Future Wave International Services and Solutions _ FWISS

Future Wave International Services and Solutions _ FWISS FWISS is a consultative e-hub & partnership for your traveling, healthcare, career & education

恭祝親愛的克倫族同學們和親屬家人們:克倫新年快樂、闔家團圓。。。💙Happy Karen New Year 🧡 #ၦဖျိၩ့ဆၨၩနံၪ့ထၪ့ၥၫ့
30/12/2024

恭祝親愛的克倫族同學們和親屬家人們:克倫新年快樂、闔家團圓。。。

💙Happy Karen New Year 🧡

#ၦဖျိၩ့ဆၨၩနံၪ့ထၪ့ၥၫ့

🌲🌲🌲 Merry Christmas to you all…
25/12/2024

🌲🌲🌲 Merry Christmas to you all…

🌲🌲🌲Blessed Sweet December 2024…🌲🌲🌲💙💙💙耶穌愛妳、我們也愛你...🧡🧡🧡
01/12/2024

🌲🌲🌲Blessed Sweet December 2024…🌲🌲🌲

💙💙💙耶穌愛妳、我們也愛你...🧡🧡🧡

🇲🇲 အမျိုးသားနေ့ 🇲🇲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲 မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ (၂‌၅-၁၁-၂၀၂၄)ယနေ...
25/11/2024

🇲🇲 အမျိုးသားနေ့ 🇲🇲 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐚𝐲

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့ (၂‌၅-၁၁-၂၀၂၄)ယနေ့တွင် ကျရောက်သော (၁၀၄)ကြိမ်မြောက် *အမျိုးသားအောင်ပွဲနေ့* ကို ဂုဏ်ပြုကြိုဆိုရင်း......

မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး ကျန်းမာပျော်ရွှင် လိုအင်တွေ ပြည့်ဝကြစေပြီး လိုချင်သောပန်းတိုင်သို့ လျင်မြန်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း Future Wave မိသားစုမှဆုမွန်‌ကောင်းတောင်းအပ်ပါတယ်ရှင်။

#အမျိုးသားနေ့

🕯️ တန်ဆောင်တိုင်🕯️ယနေ့ (၁၅.၁၁.၂၀၂၄) မှာကျရောက်သည့် တန်ဆောင်တိုင်ပွဲ‌တော်ပိတ်ရက်ကာလမှာ မြန်မာပြည်သူပြည်သားများအားလုံးချစ်...
15/11/2024

🕯️ တန်ဆောင်တိုင်🕯️

ယနေ့ (၁၅.၁၁.၂၀၂၄) မှာကျရောက်သည့် တန်ဆောင်တိုင်ပွဲ‌တော်ပိတ်ရက်ကာလမှာ မြန်မာပြည်သူပြည်သားများအားလုံးချစ်ရတဲ့ မိဘမောင်နှမဆွေမျိုးမိတ်ဆွေများနဲ့အတူ အေးချမ်းသာယာရှိပါစေကြောင်း Future Wave Intl Services and Solutions (FWISS) မိသားစု မှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်... 🙏🙏🙏

COMPASSION, PROFESSION, TRANSFORMATION...💯💯💯

# FutureWaveInternatiinalServicesAndSolutions

#တန်ဆောင်တိုင်
#လပြည့်နေ့

🕯 သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🔥ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယတွင် ကျောင်းသား၊သူများနှင့် မိဘပြည်သူများအားလု...
17/10/2024

🕯 သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🔥

ဝါလကင်းလွတ်သီတင်းကျွတ် အခါသမယတွင် ကျောင်းသား၊သူများနှင့် မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းမြေ့ပြီး ရွှင်လန်းချမ်းသာနိုင်ကြပါစေလို့ FWISS မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်...🙏🙏🙏




နှစ်စဥ် အောက်တိုဘာလ ၁၀ရက်နေ့ဟာ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ရဲ့ အမျိုးသားနေ့ဖြစ်ပါတယ်။ ယခုနှစ်ဟာ ၁၁၃ ကြိမ်မြောက် အမျိုးသ...
11/10/2024

နှစ်စဥ် အောက်တိုဘာလ ၁၀ရက်နေ့ဟာ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ရဲ့ အမျိုးသားနေ့ဖြစ်ပါတယ်။ ယခုနှစ်ဟာ ၁၁၃ ကြိမ်မြောက် အမျိုးသားနေ့ပဲဖြစ်ပါတယ်။

