Unique Asia Gate Travels & Tours
Unique Asia Gate Travels & Tours Providing exclusive travel services with the lowest prices that will help everyone to travel as much as possible.
(5)
We Create Every Holidays of You in Exclusive Ways with Premium services ! Unique Asia Gate Travels and Tours is one of the branches under Unique Asia Gate Group of Companies. We can guarantee the belief of our clients and convince the trust of our clients.
ကဆုန်လပြည့့်ဗုဒ္ဓနေ့ အကြောင်း သိကောင်းစရာများ🙏═══════════════════════════════❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အ...
06/05/2020
ကဆုန်လပြည့့်ဗုဒ္ဓနေ့ အကြောင်း သိကောင်းစရာများ🙏
═══════════════════════════════
❖ ဗုဒ္ဓဘာသာဝင်တိုင်း ကဆုန်လပြည့် ဗုဒ္ဓနေ့ အကြောင်းကို သိစေရန်အတွက် ဒီဆောင်းပါးကို ရေးပြီး ဘုရားရှင်ကို ပူဇော်သက္ကာရ ပြုလိုက်ရပါတယ်။
ကဆန်ုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာတို့ရဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့---
━ (၁) ဘုရားအလောင်းတော် ရသေ့သုမေဓာဟာ ဒီဘဒ္ဒကမ္ဘာမှ လေးဆူမြောက် ဂေါတမဘုရားစင်စစ် ဖြစ်လိမ့်မယ်လို့ ဒီပင်္ကရာမြတ်စွာဘုရားထံ နိယတဗျာဒိတ်ခံယူတဲ့နေ့ဟာ ကဆုန်လပြည့်နေ့ဖြစ်တယ်။
━ (၂) ဂေါတမဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားလေး မွေးဖွားလာခဲ့တဲ့နေ့လဲ မဟာသက္ကရာဇ် ၆၈ ခု၊ ကဆုန်လပြည့်နေ့ဖြစ်တယ်။
━ (၃) ဂေါတမဘုရားအလောင်း ဗောဓိပင်အောက်မှာ ဘုရားဖြစ်တဲ့နေ့လဲ မဟာသက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့ဖြစ်တယ်။
━ (၄) ဂေါတမဘုရား ပရိနှိဗ္ဗာန်စံတဲ့ နေ့ဟာလဲ မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့ဖြစ်ပြန်တယ်။
❖ ဒါကြောင့် ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန် ထူးမြတ်တဲ့နေ့တစ်နေ့ပါ။
❖ ကဆုန်လဟာ မြန်မာလ ၁၂ ရာသီမှာ ဒုတိယလဖြစ်ပြီး ဗြိဿရာသီနှင့်တူသည်။ ပုဂံခေတ်ကျောက်စာမှာ ကဆုန်လကို “ကုဆုန်” လို့အရေးများတယ်။ နောက်ပိုင်းမှာ “ကု” မှ “က” သို့ ပြောင်းလဲလာတယ်လို့ ဆိုတယ်။ (ကုက)ရဲ့ အဓိပ္ပါယ်ကတော့ “ရေ” ဖြစ်ကာ “ဆုန်” တော့ သွန်းလောင်းတယ်လို့ အဓိပ္ပါယ်ရှိလို့ ကဆုန်လကို “ရေသွန်းလ” (သို့မဟုတ်) “ရေလောင်းလ” လို့ ဆိုနိုင်ပါတယ်။
❖ ပါဠိစာပေမှာ ကဆုန်လကို “ဝေသာခ” Vesaka လို့ခေါ်ပြီး အဲဒီ ဝေသာခ ကနေ ပါဌ်ပျက်ကာ “ဝေသခ်” Vesak ဖြစ်လာတယ်။ သီဟိုအသံထွက်ကတော့ ဝေဆတ်ခ် လို့ ထွက်ပြီး အနောက်နိုင်ငံသားများကလည်း သီဟိုသံကို အမှီပြုကာ ကဆုန်လပြည့်နေ့ကို ဝေဆတ်ခ်ဒေး Vesak Day လို့ ခေါ်ကြတယ်။ ထိုင်းဗုဒ္ဓဘာသာတွေကတော့ ကဆုန်လပြည့်နေ့ကို “ဝိဆာခပူချား” (ဝိသာခပူဇာ) လို့ခေါ်သတဲ့။
❖ မြန်မာပြည်မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်
ပြည်ထောင်စု မြန်မာနိုင်ငံတော်နဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားတဲ့ ဘာသာရေးပွဲကို ဆင်နွှဲတယ်။ ကဆုန်လရာသီဟာ နေအရှိန် အပြင်းအထန်ဆုံးဖြစ်လို့ ရေတွေ ခန်းချောက်လေ့ရှိတယ်။ ဘုရားပွင့်တော်မူတဲ့ ဗောဓိပင်ကို ရည်မှတ်ကာ ဗောဓိပင်အပွားတော်များကို တပျော်တပါး ရေစင်သွန်းလောင်းကြလို့ “ကဆုန်လ ညောင်ရေသွန်းပွဲ” လို့ ခေါ်လာကြတယ်။
❖ ဗုဒ္ဓဘာသာဝင်များအတွက် ဗောဓိပင်ဟာ ဘုရားရှင်အား
ပရိဘောဂစေတီတော်ဖြစ်လို့ ဗောဓိပင်ကို ရေလောင်းပေးခြင်းဟာ ဗောဓိပင် ပိုမိုရှင်သန်စေဖို့ ဘုရားသာသနာတော် ဆက်လက် အဓွန့်ရှည်စေဖို့ ဖေါ်ညွှန်းပါတယ်။
❖ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ဟာ ကဆုန်လပြည့်နေ့မှာ သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းလောင်းလှူခြင်း၊ သီလခံယူခြင်း၊ ပရိတ်တရားတော် တရားတော်များ နာကြားခြင်း၊ ဘာဝနာတရား ပွားများခြင်း စတာတွေ ပြုလုပ်ကြပါတယ်။ ဇိဝိတဒါန ငါးလွှတ်ပွဲ၊ ငှက်လွှတ်ပွဲ၊ တိရစ္ဆာန်ဘေးမဲ့လွှတ်ပွဲ တွေကိုလည်း တပျော်တပါး ကျင်းပကြတယ်။………။
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့ ကျင်းပပုံ။ ᠌᠌᠌
❖ ထိုင်းနိုင်ငံ ဇင်းမယ်မှာ ကျင်းပတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ (ဝိဆာခပူးချား)
ထိုင်းနိုင်ငံ ကဆုန်လပြည့် ဗုဒ္ဓနေ့။
ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံတော်ဖြစ်လို့ ကဆုန်လပြည့်နေ့ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်လို့ ဘုရင်နဲ့တကွ ဘုရင့်ဆွေတော်မျိုးတော် အပါအဝင် အရာရှိအရာခံများအားလုံး ကဆုန်လပြည့်နေ့ အခမ်းအနားဖြစ်တဲ့ “ဝိဆာခပူးချား” ကို တပြည်လုံး ပါဝင်ဆင်နွှဲကြတယ်။
❖ ကဆုန်လပြည့်နေ့မှာ သာသနာ့အလံတော်များသည် ထိုင်းနိုင်ငံ တစ်ဝှမ်းလုံးမှာ တလူလူလွှင့်ထူကြတယ်။ (ထိုင်းနိုင်ငံသာသနာ့အလံဟာ မြန်မာနဲ့ သီရိလင်္ကာနိုင်ငံလို ရောင်ခြည်တော် ခြောက်သွယ် မဟုတ်ဘဲ အရဟတ္တဓဇ သင်္ကန်းရောင်ပေါ် တွင် ဓမ္မစကြာ စက်ဝိုင်းပုံ တပ်ထားခြင်းဖြစ်တယ်။)။
