The Northern Light Media

The Northern Light Media သတင်း၊ဆောင်းပါး၊အင်တာဗျူးများနှင်.
မီဒီယာ၀န်ဆောင်မှုအမျိုးမျိုး
(205)

ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စု (၃) စုခွဲပြီး တစ်အုပ်စုလျှင် (၄) နာရီပေး (၈) နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊မန္...
07/01/2025

ရန်ကုန်တိုင်းဒေသကြီးတွင် အုပ်စု (၃) စုခွဲပြီး တစ်အုပ်စုလျှင် (၄) နာရီပေး (၈) နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊မန္တလေးတိုင်း ဒေသကြီးတွင် အုပ်စု (၄) စုခွဲပြီး (၃) နာရီပေး (၉) နာရီပိတ်အလှည့်ကျ ဖြင့်အုပ်စု (၄) စုခွဲပြီး (၄) နာရီပေး (၁၂) နာရီပိတ် အလှည့်ကျအစီအစဉ်ဖြင့်လည်းကောင်း၊ ပြည်ထောင် စုနယ်မြေ (နေပြည်တော်)တွင် အများပြည်သူများအတွက် တစ်ရက်ပျမ်းမျှ (၁၆) နာရီပေး (၈) နာရီပိတ်၊ ဝန်ထမ်းအိ မ်ရာများကို (၁၈) နာရီပေး (၄)နာရီပိတ် အစီအစဉ်များဖြင့် လည်းကောင်း
ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များကို အုပ်စုများခွဲကာ တစ်အုပ်စုလျှင် (၆) နာရီအလှည့်ကျ အစီအစဉ်ဖြင့် ဓာတ် အားဖြန့်ဖြူးပေးနေကြောင်း
နှင့် လတ်တလောလျှပ်စစ်ဖြန့်ဖြူးပေးနေမှု အခြေအနေများ
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထုတ်ပြန်

“တရုတ်-မြန်မာသံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက်စိန်ရတု ဂုဏ်ပြုကဗျာ”(၁)မိမိတို့ နှစ်နိုင်ငံသံတမန်တစ်သက်ကောင်းမွေဆက်ခံ ရာသက်ပန်ဟ...
25/12/2024

“တရုတ်-မြန်မာ
သံတမန်ဆက်ဆံရေး
(၇၅)နှစ်မြောက်စိန်ရတု ဂုဏ်ပြုကဗျာ”

(၁)

မိမိတို့ နှစ်နိုင်ငံ
သံတမန်တစ်သက်
ကောင်းမွေဆက်ခံ ရာသက်ပန်ဟု

နိုင်ငံကျော့ပြည်သူ
တောင်းဆုယူသည်
ကောင်းမှု အတူပြုရန်တည်း။

(၂)

တရုတ်သံထောက် ပုဂံရောက်ခဲ့
ရှင်ဒိသာပါမောက် ပေကျင်းရောက်ခဲ့

ပေါက်ဖော်မျိုးဆွေ
ချစ်စ အရှည်ခိုင်
နှစ်,လ ကုဋေ တိုင်အောင်တည်း။

(၃)

နှစ်ပြည်ထောင်ကား
တောတောင်ရေမြေ
ဆက်စပ်ပြေပြစ် ခေတ်အဆက်ဆက်

မိတ်ဖက်ကြီးပြင်း
အိမ်နီးချင်းတည့်
ရင်းနှီးချစ်ခင်ခဲ့ကြသည်။

၎ ရာစုနှစ်
ADခေတ်၌
ဇာစ်မြစ်ဇာတိ သမိုင်းကြည့်သော်

မိဘဘိုးဘွား
ပြည်သူများသည်
စီချွမ်-ယူနန် မြန်မာ-အိန္ဒိယ
လမ်းမလျှောက်လှမ်း ကုန်ကူးသန်း၍
ရွှေလမ်းငွေလမ်း ဖောက်ခဲ့သည်။

(၄)

တရုတ်ပြည်ဘက်
ထန်မင်းဆက်နှစ် ထိုတစ်ခေတ်၌

ပျူခေတ်မင်းလှ
သုနန္ဒတို့ ဂီတသဘင်
ယဉ်ကျေးမှုတမန် ချန်အန်းမြို့ရောက်

ခွန်းထောက်ကခုန်
ရင်လှိုက်တုန်ကြောင်း
ဂုဏ်ပြုကဗျာ ရေးဖွဲ့စာစီ
တရုတ်စာဆို ‘ပိုင်ကျွီးယီ’။

(၅)

နိုင်ငံရေးစနစ်
ဖြစ်ရပ်မတူငြား
မြန်မာနိုင်ငံကား . . .

အခြားအခြား
နိုင်ငံများထက်
ရှေ့ဆုံးထွက်ရှု သိမှတ်ပြုခဲ့
‘တရုတ်ပြည်သူ့သမ္မတနိုင်ငံ’
မိတ်ဆွေမှန်တည့်။

၁၉၅၀
ဇွန်လ ၈ရက်
ပေကျင်းဘက်မှာ မြန်မာသံရုံး

ဇွန် ၂၈ရက်
ရန်ကုန်ချက်မြုပ် တရုတ်သံရုံး
ဦးဆုံးဖွင့်လှစ်
ကောင်းကျိုးဖြစ်ခဲ့

ချစ်ကြည်လက်ကမ်း
ငြိမ်းချမ်းစွာလျှင် အတူယှဉ်တွဲ
နေထိုင်ရဲရင့် အမြဲသင့်မြတ်
မူ(၅)ရပ်ဖြင့်
လူသားဂုဏ်ဒြပ် မြှင့်ခဲ့သည်။

(၆)

နိုင်ငံတကာ
မျက်နှာစာ၌ မြန်မာဘက်မှ
အမြဲရပ်တည် တရုတ်ပြည်။

One China Policy
တရုတ်ပြည်ဘက် လက်တွဲရပ်ခံ
မြန်မာနိုင်ငံ။

နိုင်ငံ့ရှေ့ဆောင်
ခေါင်းဆောင်ဟောင်းများ
ပူးပေါင်းစဉ်ဆက်
ဆောင်ရွက်မြတ်နိုး
ပြည်သူ့အကျိုးစီးပွါး အလေးထားခဲ့။

(၈)

ကျော်လွန်ခဲ့ရစ်
(၇၅)နှစ်ဝယ်
မြင်ကွင်းကျယ်ဖြင့်
ဆက်သွယ်ဆက်ဆံ နှစ်နိုင်ငံသည်

အပြန်အလှန်
ထောက်ခံအားပေး ဖွံ့ဖြိုးရေးတည့်
လေးစားယုံကြည် တန်းတူညီမျှ
တူစွအကျိုး သယ်ပိုးထမ်းရွက်
ဆောင်ကျဉ်းလျက်တည့်။

ယခုတစ်ဖန်
နှစ်နိုင်ငံကြား ခေါင်းဆောင်များ၏
ထိတွေ့ဆက်ဆံ ပြန်လှန်သွယ်ယှက်
အကျိုးဆက်ကြောင့်

‘ဘက်စုံ
မဟာဗျူဟာမြောက်
ပူးပေါင်းဆောင်ရွက်
မိတ်ဖက်ဆက်ဆံရေး’

ဆက်လက်တည်ငြိမ်
တိုးတက်ချိန် တည့်။

(၉)

မိမိရေမြေ
အခြေအနေနှင့် မသွေမစောင်း
လမ်းကြောင်းတစ်လျှောက်
လျှောက်လှမ်းတည်ကြည်
မြန်မာပြည်ကို . . .

