Extrovert Management Consulting

Extrovert Management Consulting EXTROVERT is focused on the practice of helping organizations to improve their performance, operati
(1)

Based on the multinational experiences in providing services background to foreign business investors in Myanmar , extrovert realize that there is a significant gap between domestic and foreign business especially potential investor in terms of culture, business environment and the way of doing and thinking business together. The more realized , the more looking for the business solution with smar

t ideas. Extrovert is one stop corporate management services to support foreign investors and local business in Myanmar a full suite of services in key areas, including legal consulting, financial management consulting , marketing and business development. Extrovert team members have vast experience in a range of industries, with many serving, so we can quickly analyze a business situation and apply knowledge to finding a workable solution. With Extroverts' multi- expertise, we can drive improvement at middle-market companies and larger businesses and apply flexible staffing models to deliver the best possible outcome for our clients. Legal Management Consulting

Extrovert consult provide special legal consult such as corporate legal departments, law firms and governmental agencies improve business performance, spend management and organizational effectiveness on a sustainable basis. Our specialized in house legal teams of professionals have extensive experience and deep knowledge of the legal industry. We leverage our deep knowledge of the legal function, its sourcing practices and underlying technologies to advise clients. Various service packages such as corporate secretarial services, business tour, event management, company incorporation,financial services and marketing outsourced service in Myanmar .Please check out our website www.extrovertconsult.com
or [email protected]

05/12/2019
03/07/2019
စက်မှုဒီဇိုင်း မူပိုင်ခွင့် 
31/01/2019

စက်မှုဒီဇိုင်း မူပိုင်ခွင့် 

29/10/2018

ဒီနေ့ကစပြီး နောက် ၆ လ အကြာမှာ အသက်ဝင် လိုက်နာရမယ့် အမိန့်ကြော်ငြာစာ တခုကို မြန်မာနိုင်ငံ စားသုံးသူအကာအကွယ်ပေးရေးဗဟိုကော်မတီက ထုတ်ပြန်လိုက်ပါတယ်...

မြန်မာနိုင်ငံအတွင်း သတ်မှတ်ကုန်စည်အမျိုးအစား ထုတ်လုပ်သူများ၊ တင်သွင်းသူများ၊ ရောင်းချသူများ အနေနဲ့ စားသုံးသူဘေးကင်းလုံခြုံရေးဆိုင်ရာ ဖော်ပြချက်များကို မြန်မာဘာသာ သို့မဟုတ် မြန်မာဘာသာနဲ့ အခြားဘာသာ တွဲလျက် ဖော်ပြရတော့မှာ ဖြစ်ပါတယ်...

ပြည်တွင်းထုတ်လုပ်သူများက အလွယ်တကူ ပြောင်းလဲနိုင်ပေမယ့် ပြည်ပက တင်သွင်းသူများ အနေနဲ့ အချိန် ၆ လ အတွင်း ကြိုးပမ်းဆောင်ရွက် ရပါမယ်...

အဓိကအနေနဲ့ အစားအသောက်၊ အိမ်သုံးပစ္စည်း၊ ကလေးအသုံးအဆောင်ပစ္စည်း၊ ဆက်သွယ်ရေးသုံးပစ္စည်း၊ ဆေးဝါးနှင့်ဖြည့်စွက်စာအမျိုးမျိုး၊ ဓါတုဗေဒပစ္စည်း၊ အလှကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းနဲ့ စိုက်ပျိုးရေးနှင့် ကျန်းမာရေးလုပ်ငန်းသုံးစက်ကိရိယာပစ္စည်းများ တင်သွင်းနေသူများအနေနဲ့ ပြည်ပက ထုတ်လုပ်သူများကို စာသားကြိုတင်ပေးပို့ မှာကြားရမှာ ဖြစ်ပါတယ်...

29/10/2018
14/10/2018

Neuroscientist and author of "Still Alice" Lisa Genova details the latest research on how we can build an Alzheimer's resistant brain.

14/10/2018
14/10/2018
19/09/2018
မှတ်ပုံတင်အသစ်။ Company Certificate Renewable
13/09/2018

မှတ်ပုံတင်အသစ်။ Company Certificate Renewable

16/08/2018

လောက်လောက်လားလားနဲ့ စီးပွားရေးကို ငွေကြေးလည်ပတ် စီးဆင်းမှု ဖြစ်သွားလောက်တဲ့ ပုံမှန်ဝင်နေတဲ့ ရင်းနှီးမြှုပ...