❖ ကဆုန်လပြည့်နေ့မှာ ထိုင်းဗုဒ္ဓဘာသာဝင်းများဟာ နံနက်ပိုင်းမှာ သံဃာတော်များအား ဆွမ်းလောင်းလှူကြတယ်။ ဘုရားကျောင်းကန်များကို သန့်ရှင်းရေးများ ပြုလုပ်ကာ ကုသိုလ်ယူကြပြီး နေ့လည်ပိုင်းအချိန် ဘုန်းကြီးကျောင်း ဓမ္မသာလာဇရပ်မှာ တရားနာယူကြတယ်။ တစ်ချို့ကတော့ ဘာဝနာတရားများ ပွားများအားထုတ်ကြတယ်။
❖ ညဦးပိုင်းမှာ စုပေါင်းပြီး လူတစ်ဦးလျင် ဖယောင်းတိုင် တစ်တိုင်၊ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပန်းတစ်ပွင့်နဲ့အတူ စေတီတော်အား လကျာ်ရစ် သုံးပတ်ပတ်ကာ ပူဇော်ကြတယ်။ စေတီတော်ကို လှည့်ပတ်စဉ် ဘုရားဂုဏ်တော် တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကြတယ်။ သံဃာတော်များထံ တရားနာယူကြတယ်။
❖ ထိုင်းနိုင်ငံရဲ့ ထင်ရှားတဲ့ ကဆုန်လပြည့်ဗုဒ္ဓနေ့ ကျင်းပတဲ့ နေရာကတော့ နခွန်ပထုမ်ရှိ ဗုဒ္ဓမွန်းထွန်ဘုရားပဲ ဖြစ်တယ်။ အဲဒီနေရာမှာ ထိုင်းဘုရင်မင်းမြတ် (သို့မဟုတ်) ဆွေတော်မျိုးတော်များက ဗုဒ္ဓဘာသာဝင် လူထုကို ဦးဆောင်ပြီး “ဝိဆာခပူးချား” (ဝိသာခပူဇာ) ပွဲကို နှစ်စဉ်ကျင်းပတယ်။ ထင်ရှားတဲ့ ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာလဲ ဝိဆာသပူချား အခမ်းအနားများ ကျင်းပကြတယ်။ အပြည်ပြည် ဆိုင်ရာ ဗုဒ္ဓဘာသာ အစည်းအဝေးများကိုလည်း ကျင်းပခဲ့ကြတယ်။………။
သီရိလင်္ကာနိုင်ငံ ဝေဆတ်ဒေး ကျင်းပပုံ
သီရိလင်္ကာနိုင်ငံ နှင့် ကဆုန်လပြည့် ဗုဒ္ဓနေ့။ ᠌᠌᠌
❖ သီရိလင်္ကာနိုင်ငံသားများကတော့ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို “ဝေဆတ် = Vesak” လို့ခေါ်ကာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားတယ်။ ကဆုန်လပြည့်နေ့ဟာ အထူးခြားဆုံး နေ့အဖြစ် သတ်မှတ်ကာ ပွဲတော်ကို (၇) ရက်ခန့် ကျင်းပတယ်။ အစည်ကားဆုံးနေ့ကတော့ ကဆုန်လဆန်း (၁၄) ရက်၊ လပြည့်နေ့နဲ့ လပြည့်ကျော် တစ်ရက်နေ့ပါ။
❖ ဗုဒ္ဓဘာသာဝင်အိမ်တိုင်း သာသနာ့ အလံတော်ကို လွှင့်ထူထားကြတယ်။ ထင်ရှားတဲ့ စေတီတော်၊ ကျောင်းတော်နဲ့ လမ်းဆုံ လမ်းခွတွေမှာ မီးစင်မြင့်ကြီး ဆောက်လုပ်ကာ ဘုရားရှင်ရဲ့ ဆေးရေး ပန်းချီပုံတော် ပတ်ပတ်လည်နဲ့ ဇာတကဆေးပန်ချီပုံတော်တွေကို လျှပ်စစ်မီးများ အလှဆင်ကာ မိုးလင်းပေါက် ထွန်းညှိပူဇော်ကြတယ်။
❖ အဆိုအကပွဲများ မရှိပေမယ့် အလွန်စည်ကားတယ်။ ရောင်စုံမီးပုံး အလှပြိုင်ပွဲများ ကျင်းပတဲ့ နေရာမှာဆိုရင် ပွဲလာပရိသတ်များ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။
သီရိလင်္ကာနိုင်ငံ ကဆုန်လပြည့်နေ့ လမ်းဆုံလမ်းခွမှ ဗုဒ္ဓဝင်ပန်းချီကား
အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်များ (အထူးသဖြင့် ရွာသူရွာသားများ)ဟာ ကိုလံဘိုမြို့ (သို့မဟုတ်) မြို့ကြီးများမှ မိးထွန်းပွဲကို လာရောက်ကြည့်ရှုကြတယ်။ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ဘီးစီးပြီး လည်ပတ် ကြတဲ့သူတွေ၊ လမ်းလျှောက်လည်ပတ်ကြတဲ့ သူတွေ တစ်ညလုံး စည်ကားတာ တွေ့ရတယ်။ ရွာကနေ လာကြတဲ့ လမ်းလျှောက်တဲ့သူတွေဟာ များသောအားဖြင့် ဖိနပ်မစီးကြပေ။
❖ အချို့သော စေတနာရှင်များက မိမိအိမ်ရှေ့မှာ ရေအေး၊ အချိုရေများနဲ့လည်းကောင်း၊ အချို့ကတော့ မဏ္ဍာပ်ဆောက်ပြိး ထမင်း၊ ဟင်းများ စတုဒိသာအလှူများ ပြုလုပ်ပြီး ကုသိုလ်ယူကြတယ်။ အချို့အိမ်မှာ စပီကာ အကြီးကြီးနဲ့ ဗုဒ္ဓဝင်သီချင်းတွေ ဖွင့်၊ တစ်ချို့ကတော့ သီဟိုရိုးရာဗုံတီးကာ ကခုန် ပျော်မြူးနေကြတာကိုတွေ့ရတယ်။ ပွဲတော်ကာလအတွင်း ယာဉ်ကြောပိတ်ဆို့မှုတွေ များစွာ ဖြစ်ပေါ်တယ်။ ထင်ရှားတဲ့ လမ်းဆုံ လမ်းခွနဲ့ သမိုင်းဝင် ကလျာဏီယ ကျောင်းတော်ကြီး၊ ကာရုတ္တရစေတီတော်ကြီး၊ ကန္တီမြို့ စွယ်တော်ကျောင်းတို့ကတော့ အလွန် စည်ကားတာ တွေ့ရတယ်။
❖ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များဟာ ဗောဓိညောင်ပင်ကို ပရိဘောဂစေတီအဖြစ် လွန်စွာ ကြည်ညိုကြတယ်။ နေ့စဉ် နေ့တိုင်း ဗောဓိပင်ကို ရေလောင်းပူဇော်ကြတယ်။ ဘုန်းကြီးကျောင်းတိုင်းမှာ ဗောဓိပင်ရှိရတယ်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ မနက်ပိုင်းမှာ သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ကလေးလူကြီးများဟာ ဝတ်စင်ဖြူဝတ်ပြီး ဘုန်းကြီးကျောင်းကို သွားကြတယ်။ တံမြက်စည်းလှည်းခြင်း၊ ဗောဓိပင်အား ပူဇော်ခြင်း၊ သီလခံယူခြင်း၊ ပရိတ်ရွတ်ခြင်း၊ ဘာဝနာပွားခြင်းများ ပြုလုပ်ကြတယ်။
(သီရိလင်္ကာဗုဒ္ဓဘာသာဝင် ကလေးလူငယ်တွေ ပရိတ်ကြီး ၁၁ သုတ်ကို ရကြတယ်။)
★ ကဆုန်လပြည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့် ထိုင်းနိုင်ငံ
ကဆုန်လပြည့်နေ့ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ခြင်း
