Grand Master Int Co., Ltd.

Grand Master Int Co., Ltd. Our company, Grand Master International Co.,Ltd was established in 1993 by devoted people, in the fie

Our company, Grand Master International Co.,Ltd was established in 1993 by devoted people, in the field of pharmaceutical products, desire to bring quality products, best care for human health. Our company has a well reputed history of distributing pharmaceutical products such as Mybacin Lozenges Tablets(Mint,Lemon,Orange), Diabenol Tablet, Miformin Tablet, Greater Mydermic Ointment Tube, Fungider

m-B-Cream, Myneocin Tablet, Cyflox Tablet, Mefenan Tablet, Mefenan Capsule, Mysoven Sachet, CA-R-BON Capsules (Activated Charcoal) for the country wide. With long term perspective and sustainable development, our company has become one of the leading pharmaceutical distribution companies in Myanmar. More than 21 years of reputation in Myanmar pharmaceutical market has proved that our company has been built on a solid fondation of sound business practice of modern sales and effective marketing management. Our company has a very effective distribution system by having good relationship with dealers from both upper and lower parts of Myanmar. In business centered townships such as Mandalay, Pyae, and Mawlamyaing, we have branch offices. Furthermore, our company's sales and marketing teams have to travel the whole country monthly for regular and better relationship with the dealers. The performance and sales records of our sales and marketing teams are continually reviewed to provide premium service to our customers. Moreover, our company has been doing contribution works in most of the major medical seminars and conferences as one of the main sponsors.

ဘယ်အသက်အရွယ်ပဲ ရောက်ရောက် ကျန်းမာသန်စွမ်းနေဖို့ဆို ခန္ဓာကိုယ်ရဲ့ အသံကို နားထောင်ဖို့လိုတာပေါ့👂အသက်အရွယ်အလိုက် ဂရုစိုက်သင...
30/06/2024

ဘယ်အသက်အရွယ်ပဲ ရောက်ရောက် ကျန်းမာသန်စွမ်းနေဖို့ဆို ခန္ဓာကိုယ်ရဲ့ အသံကို နားထောင်ဖို့လိုတာပေါ့👂

အသက်အရွယ်အလိုက် ဂရုစိုက်သင့်တာလေးတွေကို ပုံမှန်ဂရုစိုက်ပေးမှ အချိန်ကြာတဲ့အထိ ဖျတ်လတ်သန်စွမ်းနေမှာမို့ အသက်အပိုင်းအခြားအလိုက် ဒါမျိုးလေးတွေ ဂရုတစိုက် လုပ်ကြည့်ကြမယ်👇

✨ အသက် ၂၀ အရွယ်
ဒီလိုအရွယ်ကောင်းတဲ့အချိန်မျိုးမှာ လေ့ကျင့်ခန်းပုံမှန်လုပ်၊ အိပ်ရေးဝအောင် အိပ်၊ အာဟာရပြည့်အောင် စားသောက်ပြီး အရက်၊ဆေးလိပ်လျှော့သောက်ပေးခြင်းက ကောင်းမွန်တဲ့ ဂရုစိုက်ပေးခြင်းမျိုးပါပဲ။

✨ အသက် ၃၀ အရွယ်
ဒီလို လူလတ်ပိုင်းအရွယ်မျိုးမှာတော့ ကိုယ်အလေးချိန် သေချာထိန်းသိမ်းမယ်၊ အသားအရေနဲ့ စိတ်ကျန်းမာရေးကို အထူးဦးစားပေး ဂရုစိုက်မယ်။ အလုပ်ချည်း လုပ်မနေဘဲ အလုပ်နဲ့ကိုယ်ပိုင်ဘဝ ညီညွတ်မျှတအောင် အလေးပေးဖို့ လိုပါမယ်။

✨ အသက် ၄၀ အရွယ်
သက်ကြီးပိုင်းကို ရောက်လာတဲ့အခါမှာတော့ ဆေးပုံမှန်စစ်မယ်၊ အစားအသောက် သေချာစားပြီး အိပ်ရေးဝအောင် သေချာအိပ်မယ်၊ တစ်ခုခုဖြစ်တာနဲ့ ဂရုမစိုက်တာမျိုးမလုပ်ပဲ ဆရာဝန်နဲ့ အမြဲတိုင်ပင်နေသင့်ပါတယ်။

ဒီလိုမျိုး အသက်အပိုင်းခြားအလိုက် ဂရုစိုက်ရမှာတွေကို ပုံမှန်ဂရုစိုက်ပေးသွားရုံနဲ့ ကျန်းမာဖျတ်လတ်တဲ့အပြင် ပျော်ရွှင်စိတ်ချမ်းသာရတဲ့ ဘဝမျိုးကိုလည်း ပိုင်ဆိုင်စေရမှာ အသေချာပါပဲ✨

ရာသီတုပ်ကွေး အဖြစ်များတဲ့ မိုးတွင်းကာလဆိုတာ ကျန်းမာရေး ချူချာတတ်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်တာလေးတွေ စားပေးဖို့တော့ လိုတာ...
23/06/2024

ရာသီတုပ်ကွေး အဖြစ်များတဲ့ မိုးတွင်းကာလဆိုတာ ကျန်းမာရေး ချူချာတတ်တာမို့ ကျန်းမာရေးနဲ့ ညီညွတ်တာလေးတွေ စားပေးဖို့တော့ လိုတာပေါ့ 🌧

ဒါကြောင့် ကျန်းမာရေးအတွက် ကောင်းတဲ့ အသီးလေးတွအကြောင်း ဒီတစ်ခေါက်မှာ ပြောပြပေးမယ်နော်👇

1️⃣ ဗီတာမင် စီ ကြွယ်ဝလို့ အသားအရေလှစေရုံသာမက ကိုယ်ခံအားကောင်းစေတဲ့ လိမ္မော်သီး၊ စပျစ်သီးနဲ့ သံပုရာသီး
2️⃣ ဗီတာမင် အေ ရော၊ ဗီတာမင် စီရော ကြွယ်ဝပြီး အမျှင်ဓာတ်ကြောင့် ဝမ်းမချုပ်စေတဲ့ သရက်သီး
3️⃣ Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) ပါဝင်မှု မြင့်မားပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ သလဲသီး
4️⃣ ဗီတာမင်စီ ပါဝင်သလို အစာခြေအင်ဇိုင်း ပါဝင်မှု မြင့်မားလို့ အစာအိမ်အတွက် ကောင်းတဲ့ သင်္ဘောသီးနဲ့
5️⃣ ဗီတာမင်မျိုးစုံ ပါဝင်ပြီး အမျှင်ဓာတ်လည်း ကြွယ်ဝတဲ့ ပန်းသီး စတဲ့ အသီးတွေက ကူးစက်ရောဂါအဖြစ်များတဲ့ မိုးရာသီမှာ စားဖို့ အသင့်တော်ဆုံးပါ။

