Mingalar Tour

Mingalar Tour Traveling-agency at Norway. Arranging trip for specially Scandinavia land, Myanmar and others. We want to arrange for you and your satisfaction. Org : 918 871 470

13/04/2024
23/11/2023

ဆရာစစ်ငြိမ်းအေး၏ ပန်းချီကားများ ဖြစ်ကြသည့် -
(၁) 'ဆွမ်းရေက ရှား' ဆီဆေးပန်းချီကားအား ကြမ်းခင်းဈေး ဒေါ်လ၂၀၀၀ မှစတင်၍လည်းကောင်း၊
(၂) 'အမြင့်ပျံငှက်များ' ဆီဆေးပန်းချီကားအား ကြမ်းခင်းဈေး ဒေါ်လာ ၂၀၀၀ မှ စတင

19/11/2023

MC : ဝတ်မှုန်ဝင်း , CRPH Support Group, Norway
ပါဝင်ဆွေးနွေးကြသူများ : - ကိုညို (Oslo)(Artist)
ချောအိသိန်း (Artist)

17/11/2023

ဆရာစစ်ငြိမ်းအေး ဆိုသည်မှာ
——————————————-
စစ်ငြိမ်းအေး (အမည်ရင်း ဦးစိန်အေး) ကို အဖ ဦးထွန်းဖေ၊ အမိ ဒေါ်သန်းဆွေတို့က ၁၉၅၆ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ပန်းချီပညာကို ၁၉၇၁ ခုနှစ်တွင် မန္တလေးပန်းချီပန်းပုကျောင်းတွင်လည်းကောင်း၊ ပန်းချီဆရာ ဦးအေးကျော်နှင့် ဦးခင်မောင်တို့ထံတွင်လည်းကောင်း ဆည်းပူးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် "စစ်ငြိမ်းအေး" စီးပွားရေးပန်းချီလုပ်ငန်းကို တည်ထောင်လုပ်ကိုင်ခဲ့သည်။ မန္တလေးတိုင်း သမဝါယမအဖွဲ့၏ ပန်းရိုးမပြက္ခဒိန်များတွင် သူ၏လက်ရာများ ပါရှိခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံကာလတွင် မန္တလေးမှ “ဂဠုန်နီ“ သံဃာအဖွဲ့၏ အာဘော် “ဂဠုန်နီသတင်းစာ“ကို စာရေးဆရာ မြတ်ထက်နှင့်အတူ ထုတ်ဝေခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက် ဒီမိုကရေစီတော်လှန်ရေးကို ဆက်လက်ဆင်နွဲရန် အိန္ဒိယ-မြန်မာနယ်စပ်သို့ ထွက်ခွာခဲ့သည်။ အိန္ဒိယနိုင်ငံ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်တို့တွင် လှည့်လည်နေထိုင်ခဲ့ပြီးနောက် နယူးဒေလီမြို့တွင် အခြေချခဲ့သည်။ ယင်းနောက် အမေရိကန်သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။
—————————————————-
ဆရာစစ်ငြိမ်းအေး၏ ပန်းချီကားများ ဖြစ်ကြသည့် -
(၁) 'ဆွမ်းရေက ရှား' ဆီဆေးပန်းချီကားအား ကြမ်းခင်းဈေး ဒေါ်လ၂၀၀၀ မှစတင်၍လည်းကောင်း၊
(၂) 'အမြင့်ပျံငှက်များ' ဆီဆေးပန်းချီကားအား ကြမ်းခင်းဈေး ဒေါ်လာ ၂၀၀၀ မှ စတင်၍လည်းကောင်း၊
(၃) 'ပန်းခြွေသည့်လက် (Senseless Crushing of Flowers)’ ဆီဆေးပန်းချီပိုစတာ အား ဒေါ်လာ ၂၅၀၀ မှ စတင်၍ လည်းကောင်း လေလံဆွဲယူနိုင်ကြပါသည်။

၀ယ်ယူလိုသူများအနေဖြင့် မိမိတို့ ပေးနိုင်သည့် ဈေးပမာဏကို -

- https://www.facebook.com/crphsupportgroupnorway ၏ Messager တွင် ဖြစ်စေ၊
- https://www.crphsupportgroup.no/auction မှ ပုံစံတွင် ဖြည့်သွင်း၍ ဖြစ်စေ၊
- Signal +47 93614831 တွင် ဖြစ်​စေ၊
- ယခု ပို့စ်တွင် ကွန်မန့်ပေး၍ ဖြစ်စေ၊

ဖေါ်ပြ၍ လေလံဆွဲယူနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
လေလံမှ ရရှိသော အလှူငွေများအား မြန်မာပြည်ရှိ စစ်ဘေးဒုက္ခသည်များထံသို့ ပေးပို့လှူဒါန်းမည် ဖြစ်ပါသည်။

ဤမေးမြန်းခန်းဗီဒီယိုတွင် YouTube မှ Buffalo-hair Productions ၏ ဗီဒီယိုကလစ် အချို့အား အသုံးပြုထားပြီး၊ ထို့အတွက် အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

လေလံကာလမှာ ၇ ရက်ဖြစ်ပြီး၊ ထို၇ ရက်အတွင်း ဆရာစစ်ငြိမ်းအေး၏ သတိရဖွယ် ရာ များကို စကားဝိုင်းများ/မှတ်တမ်းရုပ်ရှင်များပြသမည်ဖြစ်ပါသည်။

29/10/2023

လုံးဝအုပ်ချုပ်ခွှင့်မရစေရ

10/06/2023

တပ်ဦးတေးဂီတပွဲတော်

03/06/2023

Adresse

Fossvegen 6, Blaker
Sørum
1925

Varslinger

Vær den første som vet og la oss sende deg en e-post når Mingalar Tour legger inn nyheter og kampanjer. Din e-postadresse vil ikke bli brukt til noe annet formål, og du kan når som helst melde deg av.

Kontakt Bedriften

Send en melding til Mingalar Tour:

Videoer

Del

Our Story

Org : 920 693 733