ဘန်ကောက် ခရီးသွားဝန်ဆောင်မှု- မဥမ္မာ

ဘန်ကောက် ခရီးသွားဝန်ဆောင်မှု- မဥမ္မာ 💁 Bangkokohnmar 📞0630313555 📞0926662114 📞09952020555 👉
နေ့စဉ်ပိတ်ရက်မရှိဝန်ဆောင်မှုပေးနေပါပြီးရှင်🙏
(254)

ဘန်ကောက်ဥမ္မာကို အမြဲလိုလိုအားပေးနေကြသော ချစ်မိတ်ဆွေအားလုံးကို ကျေးဇူးအရမ်း
တင်ရှိပါတယ်ရှင် ဘန်ကောက်နှင့်ပတ်သပ်သော
အရာအားလုံးကိုတင်ဆက်ပေးသွားပါ့မယ်ရှင်

ဘန်ကောက်ကကစားကွင်းလို့ပြောလိုက်တာနဲ့ Dream Worldကိုပြေးမြင်မိကြတယ်မလား Dream Worldမရောက်ဖူးရင်ဘန်ကောက်ရောက်ဖူးတယ်ဆိုမရဘူ...
28/01/2025

ဘန်ကောက်ကကစားကွင်းလို့ပြောလိုက်တာနဲ့ Dream Worldကိုပြေးမြင်မိကြတယ်မလား Dream Worldမရောက်ဖူးရင်ဘန်ကောက်ရောက်ဖူးတယ်ဆိုမရဘူးဆိုတဲ့စကားအတိုင်း ဘန်ကောက်ရောက်ရင် သွားလည်သင့်တဲ့ကစားကွင်းတစ်ခုဖြစ်ပါတယ် 🎡🎢🎠

Dream World Plaza,Dream Gardens,Fantasy Land, Adventure Landဆိုပြီး သူ့ဇုန်နဲ့သူခွဲထားပါတယ်
ရှင် ကစားစရာအကြီးကြီးကနေ ပိစိကွေးသေးထိကိုတစ်နေရာထဲမှာစုံလင်စွာ တစ်မုန်းစီးရင်း ပျော်စရာ အချိန်တွေဖန်တီးလို့ရမယ့်နေရာလေးတစ်ခုပေါ့ကွယ်

Tornado, Hurricane, Sky Coaster, Vikings,Raptor, Bump Car, Speedy mouse, စတဲ့ rideတွေကတော့ ကလေးလူကြီး သိပ်ကြိုက်တဲ့rideတွေပေါ့ ဆော့လို့မောရင်နေ့လည်စာဘူဖေးလေးပြေးစား ပြီးရင်ပြန်ဆော့လို့ရမယ့် "Super Visa"ဆိုတဲ့လက်မှတ်ကို ကောင်တာဈေးထင်သက်သာစွာမဥမ္မာဆီမှဝယ်ယူအားပေးလို့ရနေပါပြီ ဒီလက်မှတ်ထဲမှာဘာတွေပါမလဲဆိုတော့ Dream Worldရဲ့အသက်ဖြစ်တဲ့ "Snow Town" နေ့လည်စာ Buffetအပြင် ကစားကွင်းပိတ်တဲ့အချိန်အထိအကြိုက်စီးလို့ရမယ့် Unlimited rideတို့ပါဝင်ပါတယ်ရှင် နေ့လည်စာBuffet မစားချင်ဘူးဆိုတဲ့သူတွေအတွက်လည်း Buffetမပါတဲ့လက်မှတ်ကိုဝယ်ယူနိုင်ပါတယ်

🎫လက်မှတ်ဈေးနှုန်းလေးတွေကတော့ 🎫
Super Visa + Buffet Lunch -1000THB
Super Visa Only - 800THB

လက်မှတ်ကိုမသွားခင်တစ်ရက်ကြိုပြီးဖြတ်ပေးဖို့မှာချင်ပါတယ်နော် ကောင်တာရှေ့ရောက်မှာဝယ်တာ နေ့ချင်းဝယ်တာမျိုးတွေ လုံးဝ(လုံးဝ)မရပါဘူးနော် ❌❌❌

⏰ကစားကွင်းဖွင့်ချိန်က မနက်9:30ကနေ ညနေ5:00အထိဖြစ်ပါတယ်ရှင်⏰

Location - https://maps.app.goo.gl/Tde2PVeE1aNJd6jc7

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

28/01/2025

28-1-2025
ဘတ်ပေါက်စျေး
753฿
Bkkရုံးတွင်ဘတ်ငွေသားလိုသလောက်ထုပ်နိုင်ပါပြီးနော်

ขอบคุณสำหรับ ของขวัญจากซาฟารีวอThanks to safari world .🧧 happy Chinese new year ka Bangkokohnmar Co., Ltd အတွက်အမြဲရှိ...
27/01/2025

ขอบคุณสำหรับ ของขวัญจากซาฟารีวอ

Thanks to safari world .