တရုတ်ပြည်က
ပြတ်ပြတ်သားသား
အားပေးထောက်ခံ စေတနာမှန်ဖြင့်

ပြည်တွင်းငြိမ်းချမ်းရေး
အမျိုးသားပြန်လည်သင့်မြတ်ရေး
အားပေးထောက်ခံ စေတနာမှန်ဖြင့်

မြန်မာ့ဂုဏ်သိက္ခာ
ကာကွယ်စောင့်ရှောက်
မျိုးဂုဏ်မြောက်၍ ထွန်းတောက်အောင်မြင်
ဖြစ်စေချင်လှ တရုတ်ဆန္ဒ။

(၁၀)

နှစ်ဦးနှစ်ဖက်
ယုံကြည်ချက်ဖြင့်
လက်တွေ့ပူးပေါင်း အခွင့်ကောင်းချိန်

နှစ်ပေါင်းထောင်ချီ
ကြာမြင့်တည်ဆောက် ပေါက်ဖော်ဆွေမျိုး
သံယောဇဉ်ကြိုး သံစဉ်သစ်ပျိုး၍

ကံတူအကျိုးပေး
အေးအတူပူအမျှ မိတ္တဆွေသဟာ

တရုတ်-မြန်မာ
ကံကြမ္မာတူ
လူမှုအသိုက်အဝန်း
ရွှေလမ်းငွေလမ်း တစ်ခေတ်ဆန်းလျက်
လျှောက်လှမ်းကြဖို့ ဖောက်ကြစို့။

သီဟအောင်
25-12-2024


U Win Tin
Chief Editor
The Northern Light media
Myanmar

EV ကားတွေနဲ့ ပတ်သက်ပြီးဝပ်ရှော့လုပ်ငန်းလုပ်ရန်ဘွဲ့ရရှိသူများနဲ့ အခြေခံပညာအထက်တန်းအဆင့်ထိ ကျောင်းတက်ဖူးသူများတက်ရောက်လို့...
24/12/2024

EV ကားတွေနဲ့ ပတ်သက်ပြီး
ဝပ်ရှော့လုပ်ငန်းလုပ်ရန်
ဘွဲ့ရရှိသူများနဲ့ အခြေခံပညာအထက်တန်း
အဆင့်ထိ ကျောင်းတက်ဖူးသူများ
တက်ရောက်လို့ရမည့်သင်တန်း

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို တစ်ဆက်စပ်တည်း ပိတ်၊ပိတ်သောရက်များအတွက် စနေ တစ်ရက်ပြန်...
21/12/2024

အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များ၏ ကြားရက်များကို
တစ်ဆက်စပ်တည်း ပိတ်၊
ပိတ်သောရက်များအတွက် စနေ တစ်ရက်
ပြန်အစားထိုးရန် သတ်မှတ်ကြောင်းကြေညာ

နိုင်ငံတော်အစိုးရသည် အများပြည်သူနှင့်
နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာမှု
လွယ်ကူစေရန်နှင့် ရက်ရှည်အနားယူ
အပန်းဖြေနိုင်စေရန် အတွက်
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၅ ခုနှစ်၊
ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ်ရက်နှင့်
အများပြည်သူ အလုပ်ပိတ်ရက်များ၏
ကြားရက်များကို တစ်ဆက်စပ်တည်း
ပိတ်ပေးပြီး ပိတ်သောရက်များအတွက်
စနေ တစ်ရက် ပြန်အစားထိုးရန် သတ်မှတ်လိုက်သည်။

(က) ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်
(စနေနေ့)၊ ၂၉ ရက်(တနင်္ဂနွေနေ့)၊
၃၀ ရက်(ကရင်နှစ်သစ်ကူးနေ့)နှင့်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တို့ကြားရှိ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်၊
(ရုံးပိတ်ရက် ၅ ရက်)

( ခ) ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက်
(တပေါင်းလပြည့်နေ့)၊ ၁၅ ရက်(စနေနေ့)နှင့်
၁၆ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ
မတ်လ ၁၄ ရက်နှင့် တပေါင်းလပြည့်နေ့ ၏
ရှေ့တစ်ရက်ဖြစ်သည့် မတ်လ ၁၂ ရက်၊
(ရုံးပိတ်ရက် ၅ ရက်)

( ဂ) ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်
(စနေနေ့)၊ ၂ ရက်(တနင်္ဂနွေနေ့)နှင့် ၄ ရက်
(တန်ဆောင်မုန်းလပြည့်နေ့) တို့ကြားရှိ
နိုဝင်ဘာလ ၃ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

(ဃ) ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်
(ခရစ္စမတ်နေ့)၊ ၂၇ ရက်(စနေနေ့) နှင့်
၂၈ ရက်(တနင်္ဂနွေနေ့)တို့ကြားရှိ
ဒီဇင်ဘာလ ၂၆ ရက်၊ (ရုံးပိတ်ရက် ၄ ရက်)

ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးသည့်
ရုံးပိတ်ရက်ရှည်များ၏ ရှေ့လာမည့် အနီးဆုံး
စနေနေ့ တစ်ရက်စီကို

အစားထိုး ရုံးတက်ရက်များအဖြစ်
သတ်မှတ်မည်ဖြစ်ပြီး

ပထမ ရုံးပိတ်ရက် ၅ ရက် အတွက်
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊
စနေနေ့သည် အစားထိုးရုံးတက်ရက်
ဖြစ်သော်လည်း ယင်းနေ့သည်
လွတ်လပ်ရေးနေ့ ဖြစ်၍
ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊

ဒုတိယ ရုံးပိတ်ရက်ရှည် အတွက်
မတ်လ ၂၂ ရက်(စနေနေ့)နှင့်
မတ်လ ၂၉ ရက်(စနေနေ့)၊

တတိယ ရုံးပိတ် ရက်ရှည် အတွက်
နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊

စတုတ္ထ ရုံးပိတ်ရက်ရှည် အတွက်
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်
(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်များ
အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း
သိရှိရသည်။

“တရုတ်-မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကူးလူးဖလှယ်ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ”တရုတ်-မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှု...
14/12/2024

“တရုတ်-မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကူးလူးဖလှယ်ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ကျင်းပ”

