Myanmar Golden Buranchi Travels & Tours

Myanmar Golden Buranchi Travels & Tours If you are the nature-lovers, It's our pleasure to serve you with our bests !
(47)

ရှင်ပင်စက္ကိန်းတဲစေတီတော်
01/11/2023

ရှင်ပင်စက္ကိန်းတဲစေတီတော်

နဂါးပွက်တောင်တော် - မင်းဘူးမြို့
29/10/2023

နဂါးပွက်တောင်တော် - မင်းဘူးမြို့

မကွေးမြို့ မြသလွန်စေတီတော် 🙏🙏🙏သီချင်းလေးထဲကလိုပေါ့လေ ☺️မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ … 🎶သတိရနိုင်ပါပေ … 🎶အခွင...
28/10/2023

မကွေးမြို့ မြသလွန်စေတီတော် 🙏🙏🙏

သီချင်းလေးထဲကလိုပေါ့လေ ☺️

မကွေးမြို့စွန် မြသလွန်ကို အတူဖူးခဲ့တာတွေ … 🎶
သတိရနိုင်ပါပေ … 🎶
အခွင့်ရယ်သာတဲ့ တစ်နေ့မှာ အရောက်တော့လာခဲ့ဦးမည် … 🎶
ရွှေညာသူရေ … ကိုယ်လာရင် ကြိုမှာလားလို့လေ … 🎶

မွန်ပြည်နယ် ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး 🙏🙏🙏
27/10/2023

မွန်ပြည်နယ် ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး 🙏🙏🙏

သီတင်းကျွတ်အားလပ်ရက်မှာ ခရီးတွေသွားရင်း အနားယူအပန်းဖြေလို့ရမည့် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တည်ရှိတဲ့ Royal Hinthar ...
26/10/2023

သီတင်းကျွတ်အားလပ်ရက်မှာ ခရီးတွေသွားရင်း အနားယူအပန်းဖြေလို့ရမည့် မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တည်ရှိတဲ့ Royal Hinthar ဆိုတဲ့ Hotel လေး Reviews ပေးလိုက်ပါပြီ 🤘

မွန်တို့ဌာနီ ရာမတိုင်းဆီ လှမ်းခဲ့လိုက်တဲ့အခါ မော်လမြိုင်မြို့ကို အလည်အပတ်ရောက်ရှိလာခဲ့ပြီး စိတ်အပန်းဖြေအနားယူဖို့အတွက် Hotel ရွေးချယ်လိုက်တဲ့အခါ Royal Hinthar ဆိုတဲ့ Hotel ကို မင်မင်တို့ ရွေးချယ်တည်းခိုခဲ့ပါတယ်။

ကြီးမားတဲ့ ဟိုတယ်အဆောက်အဦးနဲ့အတူ ကျယ်ဝန်းတဲ့ကားပါကင်၊ စိတ်တိုင်းကျ ရှယ်အပန်းဖြေလို့ရမည့် Swimming Pool ၊ စိတ်မွန်းကြပ်မှုတွေကို ပြေပျောက်စေမည့် Landscaping Play Ground & Grass Land ၊ ပွဲတွေစီစဉ်လို့တဲ့ Ballroom & ရုံးသမားတွေအတွက်လည်း Meeting Room၊ ပျော်ချင်ပါးချင်ကဲချင်သေးတဲ့သူတွေအတွက်လည်း Roof Top Bar 🤩 အစရှိသည့် ဝန်ဆောင်မှုများစွာနဲ့ပြင်ဆင်စီစဉ်ပေးထားတဲ့ Good Recommend ပေးလို့ရတဲ့ Hotel တစ်လုံးပါဗျ 🏅

အခန်းတွင်း Facilities ကလည်း ပုံမှာပြထားတဲ့အတိုင်း သန့်ရှင်းသပ်ရပ်ပြီး သုံးထားသည့် ဟိုတယ်အသုံးအဆောင်အပြင်အဆင်တွေကလည်း ပေးရတဲ့နှုန်းနဲ့ ကိုက်ညီတဲ့ အကောင်းဆုံးဆိုတာတွေကို ပုံမှာလည်း ပြထားတဲ့အတွက် Review ကြည့်ချင်တဲ့ Customer များလည်း သေချာမြင်တွေ့ ရွေးချယ်နိုင်မှာဖြစ်ပါတယ် 🏢

Hotel ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးကလည်း ယဉ်ကျေးပျူဌာပြီး ကောင်းမွန်တဲ့အတွက် စိတ်ကျေနပ်မိပါတယ် 🥰

More Amenities
————————->

- 40” LCD TV
- Air Conditioning
- Refrigerator
- Phone
- Furniture
- Elevators
- Swimming Pool
- Restaurant
- Pool Bar
- Roof Top Bar
- Car Parking
- Dining Room
- King Size Meeting Room
- Queen Size Meeting Room
- Ball Room
- Professional Laundry Service
- Fire Alarm System
- 24 Hours Electricity & Wi-Fi

အခန်းခစျေးနှုန်းများမှာ
———————————->

Deluxe Twin Bed Room - 55,000 KS
Deluxe Double Bed Room - 55,000 KS
Deluxe Double Bed Room + Bathtub - 65,000 KS
Junior Suite Room - 120,000 KS
Premier Suite Room - 150,000 KS
Royal Suite Room - 180,000 KS

🏢 No. (73), Myo Shaung St, Myaynigone Ward, Mawlamyine.
📞 09 45555 9810 , 09 7723 95331
Email - [email protected]
www.royalhinthar.com.mm

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တည်ရှိတဲ့ ဆံတော်ရှင် ဦးဇိနစေတီတော် 🙏🙏🙏
24/10/2023

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တည်ရှိတဲ့ ဆံတော်ရှင် ဦးဇိနစေတီတော် 🙏🙏🙏

ဒီတစ်ခေါက်တော့ ဧရာဝတီတိုင်းရဲ့ ခရိုင်မြို့လေးဖြစ်တဲ့ ဟင်္သာတမြို့မှာ ရှိတဲ့ Shwe Mi Hotel လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မင်...
06/10/2023

ဒီတစ်ခေါက်တော့ ဧရာဝတီတိုင်းရဲ့ ခရိုင်မြို့လေးဖြစ်တဲ့ ဟင်္သာတမြို့မှာ ရှိတဲ့ Shwe Mi Hotel လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