🇹🇼 ထိုင်ဝမ်နိုင်ငံအမျိုးသားနေ့အထိမ်းအမှတ်ပွဲတော်ရဲ့ ပုံရိပ်များကိုမျှဝေတင်ပြရင်း အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ကျွန်မတို့ Future Wave မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။

🎂🎉🎈最後請讓我們一起祝賀:「中華民國113年生日快樂!」

📸 Crd

#中華民國113年國慶
#生日快樂
#國慶大會

ထိုင်ဝမ်၏ နိုင်ငံခြားကျောင်းသားများအတွက် အထူးတန်းအစီအစဥ်သစ်(國際生的新型專班計畫)ထိုင်ဝမ်သည် ကလေးမွေးဖွားနှုန်း နည်းခြင်းကြောင့် က...
23/09/2024

ထိုင်ဝမ်၏ နိုင်ငံခြားကျောင်းသားများအတွက် အထူးတန်းအစီအစဥ်သစ်(國際生的新型專班計畫)

ထိုင်ဝမ်သည် ကလေးမွေးဖွားနှုန်း နည်းခြင်းကြောင့် ကျောင်းများတွင် ကျောင်းသားမလုံလောက်ခြင်းနှင့် ရင်ဆိုင်နေရသည်။ ကလေးမွေးဖွားနှုန်း နည်းသည့်အပြင် ထိုင်ဝမ်သည် ၂၀၂၅ ခုနှစ်တွင် အလွန်အိုမင်းသော လူ့အဖွဲ့အစည်း(Super-aging society)စာရင်းဝင်နိုင်ငံ ဖြစ်တော့မည်။ နောင်နှစ်မှစ၍ ထိုင်ဝမ်လူဦးရေ၏ ၂၀ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ ဖြစ်တော့မည်။ လူ ၅ ဦးတွင် တစ်ဦးမှာ အသက် ၆၅ နှစ်အထက်လူကြီး ဖြစ်သည်။ ထို့ကြောင့် ထိုင်ဝမ်၏လုပ်ငန်းခွင်များတွင် လုပ်သားအင်အားမလုံလောက်ခြင်းနှင့် ရင်ဆိုင်ရတော့မည်။ ထိုင်ဝမ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(國發會)၏ စစ်တမ်းအရ ထိုင်ဝမ်သည် ၂၀၃၀ ခုနှစ်တွင် လုပ်သားအင်အား ၄ သိန်းခန့် ဖြည့်ဆည်းရန် လိုအပ်လိမ့်မည်ဟု သိရှိရသည်။

ဤအဖြစ်များကြောင့် ထိုင်ဝမ်အစိုးရသည် ကျောင်းသားနှင့်လုပ်သားများရရှိနိုင်ရန် နိုင်ငံခြားကျောင်းသားများကို ခေါ်ယူသည့် အစီအစဥ်များနှင့် ကျောင်းပြီးသွားသည့်ကျောင်းသားများ ထိုင်ဝမ်တွင် အလုပ်လုပ်နိုင်ရန် သက်ဆိုင်ရာပေါ်လစီများကို အဆက်မပြတ် ပြုပြင်ပြဌာန်းခဲ့သည်။ ယနေ့ စာဖတ်သူများနှင့် နောက်အစီအစဥ်သစ်တစ်ခုကို ရေးသားမျှဝေပေးလိုပါသည်။ ဤအစီအစဥ်မှာ နိုင်ငံခြားကျောင်းသားများ၏ အထူးတန်းအစီအစဥ်သစ်(新型專班計畫)ဖြစ်သည်။

နိုင်ငံခြားကျောင်းသားများ၏ အထူးတန်းအစီအစဥ်သစ်ကို လွန်ခဲ့သည့်နှစ် ၂၀၂၃ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန(教育部)နှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးကောင်စီတို့မှ ပူးပေါင်းဆောင်ရွက်သည်။ ကုန်ကျကြေးငွေကိုတော့ နိုင်ငံတော်၏ ပညာရေးဘတ်ဂျက်မှ ထွက်ခြင်းမဟုတ်ဘဲ အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးကောင်စီနှင့် စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ဤအစီအစဥ်တွင် ကျောင်းပေါင်း ၃၅ ကျောင်းပါဝင်ပြီး ကျောင်းသားပေါင်း ၂၃၀၁ ဦးကို ခေါ်ယူမည်။

