Asia Myanmar Travel & Tours Sdn Bhd

Asia Myanmar Travel & Tours Sdn Bhd AirAsia , M.A.S(Malaysia Airline) Marlindo & M.A.I (Myanmar Airway Int)ေလယဥ္လက္မ?
(1)

22/07/2024
18/06/2024
23/05/2024

#နိုင်ငံရပ်ခြားခရီးတစ်ခုသွားရာတွင့်_သင့်ရဲ့ကြင်နာသနားစိတ်ကို အိမ်မှာ ခဏထားခဲ့ပါ
လေယာဥ်ပေါ်မှာ သတိထားစရာ
================================

လေယာဥ်နဲ့ ခရီးတွေ အမြောက်အမြားထွက်ရင် ကပ်လျက်ထိုင်ခုံက ခရီးသွားမိတ်ဆွေရဲ့ ဖော်ရွေမှုကို အထူး (အထူး) သတိထားပါ။

လေယာဥ်ပေါ်မှာ ကျွန်မထက်အသက်ကြီးတဲ့ အမျိုးသမီးတစ်ယောက် ရောက်လာပြီး ဘေးခုံမှာဝင်ထိုင်လိုက်တယ်။ ဦးခေါင်းအထက်က ပစ္စည်းထားသိုတဲ့ အကန့်ထဲကို သူ့ရဲ့လက်ဆွဲအိတ် ထည့်ပေးဖို့ အကူအညီတောင်းတယ်။ ရှေ့မှာထိုင်နေတဲ့ အမျိုးသားတစ်ယောက် အမြန်ရောက်လာပြီး ဝင်ကူညီလိုက်လို့ တော်ပါသေးရဲ့။ ကျွန်မအရပ်က သိပ်မမြင့်ပါဘူး။ အဲဒီအကန့်ကိုတော့ ဖြစ်တဲ့နည်းနဲ့ ရှောင်နေကျပါ။

ထိုင်ထိုင်ချင်းမှာပဲ သူကကျွန်မကို စကားတွေ ရွှန်းရွှန်းဝေအောင် ဖောင်ဖွဲ့ပြောတော့တာပါပဲ။ သူက အလွန်ကို ခင်မင်စရာကောင်းသလို စကားပြောလည်း အင်မတန်ကောင်းသူပါ။ ဒါနဲ့ပဲ ကျွန်မတို့နှစ်ယောက် ဒူဘိုင်းကိုသွားမယ့် ခရီးစဥ်တလျှောက်လုံး ရောက်တတ်ရာရာ အာလာပသလ္လာပတွေကို တဝကြီး ပြောဖြစ်ခဲ့ကြတယ်။

လေယာဥ်မှူးက မကြာခင်အချိန်အတွင်းမှာ DXB (ဒူဘိုင်းလေဆိပ်) ကို ဆင်းသက်တော့မယ့်အကြောင်း ကြေညာလိုက်ချိန်မှာ ကျွန်မခရီးသွားဖော်က ရုတ်တရက်ဆိုသလို ဗိုက်အောင့်ဝေဒနာ ခံစားလာရတာကို ကရုဏာသက်မိလို့ လူခေါ်တဲ့ခလုတ်ကို နှိပ်လိုက်တယ်။

လေယာဥ်မယ်ရောက်လာပြီး ဘာပြဿနာရှိလဲမေးတာနဲ့ သူသိပ်နေမကောင်းကြောင်း ရှင်းပြနေတုန်းမှာပဲ သူကကျွန်မကို "သမီးရေ ... သမီးရေ ... " လို့ ခေါ်နေပါလေရော။ လေယာဥ်မယ်က အကိုက်အခဲပျောက်ဆေး ပေးရုံကလွဲလို့ ဘာမှလုပ်မပေးနိုင်ကြောင်းနဲ့ လေယာဥ်ဆင်းတဲ့အထိ သည်းခံပြီးစောင့်ပါလို့ ရှင်းပြသွားတယ်။

