမ္ဘာ UNESCO မှတ်တမ်းဝင် ပုဂံဆိုသည်မှာ ကမ္ဘာ ပေါ်မှာ မြန်မာဟု လူ...
27/02/2020

မြန်မာနိုင်ငံတွင်းအဓိကသွားလည်သင့်သောနေရာများအကြောင်း

ပုဂံ

ကမ္ဘာ UNESCO မှတ်တမ်းဝင် ပုဂံဆိုသည်မှာ ကမ္ဘာ ပေါ်မှာ မြန်မာဟု လူသိများစေသော နေရာတခု ဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ခဲ့ပြီး မင်းညီမင်းသားများ နေထိုင်ခဲ့သော မင်းနေပြည်တော်ဖြစ်ခဲ့သည့် မင်းများ တည်ထားကိုးကွယ်ခဲ့သော တန်ခိုးကြီး ဘုရားများစွာ တည်ရှိနေသော နေရာတစ်ခုဖြစ်ပါတယ်။ ယခင်က စေတီပုထိုး ၄ထောင်ကျော် ရှိခဲ့ပြီး ၁၉၇၅ ပုဂံငလျင် နှင့် ၂၀၁၆ ငလျင်များကြောင့် အပျက်အစီးများစွာ ရှိခဲ့ပါတယ်။ လူသိများထင်ရှားသော ပုဂံဘုရားများမှာ-
၁. ကန်တော့ပလ္လင်
၂. သဗ်ဗညု
၃. စူဠာမနိ
၄. ရွှေဆံတော်
၅. ရွှေစည်းခုံ
၆. ထီးလိုမင်းလို
၇. ဓမ္မရံကြီး
၈. အာနန္ဒာ
၉. မနူဟာ
၁၀. လောကနန္ဒာ စသည့်ဘုရားများဖြစ်ကြပါသည်။

မန္တလေး

မန္တလေးဟုဆိုလိုက်တာနဲ့ မဟာမြတ်မုနိဘုရားကြီး နှင့် မန္တလေးတောင် ကိုအရင်ဆုံးမြင်မိကြမယ်ထင်ပါတယ်။ ထုံးဖြူဖြူဖွေးဖွေးနှင့် ကုသိုလ်တော်ဘုရား၊ ရွှေကျောင်း၊ မြန်မာနိုင်ငံနောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ နန်းတော်ဟောင်း မန္တလေးကျုံး တို့ဟာလဲ မန္တလေးရောက်လျှင် သွားလည်သင့်တဲ့နေရာများဖြစ်ပါတယ်။ ထို့အပြင် တောင်သမန်အင်းပေါ်တွင် ကျွန်းတိုင်များဖြင့် တည်ဆောက်ထားတဲ့ ဦးပိန်တံတား ပေါ်မှာလဲ လမ်းလျှောက်ရင်း နေဝင်ဆည်းဆာ အလှကိုခံစားနိုင်ပါတယ်။

အင်းလေးကန်

ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေကန်မှာ အင်းလေးကန်ဖြစ်ပါတယ်။ ထိုရေကန်ထဲတွင် အင်းသူ အင်းသားများ နေထိုင်အသက်မွေးကြပြီး ဖောင်တော်ဦးဘုရား ၊ အလိုပေါက်ဘုရား၊ ငါးဖယ်ချောင် ကျောင်း၊ ရွှေအင်းတိမ် ဘုရားများဟာလဲ အင်းလေးရောက်လျှင် မဖြစ်မနေ သွားလည်သင့်သော နေရာများဖြစ်ပါတယ်။ ချည်ထည်လုပ်ငန်းများ၊ ငွေထည်လုပ်ငန်းများ ကိုလေ့လာနိုင်ပြီး ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာသာ မြင်တွေ့နိုင်တဲ့ ခြေထောက်ဖြင့်လှေလှော်ခြင်း၊ ငါးဖမ်းခြင်း တို့ကိုလည်း အင်းလေးကန်ထဲမှာသာ တွေ့မြင်နိုင်ပါတယ်။ ရေပေါ်စိုက်ခင်းများ၊ ဇင်ယော်ငှက်များ နှင့် ကန်ကြီးကို ပတ်ပတ်လည် ကာရံထားတဲ့ တောင်တန်းများ၏ အလှဟာလဲ လာရောက်လည်သောသူများကို ဆီးကြို လို့နေပါတယ်။

