![](https://img5.travelagents10.com/694/128/1185237836941283.jpg)
13/02/2025
လေယာဉ် ရေပေါ်မှာ ပေါ်နိုင်သလား။
ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်တော့။
ဟုတ်ပါတယ်။
အချိန်အတိုင်းအတာတခုထိ ပေါ်နေနိုင်ပါတယ်လို့ ဖြေရမှာ ဖြစ်ပါတယ်။
ဖြစ်ရပ် တခုကို ပြရရင် ငှက်အုပ်နဲ့တိုးလို့ ဟတ်ဆန်မြစ်ထဲကို အရေးပေါ်ဆင်း သက်ခဲ့တဲ့ဖြစ်စဉ်မှာ လေယာဉ်ဟာ ရေပေါ်မှာ ပေါ်နေခဲ့လို့ ခရီးသည်တွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
ဒီတခါတော့ လေယာဉ်ရေပေါ်အောင် ဘယ်လိုစနစ်က ထောက်ကူနေသလဲ ဆိုတာ သိသလောက် တင်ပြပါ့မယ်။
လေယာဉ်ကိုယ်ထည်ဟာ အလုံပိတ်ဖြစ်ပြီး လေဖိအားရအောင် ပြုလုပ်ပေးထားရပါတယ်။
ဒီအကြောင်းကို လေဖိအားမြှင့်စနစ် (Pressurization System) ဆောင်းပါးမှာဖေါ်ပြခဲ့ဖူးပါတယ်။
လေဖိအား အနည်းအများကို ထိန်းညှိဖို့ကတော့ Outflow Valve ၂ ခုကို လေယာဉ်ကိုယ်ထည် နောက်ဖက်မှာတပ်ဆင်ထားပါတယ်။
လျှပ်စစ်သံလိုက်နဲ့ ထိန်းတဲ့ Electromagnetic Outflow Valve ရှိသလို၊ လေဖိအားနဲ့အလုပ်လုပ်တဲ့ Pneumatic Outflow Valve လဲ ရှိပါတယ်။
ဖိအားများရင် ဖွင့်ပေးပြီး နဲရင်တော့ ပိတ်ပေးပါတယ်။
ဒီ ၂ ခုက ကိုယ်ထည်ရဲ့ ပြင်ပ လေထုနဲ့ ဆက်သွယ်နေပါတယ်။
လေယာဉ်အရေးပေါ်လို့ ရေပြင်ကို ဆင်းရမယ်ဆိုရင် လေဖိအားကို ဦးစွာလျော့ချပါတယ်။
Outflow Valve တွေကို ဖွင့်လိုက်တာပါ။
ပြီးရင်တော့ အကုန်ပြန်ပိတ်ချလိုက်ပြီး ရေပြင်ပေါ်ဆင်းပါတယ်။
ဒီနေရာမှာ Outflow Valve ပိတ်ဖို့ Ditching စနစ်ပါပါတယ်။ Outflow Valve တွေ ပိတ်သွားရင် လေယာဉ်ရေလုံသလိုဖြစ်ပြီး ရေပေါ်မှာ အချိန်တခုထိပေါ်နေမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
စာဖတ်သူများ ကျန်းမာရွှင်လန်းကြပါစေ။
#လေယာဉ်
#ရေ