NwayOo 🇲🇲🇹🇭

03/12/2023

Online စနစ်သစ်🍀

🇲🇲🇹🇭

" ဒီနေ့ခေတ်  ..".. 😢....Credit to original
12/10/2023

" ဒီနေ့ခေတ် .."
.. 😢....Credit to original

ဘဝက ပဲ ခက်ခဲနေတာလားကိုယ်ကပဲ အသုံးမကျဘဲ ပျင်းနေတာလားတခါတလေ ကျနော်တို့ဟာဘဝကြီးကို အပြစ်တင်တတ်ကြပါတယ်ကျနော်တစ်ယောက်တည်းပဲဘဝ...
12/10/2023

ဘဝက ပဲ ခက်ခဲနေတာလား
ကိုယ်ကပဲ အသုံးမကျဘဲ ပျင်းနေတာလား

တခါတလေ ကျနော်တို့ဟာ
ဘဝကြီးကို အပြစ်တင်တတ်ကြပါတယ်

ကျနော်တစ်ယောက်တည်းပဲ
ဘဝကြီးက အဆင်မပြေမှုတွေ ပေးနေသလို
ညည်းတွားမိ တတ်ကြပါတယ်

တကယ်တော့ ဘဝကြီးက
ဘယ်သူ့အတွက်မှ လွယ်မနေပါဘူး

ခက်နေတာတွေကို
ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားနေသူနဲ့
ခက်နေတာကို ထိုင်ညည်းနေသူပဲ
ကွာသွားတာပါ

မှန်ပါတယ်

လူတိုင်းအတွက် ဘဝကြီးက ခက်ခဲပါတယ်

သာယာနေတယ်လို့ ထင်နေရတဲ့သူတွေဆီမှာလဲ
အခက်အခဲတွေ အများကြီးရှိပါတယ်

အောင်မြင်နေသူအကုန်လုံးဆီမှာလည်း
ပြသနာပေါင်းသောင်းခြောက်ထောင်ရှိပါတယ်

အဓိက ကွာခြားသွားတာက
ကြိုးစားသူ နဲ့ ညည်းတွားသူပါ

ဒါကြောင့်
ဘဝကြီးက ခက်ခဲတဲ့အကြောင်းပဲ
အမြဲ တွေးမနေပါနဲ့
ကိုယ်အသုံးမကျတာ ပျင်းတာကိုလည်း
တွေးပေးပါ

ငပျင်းတွေ အတွက် ဆုလဒ် မရှိဘူး

#မိုင်မိုင်းနမ့်စန်


MK Book Store & စင်္ကာပူ

ကိုယ့်ကိုယ်ကိုယ် အရမ်းချစ်တာမို့ စိတ်ရှုပ်အောင် လုပ်တဲ့ လူတွေကို နှစ်ခါပြန် မဆက်ဆံဘူး မာနကြီးတယ် ထင်ရင် ငါကမာနကြီးတယ် ချ...
12/10/2023

ကိုယ့်ကိုယ်ကိုယ် အရမ်းချစ်တာမို့
စိတ်ရှုပ်အောင် လုပ်တဲ့ လူတွေကို
နှစ်ခါပြန် မဆက်ဆံဘူး

မာနကြီးတယ် ထင်ရင် ငါကမာနကြီးတယ်
ချေတယ် ထင်ရင် ငါက ချေပါတယ် ။

ငါ့ပျော်ရွှင်ခြင်း အတွက်
ဘယ့်သူ့အပေါ်မှ မမှီခိုထားဘူး
ဒီ့အတွက် ဘယ်သူ့ကြောင့်မှ
ငါ့ကိုယ်ငါ အထိခိုက်မခံနိုင်ပါဘူး ..။

တချို့သူတွေက “ ရေ ” နဲ့ တူတယ် ။ ထိတွေ့လိုက်သူတိုင်းကို အေးမြမှုကို ပေးတယ် ။တချို့သူတွေက “ မြေကြီး ” နဲ့ တူတယ် ။သူ့အပေါ်န...
12/10/2023

တချို့သူတွေက “ ရေ ” နဲ့ တူတယ် ။
ထိတွေ့လိုက်သူတိုင်းကို အေးမြမှုကို ပေးတယ် ။

တချို့သူတွေက “ မြေကြီး ” နဲ့ တူတယ် ။
သူ့အပေါ်နင်းသွားလည်း သည်းခံနိုင်ခြင်း
ပါရမီပြည့်ဝတယ် ။