မင်မင်တို့ လွန်ခဲ့တဲ့ ၁၀ စုနှစ် ဝန်းကျင် ဟင်္သာတမြို့ကို အလည်ရောက်တုန်းက ဟိုတယ်တည်းဖို့၊ ရွေးချယ်ဖို့တော်တော်အခက်အခဲဖြစ်ခဲ့ဘူးတယ်။ အခုတစ်ခေါက် ဟင်္သာတမြို့ကို အလည်အပတ်သွားရဖို့ ဖြစ်လာတော့ မြို့ခံသူငယ်ချင်းတွေကို တီးခေါက်ကြည့်တဲ့အခါ ဟိုတယ်တွေတော်တော်များများ ဟင်္သာတမြို့မှာ ရှိနေပြီတဲ့ အဲ့ထဲကမှ ကောင်းတဲ့ ဟိုတယ်တစ်ခု Booking လုပ်ပေးထားမယ်ဆိုတာနဲ့ မင်မင်တို့ ဟင်္သာတမြို့ကို ချီတက်ခဲ့ပါတော့သည်။ ဟင်္သာတမြို့ကို ရောက်တာနဲ့ ဟိုတယ်ကို တန်းဝင်ပြီး Check In လုပ်လိုက်ပြီး ဟိုတယ်အနေအထားကို Show လိုက်တာ … ဝိုး လုံးဝ Amazing 🤩 ရေလည် ရေလည်မိုက်တဲ့ Landscape အပြင်အဆင်တွေနဲ့ ဘန်ဂလို Type နှစ်ထပ်ဆောင် ခမ်းနားလှတဲ့ ဟိုတယ်တစ်ခုကို မြင်တွေ့လိုက်ရတာနဲ့ ခရီးအစမှာတင် အရမ်းကို စိတ်ချမ်းသာခဲ့ရပါပြီ 🥰
မွန်းကျပ်မှုတွေ အားလုံးပျောက်သွားစေမဲ့ Landscape အကျယ်အဝင်း၊ အပေါင်းအသင်းတွေ မိသားစုတွေနဲ့ ရှယ်အပန်းဖြေနိုင်မည့် ရေကူးကန်ကိုလည်း စီစဉ်ပေးထားတော့ လုံးဝက်ို Recommend ဖြစ်စေမဲ့ ဟိုတယ်တစ်လုံးအဖြစ်မြင်တွေ့ရပါတယ်။ အခန်း Facilities ကလည်း ကောင်းမွန်ပြီး Standard တစ်ခုအဖြစ်ရှိနေတာကို ပုံမှာ ပြထားတဲ့အတိုင်းမြင်တွေ့ရမှာဖြစ်ပါတယ် 🤩
- 24 Hours လျှပ်စစ်မီးနှင့် Wi-Fi Service ဝန်ဆောင်မှုပေးထားပါတယ်။
- မနက်စာကိုလည်း ဟင်္သာတမုန့်ဟင်းခါး (သို့) Set Menu လေးတစ်ခု ရွေးချယ် သုံးဆောင်နိုင်ရန် စီစဉ်ပေးထားပါတယ်။

ရွှေမိဟိုတယ်မှာ လာရောက်တည်းခိုဖို့ စိတ်ဝင်စားတယ်ဆိုရင် Hotline Number : 0̲9̲8̲9̲9̲8̲8̲8̲9̲2̲2̲, 0̲9̲7̲5̲8̲7̲0̲0̲0̲9̲1̲ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

အခန်းခစျေးနှုန်းများမှာ …….

- Superior twin/double - 40,000 kyats
- Superior extra - 45,000 kyats
- Deluxe - 55,000 kyats
- Triple - 60,000 kyats

လာပါအချစ်ရေ အနားယူမယ် ရေကူးမယ် 🥰Platinum Ten Mile Hotel —————————————>အေးအေးဆေးဆေး အနားယူလို့ရမဲ့နေရာတစ်ခု ✌️မြို့ပြနဲ့အ...
16/08/2023

လာပါအချစ်ရေ အနားယူမယ် ရေကူးမယ် 🥰

Platinum Ten Mile Hotel
—————————————>

အေးအေးဆေးဆေး အနားယူလို့ရမဲ့နေရာတစ်ခု ✌️
မြို့ပြနဲ့အဝေးမှာ မဟုတ်ပါဘူး ရန်ကုန်မြို့ထဲမှာပါဘဲ 🛖

- ဟိုတယ်အခန်းတွေက သန့်ရှင်းသပ်ရပ်ပြီး အသုံးပြုထားတဲ့ Facilities ကလည်း Standard ပြည့်မှီပါတယ်👍

- မနက်စာ Buffet ကလည်း အသင့်အတင့် ပြည့်စုံအောင် စီစဉ်ပေးထားတယ် 👌

- ဟိုတယ်ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုလည်း ကောင်းမွန်ပါတယ် 🤟

- အဓိကတော့ ရေကူးရင်း သက်တောင့်သက်တာ အနားယူနိုင်ပြီး Hotel အဆောက်အဦးနှစ်ခုကြားထဲက ဓာတ်ဖမ်းလို့ရတဲ့ ရေကူးကန်နဲ့ View ကတော့ ရှယ်မိုက် 🤩

အခန်းဈေးနှုန်းများ
——————————
Superior ( Twin/Double)
Day Used - 25,000 Ks ( 4 hour)
Whole Day - 35,000 Ks (9 AM - 6 PM)
Per Night - 45,000 Ks

Deluxe (Double) Attachment with Bathtub
Day Used - 30,000 Ks (4 hour)
Whole Day - 40,000 Ks (9 AM - 6 PM)
Per Night - 50,000 Ks
Family Room (Triple Bed)
Day Used - 35000ks(4 hours)
Whole day - 45000ks(9am to 6 pm)
Per Night - 60,000 Ks

Family Garden Room(with private garden)
Day Used - 40000ks(4 hours)
Whole day - 50000ks(9am to 6 pm)
Per night - 65000ks

whirlpool bath Room
Day used -40000(4hrs)
Whole day - 55000ks(9am to 6pm)
Night - 65000ks

whirlpool bath Garden
Day used - 50000(4hrs)
Whole day - 70000ks(9am to 6 pm)
Night - 85000ks

Extra Bed,Person - 20000ks
(night stay)
Extra Bed,Person - 15000ks
(day)

-

🏕️ No (887)Aung Zay Ti Kyaung St, Saw Bwar Gyi Kone Qtr,Insein Tsp, Yangon.

📞 09885773388, 013643282, 09777013418.
Reservation No - 09777013416.

ရန်ကုန်မြို့ရဲ့ အချက်အချာကျသည့်နေရာမှာ တည်ရှိပြီး ခေတ်မှီသစ်လွင်တဲ့ ဟိုတယ်အမိုက်စားတစ်ခုကို စျေးနှုန်းသက်သာစွာဖြင့် အပန်...
18/07/2023

ရန်ကုန်မြို့ရဲ့ အချက်အချာကျသည့်နေရာမှာ တည်ရှိပြီး ခေတ်မှီသစ်လွင်တဲ့ ဟိုတယ်အမိုက်စားတစ်ခုကို စျေးနှုန်းသက်သာစွာဖြင့် အပန်းဖြေတည်းခိုနိုင်မည့် Hotel Royal Vista

ဟိုတယ်တည်နေရာက ဖိုးစိန်လမ်းထဲမှာ တည်ရှိပြီး ကန်တော်ကြီးနဲ့အနီးဆုံးအကွာအဝေးမှာ ဖြစ်တဲ့အပြင် မြို့ထဲနဲ့လည်းနီး၊ အခြားအထင်ကရနေရာတွေတော်တော်များများကိုလည်း သွားလာရ လွယ်ကူတဲ့ နေရာမှာတည်ရှိပါတယ်။

ဟိုတယ်က ဖွင့်ထားတာ ၆ လ ဝန်းကျင်လောက်ဘဲရှိသေးတဲ့အတွက် စျေးနှုန်းကတော့ လက်ရှိအချိန်မှာ ပေးရတဲ့ငွေနဲ့ ကိုယ်ပြန်ရတဲ့ Facilities က တကယ်ကို တန်လွန်းနေပါတယ်။ အရမ်းကို အမိုက်စားဖြစ်တဲ့ ဟိုတယ်အသစ်ကြီးမှာ သင့်တင့်တဲ့ စျေးနှုန်းနဲ့ တည်းခိုနိုင်အောင် စီစဉ်ပေးထားတာကိုလည်း တွေ့ရပါတယ်။ ဟိုတယ် Reception ကနေစပြီး ခေတ်မှီတဲ့အပြင်အဆင် အသုံးအဆောင်တွေနဲ့ Hotel Decorations ကို တည်ဆောက်ထားတာတွေ့ရပြီး ဟိုတယ်အခန်းတွင်း အသုံးပြုထားတဲ့ ပစ္စည်းတွေ၊ Room Decorations တွေအားလုံးက နိုင်ငံခြားကို ရောက်သွားသလို ခေတ်မှီတဲ့ Touch System တွေ၊ ဟိုတယ်ခန်းသုံး ပစ္စည်းများကလည်း ဟိုတယ်အသစ်ကြိီးဖြစ်တဲ့အလျှောက် သန့်ရှင်းသပ်ရပ်ပြီး High Standard တစ်ခုအဖြစ် ပြင်ဆင်ထားသည်ကို မြင်တွေ့ရပါတယ်။