ကဆုန်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်နေ့ဖြစ်တယ်။ ဒါကြောင့် ၁၉၉၈ ခု၊ နိုဝင်ဘာလ ၅ ရက်မှ ၁၄ ရက်အထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်မှာ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ရုံးပိတ်ရက် အဖြစ် သတ်မှတ်နိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြတယ်။ အဲဒီအစည်းအဝေးကနေ ၁၉၉၉ ခု စက်တင်ဘာလမှ သီရိလင်္ကာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး လက်ရှမန်းကတိဂမ် ဟာ အဲဒီအဆိုကို ကုလသမဂ္ဂသို့ တင်သွင်းခဲ့တယ်။
★ ၅၄ ကြိမ်မြှောက် ကုသလသမဂ္ဂ အထွေထွေညီလာခံမှာ အဲဒီအဆိုကို မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်ရှိ ဗုဒ္ဓဘာသာနိုင်ငံများ တောင်အာရှအဖွဲ့ဝင်နိုင်ငံများ၊ ရုရှားနိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ အခြားနိုင်ငံများ စုစုပေါင်း ၃၄ နိုင်ငံက ထောက်ခံကြတယ်။ ဒါကြောင့် ၁၉၉၉ ဒီဇင်ဘာ ၁၃ ရက် အစည်းအဝေးဆုံးဖြတ်ချက် အမှတ် ၁၇၄ နဲ့ ကမ္ဘာ့ကုလသမဂ္ဂမှ “ကဆုန်လပြည့် ဗုဒ္ဓနေ့” ကို အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက် Vesak Universal Holiday အဖြစ် သတ်မှတ်ပေးခဲ့တယ်။
★ ကမ္ဘာ့ကုလသမဂ္ဂဆုံးဖြတ်ချက်ကတော့
“ဂေါတမဗုဒ္ဓဘုရားရှင်ရဲ့ သာသနာတော်သည် ကမ္ဘာပေါ်မှာ သက်တမ်းရှည်ကြာတဲ့ ဘာသာတစ်ခုဖြစ်တဲ့ အပြင် ဘုရားရှင်ရဲ့ အဆုံးအမတော်ဟာ နှစ်ပေါင်း ၂၅၀၀ ကျော်ကာလတိုင်အောင် လူသားတို့အပေါ် ကာယသုခ၊ စိတ္တသုခနဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးခဲ့ပြီး နောင်အနာဂတ်မှာလည်း ကမ္ဘာ့လူသားတို့အပေါ် ကောင်းကျိုးများ ဆက်လက် သက်ရောက်နေမည်ဖြစ်ကြောင်း၊
★ သို့ဖြစ်၍ ကုသလမဂ္ဂဗဟိုဌာနချုပ်နဲ့ ကမ္ဘာပေါ်ရှိ ကုလသမဂ္ဂဌာနအသီးသီးတို့မှ ကဆုန်လပြည့် ဗုဒ္ဓနေ့ (ဝေဆတ်ဒေး)ကို အပြည်ပြည်ဆိုင်ရာ ရု့ံးပိတ်ရက်အဖြစ် သတ်မှတ်ရမည်။ ဤဆုံးဖြတ်ချက်အရ ဝေဆတ်ဒေး ကျင်းပရာတွင် ကုလသမဂ္ဂရံပုံငွေကို သုံးစွဲခွင့်မရှိ။ နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့သည် မည်သည့်လ (အင်္ဂလိပ်လ)တွင် ကျရောက်မည်ကို ကုလသမဂ္ဂ ဌာနချုပ်နှင့် အခြားသော ကုလသမဂ္ဂဌာနတို့က တိုင်ပင်ညှိနှိုင်းကာ ဆုံးဖြတ်သွားရမည်” လို့ ဆုံးဖြတ်ခဲ့ပါတယ်။
★ ထူးခြားလှတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကဆုန်လပြည့်နေ့ကို ကမ္ဘာ့ကုလသမဂ္ဂက အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့လေပြီ။
★ ကဆုန်လပြည့်နေ့ဟာ ဘုရားရှင် အဆူဆူ ပွင့်တော်မူတဲ့နေ့လည်းဖြစ်တယ်။ လောကမှာ ဘုရားရှင် ပွင့်ထွန်းပေါ်ပေါက်လာခြင်းဟာ လောက ကောင်းကျိုးအတွက်ပဲဖြစ်တယ်။ ဘုရားရှင်ရဲ့အဆုံးအမတော်ဟာ လောကသားတိုင်းအတွက် ဖြစ်တယ်။
လောကသားတို့ဟာ ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း လိုက်နာ ကျင့်သုံးပါက ကာယသုခ စိတ္တသုခနဲ့ ပြည့်စုံကြပြီး ငြိမ်းချမ်းရေးအစစ် ဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မလွှဲဧကန် ရောက်ရပေမည်။
ဘုရားရှင် အဆုံးအမဖြစ်တဲ့
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား”
“ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာဤစကား” အတိုင်း လိုက်နာကျင့်သုံးနိုင်ကြပြီး ငြိမ်းချမ်းရေး အစစ်ဖြစ်တဲ့ သန္တိသုခကို ရရှိနိုင်ကြပါစေ .... … …။
__________________________________________________
မဟာပုရိသဝိတက်
(ဗုဒ္ဓ နေ့ အတွက့်ရေးတဲ့စာ) ᠌᠌᠌
═══════════════════════════════
❖ ကဆုန်လပြည့်နေ့ ( ၅ )နေ့ရှိပါတယ် ၊
☞ ၁ ။ ။ ဗျ ာဒိတ်ယူသည့်နေ့
လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာတစ်သိန်းအစ ကဆုန်လပြည့်နေ့ ။
☞ ၂ ။ ။ ဘုရားရှင်မွေးဖွားသည့်နေ့
မဟာသက္ကရာဇ် ၆၈. ကဆုန်လပြည့်နေ့ ။
☞ ၃ ။ ။ ဘုရားအဖြစ်ကိုရသည့်နေ့
မဟာသက္ကရာဇ် ၁၀၃. ကဆုန်လပြည့်နေ့ ။
☞ ၄။ ။ ဗုဒ္ဓဝင်အကျဉ်း ဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၄. ကဆုန်လပြည့်နေ့ ။
☞ ၅ ။ ။ ပရိနိဗ္ဗာန် စံသည့်နေ့ ။
မဟာသက္ကရာဇ် ၁၄၈. ကဆုန်လပြည့်နေ့ ။
☞ ၆ ။ ။ ဗုဒ္ဓနေ့ ( ဆဋ္ဌ သံဃာယနာတင် နေ့ )
တစ်နေ့ထပ်တိုးတော့ ဗုဒ္ဓ နေ့ ကဆုန်လပြည့်ဟာ
၆. နေ့ဖြစ်ရောပေါ့ဗျ ာ....
❖ ဘုရားရှင်ကိုယ်တော်မြတ်ကြီး
ဘာကြောင့်များ ဗုဒ္ဓ ဆိုတဲ့ဂုဏ်နဲ့လောကမှာ
ဘုရားရယ်လို့ဖြစ်လာအောင်
ဘယ်လိုအတွေးအကြံနဲ့ ပါရမီဖြည့်ခဲ့တာလည်းဆိုတာ
သိကြဖို့လိုတာပါဘဲ။
❖ ဘုရားဆိုတာကိုတော့(ဗုဒ္ဓ ဝါဒအရ)
သတ္တလောက ( လူ ၊ နတ် ၊ ဗြဟ္မာ ၊ သတ္တဝါ ၃၁ဘုံ)
မှာအမြင့်ဆုံးသော၊အမြတ်ဆုံးသောသူကိုဘုရားဟု
ခေါ်ကြောင်း အဘိဓာန်နိသျသစ်တွင် ဘုရားကိုမြတ်
သောသူအဖြစ် ဝရပုဒ်မှ ဗရ ၊ ဗရး ၊ ဗရား ၊ ဘုရား ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ကြောင်း
သစ္စာ လေးပါးကိုသိသော ဉာဏ်ပညာကြီး ပုဂ္ဂိုလ်ထူး
ပုဂ္ဂိုလ်မြတ်အဖြစ် ပုညဝန္နပုဒ်မှ ပုညား၊ဘုရား ဟု
အဆင့်ဆင့်ပြောင်းလဲခေါ်ဝေါ်လာသော ဝေါဟာရဖြစ်
ကြောင်း အဘယရာမ ဆရာတော် အရှင်အဂ္ဂဓမ္မာ
ဘိဝံသ. ကပြဆိုပါတယ်
❖ ဘုရားအလောင်းတော်ကြီးရဲ့ စိတ်အကြံ အတွေးနဲ့
ပါရမီဖြည့်လာတဲ့ အချက်ကို
မဟာပုရိသ ဝိတက်ဆိုပြီးမဟာဝါပါဠိတော်မှာ ၈ မျိူ း
ဖွင့်ပြီးပြပါတယ် ......
