
27/02/2025
ထိုင်းမှာ တစ်ပတ် အတွင်း မြန်မာ နိုင်ငံသား ၄,၈၀၀ ကျော် အပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၉,၀၀၀ ကျော်ကို ဖမ်းဆီးခဲ့
ထိုင်း ရဲချုပ်က တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေကို တစ်နိုင်ငံလုံးမှာ အရေးယူဖို့ ညွှန်ကြားပြီးနောက်မှာ ဒီလအတွင်း လူပေါင်း ၁၀,၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ပါတယ်။
ထိုင်း ရဲတပ်ဖွဲ့က တရားမဝင် ရွှေ့ပြောင်း အလုပ်သမားနဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ကျူးလွန်ထားသူတွေကို ပစ်မှတ်ထားကာ ဒီလ ၁၈ ရက်နေ့ ကနေ ၂၄ ရက်အတွင်း အထူးစစ်ဆင်ရေးနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
စစ်ဆင်ရေးအတွင်း နိုင်ငံများစွာမှ လူပေါင်း ၉,၅၃၂ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအထဲက ၂၀၇ ယောက်ကို ဖမ်းဝရမ်း၊ ၆,၂၃၉ ယောက်ကို တရားမဝင် ထိုင်းကို ဝင်ရောက်မှု၊ ၈၇၅ ယောက်ကို ဗီဇာသက်တမ်းကျော်ကာ နေထိုင်မှု၊ ၄၆၃ ယောက်ကို တရားမဝင် အလုပ်လုပ်မှုနဲ့ ၁,၆၂၈ ယောက်ကို တခြားပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရတဲ့အထဲမှာ ၅၆၄ ယောက်ဟာ ထိုင်း နိုင်ငံသား၊ ၄,၈၇၉ ယောက်ဟာ မြန်မာ၊ ၁,၆၉၉ ယောက်ဟာ လာအို၊ ၁,၃၇၆ ယောက်ဟာ ကမ္ဘောဒီးယား၊ ၁၀၃ ယောက်ဟာ ဗီယက်နမ်နဲ့ ၉၁၁ ယောက်ဟာ တခြားနိုင်ငံတွေက ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေး ရဲဌာန၊ ဗဟို စုံစမ်းစစ်ဆေးရေး ရဲဌာနနဲ့ ခရီးသွား ရဲဌာနတို့ ပူးပေါင်းကာ အခု စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref : Thethaiger
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း