တချို့သူတွေက “ လေမုန်တိုင်း ” နဲ့ တူတယ် ။
အနားရှိသမျှ အရာတွေကို
ဟိုးအဝေးဆုံးကို တွန်းပို့တယ် ။

တချို့သူတွေက “ မီး ” နဲ့ တူတယ် ။
တောက်လောင်မှု အပူ အနားရှိသူ အပူဟပ်စေတယ် ။

တချို့သူတွေက “ နေ ” နဲ့ တူတယ် ။
ဝေးဝေးကနေရင် လိုအပ်တဲ့ အပူချိန်ရပေမယ့်
အနားကပ်ရင်တော့ သေလောက်အောင်
ပူပြင်း လောင်မြိုက်တယ် ။

တချို့သူတွေက “ လ ” နဲ့ တူတယ် ။
အဝေးက အေးချမ်းသလိုပေမယ့်
သူ့ပေါ်ရောက်ရင် မညီညာမှုတွေနဲ့

တချို့သူတွေက “ သစ်ပင် ” နဲ့ တူတယ် ။
အရိပ်လည်း ပေးတယ် ။
အသီးအပွင့်တွေလည်း ပေးတယ် ။

စွန့်ပစ်ချင်ရင်တောင် အလွယ်တကူ
စွန့်ပစ်မရဘဲ အမြစ်တွယ်နေပေးတယ် ။

သင်ရော ဘယ်လိုလူမျိုးလဲ.... ?

#ဦးဘုန်း (ဓာတု)

အရမ်းကောင်းလို့.(ဖတ်စေချင်)"ကိုယ်ကိုယ်ကိုဆုံးမခြင်း''~~~~~~~~~~~~~~~~~~~~~~~~~~~အချိန်သည်လည်း အကုန်မြန်၏။လူတို့သည်လည်း အ...
11/10/2023

အရမ်းကောင်းလို့.(ဖတ်စေချင်)