ဒါတင်မကသေးဘူး။ Mybacin Zinc ကို တစ်နေ့ ၃ ပြား ပုံမှန်ငုံပေးပြီး ကိုယ်ခံအားကို အကောင်းဆုံး မြှင့်တင်လို့ မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးကို ကြိုတင်တိုက်ထုတ်ထားလိုက်ရအောင် 💪

Grand Master ရဲ့ ကိုယ်ရံတော်တပ်မှူး ၇ ယောက် 🦸ဒီလို ကူးစက်ရောဂါများတဲ့ မိုးတွင်းမှာတောင် "စမ်းချင်သလိုစမ်း မောင်ဘဂျမ်း'' ...
15/06/2024

Grand Master ရဲ့ ကိုယ်ရံတော်တပ်မှူး ၇ ယောက် 🦸

ဒီလို ကူးစက်ရောဂါများတဲ့ မိုးတွင်းမှာတောင် "စမ်းချင်သလိုစမ်း မောင်ဘဂျမ်း'' ဖြစ်နေတာ ဘယ်သူ့အားကိုးနဲ့လဲ🤔

သေချာပေါက် Grand Master ရဲ့ တပ်မှူး ၇ ယောက်ရဲ့ အားကိုးနဲ့ပဲပေါ့😎
✅ ချောင်းဆိုး၊ ချွဲကျပ်အတွက်ဆို Mysoven
✅ လည်ချောင်းစနာပြီဆိုတာနဲ့ Mybacin Throat Mint
✅ ပြင်းထန်လည်ချောင်းနာလာပြီဆိုရင်တော့ Mybacin OTC
✅ ရာသီမရွေး ဖျားနာခြင်းကင်းဖို့အတွက်ဆို Mybacin Zinc
✅ အရေပြားပေါ်က ထိခိုက်ရှနာမှန်သမျှအတွက် Mydermic
✅ အသားအရေလှစေပြီး ကိုယ်ခံအားကောင်းဖို့အတွက်ဆို Mymin-C
✅ ဝမ်းပျက်ဝမ်းလျှော စတဲ့ ဗိုက်နဲ့ပတ်သက်ကမျှတွေအတွက်ဆို Ca-R-Bon
ကဲ ... သူတို့ ၇ ယောက်လုံး ရှိနေမှတော့ ဘယ်ရောဂါက ဘယ်နားက ဝင်မလဲ ပြောကြည့်ပါဦး😎
Grand Master ရဲ့ တပ်မှူး ၇ ယောက်နဲ့မှပဲ "စမ်းချင်သလိုစမ်း မောင်ဘဂျမ်း" လုပ်နိုင်တော့တယ်💪

ကလေးတွေဆိုတာ ကလေးသဘာဝ ဆော့ကစားကြတာမျိုးက ပုံမှန်ပါပဲ။ ဒီလိုမျိုး ဆော့ကစားကြမှလည်း ဖွံ့ဖြိုးဖို့လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှ...
11/06/2024

ကလေးတွေဆိုတာ ကလေးသဘာဝ ဆော့ကစားကြတာမျိုးက ပုံမှန်ပါပဲ။ ဒီလိုမျိုး ဆော့ကစားကြမှလည်း ဖွံ့ဖြိုးဖို့လိုအပ်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ရနိုင်တာကြောင့် ပိုပြီးကျန်းမာကြတယ်လေ💪

ဒါဆို ငြိမ်ငြိမ်နေတဲ့ကလေးကရော 🤔 ငြိမ်နေပြီး အထိုင်များတဲ့ကလေးဆိုရင် အဝလွန်လာတတ်ပြီး ပုံမှန်ကလေးတွေထက် ဖွံ့ဖြိုးမှုအပိုင်းမှာရော၊ ကြံ့ခိုင်မှုအပိုင်းမှာပါ အားနည်းတတ်ပါတယ်။

ဒါကြောင် မေမေတို့အနေနဲ့ ကလေး ငြိမ်နေရင်ပြီးရော ဖုန်းတစ်လုံးနဲ့ မပစ်ထားသင့်ပါဘူး။ ကလေးအရွယ်မှာ လိုအပ်တဲ့ လှုပ်ရှားမှုရှိမှ အသက်ကြီးတဲ့အထိ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ပြီး စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေမှာ အသေချာပဲလေ☝

ဒါဆို နည်းလမ်းမှန်မှန်နဲ့ ဘယ်လိုထိန်းကျောင်းကြမလဲ
1️⃣ ကိုယ်လက်လှုပ်ရှားမှု ရှိအောင် နေခိုင်းမယ်။
2️⃣ ဖုန်းကြည့်ချိန်ကို အချိန်သတ်မှတ်ပေးမယ်။
3️⃣ အာဟာရ ပြည့်ဝအောင်ကျွေးမွေးမယ်။
4️⃣ ကာကွယ်ဆေးပုံမှန် ထိုးပေးမယ်။
5️⃣ အိပ်ရေးဝအောင် အိပ်ခိုင်းမယ်
ဒီလိုအချက်တွေ အတိုင်း မေမေတို့ကလည်း ဂရုတစိုက် ထိန်းကျောင်းပေးမယ်ဆိုရင် ဖျားနာခြင်းကင်းပြီး ဖျတ်လတ်ပေါ့ပါးတဲ့ စူပါသားသားမီးမီးလေးတွေဖြစ်လာတော့မှာ အမှန်ပေါ့ 👩‍👧‍👦

ချွဲရှင်းဘုရင် မိုင်ဆိုဗင် ရဲ့ စူပါပါဝါ (၄) မျိုး 🪄1️⃣ Acetylcysteine 200 mg ပါဝင်တာကြောင့် လည်ချောင်းထဲမှာ ရှိရှိသမျှ ခ...
31/05/2024

ချွဲရှင်းဘုရင် မိုင်ဆိုဗင် ရဲ့ စူပါပါဝါ (၄) မျိုး 🪄

1️⃣ Acetylcysteine 200 mg ပါဝင်တာကြောင့် လည်ချောင်းထဲမှာ ရှိရှိသမျှ ချွဲသလိပ်တွေကို မိနစ်ပိုင်းအတွင်း ပျော်ဆင်းစေနိုင်စွမ်းရှိတယ်။