၁ ။ ။ ဒေႏၲာ ဒေမယ်ံ ။
ငါကိုယ်တိုင်လည်းယဉ်ကျေးအောင့်ကျင့်သုံးမယ်
တစ်ပါးသောသူကိုလည်းငါကဲ့သို့ယဉ်ကျေ းစေရ
မယ်၊ယဉ်ကျေးအောင်လည်းညွှန်ပြတော်မူမယ်။
၂ ။ ။ သန္တော သမေယျံ ။
ငါကိုယ်တိုင်လည်းငြိမ်သက်အောင်ကျင့်သုံးမယ်
တစ်ပါးသောသူတို့ကိုလည်းငါကဲ့သို့ငြိမ်သက်
အောင်ကျင့်သုံးနည်းညွှန်ပြတော်မူမယ်။
၃ ။ ။ ဗုဒ္ဓေါ ဗောဓေယျံ ။
ငါကိုယ်တိုင်လည်း ဘယ်တရားဟာအမှန်ဆုံး
သောလွတ်မြောက်ရာဖြစ်သလဲဆိုတာကိုတွေ့
အောင်ရှာဖွေကျင့်သုံးမယ်၊တစ်ပါးသူတို့ကိုလဲ
ငါရရှိတဲ့အမှန်လွတ်မြောက်ရေးတရားကိုကျင့်
နိုင်ဖို့ညွှန်ပြတော်မူမယ်။
၄ ။ ။ မုတ္တော မောဓေယျံ ။
ငါကိုယ်တိုင်လဲ ဒီသံသရာ ဝဋ်ဆင်းရဲဆိုတဲ့
ဇာတိ ၊ ဇရာ ၊ မရဏ. တို့ချယ်လှယ်နေသောဒီ
ဒုက္ခ မှလွတ်အောင်ကျ င့်မယ် ၊တစ်ပါးသူတို့ကို
လည်း ဒီသံသရာဝဲသြဂမှလွတ်စေရမယ် ။
၅ ။ ။ နိဗ္ဗူ တော နိဗ္ဗာ ပေယျံ ။
ငါကိုယ်တိုင်လည်းသေခြင်းမှကင်းလွတ်တဲ့စင်
ကြယ်သောတရားဖြင့်အဆုံးပန်းတိုင် နိဗ္ဗာန်ပြု
နိုင်အောင်ကျ င့်သုံးမယ် ၊တစ်ပါးသူတို့ကိုလည်း
ငါကဲ့သို့စင်ကြယ်သောတရားဖြင့် နိဗ္ဗာန်ပြုနိုင်ရေး
ညွှန်ပြမယ် ။
၆ ။ ။ တိဏ္ဏော တရေယျံ ။
ငါကိုယ်တိုင် ဒီသံသရာဝဋ်ဆင်းရဲအပေါင်း၏နယ်
မှကူးထွက်လွတ်မြောက်အောင်ကျ င့်မယ်၊
တစ်ပါးသူတို့ကိုလည်းဒီသံသရာနယ်မှကူးထွက်
လွတ်မြောက်အောင်ဟောဖော်ညွှန်ပြမယ်။
၇ ။ ။ အဿာ သတ္တော ဿာသေယျံ ။
ငါကိုယ်တိုင်လည်း နိဗ္ဗာန်ချမ်းသာသက်သက်
အေးငြိမ်းချမ်းသာဖြစ်အောင်ကျ င့်သုံးမယ် ။
တစ်ပါးသူတို့ကိုလည်း နိဗ္ဗာန်ချမ်းသာရရှိစေပြီး
အပူမရှိ သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ
ဥပယာသ တို့မကြုံတွေ့အောင်ညွှန်ပြမယ် ။
၈ ။ ။ သုဒ္ဓေါ သောစေယျံ ။
ငါကိုယ်တိုင်လည်း တဏှာရာဂရဲ့ကျွန်အဖြစ်က
လွတ်အောင်ကျင့်မယ်၊တစ်ပါးသူတို့ကိုလည်း
တဏှာစေခိုင်းသမျှ ခံနေကြရတဲ့သံသရာကျွန်
ဘဝ ကလွတ်မြောက်အောင်ဟောဖော်ညွှန်ပြပြီး
လွတ်မြောက်စေရမယ် ။
❖ အဲ့ဒီလိုအကြံအတွေးနဲ့ ဘုရားဆုပန်ကာ
လေးအသင်္ချေ နဲ့ ကမ္ဘ္ဘာ တစ်သိန်းပါရမီတွေဖြည့်ကျင့်
လာခဲ့ရပါသတဲ့… …
မဟာပုရိသဝိတက်တရားကိုဖတ်ပြီး ဘုရားကျေးဇူးကို
မြင်ရင် တရားကျေးဇူး သံဃာတွေရဲ့ကျေ းဇူးဟာလဲ
ဘယ်လောက်ကြီးမားတယ်ဆိုတာ မြင်နိုင်ကြပါလိမ့်မယ်.......... ဒီတော့
ကျေးဇူးရှိမှန်းသိကြ
ကျေးဇူးကိုလည်းဆပ်တတ်ကြပါစေ… ᠌᠌᠌။
Credit- original uploader
❖ စေတနာအရင်းခံဖြင့်
Thanks - Win Soe. ᠌᠌᠌
ချစ်တဲ့ UAG လေးတို့ရေ လတ်တလောမှာ လူတိုင်းနီးပါး ကမ္ဘာတစ်ဝှမ်းနီးပါး စိုးရိမ်နေကြတဲ့ Covid 19  ဆိုတဲ့ အသက်ရှူလမ်းကြောင်းဆ...
12/03/2020
ချစ်တဲ့ UAG လေးတို့ရေ
လတ်တလောမှာ လူတိုင်းနီးပါး ကမ္ဘာတစ်ဝှမ်းနီးပါး စိုးရိမ်နေကြတဲ့
Covid 19 ဆိုတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအတွက် ကာကွယ်နည်းများကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်နော်။
UAG လေးတို့လဲ ဂရုစိုက်ကြပါနော်
Photo Credit :Minstry of Health and Sport
👏👏ကားလက်မှတ်ဗျို့   👏👏 ချစ်မိတ်ဆွေများ အလုပ်ကိစ္စတွက် ခရီးထွက်လိုသော်ဖြစ်စေ၊   စိတ်အပန်းဖြေစေရန် ခရီးသွားချင်လို့ဖြစ်စေ၊...
10/03/2020
👏👏ကားလက်မှတ်ဗျို့ 👏👏
ချစ်မိတ်ဆွေများ အလုပ်ကိစ္စတွက် ခရီးထွက်လိုသော်ဖြစ်စေ၊ စိတ်အပန်းဖြေစေရန် ခရီးသွားချင်လို့ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းများဆီသို့အလည်သွားချင်လို့ဖြစ်စေ၊ မိမိ တို့၏ဖုန်းလေးများနှင့် တချက်လေးဆက်လိုက်ယုံဖြင့် ချစ်မိတ်ဆွေများစိတ်တိုင်းကျ ကားလက်မှတ်များကို ဝယ်ယူနိုင်ပြီဖြစ်ပါတယ်ရှင်၊ အိမ်မှနေ၍ ထမင်းချက်နေလို့ဖြစ်စေ အင်းတာနက်သုံးနေရင်ဖြစ်စေ ရုံးတွင်အလုပ်ရှုပ်နေလို့ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ကားလတ်မှတ်ဖြတ်ဖို့ အချိန်မရသူများတွက် UAG ဆီကိုသာ ဖုန်းလေးတချက်ဆက်လိုက်ပါနော်
လူကြီးမင်းများစိတ်တိုင်းကျခုံနေရာ များ လူကြီးတို့နှစ်သက်ရာ Express Line ,Car အမျိုးအစားများကိုရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်ရှင်။
ရန်ကုန် မန္တလေး ရန်ကုန်
ရန်ကုန် ပုဂံ ရန်ကုန်
ရန်ကုန် ညောင်ရွှေ-အင်းလေး ရန်ကုန်
ရန်ကုန် တောင်ကြီး ရန်ကုန်
ရန်ကုန် ကလော ရန်ကုန်
ရန်ကုန် နေပြည်တော် ရန်ကုန်
ရန်ကုန် မုံရွာ ရန်ကုန်
ရန်ကုန် မော်လမြိုင် ရန်ကုန်
ရန်ကုန် မကွေး ရန်ကုန်
ရန်ကုန် ပြင်ဦးလွင် ရန်ကုန်
ရန်ကုန် မြစ်ကြီးနား ရန်ကုန်
ရန်ကုန် တောင်ငူ ရန်ကုန်
ရန်ကုန် ဘားအံ ရန်ကုန်
ရန်ကုန် ချောင်းသာ ရန်ကုန်
ရန်ကုန် ငွေဆောင် ရန်ကုန်
ရန်ကုန် လားရှိုး ရန်ကုန်
ရန်ကုန် မိထ္တီလာ ရန်ကုန်
ရန်ကုန် ထားဝယ် ရန်ကုန်
ရန်ကုန် ကလေး ရန်ကုန်
ရန်ကုန် ရေး ရန်ကုန်
ရန်ကုန် စစ်တွေ ရန်ကုန်
ရန်ကုန် သံတွဲ ရန်ကုန်
ရန်ကုန် ကျောက်ဖြူ ရန်ကုန်
ရန်ကုန် မြိတ် ရန်ကုန်
ရန်ကုန် ပြည် ရန်ကုန်
ရန်ကုန် ပေါက်ခေါင်း ရန်ကုန်
ရန်ကုန် မုဒုံ ရန်ကုန်
ရန်ကုန် သီပေါ ရန်ကုန်
ရန်ကုန် စစ်ကိုင်း ရန်ကုန်
ရန်ကုန် ပခုက္ကူ ရန်ကုန်
ရန်ကုန် သံဖြူဇရပ် ရန်ကုန်
ရန်ကုန် မြဝတီ ရန်ကုန်
ရန်ကုန် လွိုင်ကော် ရန်ကုန်
ရန်ကုန် မင်းဘူး ရန်ကုန်
ရန်ကုန် ကျောက်ပန်းတောင်း ရန်ကုန်
ရန်ကုန် ချောက် ရန်ကုန်
ရန်ကုန် မူဆယ် ရန်ကုန်
ရန်ကုန် ပုသိမ် ရန်ကုန်
ရန်ကုန် တပ်ကုန်း ရန်ကုန်
ရန်ကုန် ရမည်းသင်း ရန်ကုန်
ရန်ကုန် ပျော်ဘွယ် ရန်ကုန်
ရန်ကုန် ရေတာရှည် ရန်ကုန်
ရန်ကုန် မြင်းခြံ ရန်ကုန်
ရန်ကုန် ကော့ကရိတ် ရန်ကုန်
ရန်ကုန် မြောင်းမြ ရန်ကုန်
ရန်ကုန် ကြာကန် ရန်ကုန်
ရန်ကုန် ပြင်ရွာ ရန်ကုန်
ရန်ကုန် ကော့သောင်း ရန်ကုန်
ရန်ကုန် အရာတော် ရန်ကုန်
ရန်ကုန် ဇလွန် ရန်ကုန်
ရန်ကုန် ရွှေဘို ရန်ကုန်
မြန်မာပြည်တွင်း ကားလက်မှတ်များကို ဖုန်းလေးတစ်ချက်ဆက်ရုံဖြင့်
ကားလက်မှတ် ရှိမရှိ
ခုံနေရာကောင်းမကောင်း ရွေးချင်တယ်ဆိုရင် တော့ ဖုန်းလေးသာဆက်လိုက်ပါနော် ။
ဆက်သွယ်ရန်
************
09440236502 ,09873718880 သို့ ဖုန်းဆက်မှာယူနိုင်ပါပြီရှင့်
.