တရုတ်-မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ကူးလူးဖလှယ်ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့၌ကျင်းပခဲ့ရာ အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သံမှူး Mr. Li Qianguo ၊ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ​​​ဒေါက်တာ​ကေသီ​ထွေး နှင့် ဒေသဆိုင်ရာ ပညာရေး၊ မီဒီယာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
မကြာသေးမီက “တရုတ်နှစ်သစ်ကူးနွေဉီးပွဲတော် - တရုတ်ပြည်သူများ၏ ရိုးရာနှစ်သစ်ကူးပွဲတော် ဂုဏ်ပြုကျင်းပသည့် လူမှုလှုပ်ရှားမှုများ” ၊ “ မြန်မာ့ရိုးရာနှစ်သစ်ကူး - အတာသင်္ကြန်” သည် ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ လူသားတစ်ရပ်လုံးအတူမျှဝေသော ယဉ်ကျေးမှုအမွေအနှစ်အနေဖြင့် အဆိုပါရိုးရာပွဲတော်နှစ်ခုကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာထည့်သွင်းနိုင်ခဲ့သောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခြင်းခံခဲ့ရပါသည်။ ဆွေးနွေးပွဲ၌ ကိုယ်စားလှယ်များက အထက်ပါ အောင်မြင်မှုအတွေ့အကြုံများကိုပေါင်းစပ်ပြီး နှစ်နိုင်ငံဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ၏ ထူးခြားမှု၊ ထိန်းသိမ်းကာကွယ်အသုံးပြုမှုနှင့် တရုတ်-မြန်မာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပူးပေါင်းဆောက်ရွက်မှု စသည့်အကြောင်းအရာဉ်များနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာကူးလူးဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

“မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်းMyanmar - China Culture Association”မြန်မာ-တရုတ်*ကဗျာတစ်ပုဒ် *စာ တစ်အုပ်ကျွန်ုပ်တို့ရေးမည်သ...
11/12/2024

“မြန်မာ-တရုတ် ယဉ်ကျေးမှုအသင်း
Myanmar - China Culture Association”

မြန်မာ-တရုတ်
*ကဗျာတစ်ပုဒ်
*စာ တစ်အုပ်

ကျွန်ုပ်တို့ရေးမည်
သစ္စာ တည်လျက် . . .

ပန်းချီ ဂီတ
သုခုမဖလင် ဇာတ်သဘင်နှင့်
ရုပ်ရှင် စာပေ ရိုးရာမွေနှစ်

ပို၍ ခေတ်မီ
ပို၍ ဖြစ်တည်
နှစ်ပြည့်တစ်ပြည်
ချစ်ကြည်လေးစား

ချောင်းကူးတံတားဖြစ်
ပေါင်းကူးတံတား သစ်
အလင်းခေတ်၏ အသင်းဖြစ်သည်
ကျွန်ုပ် တို့သည် . . . . . . . ။ ။

သီဟအောင်
(၈-၁၂-၂၀၂၄)

MNDAAအပစ်ရပ်၊နိုင်ငံမှ ခွဲထွက်ခြင်းပြုလုပ်မည်မဟုတ်၊လာရှိုးကိစ္စအပါအဝင် တွေ့ဆုံဆွေးနွေးရေးတရုတ်ကြားဝင်စေ့စပ်ကြိုးပမ်းမှုအော...
04/12/2024

MNDAAအပစ်ရပ်၊နိုင်ငံမှ ခွဲထွက်ခြင်းပြုလုပ်မည်မဟုတ်၊
လာရှိုးကိစ္စအပါအဝင် တွေ့ဆုံဆွေးနွေးရေး
တရုတ်ကြားဝင်စေ့စပ်ကြိုးပမ်းမှုအောက်တွင်
ပူပေါင်းဆောင်ရွက်သွားမည်ဟုထုတ်ပြန်

2024,ဒီဇင်ဘာ 4

စစ်ဘေးဒုက္ခဒဏ်ကို ပြင်းထန်စွာခံစားနေရသည့် အပြစ်မဲ့ပြည်သူလူထု၏ အကျိုးကို ငဲ့ညှာ ထောက်ထားရန်၊
တရုတ်-မြန်မာနယ်စပ် တည်ငြိမ်အေးချမ်းရေးကို ကာကွယ် ထိန်းသိမ်းရန်၊
ပြည်တွင်းစစ်ရေး ပဋိပက္ခတွေကို နိုင်ငံရေး နည်းလမ်းနှင့် ဖြေရှင်းနိုင်ရန် ၊
ဒေသတွင်းငြိမ်းချမ်းရေးကို လက်တွေ့ကျကျဖော်ဆောင်ရန် ဒီဇင်ဘာ ၃ ရက်နေ့မှ စတင်၍ ရောက်ရာနေရာ ကနေ MNDAA အနေဖြင့် အပစ်အခတ်ရပ်စဲသွားမှာ ဖြစ်ပြီး စစ်ကောင်စီ တပ်တွေကို အစပြုထိုးစစ်ဆင် တိုက်ခိုက်မည် မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံတော်အသစ်ထူထောင်ခြင်းကို ပြုလုပ်မည် မဟုတ်သလို နိုင်ငံတော်အချုပ်အခြာအာဏာနှင့်
နိုင်ငံပိုင်နယ်မြေ တည်တံ့ ခိုင်မြဲရေးကိုလည်း တစိုက်မတ်မတ် ထိန်းသိမ်းကာကွယ်သွားမည်ဖြစ်ကြောင်း ၊
MNDAA အနေဖြင့် တရုတ်၍ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအဝင် သက်ဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့်ဖြေရှင်းနိုင်ရန် မျှော်လင့်ပြီး တရုတ်၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ
၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

02/12/2024
(1)2017 Media Corporation Forum on Belt and Road,2017.9. 10-19BEIJING, GANSU၂၀၁၇ဆောင်းဦးမွန်၌တွမ်းဟန်(Dunhuang)မြို့ဆီကန...
23/11/2024

(1)

2017 Media Corporation Forum on
Belt and Road,2017.9. 10-19
BEIJING, GANSU

၂၀၁၇
ဆောင်းဦးမွန်၌
တွမ်းဟန်(Dunhuang)မြို့ဆီ
ကန်းစု(Gansu)ပြည်နယ်

မီဒီယာများ
ဖိတ်ကြားလေ့လာ
ကျွန်တော်လည်းပါ၏။

ရှေးသရောအခါ
ကမ္ဘာမခြား စည်းမတားဘဲ
လူသားမျိုးနွယ် အနယ်နယ်မှ
ကုန်သွယ်လာကြ
ပိုးလမ်းမ(Silk Road)၌

မြတ်ဗုဒ္ဓပေါ်ထွန်း
ဇာတ်တော်ညွှန်းသည့်
မော်ကွန်းစကား တစ်ဆင့်ကြားကို
ဆင့်ပွါးအတွေး ပြန်ကြားပေးခဲ့

ဆေးရေးပန်းချီ
ထောင်သောင်းချီလျက် တည်ရှိနေပုံ
ဂူလိုဏ်စုံကို ထိန်းသိမ်းဂုဏ်ပြု
ယဉ်ကျေးမှုတည့် . . . . .