2️⃣ ချောင်းဆိုးချွဲကျပ်တာရဲ့ နောက်ဆက်တွဲ ရောဂါတွေ ဖြစ်တဲ့ လေပြွန်ရောင်တာ၊ အဆုတ်ရောင်၊ အဆုတ်ပွရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။

3️⃣ လိမ္မော်အရသာ ချိုချိုချဥ်ချဥ်နဲ့ သောက်ရလွယ်ပြီး တစ်ခါသောက် အထုပ်လေး ဖြစ်တာကြောင့် ဘယ်သွားသွား သယ်ရလွယ်တယ်။

4️⃣ ကလေးလူကြီးမရွေး သောက်ရလွယ်ပြီး လူကြီးဆို တစ်ခါသောက် ( ) ထုပ်၊ ကလေးဆို တစ်ခါသောက် () နှုန်းနဲ့ သောက်နိုင်တယ်။

ဒါကြောင့် ချောင်းဆိုးချွဲကျပ်ပြီဆိုတာနဲ့ ဒီလိုအစွမ်းထက်တဲ့ ချွဲရှင်းဘုရင်ကြီးကိုမှ မ,တရင် ဘယ်သူ့ကို တ,ရမလဲနော် 😉

🍊 Mysoven ချောင်းဆိုးချွဲကျပ်ပျောက်ဆေးကို Shwe Ohh, City Care, Medicare, LifePlus, One Stop Mart နဲ့ အမြို့မြို့ဆိုင်တိုင်းမှာ ဝယ်ယူနိုင်ပါတယ်။

သူ ပြန်လာဖို့ မျှော်နေရပြီလား 😞 လည်ချောင်းနာကတည်းက ပျောက်သွားတဲ့ ကိုယ့်ရဲ့နဂိုမူလအသံလေးကိုပေါ့။ စိတ်မပူနဲ့၊ ပြန်ခေါ်ပေးန...
25/05/2024

သူ ပြန်လာဖို့ မျှော်နေရပြီလား 😞 လည်ချောင်းနာကတည်းက ပျောက်သွားတဲ့ ကိုယ့်ရဲ့နဂိုမူလအသံလေးကိုပေါ့။

စိတ်မပူနဲ့၊ ပြန်ခေါ်ပေးနိုင်တဲ့ ဟီးရိုးကြီးနှစ်ယောက်ရဲ့လက်ထဲသာ ဝကွက်အပ်လိုက်။ ရိုးရိုးလည်ချောင်းနာဆို Mybacin Mint Throat လေး ငုံ၊ ဟော ... ပြင်းထန်လည်ချောင်းနာရင် Mybacin OTC လေးကို ငုံ။
သိပ်မကြာဘူး၊ လည်ချောင်းနာတာ ပျောက်ပြီး ကိုယ့်မူလအသံလေး ပြန်ရောက်လာလိမ့်မယ်ဆိုတာ ယုံ 😉

🏪 Mybacin OTC ဆေးနဲ့ Mybacin Mint Throat ကို City Care နဲ့ ရွှေအိုး ဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါပြီ။

လည်ချောင်းနာတဲ့အခါ မကြာခင် ​ပျောက်သွားမှာပဲဆိုပြီး မပေါ့ဆလိုက်ပါနဲ့။ အမှိုက်ကစ ပြာဿဒ်မီးလောင် ဆိုသလို နည်းနည်း နာတာကို ပ...
18/05/2024

လည်ချောင်းနာတဲ့အခါ မကြာခင် ​ပျောက်သွားမှာပဲဆိုပြီး မပေါ့ဆလိုက်ပါနဲ့။ အမှိုက်ကစ ပြာဿဒ်မီးလောင် ဆိုသလို နည်းနည်း နာတာကို ပေါ့ဆမိလိုက်တာက တံတွေးမျိုချလို့မရအောင် ပြင်းပြင်းထန်ထန် နာတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

🗣 ရိုးရိုးလည်ချောင်းနာ
လည်ချောင်းထဲ ယားကျိကျိဖြစ်ပြီး စကားပြောတဲ့အခါဖြစ်စေ၊ တံတွေးမျိုချတဲ့အခါဖြစ်စေ ရှတတဲ့ ခံစားမှုကို သိသိသာသာ ခံစားရတဲ့ အခြေအနေပါပဲ။ ယားရုံရှတရုံ အခြေအနေ ဖြစ်တာမို့ ငုံဆေးလေး ငုံပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။

🗣 ပြင်းထန်လည်ချောင်းနာ
တံတွေးမျိုချလို့ မရအောင် နာကျင်တဲ့ အခြေအနေဖြစ်ပြီး လည်ပင်း ဒါမှမဟုတ် မေးရိုးအောက် ဂလင်းတွေပါ ရောင်ရမ်းနေတတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ ပိုးသတ်ဆေး ပါတဲ့ ငုံဆေးကို ငုံပေးမှ သက်သာနိုင်ပါတယ်။
ဘာကြောင့်ပဲ လည်ချောင်းနာနာ အမြန်ဆုံး သက်သာပျောက်ကင်းဖို့ဆိုရင် ဒီလိုလေး ဂရုစိုက်ပေးရပါလိမ့်မယ် 👇

✅ အသံကို အရမ်းမသုံးဘဲ အနားပေးပါ။
✅ ရေများများသောက်ပြီး ရေဓာတ်ပြည့်ဝအောင်နေပါ။
✅ အိပ်ရေးဝအောင် အိပ်စက်ခြင်းကလည်း အကောင်းဆုံး အားဆေးပါ။
✅ ဆေးလိပ်၊ မီးခိုးငွေ့၊ ခြင်ဆေး စတဲ့ အခိုးအငွေ့တွေကို မရှုမိအောင် ဂရုစိုက်ပါ
✅ အစာလည်းဆေး၊ ဆေးလည်းအစာ ဖြစ်တာမို့ ပူနွေးတဲ့ သောက်စရာလေးတွေ များများသောက်ပါ။
✅ဆေးဝါးအကူအညီအတွက်ကတော့ ရိုးရိုးလည်ချောင်းနာအတွက် Mybacin Mint Throat နဲ့ ပြင်းထန်လည်ချောင်းနာအတွက် Mybacin OTC တို့ကို ပုံမှန်ငုံပေးနိုင်ပါတယ်။

