Travel with Bosco

Travel with Bosco The Journey of Life

Hello မတွေ့တာကြာပြီနော် အလုပ်မအားလို့အမြဲ Active မဖြစ်တာနားလည်ပေးပါဦး ဒီတစ်ခါမျှဝေပေးချင်တာက "ပိုလှတဲ့မနက်ဖြန်"ဆိုတဲ့စာတ...
20/07/2024

Hello မတွေ့တာကြာပြီနော် အလုပ်မအားလို့အမြဲ Active မဖြစ်တာနားလည်ပေးပါဦး ဒီတစ်ခါမျှဝေပေးချင်တာက "ပိုလှတဲ့မနက်ဖြန်"ဆိုတဲ့စာတိုလေးပါ....

"ပိုလှတဲ့မနက်ဖြန်"

မနက်ဖြန်ကိုလူတိုင်းပိုင်ဆိုင်နိုင်မှာမဟုတ်ပေမယ့် လူတိုင်းက မနက်ဖြန်အတွက်ကြိုး‌စားနေကြပါတယ်။ ကျောင်းသားတစ်ယောက်ဟာ သူ့ဘဝအတွက်ကောင်းမွန်တဲ့ဘဝရဖို့ ပညာကိုကြိုးစားသင်နေသလို လူနာတစ်ယောက်ဟာလည်း သူ့အတွက်မနက်ဖြန်ရဖို့ ဆရာဝန်တွေနဲ့အတူ ကြိုးစားကုသနေတာကိုလည်း ဆေးရုံတွေမှာတွေ့ရမှာပါ။

ဘန်ကောက်ရောက်တော့ ဟိုဟိုဒီဒီလျှောက်လည်ရင်း ကယားဝက်အူချောင်းဝယ်ချင်တာနဲ့ပဲ KhlongToei Market ရောက်သွားတယ်။ အများဆုံးမြန်မာတွေတွေ့ရတယ်။ ဒါပေမယ့် အများစုက တိုင်းရင်းသားတွေပါ။ သူတို့ကိုမေးကြည့်တော့ ပန်းရံအလုပ်၊ကျပန်းအလုပ်တွေလုပ်ကျတယ်တဲ့။ လုပ်ခလစာကလည်းအင်မတန်နည်းပါတယ်။ ဒါပေမယ့်သူတို့ရဲ့မနက်ဖြန်အတွက် သူတို့ကြိုးစားနေကြတယ်။

ရတဲ့လုပ်ခစာနဲ့မနက်ည လောက်အောင်စားဖို့ရယ်၊ အဆောင်ခရယ်ကို ကာမိအောင်အတော်ရုန်းကန်ရတယ်လို့ပြောပါတယ်။ အဆင်မပြေလို့ပြန်မယ်လုပ်တော့လည်း နေစရာအိမ်မရှိတော့ဘူး။ တချို့နေရာကစစ်မြေပြင်ဖြစ်နေတုန်းပဲ။ တချို့ကလည်းတရားမဝင်တဲ့ပုံစံမျိုး‌နဲ့ ဒီမှာနေနေကြရတာ။ ပြန်ပို့ခံရမှာလည်း စိုးပါတယ်။ သောကအပူတွေနဲ့ ရှင်သန်နေထိုင်ကြရပါတယ်။ ဒါပေမယ့်အကောင်းဆုံးရှင်သန်နေကြတယ်။ အကောင်းဆုံးရှင်သန်ကြရတယ်။ သူတို့မှာမျှော်လင့်ချက်တွေရှိတယ် ပိုကောင်းတဲ့မနက်ဖြန်အတွက်ပေါ့။