ပြည်သူ့တရုတ်ပြည်
ဂုဏ်ရည်များရှင် ပေါ်လွင်ထင်ရှား
ဘိုးဘွားမွေနှစ် မစွန့်ပစ်ဘဲ
ချစ်ခင်မြတ်နိုး တန်ဖိုးမြှင့်ယူ
အတုယူစရာ ကောင်းလှပါ၍

မြန်မာပြည်သား ခရီးသွားတို့
ဘုရားဖူးရန် တွမ်းဟန်မြို့ဆီ
သွားလည်သင့်သည်ဟု

မီဒီယာဆင့်ပွါး
ပြောကြားခဲ့သည် ရေးခဲ့သည်။

(2)

Dialogue on China-ASEAN Cultural Heritage
FROM REVITALIZATION TO RESONANCE
2024.11.16-19 NANNING ,GUANGXI

Huashan Dialogue:
Seeking Harmony between Cultural Heritage
Preservation and Tourism Development
2024.11.18 Guangxi,CHINA

(Visit of China-ASEAN Media and
Think Tank Delegation)

၂၀၂၄ ခုနှစ်
နောက် (၇)နှစ်အကြာ
ယခု နိုဝင်ဘာ၌ ရိုးရာမွေနှစ်
အတူချစ်ဖို့ . . . . .

နန်နင်း(Nanning)မြို့တော်
ဖိတ်ခေါ်ညှိနှိုင်း စကားဝိုင်းတွင်
သမိုင်းပညာရှင်
စုပိုမင်(Su Bomin)
(Dean of the Dunhuang Academy)က

Mogao Grottoes
တန်ဖိုးကြီးမား ထိန်းသိမ်းထားပုံ
သမိုင်းဂုဏ်ကို ရုပ်ပုံကားချပ်
ပညာရပ်ဖြင့် မှတ်တမ်းတင်ပြ
ကြည့်ခွင့်ရရှိ ဝမ်းသာမိ။

ထိုမှတစ်ဖန်
လိုက်လံကြည့်ရှု
ယဉ်ကျေးမှု ခရီး

အနုပညာ
ဩဇာကြီးမား လူသားဂုဏ်မြောက်
ဟွာရှန် ကျောက်တောင်ပန်းချီ
(Haushan Rock Painting)

နှစ်ထောင်ချီ၍
ခေတ်မီနေပုံ ရင်လှိုက်ခုန်ခဲ့
ကခုန်ချင်စိတ် မမျိုသိပ်နိုင်

သိပ္ပံကြီးထွား
ခေတ်ကျော်လွှားလည်း
လူသားစင်စစ် လူ သာဖြစ်၏

ချစ်ခင်သနား ရိုးသားဖြူစင်
ယဉ်ကျေးမှုချင်း သတင်းဖလှယ်
မြင်ကွင်းကျယ်ခရီး

ကွမ်းရှီး(Quangxi)ဒေသ
ရောက်ခဲ့ရသည် ကခဲ့ကြသည်

တရုတ်ပြည်နှင့်
အာဆီယံသား မိတ်ဆွေများ
ကျန်းခန်သာ၍ မာစေသား ။ ။

WIN TIN
(Thiha Aung)
Myanmar
23-11-2024

Huashan Dialogue:Seeking Harmony between Cultural HeritagePreservation and Tourism Development2024.11.18  Guangxi,ChinaV...
19/11/2024

Huashan Dialogue:
Seeking Harmony between Cultural Heritage
Preservation and Tourism Development
2024.11.18 Guangxi,China

Visit of China-ASEAN Media and
Think Tank Delegation

“တရုတ်-အာဆီယံ
ဟွာရှန် ဒိုင်ယာလော့”

ကျွန်တော့်မျက်မြင်
ရှေ့တွင် တွေ့နေရ

ရှေးကလူသား
နှလုံးသားနှင့် လှုပ်ရှားကခုန်

ရုပ်စုံပန်းချီ ရေးစီခဲ့ရာ
မဟာကျောက်တောင် အံ့ဖွယ်ဆောင်လျက်

နောင်လာနောင်သား
မပစ်ထားဘဲ ဘိုးဘွားအမွေ
ရေရှည်ထိန်းသိမ်း ငြိမ်းချမ်းစေမည်

စိမ်းလန်းဝေစည်
တရုတ်ပြည်နှင့် အာဆီယံမှ
မီဒီယာရှင် ပညာရှင်တို့
ပျော်ရွှင်ခရီး ရင်းနှီးတွေ့ဆုံ

စကားလက်ဆုံ
တွေ့ကြုံဖလှယ် နယ်ပယ်နှစ်ခု

ယဉ်ကျေးမှုနှင့် ပြည်သူ့စီးပွါး
ခရီးသွားလုပ်ငန်း ကြိုးပမ်းတူယှဉ်
အောင်မြင်စေကြောင်း
ဉာဏ်သစ်လောင်းသည်

ရှေးဟောင်းမွေနှစ် နှောင်းလူချစ်၍
ကောင်းအတူဖြစ်ကြ စေရန်တည်း။ ။

Win Tin
Chief editor
Myanmar
18-11-2024

( တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေးရက်သတ္တပတ်လှုပ်ရှားမှု နှင့်4th China-Myanmar Media Twin City Forum 2024.11.11-15  YUNNAN...
16/11/2024

( တရုတ်-မြန်မာ
ယဉ်ကျေးမှုဖလှယ်ရေး
ရက်သတ္တပတ်လှုပ်ရှားမှု နှင့်
4th China-Myanmar Media Twin City Forum 2024.11.11-15 YUNNAN ) မှသည်

( Dialogue on China-ASEAN Cultural Heritage
FROM REVITALIZATION TO RESONANCE
2024.11.16-19 GUANGXI ) ဆီသို့

ယဉ်ကျေးချစ်ကြည်
သတင်းသည် ကား . . .

ပြည်မြန်မာမှ
ကဗျာတစ်ပုဒ် ပန်းတစ်ဆုပ်ဖြင့်
တရုတ်ပြည် ‘ယူနန်’
ရောက်ခဲ့ပြန်၏

တစ်ဖန် ‘ကွမ်ရှီး’ ခရီးစဉ်ဆက်
“တက်ကြွရှင်သန် ပဲ့တင်သံ” ဖြင့်
အာဆီယံ-တရုတ်
ဂုဏ်ပုဒ်မြတ်နိုး တန်ဖိုးထားအပ်
ထိန်းသိမ်းအပ်ပုံ

လူ့ဘုံယဉ်ကျေး
ဘေးဘိုးတည်ရစ် အမွေအနှစ်များ
ချစ်ခင်စုံမက် ဆက်လက်ဖြန့်ချီ
ခေတ်မီကွယ်ကာ နည်းပညာဖြင့်

လေ့လာမှုချင်း
ယဉ်ကျေးမှုချင်း
မြင်ကွင်းကျယ်ကျယ်
အမြင်ချင်းဖလှယ်သည်
ရင်ချင်းမကွယ် မဝေးပြီတည်း။

Thiha Aung
Chief editor

‘တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေးရက်သတ္တပတ်လှုပ်ရှားမှု နှင့်(၄)ကြိမ်မြောက် Twin City Media Forum( 11-15 November 2024,Kunm...
16/11/2024

‘တရုတ်-မြန်မာ
ယဉ်ကျေးမှုဖလှယ်ရေး
ရက်သတ္တပတ်လှုပ်ရှားမှု နှင့်
(၄)ကြိမ်မြောက် Twin City Media Forum
( 11-15 November 2024,Kunming,)