ကုမ္ပဏီများ၊ မိသားစုများ၊ အသင်းအဖွဲ့များ အတွက်လည်း သီးသန့်ခရီးစဉ်များကိုဈေးနှုန်းသက်သာစွာအကောင်းဆုံးဝန်ဆောင်မှုများဖြင့်စီစဉ်ဆောင်ရွက်ပေးနေပါပြီ။✔️✔️
UAG Travel and Tour
အခြား ဝန်ဆောင်မှုများဖြစ်သော
✈️✈️ Air Ticketing Service
🏩🏩World wide hotel booking services
🚐🚐 Car Rental Service
🛳🛳 Cruise Service
🚶🚶Trekking service
City tour service များကို ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်ရှင်....
UAG Tading # Construction
UAG Entertainment
UAG Travel And Tour
☎☎Hot Line Ph: 09 973718880 . 09 440236502.
28/02/2020
ချစ်တို့ရေ
ပိတ်ရက်တွေ အတွက်အေးအေး လူလူ ခရီးစဉ်လေးတွေ သွားချင်တယ်
Promotion လဲ သိချင်သေးတယ် ဆိုရင် ဘယ်နေရာ တွေ Promotion နေလဲ သိရအောင် ပြောပပြေးမယ်နော်
နေ့ချင်းပြန်ခရီးစဉ်လေးတွေ က
ဘားအံ (၅) ဂူ ခရီးစဉ်
တစ်ဦးလျင် 37000 ကျပ်
နှစ်ဦး တပငြိးတည်းဝယ်မယ်ဆိုရင် 35000 ကျပ် သာကျသင့်မှာ ပါ
ဘားအံ တောင်ဝိုင်း ခရီးစဉ်
တစ်ဦးလျင် 37000 ကျပ်
နှစ်ဦး တပငြိးတည်းဝယ်မယ်ဆိုရင် 35000 ကျပ် သာကျသင့်မှာ ပါ
မော်လမြိုင် -ကျိုက္ခမီ -စက်စဲ
တစ်ဦးလျင် 37000 ကျပ်
နှစ်ဦး တပငြိးတည်းဝယ်မယ်ဆိုရင် 35000 ကျပ် သာကျသင့်မှာ ပါ
ချောင်းသာ တစ်ည အိပ်
တစ်ဦး လျင် 37000 ကျပ်
နှစ်ဦး တပငြိးတည်းဝယ်မယ်ဆိုရင် 35000 ကျပ် သာကျသင့်မှာ ပါ
ငွေဆောင်ကမ်းခြေ တစ်ည အိပ်
တစ်ဦးလျင် 37000 ကျပ်
နှစ်ဦး တပငြိးတည်းဝယ်မယ်ဆိုရင် 35000 ကျပ် သာကျသင့်မှာ ပါ
နေ့ချင်းပြန်ခရီးစဉ် အားလုံးကို
33 Seaters /45 Seaters Aircon tour Grade Car
သမိုင်းကြောင်း တွေနဲ့ ဒေသဆိုင်ရာ ဗဟုသုတ များကို ရှင်းပြမယ့် Tour Leader
နံနက်စာ ၊ နေ့လည်စာ၊ ညစာ
အဆာပြေ မုန့်နဲ့ အအေး
တနေ့တာ ရေသန့် ဗူး နှင့် စနိုးတာဝါ
သွားတိုက်ဆေးနှင့် မျကိနှာသစ်ဆေး
ခရီးသွားအာမခံများ
စသည်တို့ကိုလိုလေသေးမရှိ စီစဉ်ဆောင်ရွက်ထားသော ခရီးစဉ်များ ဖစ်ြပါတယ်
တစ်ညအိပ်ခရီးစဉ်လေးများမှာတော့
အသွားအပြန်ကားခ
ဟိုတယ် တစ်ည အိပ်ခွင့်နှင့် နံနက်စာ
ခရီးသွား အာမခံ
စသည်တို့ကို Free & Easy စီစဉ်ပေးထားတာဖစ်ြပါတယ် ။
ခရီးစဉ် အသေးစိတ်လေးများကိုတော့ Chat box , Viber (09440236502)
Hot Line 09973718880 သို့မေးမြန်း စုံစမ်းနိုင်ပါတယ်ရှင် ။
⛲လက်မှတ်များကိုလည်း အိမ်အရောက် အခမဲ့ ဝန်ဆောင်မှုများဖြင့် ပို့ဆောင်ပေးနေပြီဆိုတော့ အလုပ်မအားလို့ လက်မှတ်ဝယ်ဖို့အချိန်မရှိဘူးဆိုတဲ့ လူကြီးမင်းတို့အတွက်လည်း ဖုန်းလေး Hello လိုက်တာနဲ့ အဆင်ပြေပြီပေါ့။ ခုံနေရာကောင်းလေးတွေတော့ သူများဦးမသွားခင် အမြန်ဆုံးဆက်သွယ်ထားမှ ဖြစ်မယ်နော်။👍👍👌
💜💜 ကားပဲဌားမယ်ဆိုလဲ welcome ပါ..
💜💜 ဟိုတယ်သီးသန့် bookingချိတ်ချင်ရင်လဲ အဆင်ပြေအောင်ဝန်ဆောင်မှုပေးနေပါပြီ ရှင်..
⛲ အသေးစိတ် သိရှိလိုပါက မိမိတို့၏ ဖုန်းနံပါတ်များကိုလည်း Comment (သို့) Chat Box တွင်ပေးထားနိုင်ပါတယ်။❤️
ကုမ္ပဏီများ၊ မိသားစုများ၊ အသင်းအဖွဲ့များ အတွက်လည်း သီးသန့်ခရီးစဉ်များကိုဈေးနှုန်းသက်သာစွာအကောင်းဆုံးဝန်ဆောင်မှုများဖြင့်စီစဉ်ဆောင်ရွက်ပေးနေပါပြီ။✔️✔️
UAG Travel and Tour
အခြား ဝန်ဆောင်မှုများဖြစ်သော
✈️✈️ Air Ticketing Service
🏩🏩World wide hotel booking services
🚐🚐 Car Rental Service
🛳🛳 Cruise Service
🚶🚶Trekking service
City tour service များကို ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်ရှင်....
UAG Tading # Construction
UAG Entertainment
UAG Travel And Tour
☎☎Hot Line Ph: 09 973718880 . 09 440236502.