အမှန်အတိုင်းပြောရရင် အဲ့အချိန်ဟာ ကိုယ်တွေအလုပ်ရဲ့ Bonus နဲ့ပတ်သတ်ပြီး အလုပ်ထွက်ချင်စိတ်ဖြစ်နေခဲ့တာပါ။ အလုပ်ပြောင်းဖို့အတွက်လည်း တစ်ခြားအလုပ်လည်းရှာနေပေမယ့် မတွေ့သေးတဲအချိန်ပါ။ ဆိုတော့ ခွင့်ယူပြီးစိတ်ထွက်ပေါက်အနေနဲ့ခရီးထွက်လာခဲ့တာပါ။ ခြေဦးတည့်ရာသွားမယ်။ ရောက်တဲ့ Hotel တည်းမယ် စသည်ဖြင့်ပေါ့။ ဒါပေမယ့် သူတို့နဲ့ကြုံတွေ့ရပြီး ကိုယ်ထက်အခြေအနေဆိုးတဲ့သူတွေရှိပါသေးတယ် အားတင်းထားပါဦးဆိုတဲ့ စိတ်ကလေးရခဲ့ပါတယ်။ သူတို့ကိုလည်း ပိုစာနာမိခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီခရီးစဉ်လေးကို Sympathy Trip လို့မှည့်ခဲ့တာပါ။

ဒီကာလကြီးမှာ အားလုံးရဲ့မနက်ဖြန်ကခက်ခဲနေကြပါတယ်။ ပြည်တွင်းကလူကခက်ခဲသလို ပြည်ပကလူတွေလည်း ခက်ခဲနေကြပါတယ်။ အ‌နေအစားဆင်းရဲစွာနဲ့ ရှင်သန်နေကြရပါတယ်။ တချို့အဖိုးအဖွားတွေဆို သူတို့အခုအသက်အရွယ်အထိမကြုံဖူးတဲ့ ဘေးဒုက္ခကို ရင်ဆိုင်နေရတယ်လို့ မှတ်ချက်ပေးကြပါတယ်။ လူငယ်လူရွယ်တွေရဲ့လုပ်အားတွေလည်း အဆုံးအရှူံးခံနေရပါတယ်။ ပညာတက် ပညာရှင်အများစုကလည်း သူများနိုင်ငံမှာ အခြေအနေမပေးတဲ့အတွက် အခြေခံအလုပ်တွေနဲ့လုပ်နေကြရတာတွေကလည်း မျက်မြင်ပါပဲ။ ပိုလှတဲ့မနက်ဖြန်ဖြစ်ဖို့ မျှော်လင့်ရင်း ကြိုးစားကြတယ်။ မျှော်လည်းမျှော်လင့်ကြတယ်။

အခုအချိန်မှာကျွန်တော်တို့ရဲ့မနက်ဖြန်ဟာ ဒီနေ့ထက်ပိုဆိုးချင်ဆိုးမယ် ဒါပေမယ့် အကောင်းဆုံးရှင်သန်ကြတယ်။ ဒီကြားထဲမှာမှ အခက်အခဲကြားထဲအချင်းချင်းဖေးမကူညီနေကြရင် မနက်ဖြန်တွေဟာ ပိုလှလာနိုင်ပါတယ်။ အမှောင်ထုကြီးစိုးနေတဲ့ ညပြီးဆုံးသွားရင် ရောင်နီသာတဲ့နေ့သစ်တစ်နေ့ကိုရရှိလာမှာကိုမျှော်လင့်ရင်း......

‌မောင်မင်းခေါင်
၂၀.၇.၂၀၂၄

မျိုးရိုးက ဂျာမနီအထိစူးတာ 🤭🤭 ゚
11/07/2024

မျိုးရိုးက ဂျာမနီအထိစူးတာ 🤭🤭

"Everyone Can Do If You Try" 🎉🎉🎉Air Asia ရဲ့ လေယာဉ်ကိုယ်ထည်ပေါ်မှာ ရေးထားတဲ့စာသားလေးကိုသဘောကျမိတယ်။ "Now Everyone Can Fl...
27/06/2024