🧧 happy Chinese new year ka

Bangkokohnmar Co., Ltd အတွက်အမြဲရှိပေးနေလို့ ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🥰

ဘန်ကောက်အနီးတဝိုက်မှာပဲ အပန်းဖြေချင်ကြတဲ့သူတွေအတွက် ဘန်ကောက်ကနေ1နာရီဝန်းကျင်လောက်မောင်းရင်ရောက်တဲ့ Bangsaenက Serene Hous...
27/01/2025

ဘန်ကောက်အနီးတဝိုက်မှာပဲ အပန်းဖြေချင်ကြတဲ့သူတွေအတွက် ဘန်ကောက်ကနေ1နာရီဝန်းကျင်လောက်မောင်းရင်ရောက်တဲ့ Bangsaenက Serene House Caféဆိုင်လေးကို သွားရောက်လည်ပတ်ဖို့အတွက်အကြံပြုချင်ပါတယ်ရှင်☕️🏡

တောင်တန်းလေးတွေနဲ့ ရေကန်ဘေးနားကကော်ဖီဆိုင်လေးတစ်ဆိုင်ဖြစ်ပြီး Cozy Vibeလေးရပါတယ် တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်ကကော်ဖီဆိုင်လေးဖြစ်တာကြောင့် စိတ်အပန်းဖြေဖို့နဲ့ အနားယူချင်တဲ့သူတွေသွားဖို့သင့်တော်ပါတယ် ဘန်ကောက်မှာနေတဲ့သူတွေအတွက်လည်း1နာရီလောက်ကားစီးပြီးသွားလည်လို့ရတာဖြစ်တာကြောင့် ပိတ်ရက်မှာသူငယ်ချင်းတွေစုပြီးသွားလည်မယ်ဆိုရင်လည်းအဆင်ပြေတဲ့ဆိုင်လေးဖြစ်ပါတယ်ရှင် ဒီဆိုင်လေးတော်တော်လှတယ်နော်ငယ်လေးတို့ Bangsaenဘက်ရောက်ရင်ဝင်လည်ခဲ့ကြပါဦး

ဖွင့်ချိန် / ပိတ်ချိန်လေးကတော့
Mon - Fri
9:30AM - 18:30PM

Sat - Sun
9:00AM - 18:30PM

Location - https://maps.app.goo.gl/983WEDsne4N6G68H6

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ

Phaya Thai ဝန်းကျင် ရေကူးကန်ပါ breakfast ပါပြီး တည်းရအဆင်ပြေတဲ့ 4 Star ဟိုတယ်လေးတစ်ခုဖြစ်သော Bangkok MidTown Hotelဒီဟိုတ...
27/01/2025

Phaya Thai ဝန်းကျင် ရေကူးကန်ပါ breakfast ပါပြီး တည်းရအဆင်ပြေတဲ့ 4 Star ဟိုတယ်လေးတစ်ခုဖြစ်သော Bangkok MidTown Hotel

ဒီဟိုတယ်လေးကတော့ Rama IV လမ်းမကြီးနဲ့ soi 27 မှာရှိတဲ့ ဟိုတယ်တစ်ခုဖြစ်ပြီး ကားအဝင်အထွက်အဆင်ပြေတဲ့ ဟိုတယ်တစ်ခုဖြစ်ပါတယ်နော် …

ဟိုတယ်ရဲ့အနီးတဝိုက်မှာတော့ ..
⛲King Rama IX Memorial Park (1.4 km)
🛒Pratunam Night Market (2.3 km)
🛒Central World (2.5 km)
🚉Ratchathewi Station - Sukhumvit Line (1.2 km)
🚉Phaya Thai Station - Airport Link Line (1.6 km) တို့တည်ရှိပြီး

Faciliites & Services အနေဖြင့် Outdoor Swimming Pool, Spa and Wellness Centre, Bar & Restaurant တို့ပါဝင်တဲ့ ပြီးပြည့်စုံတဲ့ဟိုတယ်လေးတစ်ခုလဲ ဖြစ်ပါတယ်နော်. ..

