EI engineering

EI engineering To share my experience and knowledge about industrial electrical and instrument engineering
To distr
(2)

ကျွန်တော် ရဲ့ EI engineering LOGO အကြောင်း
===================================
color တွေ က လျပ်စစ်ရဲ့ Red, yellow , Blue ကို ကိုယ်စားပြုပါတယ်။
တြိဂံ အ၀ိုင်း လေးထောင့် တွေ က ပါဝင်ရတဲ့ အလုပ် action ကို ကိုစားပြုပါတယ်။
tangle က safety ကို ကိုယ်စားပြုပါတယ်။
circle က check ဆိုတဲ့ သင်္ကေ တ ကို ကိုယ်စားပြုပါတယ်
Rectangular က လုပ် take action သင်္ကေ တကို ကိုယ်စားပြုပါတယ်
procedure ရေးရင် ပါတဲ့ သင်္ကေ တ တွေပါ။

ါကြောင့်မို့electricaLွှအလုပ်တွေ လုပ်မယ်ဆိုရင်ပထမ safety ကို စစ်ပါ။ နောက် operation ကို စစ်ပါ။ final ကျ မှ action စလုပ်ပါလို့ ဆိုလိုချင်တာပါ။
safety first လို့ ဆိုချင်တာပါ။ အချိန် ယူပါ။ လုပ်ခါနီး စဉ်းစားပါ ။ take 5 minutes ပါ။
EI ကတော့ electrical and instrument လို့ ဆိုချင်တာပါ။

18/05/2024
လေးစားရတဲ့ Customers များ ခင်ဗျာ ******************************** 585 Wp JINKO solar PV mono Bi-facial  N type  ( A-grad...
18/05/2024

လေးစားရတဲ့ Customers များ ခင်ဗျာ
********************************
585 Wp JINKO solar PV mono Bi-facial N type ( A-grade )
ကမ္ဘာမှာ အကောင်းဆုံး အမျိုး အစားမှာပါတဲ့ Tier1 factory မှ JINKO မှ နောက်ဆုံးထုတ် A-GRADE tiger neo N type bi-facial 585 Wp Solar PV များ AETHER Solar Engineering ( since 2017 ) မှာထပ် ထပ်မံ ရောက်ရှိပါပြီခင်ဗျာ ။
စက်ရုံရဲ့ warranty ကတော့ material product အတွက် ၁၂ နှစ်ဖြစ်ပြီး Performance အတွက် ကတော့ နှစ် ၃၀ ဖြစ်ပါတယ်။
တချပ်ခြင်း ကို 470,000 Kyats မှ စတင်ပြီးရောင်းချပေးပါတယ်။

Ma Thiri Lwin ( 09 5152476, 0995 5152476, 09799799 146 )
AETHER Solar Engineering
အခန်း 002 , မြေညီထပ် ။ တိုက် အမှတ် B-7 , ရွှေကမ္ဘာ အိမ်ယာ ( ၃ ) လမ်း
မင်းဓမ္မလမ်း ။ မရမ်းကုန်း ။ ရန်ကုန်


for home

ASE မှတပ်ဆင်ပေးနေတဲ့ SOILS hybrid inverter ကို Solis  Engineer  မှfull load test / over load test / safety shutdown စမ်း...
16/05/2024

ASE မှတပ်ဆင်ပေးနေတဲ့ SOILS hybrid inverter ကို Solis Engineer မှfull load test / over load test / safety shutdown စမ်းသပ်ချက်
***********************************************************************
Written by
Ko Han Win Toe
Sales Engineer Manager(Myanmar)
Solis Inverter Myanmar
----------------------------------------
VA Safe Guard အဝင်ကောအထွက်ကော
တပ်စရာမလိုတဲ့ Solis Hybrid Inverter
အားလုံးပဲမဂ်လာပါခင်ဗျ။ ဒီနေ့တော့ Solis 6 kW Hybrid
အင်ဗာတာကို ရှယ်စမ်းပြီးရလာတဲ့
Resultလေးကိုဝေမျှပါရစေ။
ပထမဆုံးအနေ နဲ့ Solis 6kWအင်ဗာတာကို
ဘက်ထရီက နေ 6100W ကို ၁၅မိနစ်တိတိ အသုံးပြုပြီး
စက်ရဲ့ Heat Sink အပူရယ် စက်အပူရယ်ကိုတိုင်းပါတယ်
နောက်ထပ် W အပြည့်သုံးတာကိုပိတ်မပိတ်စမ်းပါတယ်
အပူချိန် ၃၆ to ၄၂ ဒီဂရီ ထိတက်ပြီး
လုံးဝပိတ်သွားခြင်းမရှိပါဘူးခင်ဗျ။
ဒုတိယအဆင့်အနေနဲ့
Load 8000လောက် မော်တာ loadအတွက်
စမ်းကြည့်ပါတယ်
Second 20 ခန့်အသုံးပြုပြီးတော့ပိတ်သွားဝာာ
တွေ့ရပါတယ်ခင်ဗျ။
နောက်ဆုံးအဆင့်အနေ နဲ့ Over Load အနေ နဲ့ 3600 W
မီးတန်း ၃ တန်း 10800Wကို စက်ကနေ
ထုတ်သုံးခဲ့ပါတယ်။
10 Secondတိတိမှာ အင်ဗာတာက ပိတ်ကျသွားပြီး
ဒီ 6k Wအင်ဗာတာကို 10 kW ၅ခါတိတိ သုံးလိုက်
ပြုတ်ကျလိုက်စမ်းသပ်ခဲ့ပြီးအင်ဗာတာက
ထိခိုက်ခြင်းမရှိသည့်အတွက်
အောင်မြင်စွာစမ်းသပ်ခဲ့ပါတယ်။
မိတ်ဆွေတို့အနေ နှင့် Solis အင်ဗာတာတပ်ဆင်သည့်အခါ V အတက်အကျနှင့် ပတ်သတ်၍လည်းကောင်း
Over Load ကြောင့်သော်လည်းကောင်း စက်က ခံနိုင်ရည်ရှိပါသဖြင့် ယခုအချိန်မှစ၍
VA Safe Guard မတပ်ဆင်လည်းပဲ
Solis Hybridအင်ဗာတာများကို Warrantyအပြည့်အဝပေးသွားမည်ဖြစ်ကြောင်းကြေ ငြာအပ်ပါသည်ခင်ဗျ။
( Over Loadအဆမတန်တော့အမြဲတပ်ဆင်သုံးလို့တော့မရပါ)
Han Win Toe
Sales Engineer Manager(Myanmar)
Solis Inverter Myanmar

Battery test တွေ အကြောင်း ( 2 ) ****************************** တထိုင်ထဲရေးတာဆိုတော့ အမှားပါရင်ခွင့်လွတ်ပါ။ Just knowledg...
15/05/2024