"Everyone Can Do If You Try" 🎉🎉🎉

Air Asia ရဲ့ လေယာဉ်ကိုယ်ထည်ပေါ်မှာ ရေးထားတဲ့စာသားလေးကိုသဘောကျမိတယ်။
"Now Everyone Can Fly" တဲ့။✈️✈️
ဟုတ်ပါတယ် လူတိုင်းပျံသန်းနိုင်ပါတယ်။ ကျွန်တော်ဆိုလည်း ပျံသန်းရတာကိုကြိုက်ပါတယ်။ ငယ်ငယ်ကလေယာဉ်ကြီးကိုအနီးကပ်မြင်ဖူးချင်ခဲ့တယ်။ ကြီးလာတော့ စီးဖူးချင်ခဲ့တယ်။ အခုတော့ လေယာဉ်တွေနဲ့အလုပ်လုပ်နေရပြီပေါ့။😊 အခွင့်အရေးရရင်ခရီးတွေသွားပါ။ ငယ်ရွယ်ချိန်မှာခရီးသွားတဲ့အရသာနဲ့ ကြီးလာတဲ့အချိန်မှာခရီးသွားတဲ့အရသာ feeling ကမတူပါဘူး။ တစ်ယောက်တည်းခရီးထွက်ကြည့်ပါ သူငယ်ချင်းအသစ်တွေဖွဲ့ပါ။ ကံကောင်းရင်ရည်းစားပါရနိုင်ပါတယ်။🤭🤪

စပ်ဆက်ပြီးတွေးမိတာလေးတွေက
"Now Everyone Can Do" ဆိုတဲ့ဆောင်ပုဒ်လေးပေါ့။ နောက်မှာတော့ " If you try" ဆိုတဲ့စာသားအပိုလေးတော့ထည့်ရပါမယ်။ လူတိုင်းလုပ်နိုင်ပါတယ် ကြိုးစားရင်‌ပေါ့။ ဘာမဆိုပေါ့။ ကြိုးစားတဲ့လူအတွက် အမြဲအခွင့်အရေးရှိပါတယ်။ ခက်ခဲတဲ့အခြေအနေမှာကျရောက်နေပေမယ့် ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့ကြိုးစားနေမယ်ဆိုရင် အခွင့်အလမ်းကရှိစမြဲပါပဲ။ ဒါဟာ ကိုယ်တွေ့ပါ။ ကျွန်တော်ဟာ တောရွာလေးကမွေးဖွားလာပေမယ့် ဒီအချိန် ဒီနေရာရောက်မယ်ဆိုတာ ကိုယ်တိုင်ကအစမသိခဲ့ပါဘူး။ လူတိုင်းမှာမတူညီတဲ့ အနာဂတ်ရှိတယ်ဆိုတာ နားလည်ခွင့်ရရှိခဲ့ပါတယ်။ ကိုယ်တိုင်ကအောင်မြင်နေတဲ့သူမဟုတ်ပေမယ့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ခဲ့ပါပြီ။🚶‍♂️🚶‍♂️

ကိုယ်တွေ့အဖြစ်အပျက်လေး မျှဝေပါရစေ။ 2022 အစောပိုင်းမှာ ရန်ကုန်မှာ English စာသင်ချင်ခဲ့ပါတယ်။ မိသားစုကိုလည်းဖိအားအများကြီးမပေးချင်ခဲ့တဲ့အတွက် အဖီးကလက်ဆောင်အဖြစ်ပေးတဲ့ ဝက်ကလေးကိုမွေးမြူရင်း မိုးဦးကျမှသာ အိမ်ကထောက်ပံ့ပေးမှုနဲ့ English စာသင်ခွင့်ရရှိခဲ့ပါတယ်။ စာသင်နေရင်းလမ်းတစ်ဝက်မှာပဲ ယခုအလုပ်အတွက်အခွင့်အရေးရရှိသွားတာကြောင့် စုံစမ်းရင်း Interview အောင်မြင်ခဲ့တာကြောင့် အလုပ်ရရှိခဲ့ခြင်းပဲဖြစ်ပါတယ်။ ကျွန်တော်သာစာတစ်ခုတည်းချည်းပဲသင်မယ်ဆိုရင် အခုလိုဖြစ်မလာနိုင်ပါဘူး။ ပြောချင်တာက ရပ် မနေဖို့ပါ။ အပြင်လောကကိုလည်းနားစွင့်ထားပါ။ ဘယ်အရာမှတော့လွယ်လွယ်ကူကူမရနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်ကလည်း အခက်အခဲတွေများစွာကြုံတွေခဲ့ရတာပါ။ အခုလည်းကြုံတွေ့နေရတုန်းပါ။ ဘဝကြီးကအမြဲချောမွေ့နေရင် ပျင်းစရာကြီးပဲဖြစ်နေမှာပေါ့။😌

