Vegas Myanmar

Vegas Myanmar Vegas Myanmar ရဲ့ စိတ်၀င်စားဖွယ်ခရီးစဉ်တွေကို လက်မလွှတ်ရအောင် Like and Share လုပ်ထားလိုက်ပါ ...
(59)

Vegas Myanmar Tour offers best services for Package Tours, Car Rental, Air Ticketing, Hotel Reservation, Travel Health Insurance and Special Tour Packages for Company/Group. Call us at +959445070314,+959455220997, +959455220998 and +95931081738 and [email protected]. No(65-B), Second Floor(A-3), (16)Ward, Oke Kyin Buter Yone Road, Hlaing Township.

05/11/2021
အားလုံး မင်္ဂလာပါ ❤နှစ်သစ်မှာ စိတ်သစ် လူသစ် နဲ့ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ❤
17/04/2020

အားလုံး မင်္ဂလာပါ
❤နှစ်သစ်မှာ စိတ်သစ် လူသစ် နဲ့ ရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ ❤

မင်္ဂလာပါVegas Myanmar မှ မတ်လ ၁၁ ရက်နေ့တွင် ပ်ု့ဆောင်ပေးခဲ့သည့် Kuta Beach(Surfing Tour) မှ ပျော်ရွှင်ကျေနပ်ဖွယ် အမှတ်တရ ပ...
13/03/2020

မင်္ဂလာပါ
Vegas Myanmar မှ မတ်လ ၁၁ ရက်နေ့တွင် ပ်ု့ဆောင်ပေးခဲ့သည့် Kuta Beach(Surfing Tour) မှ ပျော်ရွှင်ကျေနပ်ဖွယ် အမှတ်တရ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

❤ ယုံကြည်မှုဖြင့် အမြဲတမ်းအားပေးတဲ့ Farmer Lighting မိသားစု နှင့် တကွ မိတ်ဖက် Partner များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ခရီးစဉ် အဆုံးမှာ ဝန်ဆောင်မှုအပေါ် Feedback ကောင်းကောင်းရခဲ့တဲ့အတွက် လည်း အထူးကျေနပ်ပီတိဖြစ်ရပါတယ်။

● ဘာလီ ခရီးစဉ်ကို အနည်းဆုံး ၂ ဦးရှိရုံဖြင့် ဝန်ဆောင်မှုအပြည့်ဖြင့် လည်ပတ်နိုင်အာင်စီစဉ်ပေးနေပါတယ်။

■ Mail: [email protected]




မင်္ဂလာပါVegas Myanmar မှ မတ်လ ၈ရက်နှင့် ၉ရက်နေ့တွင် ပ်ု့ဆောင်ပေးခဲ့သည့် ဘာလီရောက် Day2/3  ခရီးစဉ်ရဲ့ အမှတ်တရ ပုံရိပ်များက...
10/03/2020

မင်္ဂလာပါ
Vegas Myanmar မှ မတ်လ ၈ရက်နှင့် ၉ရက်နေ့တွင် ပ်ု့ဆောင်ပေးခဲ့သည့် ဘာလီရောက် Day2/3 ခရီးစဉ်ရဲ့ အမှတ်တရ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။
ယုံကြည်မှုဖြင့် အမြဲတမ်းအားပေးတဲ့ Farmer Lighting မိသားစု နှင့် တကွ မိတ်ဖက် Partner များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ :)

● ဘာလီ ခရီးစဉ်ကို အနည်းဆုံး ၂ ဦးရှိရုံဖြင့် ဝန်ဆောင်မှုအပြည့်ဖြင့် သွားနိုင်အောင်စီစဉ်ပေးနေပါတယ်။

■ Mail: [email protected]




Vegas Myanmar မှ March လ ၈ရက်နေ့ တွင်ပို့ဆောင်ပေးခဲ့တဲ့ Bali Day 1 ခရီးစဉ်( Bali_Kintamani Tour) မှ အမှတ်တရ ပုံရိပ်များက...
08/03/2020

Vegas Myanmar မှ March လ ၈ရက်နေ့ တွင်ပို့ဆောင်ပေးခဲ့တဲ့ Bali Day 1 ခရီးစဉ်( Bali_Kintamani Tour) မှ အမှတ်တရ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။

● ရှေ့ဆက်၍ Bali ရောက် အမှတ်တရ ပုံရိပ်များကိုလည်း ဆက်လက် မျှဝေပေးသွားပါဦးမည်။

● ဘာလီ၊ ခရီးစဉ်ကို အနည်းဆုံး ၂ ဦးမှ စတင်၍ အသက်သာဆုံးဈေးနှုန်း၊ ဝန်ဆောင်မှုအပြည့်ဖြင့်စီစဉ်ပေးနေပါသည်။

■ဆက်သွယ်ရန် Mail: [email protected]




07/03/2020
မင်္ဂလာပါVegas Myanmar မှ ယ​နေ့ 7th March တွင်စတင် ပို့ဆောင်ပေးမည့်  Bali(5D/4N) ခရီးစဉ်ရဲ့ အမှတ်တရ ပုံရိပ်များကို မျှဝေပေ...
07/03/2020

မင်္ဂလာပါ
Vegas Myanmar မှ ယ​နေ့ 7th March တွင်စတင် ပို့ဆောင်ပေးမည့် Bali(5D/4N) ခရီးစဉ်ရဲ့ အမှတ်တရ ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ်။
ယုံကြည်မှုဖြင့် အမြဲတမ်းအားပေးတဲ့ Farmer Lighting မိသားစု နှင့် တကွ မိတ်ဖက် Partner များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ :)

● ရှေ့ဆက်၍ Bali ရောက် အမှတ်တရ ပုံရိပ်များကိုလည်း ဆက်လက် မျှဝေပေးသွားပါဦးမည်။

● ဘာလီ၊ မော်လ်ဒိုက်၊ ဖူးခက်၊ ဗီယက်နမ် ခရီးစဉ်များကိုလည်း ဝန်ဆောင်မှုအပြည့်ဖြင့် စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

■ Mail: [email protected]




📣လွတ်လပ်ရေးနေ့ 72nd Independence Day of Myanmar 2020၂၀၂၀ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့၌ ကျရောက်သော ပြည်ထောင်စုသမ္မတ မြန်မာန...
04/01/2020

📣လွတ်လပ်ရေးနေ့ 
72nd Independence Day of Myanmar 2020

၂၀၂၀ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့၌ ကျရောက်သော
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

HAPPY NEW YEAR, TRAVELERS!!!The start of the New Year is one of our favorite holidays. Where we’re from, we welcome the ...
31/12/2019

HAPPY NEW YEAR, TRAVELERS!!!

The start of the New Year is one of our favorite holidays. Where we’re from, we welcome the new year with magnificent fireworks displays, a huge midnight feast for the family, basketfuls of round fruits, lots of jumping, and making loud noises to ward off evil spirits (I know, but hey.). Even as a child, it’s the holiday I would look forward to the most.

But more than the festivities, I love it more for what it stands for: new beginnings. Sure, it has its roots can be traced back to Pagan origins. And sure, you can always turn a new leaf any other day of the year I feel more encouraged when you celebrate it with the rest of the world. And the changing of the calendars somehow fosters a fresh atmosphere.

As travelers, it also resets the clock for us. The coming of the new year gives us a clean slate, a chance to reevaluate our journeys, correct our mistakes, do better, go farther, learn more than in the past year.




#2020

Hotline: 09445070314
Viber: +959445070314
Mail: [email protected]

21.11.2019တွင် ကျရောက်သော (၉၉)ကြိမ်မြောက် အမျိုးသားနေ့ကို Vegas Myanmar မိသားစုမှ ဂုဏ်ပြုကြိုဆိုပါ၏။
20/11/2019

21.11.2019တွင် ကျရောက်သော (၉၉)ကြိမ်မြောက် အမျိုးသားနေ့ကို Vegas Myanmar မိသားစုမှ ဂုဏ်ပြုကြိုဆိုပါ၏။

ခရီးသွားချစ်သူတွေ လုံး၀အကြိုက်တွေ့စေမယ့် ၂၀၂၀ ပြက္ကဒိန် 📅(ဖုန်းထဲသိမ်းဆည်းနိုင်စေရန်။)__________________________________...
16/11/2019

ခရီးသွားချစ်သူတွေ လုံး၀အကြိုက်တွေ့စေမယ့် ၂၀၂၀ ပြက္ကဒိန် 📅
(ဖုန်းထဲသိမ်းဆည်းနိုင်စေရန်။)
__________________________________________
ယခုလာမယ့် ၂၀၂၀ ခုနှစ်မှာဆိုရင် အစိုးရရုံးပိတ်ရက်ပေါင်း ၃၅ ရက်ရှိပါတယ်။
Weekends ပိတ်ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေ အပါအ၀င်ဆိုရင် ရက်ပေါင်း ၁၂၈ ရက် ပိတ်ရက်ရှိပါတယ်။