Battery test တွေ အကြောင်း ( 2 )
******************************
တထိုင်ထဲရေးတာဆိုတော့ အမှားပါရင်ခွင့်လွတ်ပါ။ Just knowledge for သုံးစွဲတဲ့ သူတွေ အတွက်ဖြစ်ပါတယ်။
လီပိုဖိုး ဘက်ထ္ထရီတွေ မှာ SOC ကို ဘယ်လို သတ်မှတ်လဲဆိုရင် Volt ကို အခြေခံ ပြီးသတ်မှတ်တွက်ချက်ယူပါတယ်။ ဥပမာ အခု အသုံးများတဲ့ 51.2 V တွေ ဆိုပါတော့ ။
Charging end voltage ကို SOC 100% သတ်မှတ်ပါတယ်။ 56 V ကို SOC 100% သတ်မှတ်ရင် Charging လုပ်တဲ့ အခါ battery ထဲမှာ 56 V ရောက်တာနဲ့ Soc 100% ဖြစ်သွားပါပြီ။ အဲတော့ Zero က စတဲ့ V လိုပါမယ်။ 48 V ကနေစမယ်ဆိုရင် 48 to 56 V က SOC အတွက် 0 to 100 % ပါပဲ ။ အဲဒါတွေ အကုန်လုံး က BMS software ထဲမှာ parameter value အနေနဲ့ ထည့် တွက်ထား တာပါ။ အဲတော့ SOC % ဆိုတာ Volt ကို အခြေခံတွက်ထားတာပါ။
ဒါတွေက Cell Voltage တွေ ပေါ်မူတည်တွက်ထားတာပါ။ လီပိုဖိုး ဘက်ထ္ထရီတွေ 3.2 to 3.65 V လို့ ပြောထားပါတယ်။ ၁၆ လုံးကို series တပ်ဆင်ထားတဲ့ အတွက် 51.2 V လို့ ပြောကျတာပါ။
Battery တွေကဘာနဲ့တူလဲဆိုတော့ ရေကန်လိုပါပဲ။ cell အသစ်တွေမှာ ရေကန်အသစ် လိုပါပဲ။ များများထည့်လို့ ရပါတယ်။ SOC 100% ဆို အပြည့်ရတယ်ပေါ့။ Cell အဟောင်းတို့ ကြာလာတဲ့ Cell တွေ က ရေကန်မှာ အောက်ခြေ က မလိုအပ်တဲ့ ရေညှိတွေ အနယ်တွေ နဲ့ ပြည့်လာ တော့ အပေါ်ယံကြည့်ရင် အပြည့် SOC 100% လိုပါပဲ ။ ဒါပေမဲ့ အသစ်တွေလို အပြည့် အဝသုံးလို့မရဖူးပေါ့။ အဲဒီနေရာမှာ SOH ကအဟောင်းတွေမှာ လျော့နေတာပေါ့။
အဲတော့ SOC က battery voltage ကိုကြည့်ပြီးသတ်မှတ်ထားပါတယ်။ SOH က battery လက်ကျန် capacity ကိုသတ်မှတ်ထားပါတယ်။
cell အဟောင်းနဲ့ လုပ်ထားတဲ့ battery တွေ quality လျော့ cell တွေ နဲ့ ဆင်ထား တာတွေ ဝယ်မိရင် ခဏကတော့ SOC 20 ~100% မှာကောင်းပေမဲ့ ခဏအ တွင်းမှာပဲ အောက်ခြေ အနယ် ဥပမာလို capacity ကျသွားမှာပါ။
ဒါကတော့ ကျွန်တော် သာမန်လူတွေ နားလည်အောင် ရှင်းပြတာပါ။ detail ပြောရရင်တော့ အများကြီးပါ။ အခု အချိန်မှာတော့ ဈေးကွက်ထဲမှာ တရုတ်က အပြိုင်ဝင်လာ ကျပါတယ်။ ဒါပေမဲ့ အဲဒီ Company တွေက ဘယ်လောက် အဲဒီနာမည်နဲ့ လုပ်မှာလဲ ?
တချို့ကပြော ကျတယ် ကျွန်တော် battery ရောင်းချင်လို့ ပြောနေတယ်ပေါ့။ ကျွန်တော်တို့ ဖြန်တဲ့ battery ကရောင်းမလောက်ပါဖူး။ လိုချင်သလောက် တောင်မရပါဖူး။
ကျွန်တော်ရေးနေတာ က အခု အချိန် အိမ်တိုင်းမှာ powerwall က တပ်ထားတာ များလို့ နောက် battery ဝယ်မဲ့သူတွေ သိအောင်ပြောပြနေတာပါ။ တော်တော် များများ က battery ဆို ရင် အတူတူပဲ ထင်နေကျလို့ပါ။ EV cell , ESS cell , Grade A , Grade B , Used cell အမျိုးမျိုးရှိပါတယ်။
ဆက်ရန်
Kyaw Oo
EI Engineering
AETHER Solar Engineering

14/05/2024

Battery test တွေ အကြောင်း ( 1)
******************************
တထိုင်ထဲရေးတာဆိုတော့ အမှားပါရင်ခွင့်လွတ်ပါ။
အခု တလော LiFePo4 တွေ မှာ load test နဲ့ ဘယ်လောက်ရတယ် ပြောနေ ကျပါတယ်။ တကယ်တော့ အဲဒီ ရလာတဲ့ result တွေ က အဖြေ မှန်တွေ မဟုတ်ပါဖူး။ ဘာလို့လဲဆိုတော့ battery performance က ကြာရှည်ခံဖို့ အရေးကြီးလို့ပါ။ အခု test လုပ်လို့ 100 % ကောင်းပေမဲ့ နောက်နှစ် 70% လောက်ဆို မကောင်းဖူးလေ။
တကယ့် battery တွေ ကို performance test လုပ်မယ်ဆိုရင် C rate က အရေးကြီးပါတယ်။ C rate ဆိုတာ battery တလုံးရဲ့ Charge / discharge တန်ဖိုးကို နာရီ နဲ့ ဖေါ်ပြပါတယ်။
1C , 2C, 4 C or C2, C5 ,C10, C20 အစရှိသဖြင့် battery engineer တွေခေါ်တာပါ။ ရှေ့နဲ့နောက်ကွဲ တာ ကလဲ အရေးကြီးပါတယ်။ အရှေ့ မှာထားတာက မြှောက်ဖေါ်ကိန်း ။ နောက်မှာထား တာက အစားကိန်း ပါ။ C2 ဆိုတာ C/2 , C5 ဆိုတာ C/5 ပါ။ battery engineer တွေမှ သိတဲ့ စကားမျိုးပါ။
အဲဒါက သတ်မှတ်တဲ့ Ah ကို မူတည်ပြီးတွက် ရပါတယ်။
1C ဆိုတာ Charge /Discharge က 100 Ah ဆိုရင် Charge /Discharge တနာရီ မှာ လုပ်ရင် အဖြေမှန်ရမယ်ဆိုတဲ့ သဘောပါ။
2C ဆိုရင် Charge /Discharge က 100 Ah ဆိုရင် 2 x 100= 200 Ah လုပ်လို့ရတယ်ဆိုတဲ့ သဘောပါ။ ၃၀ မိနစ် နဲ့ test လုပ်ရမယ်ဆိုတဲ့ သဘောပါ။
အဲ C2 ဆိုရင်တော့ Charge /Discharge က 100 Ah ကို 2 နဲ့ စားရပါမယ်။ 50 Ah နဲ့ Charge /Discharge လုပ်ရမယ် ဆိုတဲ့သဘောပါပဲ။ Charge /Discharge 2 နာရီ ကြာ test လုပ်ရမယ်ဆိုတဲ့ သဘောပါပဲ။
အဲတော့ကား C10 ဆိုရင်တော့ Charge /Discharge က 100 Ah ကို 10 နဲ့ စားရပါမယ်။ 10 Ah နဲ့ Charge /Discharge လုပ်ရမယ် ဆိုတဲ့သဘောပါပဲ။ 10 နာရီ ကြာ test လုပ်ရမယ်ဆိုတဲ့ သဘောပါပဲ။
ဒါတွေ ဟာ battery တွေရဲ့ quality အမျိုး အစား အလိုက် C rate သတ်မှတ်ပြီး Charge /Discharge ကို သတ်မှတ်တာပါ။
အဲဒါ က battery တလုံးရဲ့ SOH state of health ကို သတ်မှတ်တာပါ။
လောလောဆယ် အဲလို သတ်မှတ် ဖို့ က Special DC load bank ရှိမှ ဖြစ်မှာပါ။
Battery Load test
အဲဒါကတော့ ရပ်ကွက်ထဲက technology လို့ပြောရမှာပါပဲ။ သူကတော့ battery တလုံး 100 Ah ဆို 10 Ah သုံးရင် 10 နာရီခံမယ်ဆို battery ကကောင်းတယ် ပြောတာပါ။
အများအားဖြင့် battery တခုကလက်ရှိ အခြေ အနေမှာကောင်းပေမဲ့ နောက်ကျရင် degrade ဘယ်လောက် ကျမလဲ မပြောနိုင်ပါဖူး။ used cell တွေရဲ့ ပြသနာပါ။ လက်ရှိမှာ ရှိတဲ့ Ah ကို Software နဲ့ သတ်မှတ်ထားပေမဲ့ တနှစ်နဲ့ တနှစ် ဘယ်လောက် ကျမလဲဆိုတာ မသိနိုင်ပါဖူး။ LiFePo4 တွေမှာ grade တွေ used cell တွေ အများကြီး ပြန့်နေတာပါ။
EV တွေ တော့ သွားလုပ်လို့မရပါဖူး။ ဘာလို့လဲ ဆိုတော့ EV တွေရဲ့ DC level 3 chargeing တွေ က 2C လောက်နဲ့ သွင်းတာမို့ပါ။
အခု ရောင်းနေတဲ့ LiFePo4 brand တွေ ကတော့ EV အကျ 80% လောက် SOH တွေ ကို 100% SOC လောက်သတ်မှတ်ပြီး ပြန်သုံးတာပါ။
အဲတော့ ဘာဖြစ်လဲဆိုတော့ နောက်ပိုင်း SOH အကျမြန်တာပေါ့။ used က တော့ အဟောင်းဇာတိ ပြမှာပါပဲ။
ကျွန်တော်ဘာကြောင့်battery တွေ အကြောင်း သိလဲဆို offshore မှာ UPS battery တွေ ကို ပြင်သစ်ဆရာ နဲ့ သင်ကြားခဲ့ရပြီး တနှစ်တခါ မဖြစ်မနေ Discharge test လုပ်ခဲ့ရလို့ပါပဲ။
Battery အကြောင်း စိမ်းနေရင်တော့ ကျွန်တော်ပြောတာ နားလည်ဖို့ခက်မှာပါပဲ။ မြန်မာပြည်မှာ battery နဲ့ပတ်သက်ပြီး သင်တာမရှိ သလို လေ့လာဖို့လဲ ခက်လို့ပါ။ သင်ကြားဖို့ကလဲ ဈေး အရမ်းကြီးပါတယ်။
ဆက်ရန်