လေယာဥ်မှူးကလည်း လေယာဥ်ပေါ်မှာ ဆေးဝါးကုသမှုဆိုင်ရာ အရေးပေါ်အခြေအနေ ကြုံနေရပြီဖြစ်လို့ ခရီးသည်တွေအားလုံး စိတ်မလှုပ်ရှားကြဘဲ တည်တည်ငြိမ်ငြိမ် နေကြဖို့ အသံချဲ့စက်ကနေ အကြံပေးစကား ပြောကြားလာတယ်။

ကျွန်မမိတ်ဆွေသစ်ကတော့ အော်ရင်းဟစ်ရင်း ချွေးတွေလည်း တစ်ကိုယ်လုံး ရွှဲနစ်နေပြီး အရူးတစ်ယောက်လို ဆက်အော်နေပြီး ကျွန်မလက်ကိုလည်း လုံးဝမလွှတ်ဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေတော့ ကျန်ခရီးသည်တွေက ကျွန်မတို့ကို သိကျွမ်းတယ်လို့ပဲ ယူဆထားကြတာပေါ့လေ။

မကြာခင်မှာပဲ DXB ကို လေယာဥ်ဆင်းသက်ပါပြီ။ ကျွန်မခရီးသွားဖော်ရဲ့ လက်ဆွဲအိတ်ကို ဦးခေါင်းအထက်က ပစ္စည်းထားသိုတဲ့ အကန့်ထဲကို ကူညီပြီးထည့်ပေးခဲ့တဲ့ အမျိုးသားကပဲ ပြန်ထုတ်ပေးနေတုန်းမှာ ကျွန်မတို့နှစ်ယောက်ဟာ ဒီခရီးစဥ်ကို အတူတူထွက်လာတာ မဟုတ်မှန်း လေယာဥ်ဝန်ထမ်းတွေ ရှင်းရှင်းလင်းလင်း သိသွားအောင် ခပ်ဝေးဝေးမှာနေဖို့ အကြံဥာဏ်ပေးတာဟာ ဘုရား မ တာပါပဲ။

လေယာဥ်ဝန်ထမ်းတွေက ကျွန်မတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကို မေးမြန်းကြတဲ့အခါ ကျွန်မက သူ့ကို လုံးဝမသိကြောင်းနဲ့ လေယာဥ်ပေါ်ရောက်မှ စ တွေ့ဖူးကြောင်းကို ပြတ်ပြတ်သားသား ဖြေလိုက်တယ်။

ကျွန်မတို့ လေယာဥ်ပေါ်ကဆင်းပြီး သူ့ကိုနှုတ်ဆက်ချိန်မှာတော့ သူ့လက်ဆွဲအိတ်ကို ကူသယ်ပေးဖို့ တောင်းပန်နေပြန်ရော။ ကျွန်မ စိတ်အရမ်းညစ်သွားတယ်။ ဒါပေမယ့် ဟိုအမျိုးသားကပဲ ကျွန်မကို စေ့စေ့ကြည့်ရင်း သူ့ခေါင်းကို လေးလေးနက်နက် ခါပြနေပြီး အဲဒီပြဿနာကို လေယာဥ်ဝန်ထမ်းတွေကိုပဲ ဖြေရှင်းခိုင်းဖို့ ရေးထားတဲ့ စာတိုလေးတစ်စောင် ကျွန်မကို လှမ်းပေးလာတယ်။

ဒါနဲ့ပဲ ကျွန်မရဲ့မိတ်ဆွေသစ်ကို လေယာဥ်ဝန်ထမ်းတွေ လာပြီးဖြေရှင်းပေးမယ့်အချိန်ကို စောင့်ဆိုင်းဖို့ ဘီးတပ်ကုလားထိုင်နဲ့ ထားခဲ့ရတာကိုပဲ ကိုယ့်မှာအပြစ်ရှိတယ်လို့ ခံစားမိရင်း ထွက်လာခဲ့တယ်။