January
_______
ဝမ်းသာစရာကတော့ပထမဦးဆုံးလဖြစ်တဲ့ဇန်နဝါရီလ မှာတင် နိုင်ငံတကာနှစ်သစ်ကူးနေ့အဖြစ် 1 ရက်နေ့(၁.၁.၂၀) ဗုဒ္ဓဟူးနေ့မှာ ၁ ရက်စပိတ်ပါတယ်။🥰
၎င်းအပတ်ထဲမှာပဲလွတ်လပ်ရေးနေ့အဖြစ် (၄.၁.၂၀)ကနေ(၆.၁.၂၀)အထိ ၃ ရက်ထပ်ပိတ်ပါတယ်။ New Yearနှင့်အတူ အပန်းဖြေခရီး ရက်တိုသွားချင်တဲ့သူများအတွက်ကတော့ ၀မ်းသာစရာသတင်းပါပဲ။😇🎉

February
_________
ဖေဖော်ဝါရီလမှာတော့ပြည်ထောင်စုနေ့အဖြစ်ဗုဒ္ဓဟူးနေ့ (၁၂.၂.၂၀) မှာ ၁ ရက်ပိတ်ပါတယ်။🥳

March
_____
မတ်လမှာတော့ (၂.၃.၂၀) တနင်္လာနေ့မှာ တောင်သူလယ်သမားနေ့အဖြစ်ပိတ်ပါတယ်။ ထို့အပြင် ဘာသာရေးပိတ်ရက်များဖြစ်တဲ့ တပေါင်းလပြည့်နေ့ (၈.၃.၂၀) စနေနေ့ ပိတ်ပါတယ်။ (၂၇.၃.၂၀) သောကြာနေ့မှာလည်း တပ်မတော်နေ့အဖြစ်ပိတ်ပါတယ်။ ဆိုတော့ကာ သောကြာ၊ စနေ၊ တနင်္ဂနွေ ၃ရက် အပန်းဖြေခရီးရက်တိုလေးသွားချင်သူများအတွက်အဆင်ပြေသွားတာပေါ့နော်။🤗
ခရီးမသွားဖြစ်တဲ့သူများကလည်းအိမ်မှာအေးဆေးအနားယူရင်း မိမိဆန္ဒရှိရာလုပ်ချင်တာလေးတွေ လုပ်ဖို့အဆင်ပြေနေပြန်ရော။🥰

April
_____
ခရီးရက်တိုသွားရတာနဲ့တင်အားမရတဲ့သူများအတွက်လာပါပြီနော်။😉 ဧပြီလမှာတော့ နှစ်သစ်ကူးရုံးပိတ်ရက်များအဖြစ် (၁၀.၄.၂၀) သောကြာနေ့မှ (၁၇.၄.၂၀) သောကြာနေ့အထိ ၈ ရက်တိုင်တိုင်အားလပ်ရက်ရှိပါတယ်နော်။ ပိုဝမ်းသာစရာကတော့စနေ၊ တနင်္ဂနွေအပါအ၀င် ၁၀ ရက်တိုင်တိုင် ရုံးပိတ်ရက်ရမှာဖြစ်ပြီး ခရီးရက်ရှည်အေးဆေးသွားလို့သူများနဲ့အိမ်မှာ‌အေးဆေးအနားယူလိုသူများအတွက် ဧပြီလက Best Month လို့တောင်ပြောရမှာပေါ့နော်။ 🥰🎉

May
____
မေလမှာတော့ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် (၁.၅.၂၀) သောကြာနေ့မှာ ပိတ်ပါတယ်။ စနေ၊ တနင်္ဂနွေအပါအ၀င်ဆို ၃ ရက်ပေါ့နော်။
(၆.၅.၂၀) ဗုဒ္ဓဟူးနေ့မှာတော့ ကဆုန်လပြည့်နေ့အဖြစ်ပိတ်ပါတယ်။ 🤗

July
____
ဇူလိုင်လမှာတော့ (၁၉.၇.၂၀) တနင်္ဂနွေနေ့မှ (၂၀.၇.၂၀) တနင်္လာနေ့အထိ အာဇာနည်နေ့ရုံးပိတ်ရက်အဖြစ် စ‌နေနေ့အပါအ၀င် ၃ ရက်ရပါတယ်။ 🥰

August
______
သြဂုတ်လမှာတော့ ဝါဆိုလပြည့်နေ့ဖြစ်တဲ့ (၃.၈.၂၀) တနင်္လာနေ့မှာရုံးပိတ်ရက်ရပါတယ်။

October
_______
အောက်တိုဘာလမှာတော့ (၂၉.၁၀.၂၀) ကြာသပတေးနေ့ ကနေ (၂.၁၁.၂၀) တနင်္လာ‌နေ့အထိ သီတင်းကျွတ်ရုံးပိတ်ရက်များအဖြစ် ၅ ရက်ပိတ်ပါတယ်။ ဘာသာရေးပွဲတော်များရှိတဲ့အ‌လျောက် ဘုရားဖူးပဲထွက်ကြမလား? အပန်းဖြေခရီးပဲထွက်ကြမလား? 🤗 သေချာတာကတော့လှပတဲ့မီးရောင်စုံတွေကိုတော့‌နေရာတိုင်းလိုလိုမှာ တွေ့မြင်ကြရမှာကတော့မလွဲဧကန်ပဲနော်။ ✨🥰

November
_________
နို၀င်ဘာလမှာတော့ တန်ဆောင်တိုင်ရုံးပိတ်ရက်များအဖြစ် (၂၇.၁၁.၂၀) သောကြာနေ့ မှ (၃၀.၁၁.၂၀) တနင်္လာနေ့အထိ ၄ ရက်ပိတ်ပြန်ပါတယ်။ အေးဆေးအနားယူဖို့အဆင်ပြေနေပြန်ရောပေါ့နော်။🤗

December
_________
ဒီဇင်ဘာလမှာတော့ (၉.၁၂.၂၀) ဗုဒ္ဓဟူးနေ့မှာ အမျိုးသားနေ့ဖြစ်တဲ့အတွက် ၁ ရက်ပိတ်ပါတယ်။
(၂၅.၁၂.၂၀) သောကြာနေ့မှာတော့ အများသိတဲ့အတိုင်း ခရစ္စမတ်နေ့ဖြစ်တာနဲ့အညီ ရုံးပိတ်ရက် ၁ ရက် အပြင် စနေ၊ တနင်္ဂနွေပါထပ်တွဲနေတဲ့အတွက်ကြောင့်ပိတ်ရက် ၃ ရက်အတွင်း အေးဆေးအနားယူလို့ရပါတယ်။

အချုပ်အားဖြင့်ပြန်ပြောရမယ်ဆိုရင်......
🗓️ဇန်နဝါရီလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️မတ်လ - သုံးရက် ဆက်တိုက်ပိတ် သုံးကြိမ်
🗓️ဧပြီလ - သင်္ကြန် ၁၀ ရက်ဆက်တိုက်ပိတ်
🗓️မေလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️ဇူလိုင်လ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️ဩဂုတ်လ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️အောက်တိုဘာလ - သီတင်းကျွတ် ၅ ရက်ဆက်တိုက်ပိတ်
🗓️နိုဝင်ဘာလ - တန်ဆောင်တိုင် ၄ ရက် ဆက်တိုက်ပိတ်
🗓️ဒီဇင်ဘာလ - သုံးရက် ဆက်တိုက်ပိတ် တစ်ကြိမ်
🗓️နှစ်ကူးပိတ်ရက် ၄ ရက်ဆက်တိုက်ပိတ်တာတွေကြောင့်မို့ ၂၀၂၀ ခုနှစ် ခရီးထွက်လို့အင်မတန်ကောင်းမည့်နှစ်တစ်နှစ်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။🥰


ပစ္စည်းတွေထဲ့ပြီးပြီလား... ? 🎒ဒီအချိန်ဆိုဒီလိုပဲ တစ်ချို့တွေကဘယ်သွားရင်ကောင်းမလဲ 🙄စဉ်းစားနေတုန်းမှာ တစ်ချို့ကအထုပ်ပြင်နြေ...
06/11/2019

ပစ္စည်းတွေထဲ့ပြီးပြီလား... ? 🎒

ဒီအချိန်ဆိုဒီလိုပဲ တစ်ချို့တွေကဘယ်သွားရင်ကောင်းမလဲ 🙄
စဉ်းစားနေတုန်းမှာ တစ်ချို့ကအထုပ်ပြင်နေကြပြီ 😍
ကိုယ်လဲအထုပ်ပြင်နေတဲ့လူဆိုရင် ဒါလေးတွေမမေ့နဲ့ဦးနော် 👇

#ကြိုတင်ပြင်ဆင်ပါ🧖‍♀️

ကိုယ်ဝတ်မယ့် ၀တ်စုံလှလှလေးတွေကို တစ်ခါတည်း
ဘယ်နေ့ ဘယ်နေရာသွားရင် ဘာဝတ်မယ်ဆိုတာ အဆိုင်းချပြီးပြင်ဆင်ထားပါ..တော်ကြာ ရှုခင်းလှလှလေးတွေဆီရောက်တော့မှ ကိုယ်က အင်္ကျီလှလှလေး မ၀တ်သွားမိရင် ဂွမ်းပီလေ..💃