“ပြန်ကြားချစ်ကြည် ခရီးသည်များ”


ပျူခေတ်မှသည်
တရုတ်ပြည်သို့ ချစ်ကြည်ခရီး
ဗုံ,မောင်း,စည်း နှင့် ဆိုတီးကခုန်
ရုပ်စုံသဘင် လှသောရင်ဖြင့်

ယဉ်ကျေးမှုချင်း
မြင်ကွင်းဖလှယ်
နှောင်တွယ်ရစ်ပတ် မေတ္တာဓာတ်များ
မပြတ်စီးခိုင် ယနေ့တိုင်။

တရုတ်-မြန်မာ
နှစ်နိုင်ငံ ချစ်ခင် အစဉ်ရှေးရှု
ယဉ်ကျေးမှုသီတင်းပတ်
လည်ပတ်တူယှဉ် ခရီးစဉ်ခင်း

ကူမင်း ချူရှုံ ကခုန်မိတ်ဆက်
နှစ်သက်ကူးလူး ပန်းစုံဖူးပွင့်
ရင်နင့်အောင်မွှေး ပြန်ကြားရေးတည့်။

ဆွေးနွေးဖလှယ်
မြင်ကွင်းကျယ်ကို
ခင်တွယ်ဝေမျှ ထိုခဏအတွင်း

ပြည်သူချင်း ပြည်သူချင်း
(တရုတ်မြန်မာ ပြည်သူအချင်းချင်း)
ရင်းနှီးချစ်ခင် ပျော်ရွှင်ကြည်နူး
ဝတ်မှုံကူးပြီ . . .

ချီလေမှချီလေ
ဤမြေမှ ဟိုတောင်တန်း
ပန်းခင်းလက်လက်
တစ်လှမ်းချင်းတက်၍
လမ်းခင်းဆက်လက် လျှောက်ကြပြီ။

Thiha Aung
Chief editor
NorthernLight Media
Myanmar
(12-11-2024,Kunming)

သီဟအောင်(Northern Light)ဟိန်းလတ်(မောင်မောင်ဦး)ရဲမင်းဦး(Sky Net)ရဲမင်းစိုး(ဆွေမျိုးပေါက်ဖော်)တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ေ...
13/11/2024

သီဟအောင်(Northern Light)
ဟိန်းလတ်(မောင်မောင်ဦး)

ရဲမင်းဦး(Sky Net)
ရဲမင်းစိုး(ဆွေမျိုးပေါက်ဖော်)

တရုတ်-မြန်မာယဉ်ကျေးမှု
ဖလှယ်ရေးရက်သတ္တပတ်ပွဲတော်

Twin City
Media Forum
နွှဲပျော် . . . . . .

Kunming,Yunnan
12-11-2024

Myanmar Important  in China’s NeighborhoodDiplomacy (Chinese Premier)(1)မြန်မာ-တရုတ်ဝန်ကြီးချုပ်နှစ်ဦးဆောင်းဦးရာသီ ပြည်န...
10/11/2024

Myanmar Important in China’s Neighborhood
Diplomacy (Chinese Premier)

(1)

မြန်မာ-တရုတ်
ဝန်ကြီးချုပ်နှစ်ဦး

ဆောင်းဦးရာသီ ပြည်နယ်ယူနန်
မြို့ခံကူမင်း အိမ်နီးချင်း၌
ရင်းနှီးချစ်ခင် တွေ့ကြစဉ် . . .

“တရုတ်-မြန်မာ
နိုင်ငံညီနောင် တောတောင်ရေမြေ
ဆက်စပ်ပြေဆင်း အိမ်နီးချင်းတည့်

ရင်းနှီးချီးမြှောက် ဆွေမျိုးပေါက်ဖော်
လုပ်ဖော်ကိုင်ဘက် အလွန်နက်ရှိုင်း
ရီုင်းပင်းချစ်ကြည် ရှိကြသည်” ဟု
‘လီချန်’ပြောကြား ပဏာမစကား။

မိမိတို့နှစ်နိုင်ငံ
သံတမန်ပြု ဆက်ဆံမှုဖော်
နှစ်(၇၀)ကျော်အတွင်း
စိတ်ရင်းမှန်ကန် စေတနာမှန်ဖြင့်
အပြန်အလှန် လက်ခံဖေးမ
ကူညီခဲ့ကြ၏။

နှစ်ဦးနှစ်ဖက်
ဆက်ခံဆက်ဆံ အနေမှန်ခဲ့
နိုင်ငံတကာ ရေးရာပြောင်းလဲ
ဖောက်လွှဲမှုဒဏ် ကြံ့ကြံ့ခံကာ
တည်ငြိမ်စွာလျက် ရှေ့သို့ဆက်၍
တိုးတက်လာ၏ ဖွံ့ဖြိုး၏။

အထူးသဖြင့်
သမ္မတရှီကျင့်ဖျင် သမိုင်းဝင်ခရီး
လာရောက်ပြီးကာလ ၂၀၂၀မှစ၍ . . . .

အေး အတူတကွ
ပူအမျှ ဖြစ် အားမာန်သစ်လျက်
ခေတ်သစ်လူ့ဘောင် ထူထောင်နိုင်ရေး
နွေးထွေးသစ်ဆန်း
အခွင့်အလမ်းများ ပွင့်လန်းခဲ့သည်
နှစ်ပြည့်တစ်ပြည်။

မြန်မာနိုင်ငံနှင့်
ရာသက်ပန်နွေးထွေး
ဆက်ဆံရေးသည် တရုတ်ပြည်၏
ချစ်ကြည်ရင်းနှီး အိမ်နီးချင်းထံ
သံတမန်ရေး ဆက်ဆံရေး၏
အရေးပါသော ထိုသဘောထား
အစဉ်အမြဲထား၏။

မြန်မာနိုင်ငံ
ကိုယ့်အခြေခံနှင့် မှန်ကန်ကောင်းကျိုး
ဖွံ့ဖြိုးတိုးတက် ရွေးချယ်ချက်ကို
နှစ်သက်ထောက်ခံ တရုတ်နိုင်ငံတည့်။

တရုတ်-မြန်မာ
အပြန်အလှန် မှန်မှန်ကန်ကန်
နိုင်ငံရေးအားပြု ယုံကြည်မှုလျှင်
မပြတ်စဉ်ဆက် တိုးတက်ခိုင်မာ
ရှိလိုပါ၏။

တရုတ်-မြန်မာ
မဟာဗျူဟာမြောက်
တည်ဆောက်ပူးပေါင်း
အားကောင်းဆောင်ရွက်
နက်ရှိုင်းစေမှု ဆန္ဒပြု၏။

စိန်ခေါ်မှုလျှင်
တိုင်ပင်အတူ လက်တွဲကူရင်း
ဖြေရှင်းလိုသည့် ဆန္ဒရှိ၏။

နှစ်နိုင်ငံ၏
ကံတူအကျိုးပေး
အေးအတူ ပူအမျှ
အသိုက်အဝန်း ကြိုးပမ်းစုဝေး
တည်ဆောက်ရေးကို
မျှော်တွေးမြှင့်တက် လေးနက်ခိုင်မာ
ရှိစေလိုပါ၏။

နှစ်နိုင်ငံညီတူ
ပြည်သူများကို ပိုမိုကောင်းမွန်
သာလွန်အကျိုးရှု ဆန္ဒပြု၏။

မြန်မာနိုင်ငံ
ပြန်လည်ရင်ကြားစေ့ရေး
အသွင် ကူးပြောင်းရေး
နိုင်ငံရေးနည်းလမ်း မဆုတ်တမ်းဘဲ
ကြိုးပမ်းအားထုတ် ကောင်းကျိုးဟုတ်၍
တရုတ်နိုင်ငံကထောက်ခံ၏။

အရည်အသွေးမြင့်
ရပ်ဝန်းနှင့် ပိုးလမ်းမ
အတူတကွ ကူမျှတည်ဆောက်
မူဘောင်အောက်မှာ . . .