ရန်ကုန်

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ၏ land Mark တစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာ စီးပွားရေးအချက်အချာ ကျသော မြို့ဖြစ်ပါသည်။ အခြားတန်ခိုးကြီးဘုရားများ ဖြစ်သော ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ သန်လျင်ကျောက်တန်း၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရား၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်ဘုရား စသောဘုရားများစွာကို ဖူးမြှော်နိုင်ပါသည်။ ဗိုလ်ချုပ်စျေး ဟာလဲ ကမ္ဘာလှည့် ခရီးသွားများအတွက် စျေး၀ယ်လို့ ကောင်းတဲ့နေရာ တစ်နေရာအဖြစ် တည်ရှိနေပါတယ်။ မိသားစုလိုက် အပန်းဖြေချင်သူများအတွက် ကန်တော်ကြီးပန်းခြံ၊ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ အင်းယားကန်ဘောင်၊ လှော်ကားဥယျာဉ် စတဲ့ အပန်းဖြေ ဥယျာဉ် များစွာလဲ တည်ရှိလို့နေပါသည်။

ကျိုက်ထီးရိုး

မွန်ပြည်နယ် ကျိုက်ထိုမြို့အနီး ကျိုက်ထီးရိုးစေတီတော် ဟာလည်း မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့စေတီ တစ်ဆူအဖြစ် တည်ရှိနေပါတယ်။ တန်ခိုးကြီး ကျိုက်ထီးရိုးစေတီသို့ လာရောက်ဖူးမြှော်သည့် ခရီးသွားများနှင့် စည်ကား သိုက်မြိုက်လို့နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Cable စီးရင်း သဘာ၀အလှကို ခံစားနိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။

Unicode

မြန်မာနိုင်ငံတွင်းအဓိကသွားလည်သင့်သောနေရာများအကြောင်း

ပုဂံ

ကမ္ဘာ UNESCO မှတ်တမ်းဝင် ပုဂံဆိုသည်မှာ ကမ္ဘာ ပေါ်မှာ မြန်မာဟု လူသိများစေသော နေရာတခု ဖြစ်ပါတယ်။ ပထမမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ခဲ့ပြီး မင်းညီမင်းသားများ နေထိုင်ခဲ့သော မင်းနေပြည်တော်ဖြစ်ခဲ့သည့် မင်းများ တည်ထားကိုးကွယ်ခဲ့သော တန်ခိုးကြီး ဘုရားများစွာ တည်ရှိနေသော နေရာတစ်ခုဖြစ်ပါတယ်။ ယခင်က စေတီပုထိုး ၄ထောင်ကျော် ရှိခဲ့ပြီး ၁၉၇၅ ပုဂံငလျင် နှင့် ၂၀၁၆ ငလျင်များကြောင့် အပျက်အစီးများစွာ ရှိခဲ့ပါတယ်။ လူသိများထင်ရှားသော ပုဂံဘုရားများမှာ-
၁. ကန်တော့ပလ္လင်
၂. သဗ္ဗညု
၃. စူဠာမနိ
၄. ရွှေဆံတော်
၅. ရွှေစည်းခုံ
၆. ထီးလိုမင်းလို
၇. ဓမ္မရံကြီး
၈. အာနန္ဒာ
၉. မနူဟာ
၁၀. လောကနန္ဒာ စသည့်ဘုရားများဖြစ်ကြပါသည်။

မန္တလေး

မန္တလေးဟုဆိုလိုက်တာနဲ့ မဟာမြတ်မုနိဘုရားကြီး နှင့် မန္တလေးတောင် ကိုအရင်ဆုံးမြင်မိကြမယ်ထင်ပါတယ်။ ထုံးဖြူဖြူဖွေးဖွေးနှင့် ကုသိုလ်တော်ဘုရား၊ ရွှေကျောင်း၊ မြန်မာနိုင်ငံနောက်ဆုံးမင်းဆက် နန်းစိုက်ခဲ့ရာ နန်းတော်ဟောင်း မန္တလေးကျုံး တို့ဟာလဲ မန္တလေးရောက်လျှင် သွားလည်သင့်တဲ့နေရာများဖြစ်ပါတယ်။ ထို့အပြင် တောင်သမန်အင်းပေါ်တွင် ကျွန်းတိုင်များဖြင့် တည်ဆောက်ထားတဲ့ ဦးပိန်တံတား ပေါ်မှာလဲ လမ်းလျှောက်ရင်း နေဝင်ဆည်းဆာ အလှကိုခံစားနိုင်ပါတယ်။