လည်ချောင်းနာတာက နေရထိုင်ရခက်ပြီး ဆိုးရွားတဲ့ ရောဂါ မဟုတ်ပေမဲ့ သတိမမူဘဲ ဂရုမစိုက်မိရင် ပိုကြီးမားတဲ့ ရောဂါတွေဖြစ်လာနိုင်တာမို့ ကြိုတင်ကာကွယ်ထားဖို့ အကြံလေးပေးချင်ပါတယ်✨

အမေ့အတွက် လက်ဆောင်ဆို စားစရာနဲ့ အသုံးအဆောင်ပစ္စည်းတွေပဲ မျက်လုံးထဲ ပြေးမြင်ကြတယ် ဟုတ်။ တကယ်တမ်း အမေ့ကို အသက်ရှည်ကျန်းမာစ...
12/05/2024

အမေ့အတွက် လက်ဆောင်ဆို စားစရာနဲ့ အသုံးအဆောင်ပစ္စည်းတွေပဲ မျက်လုံးထဲ ပြေးမြင်ကြတယ် ဟုတ်။ တကယ်တမ်း အမေ့ကို အသက်ရှည်ကျန်းမာစေချင်တယ်ဆိုရင် မပေးမဖြစ် ပေးရမယ့် လက်ဆောင်ဆိုတာ ကျန်းမာခြင်းကလွဲပြီး တခြားမရှိဘူးနော်။
ဒါကြောင့် အမေများနေ့မှာ တခြားလက်ဆောင်တွေနဲ့အတူ ပေးသင့်တဲ့ ကျန်းမာခြင်းလက်ဆောင်လေး ၃ မျိုးကို ပြောပြပေးချင်ပါတယ်။ အဆုံးအထိ ဖတ်ကြည့်ပြီး ချစ်ရတဲ့ မေမေ့ကို အကောင်းဆုံး ပြုစုစောင့်ရှောက်ဖို့ ပြင်ဆင်လိုက်ရအောင်လား။

✨ အာဟာရနဲ့ ဖြည့်စွက်စာ
အသက်ကြီးလာတာနဲ့အမျှ တစ်နေ့တာ ကောင်းကောင်းလှုပ်ရှားသွားလာနိုင်ဖို့ အာဟာရလိုအပ်ချက် ပိုမြင့်လာတတ်ပါတယ်။ အာဟာရပြည့်ဝအောင် ဂရုတစိုက် စားပေးသင့်ရုံသာမက အစားအသောက်တွေက မဖြည့်ပေးနိုင်တဲ့ အာဟာရဓာတ်တွေကို ဖြည့်စွက်စာတွေနဲ့ ဖြည့်စွက်ဖို့ လိုလာပါတယ်။ ဒါကြောင့် မေမေတို့ကျန်းမာရေးအတွက် Mybacin Zinc လို ဇင့်ဖြည့်စွက်စာ ငုံဆေးတွေ ဝယ်ထားပေးသင့်ပါတယ်။

✨ ကျန်းမာရေး စောင့်ရှောက်မှုပစ္စည်း
ငယ်တုန်းရွယ်တုန်းက ဖျားနာရင်တောင် ဆေးခန်းပြဖို့ သိပ်မလိုပေမဲ့ အသက်ကြီးလာတဲ့အခါမှာတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အခါအားလျော်စွာ လုပ်ပေးနေမှ တော်ကာကျပါတယ်။ အသက်ကြီးတဲ့ မေမေတို့အနေနဲ့က ဆေးခန်းကို နေ့တိုင်း သွားပြဖို့ကလည်း မဖြစ်နိုင်တဲ့အတွက် ကြိုတင်စစ်ဆေးတာ အလွယ်တကူ လုပ်နိုင်အောင် သွေးပေါင်ချိန်စက်၊ ဆီးချိုသွေးချိုတိုင်းစက်လေးတွေ ဝယ်ထားပေးသင့်ပါတယ်။

✨ ဆေးဝါးများ
ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းလေးတွေ ဝယ်ထားပေးသင့်ရုံတင် မကပါဘူး၊ သောက်နေကျ ဆေးတွေလည်း ပြတ်လို့ မဖြစ်ဘူးနော်။ ဆေးသေတ္တာ ဒါမှမဟုတ် ဆေးအိတ်လေး သီးသန့်ထားပြီး အားဆေးကစလို့ ကျန်းမာရေးအတွက် သောက်နေကျ ဆေးအဆုံး အမြဲစစ်ဆေးပြီး ကုန်ခါနီးပြီဆိုတာနဲ့ ဝယ်ထည့်ပေးသင့်ပါတယ်။ မေမေတို့ကို အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်တာလောက် မေမေတို့အတွက် ကောင်းတဲ့ လက်ဆောင်ဆိုတာ မရှိတော့ပါဘူး။

အအေးမိတုပ်ကွေးနဲ့ အစားအစာကြောင့်တင် မဟုတ်၊ လေထုညစ်ညမ်းတာကြောင့်လည်း ချောင်းဆိုးချွဲကျပ်နိုင်တာ ဖြစ်စေနိုင်တာ သိရဲ့လား စက...
11/05/2024

အအေးမိတုပ်ကွေးနဲ့ အစားအစာကြောင့်တင် မဟုတ်၊ လေထုညစ်ညမ်းတာကြောင့်လည်း ချောင်းဆိုးချွဲကျပ်နိုင်တာ ဖြစ်စေနိုင်တာ သိရဲ့လား
စက်ရုံ၊ အလုပ်ရုံတွေနဲ့ ကားတွေက ထွက်တဲ့ အငွေ့တွေက အဓိကတရားခံပေါ့၊ ဒီလိုမသန့်ရှင်းတဲ့ လေကို ရှုပါများလာရင် -
❌ ချောင်းဆိုးတာ
❌ မျက်လုံးယားယံတာ
❌ နှာခေါင်းပိတ်တာ
❌ အသက်ရှုကျပ်တာတွေကတစ်ဆင့်
❌ အဆုတ်လမ်းကြောင်းဆိုင်ရာရောဂါတွေအထိ