- ဟိုတယ်အခန်းထဲကနေ ရွှေတိဂုံစေတီတော်ကြီးကို လှမ်းမြင်ရပြီး ဖူးမျှော်နိုင်တဲ့ မြင်ကွင်း 🙏
- 9လွှာမှာ The Marion Rooftop Bar လည်းရှိပြီး Weekend Unplugged Day အစီအစဉ်တွေလည်း စီစဉ်ထားပါသည် 🎶
- အမိုက်စား စိတ်အပန်းဖြေစေနိုင်ဖို့အတွက် 10လွှာမှာ ပြင်ဆင်ပေးထားတဲ့ Infinity Pool 🏊🏻‍♀️

မနက်စာ Breakfast Buffet ပုံစံ စီစဉ်ပေးထားတာဖြစ်ပြီး၊ Hotel Restaurant မှာ သုံးဆောင်မှာယူနိုင်တဲ့ အစားအသောက်အပြင်အဆင်တွေကတော့ Traditional Food၊ Chinese Food၊ European တို့ကို Menu ထဲမှာ စီစဉ်ပေးထားကို တွေ့ရပါတယ်။

Customer’s Service ကတော့ ဂွတ်ရှယ်ဗျာ 💯 % အမှတ်ပေးခဲ့ပါပြီ။ Services အပိုင်းတွေမှာ ဝန်ထမ်းအသစ်လေးတွေလည်း မြင်တွေ့ရပြီး သူတို့သည်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားနေကြတာကို မင်မင်တို့ တွေ့ခဲ့ရပါတယ်။

အခန်းခစျေးနှုန်းတွေကတော့

🔺 Superior Room (2 pax) - 48,000Ks
🔺 Deluxe Room (2 pax) - 56,000Ks
🔺Junior Suite Double (2 pax) - 95,000Ks
🔺Suite Double (2 pax)- 130,000Ks
🔺Junior Suite Family (4 pax)-180,000Ks

Rooms Facilities
—————>
💯 Breakfast
💯 24 hrs electricity
💯 43" Smart TV
💯 Aircon
💯 Hot & Cold water
💯 Complementary Coffee & Water
💯 Electric Control Board
💯 High Speed Wifi
💯 Car Parking

🏢 No.28B,Phoesein Road, Tamwe Township, Yangon. Infront Of One Stop Mart

📞 +959-400979110 ,+959-763456345

(Infinity Pool Photo Crd - Hotel Royal Vista)

ဒီတစ်ခေါက်တော့ Luxury ဆန်တဲ့ အပြင်အဆင်နဲ့ ပြည့်စုံတာထက်ကို ပိုတယ်လို့ ခံစားရတဲ့ ဝန်ဆောင်မှုကို ရရှိစေမည့် Hotel တစ်ခုကို...
13/07/2023

ဒီတစ်ခေါက်တော့ Luxury ဆန်တဲ့ အပြင်အဆင်နဲ့ ပြည့်စုံတာထက်ကို ပိုတယ်လို့ ခံစားရတဲ့ ဝန်ဆောင်မှုကို ရရှိစေမည့် Hotel တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

Hotel Parami Yangon

မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်းမပေါ်၊ ရန်ကုန်မြို့ထဲ သွားလာရလွယ်ကူတဲ့ နေရာမှာ တည်ရှိသည့် Hotel တစ်ခုဖြစ်သည်။ ဟိုတယ်ထဲကို စဝင်လိုက်တာနဲ့ တန်ဖိုးကြီး ပန်းချီကားများနှင့် အနုပညာဆန်ဆန် အသုံးအဆောင်ပစ္စည်းတွေဖြင့် ဧည့်ခန်းကို ပြင်ဆင်ထားသည်။ သူငယ်ချင်းတို့လည်း ဓာတ်ဖမ်းဖို့အတွက် မမေ့ကြနဲ့နော်။ ဟိုတယ် Decorations ကလည်း အဆင့်တန်းမြင့်စွာ အနားယူအပန်းဖြေနိုင်စေမည့် လုံးဝအမိုက်စားဆိုတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။

အခန်းအပြင်အဆင်ကတော့ လုံးဝကို ပြောစရာမလိုလောက်အောင် Luxury ဆန်ပြီး တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေ၊ အကောင်းစားFurniture တွေနဲ့ အသုံးပြုထားတဲ့အတွက် သာမာန် ဟိုတယ်စျေးနှုန်းတွေထက် အနည်းငယ်များနေတယ်ဆိုပေမဲ့ ပေးထားတဲ့စျေးနဲ့တန်တယ်ဆိုတဲ့ ရလဒ်ကို ခံစားရစေပါတယ်။ (အခန်းတွင်း အပြင်အဆင်နဲ့အသုံးအဆောင် ပစ္စည်းတွေကိုလည်း ပုံတွေထည့်သွင်းပေးထားပါတယ်)

မနက်စာကတော့ buffet ပုံစံ ဖြစ်သည်၊ ပြည့်စုံတာထက်ကို ပိုပြီးပြည့်စုံတယ်လို့ထင်ရတဲ့ အပြင်အဆင်၊ အခင်းအကျင်း၊ စားချင်သည့်လိုအပ်ချက်အတိုင်း ပြည့်စုံစွာစီစဉ်ပေးထားပါသည်။ မင်မင်တို့ ဒီနှစ်ထဲ ဟိုတယ်တွေမှာ စားဖူးသမျှထဲမှာတော့ အကောင်းဆုံးနဲ့အပြည့်စုံဆုံးမနက်စာလို့ညွှန်းလိုက်ပါရစေ 😋 (မနက်စာ ပြင်ဆင်ထားသည့် အပြင်အဆင် မှတ်တမ်းတွေလည်း ဓာတ်ပုံရိုက်လာခဲ့ပါတယ်)

အပေါ်ဆုံးထပ်မှာ ရန်ကုန်မြို့ကို Rooftop ပေါ်ကနေ မြင်ရတဲ့ ရှုခင်း၊ Rooftop Swimming Pool ရေကူးကန်နှင့် ညနေ ၅နာရီကနေ ည ၁၂ အထိဖွင့်တဲ့ Piano Bar & Grill တို့ရှိတဲ့အတွက် တစ်နေရာတည်းနဲ့ ပြီးပြည့်စုံနေတာပေါ့ 🎊

အခန်းက စျေးနှုန်းများကတော့

Deluxe Room - 75,000
Premier Room - 86000
Premier Suite - 117,000
Executive Suite - 224,000

𝐅𝐨𝐫 𝐈𝐧𝐪𝐮𝐢𝐫𝐲
𝐂𝐨𝐧𝐭𝐚𝐜𝐭. :𝟎𝟗 𝟗𝟕𝟕𝟗 𝟓𝟓𝟓𝟓𝟓
𝐄𝐦𝐚𝐢𝐥. :𝐞𝐧𝐪𝐮𝐢𝐫𝐲@𝐡𝐨𝐭𝐞𝐥𝐩𝐚𝐫𝐚𝐦𝐢𝐲𝐠𝐧.𝐜𝐨𝐦
𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧. :𝐍𝐨.𝟐,𝐏𝐚𝐫𝐚𝐦𝐢 𝐑𝐨𝐚𝐝,
𝐌𝐚𝐲𝐚𝐧𝐠𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩,
𝐘𝐚𝐧𝐠𝐨𝐧.