#လေ့လာပါ 🧐

ကိုယ်သွားမယ့်နေရာတွေ အကြောင်းကို တတ်နိုင်သလောက်လေ့လာထားပါ...သွားပြီးပြန်လာမှအဲ့နေရာအကြောင်းကိုသိတာထက် မသွားခင်ကြိုသိနေတာက သင့်ကိုပိုပြီး Smart ဖြစ်စေပါတယ်... (တူတူသွားတဲ့လူတွေကို ဆရာကြီးလုပ်လို့ရတယ်လေ)😎

#မမေ့ပါနဲ့ 🤔

တစ်ကိုယ်ရေအသုံးအဆောင်တွေ..အလှပြင်ပစ္စည်းတွေ..
သောက်နေကျဆေးဝါးတွေရယ်...ခရီးသွားတဲ့အခါမပါမဖြစ်
မှတ်ပုံတင်၊ Passport တို့ကို မမေ့ပါနဲ့ (တစ်ချို့ဟာတွေက နေရာတိုင်းမှာမရောင်းဘူးလေ နော်)☺️

#ဂရုစိုက်ပါ 🕵️‍♀️

နိုင်ငံခြားသွားမယ့်သူတွေ သိပ်အကြောင်းမဟုတ်ပေမဲ့
ဒီရာသီက ပြည်တွင်းသွားမှာဆိုရင် ကားဂိတ်တို့ အမြန်လမ်းတို့
စားသောက်ဆိုင်တို့မှ လူများတတ်ပါတယ်..
တန်ဖိုးကြီးပစ္စည်းတွေမပျောက်ဖို့ လူစုမကွဲဖို့ အစစအရာရာ
ဂရုစိုက်ဖို့မမေ့ပါနဲ့လို့
စေတနာရှေ့ထားပြီး အမှာစကားလေးပါးလိုက်ပါတယ်နော်..🥰

ချစ်ဧည့်သည်တော်များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ဘေးအန္တရာယ်ကင်းကင်းနဲ့ ခရီးတွေအများကြီးသွားနိုင်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလျက်...🙏

ခပ်ချောချောနဲ့တစ်ယောက်

  of Gods ..  ဘာလီ ....ဆိုရင် ကမ်းခြေတွေကိုပဲ မြင်တတ်ကြပါတယ်။ တကယ်တော့ ဘာလီဆိုတာ ကမ်းခြေတွေဆိုတာထက် ရူမဆုံးတဲ့ လှေကားထစ်...
01/11/2019

of Gods ..
ဘာလီ ....ဆိုရင် ကမ်းခြေတွေကိုပဲ မြင်တတ်ကြပါတယ်။
တကယ်တော့ ဘာလီဆိုတာ ကမ်းခြေတွေဆိုတာထက် ရူမဆုံးတဲ့ လှေကားထစ် စပါးခင်းတွေ ၊ ကိုးကွယ်ရွာ နတ်ဘုရားကျောင်းတွေ ၊ ရင်သပ်ရူမောဖွယ်ရာ မီးတောင်ကြီးတွေ နှင့် အခြားသော စိတ်ဝင်စားဖွယ်ရာများ အပြည့်နှင့် အတူ နိုင်ငံတကာ ခရီးသွားများလည်း အမြဲ လည်ပတ်လေ့ရှိတဲ့ နယ်မြေ တခုပါပဲ ....
ဘာလီကို ပိုက်ဆံချွေတာပြီးသွားချင်သူမှအစ~Luxury ဆန်ဆန်ဖြင့် ခရီးသွားလိုသူများ၊ ကြင်စဦး ဇနီးမောင်နှံတို့အတွက် Honeymoon Package များ အထိရည်ရွယ်၍ အကောင်းဆုံးဝန်ဆောင်မူကို ထပ်လောင်းပြီး ခရီးစဉ် package ၆ ခု ကို စီစဉ်ပေးလိုက်ပါတယ်...

☂️Package 1 (၃ ညအိပ် ၄ ရက်)
တစ်ဦးဈေးနူန်း - 570 USD
☂️Package 2 (၃ ညအိပ် ၄ ရက်)
တစ်ဦးဈေးနူန်း - 640 USD
☂️Package 3 (၃ ညအိပ် ၄ ရက်)
တစ်ဦးဈေးနူန်း - 640 USD
☂️Package 4 (၄ ညအိပ် ၅ ရက်)
တစ်ဦးဈေးနူန်း - 700 USD
☂️Package 5 (၄ ညအိပ် ၅ ရက်)
တစ်ဦးဈေးနူန်း - 740 USD
☂️Package 6 (၄ ညအိပ် ၅ ရက်)
တစ်ဦးဈေးနူန်း - 740 USD

🎈ဒီလို ဝန်ဆောင်မူတွေ အပြီးအစီးပါတယ်နော် 🎈
👉အသွားအပြန် လေယာဉ်လက်မှတ်
👉3 STAR hotel
👉မနက်စာ၊ နေ့လည်စာ ၊ ညစာ
👉Transportation အတွက် private car
👉ဝင်ကြေးများ နှင့် performance tickets များ
👉Mineral Water
👉Tour Guide (English)
● ဘာသာစကားကြောင့် ခရီးစဉ်အတွင်းအခက်အခဲမဖြစ်စေရန်
မြန်မာ Tour Agent မှ onlineမှ 24/7 ဝန်ဆောင်မူပေးနေမည်ဖြစ်သည်
✌အနည်းဆုံး ၂ ဦးမှစ၍ မိမိသွားလိုသည့် Package ရွေးချယ်၍ သွားလိုသည့် ရက်ကို စီစဉ်ပေးနေပြီနော်✌
🌲ခရီးစဉ်အသေးစိတ်အား - Message Box၊ Viber၊ Email တို့မှ တောင်းယူနိုင်ပါတယ်🌲

#2019



အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Yangon Office : 09445070314
Mandalay Office: 09455220997/8
Gmail: [email protected]
Viber : +95 9445070314

၎ ကြိမ်မြောက် MNUC conference သို့ တက်ရောက်လာကြသော လူကြီးမင်းများအား ရန်ကုန်မြို့အတွင်း Inbound Tour ဝန်ဆောင်မှုအဖြစ် ပို...
01/11/2019

၎ ကြိမ်မြောက် MNUC conference သို့ တက်ရောက်လာကြသော လူကြီးမင်းများအား ရန်ကုန်မြို့အတွင်း Inbound Tour ဝန်ဆောင်မှုအဖြစ် ပို့ဆောင်ပေးခွင့် ရသည့်အတွက် ကျွန်တော်တို့ Vegas Myanmar မှ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ ...🤩

  Diwali to all our Hindu friends & families around the world ❤❤
27/10/2019

Diwali to all our Hindu friends & families around the world ❤❤

🏮ဝါလကင်းလွတ် သီတင်းကျွတ်🏮🎆🏮🏮မြန်မာတို့၏ အထွဋ်အမြတ် သီတင်းကျွတ်အခါသမယ တွင် လူကြီးမိဘဆရာသမားများကို ဂါဝရပြု ကန်တော့ရင်း  အ...
10/10/2019

🏮ဝါလကင်းလွတ် သီတင်းကျွတ်🏮🎆

🏮🏮မြန်မာတို့၏ အထွဋ်အမြတ် သီတင်းကျွတ်အခါသမယ တွင် လူကြီးမိဘဆရာသမားများကို ဂါဝရပြု ကန်တော့ရင်း အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ချိန်ခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Vegas Myanmar မိသားစုမှ ဆုမွန်ကောင်းများပို့သအပ်ပါသည်။🙏🙏🙏

Zawgyi . . . .

🏮ဝါလကင်းလွတ် သီတင်းကျွတ်🏮🎆

🏮🏮မြန်မာတို့၏ အထွဋ်အမြတ် သီတင်းကျွတ်အခါသမယ တွင် လူကြီးမိဘဆရာသမားများကို ဂါဝရပြု ကန်တော့ရင်း အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ သီတင်းကျွတ်ချိန်ခါလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Vegas Myanmar မိသားစုမှ ဆုမွန်ကောင်းများပို့သအပ်ပါသည်။🙏🙏🙏

 #ဘာလီသွားပါ 🌴🌴မကြာခင်မှာ ဘာလီကို သွားလည်ဖို့ အစီအစဉ်ဆွဲနေတယ်ဆိုရင်တော့ ဘာလီမှာ ဓါတ်ပုံရိုက်လို့ကောင်းတဲ့ နေရာ ၆ခုကို သင...
25/09/2019

#ဘာလီသွားပါ 🌴🌴

မကြာခင်မှာ ဘာလီကို သွားလည်ဖို့ အစီအစဉ်ဆွဲနေတယ်ဆိုရင်တော့ ဘာလီမှာ ဓါတ်ပုံရိုက်လို့ကောင်းတဲ့ နေရာ ၆ခုကို သင့်ခရီးစဉ်ထဲ ထည့်ဖို့ မမေ့နဲ့ဦးနော်။





အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hotline: 09445070314
Viber: +959445070314
Mail: [email protected]

https://m.facebook.com/story.php?story_fbid=2302497316667984&id=1584354358482287

🌴  ပိတ်ရည်ရှည်အတွက် ချင်းမိုင် - ချင်းရိုင်း (3N4D) ခရီးစဉ်🌴🌴တဦးလျှင်_539 USD/paxထွက်ရှိမည့်ရက်   10 (Oct 27 နောက်ဆုံးထ...
20/09/2019

🌴 ပိတ်ရည်ရှည်အတွက် ချင်းမိုင် - ချင်းရိုင်း (3N4D) ခရီးစဉ်🌴🌴
တဦးလျှင်_539 USD/pax
ထွက်ရှိမည့်ရက် 10
(Oct 27 နောက်ဆုံးထားစာရင်း သွင်းရန်)

🎈🎈သွားရောက်လည်ပတ်မည့်နေရာများ..