Hello 👏👏👏Good News for March 👏👏👏  ❤️❤️❤️Hello ချစ်တို့ရေ ❤️Great Sale for Vietnam !!!!!ဒေါ် လာ တစ်ရာ ကျော်လေးနဲ့ ပြည်ပခရ...
28/02/2020
Hello 👏👏👏
Good News for March 👏👏👏
❤️❤️❤️Hello ချစ်တို့ရေ ❤️
Great Sale for Vietnam !!!!!
ဒေါ် လာ တစ်ရာ ကျော်လေးနဲ့ ပြည်ပခရီးသွား လို့ရတယ်ဆိုတာသိပြီးကြပြီလားဟင်
သူငယ်ချင်း (၆)ယောက်လောက်ရှိပြီဆိုရင်တောင် တစ်ရာကျော်ကျော်လေးနဲ့သွားလို့ရပြီဖြစ်တဲ့
Amazing Price💸💸 တွေလာပြီနော်
1st Jan 2020 ကနေစပြီး ဒီဈေးတွေနဲ့ရပြီ လေ ..
ကဲ ဘယ်ခရီးစဉ်တွေဖြစ်မလဲ
(3 Nights/4 Days)
❌211USD💸💸➡️➡️195 USD 💸💸
ဒီခရီးစဉ်လေး ကို သွားချင်တယ်ဆိုရင်တော့
လူကြီးမင်းတို့ရဲ့ ဖုန်းလေးတချက် ချန်ထားခဲ့ရုံနဲ့ UAG Sale Team မှ ဆက်သွယ်ရှင်းပြသွားမှာဖြစ်ပါတယ်
ခရီးစဉ်လေးမှာက
ဟိုတယ်
နံနက်စာ၊နေ့လည်စာ၊ညစာ
Sightseeing Trasportation
English Speaking Guide
ဝင်ကြေးများ
နေ့စဉ်သောက်သုံးရန်ရေဗူး နှင့် Tissue
ခရီးစဉ်များအားလုံး
YGN-Vietnam အသွားအပြန် လေယာဉ်လက်မှတ်
Mini Bar အသုံးပြုမှု
တစ်ကိုယ်ရည် အသုံးစရိတ်များ မပါဝင်ပါရှင်။
ခရီးစဉ်များကိုမိမိတို့သွားလိုသော ရက်များအတွက် ကြိုတင် စုံစမ်းနိုင်ပြီး လေယာဉ် လက်မှတ်များကို လည်းလူကြီးမင်းတို့စိတ်တိုင်းကျ ရက်သို့ရွေးချယ်စုံစမ်းနိုင်ပါတယ်ရှင် ။
ခရီးစဉ်များကို အသေးစိတ်သိလိုပါက FB Messenger ,Viber (09973718880)သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး
ဧည့်သည်တော်များရဲ့ လေယာဉ်လက်မှတ်များကိုလဲ သွားမယ့် နှင့် ချိန်ကိုက်ဆောင်ရွက်ပေးမှာဖြစ်လို့ အဖိုးနည်းဝန်ပါ ခရီးစဉ်လေးဖြစ်မှာ ကျိမ်းသေပါပဲရှင်။
ရုံးလိပ်စာ။ ။အမှတ်(၆)၊စမ်းချောင်းကျောင်းလမ်း၊မရမ်းကုန်းမြို့နယ်၊(၈)မိုင်၊ရန်ကုန် ။
ဆက်သွယ်ရန် ။ ။ 09973718880, 09440236502
Summer Promotion!!!  ✈️စင်ကာပူနဲ့ဘန်ကောက် လက်မှတ်များကို  နွေရာသီအထူး Promotion နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင် ☀️🍉 Yango...
08/02/2020
Summer Promotion!!! ✈️
စင်ကာပူနဲ့ဘန်ကောက် လက်မှတ်များကို နွေရာသီအထူး Promotion နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်ရှင် ☀️🍉
Yangon - Singapore - Yangon: USD 243 (all-in-fare)
Yangon - Bangkok - Yangon: USD 114 (all-in-fare)
Starting from now until 30 September 2020!!
cr:
လူကြီးမင်းတို့၏ ✈️✈️✈️လေယာဉ်ခရီးစဉ် လက်မှတ်များကို Airlines Authorized Travel Agent ဖြစ်တဲ့ 🌸 Unique Asia Gate Travels & Tours 🌸မှ သတ်မှတ်ထားသည့် စျေးနှုန်းများအတိုင်း မှန်ကန်စွာ ဝယ်ယူ ရရှိနိုင်ပါတယ်ရှင်..
🇲🇲မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီး၀န်ကြီးဋ္ဌာနမှ လည်း တရားဝင် ခရီးသွား လိုင်စင် ခွင့်ပြုချက်ဖြင့် အပြည့်အ၀တာ၀န်ယူ စီစဉ်ဆောင်ရွက်ပေးနေသောကြောင့် 💯ယုံကြည် စိတ်ချနိုင်ကြောင်းအသိပေးအပ်ပါသည်ရှင်...
⏰လူကြီးမင်းများရဲ့တန်ဖိုးရှိလှတဲ့ အချိန်ကုန် သက်သာစေဖို့ ဖုန်းလေးတစ်ချက်ဆက်ရုံဖြင့် Online မှ Booking လုပ်ထားပေးပြီး Booking Deadlines အတွင်း အောက်ပါ 📲Mobile banking accounts ထဲသို့ Online Payment ပေးချေပြီး E-Ticket လက်မှတ်များ viber/email/messenger (သို့) အိမ်တိုင်ရာရောက် ပေးပို့မှာယူနိုင်ပါတယ်ရှင်..
☎️ Travel information များကို 24/7 🏪အတွင်းဖြေကြားပေးခြင်း
🚚ရန်ကုန်မြို့တွင်းသို့ Free Delivery Services ရရှိနိုင်ခြင်း စသည့် လူကြီးမင်းတို့၏ ခရီးစဉ်များအား 24/7 Service ဖြင့် ပိတ်ရက်မရှိ စီစဉ်ဆောင်ရွက်ပေးနေကြောင်း သတင်းကောင်းပါးအပ်ပါရစေရှင် ....
🍀အသေးစိတ်သိရှိလိုပါက
🏠-အမှတ် ၆ ၊ စမ်းချောင်းကျောင်းလမ်း ၊ ၈ မိုင် ၊ မရမ်းကုန်းမြို့နယ် ၊ရန်ကုန်မြို့။ သို့ လူကိုယ်တိုင်သော်လည်းကောင်း ဖုန်းဖြင့်သော်လည်ကောင်းဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်...
☎️-095014348,09440236502,09973718880
Have an Adventure,Make a History with us!
Ticketing Service #
💜💜Month of Love Promotion🇹🇭🇹🇭ဘန်ကောက်သွားမယ် 🇹🇭🇹🇭   ရောင်းချမယ့်ရက် ။ ။ 5 Feb 2020 to 16 Feb 2020ခရီးသွားနိုင်သော အချိန်...
06/02/2020
💜💜Month of Love Promotion
🇹🇭🇹🇭ဘန်ကောက်သွားမယ် 🇹🇭🇹🇭
ရောင်းချမယ့်ရက် ။ ။ 5 Feb 2020 to 16 Feb 2020
ခရီးသွားနိုင်သော အချိန်။ ။12 Feb 2020 to 30 Sep 2020 ထိ
ရန်ကုန်-ဘန်ကောက် 52 USD မှစတင်ပြီး ဝယ် ယူနိုင်ပါတယ်ရှင် ။
စုံစမ်းရန်
FB Page messenger ,
Unique Asia Gate FB account
Viber (09440236502)
Email: [email protected], [email protected] မှဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
လက်မှတ်များကိုလည်း E –Ticket များဖြင့် ပို့ဆောင်ပေးပြီး ငွေပေးချေခြင်းများ ကို Mobile Banking , Wave Money , CB Bank, KBZ , AYA Bank ,Wave Money တိုဖြင့် လွယ်ကူစွာပေးချေနိုင်ပြီ ဖြစ်ပါတယ် ။
ဆက်သွယ်ရန် ။ ။ 094402306502 ၊ 09973718880
ရုံး။ ။အမှတ်(၆) ၊ စမ်းချောင်းကျောင်းလမ်း၊ မရမ်းကုန်းမြို့၊ (၈)မိုင်၊ ရန်ကုန်။
💜💜Month of Love Promotion
🇹🇭🇹🇭ဘန်ကောက်သွားမယ် 🇹🇭🇹🇭
ရောင်းချမယ့်ရက် ။ ။ 5 Feb 2020 to 16 Feb 2020
စုံစမ်းရန်
FB Page messenger ,
Viber (09440236502)
🚗🚗 ငပလီကမ်းခြေသို့ 🏖 ခရီးထွက်မည်စဉ်းစားစီစဉ်နေသူများအတွက် Unique Asia Gate  ရဲ့ အရမ်းတန်တဲ့ 💌 Package 💌 လေးနဲ့မိတ်ဆက်ပေး...
