National Defense Intelligence Agency-NDIA

National Defense Intelligence Agency-NDIA ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก National Defense Intelligence Agency-NDIA, ศูนย์ข้อมูลนักท่องเที่ยว, 82/225 Soi Cementhai, Lat Yao District, Chatuchak District, Bangkok.

23/09/2024
25/08/2024

တချို့တော်လှန်ရေးဆိုပြီ ငွေရှာတာ တခြားအဆင်မပြေတဲ့နေရာတွေကို အာနာပြီ အလှူခံငွေရှာကြပါ...

25/08/2024

အကြည်ညိုခံချင်တာဟာလည်း ရောဂါတစ်မျိုးပဲ...

19/08/2024

ကျနော်တို့အားလုံး တရုတ်စဉ်းစားနေတာကို မြင်အောင်ကြည့်ကြဖို့လိုပြီး

အာဖဂန်ရှိ အမေရိကန်ကြည်းတပ် တိုက်ပွဲဝင်ရှေ့တန်းစခန်း Combat Outpost Keating အကြောင်း ဒီနာမည်ကို မသိလောက်ပေမယ့် The Outpos...
31/07/2024

အာဖဂန်ရှိ အမေရိကန်ကြည်းတပ် တိုက်ပွဲဝင်ရှေ့တန်းစခန်း Combat Outpost Keating အကြောင်း
ဒီနာမည်ကို မသိလောက်ပေမယ့် The Outpost 2019 ဇတ်ကားကိုတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ မကြည့်ရသေးရင်..အရင် ကြည့်ကြည့်ဖို့ အကြံပေးပါရစေ။ ဒါမှသာ post အတွက် မျက်စိထဲ မြင်သာလာမှာပါ။
ဆိုတော့ကာ ဒီကားမှာ... ရှေ့တန်းစစ်စခန်းက အနိမ့်ပိုင်း ဖြစ်ပြီး ဘေးပတ်ပတ်လည်မှာ တောင်တန်းတွေ ဝန်းရံနေတဲ့ မြေနိမ့်စခန်း ဖြစ်ပါတယ်။ တိုက်ပွဲဝင်ရှေ့တန်းစခန်း Keating ဆိုတဲ့နာမည်ဟာ မူလအစနာမည်မဟုတ်ပါဘူး။ ( ဆက်လက်ဖတ်ရှူ့ရင်း သိလာပါမယ်)
၂၀၀၁ ခုနှစ်.. အာဖဂန်ကို အမေရိကန်စစ်တပ်က ဝင်ရောက်သိမ်းပိုက်ပြီးနောက် မြို့ကြီးတွေလောက်သာ အမေရိကန်ညွှန့်ပေါင်းတပ်တွေ စိုးမိုးနိုင်ကြပြီး ကျေးလက်ဒေသတွေမှာ အာဖဂန်အမာခံဖြစ်နေတက်ပါတယ်။ ထို့အပြင် တာလီဘန်တွေအပါအဝင် အမေရိကန်ဆန့်ကျင်ရေးလက်နက်ကိုင်တွေကနေ ပါကစ္စတန် နယ်စပ်နား နီးလျှက်နေရာတစ်ခုမှာ အခြေပြုပြီး နယ်စပ်ကနေ လက်နက်ခဲယမ်း မှောင်ခိုသွင်းလာတာကို ဖမ်းဆီးဖို့ အခြေစိုက်စခန်းတစ်ခု လိုအပ်တယ်။ မဟာဗျူဟာအရ အာဖဂန်နစ္စတန် အစွန်အဖျားရှိ နူရစ်စတန်ပြည်နယ်က ပါကစ္စတန်နယ်စပ်နဲ့ထိတွေ့နေပြီး ဒီနယ်စပ်ထွက်ပေါက်တွေကို ထိန်းချုပ်နိုင်ဖို့ စစ်အခြေစိုက်စခန်းများကို တိုးချဲ့ရန်လိုအပ်နေပြီး အာဖဂန်လူဦးရေတစ်ခုလုံးကို အစိုးရကနေ ယုံကြည်စိတ်ချစွာနဲ့ ထိန်းချုပ်ရေး အာဏာကို ပြသနိုင်ဖို့လည်း မဟာမိတ်များက မျှော်လင့်ခဲ့ကြတာမို့... နယ်စပ်အခြေစိုက်စခန်းများက အမေရိကန်စစ်တပ် ရဲ့ သောင်းကျန်းသူ နှိမ်နင်းရေး မဟာ ဗျူဟာ counterinsurgency strategy ၏ အဓိက အစိတ်အပိုင်း ဖြစ်လာတယ်။
အမှတ် ၁၀ တောင်ပေါ်တိုက်ခိုက်ရေး တပ်မ လက်အောက်ခံ အမှတ် ၃ ခြေလျှင်တပ်မဟာ BCT ရဲ့ ကွပ်ကဲရေးကွန်မန်ဒါ ဗိုလ်မှူးကြီး ဂျွန်နီဆင်ကနေ အာဖဂန်အရှေ့ဖျား နူရင်စတန်ပြည်နယ်ရဲ့ နယ်စပ်ထွက်ပေါက် နားမှာ ထိန်းချုပ်ရေး စခန်းတွေ ထားရှိချင်နေတယ်။ အဲ့နေရာတွေက တောင်၃လုံးကြားဟာ မြေပြန့်လမ်းသွယ် ဖြစ်နေတာဆိုတော့ တောင်ပေါ်ကနေ သယ်ယူမယ့်အစား မြေပြန့်က ပိုပြီး ခရီးတွင်တယ်လို့ ယူဆထားတယ်။ နောက်ပြီး နရင်စတန်ပြည်နယ်ရဲ့ ကမ်ဒစ့်ခရိုင်အုပ်ချူပ်ရေးမှူး Gul Mohammed Khan ကိုယ်တိုင်ကလည်း အဲ့တောင်ကြားဒေသမှာ ကြီးပျင်းခဲ့ရသူမို့ ဒီနေရာရဲ့ အရေးပါမှူ့ကိုလည်း သိရှိထားပီး နရင်စတန်ပြည်နယ် ဝန်ကြီးချုပ် Tamim Nuristani ကနေ ပြည်နယ်ပြန်လည်ဖွံဖြိုးရေးအတွက် ပြန်လည်တည်ဆောက်ရေး စခန်း PRT Kamdesh ကို အဲ့နေရာမှာ စခန်းတစ်ခုတည်ပေးဖို့ အပြင်းအထန်အကြံပြုလာတော့တယ်။ ဆိုတော့ PRT အကြောင်း အကြမ်းဖျင်း ဖော်ပြပေးပါမယ်။
-----------------------------------------------------------------------
ဒေသဆိုင်ရာပြန်လည်တည်ဆောက်ရေး အသင်း
( Provincial Reconstruction Team -PRT)