ဟိုတယ်ရဲ့အပြင်အဆင်ကိုတော့ ခမ်းနားထည်ဝါစွာ အလှဆင်ထားပြီး ဟိုတယ်ရဲ့အခန်းအကျယ်အဝန်းအနေဖြင့် 25 sqm ကျယ်ဝန်းတဲ့ City View အခန်းအမျိုးအစားဖြစ်ပါတယ်နော် …

Bangkok Midtown Hotel အခန်းဈေးနှုန်းလေးတွေကတော့ ..
(Breakfast အပါအဝင်)

⭐Standard (No Bathtub) - 1800 THB
⭐Deluxe (With Bathtub) - 1900 THB
⭐Extra Bed - 700 THB

အခန်းဈေးနှုန်းလေးတွေကလဲ ဈေးသက်သက်သာသာပဲမို့ Booking တင်ထားချင်တယ်ဆိုရင်တော့ Page Messenger ကိုလာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် …

⏰ Check in time -14:00 Pm
⏰ Chck out time - 12:00 Pm

☎️ Phone - +66926664844

📌 Location - https://maps.app.goo.gl/HJyao1KQ3KFnsB2Y9

Ohnmar Travel Blog #ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

27/01/2025

27.1.2025
ဘတ်ပေါက်ဈေး- 752
ငွေမလွှဲခင်ဈေးမေး အကောင့်တောင်းပေးပါရှင့်

26/01/2025

ထပ်တိုးဝန်ဆောင်မှုတွေရပြီး

Makkasan ဘူတာအနီးဝန်းကျင် တည်းရအဆင်ပြေပြီး ဟိုတယ်ထဲဝင်လိုက်တာနဲ့ စိတ်ကျေနပ်မှုကိုခံစားရစေမဲ့ ဟိုတယ်လေးတစ်ခုကိုပြပေးပါဆို...
26/01/2025

Makkasan ဘူတာအနီးဝန်းကျင် တည်းရအဆင်ပြေပြီး ဟိုတယ်ထဲဝင်လိုက်တာနဲ့ စိတ်ကျေနပ်မှုကိုခံစားရစေမဲ့ ဟိုတယ်လေးတစ်ခုကိုပြပေးပါဆိုရင်တော့ Loft Bangkok Hotel ကိုညွှန်ပါရစေရှင့် …

ဒီဟိုတယ်လေးကတော့ Ratchaprarop 8 လမ်း Makkasan ဘူတာအနီးတွင်တည်ရှိပြီး ကားအဝင်အထွက်အဆင်ပြေတဲ့ 4 Stars ဟိုတယ်လေးတစ်ခုဖြစ်ပါတယ်နော် ….

ဟိုတယ်လေးရဲ့ အပြင်အဆင်ကိုတော့ အဖြူ၊ မီးခိုးနှင့် အမဲရောင် shape များဖြင့် modern loft style ပုံစံတည်ဆောက်ထားပြီး သန့်ရှင်းမှုနှင့် ဝန်ဆောင်မှုကို ဉီးစားပေးတဲ့ ဟိုတယ်လေးတစ်ခုဖြစ်ပါတယ်နော် …

ဟိုတယ်ရဲ့အနီးဝန်းကျင်မှာတော့ …
🛒Pratunam Night Market (800 m)
🛒Central World (1.2 km)
🛒The Platinum Mall (1 km)
🚉Makkasan Station - Airport City Line (280 m)
🚉Phloen Chit Station - Sukhumvit (1.6 km) တို့တည်ရှိတဲ့အပြင်
တခြားသော ဈေးဝယ်စင်တာများဖြင့် နီးတဲ့ဟိုတယ်လေးတစ်ခုဖြစ်ပါတယ်နော် …