အင်းလေးကန်

ရှမ်းပြည်နယ်တောင်ပိုင်း မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ရေကန်မှာ အင်းလေးကန်ဖြစ်ပါတယ်။ ထိုရေကန်ထဲတွင် အင်းသူ အင်းသားများ နေထိုင်အသက်မွေးကြပြီး ဖောင်တော်ဦးဘုရား ၊ အလိုပေါက်ဘုရား၊ ငါးဖယ်ချောင် ကျောင်း၊ ရွှေအင်းတိမ် ဘုရားများဟာလဲ အင်းလေးရောက်လျှင် မဖြစ်မနေ သွားလည်သင့်သော နေရာများဖြစ်ပါတယ်။ ချည်ထည်လုပ်ငန်းများ၊ ငွေထည်လုပ်ငန်းများ ကိုလေ့လာနိုင်ပြီး ကမ္ဘာပေါ်မှာ တစ်နေရာတည်းမှာသာ မြင်တွေ့နိုင်တဲ့ ခြေထောက်ဖြင့်လှေလှော်ခြင်း၊ ငါးဖမ်းခြင်း တို့ကိုလည်း အင်းလေးကန်ထဲမှာသာ တွေ့မြင်နိုင်ပါတယ်။ ရေပေါ်စိုက်ခင်းများ၊ ဇင်ယော်ငှက်များ နှင့် ကန်ကြီးကို ပတ်ပတ်လည် ကာရံထားတဲ့ တောင်တန်းများ၏ အလှဟာလဲ လာရောက်လည်သောသူများကို ဆီးကြို လို့နေပါတယ်။

ရန်ကုန်

ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံ၏ land Mark တစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီး တည်ရှိရာ စီးပွားရေးအချက်အချာ ကျသော မြို့ဖြစ်ပါသည်။ အခြားတန်ခိုးကြီးဘုရားများ ဖြစ်သော ဆူးလေဘုရား၊ ဗိုလ်တစ်ထောင်ဘုရား၊ သန်လျင်ကျောက်တန်း၊ ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရား၊ ကိုးထပ်ကြီးဘုရား၊ ကမ္ဘာအေးစေတီတော်၊ စွယ်တော်မြတ်ဘုရား စသောဘုရားများစွာကို ဖူးမြှော်နိုင်ပါသည်။ ဗိုလ်ချုပ်စျေး ဟာလဲ ကမ္ဘာလှည့် ခရီးသွားများအတွက် စျေး၀ယ်လို့ ကောင်းတဲ့နေရာ တစ်နေရာအဖြစ် တည်ရှိနေပါတယ်။ မိသားစုလိုက် အပန်းဖြေချင်သူများအတွက် ကန်တော်ကြီးပန်းခြံ၊ တိရစ္ဆာန်ဥယျာဉ်၊ ပြည်သူ့ရင်ပြင်၊ အင်းယားကန်ဘောင်၊ လှော်ကားဥယျာဉ် စတဲ့ အပန်းဖြေ ဥယျာဉ် များစွာလဲ တည်ရှိလို့နေပါသည်။

ကျိုက်ထီးရိုး

မွန်ပြည်နယ် ကျိုက်ထိုမြို့အနီး ကျိုက်ထီးရိုးစေတီတော် ဟာလည်း မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့စေတီ တစ်ဆူအဖြစ် တည်ရှိနေပါတယ်။ တန်ခိုးကြီး ကျိုက်ထီးရိုးစေတီသို့ လာရောက်ဖူးမြှော်သည့် ခရီးသွားများနှင့် စည်ကား သိုက်မြိုက်လို့နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Cable စီးရင်း သဘာ၀အလှကို ခံစားနိုင်တဲ့နေရာ တစ်ခုဖြစ်ပါတယ်။
Zawgyi

