Taurus&Travel ɪꜰ ʏᴏᴜ ᴏɴʟʏ ʜᴀᴠᴇ ᴛʜᴇ ᴅᴇꜱɪʀᴇ ᴛᴏ ᴛʀᴀᴠᴇʟ, ɪꜰ ʏᴏᴜ ᴀʀᴇ ꜱᴏᴍᴇᴏɴᴇ ᴡʜᴏ ʟᴏᴠᴇꜱ ᴛᴏ ᴛʀᴀᴠᴇʟ, ʏᴏᴜ ᴄᴀɴ ᴛʀᴀᴠᴇʟ ᴀɴʏᴡʜᴇʀᴇ

30/12/2024

ကျနော်အတွက်တော့ ချစ်စရာကောင်းတဲ့မြို့လေးတစ်မြို့ပါပဲ

17/11/2024


13/10/2024

𝚂𝚞𝚗 𝚁𝚒𝚜𝚎 𝚏𝚛𝚘𝚖 𝙺𝚢𝚊𝚒𝚔𝚑𝚝𝚎𝚎𝚢𝚘 🌄

Discover the Hidden Gem: ခလောက်အင်းရေတံခွန် 🌊ရေတံခွန်တွေအများကြီးရှိတဲ့ မွန်ပြည်နယ်၊ပေါင်မြို့ဆီသို့...အမှန်ကဒီရေတံခွန်လ...
06/08/2024

Discover the Hidden Gem: ခလောက်အင်းရေတံခွန် 🌊
ရေတံခွန်တွေအများကြီးရှိတဲ့ မွန်ပြည်နယ်၊ပေါင်မြို့ဆီသို့...

အမှန်ကဒီရေတံခွန်လေးရှိနေတာကြာပြီလို့ဒေသခံတွေဆီကသိရတယ်၊ ကျောက်မိုင်းနေရာမို့ အပြင်လူတွေသွားလို့မရတာကော၊ ဝင်ခွင့်မပြုတာကောကြောင့် မရောက်ဖြစ်ကြဘူး၊ ဘေးမှာလဲ နာမည်ကြီးတဲ့ ဇင်းကျိုက်ရေတံခွန်ကြီးရှိတော့ တခါထဲ ဝင်လည်ခဲ့လို့ရတယ် မိုးတွင်းကာလကနေ ဒီဇင်ဘာလအထိရေရှိတတ်တယ်။ နောက်ပြီး ပေါင်မြို့ဝန်းကျင်မှာတခြားရေတံခွန်တွေလဲအများကြီးရှိသေးတယ် ဥတ္တံတားရွာနားက ကျောက်ချောရေတံခွန်၊ မိုးနိုင်းရပ်ကွက်ထဲက မိုးနိုင်းရေတံခွန်၊ တမောင်းပန်ရေတံခွန်၊ ဆင်ရွာရေတံခွန် စတဲ့ရေတံခွန်တွေလဲအများကြီးရှိတာဆိုတော့ ရေတံခွန်တွေကိုသွားရတာကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ မွန်ပြည်နယ်၊ပေါင်မြို့ကို လာရောက်ပြီးရေတံခွန်တွေရဲ့အလှကိုခံစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်. သြော် နောက်တခုက ရေတံခွန်တွေသွားရတာမောနေပြီဆို ဇင်းကျိုက်တောင်တန်း ပေါ်ကဘုရားတွေကိုလဲ တက်ရောက်ဖူးမျှော်နိုင်ပါသေးတယ်.. 💦 🍃📸

#ခလောက်အင်းရေတံခွန်

တောင်ကြီးမြို့လေးကို 360° မြင်ရတဲ့ View point
27/07/2024

တောင်ကြီးမြို့လေးကို 360° မြင်ရတဲ့ View point

24/07/2024

𝖭𝖺𝗍𝗎𝗋𝖾'𝗌 𝗌𝗒𝗆𝗉𝗁𝗈𝗇𝗒 𝗂𝗇 𝗍𝗁𝖾 𝗋𝖺𝗂𝗇 🌧

မိုးရာသီဆို ဘယ်နေရာကြည့်ကြည့် သိပ်လှတဲ့ဘားအံ.. ဒီနေရာလေးက ဇွဲကပင်တောင်ခြေ ကော့မရမ်းရွာမှာရှိတာပါ..စိမ်းစိုနေတဲ့ဇွဲကပင်တေ...
17/07/2024

မိုးရာသီဆို ဘယ်နေရာကြည့်ကြည့် သိပ်လှတဲ့ဘားအံ..