23/01/2020
🚗🚗 ငပလီကမ်းခြေသို့ 🏖 ခရီးထွက်မည်စဉ်းစားစီစဉ်နေသူများ
အတွက် Unique Asia Gate ရဲ့ အရမ်းတန်တဲ့
💌 Package 💌 လေးနဲ့မိတ်ဆက်ပေးလိုက်ပြီနှော်
👉👉 ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လထဲအတွက်သာစီစဉ်ပေးထားတဲ့ နှစ်ညအိပ်/သုံးရက် ခရီးစဉ်လေးပါ။
115000 ကျပ်
👫 သူငယ်ချင်း ၊ 👪 မိသားစု ၊ 👫 စုံတွဲများ အတွက် သံတွဲမြို့ရဲ့ တန်ခိုးကြီးဘုရားများဖြစ်တဲ့
🙏 ဆံတော်၊ နံတော်၊ အံတော် ဘုရားများအား သွားရောက်လည်ပတ် ဖူးမျှော်ရန် 🙏 နှင့် သံတွဲဈေးအတွင်း 🛒🛒အမှတ်တရလက်ဆောင် 🛒 များဝယ်ယူ ခွင့်ကိုပါ စီစဉ်ပေးဦးမှာဖြစ်ပါတယ်၊
🌊 🌊 ငပလီကမ်းခြေရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ⛵⛵ ပုလဲကျွန်းသို့ သွားရောက်လည် ပတ်နိုင်ခွင့်ကိုလည်း စီစဉ်ပေးဦးမှာပါ၊
👉အရေးကြီးဆုံးအချက်ကတော့ ကျွမ်းကျင်တဲ့ 👨‍🍳👨‍🍳ဟိုတယ်စားဖိုမှူး
များရဲ့ လက်ရာများကိုလဲ တည်းခိုနေစဉ်နှစ်ရက် အတွင်း စီစဉ်ပေးထား
ပြီး မပြန်ခင်တစ်ညတွင် ကမ်းခြေမှာ 🍔🍔 ညနေစာကိုတည်ခင်းဧည့် ပေးမှာ ဖြစ်ပါတယ်၊
တစ်ယောက်စာ နှစ်ညအိပ်ခွင့်နှင့်အတူ ဘုရားဖူးအစီအစဉ် နှင့် ပုလဲကျွန်းသို့ လည်ပတ်ခွင့်အပြင်
နံနက်စာ၊ နေ့လည်စာ၊ ညစာ အပါအဝင် ကျသင့်ငွေ (တစ်ယောက်စာ၊တစ်ညစာအတွက်)
115000 ကျပ် သာကျသင့်မဲ့
ဈေးနှုန်းချိုသာတဲ့ အစီအစဉ်လေးဖြစ်တဲ့အတွက် လက်မလွတ်ရအောင် ခုဘဲ Booking လုပ်လိုက်ကြရအောင်လား၊☎ ☎09973718880 ,09440236502
အနည်းဆုံး နှစ်ယောက်မှ စတင်ပြီး လက်ခံပေးနေပါပြီ။
17/01/2020
Hello happy chinese new year Festival Promotion offer !!!!
FB Page messenger ,
Viber (09440236502)
Hello happy chinese new year Festival Promotion offer !!!!
ရောင်းချမယ့်ရက် ။ ။ 17th Jan 2020 to 29th Jan 2020
ခရီးသွားနိုင်သော အချိန်။ ။24th Jan 2020 to 30th Sep 2020 ထိ
ရန်ကုန်-ဘန်ကောက် 52 USD မှစတင်ပြီး ဝယ် ယူနိုင်ပါတယ်ရှင် ။
လက်မှတ်များကို မှာယူရန်အတွက်
FB Page messenger ,
Unique Asia Gate FB account
Viber (09440236502)
Email: [email protected], [email protected] မှဆက်သွယ်မေးမြန်းနိုင်ပါတယ် ။
လက်မှတ်များကိုလည်း E –Ticket များဖြင့် ပို့ဆောင်ပေးပြီး ငွေပေးချေခြင်းများ ကို Mobile Banking , Wave Money , CB Bank, KBZ , AYA Bank ,Wave Money တိုဖြင့် လွယ်ကူစွာပေးချေနိုင်ပြီ ဖြစ်ပါတယ် ။
ဆက်သွယ်ရန် ။ ။ 094402306502 ၊ 09973718880
ရုံး။ ။အမှတ်(၆) ၊ စမ်းချောင်းကျောင်းလမ်း၊ မရမ်းကုန်းမြို့၊ (၈)မိုင်၊ ရန်ကုန်။
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭Two Countries  One Destination 🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭 နော် Bangkok မှာ Shopping ထွက်မယ် ၊ Dream World သွားမယ် ၊ခမာတို့...
15/01/2020
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭Two Countries One Destination 🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭 နော်
Bangkok မှာ Shopping ထွက်မယ် ၊ Dream World သွားမယ် ၊
ခမာတို့ရဲ့ ယုံကြည်သက်ဝင်ယုံကြည်ခြင်းပြင်းထန် မှု အနုပညာ လက်ရာမြောက်မှုတွေ နဲ့ Cambodia နိုင်ငံရဲ့
Night Life ကိုပါခံစားနိုင်မယ့် ခရီးစဉ်လေး
💜💜2020 March လ နဲ့ April အတွက် ကြိုတင် စီစဉ်ထားချင်သူများအတွက်
📸📸
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭
4 Nights /5 Days
Travel Period :
6 March -10 March 2020
380 USD
11 April -15 April 2020
370 USD
သွားကြမယ့်နေရာတွေက ????
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭
Bangkok
📌Twin Tower Hotel မှာ နေ့လည်စာစားရင်း ခရီးခဏနားမယ်
📌Thailand ရဲ့နာမည်ကျော် Grand Palace ကိုလည်ပါတ်မယ်
📌မြဘုရားလို့နာမည်ကြီးတဲ့ Emerald Buddha ကိုဖူးမျှော်ကြမယ်
📌Night life ကို အပြည့်အဝ ခံစားနိုင်မယ့် Asiatique Night Market မှာ Shopping ထွက်မယ်
📌Dream World မှာ အပန်းဖြေမယ် အမှတ်တရ လှလှလေးတွေဖန်တီးမယ်
📌MBK Shopping Mall ကြီးမှာ ဈေးဝယ်ကြမယ်
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭
Cambodia မှာ ဆိုရင်ရော ??????