At The Sea Hotel ငွေဆောင် ဟိုတယ်ဇုန် (၂) မှာ တည်ရှိတဲ့ At The Sea Hotel ⛱️ သင့်တင့်သော စျေးနှုန်းနဲ့ Sea View အလန်းစား ဘ...
26/05/2023

At The Sea Hotel

ငွေဆောင် ဟိုတယ်ဇုန် (၂) မှာ တည်ရှိတဲ့
At The Sea Hotel ⛱️

သင့်တင့်သော စျေးနှုန်းနဲ့ Sea View အလန်းစား
ဘန်ဂလိုပုံစံ၊ ပင်လယ်ကြီးနဲ့ အနီးဆုံးမှာ ရောက်ရှိနေသလို ခံစားမှုမျိုးနဲ့ တည်းခိုအနားယူအပန်းဖြေနိုင်မည့် ဟိုတယ်တစ်ခုဖြစ်သည် ။

ကမ်းခြေဧရိယာလည်း လူမရှုပ်ဘဲ Private ဆန်ဆန်
လွတ်လပ်စွာ အပန်းဖြေဖြတ်သန်းနိုင်မှာ အသေချာ 🤩

ဟိုတယ်ဝန်းတစ်ခုလုံးမှာ သီးသန့်ဆန်တဲ့ ဘန်ဂလို
Type အမျိုးအစားပုံစံ ၄ မျိုးလောက်ဖြင့် ဖွဲ့စည်း
တည်ဆောက်ထားပြီး ရေကူးကန်ရှေ့မှာလည်း
နှစ်ထပ်ဆောင် Garden View အခန်းများလည်း
ရှိပါသည် ။

အခန်းတွင်း အသုံးပြုထားသည့် Facility များ
လည်း အသုံးပြုရတာ အဆင်ပြေပြီး ဝန်ထမ်းတွေ ဆက်ဆံရေး
ကတော့ အလယ်အလတ် သင့်တင့်ကောင်းမွန်မှုရှိ
ပါသည်။ အစားအသောက်အပြင်ဆင်ကို Admin တို့
ကတော့ သဘောကျတယ်၊ Review မှာရေးချင်လို့
မှာယူစားသောက်ကြည့်တဲ့အခါမှာ သုံးဆောင်ရတာ
လုံးဝရှယ်အဆင်ပြေပါတယ် 😋 ။

Breakfast ကတော့ မြန်မာလူမျိုးအကြိုက်ပုံစံ
အစားအသောက်များဖြင့် ဦးစားပေးစီစဉ်ထားပြီး တရုတ်ဧည့်သည်အကြိုက် ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်
နှင့် European အတွက်ကတော့ ပေါင်မုန့် ကြက်ဥ
Set တွေလည်း စီစဉ်ပေးထားပါသည်။ ဘူဖေးဖြစ်တဲ့
အတွက် Juice & Coffee ကတော့ မပါမဖြစ်
ထည့်သွင်းပေးထားတာကို သုံးဆောင်နိုင်မှာ
ဖြစ်ပါသည်။

At The Sea မှာ ရရှိနိုင်တဲ့ ထူးခြားတဲ့ ဝန်ဆောင်မှု
တစ်ခုကတော့ ငွေဆောင်မှာရှိတဲ့ ဟိုတယ်အရေ
အတွက်တွေရဲ့ 90%မှာ မရရှိနိုင်တဲ့ ဝန်ဆောင်မှု
တစ်ခုကို At The Sea မှာရရှိနိုင်မှာ ဖြစ်ပါတယ် …

အဲ့တာကတော့ တိချစ်သူတွေအတွက် သတင်း
ကောင်းပါခင်ဗျာ 🤩

တိချစ်သူဧည့်သည်တွေအတွက် မိမိတို့ရဲ့ အချစ်
တော်လေးများနှင့်အတူတကွ At The Sea မှာ
တည်းခို နိုင်မှာဖြစ်ပါတယ် 🐶🐱🐒

အခန်းခစျေးနှုန်းများမှာ …….

𝗥𝗼𝗼𝗺 𝗣𝗿𝗶𝗰𝗲 📌
𝗦𝗲𝗮 𝗩𝗶𝗲𝘄 2𝗽𝗮𝘅 - 90000𝗺𝗺𝗸 (𝗕𝘂𝗻𝗴𝗮𝗹𝗼𝘄)
𝗣𝗮𝗿𝘁𝗶𝗮𝗹 𝗦𝗲𝗮 𝗩𝗶𝗲𝘄2𝗽𝗮𝘅- 80000𝗺𝗺𝗸(𝗕𝘂𝗻𝗴𝗮𝗹𝗼𝘄)
𝗚𝗮𝗿𝗱𝗲𝗻 𝗩𝗶𝗲𝘄 2𝗽𝗮𝘅 -60000𝗺𝗺𝗸
𝗚𝗮𝗿𝗱𝗲𝗻 𝗩𝗶𝗲𝘄 3𝗽𝗮𝘅 -80000𝗺𝗺𝗸
𝗚𝗮𝗿𝗱𝗲𝗻 𝗩𝗶𝗲𝘄 2𝗽𝗮𝘅 -70000𝗺𝗺𝗸(𝗕𝘂𝗻𝗴𝗮𝗹𝗼𝘄)
𝗦𝗲𝗮 𝗩𝗶𝗲𝘄 𝗙𝗮𝗺𝗶𝗹𝘆 6 𝗽𝗮𝘅 - 300000𝗺𝗺𝗸
𝗚𝗮𝗿𝗱𝗲𝗻 𝗩𝗶𝗲𝘄 𝗙𝗮𝗺𝗶𝗹𝘆 6 𝗽𝗮𝘅-200000𝗺𝗺𝗸
𝗘𝘃𝗲𝗿𝘆 𝗿𝗼𝗼𝗺𝘀 𝗲𝘅𝘁𝗿𝗮 𝗽𝗿𝗶𝗰𝗲 𝗶𝘀 30000𝗺𝗺𝗸
𝗔𝗹𝗹 𝗿𝗼𝗼𝗺𝘀 𝗮𝗿𝗲 𝗶𝗻𝗰𝗹𝘂𝗱𝗶𝗻𝗴 𝗯𝗿𝗲𝗮𝗸𝗳𝗮𝘀𝘁 & 𝗧𝗲𝗮 𝘁𝗶𝗺𝗲.
24𝗵𝗼𝘂𝗿𝘀 𝗪𝗶𝗳𝗶 .