Kyaw Oo
EI Engineering
AETHER Solar Engineering

13/05/2024

ဘာကြောင့် LiFePo4 တွေမှာ HV တွေ က LV အစားသုံးတာလဲ?
*********************************************************
ရည်ရွယ်ချက်ကတခုပဲ ရှိပါတယ်။ Cable size ကို သေးချင်လို့ပါ။
ဘာကြောင့် သေးချင်တာလဲဆို Line loss နဲအောင် ပါ။
သုံးတဲ့ KWh တွေ တူရင်
HV ဆိုရင် Low Amp ပါ။( SERIES ဆက်လို့ပါ )
LV ဆို high amp ပါ။ ( parallel ဆက်လို့ပါ )
Line loss P= I2 *R ကြောင့်ပါ။ cable ကြီးလေ cost များလေပါ။ current များလေ Losses များလေလေပါ။
ဒါကြောင့်မို့ power တွေကြီးလာရင် cable သက်သာအောင်ရယ် losses နဲအောင်ရယ် HV ကို LV အစားသုံးတာပါ။
AC transmission line တွေနဲ့ transformer တွေကအဲဒီ HV low amp သဘောတရားပါ။
နောက်ပိုင်းအိမ်သုံးတယ်ဆိုရင် KWh နဲနဲ ကြီးရင် HV တွေ အစားသုံးသင့်ပါတယ်။ Losses တွေသက်သာပါတယ်။
တကယ်တော့လဲ DC HV ဆိုပေမဲ့လဲ IEC standard အရတော့ real HV မဟုတ်ပါဖူး။
IEC မှာတော့ 1500 Vdc ကျော်မှ HV DC သတ်မှတ်တာပါ။
ဒါပေမဲ့ Solar တွေမှာတော့ HV အနေနဲ့ ပဲ သတ်မှတ်ကျပါတယ်။ အမှန် ကတော့ High Voltage အစစ်မဟုတ်သေးပါဖူး။
ကျေးဇူးတင်ပါတယ်။
Kyaw Oo
EI Engineering

ဘာကြောင့် LiFePo4 တွေမှာ HV တွေ က LV အစားသုံးတာလဲ? *********************************************************ရည်ရွယ်ချက်က...
13/05/2024

ဘာကြောင့် LiFePo4 တွေမှာ HV တွေ က LV အစားသုံးတာလဲ?
*********************************************************
ရည်ရွယ်ချက်ကတခုပဲ ရှိပါတယ်။ Cable size ကို သေးချင်လို့ပါ။
ဘာကြောင့် သေးချင်တာလဲဆို Line loss နဲအောင် ပါ။
သုံးတဲ့ KWh တွေ တူရင်
HV ဆိုရင် Low Amp ပါ။( SERIES ဆက်လို့ပါ )
LV ဆို high amp ပါ။ ( parallel ဆက်လို့ပါ )
Line loss P= I2 *R ကြောင့်ပါ။ cable ကြီးလေ Cost များလေပါ။ current များလေ Losses များလေလေပါ။
ဒါကြောင့်မို့ power တွေကြီးလာရင် cable သက်သာအောင်ရယ် losses နဲအောင်ရယ် HV ကို LV အစားသုံးတာပါ။
AC transmission line တွေနဲ့ transformer တွေကအဲဒီ HV low amp သဘောတရားပါ။
နောက်ပိုင်းအိမ်သုံးတယ်ဆိုရင် KWh နဲနဲ ကြီးရင် HV တွေ အစားသုံးသင့်ပါတယ်။ Losses တွေသက်သာပါတယ်။
တကယ်တော့လဲ DC HV ဆိုပေမဲ့လဲ IEC standard အရတော့ real HV မဟုတ်ပါဖူး။
IEC မှာတော့ 1500 Vdc ကျော်မှ HV DC သတ်မှတ်တာပါ။
ဒါပေမဲ့ Solar တွေမှာတော့ HV အနေနဲ့ ပဲ သတ်မှတ်ကျပါတယ်။ အမှန် ကတော့ High Voltage အစစ်မဟုတ်သေးပါဖူး။
ကျေးဇူးတင်ပါတယ်။
Kyaw Oo
EI Engineering

ဘာကြောင့် LiFePo4 တွေမှာ HV တွေ က LV အစားသုံးတာလဲ?
*********************************************************
ရည်ရွယ်ချက်ကတခုပဲ ရှိပါတယ်။ Cable size ကို သေးချင်လို့ပါ။
ဘာကြောင့် သေးချင်တာလဲဆို Line loss နဲအောင် ပါ။
သုံးတဲ့ KWh တွေ တူရင်
HV ဆိုရင် Low Amp ပါ။( SERIES ဆက်လို့ပါ )
LV ဆို high amp ပါ။ ( parallel ဆက်လို့ပါ )
Line loss P= I2 *R ကြောင့်ပါ။ cable ကြီးလေ cost များလေပါ။ current များလေ Losses များလေလေပါ။
ဒါကြောင့်မို့ power တွေကြီးလာရင် cable သက်သာအောင်ရယ် losses နဲအောင်ရယ် HV ကို LV အစားသုံးတာပါ။
AC transmission line တွေနဲ့ transformer တွေကအဲဒီ HV low amp သဘောတရားပါ။
နောက်ပိုင်းအိမ်သုံးတယ်ဆိုရင် KWh နဲနဲ ကြီးရင် HV တွေ အစားသုံးသင့်ပါတယ်။ Losses တွေသက်သာပါတယ်။
တကယ်တော့လဲ DC HV ဆိုပေမဲ့လဲ IEC standard အရတော့ real HV မဟုတ်ပါဖူး။
IEC မှာတော့ 1500 Vdc ကျော်မှ HV DC သတ်မှတ်တာပါ။
ဒါပေမဲ့ Solar တွေမှာတော့ HV အနေနဲ့ ပဲ သတ်မှတ်ကျပါတယ်။ အမှန် ကတော့ High Voltage အစစ်မဟုတ်သေးပါဖူး။
ကျေးဇူးတင်ပါတယ်။
Kyaw Oo
EI Engineering

𝙊𝙈𝙀𝙂𝘼 𝙇𝙞𝙁𝙚𝙋𝙤𝟰  𝙗𝙖𝙩𝙩𝙚𝙧𝙮  𝟐𝟖𝟎 𝘼𝙝 𝟏𝟒.𝟓𝟑 𝙆𝙒𝙝 𝟱𝟭.𝟮 𝙑𝙙𝙘****************************************************************လေးစားရ...
13/05/2024