၂၀၀၁ ခုနှစ်.. အာဖဂန်နစ္စတန်နိုင်ငံကို အမေရိကန်တပ်တွေ ဝင်လာပြီးနောက်မှာ ပျက်သုံးနေတဲ့ နိုင်ငံတော်ကို အမေရိကန်ဒေါ်လာ ဘီလီယံ ရာချီသုံးပြီး ဒေသဆိုင်ရာပြန်လည်တည်ဆောက်ရေး အသင်း ( Provincial Reconstruction Team -PRT) ကို စဖွဲ့ခဲ့တယ်။ ဒီအဖွဲ့မှာ ပြည်နယ်အလိုက် ဦးစီးမှူး အဖြစ် စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီး ဦးဆောင်ကာ နိုင်ငံရေးသမားတွေ ၊ အရပ်သား ရဲအကြံပေးတွေ ၊ အရပ်သားတက်သိပညာရှင်တွေနဲ့ ပြည်တွင်းဆက်ဆံရေး ၊ အရပ်သားဆက်ဆံရေးသမားတွေ ပါဝင်လာတယ်။ အထူးသဖြင့် စစ်ဖြစ်နေဆဲနိုင်ငံကို ပြန်လည်တည်ဆောက်ရတာဖြစ်လို့ လုပ်ငန်းဆောင်တာတွေက အန္တရယ် များလှတယ် ။
------------------------------------------------------------------------
ပြည်နယ်ဝန်ကြီးချုပ်ကနေ အစိုးရကို အကြံပြုထားသည့်အတိုင်း ...၂၀၀၆ ဂျုလှိုင် ၂၀ရက်မှာတော့ အမေရိကန် ကြည်းတပ်လက်အောက်ခံ လေကြောင်းတပ်ဖွဲ့ 3-71 Cavalry Squadron မှ ABLE တပ်ခွဲနဲ့ တပ်စုတစ်စုတို့တင်ဆောင်လာတဲ့ CH 47 ချင်းနွန့် ရဟတ်ယာဥ် ၂စင်းဟာ Kamdesh မြို့အနီး တောင်ကုန်းပေါ်ရှိ ပြောင်းခင်းရှိ Landing Zone Warheit ဆင်းသက်ဇုန် ဝင်ရောက်လာတော့တယ်။ ဒီလှုပ်ရှားမှူ့ကို ဒုတိယဗိုလ်မှူးကြီး ဟောင်းဝပ် အမိန့်အောက်ကနေ သွားပြီး ပြန်လည်တည်ဆောက်ရေး စခန်း PRT Kamdesh ကို လုံခြုံရေး ပေးရကာ.. အဲ့နေရာမှာ စတင်ကာ ၂၀၀၇ ဂျွန်လအထိ အုပ်ချုပ်သွားပါတယ် ။ စခန်းတည်နေရာက အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း..Nuristan ပြည်နယ် ..Kamdesh ဒေသ ဟင်ဒူကွက်တောင်တန်းတွေကြား ဖြစ်ပြီး စခန်းဘေးမှာ ရွေ့ပြောင်းကျေးရွာပတ်ဝန်းကျင် တည်ရှိပါတယ်။ မြေအနေအထားအရ ကြမ်းတမ်းတဲ့အထဲမှာပါပြီး တောင်ကြားထဲကစခန်းဖြစ်ကာ ဘေးမှာက လျောစောက်မြင့်တဲ့ တောင်ကြောကြီးဝန်းရံထားပြီး မြေပြန့်လူသွားလမ်းက ကျဥ်းမြောင်းတယ်။
တစ်ဖက်မှာလည်း ....နယ်စပ်မှောင်ခိုကုန်သွယ်ရေးကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်နေရင်းမှာပဲ တာလီဘန်တွေ နဲ့ ပစ်ခတ်မှူ့တွေရှိခဲ့ပြီး နယ်မြေပြန်လည်တည်ဆောက်ရတဲ့တာဝန်တွေဟာ ပစ်ခတ်မှူ့ တွေကြောင့် ရပ်တန့်သွားလိုက်ရတယ် ။ ဆိုတော့ နယ်မြေ လုံခြုံရေးတာဝန်ခံအဖြစ် အမေရိကန်ကြည်းတပ် ရဲ့ အမှတ် ၁၀ တောင်ပေါ်တိုက်ခိုက်ရေးတပ်မကနေ ၂၀၀၆ ခုနှစ် နွေရာသီမှာ တောင်ပေါ်ခြင်္သေ့ စစ်ဆင်ရေး Operation Mountain Lion ရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် စီမံချက် ရေးဆွဲလာကာ ရန်သူ့သို့ ထောက်လှမ်းရေး နဲ့ ချေမှူန်းရေးက အရေးကြီးလုပ်ဆောင်လာတော့တယ်။
ဒီဒေသနဲ့ဆိုင်တဲ့ စစ်ဆင်ရေး Operation Deep Strike အဖြစ် Cowkay နဲ့ Korangal တောင်ကြားက တပ်တွေကို ဆွဲထုတ်ပြီး Kamdesh ဒေသမှာ တပ်အပြောင်းအလဲလုပ်လာတယ်။ ပေ ၈၀၀၀ မြင့်တဲ့ တောင်ကြောရဲ့ တစ်ဖက်က အမြင့်တစ်ခုမှာ ဗျူဟာကုန်းအဖြစ် အထိုင်ထားလိုက်တော့တယ်။ အဲ့နေရာက ရန်သူ ထိုးစစ်ဆင်ဖို့ ခက်သလောက် သူ့မြေအနေအထားအရ "Heart Attack Ridge" လို့လည်း ခေါ်ကြတယ်။ မီတာ ၂၅၀၀ နီးပါး သို့ ပေ ၈၀၀၀ လောက်မှာ စခန်းချရတဲ့အခါ လူသစ်တွေအတွက် ပြင်းထန်သော တောင်တက်ရောဂါ သို့ Acute Mountain Sickness စဖြစ်လာတယ်။ ခန္ဓာကိုယ်ထဲက အောက်ဆီဂျင်လျှော့ချဖို့နဲ့ လေဖိအားပြောင်းလဲမှုများကို ထိန်းညှိဖို့ရာ ခန္ဓာကိုယ်က အချိန်လုံလောက်စွာ မရတာကြောင့် ခေါင်းကိုက် မူးဝေ အော့အံဖြစ်လာတယ်။ ဒီအတွက် "Heart Attack Ridge" နလုံးရောဂါ ဖြစ်စေတဲ့ ကုန်း ( စခန်းကုန်း) လို့ အမေရိကန်စစ်တပ် စစ်သည်တွေက နာမည်ပေးလာခဲ့တော့တယ်။
( ရောဂါလက္ခဏာအကြောင်း ပိုမိိုသိရှိလိုပါက)
https://www.betterhealth.vic.gov.au/.../altitude-sickness