■ တောင်ပေါ်ရှိ ဗုဒ္ဓဓာတ်တော်များတည်ရှိရာ Doi Suthep Mountain Temple ဘုရားကျောင်း
■Temple တစ်ခုလုံးကို ငွေထည်များဖြင့် တည်ဆောက်ထားသော Wat Sri Suphan (Silver Temple)
■ သဘာဝတောရိုင်းတိရစ္ဆာန်များကျင်လည်ကျက်စားပုံများ ကိုကိုယ်တိုင်တောထဲရောက်နေသလိုတွေ့မြင် ခံစားနိုင်မည့် Night Safari
■ ချစ်စဖွယ်ဆင်ကလေးများ နဲ့အတူ River Kwai မှာပျော်ရွှင်စွာရေကစားကြရင်း ကိုယ်တိုင် အစာကျွေးနိုင်မည့် Chiang Mai Elephant Camp
■ လှပသော သစ်ခွပန်းခြံကြီးများနှင့် ထိုင်းဘုရင် မင်းမြတ် သက်တော် ၈၀-ပြည့် အထိမ်းအမှတ် အဖြစ် ဖွင့်လှစ်ထားသော တော်ဝင်ပန်းခြံ
■ 3D ပန်းချီကားများနဲ့ စိတ်ကြိုက်ဓာတ်ပုံရိုက်နိုင်ပြီး ပန်းချီကားထဲသို့ ကိုယ်တိုင် ရောက်သွား သလိုခံစားစေမည့် Art In Paradise
■ Chiang Mai မြို့၏အကြီးဆုံး Temple တွေထဲကတစ်ခုဖြစ်သော Wat Ban Den Temple
■အံ့အားသင့်လောက်အောင် လက်ရာများနှင့်ပုံဖော်ထားသော ချင်းရိုင်းမြို့ရှိ နာမည်ကျော် White Temple
■ အညောင်းအညာပြေရန်အတွက် Natural Hot Spring
■ အခြားကျောင်းတွေနဲ့မတူတမူထူးခြားစွာ အပြာရောင် တွေဖြင့်သာ လွှမ်းခြုံထားသော Blue Temple
■ လှပတဲ့ လက်ဖက်ခင်းကြီးထဲမှာ လတ်ဆတ်တဲ့ လေကိုတစ်ဝကြီးရှုရှိုက်ပြီး လက်ဖက်ရည် သောက်ရင်း Dessert စားသုံးဆောင်နိုင်မည့် Choui Fong Tea Farm
■ ထိုင်းနိုင်ငံ တွင်ရှိ သောအမြင့် ဆုံးတောင်တစ်ခုဖြစ်ပြီး အမြင့်ပေ- 8415 ပေအမြင့်တွင် တည်ရှိသည့် Doi Inthanon National Park
■ Doi Inthanon ရေတံခွန်
■ အပြန်လက်ဆောင်များ ၀ယ်ယူနိုင်ရန် Central Festival Mall

❤ပါဝင်သော ၀န်ဆောင်မှုများ
● အသွားအပြန်လေယာဉ်လက်မှတ်(30 KG)
● 3 Star Hotel ( 3N )
● ခရီးစဉ်တွင် ပါဝင်သော နံနက်စာ(၃)နပ်၊ နေ့လည်စာ(၄)နပ်၊ ညစာ(၃)နပ်
● ခရီးစဉ်တွင် ဖော်ပြထားသော နေရာများအတွက် ၀င်ကြေးများ
● မြန်မာTour Leader ၀န်ဆောင်မှု
● ခရီးစဉ်တစ်လျှောက် Air Coach အကြိုအပို့
● Speed Boat to Coral Island

❤၀န်ဆောင်မှုတွင် မ ပါဝင်သော အရာများ
● ခရီးစဉ်တွင် ဖော်ပြမထားသော လည်ပတ်မှုများ၊ ၀င်ကြေးများ
● စားသောက်ဆိုင်နှင့် ဟိုတယ်တွင် Laundry၊ ဖုန်း၊ အအေး၊ Minibar အသုံးပြုခများ၊ Poter ၀န်ဆောင်မှု။

အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hot Line: 09-445070314
Gmail: [email protected]
Viber : +95 9445070314

 #ဘာလီသွားပါ 🌴🌴● ဘာလီကို တစ်သက်မှာတစ်ခါလောက်တော့ သွားလည်သင့်တဲ့အကြောင်းပြချက် ၈ ချက်ပိုက်ဆံတွေရှာမယ်၊ ပုံမှန်ခရီးတွေသွား...
20/09/2019

#ဘာလီသွားပါ 🌴🌴

● ဘာလီကို တစ်သက်မှာတစ်ခါလောက်တော့ သွားလည်သင့်တဲ့အကြောင်းပြချက် ၈ ချက်

ပိုက်ဆံတွေရှာမယ်၊ ပုံမှန်ခရီးတွေသွားမယ်၊ ဒါဟာ ဘဝကြီးရဲ့ အနှစ်သာရစစ်စစ်ပါပဲ။ ဘာလီကို ဘာကြောင့်တစ်ခေါက်လောက်တော့ သွားလည်သင့်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးသွားမှာပါ။ တချို့တွေက ပြည်ပခရီးစဉ်တွေဆိုရင် သွားလည်ရမှာ တွန့်ဆုတ်တတ်ကြပါတယ်။ ငွေကုန်ကြေးကျများမှာရယ်၊ သွားပြီး မတန်မှာ ဆိုးတာရယ်ကြောင့်ပါ။ ဒါဆို ဒီလိုမျိုး စိုးရိမ်ရတဲ့အချက်တွေကို ပြေပျောက်ပြီး ဘာလီသွားကိုသွားရမယ်လို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချသွားနိုင်အောင်ဆိုပြီး Hotels.com website မှ ဘာလီကဏ္ဍလေးကို ကိုးကားဖော်ပြပေးလိုက်ပါတယ်နော်။

(၁) ပထမဆုံးတစ်ခုကတော့ ကမ်းခြေပါ။ ဘာလီဆိုတာနဲ့ ကျွန်းရဲ့သဘာဝဆန်ပြီး လှပလွန်းတဲ့ ကမ်းခြေတွေကို အရင်ဆုံးသတိထားမိမှာပါပဲ။ ကျွန်းစုဖြစ်တဲ့အတွက်ကြောင့် ကျွန်းတွေလည်း အများကြီးရှိသလို တစ်ခုနဲ့တစ်ခုမတူညီဘဲ ကွဲပြားနေတဲ့ ကမ်းခြေတွေလည်း ထုနဲ့ဒေးရှိလို့နေပါတယ်။ သဲဖြူဖြူလွှလွှလေးတွေနဲ့ ကမ်းခြေတွေ၊ ကျောက်တုံးတွေနဲ့ ကမ်းခြေတွေကအစပေါ့။ ဘာလီကိုသွားလည်ရုံနဲ့ ကမ်းခြေတွေအများကြီးကို နေ့ချင်းပြန်သွားနိုင်မှာဆိုတော့ ကမ်းခြေခရီးကို အကြိမ်ကြိမ်ထွက်နေရသလို ခံစားရမှာပါ။

(၂) ဘာလီမှာ ဒုတိယအနေနဲ့ သိသာထင်ရှားနေတာကတော့ ဘုရားကျောင်းတွေပါပဲ။ ရှေးဟောင်းအဆောက်အအုံတွေဖြစ်ပြီး ဗိသုကာလက်ရာတွေကလည်း တော်တော်လေးလက်ရာမြောက်ကြတော့ လေ့လာရုံသာမက ဓာတ်ပုံပါရိုက်ကူးဖို့ လှလွန်းနေမှာပါနော်။