🏝️4th Quater, Nyaung Hmaw Village, Ngwe Saung Beach, Pathein, Ayeyarwady Region, Myanmar.
📞 09441159700, 09441159800

ငွေဆောင်မှာ အနားယူဖို့ရွေးချယ်သင့်တဲ့ The Village Resort 🏡 ဟိုတယ်တည်ဆောက်ထားတဲ့ ပုံစံအနေအထားကL ပုံစံထောင့်ချိုးဖြစ်ပြီး ...
24/05/2023

ငွေဆောင်မှာ အနားယူဖို့ရွေးချယ်သင့်တဲ့
The Village Resort 🏡

ဟိုတယ်တည်ဆောက်ထားတဲ့ ပုံစံအနေအထားက
L ပုံစံထောင့်ချိုးဖြစ်ပြီး အခန်းအားလုံးနီးပါး Sea
Views ပုံစံတွေဖြစ်အောင် Idea မျိုးနဲ့တည်ဆောက်
ထားတယ်။

ကိုယ့်အခန်းရှေ့က ထွက်ကြည့်လိုက်တာနဲ့ ဟိုတယ် Landscape ကိုကျော်ပြီး ပင်လယ်ကြီးကို တန်းပြီး
မြင်တွေ့ရမဲ့ ခံစားမှုမျိုးရရှိစေပါတယ်။

အခန်းအတွင်းအပြင်အဆင်အားလုံး ကောင်းမွန်တဲ့ Standard တစ်ခုရှိပြီး ဟိုတယ်ဝန်ထမ်းတွေ ဆက်ဆံရေးလည်း ကောင်းမွန်ပါတယ် ။

Restaurant Bar လေးက ဝန်ဆောင်ကတော့
အထူးခြားဆုံးဘဲဗျာ လိုအပ်တာလေးတွေလည်း
အကုန်စီစဉ်ပေးတယ် 🤩

Spa ဝန်ဆောင်မှုကလည်း Good ရှယ်ဗျို့ ပင်ပန်း
ခဲ့သမျှ အကုန်ပျောက်ကင်းသွားစေရမယ်လို့
အာမခံတယ်။

မနက်စာ Breakfast အပြင်အဆင်ကတော့ ဘူဖေး
ပုံစံစီစဉ်ထားပြီး တရုတ်အစားအစာ၊ မြန်မာအစား
အစာ၊ European Breakfast၊ သစ်သီးစုံ၊ Juice & Coffee Set စီစဉ်ပေးထားပြီး အရသာလည်း
ပြည့်စုံကောင်းမွန်ပါတယ် 🤩

အထူးခြားဆုံးကတော့ ကျယ်ပြန်တဲ့ Landscaping
မြက်ခင်းပြင်ရဲ့ လွတ်လပ်မှုအရသာကို အကောင်းဆုံး
ခံစားရရှိစေတာရယ် … Swimming Pool ရဲ့ Luxury
ဆန်တဲ့ အပြင်အဆင်အနေအထားကနေတစ်ဆင့်
ပင်လယ်ရဲ့လှပတဲ့ ရှုခင်းကို တိုက်ရိုက်မြင်တွေ့ခံစားစေ
နိုင်မှာ ဖြစ်ပါတယ် 🎉

𝗙𝗮𝗰𝗶𝗹𝗶𝘁𝗶𝗲𝘀 များကတော့ …….

🏊 𝗜𝗻𝗳𝗶𝗻𝗶𝘁𝘆 𝗣𝗼𝗼𝗹
💡 𝟮𝟰 𝗵𝗿𝘀 𝗘𝗹𝗲𝗰𝘁𝗿𝗶𝗰𝗶𝘁𝘆
🆒 𝟭𝟴 𝗵𝗿𝘀 𝗔𝗶𝗿 𝗖𝗼𝗻𝗱𝗶𝘁𝗶𝗼𝗻𝗶𝗻𝗴 ( 𝗣𝗿𝗼𝘃𝗶𝗱𝗲𝗱 𝗯𝗲𝘁𝘄𝗲𝗲𝗻 𝟲 𝗣𝗠 𝘁𝗼 𝟵 𝗔𝗠 𝗮𝗻𝗱 𝟭 𝗣𝗠 𝘁𝗼 𝟰 𝗣𝗠 𝗮𝗻𝗱 𝗘𝗣𝗖 𝗣𝗹𝗮𝗻 𝗳𝗼𝗿 𝘁𝗵𝗲 𝗥𝗲𝘀𝘁)
📶 𝗪𝗶𝗳𝗶
🚮 𝗗𝗮𝗶𝗹𝘆 𝗥𝗼𝗼𝗺 𝗠𝗮𝗸𝗲 𝗨𝗽
🚗 𝗦𝗽𝗮𝗰𝗶𝗼𝘂𝘀 𝗖𝗮𝗿 𝗣𝗮𝗿𝗸 တို့ပါဝင်ပါသည်။

အခန်းခ စျေးနှုန်းများမှာ -
(February To June) Rate

Executive Suite - 250,000
Junior Suite - 180,000
Executive Seaview (Ground) - 125,000
Executive Seaview (Up) - 110,000
Seaview (Ground) - 110,000
Seaview (Up) - 100,000
Extra Bed - 40,000

🏖️ Myoma Streets, Ngwe Saung , Ayeyarwaddy Division.
📞 𝟬𝟵 𝟱𝟬𝟴𝟵 𝟯𝟱𝟭/ 𝟬𝟵 𝟮𝟱𝟰 𝟮𝟱𝟰 𝟯𝟰𝟱

Hotel Havana Hotel (North- Okkalapa)မြောက်ဥက္ကလာပမြို့နယ် မြောက်ဥက္ကလာပအဝိုင်းနားက ဥက္ကလာသီရိပန်းခြံဘေးလမ်းမှာတည်ရှိပြီး...
08/05/2023

Hotel Havana Hotel (North- Okkalapa)

မြောက်ဥက္ကလာပမြို့နယ် မြောက်ဥက္ကလာပအဝိုင်းနားက ဥက္ကလာသီရိပန်းခြံဘေးလမ်းမှာတည်ရှိပြီး ဟိုတယ်ဖွင့်ထားတာ တစ်လမပြည့်သေးပါဘူး။ ဟိုတယ်အသစ်ကြီးဖြစ်တဲ့အတွက် အပြင်အဆင်နဲ့ သန့်ရှင်းမှုကတော့ ပြောစရာမလိုအောင် အဆင်ပြေပါတယ်။ ဟိုတယ် အခန်းအနေအထားတွေကလည်း ကျယ်ဝန်းပြီး ဥက္ကလာသီရိပန်းခြံ Lake View ဖြစ်တဲ့အတွက် လေကောင်းလေသန့်ရရှိစေသည်။ ဟိုတယ်အခန်းထဲမှာသုံးထားတဲ့ ပစ္စည်းတွေကလည်း မွေ့ယာမှ အစ၊ သဘက်များလည်း သန့်ရှင်းသပ်ရပ်ကောင်းမွန်ပြီး Accessoriesနဲ့ Furniture တွေလည်း စုံလင်စွာ ထည့်သွင်းပေးထားပါသည်။ (မွေ့ယာအခင်းအကျင်းသပ်သပ်ရပ်ရပ်ဖြစ်စေဖို့အတွက်တော့ အကြံပြုပါတယ်၊ ရေချိုးခန်းပုံစံကတော့ အပေါ်တပိုင်း မှန်အနောက်အသုံးပြုထားတဲ့အတွက် အထဲက ဝါးတားတားတော့ မြင်ရတဲ့အတွက် 😅 မိသားစုတွေနဲ့ တည်းခိုမည်ဆိုပါက အနည်းငယ်အဆင်မပြေဖြစ်ပါမည်လို့ထင်ပါသည်)
မနက်စာ Breakfast ကို Rooftop မှာဘဲ ဘူဖေးပုံစံစီစဉ်ထားပြီး တရုတ်စာများ၊ ထမင်းကြော်၊ ကြာဆံကြော်နဲ့ အရည်သောက်တစ်မျိုး၊ ပေါင်မုန့်ကြက်ဥ၊ ကော်ဖီနဲ့ မြန်မာမုန့်အနည်းငယ် စီစဉ်ပေးထားပါသည်။ မနက်စာ သုံးဆောင်ရတဲ့ Rooftop ကနေ မြင်ရတဲ့ မနက်ခင်းရှု့ခင်းကတော့ လုံးဝလုံးဝ ဂွတ်ရှယ်ပါဘဲ ဥက္ကလာသီရိပန်းခြံနဲ့ရေကန်ကြီး၊ သဗ္ဗေညုပုထိုးတော်ကြီး (ရန်ကုန်) ကို လှမ်းမြင်လိုက်ရတာ ပုဂံရောက်သွားသလိုလို နယ်တစ်ခုခုကို အပန်းဖြေရောက်လာသလိုလို ခံစားမှုမျိုးဗျာ … ဓာတ်ဖမ်းခဲ့ကြဦးနော် 🙌