15/08/2018

"ရွှေနှင့်လက်ဝတ်ရတနာတင်ပို့၊ တင်သွင်းခြင်းကို စက်တင်ဘာ ၃ ရက်ကစ၍ One Stop Service ဆောင်ရွက်မည်"

ရွှေနှင့် လက်ဝတ်ရတနာ များ ပြည်ပတင်ပို့၊ တင်သွင်းခြင်း ကို တစ်နေရာတည်းအပြီး ဆောင်ရွက်ပေး (One Stop Service) ကိုရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ Cu-lture Valley ၌ စက်တင်ဘာ ၃ ရက်တွင် စတင်ဆောင်ရွက်မည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက သြဂုတ် ၁၄ ရက်၌ ထုတ်ပြန်ကြေညာ သည်။

အစိုးရက ရွှေ ပြည်ပတင်ပို့၊ တင်သွင်းခြင်းကို ယခုနှစ်ဇန်နဝါရီ တွင် ပထမဆုံးအကြိမ် တရားဝင် ခွင့်ပြုကြောင်း ကြေညာပြီး ခုနစ် လအကြာ အမှန်တကယ် တင် ပို့နိုင်ရန် အစိုးရက ဆောင်ရွက် လာခြင်းဖြစ်သည်။

ရွှေတင်သွင်းခြင်း၊ ရွှေတင် ပို့ခြင်းကို ဈေးကွက်လိုအပ်ချက် အရ ပြုလုပ်ရန် ရွှေဈေးကွက်စောင့်ကြည့်အကဲဖြတ် ထိန်းညှိ ရေးကော်မတီဖွဲ့ရန် လိုအပ်သည် ဟု အစိုးရက ဆိုထားသည်။ ထို ကော်မတီဖွဲ့ရန် အချိန်ခုနစ်လယူ ပြီးနောက် ရွှေတင်ပို့၊ တင်သွင်း ခြင်းကို တရားဝင်စတင်ရန် ကြေ ညာခြင်းဖြစ်သည်။

‘‘ရွှေဈေးက တင်ပို့နိုင်ဖို့က ချက်ချင်းဖြစ်မယ် မထင်သေး။ အခုကလည်း တရုတ်က အဝင် များနေတယ်။ ဒါကို တရားဝင် လမ်းကြောင်းပေါ်ရောက်အောင် လုပ်နိုင်ရင် အစိုးရလည်း အခွန် ရတာပေါ့’’ဟု ရွှေလုပ်ငန်းရှင် ဦးမင်းမင်းက ပြောသည်။

ထိုကော်မတီသည် ရွှေတင် သွင်းခြင်း၊ တင်ပို့ခြင်းဆိုင်ရာ ရွှေ ဈေးကွက်ကို ထိန်းညှိပေးရန်၊ ဝယ်လိုအား၊ ရောင်းလိုအား ချိန် ညှိရန်နှင့် တင်ပို့ခြင်း၊ တင်သွင်း ပမာဏ၊ စံချိန်၊ ဈေးနှုန်းနှင့်တန်ဖိုး တို့ သတ်မှတ်ရန် ရွှေဈေးကွက် စောင့်ကြည့်အကဲဖြတ် ထိန်းညှိ ရေး ဆောင်ရွက်မည်ဖြစ်သည်။

အမေရိကန် ဒေါ်လာဈေး တက်နေခြင်းကြောင့် ပြည်တွင်း ရွှေဈေးသည် ကမ္ဘာ့ရွှေဈေးထက် မြင့်တက်နေသဖြင့် တရုတ်နယ် စပ်မှ ရွှေများ ပြည်တွင်းသို့ ဝင် ရောက်နေကြောင်း ရွှေလုပ်ငန်း ရှင်များက ပြောသည်။

ရွှေများကို တင်သွင်း၊ တင်ပို့ ရာတွင် ပင်လယ်ရေကြောင်း၊ လေကြောင်းနှင့် နယ်စပ်ဂိတ်များက ပြုလုပ်နိုင်ပြီး အကောက်ခွန်၊ ကုန် သွယ်လုပ်ငန်းခွန်၊ အထူးကုန် ပစ္စည်းခွန်များ ပေးဆောင်ရမည် ဖြစ်သည်။
သတင်း - ထွန်းထွန်းမင်း
Credit :7daynews

01/08/2018

မြန်မာ၏ နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပမာဏသည် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း...