(၃) အင်ဒိုနီးရှားရူပီယာ ၁၅,၀၀၀ ပတ်ဝန်းကျင်မှ အမေရိကန် ၁ ဒေါ်လာပါ။ ကန် ၁ ဒေါ်လာမှာ မြန်မာငွေက ၁,၅၀၀ ပတ်ဝန်းကျင်မှာရှိတယ်ဆိုတော့ အလွယ်တွက်ရင် ဘာလီမှာ ပိုက်ဆံရှင်းတိုင်း သုညတစ်လုံး ဖြုတ်ပြီး တွက်နိုင်ပါတယ်။ နောက်ပြီး ဟိုတယ်ဈေးတွေကလည်း ပြည်တွင်းခရီးသွားသလို ၃ ၄ သောင်းကနေ စရှိနေတာဆိုတော့ အသင့်အတင့်ပဲလေနော်။

(၄) တခြားမြို့ကြီးတွေလိုမျိုးမဟုတ်ဘဲ ဘာလီမှာရှိတဲ့ လူအများစုဟာ ဖော်ဖော်ရွေရွေနဲ့ ယဉ်ကျေးပြီး ကူညီလိုစိတ်ရှိကြတာမို့ စိတ်ချလက်ချသွားလည်နိုင်ပါတယ်။

(၅) ဘာလီမှာ ကမ်းခြေအပြင် တောတွင်းတောင်တွင်းက သဘာဝရှုခင်းတွေကိုလည်း ခံစားနိုင်ပါသေးတယ်။

(၆) အဓိကသွားသင့်တဲ့အကြောင်းအရာကတော့ အစားအသောက်ပါ။ လမ်းဘေးဆိုင်ပဲစားမလား၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေမှာပဲစားစား စိတ်ကျေနပ်စေတဲ့ အရသာတွေကို ခံစားရမှာပါ။

(၇) လေ့လာစရာအနေနဲ့ ဘုရားကျောင်းတွေအပြင် ဘာလီကျွန်းစုသားတွေရဲ့ ဓလေ့တွေပါ။ ပွဲတော်ရက်တွေတော်တော်များများမှာ ရိုးရာဓလေ့ဆိုင်ရာ ကပြဖျော်ဖြေပွဲတွေနဲ့ ပြဇာတ်လိုမျိုးတွေ ကပြတတ်တဲ့အတွက် ဟိုတယ်ရဲ့အကူအညီနဲ့ ခံစားနိုင်ပါတယ်။

(၈) ဘာလီရဲ့ရေပြင်အနေအထားကြောင့် နိုင်ငံခြားသားတွေကတော့ ရေလှိုင်းစီးရတာကို ကြိုက်ကြပါတယ်။ စွန့်စားချင်တယ်ဆိုရင်တော့ ကမ်းခြေမှာရှိတဲ့ တချို့စားသောက်ဆိုင်တွေမှာ ရေလှိုင်းစီးသင်ပေးတဲ့ နည်းပြတွေနဲ့ ချိတ်ထားတတ်တာကြောင့် သင်ပြခိုင်းပြီး အနေ့အကြုံသစ်တွေကို ခံစားနိုင်ပါတယ်။

❤❤နိုဝင်ဘာ ပိတ်ရက်ရှည်မှာ ဘာလီနေရာအနှံ အတန်ဆုံးဈေးနဲ့ လည်မယ်ဆိုဒီ Link မှာလေ့လာကြည့်ရှု့ပြီး အခုပဲBooking တင်နိုင်ပါပြီ ❤❤
https://m.facebook.com/story.php?story_fbid=3093979017309089&id=1312420648798277

❤❤ ဘာလီကို အနည်းဆုံး ၂ ဦးရှိရုံ ဖြင့်သွားရောက်လည်ပတ်နိုင်မယ့် စားရိတ်ငြိမ်း အပြီးအစီး Package လေးတွေကိုလည်း ဒီမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ် ❤❤
https://m.facebook.com/story.php?story_fbid=2877586355615024&id=1312420648798277





အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hotline: 09445070314
Viber: +959445070314
Mail: [email protected]

❤ဒီသီတင်းကျွတ်ပိတ်ရက်မှာ ခရီးထွက်ဖို့ အတန်ဆုံး  #ဘန်ကောက်- #ပတ္တရား-  #ဟွာဟင် ( ၃ညအိပ် ၄ရက်) ခရီးစဉ်လာပါပြီ ❤🍁🍁နာမည်ကျော်...
23/08/2019

❤ဒီသီတင်းကျွတ်ပိတ်ရက်မှာ ခရီးထွက်ဖို့ အတန်ဆုံး #ဘန်ကောက်- #ပတ္တရား- #ဟွာဟင် ( ၃ညအိပ် ၄ရက်) ခရီးစဉ်လာပါပြီ ❤

🍁🍁နာမည်ကျော် နေရာအစုံလည်းလည်ပတ်မယ်၊ ဝန်ဆောင်မှုလည်းအပြည့်ရမယ်၊ ဈေးနှုန်းလည်း တန်ရမယ်။ Bangkok အတွေ့အကြုံအပြည့်ရှိတဲ့ မြန်မာ Tour Leader ကခရီးစဉ်တလျှောက် ဝန်ဆောင်မှုအပြည့်ပေးသွားမှာ ဖြစ်လို့ အခုပဲ Hotline: 09445070324 ကိုဆက်သွယ်လိုက်ကြစို့ !!

● ထွက်ခွာမည့်ရက် - 11 to Oct 14
● ဘန်ကောက် - ပတ္တရား - ဟွာဟင်( ၃ညအိပ်၎ရက်ခရီးစဉ် )
● တစ်ဦးလျှင် - 480 USD
( Nokair လေကြောင်းလိုင်းဖြင့် အသွားအပြန်လေယာဉ်လက်မှတ်အပြင် ၂၀ကီလိုသယ်ဆောင်ခွင့်ပါပြီးသားပါနော် )✈✈✈✈✈

🎈🎈ရောက်ရှိမယ့်နေရာလေးတွေကတော့ ….
🎇🎇 အရှေ့တောင်အာရှတွင် အကြီးဆုံး ရုက္ခဗေဒ ဥယျာဉ်တစ်ခု ဖြစ်ပြီး ဧကပေါင်း- 700 ကျော်ရှိသည့် Nong Nooch Garden🌿🌿
🎇🎇 ကြီးမားလှတဲ့ ကျောက်တုံးကြီးပေါ်မှာ ကြည်ညိုသပ္ပာယ်လှတဲ့ ဗုဒ္ဓရုပ်ပွားတော် ကို လေဆာဖြင့် ပုံဖော်ထားသည့် Laser Buddha
🎇🎇 ပတ္တရား မြို့လေးရဲ့အရိုင်းဆန်တဲ့ အလှကို အတူ ယှဉ်တွဲမြင်ရမယ့် နေရာေ လး တစ်ခုဖြစ်တဲ့ Pattaya Viewpoint
🎇🎇 မိန်းကလေးရှုံးလောက် အောင်လှပသည့် Ladyboy များရှိရာ Alcazar Show
🎇🎇 ပတ္တယားမြို့၏ အစည်ကား ဆုံးနေရာ တစ်ခု ပြီး ခေတ်ပေါ်တေး သီချင်းတွေ ရောင်စုံမီးအလှတွေကြားမှာ သက်ဝင်လှုပ်ရှားနေတဲ့ နေရာလေးတစ်ခုဖြစ်သော Walking Street
🎇🎇 ဖြူလွှလွှ သဲသောင်ပြင်နှင့် ရေပြာပြာပင်လယ်ပြင်ကြီးရှိရာ Coral Island
🎇🎇 ရင်ခုန်ဖွယ် ကျားဖြူလေးတွေနဲ့ တွဲပီး ဓာတ်ပုံရိုက်မယ်၊ နို့တိုက်မယ် ၊ သူတို့လေးတွေရဲ့ မျက်လှည့်ဆန်ဆန် show တွေနဲ့အတူ အသည်းယားဖွယ် Tiger Show နှင့် မိကျောင်းshow တွေကိုပါ ကြည့်ရှုနိုင်မယ့် Tiger Zoo
🎇🎇 ဈေးဝယ်ထွက်ရတာကိုမှ ၀ါတနာပါသူတွေအတွက်သာမက ဓာတ်ဖမ်းချင်တဲ့သူတွေအတွက်ပါ Background လှလှလေးတွေရှိတဲ့ Terminal 21 Shopping Mall
🎇🎇 ကျောက်ဘုရားမြစ်ရဲ့ Romantic ဆန်လှတဲ့ အလှတရားတွေကြားမှာ ထိုင်းအလှမယ်လေးများရဲ့ ကပြဖျော်ဖြေမှုကို ခံစားကြည့်ရှုရင်း ညစာသုံးဆောင်ကြမယ့် Chao Phara River Cruise Dinner
🎇🎇 တစ်မူထူးခြားပြီး အီတလီကိုရောက်သွားသလိုခံစားရအောင် တည်ဆောက်ထားတဲ့ Venezia
🎇🎇 3D ArtGallery မှာ ဓာတ်ပုံတွေ စိတ်ကြိုက် ရိုက်မယ်
🎇🎇 Fontana Di Trevi Park မှာ အလှဆုံး ဓာတ်ပုံတွေ ရိုက်မယ်
🎇🎇 Mini Train လေးနဲ့ တစ်ပတ်ပတ်ရင်း Tiktok Video လေးတွေ ဖန်တီးကြမယ်
🎇🎇 King & Queen ၀တ်စုံတွေနဲ့ အင်္ဂလန်ဘုရင် နဲ့ ဘုရင်မတို့လို ဓာတ်ဖမ်း
🎇🎇 Sweet Sheep Farm မှာ သိုး လေးတွေကို အစာကျွေးရင်း သာယာတဲ့ရှုခင်းတွေ နဲ့ အတူ Selfie ဆွဲလို့ရသေးတယ်နော်
🎇🎇 Santorini ကျွန်းလေးကို ရောက်သွား သလိုခံစားလိုက်ရမယ့် ဂရိတို့ရဲ့ Santorini Park
🎇🎇 ပင်ပန်း သမျှကို အပန်းဖြေဖို့ Hua Hin Beach
🎇🎇 Cha Am Outlet Mall မှာ Branded တွေကို မယုံနိုင်စရာ Discount တွေနဲ့ စိတ်ကြိုက်ဝယ်ဖို့ပို့ပေးဦးမှာနော်
🎇🎇 အမြင့်ပေ ၃၈၀မီတာကနေ အသဲယားဖွယ် မှန်ချပ်လေးပေါ်မှာ လမ်းလျှောက်ပြီး ဓာတ်ပုံလှလှ ရိုက်ချင်သူများအတွက် Maharnakhon Skywalk
🎇🎇 ကျောက်ဘုရားမြစ်ကမ်းနားမှာ ဖွင့်လှစ်ထားတာကြောင့် မြစ်အလှနဲ့ အတူယှဉ်တွဲ လှပနေရုံသာမက အတွင်းပိုင်း Decoration တွေကလည်း မထင်မှတ်ထားလောက်အောင်ခမ်းနားလှတဲ့ Icon Siam Shopping Mall

