
03/02/2025
ရန်ကုန်လေဆိပ်ကိုပြန်ဝင်လာရင် immigration မှာဖြည့်ပေးရတဲ့ (25) ချက် ကို အလွယ်တကူဖြည့်လို့ရအောင် ဖော်ပြပေးလိုက်ပါတယ်။
၁။ Family Name ကတော့ မရှိတဲ့အတွက် ထည့်စရာမလိုပါဘူး။
၂။ First Name
Passport ထဲက ပထမဆုံး အမည်ကို ထည့်ပါ။
၃။ Middle Name
Passport ထဲက အလယ်က အမည်ကို ထည့်ပါ။
၄။ Male
မိမိက ယောက်ျားလေးဖြစ်ပါက အမှန်ခြစ်ပါ။
၅။ Female
မိမိက မိန်းကလေးဖြစ်ပါက အမှန်ခြစ်ပါ။
၆။ Nationality
Myanmarလို့သာဖြည့်ပါ။
၇။ Occupation
မိမိရဲ့ အလုပ်အကိုင်ကို ဖြည့်ပါ။
၈။ Passport Number
မိမိနိုင်ငံကူးစာအုပ်(passport)စာအုပ်ရဲ့ဂဏန်း8လုံးကို ဖြည့်ပေးပါ။
၉။ Place of Issue
Passport စာအုပ် ထုတ်ပေးတဲ့ နေရာကို ဖြည့်ပါ။
(Passport စာအုပ်ထဲမှာပါပါတယ်)
၁၀။ Date of Issue
Passport စာအုပ် ထုတ်ပေးတဲ့ ရက်ကို ဖြည့်ပါ။
(Passport စာအုပ်ထဲမှာပါပါတယ်)
၁၁။ Visa Number
သူကတော့ ၁၄ ရက် အလည်အပတ် သွားသူေတွ ဖြည့်စရာမလိုပါဘူး။ Visaနဲ့သွားသူတွေကတော့ visaနံပါတ်ဖြည့်ပေးရပါမယ်။
၁၂။ Place of Issue
Visa ထုတ်ပေးတဲ့နေရာကို ဖြည့်ပါ။
၁၃။ Date of Issue
Tourist visa ၂ လ Visa နဲ့ သွားတဲ့သူဆိုလျှင် Visa ထုတ်ပေးတဲ့ ရက်ကို ဖြည့်ေပးရပါမည်။
၁၄။ From
ပြန်လာတဲ့နိုင်ငံကို ဖြညါ့ပေးရပါမယ်။
၁၅။ By Rail (မီးရထားနဲ့လား),By Road (ကုန်းလမ်း နဲ့လား), By Ship (သင်္ဘောနဲ့လား)
အဲ့ဒါတွေ တစ်ခုမှမဟုတ်တဲ့အတွက် အမှန်ချစ်စရာမလိုပါဘူး။
၁၆။ By Air
သူကို အမှန်ခြစ် ပြီးရင် မိမိ စီးခဲ့တဲ့ လေယာဉ် နံပါတ်ကိုရေးပါ။(ေလယာဉ်နံပါတ်မသိရင် လေယာဉ်လက်မှတ်မှာပြန်ကြည့်လို့ရပါိတယ်)
၁၇။ First Trip To Myanmar မှာကတော့ No ကိုအမှန် ခြစ်ပေးပါ။
၁၈။ Travelling on group Tour
Noကိုပဲ အမှန်ခြစ်ပေးပါ။
အသင်းအဖွဲ့နဲ့သွားမှ Yes ကိုခြစ်ရပါမယ်။
၁၉။ Length of Stay
ဘယ်နှစ်ရက်နေမှာလဲ ဖြည့်ေပးပါ။
၂၀။ Purpose Of Visit မှာ
Tourist - အလည်အပတ် နဲ့သွားတဲ့သူက Tourist ကိုခြစ်ပါ။
၂၁။ Country of Residence
ဘယ်မြို့၊ဘယ်နိုင်ငံကလဲ?
၂၂။ Address in Myanmar
မြန်မာနိုင်ငံက လိပ်စာကိုဖြည့်ပါ။
၂၃။ ID Card Number
မိမိရဲ့ မှတ်ပုံတင်နံပါတ်ကို ဖြည့်ပါ။
၂၄။ Father Name
အဖေ အမည်ဖြည့်ပါ။
၂၅။ Signature
လက်မှတ်ထိုးပါ။
မသိသေးသောခရီးသွားပြည်သူမိတ်ဆွေများအတွက်သာဖြစ်ပါသည်။