22/11/2023
🎆2024 New Year နေ့မှာ celebrate လုပ်ဖို့ အကောင်းဆုံး ဘန်ကောက်ရှိ Highly rated နေရာ ၅ခု 🎆
New year ညကတော့ တကမ္ဘာလုံးမှာရှိတဲ့ မိဘပြည်သူများ မိသားစုနဲ့အတူ သူငယ်ချင်းတွေ ချစ်သူနဲ့အတူ ပါတီကျင်းပတဲ့ နေ့လေးဖြစ်ပါတယ်။ဒါကြောင့်
ဒီနေ့မှာ မင်မင်က 2024 new year ညကို ဘယ်မှာဖြတ်သန်းရမလဲ မသိဖြစ်နေတဲ့ မင့်ရဲ့ ချစ်ကာစတန်မာများအတွက် ဘန်ကောက်မှာ new year ညကို အကြီးအကျယ် ကျင်းပတဲ့ နေရာ၅ခုကို ညွှန်ပေးပါမယ်နော်။
1.Central World🌠
ပထမဦးဆုံးပြောပြချင်တဲ့နေရာလေးကတော့ Central World Shopping mall ဖြစ်ပါတယ် ။ new year ညတိုင်း countdown ပွဲကို အကြီးအကျယ် ကျင်းပနေကျလည်း ဖြစ်ပါတယ်။ညနေခင်းရောက်ပြီဆိုတာနဲ့ လူအုပ်စုသိန်းချီလောက်ရောက်ချလာပြီး mall အရှေ့ရှိ street food တန်းကြီးတွင် စားကြသောက်ကြပါတယ်။ဒါ့အပြင် DJ နဲ့ band တွေပါရှိနေတော့အားလုံး ကခုန်ပျော်မြူးလို့လည်း ရသောနော်။၁၂နာရီထိုးပြီဆိုတာနဲ့လည်း countdown ကိုအတူရေပြီး new year ညကို မီးပန်းတွေဖောက်ပြီး အလှဆုံးဆင်နွှဲကြတာလည်းဖြစ်ပါတယ်။
2.Asiatique 🌉
Asiatique ကတော့ new yearညအတွက်ကဲလို့ အကောင်းဆုံးနေရာတခုလည်းဖြစ်ပါတယ်။
Asiatique ရှိ NYE countdown ပွဲကတော့ TV ကနေပါ တိုက်ရိုက်ထုတ်လွှင့်မှာဖြစ်ပြီးတော့ လုံးဝလူငယ်တွေအကြိုက် ကျင်းပလေ့ရှိတဲ့ အမိုက်စားပွဲကြီးဖြစ်ပါတယ်။ ညစျေးကလည်း အရမ်းကိုစည်ကားနေပြီးတော့ Asiatique ရှိ စားသောက်ဆိုင်များတွင်လည်း လူတွေရှယ်ပြည့်နေမှာမို့ စားသောက်ဆိုင်မှာထိုင်စားချင်တဲ့သူတွေအဖို့ ထိုင်ခုံရချင်တော့ booking ကြိုတင်ထားဖို့ အကြံပေးပါရစေရှင့်။
3.Bangkok Rooftop Venues🌌
New year ညမှာ လူများတဲ့နေရာတွေမသွားချင်ဘူးဆိုတဲ့ လူကြီးမင်းတို့ကိုတော့ Rooftop bar မှာ ဝီစကီခွက်လေးကိုင်ပြီး ရီဝေဝေအကြည့်တွေနဲ့ ကောင်မလေးလက်ကိုကိုင်ကာ rooftop က မီးရှူးမီးပန်းတွေ ကြည့်ရတာ အရသာက ဘာနဲ့မှမလဲနိုင်သောနော်။
4.RCA in Bangkok (Royal city Avenue)💃
RCA ကတော့ အဖွဲ့လိုက် သူငယ်ချင်းတွေနဲ့chill လို့ အကောင်းဆုံးနေရာတခုလည်းဖြစ်တယ်ရှင့််။
Dj တွေရော အရက်ဘီယာ မျိုးစုံရနိုင်တဲ့အတွက်
Nightlife ကြိုက်တဲ့သူငယ်ချင်းတို့အတွက်ကိုတော့ highly recommend ပေးပါတယ်နော်။
5.Loy Nava River Cruise 🚢
ဒါလေးကတော့ မိသားစုနဲ့အတူ luxury ဆန်ဆန်လေး new year ညကို ဖြတ်သန်းချင်သူအတွက် အသင့်တော်ဆုံးပါပဲ။ River cruise ပေါ်မှာ ညစာစားပြီး မိသားစုနဲ့ပဲ ဖြစ်ဖြစ် ချစ်သူနဲ့ပဲဖြစ်ဖြစ် romantic ဆန်ဆန်တညတာဖြတ်သန်းရမှာ ဖြစ်ပါတယ်။Cruise သဘော်ကြီး ထွက်ခွါချိန်က ၈:၃၀ လောက်ထွက်ခွါချိန်မှာဖြစ်ပြီး ၂:၃၀လောက် ပြန်ရောက်မှာပဲဖြစ်ပါတယ်ရှင့်။
Tour packge ၊ လေယာဉ်လက်မှတ်နှင့် အခြားသော
Attraction tickets များဝယ်ယူလိုပါက☎️
Ph no - (+95)9756103688,(+95) 9778777615,
(+95)9793591922,(+65) 84389222
WhatsApp/viber
&tours