☂️ ၀န်ဆောင်မှုတွင် ပါဝင်သော အရာများ
❤ 3 Star Hotel ( 3N )
❤ ခရီးစဉ်တွင် ပါဝင်သော နံနက်စာ ၃နပ်၊ နေ့လည်စာ ၄နပ်၊ ညစာ ၃နပ်
❤ ခရီးစဉ်တွင် ဖော်ပြထားသော နေရာများအတွက် ၀င်ကြေးများ။
❤ မြန်မာTour Leader ၀န်ဆောင်မှု။
❤ ခရီးစဉ်တစ်လျှောက် Air Con Car အကြိုအပို့။
❤ Speed Boat to Coral Island

☂️ ၀န်ဆောင်မှုတွင် မ ပါဝင်သော အရာများ
❤ ခရီးစဉ်တွင် ဖော်ပြမထားသော လည်ပတ်မှုများ၊ ၀င်ကြေးများ။
❤ စားသောက်ဆိုင်နှင့် ဟိုတယ်တွင် Laundry၊ ဖုန်း၊ အအေး၊ Minibar အသုံးပြုခများ၊ Poter ၀န်ဆောင်မှု။

အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hot Line: 09-445070314
Gmail: [email protected]
Viber : +95 9445070314

ကဲ ရုံးပိတ်ရက်တော့ ကြောငြာပြီးပြီ 😎Vegas Myanmar နဲ့အတူ ခရီးထွက်ဖို့ပဲ ကျန်တော့တယ် ❤❤● အလှဆုံး Prewedding ရိုက်ကူးရေး ခရ...
10/08/2019

ကဲ ရုံးပိတ်ရက်တော့ ကြောငြာပြီးပြီ 😎
Vegas Myanmar နဲ့အတူ ခရီးထွက်ဖို့ပဲ ကျန်တော့တယ် ❤❤

● အလှဆုံး Prewedding ရိုက်ကူးရေး ခရီးစဉ်
● ကြင်စဦး ဇနီးမောင်နှံများ အတွက် အတန်ဆုံး Honeymoon ခရီးစဉ်များ
● မိသားစုလိုက် သွားနိုင်တဲ့ family package များ
● Company အသင်းဖွဲ့များ၏၀န်ထမ်းခရီးစဉ်များ

အတွက် ပြည်တွင်းပြည်ပခရီးစဉ် အမျိုးမျိုးကို အနည်းဆုံး ၂ ဦးမှစတင်၍ သုံးစွဲချင်သောငွေပမာဏနှင့် သင့်တော်ကောင်းမွန်သော ခရီးစဉ်များကို
အကြံပေး ရေးဆွဲပေးနေပါပြီ

အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hot Line: 09-445070314
Gmail: [email protected]
Viber : +95 9445070314

☂️☂️ ကဲ....  #ပြည်တွင်းခရီးစဉ်အသစ် လာပြီနော် ရှမ်းပြည်တောင်ပိုင်း_ပင်လောင်း (၂ ညအိပ် ၃ ရက်) ခရီးစဉ် ☂️☂️🔺🔺Trekking, Sigh...
02/08/2019

☂️☂️ ကဲ.... #ပြည်တွင်းခရီးစဉ်အသစ် လာပြီနော်
ရှမ်းပြည်တောင်ပိုင်း_ပင်လောင်း (၂ ညအိပ် ၃ ရက်) ခရီးစဉ် ☂️☂️

🔺🔺Trekking, Sightseeing, Adventure ရသစုံ ခံစားနိုင်မယိ့ ဘယ်သူမှ မစီစဉ်သေးတဲ့ နေရာသစ်ကို အတန်ဆုံးဈေးနူန်းနဲ့ စီစဉ်ထားတယ်နော်..🔷🔷

#ထွက်ရှိမည့်ရက် 📅
#တဦးဈေးနှုန်း - ၁၆၀၀၀၀ ကျပ်

📢 📢လည်ပတ်ပို့ဆောင်ပေးမည့် နေရာများ 📢 📢

■ သာယာလှပတဲ့ ပင်လောင်းရှိ မတူညီတဲ့ သဘာဝစိုက်ခင်းအလှတွေခံစားရင်း အပန်းဖြေကြမယ်
■ ရှမ်းစက္ကူပြုလုပ်တဲ့နေရတွေ ပလိုင်းပြုလုပ်သည့်နေရာတွေမှာ ဗဟုသုတရအောင်သွားလေ့လာကြမယ်
■ ဘီလူချောင်း ရေထွက်ဂူ
■ ကျန်စစ်သားခြေရာ
■ လိမ္မော်ခြံ
■ သမိုင်းဝင် တီကျစ်ကျောက်စာတည်ဖောင်တော်ဦးဘုရား
■ နဂါးတို့မွေ့ပျော်ရာ သမိုင်းဝင် တန်ခိုးကြီး လုံးနဂါးပတ်ဘုရားဖူးကြမယ် ၊ ပအိုဝ်းရိုးရာဓလေ့စရိုက်တွေနဲ့ သဘာဝရဲ့ အရိုင်းဆန်ဆန်အလှ ကို ခံစားကြမယ်
■ အလွန်ဆန်းကြယ်သော သဘာဝနတ်ရေကန်(သစ္စာခရုရေကန်)ကိုလည်း ဝင်ရောက်လေ့လောကြမယ်
■ ပင်လောင်ဈေးမှာ နာမည်ကြီးပင်လောင်းလက်ဖက်၊ သဘာဝအသီးအနှံ တွေဝယ်ကြမယ်
■ အလွန်ထူးဆန်းဖွယ် သမိုင်းကြောင်းတွေ ပြည့်နှက်နေတဲ့ ယောက်ကော်အဖေကြီးရဲ့ ဝင်င်္ဂဘာတောင် မှာလေ့လာမယ်၊ သဘာဝ ရူခင်းကြည့်ကြမယ်
■ မြင့်မားလှတဲ့ တောင်တန်းအလှအပတွေမှာ သဘာဝအတိုင်း အရိုင်းဆန်ဆန်ရှိနေတဲ့ စင်စင်းရေတံခွန်ဆီကို သဘာဝအလှအပတွေခံစားရင်း Trekking လျှောက်ကာ အပန်းပြေရေသွားဆော့ကြမယ်
■ ဘီလူးချောင်း နဲ့ ချိတ်ဆက်နေသော သဘာဝလှိုဏ်ဂူဖြစ်တဲ့ ကောင်ဒေါ သာဘာဝလှိုဏ်ဂူ
■ ပင်လောင်းကော်ဖီစက်ရုံ
■ နာမည်ကျော် အထက်ပေါင်းလောင်းမြစ်နဲ့ လိန်းလီတံတားမှာ ရူခင်းအဝခံစားမယ်၊ ဓာတ်ပုံရိုက်ကြမယ်
■ ပင်လောင်းရဲ့ နာမည်ကျော် စော်ဘွားဟော်နန်း နှင့် အုတ်ဂူ
■ ပင်လောင်း တမြို့လုံးရဲ့ နေဝင်ချိန်အလှကို အဝရှုစားနိုင်မယ့် လွယ်မောင်းတောင်
■ နန်းဟူဘုရားတောင်
■ မွေတော် ဘုရားကြီး နှင့်
■ ပင်တလဲ ကျိုက်ထီးရိုးဘုရား တို့ကိုလည်း ဖူးမြော်ကြမယ်

