21/11/2023
US Visa UK Visa လိုမျိုး အမှားအယွင်း မခံ တဲ့ Visa လျှောက်မယ်ဆိုရင် ဘာတွေ သတိထားရမလဲ
၁- လျှောက်ထားသူ အနေဖြင့် Visa မတင်ခင် Draft Form (Semi-Final) ဖြည့်ထားတဲ့ မိမိ နဲ့ မိမိ မိသားစု Form အကြမ်း (ပြည့်စုံလုနီးပါး ဖြည့်ထားတဲ့ ဖောင်) ကို ဖြည့်ပေးတဲ့ Agent ကနေ ယူပြီး သေချာစီစစ် ရပါမယ်။
ငွေပေး ထားတာ ပဲ သူတို့ တာဝန်ရှိတယ် ဆိုပြီး မလုပ်ပါနဲ့ Agent က ဝန်ထမ်းတွေဆိုတာ ညနေ ၅ နာရီ ထိုးပြီ ဆိုရင် အိမ်ပြန်ဖို့ က ပို အရေးကြီး တာ မို့ မိမိ Form တစ်ခုခု မှားရင် သူတို့က Sorry ပါပဲ ပြော မှာပါ။ ကိုယ်က ဘာမှ ပြင်မရတော့ပါဘူး ။
ဒါကြောင့်
(က) မိမိ မိသားစု နာမည်များ
(ခ) မိမိ ပညာအရည်ချင်း
(ဂ) မိမိ အလုပ်အကိုင်
(ဃ) အိမ်ထောင် ရှိ မရှိ စသဖြင့် ကို ပါ သေချာ စီစစ်ပါ။
၂- မိမိ ရဲ့ ငွေ ကြေး အဝင် အထွက်၊ ပိုင်ဆိုင် မှု၊ ဘဏ်စာရင်း နဲ့ သွားရောက်မယ့်ကုန်ကျစရိတ် တွက်ချက် မှု
၃- မိမိ Booking တင်ထားတဲ့ ဟိုတယ် confirmed ဖြစ် မဖြစ် ၊ မိမိ ထို နိုင်ငံကို ဝင်ရောက်မယ့် ရက် စသည်တို့ပါ။
ဒါတွေကို Visa Form ဖြည့်တဲ့ Agent တွေက ပေါက်ကရ ဖြည့်ပြီး မိမိကို မပြဘဲ တင်လိုက်မယ် ဆို မိမိရဲ့ Visa Approved ဖြစ်နိုင် မှု အခြေအနေ က ပြောင်းပြန် ဖြစ်သွားနိုင်ပါတယ် ။
ဖြစ်နိုင်ရင် မိမိ ရဲ့ Visa Form Copy ကို ရနိုင်သမျှ သိမ်းထားဖို့လည်းလိုပါတယ်။ တစ်နေ့ ပြန် အသုံးဝင် မှာမို့ Agent ဆီ ကနေ မရ မက ပြန်တောင်းထားပါ။
ပေါ့ပေါ့ ဆဆ မတင်ကြပါနဲ့ လို့ တိုက်တွန်းပါရစေ