မင်းကွန်း ခြင်္သေ့ကြီး နှစ်ကောင် မင်းကွန်း ရောက်ဖူးသူတိုင်း ဧရာ၀တီ မြစ်ကမ်းဘေးက ခြင်္သေ့ကြီး နှစ်ကောင်ကို မြင်တွေ့ဖူးကြမ...
26/02/2020

မင်းကွန်း ခြင်္သေ့ကြီး နှစ်ကောင်

မင်းကွန်း ရောက်ဖူးသူတိုင်း ဧရာ၀တီ မြစ်ကမ်းဘေးက ခြင်္သေ့ကြီး နှစ်ကောင်ကို မြင်တွေ့ဖူးကြမယ် ထင်ပါတယ် ။

ထိုခြင်္သေ့ကြီး နှစ်ကောင်ကို ၁၇၉၉ ခုနှစ်တွင် တည်ထားခဲ့ပြီး ဧရာ၀တီ မြစ်ကမ်းဘက်မှ ကြည့်လျှင် မင်းကွန်း ပုထိုးတော်ကြီး၏ အဝင်၀ မုဒ်ဦး အဖြစ် မြင်တွေ့နိုင်ပါတယ် ။

၁၈၃၉ ခုနှစ်တွင် ပြင်းထန်သော စစ်ကိုင်း ငလျင်ဒဏ်ကြောင့် စိတ်မကောင်းစွာနှင့် ပြိုကျ ပျက်စီးခဲ့ပါတယ် ။

ခြင်္သေ့ကြီး ၏ အတွင်းပိုင်းကို အုတ်ဖြင့် တည်ဆောက်ထားပြီး အပြင်ပိုင်း အပေါ်ယံ မျက်နှာပြင်ကိုလဲ အုတ်ဖြင့်သာ ထွင်းထု တည်ဆောက်ထားပုံကို အသေးစိတ် တွေ့မြင်နိုင်ပါတယ် ။

ခြင်္သေ့ကြီး မှာ ထိုင်နေသော ပုံသဏ္ဍန်ရှိပြီး အနောက်ဘက်က ကြည့်လျှင် ခြင်္သေ့ကြီး နှစ်ကောင်၏ အမြှီးကို အလယ်ဗဟိုထိ မြင်တွေ့နိုင်ပါသည်။

ခြင်္သေ့များကို ဒဏ္ဍာရီဆန်သော သတ္တဝါ အဖြစ် မှတ် ယူကြပြီး မြန်မာ နိုင်ငံ တဝန်းရှိသော ဘုရားများနှင့် ဘုရားကျောင်းများစွာ၏ အဓိက ဝင်ပေါက်ကို ကာကွယ်ပေးသော ဒဏ္ဍာရီ ဆန်သော သားရဲ ရုပ်ပုံ အဖြစ် မြင်တွေ နိုင်မည် ဖြစ်ပါသည် ။

ခြင်္သေ့ ကြီး တစ်လျှောက် လမ်းလျှောက် လျှင် မင်းကွန်း ပုထိုးတော် ကြီး သို့ ရောက်ရှိ မည် ဖြစ်ပါသည် ။

-----------------------------------------------------------------------------------------------------------

မင္းကြန္း ျခေသၤ့ႀကီး ႏွစ္ေကာင္

မင္းကြန္း ေရာက္ဖူးသူတိုင္း ဧရာ၀တီ ျမစ္ကမ္းေဘးက ျခေသၤ့ႀကီး ႏွစ္ေကာင္ကို ျမင္ေတြ႕ဖူးၾကမယ္ ထင္ပါတယ္ ။

ထိုျခေသၤ့ႀကီး ႏွစ္ေကာင္ကို ၁၇၉၉ ခုႏွစ္တြင္ တည္ထားခဲ့ၿပီး ဧရာ၀တီ ျမစ္ကမ္းဘက္မွ ၾကည့္လွ်င္ မင္းကြန္း ပုထိုးေတာ္ႀကီး၏ အဝင္၀ မုဒ္ဦး အျဖစ္ ျမင္ေတြ႕နိုင္ပါတယ္ ။

၁၈၃၉ ခုႏွစ္တြင္ ျပင္းထန္ေသာ စစ္ကိုင္း ငလ်င္ဒဏ္ေၾကာင့္ စိတ္မေကာင္းစြာႏွင့္ ၿပိဳက် ပ်က္စီးခဲ့ပါတယ္ ။