ကျွန်မတို့ခရီးသည်တွေရဲ့ လက်ဆွဲအိတ်တွေကို စောင့်ဆိုင်းနေချိန်မှာပဲ ဆူဆူညံညံနဲ့ သောင်းကျန်းတဲ့အသံကို ကြားလိုက်ရတယ်။ ကျွန်မမိတ်ဆွေသစ်က ဘီးတပ်ကုလားထိုင်ပေါ်မှာ ထိုင်နေရာကထပြီး လေယာဥ်ဝန်ထမ်းတွေကို ရှောင်တိမ်းရင်း ထွက်ပြေးနေတော့ ရုန်းရင်းဆန်ခတ် ဖြစ်ကုန်တော့တာပေါ့။ သူ့ပိုက်ဆံအိတ်ကို လေယာဥ်မယ်နဲ့ထားခဲ့ပြီး လက်ဆွဲအိတ်နဲ့အတူ ထွက်ပေါက်ရှိရာကို ဦးတည်ပြီး အသားကုန်ပြေးသွားပါလေရော။

ကံကောင်းထောက်မလို့သာပါလား။ လေယာဥ်ကွင်းရဲတွေပြေးတာ သူ့ထက်ပိုမြန်တယ်လေ။ သူ့ကိုဖမ်းမိလာပြီး လက်ထိပ်တွေနဲ့ ပြန်ခေါ်လာတယ်။ သူက ကျွန်မကို "သမီးရေ ... သမီးရေ ... ဘယ်လိုလုပ်ရက်တာလဲကွယ်" လို့ အော်ပြောနေပါလေရော။ အဲဒီတော့မှ သူမူးယစ်ဆေးတွေ သယ်လာပြီး ကျွန်မကိုငြိစွန်းအောင် ကြိုးစားနေတာကို အမှန်အတိုင်း သဘောပေါက်မိတော့တယ်။

လက်ဆွဲအိတ်ကို ခေါင်းအထက်က အကန့်ထဲကို ကူညီပြီးထည့်ပေးခဲ့တဲ့ အမျိုးသားကပဲ ကျွန်မတို့နှစ်ယောက်ဟာ လေယာဥ်ပေါ်ရောက်မှ စ တင်တွေ့ဖူးကြောင်း လေယာဥ်ကွင်းရဲတွေကို ဝင်ပြီးရှင်းပြပေးလို့ ကျွန်မကံကောင်းသွားတယ်လို့ ပြောရပါလိမ့်မယ်။

ရဲတစ်ယောက်က ကျွန်မပတ်စ်ပို့ကိုယူပြီး ကျွန်မတို့အတူတကွ ခရီးသွားနေတာမှန်ရင် ကျွန်မနာမည်အပြည့်အစုံကို မေးပါလေရော။ ကျွန်မရဲ့ပထမနာမည် (ခရစ်ယာန်နာမည်) ကိုတောင် သူ့ကို ပြောမထားမိတာဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါပဲ။

ရဲတွေက ကျွန်မကို အခန်းငယ်လေးတစ်ခန်းထဲ ခေါ်သွားပြီး သူ့ကိုဘယ်မှာတွေ့ခဲ့ကြောင်း ... လေယာဥ်ပေါ်ကို ကျွန်မဘယ်မှာတက်ခဲ့ကြောင်း ... သူဘယ်မှာတက်ခဲ့ကြောင်း ... စသည်ဖြင့် မေးခွန်းတွေကို အသေးစိတ်မေးပြီး ကျွန်မလက်ဆွဲအိတ်ကိုလည်း နှံ့နှံ့စပ်စပ် ရှာဖွေခဲ့သလို လက်ဗွေစစ်ဆေးဖို့အတွက် အမှုန့်တွေဖြူးနေကြလေရဲ့။ သူ့ရဲအိတ်တွေကိုလည်း အမှုန့်တွေဖြူးပြီး စစ်ဆေးချိန်မှာတော့ သူ့ရဲ့ပိုက်ဆံအိတ်ပေါ်မှာရော လက်ဆွဲအိတ်ပေါ်မှာပါ ကျွန်မရဲ့လက်ဗွေရာ လုံးဝရှာမတွေ့ပါဘူး။