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
~~~~~~~~~~~~~~~~~~~~~~~~~~~
အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ်မင်းရှေ့မှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှမင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကိုလက်ခံပါ

....

ကိုယ်တို့ဟာကိုယ်တိုင်တောင် မပြည့်ဘဲသူများကို ဖြည့်ဖို့ပဲ ဦးစားပေးခဲ့ကြတယ် ။ကိုယ်တိုင်တောင် မတည်ဆောက်နိုင်သေးဘဲသူများရဲ့...
11/10/2023

ကိုယ်တို့ဟာ
ကိုယ်တိုင်တောင် မပြည့်ဘဲ
သူများကို ဖြည့်ဖို့ပဲ ဦးစားပေးခဲ့ကြတယ် ။

ကိုယ်တိုင်တောင် မတည်ဆောက်နိုင်သေးဘဲ
သူများရဲ့ ပြိုလဲကျမှုတွေ ကာကွယ်ပေးခဲ့ကြတယ် ။

ကိုယ်တိုင်တောင် လမ်းမှန်အောင် မလျှောက်နိုင်သေးဘဲ
သူများလမ်းမှားရောက်မှာကိုပဲ စိုးရိမ်နေခဲ့မိကြတယ် ။

ဒီချစ်ခြင်းမေတ္တာနဲ့ စာနာမှုတွေကြောင့်
ကိုယ်တို့ဟာ
စိတ်ရော လူရော ပင်ပန်းနေတုန်းပါပဲ ။

တစ်နေ့နေ့တော့....
ပင်ပန်းခဲ့ရသမျှ အမောတွေ ပြေနိုင်ကောင်းပါရဲ့....,

#မနောသီရိ

ငါ ကိုယ်တိုင် အေးချမ်းအောင် နေတယ် ။တတ်နိုင်သမျှ အပူပေးတဲ့သူကို ရှောင်တယ် ။ငါ ဘာအမှားမှ မလုပ်မိဘဲအပြစ်တင်ဝေဖန်ခံရတဲ့ အချိ...
11/10/2023

ငါ ကိုယ်တိုင် အေးချမ်းအောင် နေတယ် ။
တတ်နိုင်သမျှ အပူပေးတဲ့သူကို ရှောင်တယ် ။

ငါ ဘာအမှားမှ မလုပ်မိဘဲ
အပြစ်တင်ဝေဖန်ခံရတဲ့ အချိန်တွေ ရှိတယ် ။

တစ်နေ့တစ်နေ့
ငါ စာတွေ ဖတ်တယ် ။
ငါ သီချင်း နားထောင်တယ် ။
ပျော်မယ်ထင်တဲ့ အရာတွေကို လိုက်လုပ်တယ် ။
ငါ လိုချင်တာတွေကို ရဖို့
အလုပ်ကြိုးစားပြီး ပိုက်ဆံစုတယ် ။

ငါ့ ရှင်သန်ခြင်းက
ငါ့ မိဘနှစ်ပါးကို လိုလေသေးမရှိထားနိုင်ဖို့နဲ့
ပေးကမ်းနိုင်ဖို့ပဲ ။

သိပ်ရိုးရှင်းသော အိပ်မက်တွေနဲ့အတူပေါ့ ။

#ဖားစည်ရည်ကျော်

ကြိုးစားနေတဲ့လူငယ်များအတွက်💪🏻🏆
11/10/2023

ကြိုးစားနေတဲ့လူငယ်များအတွက်💪🏻🏆

မင်းဒုက္ခရောက်နေတာတောင် မကူညီရကောင်းလား လို့ဒေါသမထွက်ပါနဲ့။ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။မင်းရဲ့အခက်အခဲတွေ အ...
11/10/2023

မင်းဒုက္ခရောက်နေတာတောင် မကူညီရကောင်းလား လို့
ဒေါသမထွက်ပါနဲ့။
ဘယ်သူကမှ မင်းကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

မင်းရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။
ဘယ်သူကမှ မင်းကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

မင်းအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကြည်းလိုက်ပါနဲ့။
မင်းလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။ မပါချင် မပါဘူး။
လမ်းခုလတ်က လှည့်ထွက်သွားတာလည်း
ဖြစ်ချင်ဖြစ်မယ်။
သေချာတာ ကိုယ်သွားချင်တဲ့လမ်း!
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။!

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား?....
ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်!
ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား?
လွတ်လပ်ခွင့်ပေးလိုက်!

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
မင်းတောင်းဆိုလို့ မရဘူး။
တစ်ဖက်ကပေးသလောက်ပဲ မင်းနေရမယ်။
ကျေနပ်တာ မနပ်တာ မင်းကိစ္စပါ။
ဘယ်သူကမှ မင်းခံစားချက်ကို မေးနေမှာမဟုတ်ဘူး။

ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေလေ။
ထွေထွေထူးထူး ကြေကွဲမနေနဲ့။!
ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ မင်းစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူးနော်။
၃. ၁. ၂၀၂၂
Crd

သနားတယ်💦စကားပြောရင် တစ်ဖက်လူကိုအပြစ်တင်ပုတ်ခက်ပြီးမှပြောတတ်တဲ့ လူတွေကို သနားတယ်။သူတို့ဦးနှောက်ထဲမှာ တစ်ဖက်လူကို ဘယ်လိုအ...
11/10/2023

သနားတယ်💦

စကားပြောရင် တစ်ဖက်လူကို
အပြစ်တင်ပုတ်ခက်ပြီးမှပြောတတ်တဲ့ လူတွေကို သနားတယ်။
သူတို့ဦးနှောက်ထဲမှာ တစ်ဖက်လူကို ဘယ်လိုအပြစ်တင်ရမလဲ....?
ဘယ်လိုပုတ်ခက်ရမလဲ...ဆိုတဲ့အတွေးပဲရှိတယ်။
ကိုယ့်ကိုကိုယ် ဘယ်လိုကောင်းအောင်းနေရမလဲ...?
ဘယ်လိုပြောဆိုနေထိုင်ရမလဲဆိုတဲ့ အသိသူတို့မှာမရှိဘူး။
သူတို့ဦးနှောက်ကသူများတွက်အသက်ရှင်နေတာ....။

#ခါးသက်ချို

ที่อยู่

Bangkok

เบอร์โทรศัพท์

+66950053608

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NwayOoผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง NwayOo:

แชร์