Mid Lane Tour Group

Mid Lane Tour Group အ​တွေ့အကြုံများ မျှ​​ဝေ​ပေးရာ ​နေရာ

Chiang Mai ခရီးအ​ကြောင််း တ​စေ့တ​​စောင်း Part-2----လည်ပတ်စရာများ----(1)The Phae Gate Adminတို့ ပထဦးဆုံးသွားတဲ့ ​နေရာ ချ...
02/08/2024

Chiang Mai ခရီးအ​ကြောင််း တ​စေ့တ​​စောင်း Part-2

----လည်ပတ်စရာများ----
(1)The Phae Gate
Adminတို့ ပထဦးဆုံးသွားတဲ့ ​နေရာ ချင်းမိုင်မြို့ရဲ့ အထင်ကရ​နေရာဖြစ်တဲ့ The Phae Gateကိုပါ။​ရှေး​ဟောင်းအုတ်တံတိုင်း​တွေနဲ့ ကျုံးပုံစံ ပတ်လည်​ရေကန်​တွေရှိတဲ့ The Phae Gateက​တော့ ချင်းမိုင်ရဲ့ သင်္ကေတဆိုလည်း မမှားပါဘူး။

Location-https://maps.app.goo.gl/Jk1ZHh77aEPuED8c8

(2)Wat Chedi Luang
ဒီဘုရား​ကျောင်းက​တော့ ချင်းမိုင်ရဲ့ မြို့ထဲမှာရှိတဲ့ The Phae Gateနဲ့ မ​ဝေးတဲ့ ​နေရာမှာရှိပါတယ်။ ထုထည်ကြီးမားတဲ့ ​​ရှေး​ဟောင်း​စေတီ​တော်ကြီးနဲ့ ​​ရှေး​ဟောင်း လက်ရာ​တွေပြည့်နှက်​နေတဲ့ ​ကျောင်း​ဆောင်​တွေက​တော့ ဆွဲ​ဆောင်မှုရှိလှပါတယ်။ဝင်​ကြေးက​တော့ တစ်​ယောက်ကို 50ဘတ်ပါ။ အတိုအပြတ်​တွေ ဝတ်ဆင်တာကို တားမြစ်ထားပါတယ်။ adminသွားတုန်းက ​ဘောင်းဘီတို ဝတ်သွားမိလို့ ပတ်စရာ ပုဝါ​ ငှားဝတ်ခဲ့ ရပါတယ်။

Location-https://maps.app.goo.gl/GzKkPVUjwVqnSitB7

(3)Silver Tample Chiang Mai
​နောက်တစ်​နေရာက​တော့ ​ငွေထည်​တွေနဲ့ ပြုလုပ်ထားတဲ့ silver tampleကို သွားခဲ့ပါတယ်။ Wat Chedi luangနဲ့ အရမ်းမ​ဝေးပါဘူး။ ဒီဘုရား​ကျောင်းကလည်း ဝင်​ကြေး​ပေး တစ်ယောက်ကို 50ဘတ်ပါပဲ။ ​ငွေ​ရောင်ဘုရား​ကျောင်းရဲ့ ပင်မ​ကျောင်း​ဆောင်ကို​​တော့ မိန်းက​လေး​တွေ ဝင်ဖူးလို့ မရပါဘူး။ ကျန်​နေရာက​တော့ အကုန်သွားလို့ရပါတယ်။ ဒီဘုရား​ကျောင်းမှာဆိုရင်​​​ ထိုင်းရိုးရာ ဝတ်စုံငှားဝတ်ပြီး ဓါတ်ပုံရိုက်လို့ရပါတယ်။ Adminတို့သွားတုန်းက​တော့ အချိန်မရလို့ ငှားဝတ်ပြီး မရိုက်ခဲ့ပါဘူး။