ျခေသၤ့ႀကီး ၏ အတြင္းပိုင္းကို အုတ္ျဖင့္ တည္ေဆာက္ထားၿပီး အျပင္ပိုင္း အေပၚယံ မ်က္ႏွာျပင္ကိုလဲ အုတ္ျဖင့္သာ ထြင္းထု တည္ေဆာက္ထားပုံကို အေသးစိတ္ ေတြ႕ျမင္နိုင္ပါတယ္ ။

ျခေသၤ့ႀကီး မွာ ထိုင္ေနေသာ ပုံသ႑န္ရွိၿပီး အေနာက္ဘက္က ၾကည့္လွ်င္ ျခေသၤ့ႀကီး ႏွစ္ေကာင္၏ အျမႇီးကို အလယ္ဗဟိုထိ ျမင္ေတြ႕နိုင္ပါသည္။

ျခေသၤ့မ်ားကို ဒ႑ာရီဆန္ေသာ သတၱဝါ အျဖစ္ မွတ္ ယူၾကၿပီး ျမန္မာ နိုင္ငံ တဝန္းရွိေသာ ဘုရားမ်ားႏွင့္ ဘုရားေက်ာင္းမ်ားစြာ၏ အဓိက ဝင္ေပါက္ကို ကာကြယ္ေပးေသာ ဒ႑ာရီ ဆန္ေသာ သားရဲ ႐ုပ္ပုံ အျဖစ္ ျမင္ေတြ နိုင္မည္ ျဖစ္ပါသည္ ။

ျခေသၤ့ ႀကီး တစ္ေလွ်ာက္ လမ္းေလွ်ာက္ လွ်င္ မင္းကြန္း ပုထိုးေတာ္ ႀကီး သို႔ ေရာက္ရွိ မည္ ျဖစ္ပါသည္ ။

ကယားပြည်နယ်၏အထင်ကရ ကြတ်ဂူ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅၀ မြင့်သည့် လွိုင်ကော်မြို့နယ်သည် ဒဏ္ဍာရီလာ ငွေတောင် သုဓနုဇာတ်လမ...
26/02/2020

ကယားပြည်နယ်၏အထင်ကရ ကြတ်ဂူ

ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၉၅၀ မြင့်သည့် လွိုင်ကော်မြို့နယ်သည် ဒဏ္ဍာရီလာ ငွေတောင် သုဓနုဇာတ်လမ်းကြောင့် ငွေတောင်ပြည်အဖြစ် ထင်ရှားကာ မြို့နယ်အတွင်း ကယားလူမျိုး၊ ဗမာလူမျိုးနှင့် ရှမ်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။

လွိုင်ကော်မြို့နယ်သည် မြေပြန့်လွင်ပြင်နည်းပါးပြီး တောတောင်၊ သစ်တောများ ထူထပ်ကာ သီရိမင်္ဂလာတောင်တော် (တောင်ကွဲ)၊ ရွှေတောင်၊ တောင်သုံးလုံး၊ မြကလပ်တောင်နှင့် ရွှေလက်ဝါးတောင်တို့သည် မြို့နယ်အတွင်း အထင်ရှားဆုံး တောင်များဖြစ်ကြသည်။ ဘီလူးချောင်းသည် လွိုင်ကော်မြို့နယ်၏ အဓိက ရေအရင်း အမြစ်ဖြစ်ပြီး ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်လုပ်ရေး(လောပိတ) သည် မြန်မာနိုင်ငံရှိ မြို့ရွာအနှံ့သို့ လျှပ်စစ်ဓာတ်အားများ ပို့လွှတ်ပေးလျက်ရှိသည်။

ယခင်က လွိုင်ကော်မြို့သို့ ရောက်ရှိလာသူများသည် တောင်ကွဲစေတီ၊ လောပိတ နှင့် ငွေတောင်ဆည်သို့သာ သွားရောက်လည်ပတ်လေ့ရှိကြသော်လည်း ယခုအခါတွင် ကြတ်ဂူသို့ပါ သွားရောက်လည်ပတ်လာကြသည်။ ကြတ်ဂူရှိသည့်တောင်ကို ဒေသခံများက ကယားဘာသာစကားဖြင့် ရာစုကူဟု ခေါ်ဆိုခဲ့ကြသည်။