မြန်မာ-တရုတ်
အလုပ်ကြီးထွား စီးပွါးရေးစင်္ကြံ
မှန်မြန်ပြီးမြောက် တည်ဆောက်နိင်ရေး
အားပေးပါ၏ တိုက်တွန်း၏။

ပညာရေးနှင့်
ယဉ်ကျေးမှုနှစ်ပါး
ခရီးသွားကဏ္ဍ ဆက်ဆံပူးပေါင်း

ဒေသန္တရပေါင်းကူး
ကူးလူးဖလှယ်မှု အားပြုလက်ခံ

နှစ်နိုင်ငံနွေးထွေး
ချစ်ကြည်ရေး၏ ဘူမိနက်သန်
ပြည်သူ့ဆန္ဒ အခြေခံလွှာ
ခိုင်မာတည်တန့် တည်ဆောက်အံ့ဟု

နှစ်ဦးနှစ်ဖက်
ဘက်ပေါင်းစုံလှ
ကဏ္ဍအားလုံး စည်းလုံးညီညာ
အောင်ကြောင်းဖြာကြောင်း
ထပ်လောင်းကူပံ့ ဆောင်ရွက်အံ့ဟု

ကျယ်ပြန့်များပြား
ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်
ဘုံအကျိုးစီးပွါး ထိပါးမခံ
အားမာန်ကြံ့ကြံ့ ကာကွယ်အံ့ဟု . . .

(တရုတ်ဝန်ကြီးချုပ်)
‘လီချန့်’စကား
လက်ဆောင်ပါးသည်
သိကြားစေအပ် ကဗျာစပ်၍
မှတ်တမ်းမော်ကွန်း တင်ပါ၏။

(2)

မြန်မာ-တရုတ်
ဝန်ကြီးချုပ်နှစ်ဦး

ဆောင်းဦးရာသီ
ပြည်နယ် ယူနန်
မြို့ခံကူမင်း အိမ်နီးချင်း၌
ရင်းနှီးချစ်ခင် တွေ့ကြစဉ် . . .

“တရုတ်-မြန်မာ
ဆွေသဟာနှစ်ပြည် ညီအစ်ကိုရင်း
အိမ်နီးချင်းကောင်း စဉ်လာကောင်းကြောင်း
ကောင်းချီးဩဘာ ပဏာမစကား”
ဗိုလ်ချုပ်မှူးကြီး ပြောကြား၏။

“မိမိတို့နှစ်နိုင်ငံ
သံတမန်ရေး ဆက်ဆံရေးကာလ
ပထမခြေလှမ်း တစ်ခေတ်ဆန်းခဲ့

ငြိမ်းချမ်းကြည်ဖြူ
အတူယှဉ်တွဲ ခိုင်မြဲစိတ်ဓာတ်
မူ(၅)ရပ်ကို ထက်ချပ်မကွာ
လိုက်နာမသွေ ရေရှည်ဖွံ့ဖြိုး
အကျိုးရှိစွာ တိုးတက်လာ၏။

၂၀၂၀ကာလ
သမ္မတရှီကျင့်ဖျင်
ခရီးစဉ်သည် နှစ်ပြည်နွေးထွေး
ဆက်ဆံရေးကို

အေး အတူတကွ
ပူအမျှဖြစ် ခေတ်ရတနာ
ကံကြမ္မာတူ လူမှုအသိုက်အဝန်း
ပိုးထမ်းမြှင့်တင် သမိုင်းဝင်တည့်။

တရုတ်နိုင်ငံ
တစ်နိုင်ငံတည်း စုစည်းကျင်းပ
မူဝါဒအား လေးစားဖြောင့်ဖြောင့်
စောင့်စည်းခိုင်မာ လိုက်နာနေသည်
မြန်မာပြည်။

မြန်မာပြည်သူ့
လူမှုစီးပွါး ထွန်းကားဖွံ့ဖြိုး
တိုးတက်ရေးနှင့်

သဘာဝဘေး
ကျော်လွှားရေးအားမာန်
အဖိုးတန်ကူညီ တရုတ်ပြည်ပင်
အထူးကျေးဇူးတင်ပါ၏။

မြန်မာ့ငြိမ်းချမ်းရေး
ပြန်လည်သင့်မြတ်ရေးနှင့်

မြောက်ပိုင်းဒေသ
တည်ငြိမ်အေးချမ်းရေးရှေးရှု
အပြုသဘောဆောင်
စွမ်းဆောင်ကျန ကဏ္ဍအခန်း
ကြိုးပမ်းပါဝင် ကျေးဇူးတင်၏။

တရုတ်-မြန်မာ
နှစ်နိုင်ငံ၏ သံတမန်ခေတ်
(စိန်ရတုဖြစ်) လာမည့်နှစ်တွင်
ချစ်ကြည်မှုတိုး ဆွေမျိုးပေါက်ဖော်
နွှဲပျော်တူယှဉ် ပွဲသဘင်
ဆင်ယင်ကျင်းပ လိုပါ၏။

နှစ်ဦးနှစ်ဘက်
စီးပွါးဘက်၍ ဆက်လက်ကုန်သွယ်
ရောင်းဝယ်စီးဆင်း ရင်းနှီးမြှုပ်နှံ

သီးနှံစိုက်ပျိုး
ဆတိုးပြုစု အသက်မွေးမှုဖြင့်
ဆင်းရဲမှုလျှော့ချ ပြည်သူ့ဘဝမြှင့်
မျှော်လင့်နေပြီ တရုတ်ပြည် “ဟု

ချစ်ကြည်စကား
ပြည်သူ့ကိုယ်စား
လက်ဆောင်ပါးသည်
သိကြားစေအပ် ကဗျာစပ်၍
မှတ်တမ်းမော်ကွန်း တင်ပါ၏။


Thiha Aung
Northern Light Media
(6-11-2024)

Credit:
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန်တရုတ်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့
ကူမင်းမြို့၌ နိုဝင်ဘာ ၆ ရက်တွင် တွေ့ဆုံပြီးဆွေးနွေးဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ထားသည်ကို ခံစားဖွဲ့ဆိုထားခြင်းဖြစ်ပါသည်။

Myanmar Important  in China’s NeighborhoodDiplomacy (Chinese Premier)မြန်မာ-တရုတ်ဝန်ကြီးချုပ်နှစ်ဦးဆောင်းဦးရာသီ ပြည်နယ်ယ...
07/11/2024

Myanmar Important in China’s Neighborhood
Diplomacy (Chinese Premier)

မြန်မာ-တရုတ်
ဝန်ကြီးချုပ်နှစ်ဦး

ဆောင်းဦးရာသီ ပြည်နယ်ယူနန်
မြို့ခံကူမင်း အိမ်နီးချင်း၌
ရင်းနှီးချစ်ခင် တွေ့ကြစဉ် . . .