31/07/2018

ပြည်တွင်းရှိ လက်လီ/ လက်ကား ဈေးကွက်၌ နိုင်ငံခြားသား လုပ်ငန်းရှင်များကို ဥပဒေနှင့် အညီ ဝင်ရောက် လုပ်ကိုင်ခွ.....

27/07/2018

ရန်ကုန်မှာ စက်ဘီးသီးသန့်လမ်းတွေ ပြုလုပ်နိုင်မယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိနိုင်မယ်လို့ထင်ပါလဲ?

နိုင်ငံတကာလုပ်ငန်းခွင်ကျန်းမာရေးစီမံခန့်ခွဲမှုဂျာနယ်ရဲ့ ရှာဖွေတွေ့ရှိမှုသစ်တစ်ခုမှာတော့ စက်ဘီးစီးပြီး ရုံးတက်သူတွေက ကားနဲ့ ရုံးတက်သူတွေထက် စိတ်ဖိစီးမှုပိုနည်းပြီး အလုပ်ပိုလုပ်နိုင်စွမ်းလည်း ရှိတယ်လို့ တွေ့ရှိထားပါတယ်။

စက်ဘီးစီးပြီး ရုံးတက်ခြင်းအားဖြင့်
- စောစီးစွာသေဆုံးနိုင်ခြေ ၄၀% လျော့ကျခြင်း
- စိတ်ဖိစီးမှုနည်းခြင်း
- အလုပ်လုပ်နိုင်စွမ်း ပိုမြင့်မားခြင်းပ
- လေထုညစ်ညမ်းမှု လျော့ကျခြင်း
- ကားလမ်းပိတ်ဆို့မှု လျော့ကျခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်လို့ လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။


What do you think of having bicycle lanes in Yangon?

According to a new study from the International Journal of Workplace Health Management, those who commute to work by cycling are less stressed and more productive at work than those by cars.

Commuting by bike has its benefits:
- Reduce the risk of early death by 40%
- Feel less stressed
- More productive at work
- Reduce air pollution
- Decrease traffic congestions

Photo - Bicycle Dutch

20/07/2018

နှလုံးနှင့် ဦးနှောက်အာရုံကြော အထူးကုဆေးရုံတရုံ တည်ဆောက်ရေး ဂျပန်က ယွမ်ငွေ ၈ ဒသမ ၆၆ ဘီလီယံ ထောက်ပံ့သည်။

14/07/2018
22/06/2018
14/06/2018

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ လာမည့်သြဂုတ်လဆန်းတွင် အသက်ဝင်သည့်အခါ မြန်မာလုပ်ငန်းများ၏ ၃၅ ရာခိုင်နှုန်းကို...

13/06/2018

လာမဲ့အောက်တိုဘာမှာ ဆိုက်ရောက်ဗီဇာစပေးမှာဖြစ်

13/06/2018

သမ္မတ ဒေါ်နယ်ထရမ့်က သူ့နိုင်ငံကို တရားဝင် လာရောက်ဖို့ ခေါ်တာကို မစ္စတာကင်က လက်ခံခဲ့တယ်

"Success is not built on success. It's built on failure. It's built n frustration. Sometimes its built on catastrophe." ...
12/06/2018

"Success is not built on success. It's built on failure. It's built n frustration. Sometimes its built on catastrophe." -Sumner Redstone
(via NewYou)

12/06/2018
Everyday Happy သွက်လက်တက်ကြွတဲ့သူဆီကို အောင်မြင်မှုက လျင်လျင်မြန်မြန် ရောက်လာလေ့ရှိတယ်     ကမ္ဘာကျော် အရောင်းသမားတစ်ယောက်က...
11/06/2018

Everyday Happy
သွက်လက်တက်ကြွတဲ့သူဆီကို အောင်မြင်မှုက လျင်လျင်မြန်မြန် ရောက်လာလေ့ရှိတယ်