𝙊𝙈𝙀𝙂𝘼 𝙇𝙞𝙁𝙚𝙋𝙤𝟰 𝙗𝙖𝙩𝙩𝙚𝙧𝙮 𝟐𝟖𝟎 𝘼𝙝 𝟏𝟒.𝟓𝟑 𝙆𝙒𝙝 𝟱𝟭.𝟮 𝙑𝙙𝙘
****************************************************************
လေးစားရပါသော 𝘾𝙪𝙨𝙩𝙤𝙢𝙚𝙧 များခင်ဗျာ,
𝟐𝟖𝟎 𝗔𝗛 𝟏𝟒.𝟓𝟑 𝐊𝐖𝐡 𝐄𝐕𝐄 𝐜𝐞𝐥𝐥 𝐠𝐫𝐚𝐝𝐞 𝐀 ( 𝐄𝐕 𝐠𝐫𝐚𝐝𝐞 ) 𝙇𝙞𝙁𝙚𝙋𝙤𝟰 𝙗𝙖𝙩𝙩𝙚𝙧𝙮 ထွက်ပါပြီ။
AETHER solar engineering မှာ လိုအပ်သူများ AETHER office မှာလာရောက် ကြည့်ရှုဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းကတော့ တလုံး ကို 2300 US$ ကို အခြေခံထားပြီးတွက်ပါတယ်ခင်ဗျာ ။
အခု ထွက်တဲ့ 280 Ah-$-2300 with SOH 80% ကတော့ Limited stock ပါ။
နောက် 280 Ah ( 5 years warranty ) -$ 2100 ကတော့ နောက်တပတ် စထွက်ပါမယ်။
Specification နဲ့ Parameter data တွေကတော့
• EVE grade A LiFePo4 cell စက်ရုံကနေတိုက်ရိုက် Container နဲ့ မှာတာကို KTK စက်ရုံမှာ တပ်ဆင်ပါတယ်။
• EVE 280 Ah 3.2 Vdc ကို 16 series လုံးဆင်ပါတယ်။
• Nominal 14.53 KWh capacity နဲ့ 51.2 Vdc base ပါ ။
• Charging /Discharge current 150 Amp သုံးလို့ရပါတယ်။
• 90% capacity အထိ အသုံးပြုလို့ရအောင် BMS ကို ချိန််ထားပေးပါတယ်။
• ၁၆ လုံး အထိ ပြိုင်ဆက်လို့ရပါတယ် ( 16 Nos parallel )
• မြန်မာပြည်ထဲမှာရှိတဲ့ Inverter တော်တော်များများနဲ့ Communication ချိတ်လို့ရပါတယ်။ RS-485, RS-232 , CAN communication ports တွေပါပါတယ်။
• Life cycle ကတော့ 6000+ @90% DoD 25 C ဖြစ်ပါတယ်။
• Warranty ကတော့ စက်ရုံရှိတဲ့ အတွက် အမှန်တကယ် ၅ နှစ် မှာ အနဲဆုံး Total battery capacity 80% SoH ကျန် ရပါမယ်။
• အမြဲတန်းရုံးချိန် အတွင်းမှာ Service team ကိုဆက်သွယ်နိုင်ပါတယ်။
• Design life ကတော့ နှစ်ပေါင်း ၁၅+ ကျော် ထိခံနိုင် အောင်တည်ဆောက်ထား ပါတယ်။
• Dimension အတိုင်းအတာတွေ ကတော့ 530*903*275 mm (OR ) 1.73 * 2.96 *0.9 Feet
• Floor type ဖြစ်ပြီး ဘီးတွေ ပါပါတယ်။ 130 Kg လေးပါတယ်။
ဖတ်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
လိုအပ်လျင် ဆက်သွယ်ရန်
𝗠𝗮 𝗧𝗵𝗶𝗿𝗶 𝗟𝘄𝗶𝗻 ( 𝗠𝗗 )
𝗔𝗘𝗧𝗛𝗘𝗥 𝗦𝗼𝗹𝗮𝗿 𝗘𝗻𝗴𝗶𝗻𝗲𝗲𝗿𝗶𝗻𝗴
𝟬𝟵𝟱𝟭𝟱𝟮𝟰𝟳𝟲 , 𝟬𝟵𝟵𝟱𝟱𝟭𝟱𝟮𝟰𝟳𝟲, 𝟬𝟵𝟳𝟵𝟵𝟳𝟵𝟵𝟭𝟰𝟲
REMARK
OMEGA battery ကဘာလို့ အဲလို မျိုး Warranty & Service ပေးနိုင်တာပါလဲ
*************************************************
1. Top 10 Grade A cell အစစ်အမှန် ကို ထုတ်လုပ်တဲ့ စက်ရုံ တွေ က ထုတ်လုပ်သူ KTK က ကိုယ်တိုင် Container နဲ့ ကသွင်းထားလို့ ဖြစ်ပါတယ်။ စက်ရုံက ကိုယ်တိုင်သွင်းထားတော့ cell အစစ်အမှန် ဆိုတာ စိတ်ချယုံကြည်ရပါတယ်။
2. ပုံးခွံ ကအစ QC test အစအဆုံး ရန်ကုန်မှာ နောက်ဆုံးပေါ် LiFePo4 လေဆာ စက်တွေနဲ့ KTK စက်ရုံကြီး မှာ ထုတ်လုပ် ထားလို့ဖြစ်ပါတယ်။စက်ရုံရှိလို့ Strong warranty ပေးနိုင်တာ ပေးရဲတာပါ။
3. Load test နဲ့ cell Ageing test ကို နောက်ဆုံးပေါ် စက်တွေ နဲ့ Customer တွေ ဆီ မဖြန့်ခင် တိုင်းတာ ပြီး မှ QC ဖြတ်ပြီး ဖြန့်ချီတာ ဖြစ်ပါတယ်။
4. ဈေးကြီးတဲ့ Aluminum & Copper bi-metal connection ကို laser welding နဲ့ သုံးထားပါတယ်။ fault အဖြစ်များတဲ့ Loose connection ဖြစ်ဖို့ အလွန် chance နဲပါတယ်။
5. မှန်ကန်တိကျတဲ့ compression ကို cell တွေမှာ ဖေါင်းကြွမှု မဖြစ်အောင် Cell factory manual အတိုင်း တပ်ဆင်ထားပါတယ်။ ဖေါင်းကြွပြီး Capacity ကျဖို့လဲ အလွန် chance နဲပါတယ်။
6. Brand နာမည် ရှိ BMS တွေနဲ့ Software, Firmware တွေ ကို သက်ဆိုင်ရာ နိုင်ငံခြား Company က advice အကြံဥာဏ်တွေနဲ့ တပ်ဆင်ထားပါတယ်။အမြဲ up to dated လုပ်နေပါတယ်။Inverter အများစုနဲ့လဲ Net-work ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
7. လေ့ကျင့်သင်ကြားထားတဲ့ OMEGA battery Service Engineer team ကလဲ ရုံးချိန် အတိုင်း အမြဲ အသင့်ရှိနေမှာ ဖြစ်ပြီး လို အပ်တာတွေကိုလဲ ဖြေကြားသွားမှာ ဖြစ်ပါတယ်။ Phone ကလဲ ဆက်သွယ် အကူအညီ တောင်းလို့ရပါတယ်။
8. Installer များအနေနဲ့ ကလဲ Inverter အမျိုးမျိုး တပ်ဆင်မှု အခက်အခဲ ဖြစ်လို့ရှိရင် On-line ကဖြစ်စေ ။ Service Engineer က ကိုယ်တိုင် Site ထဲ လိုက်ပြီး ဖြစ်စေ ပါဝင်လုပ်ဆောင်ပေးမှာပါ။ ( ဘယ် LiFePo4 battery မှ မရတဲ့ Service တွေပါ)
9. စက်ရုံ အကြီးကြီးမှာ တပ်ဆင်ထားတဲ့ အတွက် Customer မှာ တခုခု ဖြစ်ခဲ့သည်ရှိခဲ့သော် battery တလုံး ခေတ္တ အစားထိုး ပြီး စက်ရုံမှာ အပြစ် ကို တစစီ ပြန်ပြီးရှာလို့ ရတဲ့ battery test lab ရှိတဲ့ အတွက် ဘယ်လို အခြေ အနေမျိုးမဆို ပြုပြင်လို့ရနိုင်ပါတယ်။
10. ဝယ်ယူတဲ့ Customer များအနေနဲ့ စိတ်ချရတဲ့ Cycle life +6000 grade A cell များနဲ့ OMEGA LiFePo4 battery များကို စိတ်ချလက်ချ သုံးစွဲ နိုင်ပါကြောင်း သတင်းပေးအပ်ပါတယ်။

Solar for home

Solis Solar inverter 6 KW  ( Pure on/off hybrid ) *********************************************** TIER 1 factory ကထုတ်တဲ...
10/05/2024

Solis Solar inverter 6 KW ( Pure on/off hybrid )
***********************************************
TIER 1 factory ကထုတ်တဲ့ အိမ်တွေမှာ သုံးတဲ့ Hybrid အစစ်အမှန် အရည် အသွေး အကောင်းဆုံး SOLIS Inverter ( AETHER Solar 2017 ) မှာ ရပါပြီ။
အခု လက်ရှိ အားလုံးထဲမှာ ခေါတ် အမှီဆုံး Modern အကျဆုံး Quality အကောင်းဆုံး Inverter ပါ။
အခု မြန်မာပြည်ကို ဝင်ခဲ့ သမျှထဲမှာ ကိုယ်ပိုင် Tier1 factory တိုက်ရိုက် ထုတ်ပြီး EU, US, AUSI, ASIA အရည် အသွေးတမျိုးထဲ ထုတ်တာပါ။ ပုံစံတူ လုံးဝမရှိပါ။
IP -66 ဖြစ်တဲ့ အတွက် water proof ဖြစ်ပြီး maintenance free ပါ။ အရည် အမှုန်များလုံးဝ မဝင်နိုင်ပါ။
Fan မပါတဲ့ အတွက် အသံလုံးဝ မဆူညံ့ပါ။
ခလုတ်တွေ မပါပဲ Phone ကနေတဆင့် bluettoth ကနေ parameter တွေ ကို setting လုပ်ရတဲ့ အတွက် ခလုပ်တွေ ဒုက္ခပေးတာတွေ မရှိပါဖူး။ Phone ထဲကနေပဲ အကုန်ကြည့်နိုင်ပါတယ်။
Network WiFi ချိတ်ထားရင်လဲ Solis Cloud ကနေတဆင့် အဝေးကနေ အားလုံးကို ကြည့်နိုင်ပါတယ်။ user familiar ဖြစ်အောင် Software တွေနဲ့ အလုပ်လုပ်တာပါ။
Maximum 12 KW အထိတပ်လို့ရပြီး Recommend က Solar ကို 9.6 KW အထိ ချိတ်လို့ရပါတယ်။ သဘောက 6 KW အပြည့် သုံးနိုင်တဲ့ သဘောပါ။Solar PV input 90 ~ 560 VDc အတွင်းမှာ အလုပ်လုပ်ပါတယ်။
Warranty ကလဲ စက်ရုံတိုက်ရိုက်ဖြစ်ပြီး 5 Years ပါ။
Price ကတော့ $ 950 ကို ယနေ့ပေါက်ဈေးပါ။
Specification ကို ပုံထဲမှာဖတ်လို့ရပါတယ်။
Web site မှာဖတ်ချင်ရင်
https://www.solisinverters.com/za/energy_storage_inverters11/3_6k_s6_l_pro_za.html
ကျေးဇူးတင်ပါတယ်။
Ma Thiri Lwin ( 09 5152476, 09 95 5152476, 09 799799 146 )
AETHER Solar Engineering( SINCE 2017 )
အခန်း 002 , မြေညီထပ် ။ တိုက် အမှတ် B-7 , ရွှေကမ္ဘာ အိမ်ယာ ( ၃ ) လမ်း
မင်းဓမ္မလမ်း ။ မရမ်းကုန်း ။ ရန်ကုန်
solar Engineering ( since 2017 )