စစ်ဆင်ရေးရလာဒ်တွေထက်...စစ်သားတွေရဲ့ကျမ်းမာရေးပြသနာတွေကြောင့် ဗျူဟာကုန်းထိုင်ထားခြင်းကို တပ်ရုပ်သိမ်းမိန့်ပေးခဲ့ရတယ်။ ဒါ့ကြောင့် ကြည်းတပ် လေကြောင်း aviation တပ်ဖွဲ့ကနေ တပ်ပြန်ရုတ်ဖို့အတွက် ပိုင်းလော့တွေက နေ့ခင်းမပြန်ချင်ကြဘူး ။ အမြင့်ပေ ၂ သောင်းကျော် ပျံရမယ့် ရဟတ်ယာဥ်အတွက် အခြားတောင်ကြောကနေ ပစ်ချမယ်ဆိုရင်တောင် ရဟတ်ယာဥ်ကို ထင်းကနဲပစ်ချလို့ ရတာကြောင့် ညဘက်မှာ တပ်ပြန်ဆုတ်ဖို့ ဖြစ်လာတယ်။ ဆိုတော့ ညပိုင်းမှာ လူလာခေါ်ပြီး ပြန်အထွက်..ည ၉နာရီ ၁၀ မိနစ်မှာ ရဟတ်ယာဥ်ရဲ့ နောက်ပန်ကာက သစ်ပင်ကို ခုတ်မိပြီး တောင်လျောစောင်အတိုင်း ပျက်ကျတာကနေ ခေါက်ကမ်းပါးအစွန်းကနေ ထပ်ကျပီး မီးလောင် ပေါက်ကွဲမှူ့ ဖြစ်ရတယ်။ ဆိုတော့ တပ်ဆုတ်ခွာရမယ့် စစ်သည်များ အပါအဝင် ပိုင်းလော့တွေ ပါ အားလုံးကျဆုံးသွားရတော့တယ်။ ဒီအချိန်မှာ... ဒုတိယတစ်သုတ်မှ လိုက်ပါရမယ့် 3-71 CAV 2nd Platoon တပ်စုကနေ ညကြီးမှာပဲ မဆုတ်မနစ် ရှာဖွေလိုက်တာမှာ သူ့တို့လူ ၁၀ဦးကို DB ပြန်ရခဲ့လာတယ်။ ရဟတ်ယာဥ်ကိုလည်း အရေးကြီးအစိတ်အပိုင်းတွေ ဖြုတ် မသယ်တော့ပဲ တစ်ခါတည်း မိုင်းထပ်ခွဲလိုက်တော့တယ်။
၂၀၀၆ ခုနှစ်.. သြဂုတ်လ ၈ရက်
ပြန်လည်တည်ဆောက်ရေးစခန်း PRT ဟာ စတင်တိုက်ခိုက်ခံလာရပြီး အဲ့စခန်းဟာ စစ်စခန်းမဟုတ်တော့ လုံခြုံရေး အင်အားလောက်သာ ရှိနေတာမို့ အနီးစပ်ဆုံး ဆင်းသက်ဇုန် LZ Warheit မှာ ရှိနေတဲ့ ဗိုလ်ကြီး Frank Brooks ကနေ ကွပ်ကဲမှူ့ ပြုပြီး စစ်ကူလိုက်မလို့တောင်မှ တောင်ကြောတစ်ဖက်စီမို့ နေရာဝေးကွာမှူ့အပြင် မမြင်ရတဲ့ မြေပြင်အနေအထားမှာ သွယ်ဝိုက်ပစ်ကူအတွက် ခက်ခဲလှတယ်။ ကျယ်ပြန်တဲ့ တောင်ကြောကိုမှ စစ်သုံးမြေပုံ သွင်ပြင်နစ်မျိုး နဲ့ လမ်းပြအမှတ် အသားတွေကိုပါ မသုံးမတည့်အောင် ဖြစ်သွားစေတယ်။ တိုက်ပွဲအတွင်း လေကြောင်းတပ်ဖွဲ့ ကနေ လာရောက်ကူညီတာမို့သာ ရန်သူတွေကို နောက်ဆုတ်သွားစေတာဖြစ်ပြီး မြေပြင်တပ်ကနေ စစ်ကူ ရောက်မလာခဲ့ပါဘူး။
တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ၂၀၀၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ၊ Naray Fob စခန်းကနေ Landay-Sin တောင်ကြားလမ်းအထိကို ထောက်ပံ့ရေးယာဉ်တန်းများနဲ့ ထွက်လာပြီး PRT ကို လာခဲ့ပေမယ့်လည်း လမ်းကင်းလုံခြုံရေးပေးတဲ့ အာဖဂန် ကန်ထရိုက်တာတွေကလည်း ဒီလို ကျဉ်းမြောင်းတဲ့ တောင်ကြားလမ်းတစ်ခုလုံးကို ဘေးကင်းအောင်ထိန်းသိမ်းထားနိုင်ခြင်း မရှိခဲ့ပဲ ယာဉ်တန်းများတွေဟာ တောင်ကြားလမ်းထဲမှာပဲ အပြင်းအထန် ခြုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရပါတော့တယ်။ ကျဥ်းမြောင်းတဲ့ Kamdesh-Naray လမ်းကြားမှာ ထောက်ပို့ကားအကြီးတွေ မောင်းဝင်လို့ အဆင်မ​ပြေတာမို့ အထက်လူကြီးတွေက ပိတ်ပင်ထားတဲ့ကြားကနေ သံချပ်ကာ ထောက်ပို့ကားတွေ ဝင်လာခဲ့ကြပြီး ခြုံခိုခံရလို့ ပြန်အဆုတ်မှာ.. ဒဏာရာရ ရဲဘော်တွေများတာကြောင့် ဗိုလ်လေး Benjamin Keating ကိုယ်တိုင် ကားဝင်မောင်းခဲ့ပြီး... ကားအလေးချိန်ကြောင့် လမ်းပြိုကျခဲ့ရာကနေ တောင်ခါးပတ်လမ်းမှာပဲ ကားမှောက်ကာ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ရတယ်။ ထို့အတွက်ကြောင့် အထက်လူကြီးတွေကနေ ဒီလမ်းပိုင်းကို ဆက်လက်အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ ၂၀၀၆ နိုဝင်ဘာ ၂၆ရက်မှာ အမှတ် ၁၀ တောင်ပေါ်တိုက်ခိုက်ရေး တပ်မမှ ဗိုလ်လေး Benjamin Keating ကျဆုံးသွားပြီးနောက်မှာ ပြန်လည်တည်ဆောက်ရေး စခန်း PRT Kamdesh ကနေ အရပ်ဖက်လုပ်ငန်းတွေ မရှိတော့ပဲ ရန်သူတွေ ပတ်လည်ဝိုင်းလာခြင်းကြောင့် ရှေ့တန်းစစ်စခန်း အဖြစ်ပြောင်းလဲလိုက်သလို နာမည်ကိုလည်း ကျဆုံးအရာရှိနာမည်ယူပြီး Combat Outpost Keating ​ဖြစ်လာတော့တယ် ။
ဒီရှေ့တန်းစခန်းဟာ လေကြောင်းကနေ ထောက်ပို့လုပ်ဖို့လည်း ရန်သူက ကြိုတင်ချေမှုန်းတာ ကြုံတွေ့လာရသလို ဒေသခံတွေရဲ့ ထောက်ပံရေး အားနည်းမှူ့အပြင် .. မိခင်တပ်ရင်းနဲ့ ဝေးကွာလွန်းခြင်း.. မြေအနေအထားအရ ခုခံရန်ခက်ခဲခြင်း စတာတွေကြောင့် ၂၀၀၈ ဒီဇင်ဘာ လမှာပဲ စခန်းကို ပိတ်သိမ်းဖို့ စီမံချက် ချလာပါတော့တယ်။
( သို့အထိတိုင်အောင် ..ဒီ post ဟာ ရှေ့တန်းစခန်း Combat Outpost Keating ​ဖြစ်လာပုံသာ ရှိသေးပြီး အထင်ကရတိုက်ပွဲ ဖြစ်လာမယ့် Battle of Kamdesh ကန်းဒက်တိုက်ပွဲ ဖြစ်စဥ်ကို ဆက်လက်ဖော်ပြပါမည်။)


➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🚫 သတိပြုရန် 🚫
ကျွန်ုပ်တို့Pageတွင်မည်သည့်လက်နက်ငယ်နှင့်
ခဲယမ်းဆက်စပ်ပစ္စည်းကိုမှမရောင်းပါ။သို့ဖြစ်ပါ၍
မေးမြန်းခြင်းသည်းခံပါ။ညစ်ညမ်းစွာဆဲရေးသော
မည်သည့်commentကိုမဆိုဖျက်ပစ်မည်ဖြစ်ပြီး
ရေးသားသူကိုပါ Page မှ Ban မည်ဖြစ်ပါသည်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

⛔ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်ရေးလုပ်ငန်းများရှိ မြန်မာစစ်အုပ်စု၏ မိတ်ဖက်များအပိုင်း (၂) နောက်ဆု...
31/07/2024

⛔ ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်ရေးလုပ်ငန်းများရှိ မြန်မာစစ်အုပ်စု၏ မိတ်ဖက်များ

အပိုင်း (၂) နောက်ဆုံးပိုင်း

✅ အပိုင်း (၁) ကို ဖတ်ရှုရန် 👉🏽 https://bit.ly/4c7kLCR

⛔ မြန်မာစစ်အုပ်စု၏ ဒစ်ဂျစ်တယ်အာဏာရှင်လာဘ်ကောင်များ

အင်တာနက်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာဖြတ်တောက်မှုစနစ်သည် Mascots Group၊ ယင်းကုမ္ပဏီ၏ ဆက်စပ်ကုမ္ပဏီများနှင့် မြန်မာစစ်တပ်တို့အကြား လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းများအနက် နောက်အကျဆုံးလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။ ယခုလုပ်ငန်းကြောင့် ကုမ္ပဏီအနေဖြင့် စစ်အုပ်စု ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါ ပတ်သက်သွားခဲ့ပြီး၊ ယင်းသည် ဖက်ဒရယ် ဒီမိုကရေစီအတွက် မြန်မာလူထုတို့၏ ရုန်းကန် လှုပ်ရှားမှုကို ထိခိုက်ပျက်စီးစေသည်။

ဒေါက်တာဝင်းကျော်၊ ၎င်း၏ မိန်းမဖြစ်သူ ခင်ကေခိုင်နှင့် ၎င်းတို့၏ ရင်းနှီးသော လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် မောင်မောင်ဦးနှင့် ဒေါက်တာထင်လင်းတို့သည် မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အနည်းဆုံး ကုမ္ပဏီပေါင်း ၃၀ ခန့်ဖြင့် ဖြန့်ကျက်ထားသော စီးပွားရေးကွန်ရက် တစ်ခုကို ပိုင်ဆိုင်ထားသည်။ မြန်မာစစ်အုပ်စုအတွက် လက်နက်နှင့်ကိရိယာများကို ကြားခံဝယ်ယူ ပေးသည့် King Royal Technologies ကွန်ရက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဖော်ထုတ်သတ်မှတ်ထားသည့် ကုမ္ပဏီ ၁၈ ခုသည် အထက်ပါ စီးပွားရေးကွန်ရက်တွင် ထပ်မံပါဝင်နေသည်။

Mascots ကုမ္ပဏီအုပ်စုသည် ဝင်းကျော် က ဦးစီးဦးဆောင်ပြုနေသော ကုမ္ပဏီ ၅ ခုနှင့် စုဖွဲ့ထားသည့် ကွန်ရက်တစ်ခုဖြစ်သည်။

ဝင်းကျော်နှင့် ၎င်း၏ မိန်းမဖြစ်သူ ခင်ကေခိုင် ပိုင်ဆိုင်သည့် Mascots Technologies Company Limited သည် မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူရေးညွှန်ကြားရေးမှူးရုံးတွင် ပစ္စည်းပေးသွင်းရောင်းချ သူအဖြစ် မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ပြီး၊ စစ်တပ်၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ကုမ္ပဏီမှတ်ပုံတင်ကို သက်တမ်းတိုးထားသည်။

၂၀၂၁ ခုနှစ်မှစတင်သော Mascots Technologies ကုမ္ပဏီဝဘ်ဆိုဒ် အာခိုက်မှတ်တမ်းများတွင် အီလက်ထရောနစ်နှင့်ဆက်သွယ်ရေး ဆိုင်ရာပစ္စည်းများနှင့်ဝန်ဆောင်မှုများ ပေးအပ်ကြောင်း၊ ယင်းတို့တွင် “မြေပြင်စစ်သည်များအတွက် ရှေ့တန်းနေရာရှိ မော်တော်ယာဉ်တစ်ချင်းစီကို ခြေရာခံဆက်သွယ်နိုင်သည့် ဂြိုလ်တုခြေရာခံစနစ်များ ပါရှိသည့် စစ်ဘက်ဆက်သွယ်ရေး ပစ္စည်းများ၊ ရေဒါနည်းပညာ၊ ကြားဖြတ်ဖမ်းယူရေးနှင့် စောင့်ကြည့်ရေးစနစ်များနှင့် ဂြိုလ်တုဆက်သွယ်ရေးများ ပါဝင်ကြောင်း ဖော်ပြထားသည်။

Mascots Technologies သည် Mascots အုပ်စုဝင် ကုမ္ပဏီတစ်ခုဖြစ်ပြီး CEIEC ထံမှ တည်နေရာခြေရာခံနည်းပညာ ဝယ်ယူရာတွင်လည်း ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့သည်။ Mascots Technologies နှင့် ဆက်စပ်ကုမ္ပဏီများသည် ၂၀၁၇ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအကြား စစ်တပ်ထိန်းချုပ်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့နှင့် အကျဉ်းဦးစီးဌာနတို့ထံမှ တင်ဒါများစွာ ကိုလည်း ရရှိခဲ့သည်။ သို့ရာတွင် Justice For Myanmar အနေဖြင့် ပေးသွင်းရောင်းချသည့် ပစ္စည်းများ၏ အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ခဲ့ခြင်း မရှိပေ။

၂၀၂၄ ခုနှစ်တွင် Mascots Group သည် ထိုင်းနိုင်ငံတွင် Mascots Technologies Company Limited အမည်ဖြင့် ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့ပြီး၊ ဝင်းကျော်သည် ယင်းကုမ္ပဏီ၏ တစ်ဦးတည်းသော ဒါရိုက်တာဖြစ်သည်။ ထိုင်းကုမ္ပဏီတစ်ခု တည်ထောင်ထားခြင်းဖြင့် Mascots ကုမ္ပဏီအနေနှင့် စစ်အုပ်စုအတွက် နိုင်ငံတကာငွေကြေးစနစ်ကို သုံးစွဲနိုင်ရန်နှင့် ပစ္စည်းကိရိယာများ နှင့် နည်းပညာများ ဝယ်ယူနိုင်ရန် တို့အတွက် ထိုင်းနိုင်ငံကို အသုံးပြုနိုင်သည့် အန္တရာယ်ကို ဖြစ်ပေါ်စေသည်။

စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံမှ သိပ္ပံနှင့် ဆက်သွယ်ရေးဆိုင်ရာပစ္စည်း များ ဝယ်ယူရာတွင်လည်း Mascots Technologies နှင့် Mascots Didactic & Analytical Company Limited တို့ကိုအသုံးပြုခဲ့ကြောင်း ပို့ကုန်မှတ်တမ်းများအရ သိရပြီး၊ ယင်းပစ္စည်းများကို နောက်ဆုံးလက်ဝယ်အသုံးပြုသူမှာ စစ်အုပ်စုသာ ဖြစ်မည်ဟု ခန့်မှန်းရသည်။

Mascots Technologies & Telecommunication Company Limited သည် အင်တာနက်စောင့် ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုအတွက် ဆောင်ရွက်ပေးရန် တာဝန်ရှိသူ ဟုဆိုနိုင်သည့် Mascots Group ၏ နောက်ထပ်မြန်မာကုမ္ပဏီတစ်ခု ဖြစ်သည်။ ကုမ္ပဏီသည် ကွန်ရက်ထောက်ပံ့ပစ္စည်းများ ဝန်ဆောင်မှုဆိုင်ရာ ဆက်သွယ်ရေးလိုင်စင်တစ်ခုကို လက်ရှိကိုင်ဆောင်ထားသည်။

Mascots Technologies, Mascots Technologies and Telecommunication နှင့် Mascots Didactic & Analytical တို့ကို လက်နက်ပွဲစားကွန်ရက်၏ အစိတ်အပိုင်းများအဖြစ် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က အစီရင်ခံစာတွင် အမည်ထုတ်ဖော် စာရင်းသွင်းခဲ့သည်။