ဟိုတယ်ရဲ့ facilities & services အနေဖြင့် Room Service, Spa and wellness centre, Restaurant, Bar, Elevator နှင့် တခြားသောဝန်ဆောင်မှုများစွာပါဝင်ပြီး အခန်းဈေးနှုန်းလေးတွေအနေဖြင့် Breakfast အပါအဝင် …
⭐Superior Room - 2100 THB
⭐Triple Room - 3300 THB
⭐Deluxe Triple Room - 4300 THB
⭐Extra Person - 1100 THB
ဟိုတယ်လေးရဲ့အားသာချက်အနေကတော့ အခန်းအကျယ်အဝန်းကို 32 sqm မှ 45 sqm ထိအသုံးပြုထားပြီး bed type အနေဖြင့် အခန်းတော်တော်များများကို large double bed & extra large double bed အသုံးပြုထာတယ်ဆိုတော့ မဖြစ်မနေ ရွေးချယ်သင့်တဲ့ ဟိုတယ်လေးတွေထဲက တစ်ခုဖြစ်ပါတယ်နော် …

ဒီလိုပြီးပြည့်စုံတဲ့ဟိုတယ်လေးမှာ အခန်းရဖို့အတွက် ဘိုကင်ကြိုတင်ထားချင်တယ်ဆိုရင်တော့ Page messenger နဲ့ အောက်ပါဖုန်းနံပါတ်လေးကို အမြန်ဆုံးဆက်သွယ်လိုက်ပါရှင့် …

⏰ Check in time -14:00 Pm
⏰ Chck out time - 12:00 Pm

☎️ Phone - +66926664844

📌 Location -https://maps.app.goo.gl/FyeVDaEY4JiabKk98

Ohnmar Travel Blog #ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

26/01/2025

မနက်ဖြန် နဂါးဘုရားနဲ့ခေါင်ရိုင်ခရီးစဉ်လိုက်ပါလိုသူများ စာရင်းလာပေးလို့ရပါသေးတယ်ရှင့်
ခရီးစဉ်အသေးစိတ်linkမန့်တွင်ကြည့်ပါ

ဘန်ကောက်မြို့တွင်းမှာတင် နာမည်ကြီး LGBT Showကြည့်လို့ရပါပြီနော် 🏳️‍🌈🏳️‍🌈🏳️‍🌈Calypso Cabaret Showလို့နာမည်ရတဲ့ LGBT Showဟ...
26/01/2025

ဘန်ကောက်မြို့တွင်းမှာတင် နာမည်ကြီး LGBT Showကြည့်လို့ရပါပြီနော် 🏳️‍🌈🏳️‍🌈🏳️‍🌈

Calypso Cabaret Showလို့နာမည်ရတဲ့ LGBT Showဟာ နှစ်ပေါင်း30ကျော်သင်တမ်းရှိပြီးတော့ အမျိုးသမီးတွေအရှုံးပေးရလောက်အောင်လှလွန်းတဲ့ Ladyboyလေးတွေဖျော်ဖြေတဲ့ Showတစ်ခုဖြစ်ပါတယ်ရှင်

အမိုက်စား theaterကြီးထဲမှာ talentရှိတဲ့ artistတွေရဲ့ ဖျော်ဖြေမှုတွေကို တဝကြီးကြည့်ရှုရမှာဖြစ်ပါတယ် အသံပါဝါကောင်းကောင်းနဲ့သီဆိုဖျော်ဖြေမှုတွေကိုလည်း Show time မိနစ်၅၀ဝန်းကျင်အတွင်းမှာကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်ရှင်

လက်မှတ်ဈေးနှုန်းလေးကတော့ -
🎫Ticket Only 🎫
Adult / Child -700THB

📞 - 0926664843

Location - https://maps.app.goo.gl/uhhJ8KyzksCp3rWG6

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ

26/01/2025

ငရဲဆိုတာ တကယ်ရှိလာ???

26/01/2025

26.1.2025
ဘတ်ပေါက်ဈေး - 750ဘတ်
ဈေးအပြောင်းအလဲရှိ

Hello…မင်မင်ဒီနေ့ပြောပြသွားမယ့်နောက်ထပ်နေရာလေးတစ်ခုကတော့ ဓာတ်ပုံလှလှလေးတွေရိုက်ချင်တယ့်သူတွေ contemporary art ကိုသဘောကျန...
25/01/2025

Hello…မင်မင်ဒီနေ့ပြောပြသွားမယ့်နောက်ထပ်နေရာလေးတစ်ခုကတော့ ဓာတ်ပုံလှလှလေးတွေရိုက်ချင်တယ့်သူတွေ contemporary art ကိုသဘောကျနှစ်ခြိုက်သူတွေအတွက် Museum of Contemporary Art (MOCA BANGKOK)ကိုသွားကြည့်ဖို့ညွှန်းချင်ပါတယ်