အဖြစ်များလာစေပါတယ်။ နေရာတော်တော်များများ ဖုန်နဲ့မကင်းနိုင်တာမို့ အပေါ်က အချက်တွေ ဖြစ်လာရင် ဒီလိုလေး ကာကွယ်ကြမယ်နော် 👇
✨ ရေနွေးငွေ့ခံပေးပါ။
✨ သေချာအနားယူပေးပါ။
✨ ရေများများသောက်ပေးပါ။
✨ နှာခေါင်းစည်းတပ်ပြီး နေထိုင်ပါ။
✨ လက်ကို သန့်ရှင်းအောင် အမြဲထားပါ။
✨ ဆားရည်နဲ့ ပလုတ်ကျင်းတာမျိုး လုပ်ပေးပါ။
✨ ချောင်းဆိုးချွဲကြပ် ဖြစ်လာပြီဆိုရင်တော့ လိမ္မော်အရသာနဲ့ Mysoven ကို ပုံမှန်သောက်ပေးပါ။
ဒါဆိုရင် အမြန်ဆုံး သက်သာမှာ အသေအချာပါပဲနော်။

ဟော့ဒီမှာ လာပြီ၊ ၇ ရက် သားသမီးတို့ ကျန်းမာဖို့ Grand Master က ဆေး ၇ မျိုးကို အမြို့မြို့ အနယ်နယ်ဆီ ဖြန့်ချီပေးလိုက်ပါပြီ...
08/05/2024

ဟော့ဒီမှာ လာပြီ၊ ၇ ရက် သားသမီးတို့ ကျန်းမာဖို့ Grand Master က ဆေး ၇ မျိုးကို အမြို့မြို့ အနယ်နယ်ဆီ ဖြန့်ချီပေးလိုက်ပါပြီ။

💊 Mydermic
အရေပြားပေါ်က ထိခိုက်ရှနာ မှန်သမျှကို အထိရောက်ဆုံး သက်သာစေပြီး ဒဏ်ရာဒဏ်ချက်မှန်သမျှကို အမြန်ဆုံး ပျောက်ကင်းစေတယ်။
💊 Mybacin Zinc
ဇင့်ဓာတ် ပါဝင်တာကြောင့် တစ်နေ့ ၃ ပြား ငုံပေးရုံနဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်ပြီး ရာသီတုပ်ကွေးတွေကနေ ကာကွယ်နိုင်တယ်။
💊 Mymin-C
ဗီတာမင်-စီ ၅၀၀ မီလီဂရမ် ပါဝင်လို့ အသားအရေလှစေသလို ကိုယ်ခံအားစနစ်ကိုလည်း အထူးကောင်းမွန်ေစတယ်။
💊 Mybacin OTC
ပြင်းထန်လည်ချောင်းနာခြင်းနဲ့ ပြင်းထန်အာသီးရောင်ခြင်းတွေကို အထိရောက်ဆုံး သက်သာပျောက်ကင်းစေနိုင်တယ်။
💊 Mybacin Mint Throat
လည်ချောင်းနာတာနဲ့ အာသီးရောင်တာမျိုးအတွက်ဆို ရွေးချယ်သင့်ပြီး ပူရှိန်းအရသာနဲ့မို့ ခံတွင်းနံ့လည်း ရှင်းစေတယ်။
💊 Mysoven
လည်ချောင်းထဲက ချွဲသလိပ်တွေကို ပျော်ဆင်းစေပြီး ချောင်းဆိုးချွဲကျပ်တာကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
💊 Ca-R-Bon
၁၀၀% သဘာဝမီးသွေးမှုန့် ဆေးတောင့်ဖြစ်ပြီး ဝမ်းပျက်ဝမ်းလျှော၊ ဗိုက်အောင့်ဗိုက်နာနဲ့ အစာအဆိပ်သင့်တာကို ကာကွယ်ပေးနိုင်တယ်။

ဒီလို ၇ ရက်သားသမီးရဲ့ ကျန်းမာရေးကို အဖက်ဖက်ကနေ စောင့်ရှောက်ပေးနိုင်တဲ့ ဆေး ၇ မျိုးကို မှာယူချင်တယ်ဆိုရင် page messenger ကနေ "ဟဲလို" လုပ်လိုက်ရုံပါပဲလို့ 😉

ပူတဲ့ နေရာကနေ အေးတဲ့ နေရာဆီ ဝင်လိုက်၊ အေးတဲ့ နေရာကနေ ပူတဲ့ နေရာဆီ ထွက်လိုက်နဲ့ အပူအအေးမမျှ ဖြစ်ပြီး လည်ချောင်းနာချင်နေပြ...
30/04/2024

ပူတဲ့ နေရာကနေ အေးတဲ့ နေရာဆီ ဝင်လိုက်၊ အေးတဲ့ နေရာကနေ ပူတဲ့ နေရာဆီ ထွက်လိုက်နဲ့ အပူအအေးမမျှ ဖြစ်ပြီး လည်ချောင်းနာချင်နေပြီလား။

လည်ချောင်းနာပြီဆို ရေသောက်လည်း အဆင်မပြေ၊ အစားစားရင်လည်း အဆင်မပြေနဲ့ အတော်လေး နေရခက်တယ် ဟုတ်။ မပျောက်ဘဲ ကြာလာရင်လည်း ဒီလိုလက္ခဏာတွေကို နောက်ဆက်တွဲ ခံစားရနိုင်တာမို့ ဂရုစိုက်ဖို့ မမေ့နဲ့နော် 👇
💢 အာသီးရောင်မယ်
💢 လေပြွန်ရောင်မယ်
💢 အစာ၊ ရေမျိုချရခက်မယ်
💢 မျိုချရင်၊ စကားပြောရင် ပိုနာလာမယ်
💢 လည်ပင်းနဲ့ မေးရိုးအောက် ရောင်ရမ်းလာမယ်
စတဲ့ လက္ခဏာတွေကို ကြုံရနိုင်တာမို့ လည်ချောင်းစနာပြီဆိုကတည်းက ဒီလိုနည်းလမ်းလေးတွေနဲ့ ကာကွယ်ကြည့်ကြမယ်☝

☑ ရေများများသောက်မယ်
☑ ဆားရည်နဲ့ ပလုတ်ကျင်းမယ်
☑ Mybacin ငုံဆေးလေး ငုံပေးမယ်
☑ အိပ်ရေးဝအောင် အိပ်ပြီး အနားယူမယ်
☑ အာခံတွင်းကို သန့်ရှင်းအောင် ထားမယ်
ဒါဆိုရင် သိပ်မကြာဘူး၊ လည်ချောင်းနာတာ တဖြည်းဖြည်း သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ထပ်ပြီး မဖြစ်အောင်လည်း နေပူပူကြီးထဲကနေ အေးနေတဲ့ နေရာဆီ ချက်ချင်း မဝင်ဘဲ ခန္ဓာကိုယ်အပူအေး မျှအောင် နေပြီးမှ ဝင်ပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