လုံခြုံရေး ဝန်ထမ်းတွေ၊ ဟိုတယ်ဝန်ထမ်းတွေ၊ Kitchen ဝန်ထမ်းတွေ အစရှိသည့် ဝန်ထမ်းတွေ ဆက်ဆံရေးအရမ်းကောင်းမွန်ပါတယ်၊

ကားပါကင်အတွက်ကတော့ ပူစရာမလိုဘူး ဟိုတယ်ဘေးနဲ့ Underground ကားပါကင်စီစဉ်ပေးထားပါသည်။

အပေါ်ဆုံးထပ် Rooftop မှာ XYNO ဆိုတဲ့ Unplugged Bar လေးရှိပြီး အစားအသောက်အပြင်အဆင်နဲ့ သုံးဆောင်ရတဲ့ အရသာတွေလည်း တကယ်ကို စားသောက်ရတဲ့ လုံးဝအဆင်ပြေပါတယ်။

အဓိကအကောင်းဆုံး Recommends ပေးချင်တာတော့ လက်ရှိအချိန်မှာ စျေးနှုန်းအသက်သာဆုံးနဲ့ ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ ဟိုတယ်အသစ်ကြီးကို တည်းခိုနိုင်တယ်ဆိုတာပါဘဲ 🤩

24 -Hours လျှပ်စစ်မီးနဲ့ Wifi Internet
24 -Hours Security ,
Buffet Breakfast ,
ရေပူ ၊ ရေအေး ,
TV , Mini Bar , ရေနွေးအိုး ၊ Hair Dryer
Safety Box

အခန်းစျေးနှူန်းတွေကတော့ .........
Standard Room _
Section (3 Hours ) - 18,000 Kyats
Day ( 9am to 5pm ) - 24,000 Kyats
Night ( 6pm to 9am ) - 27,000 Kyats (Including Breakfast )
24 Hours ( 1pm to 12 pm ) - 36,000 Kyats (Including Breakfast )
Superior Room _
24 Hours ( 1 pm to 12 pm )- 42,000 Kyats (Including Breakfast )

📞 +959 882 379933
+959 774 108945
🏢 အမှတ်(၇)၊ ဥက္ကလာသီရိ ( ၂ ) လမ်း၊ တိုးချဲ့ (ဃ) ရပ်ကွက်၊ မြေက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ (မြောက်ဥက္ကလာပအဝိုင်း အနီး)။

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏...
03/05/2023

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================
#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြ
ပါသည်။
#မူရင်းရေးသားသူအား လေးစားစွာဖြင့် credit ပေးပါသည်။
🙏🙏🙏🙏🙏
Photo Crd -

မြောက်ဥက္ကလာပအဝိုင်းနားက ဥက္ကလာသီရိပန်းခြံဘေးနားကလမ်းထဲမှာ တည်ရှိပြီး စျေးနှုန်းသင့်တင့် သက်သာပြီး ဝန်ဆောင်မှုကောင်း၊ ဝန...
25/04/2023

မြောက်ဥက္ကလာပအဝိုင်းနားက ဥက္ကလာသီရိပန်းခြံဘေးနားကလမ်းထဲမှာ တည်ရှိပြီး စျေးနှုန်းသင့်တင့် သက်သာပြီး ဝန်ဆောင်မှုကောင်း၊ ဝန်ထမ်းတွေ ဆက်ဆံမှုလည်း အမှတ်ပြည့်ပေးလို့ရတဲ့ Galaxy Hotel

ဟိုတယ်အခန်းခသက်သာတယ်ဆိုပြီး ဝန်ဆောင်မှုလည်း လုံးဝထင်မထားအောင် ကောင်းနေပြန်ရော၊
ဟိုတယ်ရဲ့ နှစ်ရှည်ဖွင့်ထားတဲ့ အတွေ့အကြုံကြောင့်လားတော့မသိဘူး အမြဲတမ်းအခန်းပြည့်နေတော့ ကြိုပြီးဖုန်းဆက်ဘိုကင်ယူထားဖို့တော့လိုတယ်နော်၊ မနက်စာ Breakfast ကလည်း ဘူဖေးစနစ်ဖြစ်ပြီး ပြည့်စုံကောင်းမွန်အောင် စီစဉ်ပေးထားပါတယ်။ ကားပါကင်နေရာအတွက်လည်း ပူစရာမလိုဘူး။ 24 Hour လျှပ်စစ်မီးနဲ့ Wifi စနစ် စီစဉ်ပေးထားပါသည်။

အခန်းခ စျေးနှုန်းတွေကတော့

🛏️ Twin bed / Double bed (24hours)

- $ 37,000

🛏️ Twin bed / Double bed (6PM - 12AM)

- $ 28,000

👉 ROOM INCLUDED👈
🍛 Breakfast
☕ Tea & Coffee Set up
💧 Complimentary Water
Bottles (Daily)
💻 Free Wi Fi
🛀 Hot & Cold Shower
(Bath tub - All rooms Type)🛀

💯 SERVICE 🙏
🍶 Minibar ( In The Room )
🍽️ 24 Hours Room Service
👩‍💻 24 Hours Front Desk
💁‍♀️ Laundry Service
(Between 8:30Am to 6:00Pm)

🏢 အမှတ် ( ၂က/ ၅က )၊ ဥက္ကလာသီရိ လမ်းသွယ်၊ (ဃ) တိုးချဲ့ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့၊ ရန်ကုန်မြို့။

📞 0973111118, 0973111119

လေဆိပ်နဲ့အနီးမှာရှိတဲ့ Myanmar Life Hotel အခန်းခစျေးနှုန်း အလယ်အလတ်ရှိပြီး ကျယ်ဝန်းတဲ့ဧရိယာမှာ တည်ဆောက်ထားတဲ့ Myanmar Li...
24/04/2023

လေဆိပ်နဲ့အနီးမှာရှိတဲ့ Myanmar Life Hotel

အခန်းခစျေးနှုန်း အလယ်အလတ်ရှိပြီး ကျယ်ဝန်းတဲ့ဧရိယာမှာ တည်ဆောက်ထားတဲ့ Myanmar Life Hotel