🔔ပါဝင်သည့် ဝန်ဆောင်မူများ 🔔
✴Hotel ၂ ညတာ တည်းခိုခွင့်
✴Fully air-con ကား ( ၁၀ ယောက်စီး)
✴ နံနက်စာ၊ နေ့လည်စာ၊ ညစာများ
✴ ရေသန့်၊ အဆာပြေ သုံးဆောင်ရန် မုန့်နှင့် အချိုရည်
✴ ၀န်ဆောင်မှုပေးမည့် Tour Leader
✴ ဒေသခံ ဧည့်လမ်းညွှန်
✴ လမ်းခရီးတလျှောက် ဝင်ကြေးများ

👉ဘယ်မှာမှ မရနိုင်တဲ့ ရိုးရာအစားအသောက် စစ်စစ် "ခေါင်းစွပ်ပြား" ထမင်းဝါပြား စားလို့ရမယ်
👉ထူးထူးခြားခြား မြေကြီးကိုပါ စားလို့ရမယ့် နေရာလေးလည်းရှိတယ်နော်

🛑 အချစ်ဆုံးသူငယ်ချင်းများနဲ့ သီးသန့် သွားနိုင်မယ့် Package
🛑 မိသားစုလိုက် သွားနိုင်တဲ့ family package
🛑 Company အသင်းဖွဲ့များ၏၀န်ထမ်းခရီးစဉ် package
စသည်တို့ကို အနည်းဆုံး ၁၀ ဦး ရှိရုံဖြင့် စီစဉ်ဆောင်ရွက်ပေးပါမည်။

#ပင်လောင်း




အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hot Line: 09-445070314
Gmail: [email protected]
Viber : +95 94450703140

အားကျနေကြပြီမှတ်လား ?? ❤❤Vegas Myanmar ရဲ့ Service ကို ယုံယုံကြည်ကြည်ဝယ်ယူအားပေးခဲ့တဲ့ ချစ်စရာ စုံတွဲလေးရဲ့ July လအတွင်း...
23/07/2019

အားကျနေကြပြီမှတ်လား ?? ❤❤

Vegas Myanmar ရဲ့ Service ကို ယုံယုံကြည်ကြည်ဝယ်ယူအားပေးခဲ့တဲ့ ချစ်စရာ စုံတွဲလေးရဲ့ July လအတွင်းသွားခဲ့တဲ့ ဘာလီ Honeymoon
အပန်းဖြေခရီးစဉ် အမှတ်တရပုံလေးတွေကိုလည်းမျှဝေပေးလိုက်ပါတယ်

● အလှဆုံး Prewedding ရိုက်ကူးရေး ခရီးစဉ်
● ကြင်စဦး ဇနီးမောင်နှံများ အတွက် အတန်ဆုံး Honeymoon ခရီးစဉ်များ
● မိသားစုလိုက် သွားနိုင်တဲ့ family package များ
● Company အသင်းဖွဲ့များ၏၀န်ထမ်းခရီးစဉ်များ

အတွက်စီစဉ်ပေးသော ပြည်တွင်းပြည်ပခရီးစဉ် အမျိုးမျိုးကို အနည်းဆုံး ၂ ဦးမှစတင်၍ သုံးစွဲချင်သောငွေပမာဏနှင့် သင့်တော်ကောင်းမွန်သော ခရီးစဉ်များကို အကြံပေး ရေးဆွဲပေးနေပါပြီ





အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hot Line: 09-445070314
Gmail: [email protected]
Viber : +95 9445070314

●● အင်ဒိုနီးရှားရဲ့ ကိုမိုဒိုကျွန်းကို ၂၀၂၀ ပြည့်နှစ်မှာ ပိတ်ထားတော့မည်အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားဆွဲဆောင်...
22/07/2019

●● အင်ဒိုနီးရှားရဲ့ ကိုမိုဒိုကျွန်းကို ၂၀၂၀ ပြည့်နှစ်မှာ ပိတ်ထားတော့မည်

အင်ဒိုနီးရှားနိုင်ငံရဲ့ ကမ္ဘာလှည့်ခရီးသွားဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်တဲ့ ကိုမိုဒိုကျွန်းကို လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ပိတ်ထားတော့မှာဖြစ်ကြောင်း အရှေ့ နူစာ တန်ဂါရာ ခရီးသွားဌာန (NTT) ကို ကိုးကားပြီး Antara သတင်းဌာနက ကြာသာပတေးနေ့ မှာ ဖော်ပြခဲ့ပါတယ်။

ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇.၁ သန်းလောက် ကုန်ကျခံကာ
၎င်းကျွန်းရဲ့ ဂေဟစနစ်တွေ တိုးတက်ကောင်းမွန်စေရန်နဲ့ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ပြီး နှစ်ရှည်ပိတ်ထားမှာဖြစ်ပါတယ်။

ကိုမိုဒိုကျွန်းဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံး အဏ္ဏ၀ါခရီးသွားစင်တာ ၁၂ ခုမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး Komodo, Padar နဲ့ Rinca ဆိုတဲ့ အကြီးဆုံးကျွန်ကြီး သုံးခုအပါအ၀င် ကျွန်းငယ် ၂၆ ခုနဲ့ ဖွဲ့စည်း သတ်မှတ်ထားတဲ့ ကိုမိုဒိုအမျိုးသားဥယျာဉ်ဒေသရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။

ကိုမိုဒို ကျွန်းကိုပိတ်ထားစဉ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေဟာ Rinca ကျွန်းမှာရှိတဲ့ ကိုမိုဒိုနဂါးတွေကိုတော့ သွားရောက်လေ့လာခွင့်ရမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ၀ီဒိုဒို က ဇူလိုင် ၁၀-၁၁ ထိ ကျွန်းကိုလာရောက်လည်ပတ်ခဲ့ပြီးနောက် အခုလို ပိတ်ထားဖို့ဆုံးဖြတ်ချက်ကို ၄င်းက အတည်ပြုခဲ့တာဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလာရောက်လည်ပတ်တဲ့နေရာတွေဖြစ်တဲ့ ကိုမိုဒို အမျိုးသားဥယျာဉ်နဲ့ Labuan Bajo ကဲ့သိုသော ခရီးသွားလုပ်ငန်းတွေဟာ အရှေ့ နူစာ တန်ဂါရာ ခရီးသွားဌာန (NTT) ရဲ့ ၀င်ငွေကျောရိုးကြီးဖြစ်ပြီး ယမန်နှစ်က မှတ်တမ်းတွေအရ ကိုမိုဒိုအမျိုးသားဥယျာဉ်ကို နိုင်ငံခြားသားခရီးသွား ၂ သိန်းနီးပါးလာရောက်လည်ပတ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၃ သန်းထိ ၀င်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။

၁၉၇၇ ခုနှစ်တုန်းက ကိုမိုဒိုအမျိုးသားဥယျဉ်ကို ဇီဝသက်ရှိတွေထိန်းသိမ်းရာနေရာတစ်ခုအဖြစ် ယူနက်စကို (UNESCO) ကသတ်မှတ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာတော့ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ကြေညာခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့မှာ တစ်နေရာတည်းသာအသက်ရှင်ကျန်ရစ်တော့တဲ့ ဧရာမပေါက်သင်ညိုမျိုးနွယ်ဝင် ကိုမိုဒိုနဂါး တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ၄င်းဒေသကို အမျိုးသားဥယျာဉ်အဖြစ် ၁၉၈၀ ခုက သတ်မှတ်ခဲ့တာဖြစ်ပါတယ်။
Ref: CNA

❤❤ အချိန်မှီလေး ၂၀၂၀ မတိုင်ခင် သွားရောက်လေ့လာလိုပါက Vegas Myanmar မှ အနည်းဆုံး ၂ ဦးရှရုံဖြင့် သွားနိုင်တဲ့ ဝန်ဆောင်မှုအပြည့်နဲ့ package တခုကို စီစဉ်ပေးနေပါတယ် ❤❤

👇👇
https://m.facebook.com/story.php?story_fbid=2195362367170763&id=1312420648798277





အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hot Line: 09-445070314
Gmail: [email protected]
Viber : +95 9445070314

🤘အတန်ဆုံး ဘာလီ ၄ညအိပ်၅ရက်ခရီးစဉ်ကို ဒီမှာရယူလိုက်ပါ🤘Island Of God_   Flash Sales●မေး_ဘာလီကို နာမည်ကျော်နေရာအစုံ၊ Activit...
20/07/2019

🤘အတန်ဆုံး ဘာလီ ၄ညအိပ်၅ရက်ခရီးစဉ်ကို ဒီမှာရယူလိုက်ပါ🤘

Island Of God_ Flash Sales

●မေး_ဘာလီကို နာမည်ကျော်နေရာအစုံ၊ Activities အစုံနဲ့ လည်ပတ်ချင်တယ်၊ ဝန်ဆောင်မှုလည်းကောင်းမှနော် ? ဈေးနှုန်းလည်း သင့်တာလေးကော ??