နေ့စဉ် စားနေကျ အစားအစာတွေထဲမှာ ဗီတာမင်မျိုးစုံ ပါတာ သိတယ်၊ ဒါပေမဲ့ သူတို့ရဲ့ ကောင်းကျိုးတွေကိုတော့ တော်ရုံ သတိမထားမိကြဘူ...
28/04/2024

နေ့စဉ် စားနေကျ အစားအစာတွေထဲမှာ ဗီတာမင်မျိုးစုံ ပါတာ သိတယ်၊ ဒါပေမဲ့ သူတို့ရဲ့ ကောင်းကျိုးတွေကိုတော့ တော်ရုံ သတိမထားမိကြဘူး ဟုတ်။

ဘာကြောင့် ဗီတာမင်ဓာတ်တွေ ညီညွှတ်မျှတအောင် စားပေးသင့်လဲဆိုတာ သတိပြုမိစေဖို့ ဗီတာမင်ဓာတ်တစ်ခုချင်းစီရဲ့ ကောင်းကျိုးလေးတွေကို ပြောပြပေးမယ်နော်

💙 ဗီတာမင် အေ
ဗီတာမင်အေက မျက်လုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပြီး အသားအရေနဲ့ သွားတွေကိုပါ ကျန်းမာစေပါတယ်။

🤎 ဗီတာမင် ဘီ
ဗီတာမင်ဘီကတော့ ကိုယ်ခံအား လုပ်ဆောင်ချက်တွေကို တိုးမြှင့်ပေးနိုင်ပြီး သံဓာတ်စုပ်ယူမှုနဲ့ စွမ်းအင်ထုတ်လုပ်မှုကို အားကောင်းစေပါတယ်။

💚 ဗီတာမင် စီ
သွေးကြောတွေကို သန်မာစေပြီး အသားအရေ နူးညံ့စေသလို သံဓာတ်ကိုလည်း ကောင်းကောင်း စုပ်ယူနိုင်စွမ်း ရှိစေတဲ့ ဓာတ်က ဗီတာမင်စီပါပဲ။

💛 ဗီတာမင် ဒီ
ဗီတာမင်ဒီကတော့ အရိုးအဆစ်တွေ ကျန်းမာသန်စွမ်းဖို့အတွက် အထူးအားထားရပြီး ဘိုးဘိုးဘွားဘွားတွေ မှီဝဲရတဲ့ ဆေးတွေမှာ အများဆုံး ပါတတ်ပါတယ်။

💜 ဗီတာမင် အီး
သွေးလည်ပတ်မှု ကောင်းစေပြီး အမြဲလန်းလန်းဆန်းဆန်း ဖြစ်ချင်တယ်ဆိုရင်တော့ ဗီတာမင် အီးကို နေ့စဥ် မှီဝဲပေးဖို့ လိုပါလိမ့်မယ်။

🩵 ဖောလစ်အက်ဆစ်
ဆဲလ်အသစ်တွေ ပြန်လည်ဖွံ့ဖြိုးဖို့အတွက် အထူးကောင်းမွန်ပြီး ကိုယ်ဝန်ဆောင်စဥ် မွေးရာပါ ချို့ယွင်းချက်တွေ မရှိအောင် ဖောလစ်အက်ဆစ်က ကာကွယ်ပေးနိုင်ပါတယ်။

🖤 သံဓာတ်
သံဓာတ်ကတော့ သွေးအားကောင်းစေတဲ့ သွေးအားနည်းသူတွေ အားထားရတဲ့ ဓာတ် ဖြစ်သလို ကြွက်သားအသစ်တွေကို သဘာဝအတိုင်း တည်ဆောက်ဖို့ အထောက်အကူပြုပါတယ်။

❤ ဇင့်ဓာတ်
ကိုယ်ခံစွမ်းအားကို အထူးတိုးမြှင့်ပေးတဲ့အတွက် အဖျားအနာ နည်းစေပြီး ရာသီမရွေး ကျန်းမာစေတာ ဇင့်ဓာတ်ပါ။ မျက်စိ၊ အသားအရေ၊ ဦးနှောက်ကျန်းမာရေးအတွက် ဘက်စုံအကျိုးပြုတဲ့ ဓာတ်ဆိုလည်း မမှားပါဘူး။ Mybacin Zinc ဖြည့်စွက်စာ ငုံဆေးကို တစ်နေ့ ၃ ကြိမ် ပုံမှန်ငုံပေးရုံနဲ့ ဒီဓာတ်ကို အပြည့်အဝ ဖြည့်တင်းနိုင်ပါတယ်။

ပြင်းပြင်းထန်ထန် လည်ချောင်းနာပြီဆို အသစ်ထွက်တဲ့ အနီရောင် Mybacin OTC လေးက အားကိုးရာပဲ ☺️လည်ချောင်းနာတာကို ဖြစ်စေတဲ့ ပိုး...
24/04/2024

ပြင်းပြင်းထန်ထန် လည်ချောင်းနာပြီဆို အသစ်ထွက်တဲ့ အနီရောင် Mybacin OTC လေးက အားကိုးရာပဲ ☺️

လည်ချောင်းနာတာကို ဖြစ်စေတဲ့ ပိုးမွှားတွေကို ပိုးသတ်ဆေး(၂)မျိုးနဲ့ ထိထိရောက်ရောက် ရှင်းထုတ်ပေးနိုင်တာကြောင့် "နာနေတဲ့ လည်ချောင်း၊ ဟပ်ချလောင်း"လို့ မန်းမှုတ်လိုက်သလို အချိန်တိုအတွင်း သက်သာစေနိုင်တယ်နော်။

အစားစားလို့ မရအောင် နာနေလား၊ တံတွေးမျိုချလို့ မရအောင် နာနေလား၊ နာနေသမျှ အမြန်ဆုံး သက်သာဖို့ 👇
🏪 အနီရောင် Mybacin OTC ကို City Care နဲ့ ရွှေအိုးဆေးဆိုင်တွေမှာ ပြန်လည်ဝယ်ယူရရှိနိုင်ပါပြီ။

✨ မြန်မာနှစ်သစ်ကူး အချိန်အခါသမယလေးမှာ မိသားစုဝင်တိုင်း စိတ်ရောကိုယ်ပါ ကြည်နူးရွှင်လန်းပြီး ကျန်းမာခြင်းဆုလာဘ်နဲ့ ပြည့်စု...
17/04/2024