လေဆိပ်ထဲမှာဖြစ်ဖြစ်၊ လေယာဥ်ပေါ်မှာဖြစ်ဖြစ် တခြားတယောက်ရဲ့ လက်ဆွဲအိတ်တွေကို ဘယ်တော့မှ (ဘယ်တော့မှ) မထိမိ၊ မတို့မိအောင် သတိကြပ်ကြပ်ထားဖို့ အကြံပေးစကားပြောပြီး ကျွန်မကို သွားခွင့်ပြုလိုက်တယ်။

အင်း ... အဲဒီနေ့ကစပြီး ရှင့်ဆီမှာ လက်ဆွဲအိတ် ဘယ်လောက်ပါပါ ရှင့်ကိစ္စကို ရှင်ကိုယ်တိုင်ပဲ ရှင်းလိုက်ပါ။ ကျွန်မကတော့လေ ရှင့်လက်ဆွဲအိတ်တွေကို တွန်းလှည်းပေါ်ကိုတောင် ကူညီပြီး တင်မပေးနိုင်ပါဘူး။

ရှင့်လက်ဆွဲအိတ်ပြဿနာ ... ရှင့်ပြဿနာဆိုတာ ကျွန်မရဲ့ မူဝါဒပဲ။ ပြီးတော့လည်းလေ ဦးခေါင်းအထက်က ပစ္စည်းထားသိုတဲ့ အကန့်ကို ရှင်မမီနိုင်ဖြစ်နေချိန်မှာ ကျွန်မက အနီးဆုံးလူဖြစ်နေရင်လည်း ကျေးဇူးပြုပြီး လေယာဥ်ဝန်ထမ်းကိုသာ အကူအညီ တောင်းလိုက်ပါ။ ကျွန်မကတော့ ဘာမှမသိနားမလည်ပုံနဲ့ ရှင့်ကိုပဲ ခပ်ကြောင်ကြောင် ငေးစိုက်ကြည့်ပြီး လှည့်ထွက်သွားမှာနော်။

လေယာဥ်နဲ့ ခရီးသွားဖို့ ရည်ရွယ်နေသူတွေအတွက် အထူးသတိပြု မှတ်သားစရာ သင်ခန်းစာပါ။

( * လူမှုကွန်ရက်စာမျက်နှာ Romblon Explorer ရဲ့ပို့စ်ကို ဆီလျော်အောင် ပြန်ဆိုပါတယ်။ )

Ays Aries

26/04/2024

ရုံးပိတ်ရက်များအား အသိပေးကြေညာခြင်း

12/03/2024

အသိပေးကြေညာချက်

08/02/2024
02/02/2024
13/12/2023

မြန်မာအမျိုးသားလေကြောင်း

Myanmar National Airlines B737
📍 Suvarnabhumi Airport (BKK)

27/11/2023
17/11/2023
03/11/2023

အသိပေးကြေညာခြင်း

15/09/2023

မြန်မာနိုင်ငံမှ ပြည်ပသို့ အိမ်မွေးတိရစ္ဆာန်များ တင်ပို့မည်ဆိုလျှင်
===================================
ပြည်ပနိုင်ငံများသို့ အိမ်မွေးတိရစ္ဆာန်များ တင်ပို့ခွင့် လျှောက်ထားမည့် လုပ်ငန်းရှင်များအတွက် ဝန်ဆောင်မှု ရယူနိုင်ရန်အတွက် အခြေခံလိုအပ်ချက်များနှင့် ဝန်ဆောင်ခ၊ လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်ထားရန် အဆင့်များကို ဖော်ပြပေးလိုက်ပါသည်။

အပြည့်အစုံဖတ်ရန်
> https://t.ly/CYYrI

13/07/2023
08/04/2023
24/03/2023
13/03/2023
21/02/2023
23/12/2022

ဒေသအာဏာပိုင်များက အသိအမှတ်ပြု ထုတ်ပေးတဲ့ လက်မှတ်တွေ အများအပြားရှိတဲ့အထဲက အရေးကြီးလက်မှတ် (Certificate) တစ်ချို့ကိ....

