17/01/2024
ကျန်းမာဖို့က ကျန်းမာချင်တဲ့ ဆန္ဒလေး ရှိရုံနဲ့ မဖြစ်ဘူးနော်။ ချော်လဲတာလေးက စလို့ ကြီးကြီးမားမား ဖျားနာတာအဆုံး ကိုယ့်ကိုယ့်ကိုယ် အဆင်သင့်လေး ဂရုစိုက်ဖို့ အစွမ်းထက်တဲ့ အရာလေးတစ်ခု အိမ်မှာ ရှိကိုရှိထားရမယ်လေ။
"အရေးပေါ် ဆေးသတ္တာ" လေ။
လူတော်တော်များများ နေမကောင်း၊ မကျန်းမာဖြစ်တဲ့အခါမှ ဆေးရုံ၊ ဆေးခန်းဆီ အရောက်သွားတတ်ကြပေမဲ့ တစ်ခုခု ဖြစ်လာရင် ကိုယ်ကိုယ့်ကိုယ် အသင့်ကုသနိုင်ဖို့အတွက် ဆေးသေတ္တာ ထားဖို့ကိုတော့ မေ့လျော့နေတတ်ကြပါတယ်။
ဒါကြောင့် ဝမ်းပျက်ဝမ်းလျှော၊ ထိခိုက်ရှနာ၊ အဖျားအနာတွေကို ဖြစ်ဖြစ်ချင်း ကုသနိုင်ဖို့ ဆေးသေတ္တာလေးတစ်ခု ထားဖို့ တိုက်တွန်းပါရစေ။ အဲ့ဒီဆေးသေတ္တာထဲမှာ ဘယ်လိုဆေးပစ္စည်းတွေ ရှိဖို့ လိုမလဲဆိုရင်
🧰 ပိုးသတ်ထားတဲ့ ဂွမ်း၊ ပတ်တီးလိပ်
🧰 အနာကပ် ပလာစတာ၊စက္ကူတိပ်
🧰 အရက်ပြန်၊ပိုးသတ်ဆေး
🧰 အနာလိမ်းဆေး (ဥပမာ - Mydermic)
🧰 ဇာဂနာ၊ ကတ်ကြေးအသေး၊ သာမိုမီတာ
🧰 ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် သောက်နိုင်တဲ့ ဆေး (ဥပမာ - Ca-R-Bon)
🧰 ကိုယ်ခံအားကောင်းစေဖို့ ဖြည့်စွက်စာ (ဥပမာ - Mybacin Zinc)
🧰 လည်ချောင်းနာပျောက် ငုံဆေး (ဥပမာ - Mybacin)
🧰 အကိုက်အခဲပျောက်ဆေး
🧰 ဒဏ်ကြေလိမ်းဆေး
ကဲ ... အရေးပေါ်ဆေးသေတ္တာ အိမ်မှာမရှိသေးရင် အခုပဲ ဆေးဆိုင်မှာ ဝယ်ပြီး လိုအပ်တဲ့ ဆေးပစ္စည်းလေးတွေ ဖြည့်ထည့်ထားဖို့ မမေ့နဲ့နော်။