for home

inverter

အရည်အသွေး ကောင်းတဲ့ invt brand variable frequency drives များ ရနိုင်တဲ့နေရာ တခုပါ။
09/05/2024

အရည်အသွေး ကောင်းတဲ့ invt brand variable frequency drives များ ရနိုင်တဲ့နေရာ တခုပါ။

Aether Solar ရဲ့ Solar for HOME အကောင်းဆုံး Set @2024****************************************************Solar for HOME ...
08/05/2024

Aether Solar ရဲ့ Solar for HOME အကောင်းဆုံး Set @2024
****************************************************
Solar for HOME တွေ တပ်ဆင် တည်ဆောက်ဖို့လိုလာပါတယ်။ အဲဒီအတွက် စိတ်ဝင်စားတဲ့ Customer များ အတွက် AETHER Solar Engineering ASE ( since 2017 ) ကနေ တပ်ဆင်မှု အများဆုံးပေးနေရတဲ့ ခေါတ် အမှီဆုံးဖြစ် ပြီး performance ပြည့်ဝတဲ့ Full 6 KW hybrid solar power system အကြောင်းလေး ဝေမျှချင်ပါတယ်။
SOLIS inverter +OMEGA battery + JINKO solar
***********************************************
2024 မှာ တပ်ဆင် ဈေးနှုန်းနဲ့ performance တွက်ရင် Luxury brand လိုပဲ ထုတ်လုပ်မှု အကောင်းဆုံး ထဲ က တခုပါပဲ။ နောက်ပိုင်း after sale service နဲ့ပတ်သက်ပြီးလဲ စိတ်ချရတဲ့ real top Brand တွေပဲ ဖြစ်ပါတယ်။ Tier 1 factory တွေ ဖြစ်တဲ့ JINKO , SOLIS , LiFePo4 cell brand တွေပဲ ပါဝင်ပါတယ်။အရည် အသွေး အနေနဲ့ကတော့ထိပ်တန်းမှာပါပါတယ်။ မြန်မာပြည်အတွက် Quality လျော့ထားတဲ့ Brand တွေမဟုတ်ပါဖူး။
စိတ်ချရတဲ့ Warranty အနေနဲ့
Soils on/off real hybrid inverter 6 KW = 5 years ( price US$ 950 )
OMEGA new cell LiFePo4 battery 14.3 KWh )= 5 Years( US$ 2300/ 2100 )
Jinko PV N type mono cell ( 585/620/625 Wp) = 12 / 30 material & performance Years တွေပါ။
ဒါ က Factory Vendor တွေ ကပေးတဲ့ အစစ် အမှန်ပေးတဲ့ Warranty တွေပါ။ရောင်းတဲ့ သူက ပေးတာ မဟုတ်ပါဖူး။
ASE ဟာဆိုရင် အိမ်ပေါင်း Solar for HOME 3 KW ကနေ 50 KW system တွေ အထိ အိမ်ပေါင်း ၅၀၀ ကျော်တပ်ဆင်ပြီး ဖြစ်ပါတယ်။ Solar Installation Technology တွေ ပြောင်းလဲ လာတာနဲ့ အတူ အခု 2024 မှာတော့ Solis , JINKO , OMEGA တွေနဲ့ တပ်ဆင်ပေးပါတယ်။
Tier1 လို့ဆိုတဲ့ အကောင်းဆုံး စက်ရုံတွေ က တိုက်ရိုက်ထုတ်တဲ့ Solar Equipment အမျိုးအစား တွေပါပဲ။
EU နဲ့ US , Ausi တွေ မှာလဲ အခု 2024 မှာ စတင်တပ်ဆင်တဲ့ စနစ်ပါ။ အဓိက ပါဝင်တဲ့ Solar Equipment တွေကတော့
1.620 Wp JINKO solar mono N type – 10 Nos
2. OMEGA LiFePo4 ( 225 Ah V 16 cells ) 16 cells -14.3 KWh – 1 No
3.SOLIS 6 KW solar pure hybrid inverter -1 No
တို့နဲ့ တပ်ဆင်ပါတယ်။ ဒါကတော့ basic ပါ ။ ဆိုလာပြားကိုတော့ တိုး မလား လျော့မလား တပ်လို့ရပါတယ်။ Inverter က 9 KWp အထိ တပ်လို့ရပါတယ်။
Installation တပ်ဆင်ခြင်း
********************
တကယ်လို့ တပ်ဆင်လိုလို့ စုံစမ်းချင်ရင် ဖုန်းကနေတဆင့် / ရုံးကို ကိုယ်တိုင်လာကြည့်ပြီးဖြစ်ဖြစ် ရပါတယ်။ပြီးရင်တော့ 2017 ထဲ က Solar Experience ရှိတဲ့ Engineer ကိုယ်တိုင် အိမတိုင်ယာရောက် Survey ဆင်း, လိုအပ်တာတွေ အားလုံး ကို အသေးစိတ် ရှင်းပြ ပြီး quotation ကျသင့်ငွေ တွက်ချက်ပေးပါတယ်။ကျသင့်ငွေကတော့ သိန်း 170ကနေ 210 ကြား ကို ကျသင့်ပါတယ်။ အခု အချိန်မှာ US$ 5000 ပတ်ဝန်းကျင်မို့ တပ်ဆင်ရတာ တန်ပါတယ်။ တခြားနိုင်ငံတွေမှာဘယ်လောက်ကျသလဲဆိုတာ ရှာကြည့်ရင်သိနိုင်ပါတယ်။ US မှာဆိုရင် 5 KW system တောင် ပျမ်းမျှ 12,000 ကနေ 17,000 $ ကျတယ်လို့ ဆိုပါတယ်။အခုတပ်ဆင်တဲ့ Quality နဲ့ brand တွေပါပဲ။
စိတ်ကျေနပ်မှုရှိရင်တော့ ဆက်လက်ပြီး AETHER solar Engineering နဲ့ Installation ကိုဆက်လက်ဆောင်ရွက်နိုင်ပါတယ်။
တပ်ဆင်တဲ့ ASE Installation team ကလဲ Engineer ဘွဲ့ရလူငယ်များဦးစီးတဲ့ ၆ နှစ်ကျော် Solar Experience ရှိတဲ့ အိမ်ပေါင်း ၅၀၀ ကျော် နဲ့ စက်ရုံကြီး kW,MW Project မှာ တည်ဆောက်နေတဲ့ အဖွဲ့ပါပဲ။
မျတ်ချက် ။ သွင်းကုန် မူဝါဒ အရ အရေအတွက် များများ မရှိတဲ့ အတွက် တပ်ဆင် မယ်ဆိုရင် ဆက်သွယ် စုံစမ်းလို့ရပါတယ်။
ဖတ်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
အသေးစိတ်သိရှိလိုပါက
Ma Thiri Lwin (MD)
( 09 5152476, 09 95 5152476, 09 799799 146 )
AETHER Solar Engineering
အခန်း 002 , မြေညီထပ် ။ တိုက် အမှတ် B-7 , ရွှေကမ္ဘာ အိမ်ယာ ( ၃ ) လမ်း
မင်းဓမ္မလမ်း ။ မရမ်းကုန်း ။ ရန်ကုန်

solar

for home
battery
inverter
inverter

ဟုတ်ကဲ့ပါ ခင်ဗျာ ပြောပါခင်ဗျာ AETHER Solar Engineering မှာ ဂျပန် ဂျာမဏီ ပစ္စည်း တွေ မရှိပါဖူးခင်ဗျ Solar တွေအားလုံး ကMad...
07/05/2024