Loacation-https://maps.app.goo.gl/tiGP43t5LY5x2pZX9

(4)Wat Umong
​ဒီWat Umongကလည်း ချင်းမိုင်ရဲ့ ​အထင်ကရ လည်ပတ်စရာ​နေရာတစ်ခုပါပဲ။ ဒီဘုးရား​ကျောင်းက​​တော့ ဝင်​ကြေးမ​ပေးရပါဘူး။ ​ရှေး​ဟောင်းဘုရား​တွေရှိတဲ့ အပြင် ထင်ရှားတဲ့ ဘုရား​အောက်က လှိုင်ဂူ​တွေကလည်း စိတ်ဝင်စားစရာအရမ်း​ကောင်းပါတယ်။ ဒီဘုရား​ကျောင်းမှာ​တော့ တရားအားထုတ်ဖို့ရာ ရိပ်သာ​တွေ ရှိတာ​ကြောင့် ဆူညံဆူညံလုပ်လို့​တော့ မရပါဘူး။ ဘုရား​ကျောင်း ဧရိယာက​တော့ ​တော်​တော်​လေး ကျယ်ပါတယ်။ သစ်ရိပ် အပင်ရိပ်​​တွေ ရှိပြီး​တော့ ​ရေကန်လည်း ရှိတာမို့ အပန်း​ဖြေလို့ အ​တော်​ကောင်းပါတယ်။

Location- https://maps.app.goo.gl/GFSLzt9HiAkCoT3U6

(5)Night market Chiang Mai
ဘုရား​တွေ လည်ပတ်ပြီး​​တော့ ည​နေ​စောင်းသွားလို့ adminတို့ night marketပဲ သွားလိုက်ပါတယ်။ Chiang maiရဲ့ အဓိက night marketက ​​adminတို့ တည်းတဲ့ hotelနဲ့က အရမ်းမ​ဝေးပါဘူး လမ်း​လျှောက်သွားရင် 7မိနစ်​လောက်ပဲ ကြာပါတယ်။ ​တော်​တော်​လေး စည်ကားပြီး​တော့ chiang maiထွက် ပစ္စည်း​တော်​တော်များများ ရှိပါတယ်။ အစားအ​သောက်​တွေကလည်း ​​စျေးသက်သာပြီး အရသာလည်း ​တော်​တော်ရှိပါတယ်။ ဝယ်ချင်စရာ​တွေ များလွန်းတာမို့ buget​​ခြွေတာချင်တဲ့သူ​တွေ ပိုက်ဆံအိတ် အိမ်မှာ ထားခဲ့ဖို့ အကြံ​ပေးချင်ပါတယ်😁

​ကျန်တဲ့​နေရာ​တွေ​ကို​တော့ postထပ်တင်​ပေးပါ့မယ် ​​စောင့်မျှော်​ပေးပါဦးရှင့်🤎

Chiang Mai ခရီးစဥ်အ​ကြောင််း တ​စေ့တ​​စောင်း    ချင်းမိုင်က​တော့ ထိုင်းနိုင်ငံရဲ့ ​မြောက်ပိုင်းမှာရှိတဲ့ မြို့​လေးဖြစ်ပါတ...
31/07/2024

Chiang Mai ခရီးစဥ်အ​ကြောင််း တ​စေ့တ​​စောင်း

ချင်းမိုင်က​တော့ ထိုင်းနိုင်ငံရဲ့ ​မြောက်ပိုင်းမှာရှိတဲ့ မြို့​လေးဖြစ်ပါတယ်။ ချင်းမိုင်က ​ရှေး​ဟောင်းအ​မွေအနှစ်​တွေနဲ့ ပြည့်ဝ​နေပြီး​တော့ ​တော​တောင်​​ရေ​မြေ​တွေနဲ့ ဝန်းရံထားတဲ့ မြို့​လေးဖြစ်တာမို့ ဘန်​ကောက်နဲ့လုံးဝ မတူပါဘူး​။
ချင်းမိုင်ကို ဘန်​ကောက်က​နေ ကား၊ရထား၊​လေယာဥ်တို့နဲ့ သွားလို့ရပါတယ်။ adminတို့က​တော့ ချင်းမိုင်ကို ကားနဲ့ သွားဖြစ်ခဲ့ပါတယ်။

____ခရီးစဥ်အစ____

ဘန်​ကောက်က​​နေ ချင်းမိုင်ကို adminတို့က ညကားစီးသွားတာဖြစ်လို့ ည​နေ ၆:၄၅က​နေ ဘန်​ကောက်က​နေ စထွက်ပါတယ်။ချင်းမိုင်ကို ​နောက်​နေ့မနက် ၅:၃၀​လောက်​ရောက်ပါတယ်။ လမ်းမှာ ည၁၁နာရီခွဲလောက်ကျ ခဏနား​ပေးပါ​သေးတယ်။ ကား​တွေက​တော့ နှစ်ထပ်ကား​တွေ ဖြစ်တာမို့ toiletပါ တစ်ခါတည်း ပါပါတယ်။ တစ်ခုမ​ကောင်းတာက Toiletပါတာမို့ အနံ့အသက်မ​ကောင်းပါဘူး။ ကျန်တာက​တော့ အဆင်​ပြေပါတယ်။ ကား​ပေါ်မှာ ​ပေါင်မုန့်ရယ် ​ဖျော်ရည်ရယ် ​ရေဗူး​ရော ​ပေး​ပါ​သေးတယ်။