ကမ္ဘာမြေရဲ့ထူးခြားတဲ့ ဘူမိဖြစ်စဉ်တွေ ကြောင့် ကျွန်ုပ် မြန်မာနိုင်ငံမှာ ပေါ်ထွန်းခဲ့တဲ့ တောင်စွယ် တောင်တန်းများထဲမှ ရှမ်းရိုးမနှင့် ဆက်နေသည့် တောင်တန်းများသည် ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှသည် တနင်္သာရီဒေသအထိ ရောက်ရှိနေပါသည်။ တောင်တန်းများ၏ အချို့နေရာများ တွင် သဘာ၀ လိုဏ်ဂူများဖြစ်ပေါ်နေကြရာ ရှမ်းတောင်တန်း၏ တောင်ဘက်အစွယ်ဖြစ်သည့် ကယားပြည်နယ်ရှိ ကြတ်ဂူသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

သဘာဝလိုဏ်ဂူများတွင်ရှိတတ်သည့် ကျောက်စက်ပန်းဆွဲများ၊ သဘာ၀ရေစီး ကြောင်းများ၊ ရှေးဟောင်းဆင်းတုရုပ်ပွားများ၊ အုတ်ခွက်ဘုရားများ စသည်တို့ကြောင့် ခရီးသွားများက စိတ်ဝင်တစားသွားရောက်လည်ပတ် လေ့ရှိပါသည်။ ကြတ်ဂူတွင် ဂူအတွင်းရှိ အခေါင်းပျက်များဟု ယူဆကြသည့် သစ်သားစများ ကြောင့် လူအများက စိတ်ဝင်စားခဲ့ကြပြီး လာရောက်လည်ပတ်သူ များပြားလာခဲ့သည်။ ကြတ်ဂူသည် ကယားပြည်နယ်တွင် အထင်ကရနေရာ တစ်ခုဖြစ်လာပြီး မြန်မာ့ခရီးသွားနယ်မြေတစ်ခု အဖြစ် ထင်ရှားလာခဲ့သည် ။

-----------------------------------------------------------------------------------------------------------

ကယားျပည္နယ္၏အထင္ကရ ၾကတ္ဂူ

ပင္လယ္ေရမ်က္ႏွာျပင္အထက္ ေပ ၂၉၅၀ ျမင့္သည့္ လြိဳင္ေကာ္ၿမိဳ႕နယ္သည္ ဒ႑ာရီလာ ေငြေတာင္ သုဓႏုဇာတ္လမ္းေၾကာင့္ ေငြေတာင္ျပည္အျဖစ္ ထင္႐ွားကာ ၿမိဳ႕နယ္အတြင္း ကယားလူမ်ိဳး၊ ဗမာလူမ်ိဳးႏွင့္ ႐ွမ္းလူမ်ိဳးမ်ား အမ်ားဆုံးေနထိုင္ၾကသည္။

လြိဳင္ေကာ္ၿမိဳ႕နယ္သည္ ေျမျပန္႔လြင္ျပင္နည္းပါးၿပီး ေတာေတာင္၊ သစ္ေတာမ်ား ထူထပ္ကာ သီရိမဂၤလာေတာင္ေတာ္ (ေတာင္ကြဲ)၊ ေ႐ႊေတာင္၊ ေတာင္သုံးလုံး၊ ျမကလပ္ေတာင္ႏွင့္ ေ႐ႊလက္ဝါးေတာင္တို႔သည္ ၿမိဳ႕နယ္အတြင္း အထင္႐ွားဆုံး ေတာင္မ်ားျဖစ္ၾကသည္။ ဘီလူးေခ်ာင္းသည္ လြိဳင္ေကာ္ၿမိဳ႕နယ္၏ အဓိက ေရအရင္း အျမစ္ျဖစ္ၿပီး ဘီလူးေခ်ာင္း ေရအားလွ်ပ္စစ္ထုတ္လုပ္ေရး(ေလာပိတ) သည္ ျမန္မာႏိုင္ငံ႐ွိ ၿမိဳ႕႐ြာအႏွံ႔သို႔ လွ်ပ္စစ္ဓာတ္အားမ်ား ပို႔လႊတ္ေပးလ်က္႐ွိသည္။