ဟုတ်ကဲ့ပါ ခင်ဗျာ
ပြောပါခင်ဗျာ
AETHER Solar Engineering မှာ ဂျပန် ဂျာမဏီ ပစ္စည်း တွေ မရှိပါဖူးခင်ဗျ Solar တွေ
အားလုံး က
Made in China
ပါ ခင်ဗျာ
ကျေးဇူးတင်ပါတယ်
😁😁😁




ဘာကြောင့် အိမ်တွေမှာ 2 Ohms Earthing ရတာလဲ************************************************measurement အမှားပါ။ ❌❌❌❌❌    ...
05/05/2024

ဘာကြောင့် အိမ်တွေမှာ 2 Ohms Earthing ရတာလဲ
************************************************
measurement အမှားပါ။ ❌❌❌❌❌

ဒီနေ့ Electrical field မှာ မြစ်မခလို Company ကြီးမှာရော Singapore မှာပါ လုပ်ပြီးပြန်လာတဲ့ မိတ်ဆွေတယောက်နဲ့ ပြောရင်း သူလဲ စက်ရုံတွေ မှာ 2 Ohms ကို ဘယ်လို ရအောင် ဘယ်လို ခက်ခက်ခဲခဲ လုပ်ရတယ်ဆိုတာ ပြောပြတယ်။
နောက်တချက်သူပြောတာ ကအိမ်တွေမှာ 40*60, 60*80 တွေ Earth ရိုက်ပြီးရင်ဘယ်လို တိုင်းလဲတဲ့။
ကျွန်တော် ပြောချင်တဲ့ အချက်ကဒါပါပဲလို့။အဲဒါက မှားနေတဲ့ main point ပါပဲ။
အိမ်တွေမှာ Earthing resistance ကိုတိုင်းဖို့က မဖြစ်နိုင်သလောက်ပါပဲ။
ဘာလို့ပါလဲ။
Area limit ရှိလို့ပါ။ နေရာ ကျဉ်းလို့ပါ။ မှန်မှန် ကန်ကန် တိုင်းဖို့ မဖြစ်နိုင်ပါ။
တိုင်းဖို့ဆိုရင် ပထမဆုံး earth resistance ဆိုတာ ရိုက်ထားတဲ့ Earth ရယ် မီတာမှာပါတဲ့ သံချောင်း ၂ ချောင်း ကို မြေပြင်မှာ ရိုက်ပြီး သက်ဆိုင်ရာ Connection ဆက်ရပါတယ်။
ပြီးတော့မှ Volt /Current inject လုပ်ပါတယ်။ ရတာတဲ့ R=V/I result ကို မီတာကနေတွက်ချက် အဖြေထုတ်ပါတယ်။
အဲလို အဖြေမှန်ဖို့ မီတာက Procedure အကွာ အဝေး အတိုင်း စိုက်ရမှာပါ။ အနဲဆုံး earth pit နဲ့ မီတာ 30 မှာ Current spike ကို ရိုက်ရပါတယ်။
နောက်ပြီး Voltage spike ကို Earth conductor နဲ့ အဲဒီ အကွာအဝေးရဲ့ 62 % ကြားမှာ စိုက်ရပါတယ်။ 18 meters အကွာလောက်ပေါ့။
ပြီးမှ V & A ကို Inject လုပ်ပြီး resistance ကို တိုင်းတာပါတယ်။
Question
မြန်မာပြည်မှာ အိမ်တွေ ကိုတိုင်းတဲ့ အခါမှာ meter 30 ကို ဘယ်နားသွား စိုက်ပါသလဲ ? ဘေးအိမ်ထဲလား ? ကားလမ်းမလား? >
သံချောင်း ၂ချောင်း ဘေးနား ၂ ခုကပ်ရိုက်ပြီး တိုင်းတော့ 2 Ohms ရတယ်ဆိုတာ တကယ့် measurement မဟုတ်ပါ။
အခုဆိုရင် ငြင်းနေတဲ့ ဆရာတို့ Real Earthing resistance ဘယ်လို တိုင်းရလဲ ဆိုတာသိပြီ ထင်ပါတယ်။
measurement အမှား 2 Ohms ဘာလို့ရလဲဆိုတာရဲ သိလောက်ပါပြီ။
တခါ တခါ မသိသေးရင် လေ့လာသင့်ပါတယ်။
ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါ။
ပုံကတော့ မီတာထဲ မှာ အကောင်းဆုံး MEGGA brand ရဲ့တိုင်းနည်းစနစ်ပါ။




2024 မှာ ဘယ် ဆိုလာ PV  အကောင်းဆုံးလဲ***********************************အခု အချိန်မှာ မြန်မာပြည်မှာ ဆိုလာတတ်တာတွေ များနေတ...
01/05/2024

2024 မှာ ဘယ် ဆိုလာ PV အကောင်းဆုံးလဲ
***********************************
အခု အချိန်မှာ မြန်မာပြည်မှာ ဆိုလာတတ်တာတွေ များနေတော့ ဘယ် ဆိုလာ အကောင်းဆုံးလဲ လို့ မေးနေတာလေး Customer တွေသိအောင် ဖြေ ပေးလိုက်ပါတယ်။
ဆိုလာမှာ အခုနောက်ဆုံးထုတ်တာ က P type , N type ဆိုပြီးရှိပါတယ်။
N type ကတော့ နောက်ဆုံးပေါ် tech ဖြစ်ပြီး အကောင်းဆုံးပါ။
P type ကတော့ N type မပေါ်ခင်က ထုတ်တာပါ။ လက်ရှိလဲ ထုတ်နေပါသေးတယ်။
Silicon Cell အမျိုး အစား ၂ ခုရှိပါတယ်။ Mono နဲ့ Poly ဆိုပြီး ရှိပါတယ်။
Mono ကိုပဲ ဆက်ထုတ်ပြီး Poly ကတော့ မထုတ်သလောက်ပါ။
နောက်တခုက ထုတ်တဲ့ စက်ရုံရဲ့ အရည် အသွေး သတ်မှတ်ချက်ပါ။ Tier 1 စက်ရုံတွေ ကထုတ်တာတွေ ကစိတ်ချ ရပြီး ကမ္ဘာ့ မှာ အကောင်းဆုံး စိတ်အချရဆုံးပါ။ ကျန်တဲ့ စက်ရုံတွေ က ထုတ်တာတွေ ကောင်းပေမဲ့ Tier1 က ထုတ်တာတွေလောက် ကတော့ စိတ်မချရပါဖူး။
Warranty အနေနဲ့ စက်ရုံတွေ က P type ကို material 10 Years Performance ကို 25 Years ,
N type ကို material 12 Years Performance ကို 30 Years , ပေးပါတယ်။
Half cell module , Full cell module ဆိုပြီးလဲ ၂ ခု ရှိပါတယ်။ half cell module ကပိုကောင်းပါတယ်။ အရိပ်ကျတဲ့ အခါ တဝက် ကျန်အောင် တည်ဆောက်ထားတာပါ။
N type မှာ ၂ မျိုး ရှိပြီး Mono-facial နဲ့ Bifacial ဆိုပြီး ရှိပါသေးတယ်။ ၂ ခုလုံးကတော့ သုံးဆွဲတဲ့နေရာ အလိုက် ကောင်းပါတယ်။ Rooftop ဆိုရင် mono-facial , Frame တွေနဲ့ဆိုရင် bi-Facial တပ်ဆင်ကျပါတယ်။ဥပမာ ရေပန့် သမားတွေ ဆိုရင် bi-Facial သုံးသင့်ပါတယ်။
PV grade တွေမှာလဲ A,B, C စသဖြင့်ရှိပါတယ်။ အကောင်းဆုံးကတော့ grade A cell ပါခင်ဗျာ။
အဲတော့ အကောင်းဆုံး PV cell ကို ပြောရရင် Tier1 factory , Mono cell, Half-cell design , N type, Bi or Mono-facial , GRADE A ဖြစ်ပါတယ်။
အထူးသတိပြုရမှာကတော့ Fake အတု ဆိုလာတွေ ဖြစ်ပါတယ်။ Quality အညံ့တွေ ကို တံဆိပ် အတုကပ်ရောင်း ကျပါတယ်။ အဲဒါကို တချို့ PV တွေ မှာ Online ကနေ Grade A ဟုတ်မဟုတ် QR code ကနေ စစ်လို့ရပါတယ်။
AETHER Solar Engineering မှာတော့ Tier1 စက်ရုံဖြစ်တဲ့ JINKO ကထုတ်တဲ့ Grade A N type half-cell, mono-facial နဲ့ Bi-facial များ စက်ရုံတိုက်ရိုက် ရောင်းချ ဖြန့်ဖြူးပါတယ်ခင်ဗျာ။
အမြဲတမ်းလဲ နောက်ဆုံးပေါ် အကောင်းဆုံး Solar PV များကို တတ်နိုင်သရွှေ့ အခြေ အနေပေးသလောက် Tier1 စက်ရုံ ပစ္စည်းများကို တင်သွင်းပေးပါမည် ခင်ဗျား ။
Detail ဖတ်ချင်ရင်တော့ အရင်ကရေးထားတာတွေ Comment မှာ Link ရှာထားပေးပါ့မယ်။
ဖတ်ရှုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
AETHER Solar Engineering
အခန်း 002 , မြေညီထပ် ။ တိုက် အမှတ် B-7 , ရွှေကမ္ဘာ အိမ်ယာ ( ၃ ) လမ်း
မင်းဓမ္မလမ်း ။ မရမ်းကုန်း ။ ရန်ကုန်