အခက်အခဲနဲ့ကြုံတဲ့အခါ နားထောင်ဖြစ်တဲ့သီချင်းလေးက "ခွန်အားဖြည့်မိငယ်" ပါ။ သူတောင်ဒီအသက်အရွယ်အထိတောင့်ခံနိုင်သေးတာပဲ ကိုယ်လည်းခံနိုင်ရည်ရှိရမှာပေါ့ ဆိုတဲ့သဘောနဲ့ သူ့ကိုကြည့်ပြီး အားပြန်ယူရပါတယ်။❤️

ဒါကြောင့်အားပေးချင်တာက

၁)ကိုယ်ရည်အမြဲသွေးနေပါ။ 📝
၂)အခွင့်အလမ်းရှိတဲ့အခါ စွန့်စားလိုက်ပါ💪
၃)အမြဲအောင်မြင်မှာတော့မဟုတ်ပေမယ့် ကြိုးစားခဲ့တယ်ဆိုတဲ့ ရလဒ်တစ်ခုခုရရှိမှာပါ။ 🎉
၄)ရလဒ်တွေကိုလက်ခံတက်ပါစေ။ 👍
၅ )အိပ်မက်တွေကို မက်ခွင့်ပေးလိုက်ပါ။💭
၆)လူတိုင်းလုပ်နိုင်ပါတယ် ကြိုးစားရင်ပေါ့။🎖️🏆

23 နှစ်ပြည့်မွေးနေ့အမှတ်တရခရီးစဉ်မှာ အရင်ကလို Activity တွေထပ် ဉာဏ်ရည်မှီသလောက်စဉ်းစားမိတဲ့ အတွေးလေးတွေကို အပိုင်းလေးနဲ့တ...
20/06/2024

23 နှစ်ပြည့်မွေးနေ့အမှတ်တရခရီးစဉ်မှာ အရင်ကလို Activity တွေထပ် ဉာဏ်ရည်မှီသလောက်စဉ်းစားမိတဲ့ အတွေးလေးတွေကို အပိုင်းလေးနဲ့တင်ပေးသွားမှာပါ။ ထိုင်းနိုင်ငံကကိုယ့်နိုင်ငံနဲ့နီးစပ်ပေမယ့် ယဉ်ကျေးမှု၊ ဓလေ့၊ အတွေးအခေါ်လေးတွေ မတူကွဲပြားပုံ ထိုင်းရောက်မြန်မာတချို့နဲ့တွေ့ဆုံခဲ့ရပြီး သူတို့တွေ့ကြုံရပုံတွေ၊ အခက်အခဲလေးတွေကို မကူညီပေးနိုင်ခဲ့ရင်တောင် ရင်ဖွင့်တာကို နားထောင်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီခရီးစဉ်လေးကို "Empathy Trip" လို့ အမည်ပေးထားပါတယ်။
See you soon 🫶

❣️ရင်ဖွင့်ပြောချင်တာတွေလည်းအများကြီး ❣️အလုပ်နဲ့ပတ်သပ်ပြီးရှင်းပြချင်တာလဲအများကြီး❣️အတွေ့အကြုံအမြင်တွေလည်းပြန်ဝေမျှချင်တာ...
11/06/2024