Mascots Group သည် Facebook ကဲ့သို့သော ဆိုရှယ်မီဒီယာများကို ပိတ်ပင်ရေး စစ်အုပ်စု၏ ကြိုးပမ်းအားထုတ်မှုများတွင် အင်တိုက်အားတိုက်ကူညီပေးနေသလို၊ တစ်ဖက်တွင်လည်း စစ်အုပ်စု၏ အပြည်အဝ ကြီးကြပ်ထိန်းချူပ်မှုအောက်ရှိ ဆိုရှယ်မီဒီယာကွန်ရက်တစ်ခုဖြစ်သော MySpace Myanmar ကို ရေးသားဖြန့်ချီခြင်းဖြင့် အကျိုးအမြတ်များစွာရရှိအောင် ကြိုးပမ်းနေပြန်သည်။ Mascots Group သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် My Space CNS Company Limited ကို မြန်မာနိုင်ငံ၌ တည်ထောင်ခဲ့ပြီး၊ သိပ်မကြာခင်တွင်ပင် ဝဘ်ဆိုဒ်နှင့် မိုဘိုင်းအက်ပလီးကေးရှင်းများနှင်အတူ ၎င်း၏ ဆိုရှယ်မီဒီယာအဖြစ် ထုတ်လုပ်ဖြန့်ချီခဲ့ခြင်း ဖြစ်သည်။ MySpace သည် သုံးစွဲသူ ၂၀,၀၀၀ ကျော်ရှိကြောင်း ပြောဆိုထားသော်လည်း စစ်အုပ်စု၏ အင်တာနက်ထိန်းချုပ်ရန် ကြိုးပမ်းမှု၏ အစိတ်အပိုင်းဖြစ်နေသည့်အတွက် အွန်လိုင်း တိုက်ခိုက်ခြင်းများကို အကြီးအကျယ်ခံရသည်။ မြန်မာအင်တာနက်သုံးစွဲသူများက Google Play Store ပေါ်ရှိ MySpace အက်ပလီကေးရှင်းကို တိုင်ကြားရန် ကမ်ပိန်းတစ်ခု လုပ်ဆောင်ခဲ့အပြီး မကြာမီ အဆိုပါအက်ပလီကေးရှင်း ဖယ်ရှားခံခဲ့ရသည်။

National Energy Group of Companies (NEGC) သည် မြန်မာနှင့် စင်ကာပူနိုင်ငံများရှိ ကုမ္ပဏီများနှင့်အတူ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုကဏ္ဍတွင် လုပ်ကိုင်လျက်ရှိသည်။ ယင်းကုမ္ပဏီကို ယခင်စစ်အုပ်စုလက်ထက် ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ယင်းကုမ္ပဏီအုပ်စုသည် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို ကုမ္ပဏီ၏ အဓိက ရေနံနှင့်သဘာဝဓာတ်ငွေ့ ဖောက်သည်အဖြစ် ဖော်ပြထားသည်။ NEGC သည် တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း ရရှိခဲ့သည်။ NEGC ကို ဝင်းကျော်က ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး၊ မောင်မောင်ဦးသည် NEGC ကုမ္ပဏီများ၏ ဒါရိုက်တာတစ်ဦးအဖြစ် ထမ်းဆောင်သည်။

NEGC ၏ စင်ကာပူကုမ္ပဏီ NEGC Pte. Ltd. နှင့် ဆက်စပ်ကုမ္ပဏီ PKE Singapore Pte. Ltd. တို့သည် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ဖိုးရှိ စက်ပစ္စည်းကိရိယာများ တင်ပို့ခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ အစီရင်ခံစာတွင် ဖော်ထုတ်ခံခဲ့ရသည်။ ၂၀၂၃ ခုနှစ်တွင် NEGC Pte. Ltd. နှင့် PKE Singapore Pte. Ltd. ကုမ္ပဏီနှစ်ခုလုံး၏ စင်ကာပူနိုင်ငံ မှတ်ပုံတင်ကို ဖျက်သိမ်းခဲ့သည်။

ဝင်းကျော်၊ မောင်မောင်ဦးနှင့် ထင်လင်းတို့သည် MOI Offshore Pte. Ltd. ဟုဆိုသည့် စင်ကာပူနိုင်ငံ၌ လက်ရှိမှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်သလို၊ ခင်ကေခိုင်သည်လည်း စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ထင်လင်းနှင့်အတူ စီမံခန့်ခွဲမှုအကြံပေးကုမ္ပဏီတစ်ခုဖြစ်သည့် Super Knight Pte. Ltd. ကို စင်ကာပူနိုင်ငံ၌ တည်ထောင်ခဲ့သည်။ ၎င်းတို့အနေဖြင့် စစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် နိုင်ရန်အတွက် စင်ကာပူမြို့ပြနိုင်ငံကို ဆက်လက်အသုံးချနေနိုင်ဆဲဖြစ်သည်။

မောင်မောင်ဦးသည် မြန်မာစစ်အုပ်စု စစ်လက်နက်ပွဲစား ကုမ္ပဏီတစ်ခုဖြစ်သည့် Interstellar Limited ၏ ပိုင်ရှင်ဖြစ်သည်။ ယင်းကုမ္ပဏီသည် ယူကရိန်းကုမ္ပဏီ Ukroboronprom ၏ အရောင်းကိုယ်စားလှယ်ကုမ္ပဏီဖြစ်ပြီး၊ မြန်မာ့လေတပ်ထံ Mi-2, Mi-17 နှင့် MiG-29 လေယာဉ်စက်ပစ္စည်းအစိတ်အပိုင်းများကို ရောင်းချပေးပို့ခဲ့သည်။ Interstellar ကုမ္ပဏီ၏ လက်နက်ပွဲစားလုပ်ဆောင်ခဲ့မှုများကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် Justice For Myanmar က ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့သည်။

မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများတွင် ဝင်းကျော်၊ ၎င်း၏ ကုမ္ပဏီများနှင့် မိတ်ဖက်များ၏ ကြံရာပါပတ်သက်မှုများ ထင်ရှားစွာရှိနေသော်လည်း ဆက်စပ်ကုမ္ပဏီ King Royal Technologies ကုမ္ပဏီမှလွဲ၍ ၎င်းတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားခြင်း မရှိသေးပေ။ King Royal Technologies ကုမ္ပဏီကို အမေရိကန်ပြည်ထောင်စု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စက်မှုနှင့် သိပ္ပံဗျူရိုက ၂၀၂၁ ခုနှစ် ဒဏ်ခတ်ပိတ်ဆို့မှုအဖွဲ့အစည်းစာရင်းတွင် ထည့်သွင်းခဲ့သည်။ King Royal Technologies နှင့် မြန်မာစစ်အုပ်စုတို့၏ ပူးပေါင်း လုပ်ဆောင်ခဲ့သော စီးပွားရေးလုပ်ငန်းကို Justice For Myanmar က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး ဖော်ထုတ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ Mascots အုပ်စုနှင့် ကုမ္ပဏီများကို ထိုင်းနိုင်ငံနှင့် စင်ကာပူတို့တွင် လုပ်ကိုင်ခွင့်ပြုထားခြင်းဖြင့် ဒေသတွင်း အစိုးရများသည် မြန်မာစစ်အုပ်စု၏ ဒစ်ဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းအားထုတ်မှု များကို အားပေးမြှင့်တင်ပေးနေပြီး၊ ဒေသတွင်း လုံခြုံရေးယိုယွင်းလာမှုများကိုလည်း ပါဝင် ထောက်ပံ့ပေးနေသည်။ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏နယ်မြေတွင် ဆက်လက် လည်ပတ်နေသော Mascots အဖွဲ့၊ ၎င်း၏အဖွဲ့ဝင်များနှင့် အပေါင်းအပါများအပေါ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်သင့်သည်။

စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုသည် သုံးနှစ်ကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တရုတ်ကုမ္ပဏီများနှင့် မြန်မာခရိုနီများ၏ ပံ့ပိုးမှုဖြင့် စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်ကို တည်ဆောက်ရာတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့သည်။ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်မှုများတွင် နိုင်ငံတကာ ကြံရာပါပတ်သက်မှုနှင့် ၎င်းအပေါ် အရေးယူရန်ပျက်ကွက်မှုများသည် မြန်မာလူထု၏ ပုဂ္ဂလိကအခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရယူပိုင်ခွင့်တို့အပေါ် ပြင်းထန်သည့် ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။

အစိုးရများအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ဆက်ဆံနေသည့် လမ်းကြောင်းကို ပြောင်းလဲကျင့်သုံးရန်၊ တရားမဝင်စစ်အုပ်စုအား လက်နက်၊ စက်ကိရိယာများ၊ နည်းပညာများ၊ နည်းပညာပံ့ပိုးမှုများနှင့် လေယာဉ်လောင်စာများ ထောက်ပံ့နေသော ၎င်းတို့ပိုင်နက်အတွင်းမှ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား တားမြစ်အရေးယူခြင်းများနှင့်အတူ မြန်မာပြည်သူများ၏ ရဲရင့်သော ဖက်ဒရယ်ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှုများကို အထောက်အပံ့ဖြစ်စေသည့် တိကျပြတ်သားသော အရေးယူဆောင်ရွက်မှုများကို လုပ်ဆောင်ကြရန် Justice For Myanmar က တောင်းဆိုသည်။

✅ “ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်ရေးလုပ်ငန်းများရှိ မြန်မာစစ်အုပ်စု၏ မိတ်ဖက်များ” စုံစမ်းသုတေသနအပြည့်အစုံကို 👉🏽 https://bit.ly/3z9WBZT

အမှားပြင်ဆင်ချက်- ဒေါက်တာထင်လင်းပုံအား ပြန်လည်ပြင်ဆင်ထားပါသည်။

Say No to Junta's Business
31/07/2024

Say No to Junta's Business

06/07/2024

အမ်းမြို့/လားရှိုးမြို့/မြဝတီမြို့သိမ်းနိုင်ရင် အာဆီယံလေသံ ပြောင်းလာနိုင်ပြီ နိုင်ငံတကာ သံတမန် ဆက်ဆံ​ရေးနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေပြောင်းလာနိုင်တယ်။

06/07/2024

ကုန်ဈေးနှုန်းဆိုတာ
သေနတ်နဲ့ဖေါက်ပြီ ချလို့ရတဲ့ကိစ္စရပ်မဟုတ်ဘူး

25/06/2024

အဂတိဆိုသည်မှာ လာဘ်စားခြင်း၊ ငွေယူမှမဟုတ်ပါဘူး… ကိုယ်နဲ့အဆင်ပြေသူ၊ ကိုယ်ကြိုက်နှစ်သက်သူကို Favor ပေးခြင်း၊ ထောက်ခံလိုက်တာဟာလည် လာဘ်စားတာပါပဲ “ဆန္ဒအဂတိ”

ထိုင်းထုတ် လက်နက်တွေ ပြည်ပသို့ ရောင်းချရေး တိုင်ပင်မဲခေါင်၊ ဇွန် ၈ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအဆင့်မြှင့်တင်ဖို့...
08/06/2024

ထိုင်းထုတ် လက်နက်တွေ ပြည်ပသို့ ရောင်းချရေး တိုင်ပင်
မဲခေါင်၊ ဇွန် ၈
ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအဆင့်မြှင့်တင်ဖို့နဲ့ နိုင်ငံစီးပွား တိုးတက်ဖို့ရည်ရွယ်ပြီး ထိုင်းနိုင်ငံထုတ် လက်နက် တွေကို ပြည်ပ တင်ပို့ရောင်းချနိုင်ရေး ထိုင်းကာကွယ်ရေးဝန်ကြီးဌာနအကြီးအကဲတွေ ဇွန် ၇ ရက်နေ့မှာ အစည်း အဝေးတစ်ရပ်ကျင်းပခဲ့ပါတယ်။
မကြာသေးခင်က ကာကွယ်ရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် ဆွမ်ဆက်ခ်ရန်ဆီတာ၊ ကာကွယ်ရေးဝန်ကြီး အကြံပေး ဆုတင်ကလန်ဆန်း၊ ကာကွယ်ရေးဒုဝန်ကြီး ဂျမ်နောင်းချိုင်မွန်ကိုနဲ့ တပ်မတော်အရာရှိကြီးတွေ တက်ရောက်တဲ့ ဒီအစည်းအဝေးကနေ နိုင်ငံအမျိုးသားလုံးခြုံရေးကောင်စီကို တင်ပြပြီး လွှတ်တော်မှာ ဥပဒေ မူကြမ်း ၄ ရပ် တင်သွင်းနိုင်ဖို့ တိုက်တွန်းအကြံပြုတဲ့ အစည်းအဝေးဖြစ်ကြောင်း ရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ အရင်တည်ဆဲဥပဒေတွေဖြစ်တဲ့ ပုဂ္ဂလိက လက်နက် ထုတ်လုပ်ရေးစက်ရုံ အက်ဥပဒေ BE 2550 ၊ လက်နက်ထိန်းချုပ်ရေး အက်ဥပဒေ BE 2530၊ လက်နက်ပြည်ပတင်ပို့မှု ထိန်းချုပ်နေရေးနဲ့ စစ်ဘက်ဆိုင် ရာ လက်နက်အသုံးအဆောင်တွေကို နိုင်ငံပြင်ပြ မပို့ရေး BE 2495 ၊ ကာကွယ်ရေးနည်းပညာအင်စတီကျု အက်ဥပဒေ BE 2562 ပုဒ်မတွေဟာ လက်နက် ထုတ်လုပ် ပြည်ပတင်ပို့ရောင်းချခွင့်အတွက် အတားအဆီး ဖြစ်နေတာကြောင့် ဒီဥပဒေတွေကို လွှတ်တော်ကနေ ပြင်ဆင်ရေးဆွဲသတ်မှတ်ဖို့ တင်ပြတောင်းဆိုရမှာဖြစ် ကြောင်း ကာကွယ်ရေး ဒုဝန်ကြီးက တင်ပြဆွေးနွေးသွားပါတယ်။
ဒုဝန်ကြီးဂျမ်နောင်းချိုင်မွန်က လက်နက်ပြည်ပတင်သွင်းရောင်းချရေးမှာ ပုဂ္ဂလိက စွန့်ဦးတီထွင် လုပ်ငန်းတွေ၊ ကာကွယ်ရေးနည်းပညာအင်စတီကျုတွေနဲ့ မဟာမိတ်အဖြစ် ပူးပေါင်းပြီး နိုင်ငံတော် မူဝါဒတွေနဲ့ လက်တွေ့ကျ တဲ့ဥပဒေတွေ အသက်ဝင်လာဖို့ လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။
Ref: bangkokpost
MKF-001

#ထိုင်း
#လက်နက်
#ပြည်ပ
#တင်ပို့

၂၀၂၀ အမက်ဆိုတာ ခွေးအမြှီးဖြတ်ပြီ ဝင်ပြိုင်တောင် အမက်ဖြစ်တယ်။စစ်ကိုင်းတိုင်းမှာ အဖွဲ့တွေကွဲပြားနေတာကို နိုင်ငံရေးသဘောထားက...
30/05/2024