for home


inverter

30/04/2024

ကျွန်တော် , Aether နဲ့ မြန်မာပြည် Solar အကြောင်း ( အပိုင်း 8)
*********************************************************
လီသီယံ ဘက်ထ္ထရီတွေ ပြသနာ
******************************
နေပူ မီးမလာမှာ လီသီယံတွေ ပြသနာ စပါတယ်။ ဆိုလာ Charging တွေ Load တွေမှာလဲ ပြသနာပါ။
အပူဒါဏ်ကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲ ပြသနာတွေ ကဖြစ်မှာပါပဲ။ စက်တွေမှာ အဓိကပြသနာက over heating ပါ။ အရင်ကမဖြစ်ပေမဲ့ အပူဒါဏ် ကြာရှည်လာရင် ပြသနာတွေ technical fault တွေ ပေါ်လာမှာပါ။
အဲဒီ အထဲမှာ လီသီယံ ဘက်ထ္ထရီတွေ ပြသနာလဲ များပါတယ်။
အဓိကက နားမလည်လို့ရယ် အရည် အသွေးတွေလဲ ဆိုင်ပါတယ်။ လီသီယံ ဆိုရင် တမျိုးပဲထင်နေ ကျတတ်ပါတယ်။ Cycle life တွေနဲ့ ပြောနေကျပါတယ်။ တကယ်တော့ China က လီသီယံ တွေမှာ အရည် အသွေး အမျိုးမျိုး ရှိပါတယ်။
ဘာလို့သိလဲ ဆိုတော့ Lead acid gel type ကနေ LiFePo4 ပြောင်းတဲ့ စွန့်ဦးထဲမှာ ကျွန်တော် ပါပါတယ်။ အခုလူသုံးများတဲ့ Eitai battery brand ကို ကျွန်တော်စသွင်းတာပါ။ MUST လဲစသွင်းဖူးပါတယ်။ စသွင်းတဲ့ အခါ ပြသနာ တော်တော် ကြုံရပါတယ်။ဈေးလဲ ကြီးပါတယ်။ 200 Ah ကို US$ 2000 ကျော်ပါတယ်။ သယ်ခမပါသေးပါဖူး။ ဒါပေမဲ့ နှစ်ပေါင်း ၂၅ နှစ်ကျော် Oil and Gas UPS battery အတွေ့ အကြုံက ကျွန်တော် ကို ကယ်သွားပါတယ်။ နို့မို့ဆို စိတ်ပျက်ပြီး ထွက်သွားမိမှာပါ။ နောက်ပိုင်း အဆင်ပြေလာတဲ့ အခါ ထုံးစံအတိုင်း စီးပွားရေးသမားတွေပဲ အလုံး အရင်းနဲ့ သွင်းပြီး အဆင်ပြေသွားကျပါတယ်။ Eitai မှ Eitai တခေါတ် ရှိဖူးပါတယ်။ ရောင်းမလောက်ပါပဲ။ ဒါပေမဲ့ QC ပြသနာတွေ များလာ ပါတယ်။
EiTai တွေလဲ ကျွန်တော် ပြင်ပါတယ်။အကုန်လုံး ပြင်နိုင်ခဲ့ပါတယ်။ အချိန်ကတော့ အရမ်းပေးရပါတယ်။ Loose connection ရယ် ။ Software နဲ့ setting ပြသနာတွေပါ။ အဓိကကတော့တရုတ်ဘက်က စက်ရုံဘက်က ပြသနာတွေပါပဲ။ သိရင်နဲ့ Vendor က online support လုပ်ရင်လွယ်ပါတယ်။ တချို့ပြသနာတွေ ဆိုရင်တော်တော် စိတ်ပျက်ဖို့ကောင်းပါတယ်။ demand များနေတော့ သေသေ ချာချာ QC မလုပ်နိုင်ဖူးနဲ့တူပါတယ်။ Cell တွေ ကတော့ အသစ်တွေ ဆိုတော့ ပြင်ပြီး load test လုပ်ရင် အသစ်ဆိုတော့ အပြည့် installed capacity ရပါတယ်။ ဒါပေမဲ့ 80% , 70% ပြ သုံးဖို့ set လုပ်ထား တတ်ပါတယ်။ တွေ့ရတဲ့ ပြသနာတွေ ကိုလဲ Vendor ဆိ ပြန် Suggest လုပ်ပါတယ်။ တနေ့မှာတော့ Cell အသစ်နဲ့ battery တွေကို ဘယ်လို စစ်ပြီးဘယ်လို ပြင်ရမလဲဆိုတာ သင်တန်းလေးတော့ ပေးပါဦးမယ်။ အခုတော့ service center ဖွင့်နေပါပြီလို့ပြောပါတယ်။ ဘယ်လိုလဲဆိုတာ စောင့်ကြည့်ပါဦးမယ်။
Eitai မှာ သုံးတဲ့ Cell က Dejin cell အသစ်တွေပါ။ အဲဒါကတော့ အမှန်ပါ။ Tier1 brand တော့မဟုတ်ပါဖူး။ မြန်မာပြည်မှာ ရောင်းတဲ့ ကျန်တဲ့ brand တော်တော်များများ က Used cell တွေ သုံးထားကျတာများပါတယ်။ မြန်မာပြည် အတွက်ဖြစ်မယ်ထင်ပါတယ်။ တခြား နိုင်ငံမှာဆိုရင်တော့ Use cell ကို declare လုပ်ပြီးရောင်းရမယ်ထင်ပါတယ်။ Grade A , Cell အသစ်လို့ပဲ ကြော်ညာနေ ကျတာပါပဲ။ ဟုတ်ချင်လဲဟုတ်မှာပေါ့။
Battery brand တော်တော် များများ ကျွန်တော်ဆီ ကိုလာပြီး marketing ဆင်းပါတယ်။ ကျွန်တော် မေးလိုက်တာ သူတို့ဖြေတာနဲ့ ဘာလဲ ဆိုတာကျွန်တော်သိပါတယ်။ ကျွန်တော် က Engineer တယောက်ပါ။ Ethic ရှိပါတယ်။ နောက်ပြီး ထိုက်တန်တဲ့ မိသားစု ဝင်ငွေလဲ ရှိပါတယ်။ အဲတော့ မကောင်းတာ မရောင်းပဲ လဲ နေနိုင်ပါတယ်။ ရေရှည် အကျိုးနဲ့ သံသယာ အကျိုး ကို ကြည့်ပြီး မရောင်းတာပါ။ ရောင်းတာက လွယ်ပါတယ်။
LiFePo4 ကို စက်ရုံတွေ က ထုတ်တဲ့ Grade တွေ
*******************************************
စက်ရုံတွေ ကနေ LiFePo4 တွေ ကို Grade တွေ အမျိုးမျိုး နဲ့ထုတ်ပါတယ်။ EV ကား တွေ အတွက်ရယ် နောက်တခုက ESS လို့ခေါ်တဲ့ Energy storage system အတွက် ထုတ်ကျပါတယ်။ EV အတွက်ကတော့ Blade design တွေ ထုတ်တာများပါတယ်။
ESS အတွက်ကတော့ Prismatic လေးထောင့်တွေ ထုတ်တာများပါတယ်။
ထုတ်လုပ်လိုက်တဲ့ LiFePo4 battery Grade တွေ ကို အောက်ပါ အချက်များပေါ်မူတည် ပြီး Grade တွေ နဲ့ သတ်မှတ်ရောင်း ပါတယ်။
ဘာနဲ့သက်ဆိုင်လဲဆိုတော့ LiFePo4 ထုတ်တဲ့ အခါ မှာသုံးတဲ့ Chemical ပေါမှာမူတည်ပါတယ်။ ဥပမာ ဂျာမဏီက လာတဲ့ chemical သုံးရင် ဈေးကြီးပြီး အရည်အသွေးကောင်းပါတယ်။Local နဲ့ quality မကောင်းတာဆိုရင်တော့ ပစ္စည်းညံ့ ဈေးသက်သာပါမယ်။ စက်ရုံမှာ ကိုယ်တိုင်သွားဝယ်တဲ့ မိတ်ဆွေ တယောက် ပြန်ပြောပြတာပါ။
1. Capacity : စွမ်းရည်- ဘက်ထရီဆဲလ်၏ အမှန်တကယ် ရှိရမဲ့ စွမ်းရည်ဖြစ်ရပါမယ်။ 100 Ah ဆိုရင် 100 Ah သုံးနိုင်ရပါမယ်။
2. Internal Clee Resistance- cell မှာ ရှိတဲ့ resistance သည် တတ်နိုင်သမျှနည်းရပါမယ်။ ညီညာရပါမယ်။Cell တွေ IR ညီမှ Series ဆက်တဲ့ အခါ ကောင်းမွန်တဲ့ power ကို ပေးမှာပါ။
3. Cycle Life- ဘက်ထရီကို အသုံးပြုတဲ့အခါ Charge အားသွင်းခြင်းနှင့် Discharge စွန့်ထုတ်သည့် လည်ပတ်မှု အရေအတွက် က များလေကောင်းလေပါ။ LiFePo4 အတွက် တော့ 80% DoD မှာ 6000+ တော့ အနဲဆုံး ရှိရပါမယ်။
4. Voltage Stability:ဗို့အားတည်ငြိမ်မှု- အားသွင်းစဉ်အတွင်း တည်ငြိမ်သောဗို့အားကို ထိန်းသိမ်းထားတဲ့ cell တွေ ဖြစ်ရပါမယ်။ အရမ်း အပြောင်းအလဲ မြန်တဲ့ Volt မရှိရပါဖူး။
5. Safety Features:ဘေးအန္တာရာယ် ကင်းရေး- Cell တွေ ဟာ အသုံးပြုတြ့ အခါ မီးလောင် ပေါက်ကွဲမှုကင်းရေး အတွက် သတ်မှတ်တဲ့ စံနှုန်းတွေ ကို စမ်းတဲ့အခါ မှီရပါမယ်။
အဲဒါတွေ ကို မှီပြီး အားလုံးကောင်းမွန်တဲ့ တဲ့ အခါ Grade A လို့သတ်မှတ်ပြီးရောင်း ပါတယ်။
စံချိန်မမှီတာတွေ ကို Grade B ,C သတ်မှတ်ပြီး တချို့ နေရာတွေ မှာသုံးဖို့ LiFePo4 factory တွေ က ရောင်းပါတယ်။ grade A မမှီတာတွေ ကို ESS အဖြစ်လဲထုတ်ရောင်း ကျပါတယ်။
Factory တွေကနေ Grade A တွေ ကိုဝယ်ယူဖို့ ကနေ အလွန်ခက်ပါတယ်။ ပိုက်ဆံရှိလို့ ဝယ်ချင်ရင်တောင် မလွယ်ပါဖူး။ Container အလိုက်သာ ရောင်း ကျပါတယ်။ အရင်းအနှီး ကြီးပါတယ်။
နောက် Quality ကျတဲ့ Grade B, C cells တွေကတော့ တရုတ်ပြည် က agent တွေ ကတဆင့် ဝယ်လို့ရပါတယ်။ ကြိုက် သလောက် အရေ အတွက် ဝယ်လို့ရပါတယ်။
နောက်ပြီး BYD , CALB , CATL အစရှိတဲ့ EV အတွက် ထုတ်တဲ့ battery cell တွေ ကတော့ အခု အချိန် အထိ Grade A cell တွေ ကို ထုတ်မရောင်းပါဖူး။
လီသီယံအဟောင်း တွေ
အရင်ကလဲ ကျွန်တော် Used LiFePo4 ရောင်းဖူးပါတယ်။ Blue carbon 12 V 200 Ahတွေပါ။ ပြသနာများပါတယ်။ Load အဆွဲ မခံပါဖူး။ ရောင်းတုန်းကလဲ used လိုပဲပြောရောင်းတာပါ။ ဈေးလဲ သက်သာပါတယ်။ Lead acid type နဲ့စာရင်သုံးပျော်ပါတယ်။ အခု အချိန်မှာတော့ မြန်မာပြည်ကို used cell တွေ သုံးတဲ့ liFePo4 brand တွေ အများကြီးဝင်ပါတယ်။ စီးပွားရေးဆိုတော့ ဘယ်ဟာ Used လဲ မပြောတော့ပါဖူး။
အဲတော့ ဆိုလာ / Home inverter အတွက် LiFePo4 ဝယ် ရင်တော့ လည်လည်ဝယ်ဝယ် ကြည့်သာ ဝယ်ပါ။ အခွံသစ်တာနဲ့ battery အသစ်မဟုတ်ပါ။
ကျွန်တော်ကတော့ သံသယာကြောက်ပါတယ်။ ဒိထက်လဲ အများကြီး မလိုချင်တော့ပါဖူး။ ပစ္စည်းကောင်းမယ် စစ်မယ်ထင်ရင်တော့ ရောင်းပါတယ်။
ဆက်ရန်
ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါ

Kyaw Oo
Oil & Gas Electrical & Instrument Engineer
EI Engineering / AETHER Solar Engineering
for home

Inverter & LED ပြသနာ************************EPC , Generator, Inverter သုံးထားတဲ့ အိမ်မှာ ခလုတ်ပိတ်လိုက်ပေမဲ့လဲ မီး ဆက်ပြ...
25/04/2024

Inverter & LED ပြသနာ
************************
EPC , Generator, Inverter သုံးထားတဲ့ အိမ်မှာ ခလုတ်ပိတ်လိုက်ပေမဲ့လဲ မီး ဆက်ပြီး LED မှာ ဆက်ပြီးလင်းနေတဲ့ ပြသနာပါ။inverter သုံးတဲ့ အချိန်သာဖြစ်ပါတယ်။ ကျန်တာ မဖြစ်ဖူးလို့ပြောပါတယ်။
အိမ်ရှင်ဖက်ကလဲ မီးမှိတ်ပေမဲ့ လင်းနေတဲ့ ပြသနာပါ ။ installer ကလဲ အဲလိုပဲ လို့ ပြောပါတယ်။
ကျွန်တော် အတွေ့ အကြုံအရ ဒီလိုပါ။ သေသေချာချာ troubleshooting မလုပ်ရသေးတဲ့ အတွက် သေချာတယ်လို့တော့မပြောလိုပါဖူး။
ပထမဆုံး LED တည်ဆောက်ပုံပါ။ တခြားမီးလုံးတွေနဲ့ မတူတာက Electronics circuit တွေ ပါတော့ capacitor inductors တွေပါတတ်ပါတယ်။ အဲဒီကနေ သိုလှောင်ထားတဲ့ လျပ်စစ်တွေ။ ုတ်ပေးတတ်ပါတယ်။
အရေးကြီးတာက power distribution ပါ။ လျပ်စစ်သမားတွေထင်တာ လျပ်စစ်မှာ phase ,neutral တွေ နဲ့ မီးလင်းတယ်ထင်တာပါ။ မဟုတ်ပါဖူး phase တခုနဲ့လဲ လင်းပါတယ်။ phase to phase ပေါ့။
အဲဒီ အကြောင်းရှင်းပြခဲဖူးပါတယ်။
နောက်တချက်က inverter ရဲ့ power supply ပါ။ Neutral မပါပဲ phase to phase 230 ထုတ်တာပါ။ Neutral လိုချင်ရင်တော့ ground ချပေးရပါတယ်။
အခုပုံ အရဆိုရင်တော့ တိုက်ရိုက် phase to phase သုံးထားတဲ့ပုံပါ။ ခလုတ် switch တွေကလဲ မြန်မာပြည်မှာ တလိုင်းပဲ ဖြတ်တာပါ။ အဲတော့ အမြဲ one phase ရောက်ပြီး အထဲက electronic circuit နဲ့တွေ့ပြီး မီးလင်းနေတာပါ။ ၁၀၀% အပြည့်တော့ မဟုတ်ပါဖူး။
သေချာတာကတော့ ၂ လိုင်းဖြတ်ခလုတ် တပ်လိုက်ရင်တော့ မီးမလင်းတော့ပါ။ power မရှိရင်သိကြားမင်းလာလဲ မလင်းတော့ပါဖူး။
ဒါမှမဟုတ် inverter supply ကို phase & neutral ဖြစ်အောင် လုပ်ပြီး phase ကို ဖြတ်တဲ့ switch တပ်ပါခင်ဗျာ.
အားလုံး electrical basic ကိုသာနားလည် ဖို့ စာတွေဖတ်ကျပါခင်ဗျား။
ကျေးဇူးတင်ပါတယ်။

Address

BLD B 10, Room 302 MINDAMA Road Shwe Gabar Housing
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+9595152476

Website

Alerts

Be the first to know and let us send you an email when EI engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EI engineering:

Videos

Share


Other Yangon travel agencies

Show All