❣️ရင်ဖွင့်ပြောချင်တာတွေလည်းအများကြီး
❣️အလုပ်နဲ့ပတ်သပ်ပြီးရှင်းပြချင်တာလဲအများကြီး
❣️အတွေ့အကြုံအမြင်တွေလည်းပြန်ဝေမျှချင်တာအများကြီး
❣️တစ်ရက်တစ်ရက်မရိုးနိုင်တဲ့ ခရီးသည်တွေနဲ့အလွဲတွေကလည်းမနည်း
❣️ခက်တာကရေးဖို့ပျင်းတာ😪😪 ရေးထားပြီးမတင်တော့ပါဘူးလေဆိုပြီး Note ထဲမှာပြန်သိမ်းထားတာလည်းရှိသေးတယ်👻
❣️Video နဲ့ကျပြန်တော့လည်း ဘေးနားရှိတဲ့သူနားငြီးအောင်သာပြောတာ ကိုယ့်အသံကျတော့ပြန်တောင်နားမထောင်ချင်ဘူး😁🤣
❣️မျက်စိအနှောက်ခံပြီး Follow ထားပေးတဲ့သူများကိုလည်းကျေးဇူးကမ္ဘာပါလို့🫶

Other - How much do you love? 🤔အခြားသူ- မင်းဘယ်လောက်ချစ်တက်လဲ? 🤔Me - Like a sea 🤗🤗ငါ- ပင်လယ်ကြီးလောက်🤗🤗
06/06/2024

Other - How much do you love? 🤔
အခြားသူ- မင်းဘယ်လောက်ချစ်တက်လဲ? 🤔

Me - Like a sea 🤗🤗
ငါ- ပင်လယ်ကြီးလောက်🤗🤗

အင်ဒိုနီးရှား ဘာလီ အပိုင်း(၂)🇮🇩(မနှစ်လည်ခဲ့တာကိုပြန်တင်‌ပေးတာပါ)တစ်ရက်လည် တစ်ရက်အပြည့်အဝနားပြီးတာနဲ့ Kuta ကျွန်းနဲ့မလှမ်...
25/05/2024

အင်ဒိုနီးရှား ဘာလီ အပိုင်း(၂)🇮🇩
(မနှစ်လည်ခဲ့တာကိုပြန်တင်‌ပေးတာပါ)

တစ်ရက်လည် တစ်ရက်အပြည့်အဝနားပြီးတာနဲ့ Kuta ကျွန်းနဲ့မလှမ်းမကမ်းမှာရှိတဲ့ Tanjung Benoa ဆိုတဲ့ကမ်းခြေလေးမှာ water sports ၃ခုသွားဆော့ဖြစ်ခဲ့ပါတယ်😁

(၁)ရေငုပ်ပြီး ငါးလေးတွေကိုသွားကြည့်တာရယ်
(၂)ရေအားနဲ့ပျံတဲ့ ကစားနည်းရယ်
(၃)လေထီးနဲ့ကမ်းခြေအလှကိုကြည့်တာရယ်
သုံးခုစမ်းကြည့်ခဲ့ပါတယ်။

Video တင်မရလို့ ခွဲတင်ပေးမယ်နော်😁

ပေးရတာနဲ့လည်းတန်ပါတယ်။☺️☺️

အင်ဒိုးနီးရှားပိုလာဘာလီကျွန်းလေးဝယ်🎼🎶🎵အပိုင်း(၁)ကျွန်းလက်ယာလှလှကြီးတွေ၊ နေရာတိုင်းမှာဟိန္ဒူလက်ရာအငွေ့အသက်တွေနဲ့အဆောက်အဦတ...
23/05/2024

အင်ဒိုးနီးရှားပိုလာဘာလီကျွန်းလေးဝယ်🎼🎶🎵

အပိုင်း(၁)

ကျွန်းလက်ယာလှလှကြီးတွေ၊ နေရာတိုင်းမှာဟိန္ဒူလက်ရာအငွေ့အသက်တွေနဲ့အဆောက်အဦတွေ၊ ‌ဈေးသက်သာတဲ့အထည်လက်ယာပစ္စည်းတွေ နဲ့ လှပတဲ့ရှူခင်းတွေပေါတဲ့ အင်ဒိုနီးရှာဘာလီကျွန်းကိုမနှစ်ကရောက်ခဲ့စဉ်ကပေါ့ ❤️❤️