____တည်းခိုခြင်း____

Adminတို့က ချင်းမိုင်ကို ed visaကိစ္စနဲ့ လာတာမလို့ ၃ရက်​လောက်ပဲ ​နေမယ် စဥ်းစား​ပေမယ့် တကယ်တမ်း တစ်ပတ်ကြာပါတယ်။ ကိုယ်တည်းမယ့် ဟိုတည်ကို ချင်းမိုင်မသွားခင်ကတည်းက ကြိုတင်ဘိုကင်တင်ထားတာပါ။ free cancelling လုပ်လို့ ရတဲ့ ဟိုတည်​တွေ များပါတယ်။ adminတို့ တည်းတဲ့ ဟိုတည်က discountချ​​နေတာမို့ ​နေစရိတ်က သိပ်မကြီးပါဘူး။ ပြီး​တော့ ဟိုတည်က အချက်အချာကျတဲ့ ​နေရာမို့ သွား​ရေးလာ​ရေးလည်း လွယ်ကူပါတယ်။

____လည်ပတ်ရန်____

ချင်းမိုင်မှာ လည်ဖို့ပတ်ဖို့အတွက် ​ရွေးချယ်စရာများ​ပါတယ်။လိုင်းကား၊အငှားကား၊ဆိုင်ကယ်တို့ရှိသလို grabတို့ boltတို့လည်း ရှိပါတယ်။ budget​လည်း ​ချွေတာချင်တယ် ​နေအစုံလည်း ​ရောက်ချင်တယ်ဆိုရင်​တော့ ဆိုင်ကယ်ငှားဖို့ အကြံ​ပေးလိုပါတယ်။ ထိုင်းနိုင်ငံသား​တွေ ငှား​​ပေးတဲ့ Car/bike rental​တွေရှိသလို မြန်မာနိုင်ငံသား​တွေ ငှား​ပေးတဲ့ car/bike rental​တွေလည်း ရှိပါတယ်။ adminတို့က​တော့ မြန်မာနိုင်ငံသားအချင်းချင်းဆီက​နေပဲ ဆိုင်ကယ် ငှားဖြစ်ပါတယ်​။ deposit​ကြေးလည်း သက်သာသလို ​ပြောရဆိုရတာလည်း လွယ်ကူ​တာ​ကြောင့်ပါ။

____လည်ပတ်စရာ​ ​နေရာများ____

ချင်းမိုင်မှာ လည်စရာ ပတ်စရာ​တွေက အရမ်းများပါတယ်။ အချိန်​ပေးပြီး လည်ပတ်နိုင်ရင် ပို​ကောင်းပါတယ်။ ​adminတို့က​တော့ ဆိုင်ကယ် ငှား​ပြီးတာနဲ့ ဘုရား​​တွေ စပြီး လည်ပါတယ်။ ​ဘယ်ဘုရား​တွေ သွားလည်ပြီး ဘယ်​တောင်​တွေ​ပေါ်​ရောက်ခဲ့လဲဆိုတာ သပ်သပ် postတင်​ပေးပါ့မယ်​နော်။ အားလုံးပဲ ​စောင့်​မျှော်​ပေးပါဦးရှင့်🤎


Hello Helloအားလုံးပဲ ပြန်လည် ကြိုဆိုလိုက်ရပါတယ်ရှင့်နောက်ရက်ကျရင် မင်မင်တို့ Chiang Mai သွားတဲ့အကြောင်းလေး တင်ပေးပါ့မယ်ရ...
29/07/2024

Hello Hello
အားလုံးပဲ ပြန်လည် ကြိုဆိုလိုက်ရပါတယ်ရှင့်
နောက်ရက်ကျရင် မင်မင်တို့ Chiang Mai သွားတဲ့အကြောင်းလေး တင်ပေးပါ့မယ်ရှင့်

ที่อยู่

Bangkok
10500

เบอร์โทรศัพท์

+66811059689

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mid Lane Tour Groupผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Mid Lane Tour Group:

แชร์