အထူးတန်းဖြစ်မြောက်‌ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့လိုအပ်သော လုပ်သားအမျိုးအစားနှင့်အတူ ပူးပေါင်းလိုသည့်ကျောင်းများတွင် သွားရောက်ဆွေးနွေးရမည်။ ကျောင်းမှတဆင့် ပညာ‌ရေးဝန်ကြီးဌာနသို့ တင်ပြလာပြီး ကျောင်းသားခေါ်ယူမည်။ အထူးတန်းအစီအစဥ်သစ်ဖြင့် ဝင်လာသည့်နိုင်ငံခြားကျောင်းသားများကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ တစ်နှစ်လျှင် ပညာသင်ဆုကြေးအဖြစ် ထိုင်ဝမ်ဒေါ်လာ တစ်သိန်းထောက်ပံ့ပြီး အများဆုံး ၂ နှစ်ထောက်ပံ့မည်။ ထို့အပြင် ထိုင်ဝမ်လာသည့် ဝမ်းဝေးလေယာဥ်လက်မှတ်ဖိုးနှင့် ကျန်းမာရေးစစ်ဆေးခများလည်း ထောက်ပံ့ပေးပါသည်။ စီးပွားရေးလုပ်ငန်းရှင်များက ကျောင်းသားကျောင်းတက်နေစဥ် နေထိုင်ရေးစရိတ် သို့မဟုတ် သင်တန်းဆင်းထောက်ပံ့ကြေးအဖြစ် တစ်လလျှင် ထိုင်ဝမ်ဒေါ်လာ တစ်သောင်းကို ‌ထောက်ပံ့ပေးသည်။ ကျောင်းပြီးသွားသော ကျောင်းသားများကို စီးပွားရေးလုပ်ငန်းရှင်များက ၎င်းတို့ကုမ္ပဏီတွင် ဦးစားအလုပ်ခန့်ပေးရမည်ဖြစ်ပြီး လခမှာ အစိုးရသတ်မှတ်ထားသည့် အနိမ့်ဆုံးလခထက် မနည်းရပါ။

အဓိကခေါ်ယူမည့် နယ်ပယ်များမှာ STEM ဆိုသည့် Science၊ Technology၊ Engineering၊ Mathematics နှင့် ဘဏ္ဍာရေး၊ semiconductor နယ်ပယ်မှ လုပ်သားများဖြစ်၍ သက်ဆိုင်ရာကျောင်းများကလည်း ဆိုင်ရာမေဂျာများ ဖွင့်လှစ်ခေါ်ယူမည်။ ဤအစီအစဥ်သည် ကျောင်းနှင့်စီးပွားရေးလုပ်ငန်းရှင်များက ပူးပေါင်းရေးစာချုပ်များချုပ်ဆိုထားမှုကြောင့် မည်သည့်ကျောင်းက မည်သည့်ကုမ္ပဏီနှင့် ပူးပေါင်း၍ မည်သည့်မေဂျာများက ကျောင်းသားမည်မျှခေါ်ယူမည်ကို တစ်နေရာတည်းတွင် ကြေညာထားခြင်း မရှိပါ။ မိမိတက်လိုသည့်ကျောင်းအလိုက် သွားမေးရမည်။

Future Wave International Services နှင့်အတူမိတ်ဖက်လက်တွဲနေတဲ့ Upgrade Training Center 「建華訓練中心၊ The Way Education Center ...
17/09/2024

Future Wave International Services နှင့်အတူမိတ်ဖက်လက်တွဲနေတဲ့ Upgrade Training Center 「建華訓練中心၊ The Way Education Center နှင့် Future Light Student Center「活石學生中心」တို့ရဲ့🇹🇼ထိုင်ဝမ်တရုတ်ဘာသာသင်တန်းမှ ကျောင်းသူကျောင်းသားများ တရုတ်ရိုးရာလမုန့်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြတဲ့ပုံရိပ်များ~~~

🥮🥮人逢佳節精神旺、人團家圓學業成🏮 🏮

❤️Blessed Mid-autumn Festival 2024… 🌺

COMPASSION, PROFESSION, TRANSFORMATION







#中秋節
#中秋節活動
#中秋節快樂

🏮💥🏮中秋節快樂🏮💥🏮祝各位~~~團團圓圓、闔家平安。。。 ❤️Blessed Mid-autumn Festival 2024… 🌺COMPASSION, PROFESSION, TRANSFORMATION         #中秋節 #...
17/09/2024