✨ မြန်မာနှစ်သစ်ကူး အချိန်အခါသမယလေးမှာ မိသားစုဝင်တိုင်း စိတ်ရောကိုယ်ပါ ကြည်နူးရွှင်လန်းပြီး ကျန်းမာခြင်းဆုလာဘ်နဲ့ ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ Grand Master မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏

အသက်ကို ဉာဏ်စောင့်တယ် ဆိုတဲ့အတိုင်း ပူပြင်းတဲ့ ရာသီမှာ အနေအထိုင် တစ်ချက်လေး မှားလိုက်တာနဲ့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားန...
11/04/2024

အသက်ကို ဉာဏ်စောင့်တယ် ဆိုတဲ့အတိုင်း ပူပြင်းတဲ့ ရာသီမှာ အနေအထိုင် တစ်ချက်လေး မှားလိုက်တာနဲ့ အသက်ဆုံးရှုံးတဲ့အထိ ဖြစ်သွားနိုင်တယ်နော်☝

နွေမှာ အဖြစ်များတာကတော့ အားလုံးသိကြတဲ့အတိုင်း ဦးနှောက်သွေးကြောပြတ်တာမျိုးပေါ့။ ဦးနှောက်သွေးကြောပြတ်တာက ရာသီဥတု ပူတာကြောင့်သက်သက်တော့ မဟုတ်ပါဘူး။ တခြားရောဂါအခံ ရှိနေပြီး သွေးတိုးရာက ဦးနှောက်ထဲက သွေးကြောပေါက်သွားလို့ပဲ ဖြစ်ပါတယ်။

ဘယ်သူတွေက ပိုသတိထားဖို့ လိုမလဲ 👇
⚪ နှလုံးရောဂါအခံရှိသူတွေ
⚪ သွေးတိုးရောဂါအခံရှိသူတွေ
⚪ အသက် ၅၀အထက် လူကြီးသူမတွေနဲ့
⚪ နေပူထဲ တစ်ချိန်လုံး အလုပ်လုပ်နေရသူတွေပါပဲ။

သူတို့ကတော့ သာမန်ထက်ပိုပြီး သတိထားပေးဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကိုယ့်မိသားစုဝင်ပဲဖြစ်ဖြစ် ဒီလိုရာသီမှာ နွေအပူကြောင့်ဖြစ်တတ်တဲ့ ရောဂါတွေအပြင် ဦးနှောက်သွေးကြောပြတ်တာကို ဒီလိုလေး ကာကွယ်ကြနော် 👇

✅ ရေများများသောက်မယ်။
✅ ရေခဲရေသောက်တာမျိုး ရှောင်မယ်။
✅ ဖြစ်နိုင်ရင် နေပူထဲ မထွက်ဘဲ နေမယ်။
✅ ပွပွချောင်ချောင် အဝတ်လေးတွေ ဝတ်မယ်။
✅ အပြင်ထွက်ရင်လည်း ထီးနဲ့ဦးထုပ် ဆောင်းမယ်။
✅ အပူထဲက ပြန်လာလာချင်း ရေချိုးတာမျိုးတွေ ရှောင်မယ်။
✅ သွေးတိုးစေမယ့် အစားအစာတွေကို လျှော့စားမယ်။

မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး ကုသခြင်းပဲမို့ ဒီအချက်လေးတွေကို အလေးထား လုပ်ဆောင်ပြီး ပူပြင်းတဲ့ ရာသီကို ကျော်ဖြတ်လိုက်ရအောင်လား။

လာမယ့် ဧပြီလ ၆၊ ၇၊ ၈ ရက်မှာ အပူလှိုင်းဖြတ်မယ်ဆိုတဲ့ သတင်းကို ကြားသိပြီးကြပြီ ဟုတ် 🌞အပူချိန် 40°C ထိုးတက်နိုင်တာကြောင့် ပ...
04/04/2024

လာမယ့် ဧပြီလ ၆၊ ၇၊ ၈ ရက်မှာ အပူလှိုင်းဖြတ်မယ်ဆိုတဲ့ သတင်းကို ကြားသိပြီးကြပြီ ဟုတ် 🌞

အပူချိန် 40°C ထိုးတက်နိုင်တာကြောင့် ပုံမှန်နွေရာသီအပူထက် ပိုပူမယ့် ဒီအချိန်မှာ တစ်ချက်ကလေး ဂရုမစိုက်မိရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်နော် ☝

အထူးသဖြင့် ကလေးငယ်တွေ၊ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေ ပိုဂရုစိုက်ပေးဖို့ လိုပါတယ်။ ဒါကြောင့် အပူလှိုင်းဖြတ်တဲ့အချိန်မှာ ဘေးကင်းစေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးပါ။

✅ ရေခဲရေ သောက်တာကို ရှောင်ပြီး ရေအေးကိုပဲ ခါတိုင်းထက် များများ ပိုသောက်ပေးပါ။

✅ လေဝင်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့ အဝတ်အစားတွေကိုသာ ရွေးချယ်ဝတ်ဆင်ပေးပါ။

✅ ဖြစ်နိုင်ရင် မနက် ၁၁ နာရီကနေ ညနေ ၄ နာရီအတွင်း အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ နေပါ။

✅ အပူရှိန်ကြောင့် ချွေးထွက်လွန်လာတတ်တာမို့ ရေဓာတ်မဆုံးရှုံးဖို့ ဓာတ်ဆားရည်လည်း သောက်ပေးပါ။

✅ နေပူထဲက ပြန်လာတာနဲ့ ရေချိုးတာ၊ ခြေထောက် ရေဆေးတာ၊ အဲကွန်းနဲ့ ပန်ကာလေခံတာမျိုးတွေကို လုံးဝ လုံးဝ မလုပ်သင့်ပါဘူး။

✅ အသက်ကို ဉာဏ်စောင့်တာဖြစ်လို့ ရောဂါအခံရှိသူတွေအနေနဲ့ အစားအသောက်၊ အနေအထိုင်ကို အထူးဂရုစိုက်ပေးဖို့ လိုပါမယ်။

ဒီအချက်လေးတွေကို ဂရုတစိုက် လိုက်နာပြီး အပူလှိုင်းဖြတ်တဲ့အချိန်မှာ ကိုယ်နဲ့ ကိုယ့်မိသားစုရဲ့ ကျန်းမာရေးကို အကောင်ဆုံး ကာကွယ်လိုက်ကြရအောင်✨