ယခင္က လြိဳင္ေကာ္ၿမိဳ႕သို႔ ေရာက္႐ွိလာသူမ်ားသည္ ေတာင္ကြဲေစတီ၊ ေလာပိတ ႏွင့္ ေငြေတာင္ဆည္သို႔သာ သြားေရာက္လည္ပတ္ေလ့႐ွိၾကေသာ္လည္း ယခုအခါတြင္ ၾကတ္ဂူသို႔ပါ သြားေရာက္လည္ပတ္လာၾကသည္။ ၾကတ္ဂူ႐ွိသည့္ေတာင္ကို ေဒသခံမ်ားက ကယားဘာသာစကားျဖင့္ ရာစုကူဟု ေခၚဆိုခဲ့ၾကသည္။
ကမ႓ာေျမရဲ႕ထူးျခားတဲ့ ဘူမိျဖစ္စဥ္ေတြ ေၾကာင့္ ကြၽႏ္ုပ္ ျမန္မာႏိုင္ငံမွာ ေပၚထြန္းခဲ့တဲ့ ေတာင္စြယ္ ေတာင္တန္းမ်ားထဲမွ ႐ွမ္း႐ိုးမႏွင့္ ဆက္ေနသည့္ ေတာင္တန္းမ်ားသည္ ကရင္ ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔မွသည္ တနသၤာရီေဒသအထိ ေရာက္႐ွိေနပါသည္။ ေတာင္တန္းမ်ား၏ အခ်ိဳ႕ေနရာမ်ား တြင္ သဘာ၀ လိုဏ္ဂူမ်ားျဖစ္ေပၚေနၾကရာ ႐ွမ္းေတာင္တန္း၏ ေတာင္ဘက္အစြယ္ျဖစ္သည့္ ကယားျပည္နယ္႐ွိ ၾကတ္ဂူသည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။

သဘာဝလိုဏ္ဂူမ်ားတြင္႐ွိတတ္သည့္ ေက်ာက္စက္ပန္းဆြဲမ်ား၊ သဘာ၀ေရစီး ေၾကာင္းမ်ား၊ ေ႐ွးေဟာင္းဆင္းတု႐ုပ္ပြားမ်ား၊ အုတ္ခြက္ဘုရားမ်ား စသည္တို႔ေၾကာင့္ ခရီးသြားမ်ားက စိတ္ဝင္တစားသြားေရာက္လည္ပတ္ ေလ့႐ွိပါသည္။ ၾကတ္ဂူတြင္ ဂူအတြင္း႐ွိ အေခါင္းပ်က္မ်ားဟု ယူဆၾကသည့္ သစ္သားစမ်ား ေၾကာင့္ လူအမ်ားက စိတ္ဝင္စားခဲ့ၾကၿပီး လာေရာက္လည္ပတ္သူ မ်ားျပားလာခဲ့သည္။ ၾကတ္ဂူသည္ ကယားျပည္နယ္တြင္ အထင္ကရေနရာ တစ္ခုျဖစ္လာၿပီး ျမန္မာ့ခရီးသြားနယ္ေျမတစ္ခု အျဖစ္ ထင္႐ွားလာခဲ့သည္ ။

Address

N၀(88), 1st Floor, Baho Road & Near Ma Kyee Kyee Street, Sanchaung Township
Yangon
11191

Alerts

Be the first to know and let us send you an email when Amazing Dreams Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Amazing Dreams Travels & Tours:

Videos

Share

Category

Our Story

Our company was established in 2011 by U Myo Ko Ko. Amazing Dreams Travels & Tours is a member of UMTA, Union of Myanmar Travel Association and registered in Ministry of Hotels & Tourism with Inbound License No ( Kha-1693 ) & Outbound License No ( Pa Kha-0344 ).

You can travel around Myanmar or explore the world; the choice is yours and we es**rt you to feel nature and to travel new destinations with fair prices from low-budget to luxury.

Our goal is to serve our customers want as well as we can, provide them an amazing vacation that they won’t soon forget. Your happiness is important to us, and we want to ensure that we tailor your travel and tour package exactly as you describe. Let’s manage all details, so your mind can free to take in the sights and smell of the world travel.

As our motto “Start journey, alive your dreams” , one step forward for your dreams and our professional team is ready to serve with passion.