မွန်းကျပ်နေတဲ့စိတ်တွေကို အပန်းဖြေစေဖို့ နေရာကျယ်ဝန်းပြီး အသက်ရှူချောင်သလို ခံစားမှုမျိုးတွေကို ရရှိစေမယ်။ ရေကူးကန်လည်း ပါတယ်။ ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကလည်း ကောင်းမွန်ပြီး ရွေးချယ်စရာ အခန်းအနေအထား Type သုံးလေးငါးမျိုးရှိတယ်။ Hotel အဆောက်အဦးအသစ်အပေါ်ကအခန်းများ၊ ရေကူးကန်ရှေ့နှစ်ထပ်ဘန်ဂလို၊ Landscape ရှေ့ သီးသန့်ဘန်ဂလို၊ နဂိုဟိုတယ်အဆောက်အဦးအဟောင်းနှစ်ထပ်ဆောင်၊ ပန်းခြံ Landscape ရှေ့က နှစ်ထပ် Luxury Suite အဆောက်အဦးကြီးများ စသည်ဖြင့် ရွေးချယ်စရာ Room Type များပါတယ်။ 24 Hours လျှပ်စစ်မီးနဲ့ Wi-Fi ဝန်ဆောင်မှုပေးထားပါတယ်။
မနက်စာ Breakfast ကတော့ ဘူဖေးစနစ်စီစဉ်ပေးထားပြီး တရုတ်ခရီးသွား ဧည့်သည်တွေများတဲ့အတွက် ချက်ပြုတ်မှုစတိုင်ကတော့ အချိုဘက်ကို နည်းနည်းပိုပြီး စီစဉ်ထားတာတွေ့ရပါတယ်။

အခန်းခစျေးနှုန်းတွေကတော့

Standard room-43,000ks
Deluxe room- 50,000ks
Poolside room-55,000ks
Bungalow room- 55,000ks
Luxury Upper room-68,000ks
Luxury Lower room -60,000ks
Myanmar Life Suite- 89,000ks

🏢 No.41, Radio Station Road, Mingalardon Township, Yangon.

📞 09-5038271,09975126150

မြောက်ဥက္ကလာပ ကားဝင်းနဲ့အနီးဆုံးမှာ တည်ရှိပြီး Agoda ရဲ့ Gold Award နဲ့ Rating ကောင်းရရှိထားတဲ့ Holly Hotel လက်ရှိကာလမှာ...
23/04/2023

မြောက်ဥက္ကလာပ ကားဝင်းနဲ့အနီးဆုံးမှာ တည်ရှိပြီး Agoda ရဲ့ Gold Award နဲ့ Rating ကောင်းရရှိထားတဲ့ Holly Hotel

လက်ရှိကာလမှာ စျေးအသင့်တင့်များနေတယ်ဆိုပေမဲ့လည်း Hotel ဝန်ဆောင်မှု၊ အခန်းတွင်းအပြင်အဆင်၊ မနက်စာ စီစဉ်ထားမှုတွေက အရမ်းကို အဆင်ပြေတာကို တွေ့ရပါတယ် 🤩

အခန်းခစျေးနှုန်းတွေကတော့

*Deluxe Room (Single/Double) = 55,000 ks
*Corner Room (Single/Double) = 65,000 ks
*Premier Room (Single/Double)= 75,000 ks
Extra Bed = 25,000 ks

🏢 သီရိရတနာစျေးဝင်း၊ သုဓမ္မာလမ်း၊ အောင်မင်္ဂလာအဝေးပြေးအနီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📞 09 790988999

15 မိုင်ဘုရားလို့ လူသိများတဲ့ မဟာဆုတောင်းပြည့် အောင်သုခ ရွှေပြည်အေး မြတ်စွာဘုရားကြီး ————————————————————Covid 19 ကြောင်...
16/01/2023

15 မိုင်ဘုရားလို့ လူသိများတဲ့ မဟာဆုတောင်းပြည့် အောင်သုခ ရွှေပြည်အေး မြတ်စွာဘုရားကြီး
————————————————————

Covid 19 ကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် တိုက်ဆိုင် ဆုံသွားတဲ့ကာလတွေမှာ ခရီးသွားရာသီတွေ တိတ်ဆိတ်ခဲ့ရပြီး မွန်းကျပ်မှုတွေ၊ ခက်ခဲ အဆင်မပြေမှုတွေနဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအပေါင်း ဖြတ်သန်းနေကြရတာကို မြင်တွေ့ရပါတယ်။ ထို့ကြောင့် လတ်တလော အိမ်မှာနေရင်း Online ပေါ်မှ မြင်တွေ့ခံစား ကြည့်ရှု့အပန်းဖြေနိုင်ရင် ကျွန်တော်တို့ Myanmar Golden Buranchi Travels & Tours မှ မကြာခင် လပိုင်းအတွင်းမှ သွားရောက်၍ မှတ်တမ်းရိုက်ယူထားသော မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအချို့နှင့် အထင်ကရ စေတီပုထိုးများ၊ အပန်းဖြေနေရာများကို မြင်တွေ့ ခံစားနိုင်ရန် တင်ဆက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဓမ္မရံကြီးဘုရားဓမ္မရံကြီးလိုဏ်ဂူတော်ကြီးသည် ထုထည်အားဖြင့် ပုဂံတွင် အကြီးမားဆုံးဖြစ်သည်။ ဓမ္မရံကြီးဘုရားကို နရသူမင်းသည် (...
02/01/2023

ဓမ္မရံကြီးဘုရား

ဓမ္မရံကြီးလိုဏ်ဂူတော်ကြီးသည် ထုထည်အားဖြင့် ပုဂံတွင် အကြီးမားဆုံးဖြစ်သည်။ ဓမ္မရံကြီးဘုရားကို နရသူမင်းသည် (၁၁၆၃/၁၁၆၅) သုံးနှစ်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ပန္နက်ပုံစံသည် အာနန္ဒာဘုရား လိုဏ်ဂူဘုရားကြီးပန္နက်ပုံစံနှင့်ဆင်တူသည် အာနန္ဒာဘုရားကဲ့သို့ပင်အာရုံခံလေးဘက်နှင့် စင်္ကြံပတ်လမ်းနှစ်လမ်းဖြင့် တည်ဆောက်ထားသည်။ သို့ရာတွင် အတွင်းစကြံင်္ ပတ်လမ်းကို ဝင်ပေါက်များ ပြတင်းပေါက်များ ရောင်လင်းများမကျန် တည်ဆောက်ပြီးမှပြန်ပိတ်ထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ မည်သည့်အကြောင်းကြောင့် ပိတ်ကြောင်းအထောက်အထား မတွေ့ရသေးပေ ဓမ္မရံကြီးဘုရားမှာ အဝေးမှကြည့်လျှင် ပိရမစ်ပုံစံနှင့်ဆင်တူနေလေ၏ အောက်ခြေမှထိပ်အထိ မျဉ်းတစ်ဖြောင့်တန်းဖြစ်ပြီး အလင်းအမှောင်ပေါ်လွင်နေပါသည်။ ထောင့်များတွင် ကျင်တွယ်ပုံကျောက်များကို ပိုမိုခိုင်မာအောင် ထည့်သွင်းပြီး ပေါင်းကူးများကို သဲကျောက်ဖြင့်ညှပ်စီထားသည်။
———————————————