ဒီနေရာလေးက ဇွဲကပင်တောင်ခြေ ကော့မရမ်းရွာမှာရှိတာပါ..စိမ်းစိုနေတဲ့ဇွဲကပင်တောင်တန်းကြီးနောက်ခံနဲ့ သဘာဝဆန်တဲ့နေရာလေးတစ်ခု 🌿

ဘားအံတောင်ဝိုင်းမိုးရာသီဆိုအရမ်းလှတဲ့မြို့ထဲမှာ ဘားအံလဲပါပါတယ် တောတွေတောင်တွေကမြူတွေပတ်လည်ဝိုင်းပြီးစိမ်းစိမ်းစိုစိုနဲ့ ...
13/06/2024

ဘားအံတောင်ဝိုင်း

မိုးရာသီဆိုအရမ်းလှတဲ့မြို့ထဲမှာ ဘားအံလဲပါပါတယ် တောတွေတောင်တွေကမြူတွေပတ်လည်ဝိုင်းပြီးစိမ်းစိမ်းစိုစိုနဲ့ နေရာတိုင်းလှနေတဲ့မြို့လေး.....

09/06/2024

ဒီရွာလေးမှာ လမ်းလျှောက်ရတာ စိတ်ကိုအေးချမ်းစေတယ်...
မြန်မာအခေါ် ကော်ဖီရွာလေး (သို့) မဲ့ကပေါင်...

05/06/2024

အနုမှာ အာနန္ဒာ...... (Ananda Temple)


Copyright Disclaimer
No copyright infringement intended. I do not own background music. Use only for the entertainment purpose only under the principal of fair use. Background music rights are reserved and credit goes to rightful owner.

04/06/2024

မိုးရာသီဆိုသိပ်လှတဲ့မြို့လေး Hpa an 💚

Grand Pagoda Nabhapolbhumisiriพระมหาธาตุเจดีย์นภพลภูมิสิริ Northern Thailand 🇹🇭🇹🇭🇹🇭ဒီတစ်ခေါက် ချင်းမိုင် သွားလည် ဖြစ်ရင်...
18/05/2024

Grand Pagoda Nabhapolbhumisiri
พระมหาธาตุเจดีย์นภพลภูมิสิริ
Northern Thailand 🇹🇭🇹🇭🇹🇭

ဒီတစ်ခေါက် ချင်းမိုင် သွားလည် ဖြစ်ရင် သွားကိုသွားရမဲ့နေရာထဲမှာ ဒီဘုရားတည်ရှိတဲ့ Doi Inthanon National park လဲပါတယ်ဆိုပြီး ထည့်ထားတာ တကယ်ရောက်တော့ ချင်းမိုင်နဲ့ နဲနဲဝေးသေးတယ် ဆိုင်ကယ်နဲ့ ၁နာရီခွဲ ၂နာရီနီးပါးသွားရတယ်.. ကျွန်တော်တို့က လမ်းမကျွမ်းတော့ပိုဆိုး National Park ကို ညနေမှရောက်တယ် 😁 ဒါပေ့မယ့်လဲ အမှတ်တရတွေဖြစ်ခဲ့တဲ့ Day trip လေးဖြစ်ခဲ့တယ် ဆိုင်ကယ်စငှားထဲက လွဲတာ၊ Scoppy ဘီးလေးနဲ့ Thailand ရဲ့ Highest point ကိုတက်ခဲ့တာနော်.. 😁 ချင်းမိုင်ကိုရောက်ရင် Doi Inthanon National Park ကိုရောက်အောင်သွားခဲ့ပါ ဝင်ကြေး ဘတ် 300 ပေးရပေ့မယ့် လည်စရာတွေတပုံကြီး ရေတံခွန်တွေ၊ Nature Trail တွေ၊ တခြားလည်စရာတွေတပုံကြီးရှိတယ်၊ ကျွန်တော် April နွေခေါက်ခေါက်ကြီးသွားတာတောင် ချင်းမိုင်မှာပူပေ့မယ့် ဒီ National Park ကိုနဲနဲတက်လိုက်တာနဲ့ အေးစိမ့်နေရော.. တကယ့်လည်လို့ကောင်းတဲ့နေရာလေး၊ ဒီ Grand Pagoda ကတော့ ချင်းမိုင်ရဲ့ Landmark နေရာလေးပေါ့ စေတီ၂ဆူ ရှိပြီး view ကတော့ မြင်တဲ့အတိုင်း ပန်းတွေနဲ့သေချာအလှဆင်ထားတာကော၊ Thai ရဲ့ highest pointမှာ တည်ထားတာကောကြောင့် တောင်တန်းဒေသ ရဲ့အလှအပမျိုးအပြည့်အဝရမှာသေချာတယ်။ နောက်တစ်ခုက ဆိုင်ကယ်နဲ့မလာချင်တဲ့သူတွေက ချင်းမိုင်တက္ကသိုလ်ရှေ့ကနေ Doi Inthanon ကို လိုင်းကားလေးတွေ ရောက်ပါတယ်၊ ဘယ်နေရာလေးတွေမှာရပ်ပေးလဲဆိုတာတော့ မစီးခဲ့ရတော့ သေချာမသိဘူး.လူသက်သာတာပေါ့ တောင်တက်လမ်းတွေဆိုတော့၊ ဆိုင်ကယ်နဲ့ဆိုလဲ Vibe တမျိုးရမှာသေချာပါတယ်၊ သြော် နောက်တခုက ညနေဘက်ဆို သစ်တောဌာနလား၊ အမျိုးသားဥယျာဥ်ထိန်းသိမ်းရေးဌာနကလားတော့မသိဘူး အဆင်လေးတွေ Training ဆင်းတာလေးတွေလဲ ငမ်းခဲ့ကြပါဦး 😛😁😁