🏮💥🏮中秋節快樂🏮💥🏮

祝各位~~~
團團圓圓、闔家平安。。。

❤️Blessed Mid-autumn Festival 2024… 🌺

COMPASSION, PROFESSION, TRANSFORMATION







#中秋節
#中秋節活動
#中秋節快樂

08/08/2024

ထိုင်ဝမ်နိုင်ငံ (臺灣 🇹🇼)မှ ကြက်တောင်အားကစားမောင်များဖြစ်ကြသည့် 李洋 (lǐ yáng) နှင့် 王齊麟(wáng qí lín) တို့၏ ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်၌ကျင်းပလျက်ရှိသော နွေရာသီအိုလံပစ်အားကစားပြိုင်ပွဲဲကြီးတွင် အမျိုးသား စုံတွဲ ကြက်တောင်ရိုက်အားကစား ဗိုလ်လုပွဲစဉ်၌ ရွှေတံဆိပ်ဆုကြီးအား ယှဉ်ပြိုင်ဆွတ်ခူးရရှိပြီးနောက် ဂုဏ်ယူဖွယ်ရာအလံတင်အလေးပြုအစီအစဉ်၏ ဗီဒီယိုရုပ်သံအပိုင်း။

ထိုအစီအစဉ်တွင် 🇹🇼ထိုင်ဝမ်နိုင်ငံတော်အလံအား လွှင့်တင်ခွင့်မရှိခဲ့သော်လည်း၊ အလံတော်တေးသီချင်းအားဖြင့် ကြားနာသူတိုင်းအတွက် အထူးစိတ်လှုပ်ရှားဂုဏ်ယူစရာ အခိုက်အတန့်လေးဖြစ်ခဲ့ပါသည်။

❤️ 山川壯麗,物產豐隆,
❤️ 炎黃世胄,東亞稱雄。
❤️ 毋自暴自棄,毋故步自封,
❤️ 光我民族,促進大同。
❤️ 創業維艱,緬懷諸先烈,
❤️ 守成不易,莫徒務近功。
❤️ 同心同德,貫徹始終,
🇹🇼青天白日滿地紅🇹🇼

📹 Crd

03/08/2024

請你思考一下為何這隻鳥兒吃不到蟲子?

​ဗိုက်ဆာနေသော်လည်း စားမတတ်နေတာအဘယ်ကြောင့်ပါလဲ။

COMPASSION, PROFESSION, TRANSFORMATION

📹 Crd



25/07/2024

မြန်မာသင်္ဘောသား ၉ ဦး ပျောက်နေ +++++

ထိုင်ဝမ်တောင်ပိုင်း ကမ်းလွန်မှာ တိုင်ဖွန်းမုန်တိုင်း ဂမ်မီ တိုက်ခက်မှုကြောင့် ကုန်တင်သင်္ဘောတစ်စင်း နစ်မြှုပ်ခဲ့ပြီး အသက်ကယ်အင်္ကျီနဲ့ သင်္ဘောကို စွန့်ခွာသွားတဲ့ မြန်မာသင်္ဘောသား ၉ ဦး ပျောက်ဆုံးနေတယ်လို့ AFP သတင်းတရပ်မှာ ဖော်ပြထားပါတယ်။

သတင်း - BETV Business
📸 VDO - Crd

注意安全,Stay safe ထိုင်ဖုန်း လာမည် 🌨️💨 ဒီနှစ်အတွက် တတိယ မြောက် ထိုင်ဖုန်း 凱米(GAEMI) ဗုဒ္ဓဟူး ည ပိုင်းတွင် ယီးလန် မြို့မှ ကု...
23/07/2024

注意安全,Stay safe ထိုင်ဖုန်း လာမည် 🌨️💨

ဒီနှစ်အတွက် တတိယ မြောက် ထိုင်ဖုန်း 凱米(GAEMI) ဗုဒ္ဓဟူး ည ပိုင်းတွင် ယီးလန် မြို့မှ ကုန်းတွင်း ပိုင်းကို ဝင်ရောက်ပြီး ကြာသပတေး မနက်တွင် ထောင်ယွမ်မြို့မှ ပင်လယ် ထဲ သို့ ထွက်ခွါမည်ဟု မိုးလေဝသ ဌာန မှ ခန့်မှန်းသည် ။