Covid 19 ကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် တိုက်ဆိုင် ဆုံသွားတဲ့ကာလတွေမှာ ခရီးသွားရာသီတွေ တိတ်ဆိတ်ခဲ့ရပြီး မွန်းကျပ်မှုတွေ၊ ခက်ခဲ အဆင်မပြေမှုတွေနဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအပေါင်း ဖြတ်သန်းနေကြရတာကို မြင်တွေ့ရပါတယ်။ ထို့ကြောင့် လတ်တလော အိမ်မှာနေရင်း Online ပေါ်မှ မြင်တွေ့ခံစား ကြည့်ရှု့အပန်းဖြေနိုင်ရင် ကျွန်တော်တို့ Myanmar Golden Buranchi Travels & Tours မှ မကြာခင် လပိုင်းအတွင်းမှ သွားရောက်၍ မှတ်တမ်းရိုက်ယူထားသော မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအချို့နှင့် အထင်ကရ စေတီပုထိုးများ၊ အပန်းဖြေနေရာများကို မြင်တွေ့ ခံစားနိုင်ရန် တင်ဆက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မိတ်ဆွေ Customers များ …….ဧည့်သည်တော်များအားလုံး …….Happy New Year မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ...
01/01/2023

မိတ်ဆွေ Customers များ …….
ဧည့်သည်တော်များအားလုံး …….
Happy New Year မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေလို့ ... ❤️🤩
ကျနော်တို့ Myanmar Golden Buranchi Travels & Tours မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ 😁💜

မနူဟာဘုရား          သထုံပြည့်ရှင် မနူဟာမင်းသည် ခရစ်နှစ်(၁၀၅၉)ခုနှစ်တွင် အနော်ရထားမင်း၏ စစ်သုံ့ပန်းအဖြစ် အကျဉ်းချခံရစဉ်က ...
16/12/2022

မနူဟာဘုရား
သထုံပြည့်ရှင် မနူဟာမင်းသည် ခရစ်နှစ်(၁၀၅၉)ခုနှစ်တွင် အနော်ရထားမင်း၏ စစ်သုံ့ပန်းအဖြစ် အကျဉ်းချခံရစဉ်က တည်ထားခဲ့ခြင်းဖြစ်သည်။ ကုလားကျောင်းခံဖြစ်ပြီး ပစ္စယာများအပေါ်တွင် ဗောဓိပက္ခိယတရား (၃၇)ပါးကိုသရုပ်ဖော်ကာ စေတီငယ်(၃၇)ဆူကို တည်ထားသည်။ ဂူဘုရားအလယ်တွင် ထိုင်တော်မူဆင်းတုကြီးတစ်ဆူနှင့် ဘေးတစ်ဘက်တစ်ချက်တွင် ဆငါးတုအလတ်တစ်ဆူစီရှိပြီး အနောက်ဘက်တွင် ပရိနိဗ္ဗာန်စံတော်မူဟန် ရှင်ပင်သာလျောင်း တစ်ဆူတည်ထားသည်။ ဆင်းတုတော်များမှာ လိုဏ်ဂူတော်နှင့်ဥာဏ်တော်အချိုးအစားမမျှ ပြည့်ကြပ်လျက်ရှိပြီး တည်ဆောက်သူ ဒါယိကာမင်း၏ စိတ်ခံစားချက်ကို သရုပ်ဖော် တည်ဆောက်ထားဟန်ရှိပါသည်။

Manuuha Temple
Manuha temple was built by Munuha, the capital king of Thaton, in (1059) A.D. It is a reduplicated square structure with a battlement terrace, the upper story being smaller than the lower, (37) small Zedi were construct on the terrace. It contains three images of seated Buddhas and a recumbent image of gigantic proportion representing the Buddha in the act of entering Nirvana. The temple is an allegorical representation of the physical discomfort and mental distress the captive king had to endure. The builder’s grievance is graphically demonstrated by the uncomfortably seated and sleeping Buddhas.
--------------------------------------------------

Covid 19 ကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် တိုက်ဆိုင် ဆုံသွားတဲ့ကာလတွေမှာ ခရီးသွားရာသီတွေ တိတ်ဆိတ်ခဲ့ရပြီး မွန်းကျပ်မှုတွေ၊ ခက်ခဲ အဆင်မပြေမှုတွေနဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအပေါင်း ဖြတ်သန်းနေကြရတာကို မြင်တွေ့ရပါတယ်။ ထို့ကြောင့် လတ်တလော အိမ်မှာနေရင်း Online ပေါ်မှ မြင်တွေ့ခံစား ကြည့်ရှု့အပန်းဖြေနိုင်ရင် ကျွန်တော်တို့ Myanmar Golden Buranchi Travels & Tours မှ မကြာခင် လပိုင်းအတွင်းမှ သွားရောက်၍ မှတ်တမ်းရိုက်ယူထားသော မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအချို့နှင့် အထင်ကရ စေတီပုထိုးများ၊ အပန်းဖြေနေရာများကို မြင်တွေ့ ခံစားနိုင်ရန် တင်ဆက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Covid 19 ကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် တိုက်ဆိုင် ဆုံသွားတဲ့ကာလတွေမှာ ခရီးသွားရာသီတွေ တိတ်ဆိတ်ခဲ့ရပြီး မွန်...
04/12/2022

Covid 19 ကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် တိုက်ဆိုင် ဆုံသွားတဲ့ကာလတွေမှာ ခရီးသွားရာသီတွေ တိတ်ဆိတ်ခဲ့ရပြီး မွန်းကျပ်မှုတွေ၊ ခက်ခဲ အဆင်မပြေမှုတွေနဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအပေါင်း ဖြတ်သန်းနေကြရတာကို မြင်တွေ့ရပါတယ်။ ထို့ကြောင့် လတ်တလော အိမ်မှာနေရင်း Online ပေါ်မှ မြင်တွေ့ခံစား ကြည့်ရှု့အပန်းဖြေနိုင်ရင် ကျွန်တော်တို့ Myanmar Golden Buranchi Travels & Tours မှ မကြာခင် လပိုင်းအတွင်းမှ သွားရောက်၍ မှတ်တမ်းရိုက်ယူထားသော မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအချို့နှင့် အထင်ကရ စေတီပုထိုးများ၊ အပန်းဖြေနေရာများကို မြင်တွေ့ ခံစားနိုင်ရန် တင်ဆက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Covid 19 ကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် ဆုံသွားတဲ့ကာလတွေမှာ ခရီးသွားရာသီတွေ တိတ်ဆိတ်ခဲ့ရပြီး မွန်းကျပ်မှုတွေ...
25/10/2022

Covid 19 ကြောင့်ရယ်၊ နိုင်ငံရေးအခြေအနေတွေကြောင့်ရယ် ဆုံသွားတဲ့ကာလတွေမှာ ခရီးသွားရာသီတွေ တိတ်ဆိတ်ခဲ့ရပြီး မွန်းကျပ်မှုတွေနဲ့ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသားအပေါင်းဖြတ်သန်းနေရတာကို မြင်တွေ့ရပါတယ်။ လတ်တလော အိမ်မှာနေရင်း Online ပေါ်မှ မြင်တွေ့ခံစား ကြည့်ရှု့အပန်းဖြေနိုင်ရင် ကျွန်တော်တို့ Myanmar Golden Buranchi Travels & Tours မှ မကြာခင် လပိုင်းအတွင်းမှ မှတ်တမ်းယူထားသော မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသအချို့နှင့် အထင်ကရ စေတီပုထိုးများ၊ အပန်းဖြေနေရာများကို မြင်တွေ့ ခံစားနိုင်ရန် တင်ဆက်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Address

Yangon
11081

Alerts

Be the first to know and let us send you an email when Myanmar Golden Buranchi Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Golden Buranchi Travels & Tours:

Share