#พระมหาธาตุเจดีย์นภพลภูมิสิริ

ကျေးလက်ဒေသလေး တစ်ခုရဲ့ နွေ........
15/05/2024

ကျေးလက်ဒေသလေး တစ်ခုရဲ့ နွေ........

ပုဂံပြည်ရဲ့နေဝင်ချိန်...🌅မြန်မာနိုင်ငံရဲ့ အလှဆုံးနေဝင်ချိန်တွေထဲမှာ ပုဂံကနေကြည့်ရတဲ့နေဝင်ချိန်တွေကလဲ ပါမယ်ထင်တယ်..  ပုဂံ...
14/05/2024

ပုဂံပြည်ရဲ့နေဝင်ချိန်...🌅

မြန်မာနိုင်ငံရဲ့ အလှဆုံးနေဝင်ချိန်တွေထဲမှာ ပုဂံကနေကြည့်ရတဲ့နေဝင်ချိန်တွေကလဲ ပါမယ်ထင်တယ်.. ပုဂံရောက်တဲ့သူတိုင်း Sunriseနဲ့ Sunsetကို နေရာမျိုးစုံကနေကြည့်ကြမယ်ထင်တယ်.. ကိုယ်တွေလိုအိပ်ပုပ်ကြီးတဲ့သူတွေကတော့ Sunrise ဘယ်တော့မှမမှီ 😁 ဒါပေ့မယ့် Sunsetကိုတော့ ဟိုအရင် ဘုရားပေါ်တွေပေးတက်တဲ့ကာလတွေတုန်းက ရွှေဆံတော် ဘုရားပေါ်ကနေကြည့်ဖူးတယ်၊ အခု sunsetကြည့်ဖို့လုပ်ထားပေးတဲ့ တောင်ကုန်းတွေပေါ်ကနေလဲ ကြည့်ဖူးတယ်၊ ဘယ်နှကြိမ်ကြည့်ကြည့် ၊ ဘယ်နေရာကနေကြည့်ကြည့် ရိုးမသွားတာ ပုဂံရဲ့နေဝင်ချိန်ပါ၊ ငြိမ့်ငြိမ့်သက်သက်လေးနဲ့ ဂန္တဝင်ဆန်တဲ့အလှမျိုး 😍 ဘုရားအို၊ဘုရားဟောင်းတွေကြား တိုးဝင်ပျောက်သွားကွယ်သွားတော့မဲ့ နေမင်းနဲ့ ပုဂံဘုရားတွေနဲ့ ကိုပေါင်းစပ်ကြည့်ရတာ လွမ်းစရာကြီး၊ ဆွေးစရာကြီး၊
ချစ်တယ် ပုဂံ ❤

#ခရီးသွားခြင်းကိုနှစ်သက်သူ
#ပုဂံ

ကော့ကသောင်တောင် 🌿🍃🌳များသောအားဖြင့် ကော့ကသောင်ဆို ဂူကိုပဲလာကြတာများကြတယ်၊ တစ်ခါလောက် ဂူဘေးကနေ စတက်ရတဲ့တောင်တက်လမ်းလေးအတို...
14/05/2024