📌နှစ်ပေါင်း (၉၀၀) နီးပါး သက်တမ်းရှိတဲ့ ကျောက်တုံးများနဲ့ အချိန် ၃၇ နှစ်တိုင်တိုင် တည်ဆောက်ထားတဲ့ World
Heritage စာရင်းဝင် Angkor Wat Temple
-🗿🗿လေးဘက်လေးလံ မျက်နှာတော်များပုံစံတည်ဆောက်ထားပြီး အဆင်မြင့်ကျောက်ဆစ်လက်ရာများ နဲ့ Bayon
Temple
📌Angelina Jolie ပါဝင်တဲ့ Tomb Rider ရိုက်ကူးခဲ့တဲ့ နေရာဖြစ်တဲ့ Ta Prohm ၊ သစ်မွှေးပင်ကြီးများက ဘုရား
ကျောင်းကြီးကို ဝါးမျိုထားသောကြေင့် အမြင်ဆန်း Photogenic ဖြစ်လွန်းလှသောနေရာ
🗿🗿ခမာဘုရင်တွေမျက်နှာကျောက်ရုပ်ကြီးများကိုပြုလုပ်ထားပြီး အံ့မခန်ကျောက်ဆစ်လက်ရာများနှင့် တောအုပ်ထဲ
အန်ကော ၏ အပြုံးပိုင်ရှင် လို့နာမည်ကျော် တဲ့ကျောက်ဆစ် စုလစ်မွန်းချွန်းပေါင်း ၅၄ ခု နဲ့ ကျောက်ဆစ်ရုပ်
ရှိတဲ့ နေရာ
📌12 ရာစု နှစ်က လက်ရာများနဲ့ ရှေးခမာတို့၏နောက်ဆုံးမြို့တော် Angkor Thom
ဆင်ရုပ်တုများနဲ့ L***r ဘုရင်ရဲ့ နန်းရင်ပြင်Terrace of L***r King & Elephant
📌Shopping တွေကောင်းကောင်းလုပ်နိုင်တဲ့ Cambodia ရဲ့ Night Market တွေ ကို
စုံစုံလင်လင် လည်ပါတ်လို့ရမယ့် ခရီးစဉ်
💃💃ရိုးရာအကအလှတွေ ယဉ်ကျေးမှုတွေကို လေ့လာရမယ့်အစီစဉ်
စတဲ့ စတဲ့ နေရာတွေကို ဝင်ကြေး ၊ စားရိတ်ငြိမ်းစီစဉ်ပေးထားတာမို့
အချိန်ကုန် လူမပင်ပန်းစေပဲ
2020 ကို ဒီခရီးစဉ်လေးနဲ့ နိုင်ငံခြားခရီးစဉ်လေးစတင်လိုက်ကြရအောင်နော်
ခရီးစဉ် အသေးစိတ်လေးကို သိချင်ရင်တော့
📧Chat Box (or) Viber တွင် စာချန်မေးခဲ့လို့ရပါတယ်။
Company ၊ Group လိုက် ၊ မိသားစုလိုက် ၊ သူငယ်ချင်း အစုလိုက် သွားချင်တယ်ဆိုရင်လဲ
သက်သာသောဈေးနှုန်းများနဲ့ စီစဉ်ပေးနေပြီဖြစ်ပါတယ်
2020 Outbound Series များကို တော့
Vietnam
Cambodia
Bali
Thailand
Singapore
Asia တွင်းနိုင်ငံများကို Package သီးသန့်
Hotel Booking များ
လေယာဉ်လက်မှတ်များကိုလည်းစီစဉ်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ် ။
လူဉီးရေနည်းလို့ Private tour
Join Tour များကိုလည်း လူကြီးမင်းတို့စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင် ။
လိုအပ်သော Airport Transfer များအတွက် ကားအငှားဝန်ဆောင်မှုများ
📌Domestic Flight များကို အချိန်နေရာ ဒေသများရဲ့ Flight Schedule များကိုပြည့်စုံစွာရှင်းပြဆောင်ရွက်ပေး နေပြီ ဖြစ်ပါတယ်ရှင်။
No.(6),Sanchaung Monastery Street,(8)Miles,Mayangone Tsp,YGN
Phone: 09973718880,09440236502
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭Two Countries one destination🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭 နော်
Bangkok မှာ Shopping ထွက်မယ် ၊ Dream World သွားမယ် ၊
ခမာတို့ရဲ့ ယုံကြည်သက်ဝင်ယုံကြည်ခြင်းပြင်းထန် မှု အနုပညာ လက်ရာမြောက်မှုတွေ နဲ့ Cambodia နိုင်ငံရဲ့
Night Life ကိုပါခံစားနိုင်မယ့် ခရီးစဉ်လေး
💜💜2020 March လ နဲ့ April အတွက် ကြိုတင် စီစဉ်ထားချင်သူများအတွက်
📸📸
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭
4 Nights /5 Days
Travel Period :
6 March -10 March 2020
380 USD
11 April -15 April 2020
370 USD
သွားကြမယ့်နေရာတွေက ????
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭
Bangkok
📌Twin Tower Hotel မှာ နေ့လည်စာစားရင်း ခရီးခဏနားမယ်
📌Thailand ရဲ့နာမည်ကျော် Grand Palace ကိုလည်ပါတ်မယ်
📌မြဘုရားလို့နာမည်ကြီးတဲ့ Emerald Buddha ကိုဖူးမျှော်ကြမယ်
📌Night life ကို အပြည့်အဝ ခံစားနိုင်မယ့် Asiatique Night Market မှာ Shopping ထွက်မယ်
📌Dream World မှာ အပန်းဖြေမယ် အမှတ်တရ လှလှလေးတွေဖန်တီးမယ်
📌MBK Shopping Mall ကြီးမှာ ဈေးဝယ်ကြမယ်
🇹🇭🇹🇭🇹🇭🇰🇭🇰🇭🇰🇭
Cambodia မှာ ဆိုရင်ရော ??????
📌နှစ်ပေါင်း (၉၀၀) နီးပါး သက်တမ်းရှိတဲ့ ကျောက်တုံးများနဲ့ အချိန် ၃၇ နှစ်တိုင်တိုင် တည်ဆောက်ထားတဲ့ World
Heritage စာရင်းဝင် Angkor Wat Temple
-🗿🗿လေးဘက်လေးလံ မျက်နှာတော်များပုံစံတည်ဆောက်ထားပြီး အဆင်မြင့်ကျောက်ဆစ်လက်ရာများ နဲ့ Bayon
Temple
📌Angelina Jolie ပါဝင်တဲ့ Tomb Rider ရိုက်ကူးခဲ့တဲ့ နေရာဖြစ်တဲ့ Ta Prohm ၊ သစ်မွှေးပင်ကြီးများက ဘုရား
ကျောင်းကြီးကို ဝါးမျိုထားသောကြေင့် အမြင်ဆန်း Photogenic ဖြစ်လွန်းလှသောနေရာ
🗿🗿ခမာဘုရင်တွေမျက်နှာကျောက်ရုပ်ကြီးများကိုပြုလုပ်ထားပြီး အံ့မခန်ကျောက်ဆစ်လက်ရာများနှင့် တောအုပ်ထဲ
အန်ကော ၏ အပြုံးပိုင်ရှင် လို့နာမည်ကျော် တဲ့ကျောက်ဆစ် စုလစ်မွန်းချွန်းပေါင်း ၅၄ ခု နဲ့ ကျောက်ဆစ်ရုပ်
ရှိတဲ့ နေရာ
📌12 ရာစု နှစ်က လက်ရာများနဲ့ ရှေးခမာတို့၏နောက်ဆုံးမြို့တော် Angkor Thom
ဆင်ရုပ်တုများနဲ့ L***r ဘုရင်ရဲ့ နန်းရင်ပြင်Terrace of L***r King & Elephant
📌Shopping တွေကောင်းကောင်းလုပ်နိုင်တဲ့ Cambodia ရဲ့ Night Market တွေ ကို
စုံစုံလင်လင် လည်ပါတ်လို့ရမယ့် ခရီးစဉ်
💃💃ရိုးရာအကအလှတွေ ယဉ်ကျေးမှုတွေကို လေ့လာရမယ့်အစီစဉ်
စတဲ့ စတဲ့ နေရာတွေကို ဝင်ကြေး ၊ စားရိတ်ငြိမ်းစီစဉ်ပေးထားတာမို့
အချိန်ကုန် လူမပင်ပန်းစေပဲ
2020 ကို ဒီခရီးစဉ်လေးနဲ့ နိုင်ငံခြားခရီးစဉ်လေးစတင်လိုက်ကြရအောင်နော်
ခရီးစဉ် အသေးစိတ်လေးကို သိချင်ရင်တော့
📧Chat Box (or) Viber တွင် စာချန်မေးခဲ့လို့ရပါတယ်။
Company ၊ Group လိုက် ၊ မိသားစုလိုက် ၊ သူငယ်ချင်း အစုလိုက် သွားချင်တယ်ဆိုရင်လဲ
သက်သာသောဈေးနှုန်းများနဲ့ စီစဉ်ပေးနေပြီဖြစ်ပါတယ်
2020 Outbound Series များကို တော့
Vietnam
Cambodia
Bali
Thailand
Singapore
Asia တွင်းနိုင်ငံများကို Package သီးသန့်
Hotel Booking များ
လေယာဉ်လက်မှတ်များကိုလည်းစီစဉ်ဆောင်ရွက်ပေးနေပြီ ဖြစ်ပါတယ် ။
လူဉီးရေနည်းလို့ Private tour
Join Tour များကိုလည်း လူကြီးမင်းတို့စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင် ။
လိုအပ်သော Airport Transfer များအတွက် ကားအငှားဝန်ဆောင်မှုများ
📌Domestic Flight များကို အချိန်နေရာ ဒေသများရဲ့ Flight Schedule များကိုပြည့်စုံစွာရှင်းပြဆောင်ရွက်ပေး နေပြီ ဖြစ်ပါတယ်ရှင်။
No.(6),Sanchaung Monastery Street,(8)Miles,Mayangone Tsp,YGN
Phone: 09973718880,09440236502
Address
No. 6, Sanchaung Monastery Street , 8 Miles, Mayangone Township
Yangon
11062
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00
Telephone
+959440236502
Website
Alerts
Be the first to know and let us send you an email when Unique Asia Gate Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Unique Asia Gate Travels & Tours:
Videos
Share
Category
Other Travel Companies in Yangon
Show All