လက်ရာမြောက်ပန်းချီကားချပ်တွေအပြင် ထိုင်းနိုင်ငံရဲ့ art and culture တွေကို modern decorationနဲ့ပြသထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်းခေတ်ကနေ ယနေ့ခေတ်အထိ ပန်းချီ/ပန်းပုပစ္စည်းအမျိုးပေါင်း ၈၀၀ကျော်ကိုပြသထားတာဖြစ်လို့ လူငယ်တော်တော်များစိတ်ဝင်စားကြတယ့်နေရာလေးတစ်ခုလည်းဖြစ်ပါတယ်

အထပ်၅ထပ်ရှိပြီး တထပ်စီတိုင်းမှာ မတူညီတဲ့လက်ရာတွေနဲ့အပြင်အဆင်တွေကိုပြသထားလို့ သေချာလေးအချိန်ပေးပြီးလည်ပတ်မယ်ဆိုရင်တော့ပိုအဆင်ပြေပါတယ်နော် ပုံလှလှလေးတွေရိုက်ချင်တယ့်သူတွေအတွက်လည်း အချိန်2နာရီလောက်ပေးပြီးသွားရောက်လည်ပတ်ကြပါရှင်

အပတ်စဉ်တနင်္လာနေ့တိုင်းပိတ်ပြီးတော့ မနက်၁၀နာရီကနေ ညနေ၆နာရီအထိဖွင့်ပါတယ်ရှင် (ဝင်ကြေးရှိပါတယ်ရှင်)
Location - https://maps.app.goo.gl/FWkvuLSWKWRzgcwb6?g_st=ic

#ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ

ပတူနမ်နားဝန်းကျင် ဈေးသက်သာပြီး တည်းရအဆင်ပြေတဲ့ Budget ဟိုတယ်လေးတွေရှာနေတာလား ..??ဈေးလဲသက်သာရမယ် …. အချက်အချာလဲကျရမယ် … s...
25/01/2025

ပတူနမ်နားဝန်းကျင် ဈေးသက်သာပြီး တည်းရအဆင်ပြေတဲ့ Budget ဟိုတယ်လေးတွေရှာနေတာလား ..??

ဈေးလဲသက်သာရမယ် …. အချက်အချာလဲကျရမယ် … shopping mall တွေအပြင် ရထားဘူတာနဲ့ပါ နီးတဲ့ဟိုတယ်လေးဆိုရင်တော့ Phetchaburi 15 လမ်းမှာရှိတဲ့ J Two S Hotel လေးကို ညွှန်ပါရစေရှင့် …

ဒီဟိုတယ်လေးကတော့ 2 Stars ဟိုတယ်လေးတစ်ခုဖြစ်ပြီး ဟိုတယ်ရဲ့အနီးတဝိုက်မှာတော့ …

🛒Pratunam Night Market (350m)
🛒Indra Square (550m)
🛒Central World (1.1km)
🛒Big C Supercenter (1.2km)
🛒Siam Paragon (2km)
🚉Ratchaprarop Station - Airport City Line (600m)
🚉Phaya Thai Station - Sukhumvit line (900m) စတဲ့ shopping mall တော်တော်များများရဲ့ အနီးပတ်ဝန်းကျင်တွေတည်ရှိတဲ့အတွက် အချက်အချာကျတဲ့ဟိုတယ်လေးတစ်ခုဖြစ်ပါတယ်နော် ….

Facilities & Services အနေဖြင့် 24 Hour Front Desk, Elevator, Facilities for disabled guests နဲ့ တခြားဝန်ဆောင်မှုများစွာ ပါရှိတဲ့အပြင် 24 sqm ကျယ်ဝန်းပြီး balcony ပါဝင်တဲ့ City View အခန်းအမျိုးအစားလေးဖြစ်ပါတယ်နော် …

ဟိုတယ်လေးရဲ့အဓိကအားသာချက်ကတော့ ဈေးအရမ်းသက်သာတာမို့ long-term နေချင်တဲ့သူတွေ budget ချွေတာချင်တာတဲ့သူတွေအတွက် အရမ်းအဆင်ပြေတာမို့ အများကြီးစဉ်းစားစရာ မလိုတော့ဘူးနော် …