ခက်တာကအင်ဒိုစာမကြိုက်တာရယ်၊ Communicate လုပ်ဖို့ခက်တာရယ်ကြောင့် ပြန်သွားဖို့ အခါခါပြန်စဉ်းစားနေရတာပေါ့😓

ကိုယ့်လုပ်အားခနဲ့တစ်ကိုယ်တော် ပထမဦးဆုံးပြည်ပခရီးစဉ်ပေါ့ စိတ်လှုပ်ရှားမှုတွေ၊ပျော်ရွှင်မှုတွေနဲ့ပေါ့ 😅

နေရာအသစ်တွေသွားပါ၊ ဗဟုသုတတွေလေ့လာပါ၊
ပြန်လည်မျှဝေပါ❤️

ဘဝမှာ ပထမဦးဆုံးစားဖူးခြင်း😁😁အောက်က လက်ဖက်ရည် အပေါ်ကရေခဲမုန့်😬😬
20/05/2024

ဘဝမှာ ပထမဦးဆုံးစားဖူးခြင်း😁😁
အောက်က လက်ဖက်ရည် အပေါ်ကရေခဲမုန့်😬😬

28 ရက်ဆက်တိုက်လုပ်ထားတော့ စိတ်အနားပေး ခရီးတိုလေးတစ်ခု Batam, Indonesia 🛳️🇮🇩
17/05/2024

28 ရက်ဆက်တိုက်လုပ်ထားတော့ စိတ်အနားပေး ခရီးတိုလေးတစ်ခု
Batam, Indonesia 🛳️🇮🇩

နိုင်ငံနှစ်နိုင်ငံအတွက် Flight Ticket လည်းဝယ်ပြီးပြီး၊ Hotel Booking လည်းပြီးပြီ ပိတ်ရက်ပဲစောင့်ရတော့မယ်😁😁 Ready to take...
15/05/2024

နိုင်ငံနှစ်နိုင်ငံအတွက် Flight Ticket လည်းဝယ်ပြီးပြီး၊ Hotel Booking လည်းပြီးပြီ ပိတ်ရက်ပဲစောင့်ရတော့မယ်😁😁
Ready to take off ✈️✈️

လေဟုန်ကိုဆန် ❤️
14/05/2024

လေဟုန်ကိုဆန် ❤️

Lufthansa Airlines ရဲ့ Singapore ကနေ Munich မြို့ကိုသွားတဲ့ Airbus A350-941 ပါ✈️✈️✈️လေယာဉ်အပေါက်ဝနားမှာ Marker Pen နဲ့ရေ...
25/04/2024

Lufthansa Airlines ရဲ့ Singapore ကနေ Munich မြို့ကိုသွားတဲ့ Airbus A350-941 ပါ✈️✈️✈️
လေယာဉ်အပေါက်ဝနားမှာ Marker Pen နဲ့ရေးထားတဲ့ Crew တွေရဲ့လက်ရာလေးကိုလည်းမြင်ရမှာပါ😍😍😍

ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာ မင်းကိုတစ်ကယ်ချစ်နေတဲ့သူရှိရင်ရှိနိုင်ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ကမ္ဘာကြီးကလုံးနေတယ်😆 ဒါ...
16/04/2024

ကမ္ဘာကြီးရဲ့တစ်ထောင့်တစ်နေရာမှာ မင်းကိုတစ်ကယ်ချစ်နေတဲ့သူရှိရင်ရှိနိုင်ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ ကမ္ဘာကြီးကလုံးနေတယ်😆 ဒါကြောင့် တစ်ယောက်ထဲပဲခရီးသွားပါ🤭

15/04/2024

Singapore ရဲ့ကျွန်းရွာလေး Pulau Ubin ဆီကိုအလည်သွားတုန်းကရိုက်ထားတာလေးပါ။ သင်္ဘောနဲ့ 15 မိနစ်ခန့်စီးရင်ရောက်တဲ့ကျွန်းရွာလေးပါ✌️⛱️

Address

Singapore

Telephone

+6587961326

Website

Alerts

Be the first to know and let us send you an email when Travel with Bosco posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Travel with Bosco:

Videos

Share

Category


Other Travel Services in Singapore

Show All