“တရုတ်-မြန်မာ
နိုင်ငံညီနောင် တောတောင်ရေမြေ
ဆက်စပ်ပြေဆင်း အိမ်နီးချင်းတည့်

ရင်းနှီးချီးမြှောက် ဆွေမျိုးပေါက်ဖော်
လုပ်ဖော်ကိုင်ဘက် အလွန်နက်ရှိုင်း
ရီုင်းပင်းချစ်ကြည် ရှိကြသည်” ဟု
‘လီချန်’ပြောကြား ပဏာမစကား။

မိမိတို့နှစ်နိုင်ငံ
သံတမန်ပြု ဆက်ဆံမှုဖော်
နှစ်(၇၀)ကျော်အတွင်း
စိတ်ရင်းမှန်ကန် စေတနာမှန်ဖြင့်
အပြန်အလှန် လက်ခံဖေးမ
ကူညီခဲ့ကြ၏။

နှစ်ဦးနှစ်ဖက်
ဆက်ခံဆက်ဆံ အနေမှန်ခဲ့
နိုင်ငံတကာ ရေးရာပြောင်းလဲ
ဖောက်လွှဲမှုဒဏ် ကြံ့ကြံ့ခံကာ
တည်ငြိမ်စွာလျက် ရှေ့သို့ဆက်၍
တိုးတက်လာ၏ ဖွံ့ဖြိုး၏။

အထူးသဖြင့်
သမ္မတရှီကျင့်ဖျင် သမိုင်းဝင်ခရီး
လာရောက်ပြီးကာလ ၂၀၂၀မှစ၍ . . . .

အေး အတူတကွ
ပူအမျှ ဖြစ် အားမာန်သစ်လျက်
ခေတ်သစ်လူ့ဘောင် ထူထောင်နိုင်ရေး
နွေးထွေးသစ်ဆန်း
အခွင့်အလမ်းများ ပွင့်လန်းခဲ့သည်
နှစ်ပြည့်တစ်ပြည်။

မြန်မာနိုင်ငံနှင့်
ရာသက်ပန်နွေးထွေး
ဆက်ဆံရေးသည် တရုတ်ပြည်၏
ချစ်ကြည်ရင်းနှီး အိမ်နီးချင်းထံ
သံတမန်ရေး ဆက်ဆံရေး၏
အရေးပါသော ထိုသဘောထား
အစဉ်အမြဲထား၏။

မြန်မာနိုင်ငံ
ကိုယ့်အခြေခံနှင့် မှန်ကန်ကောင်းကျိုး
ဖွံ့ဖြိုးတိုးတက် ရွေးချယ်ချက်ကို
နှစ်သက်ထောက်ခံ တရုတ်နိုင်ငံတည့်။

တရုတ်-မြန်မာ
အပြန်အလှန် မှန်မှန်ကန်ကန်
နိုင်ငံရေးအားပြု ယုံကြည်မှုလျှင်
မပြတ်စဉ်ဆက် တိုးတက်ခိုင်မာ
ရှိလိုပါ၏။

တရုတ်-မြန်မာ
မဟာဗျူဟာမြောက်
တည်ဆောက်ပူးပေါင်း
အားကောင်းဆောင်ရွက်
နက်ရှိုင်းစေမှု ဆန္ဒပြု၏။

စိန်ခေါ်မှုလျှင်
တိုင်ပင်အတူ လက်တွဲကူရင်း
ဖြေရှင်းလိုသည့် ဆန္ဒရှိ၏။

နှစ်နိုင်ငံ၏
ကံတူအကျိုးပေး
အေးအတူ ပူအမျှ
အသိုက်အဝန်း ကြိုးပမ်းစုဝေး
တည်ဆောက်ရေးကို
မျှော်တွေးမြှင့်တက် လေးနက်ခိုင်မာ
ရှိစေလိုပါ၏။

နှစ်နိုင်ငံညီတူ
ပြည်သူများကို ပိုမိုကောင်းမွန်
သာလွန်အကျိုးရှု ဆန္ဒပြု၏။

မြန်မာနိုင်ငံ
ပြန်လည်ရင်ကြားစေ့ရေး
အသွင် ကူးပြောင်းရေး
နိုင်ငံရေးနည်းလမ်း မဆုတ်တမ်းဘဲ
ကြိုးပမ်းအားထုတ် ကောင်းကျိုးဟုတ်၍
တရုတ်နိုင်ငံကထောက်ခံ၏။

အရည်အသွေးမြင့်
ရပ်ဝန်းနှင့် ပိုးလမ်းမ
အတူတကွ ကူမျှတည်ဆောက်
မူဘောင်အောက်မှာ . . .

မြန်မာ-တရုတ်
အလုပ်ကြီးထွား စီးပွါးရေးစင်္ကြံ
မှန်မြန်ပြီးမြောက် တည်ဆောက်နိင်ရေး
အားပေးပါ၏ တိုက်တွန်း၏။

ပညာရေးနှင့်
ယဉ်ကျေးမှုနှစ်ပါး
ခရီးသွားကဏ္ဍ ဆက်ဆံပူးပေါင်း

ဒေသန္တရပေါင်းကူး
ကူးလူးဖလှယ်မှု အားပြုလက်ခံ

နှစ်နိုင်ငံနွေးထွေး
ချစ်ကြည်ရေး၏ ဘူမိနက်သန်
ပြည်သူ့ဆန္ဒ အခြေခံလွှာ
ခိုင်မာတည်တန့် တည်ဆောက်အံ့ဟု

နှစ်ဦးနှစ်ဖက်
ဘက်ပေါင်းစုံလှ
ကဏ္ဍအားလုံး စည်းလုံးညီညာ
အောင်ကြောင်းဖြာကြောင်း
ထပ်လောင်းကူပံ့ ဆောင်ရွက်အံ့ဟု

ကျယ်ပြန့်များပြား
ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်
ဘုံအကျိုးစီးပွါး ထိပါးမခံ
အားမာန်ကြံ့ကြံ့ ကာကွယ်အံ့ဟု . . .