●ဖြေ_ ဒီ Package ထက်တန်တာတော့ မရှိတော့ဘူးဗျို့ ?? အသေးစိတ်သာ ဖတ်ကြည့်လိုက်ပါ

👇👇 👇👇 👇👇 👇👇

📅 November 8

(October 15 ရက်နေ့ နောက်ဆုံးထားစာရင်းပေးရန်)

🚨ဈေးနှုန်း (တစ်ဦးလျင်) - "680" USD/pax

💠သွားရာက်လည်ပတ်မည့်နေရာများ...

🏝 ရှုမဆုံးနိုင်သောရှုခင်းများ Bali Swing, Bird Nest များနှင့် Panoramic View ကိုခံစားနိုင်မည့် Rice terrace

🏝 ကမ္ဘာ့ဈေးအကြီးဆုံးကော်ဖီတစ်မျိုးဖြစ်သော Luwak Coffee ကိုမြည်းစမ်းကြည့်နိုင်မည့် Luwak Coffee farm

🏝 Twin Lake နှင့် မီးတောင်ရှင်ဖြစ်သော Mt. Batur တို့၏ စွဲမက်ဖွယ် ရှုခင်းတို့ကို ကြည့်ရှုခံစားနိုင်မည့် Kintamani ရွာ

🏝 ဘာလီ နတ်ဘုရားတွေ တည်ရှိရာ ဆုတောင်းသမျှ ပြည့်တယ်ဆိုတဲ့ Holy Water ရေချိုးပြီး ဆုတောင်းကြမယ့် Tirta Empul Temple

🏝 ဘာလီသို့ သွားရောက် လည်ပတ်သော ဧည့်သည်တိုင်း မရောက်မဖြစ် သွားရောက်ကြသော အထင်ကရ Tanah Lot Temple

🏝 ဘာလီ မြောက်ပိုင်းက Ulun Danu Temple

🏝 ဓာတ်ပုံအလန်းစားတွေ အများကြီးရိုက်လို့ရမယ့် Wanagiri Hidden Hill

🏝 နာမည်ကျော် Handra Gate

🏝 ၀ိညာဉ်များရဲ့ကျောင်းတော်ဟု နာမည်ကြီးသော

Uluwatu Temple နဲ့

🏝 ပစိဖိတ် သမုဒ္ဒရာတွင်အလှဆုံးကမ်းခြေများဖြစ်သော Kelingking Beach

🏝 Broken Beach

🏝 Angel's Bilabong

🏝 အမိုက်စား Water Sport Activities(Seawalking/Parasailing/ Jest ski) တွေကို Tanjung Benona Beach မှာဆော့ကစားမယ်

🏝 အလွန်လှသော Panoramic View ကိုခံစားနိုင်မည့် ပင်လယ်ကမ်းစပ်ရှိ တောင်စွန်းပေါ်တွင် တည်ရှိသော Uluwatu Temple

🏝 အထိမ်းအမှတ်ရုပ်ထုကြီးများ တည်ရှိသော GWK Statute

🏝 အနားယူအပန်းဖြေရန် အလှဆုံးကမ်းခြေတစ်ခုဖြစ်သော

Malasti Beach







🎈ဒီလို ဝန်ဆောင်မူတွေ အပြီးအစီးပါတယ်နော် 🎈

👉အသွားအပြန် လေယာဉ်လက်မှတ်

👉3 STAR hotel ၄ ည တည်းခိုခြင်း

👉မနက်စာ၊ နေ့လည်စာ ၊ ညစာများ

👉Transportation အတွက် private Tour Car

👉ဝင်ကြေးများ နှင့် performance tickets များ

👉ကမ်းခြေတွင် Water Sport များ ဆော့ကစားခြင်း(Banana Boat)

👉Mineral Water

👉ခရီးစဉ်တလျှောက် ဝန်ဆောင်မူပေးမည့် မြန်မာTour Leader

👉Local Guide

အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်

Hot Line: 09-445070314 / 09-456988785

Gmail: [email protected]

Viber : +95 9445070314

  is calling  ဘေကျင်း (4D/3N) ခရီးစဉ် ❤❤ဈေးနှုန်း: 700 USD/pax🎈အနည်းဆုံး ၂ ဦးရှိရုံဖြင့် သွားနိုင်ပြီနော် !! 🎈ဆောင်းဦး...
20/07/2019

is calling ဘေကျင်း (4D/3N) ခရီးစဉ် ❤❤
ဈေးနှုန်း: 700 USD/pax

🎈အနည်းဆုံး ၂ ဦးရှိရုံဖြင့် သွားနိုင်ပြီနော် !! 🎈

ဆောင်းဦးရာသီ ဖြစ်တဲ့ September to October လများဟာ တရုတ်ပြည်တွင် ဆောင်းဦးရာသီဖြစ်တာကြောင့် လည်ပတ်လို့အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်. ခရီးသွားအများစုလာရောက်လည်ပတ်ကြတဲ့အချိန် လည်းဖြစ်ပြီး မြန်မာခရီးသွားတွေကြားမှာ လူကြိုက်အများဆုံး ခရီးစဉ်လေးဖြစ်တဲ့ ဘေကျင်း(4D/3N) ခရီးစဉ်လေးကို မိတ်ဆက်ပေးပါရစေ.
------------------------------------------------------------------------------
သွားရောက်လည်ပတ်မည့်နေရာတွေကတော့

ပထမနေ့ (Beijing Arrival) - မနက်တွင် ရန်ကုန်မှ Direct flight နဲ့ Beijing Capital International Airport သို့ဆိုက်ရောက်ပါမယ်။
လေဆိပ်မှာတော့ English speaking guide မှကြိုဆိုပြီး Hotel တွင်တညတာ တည်းခိုမည် ဖြစ်သည်။

ဒုတိယနေ့ (Beijing) - ဒီနေ့မှာတော့ တရုတ်ပြည်ရဲ့အထင်ကရနေရာဖြစ်သော
● ကမ္ဘာ့အံဖွယ် Great Wall မဟာတံတိုင်းကြီး (Juyongguan Sector)
● Ming Dynasty Tomb ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။

တတိယနေ့ (Beijing) -
● UNESCO မှ World Heritage တစ်ခုဖြစ်တဲ့ Summer Palace ကိုသွားရောက်လည်ပတ်မှာဖြစ်ပါတယ်။
● Tiananmen ရင်ပြင်သို့ သွားရောက်လည်ပတ်မည်
● တရုတ်နိုင်ငံ Ming မင်းဆက်မှ Qing မင်းဆက်အထိ စိုးစံခဲ့သော မြို့တော်ဖြစ်သည့် Forbidden City သို့ လည်ပတ်မည်
● Bejing မြို့အတွင်း နှင့် Temple of Heaven သို့သွားရောက် လည်ပတ်မည်

နောက်ဆုံးနေ့  (Bejing Departure) – Bejing မှ Yangon သို့ Transit flight နဲ့ပြန်လည်ထွက်ခွါမှာဖြစ်ပါတယ်။

-------------------------------------------------------------------------
🌴ခရီးစဉ်တွင်ပါဝင်တဲ့ဝန်ဆောင်မှုများကတော့🌴

• Local 4* ဟိုတယ်တွင် တည်းခိုခွင့် (Beijing တွင် ၃ ည)
• လေယာဉ်လက်မှတ်အသွားအပြန် (ရန်ကုန် - ဘေကျင်း - ရန်ကုန်)
• ခရီးစဉ်အတွင်း သွားလာလည်ပတ်ရန်အတွက် သီးသန့် Air-con ကား
• လည်ပတ်မည့်နေ့ရာများ၏ ၀င်ကြေးများ
• ဒေသခံ အင်္ဂလိပ်စကားပြော ဧည့်လမ်းညွှန်
• နာမည်ကျော် ပီကင်းဘဲကင် နှင့် တရုတ်အစားအစာ buffet, hot pot စားသောက်ဆိုင်များ

■ Visa လျှောက်ထားရန် လိုအပ်သောဝန်ဆောင်မှုများကို ကူညီဆောင်ရွက်ပေးပါသည်။





အသေးစိတ်စုံစမ်းရန် နှင့် ခရီးစဉ်လက်မှတ်ဝယ်ယူရန်
Hot Line: 09-445070314/09-456988785
Gmail: [email protected]
Viber : +95 9445070314

2019 ခုနှစ် ဇူလိုင်လ 19 ရက် (သောကြာနေ့) တွင် ကျရောက်သော ၇၂ ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်...
18/07/2019

2019 ခုနှစ် ဇူလိုင်လ 19 ရက် (သောကြာနေ့) တွင် ကျရောက်သော ၇၂ ကြိမ်မြောက် အာဇာနည်နေ့တွင်
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပါ၏။


Address

Singapore
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Vegas Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Vegas Myanmar:

Videos

Share

Category

Nearby travel agencies


Other Travel Agencies in Singapore

Show All