21/02/2024
ကန်ချနပူရီသို့ အလည်တစ်ခေါက်
ဘန်ကောက်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ နာမည်ကြီးမြို့တွေထဲမှာ ကန်ချနပူရီမြို့ကလည်း မပါမဖြစ်ပါပဲ။
စိမ်းလန်းတဲ့ သစ်တောတွေနဲ့ ကွေးမြစ်ထဲမှာ ဝါးဖောင်စီးပြီး အပန်းဖြေရတဲ့ Feeling က ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ထားတဲ့ အချက်ဆိုလည်း မမှားပါဘူး။
ကန်ချနပူရီမြို့ကိုရောက်တဲ့အခါ ဒီနေရာတွေကို သွားလည်လို့ရပါတယ်။
River Khwae Bridge (သေမင်းတမန်တံတား)
ဒုတိယကမ္ဘာစစ်အတွင်းက သုံ့ပန်းတွေကို အသုံးပြုကာ မြန်မာနိုင်ငံထိ ဖေါက်လုပ် ထားတဲ့ ကမ္ဘာကျော် သေမင်းတမာန်ရထားလမ်း
Wat Tham Suea (ကျားဘုရား)
ဉာဏ်တော်အမြင့် ၁၈ မီတာ ရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးရှိပြီး လယ်ကွင်းပြင်ထဲက တောင်ကုန်းပေါ်မှာ တည်ရှိတာကြောင့် စိမ်းစိုနေတဲ့ စပါးခင်းနဲ့ တောင်တန်းတွေရဲ့အလှကိုပါ ခံစားလို့ရတဲ့ ဆုတောင်းပြည့် ကျားဘုရား
Maple Gardens (ရောင်စုံပန်းဥယျာဉ်)
ပန်းတွေနဲ့ ဓာတ်ပုံရိုက်တာကြိုက်တဲ့သူတွေအတွက် ရောင်စုံပန်းခင်းကြီးထဲမှာ အမိုက်စားပုံလေးတွေ ရိုက်လို့ရမယ့် Maple gardens
Skywalk in Kanchanaburi (ကန်ချနပူရီမှန်တံတား)
ကွေးမြစ်ကြီးကို အပေါ်စီးက နေ ၃၆၀ ဒီဂရီကြည့်လို့ရတဲ့ ကန်ချနပူရီ မှန်တံတား
U & Me Cafe (ကော်ဖီဆိုင်)
ဓာတ်ပုံရိုက်စရာနေရာများစွာ ဖန်တီးပေးထားပြီး Instagram မှာပုံတင်ဖို့ အရမ်းလှတဲ့ ကော်ဖီဆိုင်
Giant Raintree (နှစ်တရာကျော်သစ်ပင်)
နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိတဲ့ Giant Rain Tree၊ ဓာတ်ပုံရိုက်ဖို့နေရာတွေရှိတဲ့အပြင် ဆင်တွေနဲ့လည်း Activity လုပ်လို့ရပါတယ်
Namtok Sai Yok Noi (ရေတံခွန်)
Sai Yok Noi အထင်ကရ ရေတံခွန်က ကန်ချနပူရီ Train Tour ရထားဂိတ်အဆုံးမှာရှိပြီး အပန်းဖြေလာရောက်လည်ပတ်သူတွေနဲ့ ရေကစားရတာ ကြိုက်တဲ့သူတွေအတွက် ဝင်ကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။
Wat Ban Tham (တရုတ်နဂါးဘုရား)
နဂါးပါးစပ်ထဲကိုခေါ်သွားသလိုမျိုးဖြစ်စေတဲ့ လှေကားထစ်တွေနဲ့ တရုတ်နဂါးဘုရားကလည်း ကန်ချနပူရီရဲ့ အထင်ကရနေရာတစ်ခုပဲဖြစ်ပါတယ်။
နေ့ချင်းပြန်မဟုတ်ပဲ အချိန်ရတယ်ဆိုရင်တော့ ကွေးမြစ်ကမ်းဘေးက Resort တွေမှာ ဝါးဖောင်စီးရေကစားရင်း အနားယူအပန်းဖြေလို့ရတဲ့အပြင်
ရေတံခွန်အဆင့်(၇) ဆင့်ရှိပြီး တစ်ဆင့်ချင်းဆီမှာ ရေကစားလို့ရတဲ့ Erawan Waterfall ကိုလည်း သွားရောက်လည်ပတ်လို့ရပါသေးတယ်။
Kanchanaburi ကို နေ့ချင်းပြန်လည်ပတ်ချင်တာပဲဖြစ်ဖြစ်၊ ညအိပ်သွားရောက်လည်ပတ်ချင်တာပဲဖြစ်ဖြစ် ကားဌားဖို့လိုအပ်နေပြီဆိုရင်တော့ Don Travel & Car Rental မှာ (၄) ယောက်စီး၊ (၆) ယောက်စီး နဲ့ (၁၀) ယောက်စီးကားများကို မြန်မာ Driver အပါ ဌားရမ်းလို့ရပါတယ်။
Don Travel & Car Rental မှာ Tourist Attraction နေရာများရဲ့ ဝင်ခွင့်လက်မှတ်တွေအပြင်၊ Air ticket, Hotel Booking တို့နဲ့ ဘန်ကောက်ရောက်တုန်း ကားဌားလည်ပတ်ဖို့အတွက် မြန်မာယာဉ်မောင်းပါရှိတဲ့ Tour-Drive နဲ့ ကိုယ်တိုင်မောင်းနှင်သွားလို့ရတဲ့ Self-Drive ကားများကိုပါ ဌားရမ်းနိုင်ပါတယ်။
Thai Phone No: 0661076765
Viber No: +66661076765
Messenger: https://m.me/DONTravelandCarRental