(တရုတ်ဝန်ကြီးချုပ်)
‘လီချန့်’စကား
လက်ဆောင်ပါးသည်
သိကြားစေအပ် ကဗျာစပ်၍
မှတ်တမ်းမော်ကွန်း တင်ပါ၏။


Thiha Aung
Northern Light Media
(6-11-2024)

(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဆွေးနွေး
ပြောကြားချက် ဆက်လက်ဖွဲ့ဆိုတင်ပြပါမည်)

Credit:
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (၈) ကြိမ်မြောက် ခေါင်းဆောင်များ အစည်းအဝေးတက်ရောက်ရန်တရုတ်နိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်
ကူမင်းမြို့၌ နိုဝင်ဘာ ၆ ရက်တွင် တွေ့ဆုံပြီးအောက်ပါအတိုင်းဆွေးနွေးဖလှယ်ခဲ့ကြကြောင်း
ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ထားသည်-

(1)

“တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်”

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေသော ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများ ဖြစ်သလို နက်ရှိုင်းသော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးလည်းရှိကြသည်။

သံတမန်ဆက်ဆံရေး ထူထောင်ပြီး နှစ်ပေါင်း (၇၀ )ကျော် ကာလအတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် စိတ်ရင်းစေတနာအမှန်ဖြင့် အပြန်အလှန် ဆက်ဆံခဲ့ကြသလို အပြန်အလှန်
ဖေးမကူညီခဲ့ကြသည်။

နှစ်ဦးနှစ်ဖက်ဆက်ဆံရေးသည် နိုင်ငံတကာအခြေအနေ အပြောင်းအလဲ၏ စမ်းသပ်မှုဒဏ်ကို ခံနိုင်ရည်ရှိကာ တည်ငြိမ်စွာ ရှေ့သို့ ဆက်လက် ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

အထူးသဖြင့်၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ သမ္မတ ရှီကျင့်ဖျင် သမိုင်းဝင်အလည်အပတ်ခရီးစဉ်လာရောက်ခဲ့ရာ တရုတ်-မြန်မာ ဆက်ဆံရေးသည် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၏ ခေတ်သစ်ကို ဝင်ရောက်ကာ အားမာန်သစ်များ ပွင့်လန်းခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေး
ဖွံ့ဖြိုးတိုးတက်ရေးကို တရုတ်နိုင်ငံ၏ အိမ်နီးချင်းသံတမန်ရေးဆက်ဆံရေး၏ အရေးပါသော နေရာတွင် အစဉ်အမြဲထားရှိသည်။

မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံ၏အခြေအနေများနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း ရွေးချယ်ခြင်းအပေါ် တရုတ်နိုင်ငံက အစဉ်အမြဲ ထောက်ခံသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ
-နိုင်ငံရေးအပြန်အလှန်ယုံကြည်မှု စဉ်ဆက်မပြတ် ခိုင်မာတိုးတက်စေရန်၊
-မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊
-စိန်ခေါ်မှုများကို အတူလက်တွဲ ကိုင်တွယ်ဖြေရှင်းရန်၊ -နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး နက်ရှိုင်းခိုင်မာလာအောင် မြှင့်တင်ဆောင်ရွက်ရန်၊
-နှစ်နိုင်ငံ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ဆန္ဒရှိသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ပြန်လည်ရင်ကြားစေ့ရေးနှင့် အသွင်ကူးပြောင်းရေးဖြစ်စဉ်အား တွန်းအားပေးသည့်အပေါ်
တရုတ်နိုင်ငံက ထောက်ခံသည်။

မြန်မာနိုင်ငံနှင့်အတူ အရည်အသွေးမြင့်
“ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူတည်ဆောက်ရေးမူဘောင်အောက်တွင် တရုတ်-မြန်မာ စီးပွါးရေးစင်္ကြံတည်ဆောက်မှုကို တည်ငြိမ်စွာ တွန်းအားပေး ဆောင်ရွက်သွားလိုသည်။

နှစ်ဦးနှစ်ဖက်အနေဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွား စသည့် ကဏ္ဍများ ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသန္တရကူးလူးဖလှယ်မှုများကို အားဖြည့်ဆောင်ရွက်ရမည် ဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပြည်သူ့ဆန္ဒအခြေခံကို ခိုင်မာအောင် တည်ဆောက်ရမည် ဖြစ်သည်။

အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု စသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို အတူတကွ တိုက်ဖျက်ကာ နှစ်နိုင်ငံပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံဝန်ထမ်းများ၊ အဖွဲ့အစည်း ဌာနများနှင့် စီမံကိန်းလုံခြုံရေးကို လက်တွေ့ အကာအကွယ်ပေးစေလိုသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ဘက်ပေါင်းစုံကဏ္ဍ၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ဆောင်ရွက်သွားရန် ဆန္ဒရှိသည်။

ကျယ်ပြန့်များပြားလှသည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ ဘုံအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်သည်။

(2)

“မြန်မာနိုင်ငံခေါင်းဆောင်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်”

မြန်မာ-တရုတ် နှစ်နိုင်ငံသည် ညီအစ်ကို
အရင်းအချာပမာ အစဉ်အလာ ချစ်ကြည်ရေး
ရှိကြသည့် အိမ်နီးချင်းကောင်းနိုင်ငံများ
ဖြစ်ကြသည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့သည့်အချိန်မှစ၍ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
မူကြီး (၅ )ရပ်၏ စိတ်ဓာတ်ကို အစဉ်အမြဲ လေးစားလိုက်နာခဲ့ရာ နှစ်ဖက်ဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့သည်။

၂၀၂၀ ပြည့်နှစ် သမ္မတ ရှီကျင့်ဖျင်၏ သမိုင်းဝင် မြန်မာနိုင်ငံ အလည်အပတ်ခရီးစဉ်သည် နှစ်နိုင်ငံ ဆက်ဆံရေးကို မြန်မာ-တရုတ် အေးအတူ ပူအမျှ အသိုက်အဝန်းအဖြစ်သို့ မြှင့်တင်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့်
တရုတ်တစ်နိုင်ငံတည်း မူဝါဒကို
အခိုင်အမာ စောင့်စည်းလိုက်နာမည် ဖြစ်သလို
ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြားမရသော
တစ်စိတ်တစ်ပိုင်းအဖြစ် ယူဆသည်။

မြန်မာနိုင်ငံ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု
နှင့် သဘာဝဘေးအန္တရာယ် ရင်ဆိုင်ဖြေရှင်းမှုတွင် တရုတ်နိုင်ငံက အဖိုးတန်သည့်အကူအညီများ
ပေးသည့်အပေါ် အထူးကျေးဇူးတင်ရှိသည်။

တရုတ်နိုင်ငံအနေဖြင့်
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံ မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်သည့်အပေါ် ကျေးဇူးတင်ရှိသည်။

မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ဝန်ထမ်းများ၊
အဖွဲ့အစည်းဌာနနှင့် စီမံကိန်း ဘေးကင်းလုံခြုံမှုရှိရေး အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်
လာမည့်နှစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် (၇၅) နှစ်ပြည့် နှစ်ပတ်လည်အခါသမယတွင် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားလိုသည်။

နှစ်ဦးနှစ်ဖက် ကုန်သွယ်စီးပွား၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊
ပြည်သူများ၏ အသက်မွေးမှု စသည့် နယ်ပယ်များ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် မြန်မာနိုင်ငံအနေဖြင့် မျှော်လင့်
သည်။

Address

No 118/1, Zabuthepyae Street, 14/3 Ward, South Okkalapa Township
Yangon

Website

Alerts

Be the first to know and let us send you an email when The Northern Light Media posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share