၂၄-၇-၂၀၂၄ ထိုင်ဖုန်းပိတ်ရက်ရရှိသော ဒေသများ
🌧️🌧️🌧️

基隆市|停止上班、停止上課
台北市|停止上班、停止上課
新北市|停止上班、停止上課
桃園市|停止上班、停止上課
新竹市|停止上班、停止上課
新竹縣|停止上班、停止上課
宜蘭縣|停止上班、停止上課
蘭嶼鄉。停止上班、停止上課
苗栗縣|停止上班、停止上課
高雄市|停止上班、停止上課

🙏🏻 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) 🙏🏻ဝါဆိုလပြည့်နေ့သည် တရားဦး“ဓမ္မစင်္ကြာ” ဟောကြားသောနေ့ဖြစ်၍ “ဓမ္မစင်္ကြာအခါတော်နေ...
20/07/2024

🙏🏻 ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) 🙏🏻

ဝါဆိုလပြည့်နေ့သည် တရားဦး“ဓမ္မစင်္ကြာ” ဟောကြားသောနေ့ဖြစ်၍ “ဓမ္မစင်္ကြာအခါတော်နေ့” ဟုလည်း ယနေ့အချိန်ထိဗုဒ္ဓဘာသာဝင်များ အလေးအမြတ်ပြုခဲ့ကြပါတယ်။

ဗုဒ္ဓဘာသာဝင်များရဲ့ ထူးမြတ်လှသော ဝါဆိုလပြည့်အခါသမယတွင် ကျန်းမာချမ်းသာပြီး စီးပွါးဥစ္စာတိုးတတ်၍ ကောင်းကျိုးလိုရာဆန္ဒများပြည့်ဝကြပါစေကြောင်း Future Wave International Services and Solutions မိသားစုမှ ဆုမွန်ကောင်းတောင်းဆန္ဒပြုအပ်ပါတယ်ရှင်။ 🙏🏻🙏🏻🙏🏻

COMPASSION, PROFESSION, TRANSFORMATION


#ဓမ္မစကြာအခါတော်နေ့
#ဓမ္မစကြာနေ့



19 JULY မမေ့နိုင်။19.7.2024 ရက်နေ့တွင် ကျရောက်သော (77) ကြိမ်မြောက် အာဇာနည်နေ့အား အလေးပြုဂုဏ်ပြုအပ်ပါသည်။COMPASSION, PROF...
19/07/2024

19 JULY မမေ့နိုင်။

19.7.2024 ရက်နေ့တွင် ကျရောက်သော (77) ကြိမ်မြောက် အာဇာနည်နေ့အား အလေးပြုဂုဏ်ပြုအပ်ပါသည်။

COMPASSION, PROFESSION, TRANSFORMATION

#အာဇာနည်နေ့


脾氣越好的人 - 越容易看得出「號碼」。 pí qì yuè hǎo de rén - yuè róng yì kàn dé chū 「hào mǎ」。請問家人們、你們看到了嗎???qǐng wèn jiā rén men, nǐ men ...
02/07/2024

脾氣越好的人 - 越容易看得出「號碼」。
pí qì yuè hǎo de rén - yuè róng yì kàn dé chū
「hào mǎ」。

請問家人們、你們看到了嗎???
qǐng wèn jiā rén men, nǐ men kàn dào le ma???

🇹🇼Taiwan 3+4 Program (အသက်မွေးဝမ်းကျောင်းပညာရေးအလုပ်သင်စနစ်) ၂၀၂၅ စာသင်နှစ်အတွက် Express မွမ်းမံသင်တန်းကို စတင်တက်ရောက်န...
19/06/2024

🇹🇼Taiwan 3+4 Program (အသက်မွေးဝမ်းကျောင်းပညာရေးအလုပ်သင်စနစ်) ၂၀၂၅ စာသင်နှစ်အတွက် Express မွမ်းမံသင်တန်းကို စတင်တက်ရောက်နိုင်ပါပြီရှင်...