၂၀၂၀ အမက်ဆိုတာ ခွေးအမြှီးဖြတ်ပြီ ဝင်ပြိုင်တောင်
အမက်ဖြစ်တယ်။
စစ်ကိုင်းတိုင်းမှာ အဖွဲ့တွေကွဲပြားနေတာကို နိုင်ငံရေးသဘောထားကြီး ညီညွီတ်မှုဖြင့် တော်လှန်ရေးကို ဘယ်လိုရှေ့ဆက်မလဲ မကြိုးပမ်းပဲ ပွဲမပြီသေးဘူး ဖျာကဝင်ခင်နေပြီ
စောက်ရှက်မရှိ အမက်များကို ရွံမိတယ်။

29/05/2024

"အားလုံးကို ကျော်ဖြတ်ရမယ်" တေးရေး - ကိုနေဝင်း Performance - Music Wings, နိုင်ငံရေး အကျဉ်းသား ဟောင်းများ။

"လူဟာ ရောက်တဲ့နေရာထက် ကျင့်နေတဲ့ တရားကသာလျှင် အရေးကြီးတယ်"ကျနော်တို့ ဘက်ကတော့ ရွက်လှေ‌က အရေးကြုံလျှင် တိုက်လှေအဖြစ် ပြော...
03/05/2024

"လူဟာ ရောက်တဲ့နေရာထက် ကျင့်နေတဲ့ တရားကသာလျှင် အရေးကြီးတယ်"
ကျနော်တို့ ဘက်ကတော့ ရွက်လှေ‌က အရေးကြုံလျှင် တိုက်လှေအဖြစ် ပြောင်းပြီးတော့ တိုက်ကြနေပြီပဲ။
ရွက်ကုန်ဖွင့် တက်ကုန်ဖွင့်ကြတော့ပေါ့။
လူရှိသ၍ ပြဿနာတွေကတော့ ရှိနေဦးမှာပဲ။ အဲတော့ လွတ်မြောက်ရေးအထိတော့ အတူတူ ရုန်းကြတောပေါ့။ပြီးတော့မှ ဒဏ်ရာကိုယ်စီကို တက်တူးလို ထိုးပြီးတော့ အိမ်အတူပြန်ကြမယ်။
လူတွေကတော့ ကြံဖန်ပြီးတော့ ပြောမှာပေါ့ ထားပါ။
ကျနော်တို့က တစ်ခါတစ်ရံကြလို့ရှိရင် လိုင်းပေါ်ကို
မတက်ရတဲ့ အလုပ်တွေပေါ့၊ အဲဒီအလုပ်တွေလုပ်ရင်း နစ်နေကြတာ အများကြီးပဲ။
ကျနော်တို့အားလုံးချစ်တဲ့ ရေမြေတောတောင်တွေရှိတဲ့ အရပ်မှာ နေကြတယ် အလုပ်လုပ်နေကြတယ် ဒါပါဘဲ။ တကယ်တမ်း ကြတော့ စဥ်းစားကြည့် လူဟာ ရောက်တဲ့နေရာထက် ကျင့်နေတဲ့ တရားကသာလျှင် အရေးကြီးတယ်။
ကျနော်တို့ အရင်တုန်းက ပြောခဲ့ကြတယ် လူတစ်ယောက်ကို စင်ပေါ်ရောက်သွားပြီတို့ မြောင်းထဲရောက်သွားပြီလို့။ စင်ပေါ်ရောက်ပြီး စင်ပေါ်ကနေပြီးတော့ မတရားလုပ်နေမယ်ဆိုရင် အဆင်မပြေဘူးလေ။ မြောင်းထဲရောက်နေပြီးတော့ အများအတွက် သန့်ရှင်းရေးလုပ်နေရင် အဆင်ပြေတယ်လေ။ ကျနော်သိသမျှ နိုင်ငံတကာရောက်ပြီးတော့ အလုပ်လုပ် နေကြတဲ့ လူတွေလည်း အကုန်လုံး ဇိမ်ခံနေတာ မဟုတ်ပါဘူး တကယ်တမ်းကြတော့။
ကျနော်တို့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်နေရာရောက်နေတယ်ဆိုတာ အရေးမကြီးဘူးလို့ နားလည်တယ်။ အဲတော့ နိုင်ငံတကာ ရောက်နေတဲ့ လူတွေကို နားလည်တယ်။ သံတမန်တွေရဲ့ မျက်လုံးပေါင်း တစ်သိန်းအောက်မှာ သူတို့် အလုပ်လုပ်နေကြတာ။
ကျနော်တို့ ပြည်သူတွေဘက်ကတော့ အလွှာပေါင်းစုံ ပညာရှင်ပေါင်းစုံပါတဲ့ Generation ပေါင်းစုံက တကယ်ပေါင်းပြီး တိုက်နေတာ။ နောက်တစ်ခု ကျနော်တို့ အနေအထားက သူတို့က အခုအားလုံးတွေ့လိမ့်မယ် ဒီတော်လှန်ရေးဘက်က ဘာတွေကို လုပ်နိုင်လာတာလဲဆိုတာ အဓိကပေါ့နော်။ ဘဏ္ဍာရေး၊ စစ်မျက်နှာ၊ သူတို့ရဲ့
ဒီ ဝင်ငွေရတဲ့ သွေးကြောတွေကို လိုက်ဖြတ်တောက်နိုင်တာ၊ ဒါ သပိတ်သမားတွေကော အာလုံးပါတယ်နော်။
ပြီးတော့ သံတမန်ရေး စစ်မျက်နှာ။
အခုဆိုလို့ရှိရင် NUG အစိုးရနဲ့တကွ တော်လှန်ရေးခေါင်းဆောင်တွေ အထူးသဖြင့် တိုင်းရင်းသားပေါ့၊ အဲဒီ ညီညွတ်မှုကို ဖော်ပြီးတော့ တွေ့ဆုံကြ ညှိကြ နောက်ဆုံးဗျာ အခြေအနေအရ ပြောကြမယ်ဆိုလို့ရှိရင် အရင်တုန်းက မနိုင်နိုင်ဘူးလို့ ထင်ခဲ့သမျှ အခုတော့ မင်းတို့ နိုင်မှာကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် အဲဒါပြီးရင် ဒီ ဖက်ဆစ်တပ် ဒီ စစ်အာဏာရှင် မရှိတော့ရင် ဘာတွေဆက်ဖြစ်မှာလဲ အဆင့်ကိုရောက်သွားပါပြီ။ နိုင်ငံတကာရဲ့ ဆွေးနွေးမှုတွေထဲမှာနော်။ ဒါဆိုလို့ရှိရင် ပန်းဝင်တော့မယ်ပေ့ါဗျာ။
ပိုသတိထားရမယ့်အချိန်မှာ ပိုပြီးတော့ ပင်ပန်းမယ်၊ ပိုပြီးတော့ အရေးအကြီးဆုံးအချိန် ဖြစ်တဲ့အတွက်ကြောင့်
ကျနော်တို့ ဘက်က စိတ်ဝမ်းမကွဲဖို့ အမြဲတမ်းပြောတဲ့ အာရုံလွှဲမခံဖို့၊ အချိန်ဆွဲမခံဖို့ ဒါတော့ အရေးကြီးနေပါပြီ။
အသက်အန္တရာယ်ကို ဘာမထီိစိတ်နဲ့ သေမင်းကို
ပြောင်ပြပြီးတော့ တိုက်လာကြတာ။
တောထဲရောက်တိုင်း ဘဝပျက်တာ မဟုတ်ဘူး၊ မိမိရဲ့ သင်ယူလေ့လာ ဆည်းပူးလိုမှုနဲ့ အလုပ်တွဲလုပ်နိုင်မှုတွေ အပေါ်မှာ လူငယ်တွေဟာ လမ်းလည်း မပျောက်ဘူး၊ဘဝလည်း မခက်ဘူး၊ အနာဂါတ်လည်း မပျောက်ဘူး။ သေချာတာကတော့ သူတို့ ဟာ သက်ဆုံးထိ အဆုံးအထိသွားမယ့် လူစားတွေ။ အခြေအနေမကောင်းလို့ လှည့်ပြန်မယ်မဟုတ်ဘူး၊ အမှန်တရား အတွက် တိုက်ပွဲဝင်နေတာ၊ အဆုံးအထိသွားမှာ။
#မင်းကိုနိုင်
{ ဦးခင်မောင်စိုး မေးမြန်းထားသော တော်လှန်ရေးသမားများနဲ့ စကားပြောခြင်း အပိုင်း (၁)မှ ထုတ်နှုတ်ဖော်ပြသည်။ }
မောင်သိန်း (ဒဿနိက)
၂.၅.၂၀၂၄