ကမ္ဘာကျော် အရောင်းသမားတစ်ယောက်ကို မေးတယ် .. ခင်ဗျား ဘာ့ကြောင့် ထိပ်ဆုံးကို ရောက်တာလဲတဲ့ ။ သူက ပြန်ဖြေတယ် .. အော် တခြားအောင်မြင်တဲ့သူတွေလိုပါပဲ .. အလုပ်ကြိုးစားလုပ်တာရယ် လက်မလျှော့တတ်တာရယ်ပေါ့ တဲ့ ..။ ဒါပေမယ့် အရေးကြီးဆုံးတစ်ခုတော့ ရှိတယ်ဗျ .. အဲဒါကတော့ အားပြည့်အင်ပြည့်နဲ့ သွက်သွက်လက်လက် ရှိဖို့ပဲဗျ တဲ့။

သူပြောတာ မှန်နေတယ်နော်။ တစ်ခုခုကို ဖြစ်မြောက်အောင် လုပ်နိုင်တဲ့သူတွေကို လေ့လာကြည့်နော်.. သူတို့အားလုံးမှာ သွက်လက်ထက်မြတ်တဲ့ အမူအရာကို ထင်သာမြင်သာ တွေ့ရတယ်။

ခေတ်ကြီးက အခက်အခဲတွေ၊ လောကဓံတရားတွေ ရှိချင်ရှိပါစေ ယှဉ်ပြိုင်ချင်တယ် အနိုင်ယူချင်တယ် ဆိုတဲ့စိတ်တွေနဲ့ အောင်မြင်ချင်စိတ်တွေ ဒင်းကြမ်းပြည့်နေတဲ့ လူတွေ သန်းပေါင်း ထောင်ချီ နေထိုင်နေကြတဲ့ ခေတ်ကြီးပါနော်။
ကိုယ်က ဘယ်လောက် intelligent မြင့်လို့ .. ဘာတွေ ဘယ်လောက်တတ်တတ် ၊ ဘွဲ့တွေ ဘယ်လောက်ရရ ၊ သွက်သွက်လက်လက် စွမ်းစွမ်းတမံ ပုံမျိုးမရှိရင် ကိုယ့်ရည်မှန်းချက်တွေဟာ ပေါက်မြောက်လာမှာ မဟုတ်ဘူး။
ထိုနည်းအတူပဲ ကိုယ့်ဘာသာကိုယ် ထထကြွကြွနဲ့ ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်စွမ်း မရှိရင်လည်း ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ခက်ခဲနေအုံးမှာပဲနော်။

အပြင်လောကဆိုတာ လူလူချင်း ပခုံးချင်းတွန်းတိုက်သွားနေကြတာနော်။ ကိုယ်လဲကျသွားရင် ဘယ်သူမှ ငါ့နေရာ နင့်ကိုပေးလိုက်မယ်ဆိုပြီး ကရုဏာသက်နေမှာ မဟုတ်ဘူး။ လှည့်မကြည့်ပဲ နင်းကျော်သွားလိုက်ကြမှာ။
ဒါ့ကြောင့် လောကကြီးမှာ နေရတာ ကိုယ်က စိတ်ထက်ထက်သန်သန်ထားရင်း မတ်ထား၊ တောင့်ခံထားရတယ်။ လာတိုက်ရင် လဲကျမသွားအောင် ကိုယ့်ပုခုံးလာတိုက်တဲ့ ပခုံးကို ဘာမထီစိတ်နဲ့ ပြန်တွန်းထားရတယ်။ ခပ်ပျော့ပျော့ ခပ်ခွေခွေ အမူအရာ စိတ်သဘောထားနဲ့ လူတောတိုးချင် လူလုပ်ချင်လို့ မရတော့တဲ့ ခေတ်ကြီးပါ။