ထိုင်ဝမ်အစိုးရမှ ထောက်ပံ့ပေးသော (၃)နှစ်စာ ပညာရေးထောက်ပံ့ကြေးငွေ(မြန်မာငွေ သိန်း၂၅၀ ဝန်းကျင်)ဖြင့် အသက်မွေးဝမ်းကြောင်းပညာရပ်ကို တက်ရောက်နိုင်မည့် အထူးအခွင့်အရေးကြီးနှင့် မိတ်ဆက်ပေးပါရစေရှင့်🍀

✍️🇹🇼ထိုင်ဝမ်တရုတ်စာ 4-Skills စာမေးပွဲ ကို (2025) - ဖေဖော်ဝါရီလတွင် ဖြေဆိုရပါမယ်။ 🏆စာမေးပွဲ အောင်မြင်သူများသာလျှင် Student Visa လျှောက်ထားလို့ရပါမယ်။

📖 စာမေးပွဲအတွက် ကျောင်းသား/သူများ ကြိုတင်တက်ရောက်ထားရမည့်ထိုင်ဝမ်တရုတ်စာ 4-Skills သင်တန်းအား Express အထူးသင်ကြားနိုင်ရန်အတွက် ထိုင်ဝမ်နိုင်ငံအတွေ့အကြုံရှိဆရာ/မ များသင်ကြားပေးမည့်Training Camp ကို ရန်ကုန် ၌ (June-2024 မှ Feb -2025) (Mar-2025 မှ July-2025)အထိ တက်ရောက်ရမှာဖြစ်ပြီး လျှောက်ထားသူများ၏ လိုအပ်ချက်များမှာ🔻

-အသက် (16) နှစ် မှ (22) နှစ်ကြား(1-1-2003 မှ 31-12-2009 ခုနှစ်အတွင်း) မွေးဖွားသူဖြစ်ရပါမယ်။

ပညာအရည်အချင်းအားဖြင့်
- ပညာရေးစနှစ်ဟောင်း (၉)တန်းအောင်လက်မှတ် (သို့မဟုတ်) ပညာရေးစနှစ်သစ် (၁၀)တန်းအောင်လက်မှတ်ရရှိထားသူဖြစ်ရပါမယ်။

- ကျန်းမာရေးဆေးစစ်ချက်အောင်မြင်သူ ဖြစ်ရပါမယ်။

- ထင်ရှားသောတက်တူး မရှိသူ ဖြစ်ရပါမယ်။

🔽(3+4 program) အတွက် အဓိကဘာသာရပ်များ;🔽
(1)Information Technology (IT)
(2)Bakery
(3)Restaurant Management (F&B)
(4)Caring Services(Nurse-Aid)

အထက်ပါဘာသာရပ်များထဲမှ (၁)ခုကိုစာမေးပွဲအောင်မြင်လျှင် သံရုံးမှနောက်ဆုံးချမှတ်ပေးသောဘာသာရပ်နှင့် အထက်တန်းကျောင်း၌သာ တက်ရောက်ရမှာဖြစ်ပါတယ်ရှင်။

၎င်း (3+4 Program)ဖြင့် အောင်မြင်စွာတက်ရောက်ခွင့်ရရှိသောကျောင်းသား/သူများသည် ထိုင်ဝမ်နိုင်ငံသို့ (2025 - August) လဆန်းပိုင်းတွင် နောက်ဆုံးထွက်ခွာသွားရောက်ရမှာဖြစ်ပါတယ်။

Express မွမ်းမံသင်တန်း- (၂)ပတ်ခြားအတန်းသစ်ကို ကောင်းမွန်သောအောင်ချက်များအတွက်အမှူးထားပြီး လူဦးရေကန့်သတ်ချက်ဖြင့်သာ လက်ခံသင်ကြားပေးနေတာဖြစ်သောကြောင့် အမြန်စာရင်သွင်းပေးဖို့တော့လိုပါမယ်နော် ‼️

For Details, Please Kindly Contact:

📱- 09 263311264, 09 796152579
Viber - (+66841693069)

Office Hours;🕒
Monday to Friday - (9Am to 12Pm) (1Pm to 5Pm)
Saturday - (9Am to 2Pm)

COMPASSION, PROFESSION, TRANSFORMATION



ที่อยู่

No. 39, Soi Inthamara 29, Family Complex, Sam Saen In Phayathai District, Kingdom Of Thailand (10400)
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Future Wave International Services and Solutions _ FWISSผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Future Wave International Services and Solutions _ FWISS:

วิดีโอทั้งหมด

แชร์