အရင်ကဆို တစ်မျိုးတည်း၊ အခုဆို လည်ချောင်းနာတာအတွက် ရွေးချယ်စရာ (၂)မျိုး ရှိနေပြီ 😮😍 𝗠𝘆𝗯𝗮𝗰𝗶𝗻 𝗧𝗵𝗿𝗼𝗮𝘁အဝါရောင်အထုပ်လေးပေါ်မှာ...
30/03/2024

အရင်ကဆို တစ်မျိုးတည်း၊ အခုဆို လည်ချောင်းနာတာအတွက် ရွေးချယ်စရာ (၂)မျိုး ရှိနေပြီ 😮

😍 𝗠𝘆𝗯𝗮𝗰𝗶𝗻 𝗧𝗵𝗿𝗼𝗮𝘁
အဝါရောင်အထုပ်လေးပေါ်မှာ အစိမ်းရောင်စာတန်းလေးပါတဲ့ Mybacin Throat က chemical အပြင်းတွေမပါဝင်ဘဲ ပိုးသတ်အာနိသင်ရှိတဲ့ peppermint oil နဲ့ menthol ကိုပဲ ပေါင်းစပ် ထုန်လုပ်ထားလို့ ရိုးရိုးလည်ချောင်းနာ၊ လည်ချောင်းယားနဲ့ ခံတွင်းရှင်း၊ ခံတွင်းနံ့ကင်းချင်သူတိုင်း ငုံနိုင်တဲ့ ငုံဆေးပဲပေါ့။

🤩 𝗠𝘆𝗯𝗮𝗰𝗶𝗻 𝗢𝗧𝗖
အဝါရောင်အထုပ်လေးပေါ်မှာ အနီရောင်စာတန်းလေးပါတဲ့ Mybacin OTC ကတော့ ဖော်မြူလာအသစ်ဖြစ်ပြီး ပိုးသတ်ဆေးအာနိသင် (၂)မျိုးနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတာကြောင့် လည်ချောင်းနာတာကိုဖြစ်စေတဲ့ ပိုးမွှားတွေကို ကောင်းကောင်းရှင်းထုတ်ပေးနိုင်တယ်လေ။ အစားစားလို့မရအောင်၊ တံတွေးမျိုချလို့မရအောင် ပြင်းထန်တဲ့ လည်ချောင်းနာ၊ အာသီးရောင်ရောဂါတွေအတွက် အသင့်တော်ဆုံးပါပဲ။

ကဲ...အခုဆိုရင် Mybacin Throat နဲ့ Mybacin OTC တို့ရဲ့ ကွာခြားချက်ကို သေချာသိသွားကြပြီပေါ့နော်။

🏪 မိုင်ဘေစင်ငုံဆေးကို ရွှေအိုး၊ City Care၊ Easy Mart၊ Medicare၊ Orange Super center၊ Lifeplus၊ Orchidနဲ့ အမြို့မြို့ အနယ်နယ်က ဆိုင်တိုင်းမှာ ဝယ်ယူရရှိနိုင်ပါပြီ။

ဘာစားစား ပူပူစပ်စပ်လေးမှ ဆိုသူတွေ လက်ညှိုးထောင် ☝ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အတိုင်း အပူအစပ်စားတာက ကောင်းကျိုးတွေ ရှိသလို အလွ...
24/03/2024

ဘာစားစား ပူပူစပ်စပ်လေးမှ ဆိုသူတွေ လက်ညှိုးထောင် ☝ တန်ဆေး၊ လွန်ဘေး ဆိုတဲ့အတိုင်း အပူအစပ်စားတာက ကောင်းကျိုးတွေ ရှိသလို အလွန်အကျွံ စားရင်တော့ အစာအိမ်ရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

အပူအစပ်ကို အလွန်အကျွံ စားရင် အဖြစ်များတာတွေကတော့ -
1️⃣ ဗိုက်အောင့်ဗိုက်နာခြင်း
2️⃣ ဝမ်းပျက်ဝမ်းလျှောခြင်း
3️⃣ အစာအိမ်ရောင်ရမ်းခြင်း
4️⃣ အစာအိမ်အောင့်ခြင်း
5️⃣ အစာအိမ်အနာကို ပိုဆိုးစေခြင်း
စတဲ့ လက္ခဏာတွေအပြင် အခန့်မသင့်ပါက အစာအိမ်အနာကို ပိုဆိုးစေပြီး အစာအိမ်ကင်ဆာ ဖြစ်တဲ့အထိ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အပူအစပ်စားတဲ့အခါ တော်သင့်ရုံ ပမာဏလောက်ပဲ စားပြီး အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချသင့်ပါတယ်။

အစာအိမ်ရောဂါ ဖြစ်ရင် အပူအစပ်အပြင် ကိုယ် စားချင်တဲ့ တခြားအစားအစာတွေကိုပါ ရှောင်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ဆင်ခြင်ပြီး ကိုယ့်အစာအိမ်လေးကို ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် အပူအစပ်ကို လျှော့စားဖို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါတယ်နော် ☝
🛡အပူအစပ်လည်း စားချင်တယ်၊ နောက်ဆက်တွဲ ဗိုက်အောင့်၊ ဗိုက်နာတာတွေလည်း မဖြစ်ချင်ဘူးဆိုရင်တော့ အပူအစပ်စားပြီးတာနဲ့ Ca-R-Bon (ကာ-အာ-ဘွန်)လို ဆေးတောင့်ကို ကြိုတင်သောက်ပေးသင့်ပါတယ်။

Ca-R-Bon က ၁ဝဝ% သဘာဝမီးသွေးနဲ့ ထုတ်လုပ်ထားတာကြောင့် အစာအိမ်ထဲမှာရှိတဲ့ အဆိပ်အတောက်မှန်သမျှကို စုပ်ယူပေးပြီး အပူအစပ်စားလို့ နောက်ဆက်တွဲ ခံစားရနိုင်တဲ့ ဗိုက်အောင့်ဗိုက်နာ၊ ဝမ်းပျက်ဝမ်းလျှာနဲ့ လေထိုးလေအောင့် ဝေဒနာတွေကနေ ကြိုတင်ကာကွယ်နိုင်ပါတယ်။

Address

No 93, Thein Phyu Road, Botahtaung
Yangon

Telephone

+959409724493

Website

Alerts

Be the first to know and let us send you an email when Grand Master Int Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Grand Master Int Co., Ltd.:

Videos

Share