19/11/2022
28/10/2022

သင် လေယာဥ်နဲ့ လေထဲမှာ ခရီးသွားနေတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ ငှက်အုပ်ကြီးကလဲ သင့်လေယာဉ်နဲ့ နီးကပ်စွာ ပျံသ....

08/10/2022

ဒါက ကောင်းတဲ့အကြံအစည်တော့ မဟုတ်ပါဘူးနော်။ ခရီးသည်တင် လေယာဉ်ကြီးတွေဟာ အမြင့်ပေ ၃၀,၀၀၀ နဲ့ ၄၃,၀၀၀ ကြား ပျံသန်း...

08/10/2022

လေယာဉ်ပေါ်မှာ ခရီးသွားနေတဲ့ မေမေတစ်ယောက်သာ အမြင့်ပေ ၃၀,၀၀၀ အထက်မှာ ကလေးမွေးခဲ့ရင် ဘာတွေဖြစ်မလဲဆိုတာ စဉ်းစာ...

02/08/2022

𝐌𝐀𝐈 𝟐𝟗𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲 𝐌𝐞𝐠𝐚 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧, 𝐰𝐢𝐭𝐡 𝐮𝐩 𝐭𝐨 𝟓𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭𝐬!

We're kicking off August 2022 with a bang! As MAI turns 29, we want to share this milestone with our 29th Anniversary Mega Campaign.

You stand to enjoy our unbeatable low fares & privileges across our network, including our sister carrier, Air KBZ's domestic flights.

So, don't miss this opportunity to book your getaway NOW!

✅ International flights 𝐟𝐫𝐨𝐦 𝐎𝐍𝐋𝐘 𝐔𝐒𝐃 𝟐𝟗++
✅ Domestic flights 𝐟𝐫𝐨𝐦 𝐎𝐍𝐋𝐘 𝐌𝐌𝐊 𝟐𝟗,𝟎𝟎𝟎++
✅ Sales Period: 𝟎𝟏 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟐 𝐭𝐨 𝟏𝟓 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟐
✅ Travel Period: 𝟎𝟑 𝐀𝐮𝐠𝐮𝐬𝐭 𝟐𝟎𝟐𝟐 𝐭𝐨 𝟐𝟏 𝐌𝐚𝐫𝐜𝐡 𝟐𝟎𝟐𝟑
✅ 𝐓𝐞𝐫𝐦𝐬 & 𝐂𝐨𝐧𝐝𝐢𝐭𝐢𝐨𝐧𝐬 𝐚𝐩𝐩𝐥𝐲
✅ Plus, 𝐮𝐩 𝐭𝐨 𝟒𝟎% 𝐝𝐢𝐬𝐜𝐨𝐮𝐧𝐭 𝐚𝐭 𝐦𝐨𝐫𝐞 𝐭𝐡𝐚𝐧 𝟔𝟎 𝐩𝐚𝐫𝐭𝐧𝐞𝐫𝐬 in Myanmar, Thailand, Singapore & Malaysia. For more 𝐒𝐤𝐲 𝐃𝐞𝐚𝐥𝐬 details, please visit: https://www.maiair.com/mai-experience/about-mai/sky-deals

You can purchase your ticket across all channels, including at our Passenger Sales Agents (PSAs), and feel free to reach out to us via:

𝐖𝐄𝐁𝐒𝐈𝐓𝐄
www.maiair.com

𝐌𝐀𝐈 𝐇𝐐
Hotline: +9519670007
Email: [email protected]


Address

Kuala Lumpur

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 21:00
Friday 09:00 - 19:00
Saturday 09:00 - 20:00
Sunday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Asia Myanmar Travel & Tours Sdn Bhd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Asia Myanmar Travel & Tours Sdn Bhd:

Share

Category

Nearby travel agencies


Other Cruise Agencies in Kuala Lumpur

Show All