ကော့ကသောင်တောင်
🌿🍃🌳
များသောအားဖြင့် ကော့ကသောင်ဆို ဂူကိုပဲလာကြတာများကြတယ်၊ တစ်ခါလောက် ဂူဘေးကနေ စတက်ရတဲ့တောင်တက်လမ်းလေးအတိုင်းအနည်းငယ်သာ တက်ရတဲ့ကော့ကသောင်တောင်ကိုလဲ တက်ကြည့်စေချင်တယ်..ဇွဲကပင်တောင်တန်းကြီးနောက်ခံနဲ့ အပေါ်မှာမြင်ရတဲ့ Landscape View က အရမ်းလှလို့ပါ။ မိုးရာသီဆို အုပ်အုပ်ဆိုင်းဆိုင်းနဲ့ တောင်ပေါ်ကနေမြင်ရတဲ့ Viewက လွမ်းစရာဖြစ်နေမှာ သေချာတယ်။ မိုးရာသီမှာအလည်သင့်ဆုံးမြို့ဆိုရင်ဘယ်နှကြိမ်မေးမေး ဘားအံလို့ပဲ ဖြေ၊မိမှာပဲ၊ မကြာခင်မိုးရာသီလဲရောက်တော့မှာဆိုတော့ ဘားအံကိုလာဖြစ်ခဲ့ရင် ကော့ကသောင်တောင်ကိုတစ်ခေါက်လောက်တက်ကြည့်ဖို့ အကြံပေးပါရစေ...

#ခရီးသွားခြင်းကိုနှစ်သက်သူ
#ဘားအံ
#ကော့ကသောင်တောင်

Mae Kampong Village (Chiang Mai)🇹🇭 🌿🌳🛵ချင်းမိုင်နဲ့ တစ်နာရီစွန်းစွန်းလေးသာ ဝေးတဲ့ မဲ့ကပေါင်တောင်ပေါ်ရွာလေး......ချင်းမို...
04/05/2024

Mae Kampong Village (Chiang Mai)🇹🇭 🌿🌳🛵

ချင်းမိုင်နဲ့ တစ်နာရီစွန်းစွန်းလေးသာ ဝေးတဲ့ မဲ့ကပေါင်တောင်ပေါ်ရွာလေး......
ချင်းမိုင်ရောက်ရင် ဒီရွာလေးကို မသွားမဖြစ်သွားလည်သင့်တဲ့အချက်က တောင်ပေါ်ရွာလေးကိုသဘာဝအတိုင်းလေး လှနေအောင် လုပ်ထားတဲ့အချက်ပဲ.😊
တည်းစရာတည်းခိုခန်း Hotel တွေမရှိပေ့မယ့် ရွာထဲက အိမ်တွေမှာ Homestay နေလို့ပါတယ်🏡
ရွာကိုသွားတဲ့လမ်းတွေကလမ်းကောင်းပေ့မယ့်တောင်တက်လမ်းတွေဖြစ်တဲ့အတွက် ဆိုင်ကယ်နဲ့သွားမယ်ဆို ဆိုင်ကယ်ကောင်းတာလေးတွေကို ချင်းမိုင်မှာတစ်ခါထဲရွေးပြီးငှားခဲ့ ဆီအပြည့်ဖြည့်ခဲ့ပါ ၊ ဆိုင်ကယ်ငှားခအနေနဲ့ baht 200 (for 24hrs) ပေးရတယ်ဆိုတော့ မဆိုးပါဘူး ၊ မဲ့ကပေါင် ရေတံခွန်ကိုလဲ ရွာကနေနဲနဲဆက်သွားရင်ရောက်ပါတယ် ကျွန်တော်တို့တော့ ရေတံခွန်ထိအချိန်မရလို့မသွားခဲ့ရဘူး၊ မိုးတွင်းဆိုအေးအေးချမ်းချမ်းလေးနဲ့တမျိုးလေးလှနေမှာမြင်ယောင်သေးတယ်။
သွားရတာနဲ့တန်တဲ့ နေရာလေး ၊ ခရီးသွား Vlogger တွေကြား ရေပန်းစားတဲ့ရွာလေး ကိုအခွင့်အခါသင့်ရင် နောက်တစ်ခါ ထပ်လာချင်သေးတယ်.......


ที่อยู่

Bangkok

เบอร์โทรศัพท์

+959775497696

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Taurus&Travelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Taurus&Travel:

วิดีโอทั้งหมด

แชร์