ဒါ့ကြောင့် ကိုယ်ကို ကြည့်လိုက်ရင် အမြဲတမ်း ရွှင်လန်း တက်ကြွနေတာပဲ လို့ မြင်နေရမယ်။ ဒီလိုပြောလို့ အမူအရာ မတည်မငြိမ်နဲ့ လူတော့ မဖြစ်ရဘူးနော်။ စလျင်စလိုပုံ အလောတကြီးပုံပေါက်ပြီး မောကျောဆိုက်နေတဲ့လူလည်း မဖြစ်ရဘူးနော်။ ဒါပေမယ့် ကြည့်လိုက်ရင် အားတွေရှိလို့ .. ကြည်ကြည်လင်လင်နဲ့ သွက်လက်နေတာပဲ ဖျတ်လတ်နေတာပဲ လို့ ဖြစ်ရမယ်နော်။
ဒါဟာ ကိုယ့်ရဲ့ ပင်ကိုယ်စိတ်အားအင်ကို ပြတာ ဖြစ်သလို .. ကိုယ့်ရဲ့ ဘာမထီ စိတ်ဓာတ်ကိုလည်း အကောင်းဆုံးနည်းနဲ့ ဖော်ပြရာရောက်တယ်။
ဒါဟာ ကိုယ့်ကို ဆွဲဆောင်မှု ရှိစေတဲ့ အပြင် ဒါဟာ လူတွေမလွန်ဆန်နိုင်တဲ့ အသက်ဝင်မှုတစ်မျိုးလည်း ဖြစ်တယ်။ ဒါဟာ အောင်မြင်မှုရဲ့ အဓိက သော့ချက်ဆိုတာ အသေအချာပါပဲ။
အဲဒီတော့ သွက်လက်တယ် တက်ကြွတယ် ဆိုတာ ပျာလောင်ခတ်ပြီး ဂဏှာမငြိမ်ဖြစ်နေတာ မဟုတ်ပါဘူး။
သွက်လက်တက်ကြွတယ်ဆိုတာ သူများမလုပ်နိုင်တာကို ကိုယ်လုပ်နိုင်တယ် လို့ ထင်သာမြင်သာစေတာ။
သွက်လက်တက်ကြွတယ်ဆိုတာ သူများတွေစိတ်ပျက်စွန့်ခွာသွားချိန်မှာ ကိုယ်က ဖြစ်အောင် လုပ်နိုင်တာ။
သွက်လက်တက်ကြွတယ်ဆိုတာ သူများတွေ သာသာယာယာနေဖို့ ကြံစည်နေချိန်မှာ ကိုယ်က မအိပ်မနေ လုပ်နိုင်တာ၊ စားဖို့တောင် မေ့ရင်မေ့နေတာ။
သွက်လက်တက်ကြွတယ်ဆိုတာ သူတကာ စိတ်အားငယ်သွားချိန်မှာ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆက်ထားနိုင်သေးတာ ကို ပြောတာ ဖြစ်တယ်နော်။
တချို့ သာမာန်လောက်ပဲ အရည်အချင်းရှိတဲ့သူတွေတောင် သူတို့ရဲ့ ထက်သန်မှု ရည်ရွယ်ချက်ကြီးမှု နဲ့ သူတို့ရဲ့အသက်ဝင်တောက်ပနေတဲ့ စိတ်ကြောင့် သူတို့မျှော်မှန်းတာ ထက်တောင် ပိုဖြစ်မြောက်လာကြတာ ဒီစိတ်ဓာတ်ကြောင်းပဲ ဆိုတာ လေ့လာကြည့်ရင် တွေ့ရမှာပါ။
ဒါ့ကြောင့် သွက်လက်တက်ကြွတယ် ဆိုပြီး ဂဏှာမငြိမ် မဖြစ်ရပါဘူး။
စိတ်ထား တည်တည်၊ အမူအရာ တည်တည်နဲ့.. လေးစားလောက်တဲ့ အိနြေ္ဒရှိပြီးတော့ စိတ်အားတွေ ထက်သန်နေတဲ့သူ ဖြစ်လို့ရပါတယ်။
လောကကြီးက ဒီလိုလူဆီကို အောင်မြင်မှုတွေ အပ်နှင်းဖို့ စောင့်နေပါတယ်။
သွက်လက်တက်ကြွတဲ့သူဆီကို အောင်မြင်မှုက လျင်လျင်မြန်မြန် ရောက်လာလေ့ရှိပါတယ်။

Address

No . 86 Upper Pansodan Street
Yangon
11181

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Alerts

Be the first to know and let us send you an email when Extrovert Management Consulting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Extrovert Management Consulting:

Share


Other Yangon travel agencies

Show All