လူငယ်တွေရဲ့အသက်ဟာ အပိုပါလို့ ...                            ညှိနှိုင်းပြီ ရင်းပေးနေတာမဟုတ်ဘူး ...တိုင်ပြည်အရေးကြုံချိန်မ...
19/04/2024

လူငယ်တွေရဲ့အသက်ဟာ အပိုပါလို့ ...
ညှိနှိုင်းပြီ ရင်းပေးနေတာမဟုတ်ဘူး ...

တိုင်ပြည်အရေးကြုံချိန်မှာ အသက်ကမပြည့် တပြည့်စာသင်ခန်းထဲကထွက်-။
ကျောင်းဝတ်စုံအိမ်ထားတော်လှန်ရေးယူနီဖောင်နဲ့တောနင်းခဲ့ပြီ
မောင်းပြန်ကို မောင်းပြန်နဲ့တိုက်ခဲ့တယ်သားငယ်-။

13/02/2024

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်
တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ထမ်းလိုကြသော
လူငယ်/လူလတ်/ကျား/မ တော်တော်များများဆက်သွယ်လာကြတာတွေအများကြီးရှိလို့ ပြန်မဖြေနိုင်အောင်ပါပဲ။

သဒ္ဒါစိတ်ကြောင့်ပဲလာလာ
ဘေးဘရာကြောင့်ပဲလာလာ
ကျနော်တို့တွေ အတူတူ အပြန်အလှန်စောင့်ရှောက်ရင်း
အတူတူချီတက်ကြမယ်။

ကျနော်တို့တော်လှန်ရေးညီအစ်ကိုတွေ အတူတူချီတက်နေပါတယ်။
👇👇👇👇👇👇👇👇
ခင်ဗျားတို့ထပ်ရောက်လာမယ်ဆိုတော့ ဝမ်းသာတာပေါ့။
ကြိုဆိုပါတယ်ဗျာ။

စစ်မှန်သောတော်လှန်ရေးရဲဘော်အဖြစ် တာဝန်ထမ်းပြီး နိုင်ငံအသစ်ဖြစ်ထွန်းရေးတွင် ပါဝင်ချင်သူတွေအတွက် စစ်သားသစ်များလက်ခံပေးနေပါပြီ။
အောက်ပါစစ်ကြောင်း၊တပ်ရင်းများတွင်ဆက်သွယ်
နိုင်ပါပြီ။

-ပဲခူးခရိုင်၊အမှတ်၂တပ်ရင်း(P2-3702)
-https://www.facebook.com/profile.php?id=61552261812842&mibextid=2JQ9oc

-တောကျီးကန်းစစ်ကြောင်း
-https://www.facebook.com/SevenRavensColumn?mibextid=2JQ9oc

-Royal peacock column
(တော်ဝင်ဒေါင်း-P29913)
https://www.facebook.com/royalpeacockcolumn

-Spring warriors column(ရိုးမဗျူဟာ)
-https://www.facebook.com/springwarriorscolumn

-အာဠာဝကစစ်ကြောင်း(တပ်ရင်း-၃)
-https://www.facebook.com/springwarriorscolumn

-TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့
https://www.facebook.com/tbkwegf/posts/373953068711617

-Bamar People's Liberation Army - BPLA

https://www.facebook.com/BamarPeoplesLiberation/posts/374303568652851

-ရန်ကုန်တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်
https://docs.google.com/forms/d/e/1FAIpQLScreS5-RapsjBYIfVPNdue_czQpa6eEVuhLt1rexHexoK_4PQ/viewform?fbclid=IwAR364rpTo4p6O5owmDPof8R6F_vez1ZsLxCnJ5yDkX65w0DbJWBm717uwdA

-Homalin People's Defense Force - HPDF 124

https://www.facebook.com/permalink.php?story_fbid=364753972994745&id=100083804347356

-ပြည်သူ့ဒီမိုခရက်တစ်တပ်မတော်(PDO/PDA)
-https://www.facebook.com/PDOmyanmar?mibextid=2JQ9oc

-Mandalay PDF

https://www.facebook.com/permalink.php?story_fbid=360049413491792&id=100084602090156&locale=ms_MY

-လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway )
https://www.facebook.com/100075665358623/posts/410611941470981/
Telegram -

-ရှမ်းတောင် ၁၀၀၅တပ်ရင်း
https://www.facebook.com/PDF1005?mibextid=2JQ9oc

-ရှမ်းတောင် ၁၀၀၈ တပ်ရင်း
https://www.facebook.com/profile.php?id=100083288321728&mibextid=2JQ9oc

-KNDF BO7
https://m.facebook.com/story.php?story_fbid=3620663934838257&id=100006840580143&mibextid=2JQ9oc

-ရွှေဘိုခရိုင်တပ်ရင်း-၁၄ YeU PDF
https://www.facebook.com/mod.pdfbattalion14yeu?mibextid=2JQ9oc

-မြိတ်ခရိုင်တပ်ရင်း(၂)
https://www.facebook.com/100094722176106/posts/243993032101434/?app=fbl

-Cobra Column 2 Venom
https://m.facebook.com/story.php?story_fbid=352055581126026&id=100089647594834&mibextid=2JQ9oc

-ကျားဖြူစစ်ကြောင်း Justice Soldier PDF
https://www.facebook.com/profile.php?id=61555310281701&mibextid=2JQ9oc

-DOVE KK Medical Team ကရင်နီရှေ့တန်းဆေးအဖွဲ့
https://www.facebook.com/DoveKK.MedicalCrew?mibextid=2JQ9oc

-MDF : Myanmar Defence Force (ရွှေဘိုခရိုင်တပ်ရင်း ၂၆)
https://www.facebook.com/profile.php?id=100081313510471&mibextid=2JQ9oc

-MDF : Myanmar Defence Force (သာယာဝတီခရိုင် တပ်ရင်း (၃)၊ ပဲခူး)
https://www.facebook.com/mdfshwebo?mibextid=2JQ9oc

-နွေဦးကျန်းမာဆေးရုံ (ကရင်နီဒေသ) ၊ CDM ကျန်းမာရေးအင်အားစု
https://m.facebook.com/story.php?story_fbid=842419774357479&id=100057683910854&mibextid=I6gGtw

-KNDF (ကရင်နီကာကွယ်ရေးတပ််)

+959 264372509(signal number)
+959 41007764. (signal number)
+959 774772757. (signal number)
+959 776810396. (signal number)

၃၇၀၂၊ ပဲခူးခရိုင်အမှတ်(၂)တပ်ရင်း
တပ်ခွဲ ၁၊၂ ၏ တရားဝင်page ဖြစ်ပါသည်။

ที่อยู่

82/225 Soi Cementhai, Lat Yao District, Chatuchak District
Bangkok
10900

เบอร์โทรศัพท์

+66628193703

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ National Defense Intelligence Agency-NDIAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง National Defense Intelligence Agency-NDIA:

วิดีโอทั้งหมด

แชร์