J Two S Hotel လေးရဲ့ အခန်းဈေးနှုန်းလေးကတော့ (Room Only)
Standard Room (Double/Twin) - 900 Baht
Extra Bed - 500 Baht

ဈေးနှုန်းလေးကအရမ်းတန်တာမို့ အမြန်ဆုံးဆက်သွယ်ပြီး booking လုပ်ထားမှသာ အခန်းရဖို့စိတ်ချရမှာနော် …

ဒီလို ဈေးသက်သာတဲ့ဟိုတယ်လေးတွေနဲ့ပတ်သတ်ပြီး အသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ Page Messenger မှာလာရောက်မေးမြန်းနိုင်ပါတယ်ရှင့် …

⏰ Check in time -14:00 Pm
⏰ Chck out time - 12:00 Pm

☎️ Phone - +66926664844

📌 Location - https://maps.app.goo.gl/Cgc1nHjsPpYwmS9z9

Ohnmar Travel Blog #ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

25/01/2025

25.1.2025
ဘတ်ပေါက်ဈေး -750ဘတ်
ငွေမလွှဲခင် အကောင့်တောင်းပေးပါရှင်

24/01/2025

ဘန်ကောက်မြို့တွင်း PM 2.5ဖုန်မှုန့် ပြသနာကိုဖြေရှင်းရန်အတွက် လျှပ်စစ်ရထားများနှင့် ဘတ်စ်ကားများကို ၇ရက်အခမဲ့စီးနှင်းခွင့်ပြုဟုသိရ

Chinese New Yearလည်းနီးလာပြီဆိုတော့ အဲ့နေ့မှာ  Family Dinner Dateလုပ်မယ့်မိသားစုတွေ သူငယ်ချင်းတွေစုပြီး Buffetအဝဆွဲမယ့်သ...
24/01/2025

Chinese New Yearလည်းနီးလာပြီဆိုတော့ အဲ့နေ့မှာ Family Dinner Dateလုပ်မယ့်မိသားစုတွေ သူငယ်ချင်းတွေစုပြီး Buffetအဝဆွဲမယ့်သူတွေအတွက် Baiyoke Sky Hotel ရဲ့ လက်မှတ်ဈေးနှုန်းလေးတွေကို တင်ပေးလိုက်ပါတယ်ရှင့် 🧧🧧🧧

🇹🇭Observatiory Platforms
( Observation Deck 77th floor and Revolving View Point on 84th floor + 1 Drink at Rooftop Bar on 83rd floor )
480THB
10:00 - 22:00hrs

🇹🇭Bangkok Sky Restaurant on 76th & 78th floors
( Seafood & International Buffet Lunch )
Adult - 690THB
Child - 590THB
11:00AM to 1:00PM
1:15PM to 3:15PM

🇹🇭Bangkok Sky Restaurant on 75th & 76th floors
(Grilled Steak & Seafood Buffet Dinner)
Adult - 930THB
Child - 830THB
5:00PM to 7:00PM
7:15PM to 9:15PM

🇹🇭Stella Palace on 79th floor
( Special Menu + International Private & Caravan Buffet)
1490THB
6:00PM to 9:30PM

🇹🇭Indoor Bangkok Balcony on 81st floor
( International Premium Buffet Dinner )
1290THB
5:00PM to 7:00PM
7:15PM to 9:15PM

🇹🇭Outdoor Sky Box 81st floor
( special set + International Premium Buffet Dinner +1 Drink at Rooftop Bar on 83rd floor )
Adult - 1950THB
Child - 1800THB
5:00PM to 10:00PM

🇹🇭 Crystal Grill on 82nd floor
( International Specialized Premium Seafood & Steak Buffet Dinner + 1 Drink at Rooftop Bar on 83rd floor )
Adult - 1490THB
Child - 1000THB
6:00PM to 9:30PM

လက်မှတ်လေးတွေကို1ရက်ကြိုပြီး Bookingတင်ပေးကြပါရှင့် အသေးစိတ်သိလိုပါက Page Messenger ကိုလာရောက်စုံစမ်းနိုင်ပါတယ်ရှင့်

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

ဒီတစ်ခေါက်အမဥမ္မာပြောပြပေးမဲ့ ဟိုတယ်လေးတွေကတော့ ဖူးခတ်မှာရှိတဲ့ အမိုက်စားဟိုတယ်လေးတွေပဲ ဖြစ်ပါတယ်နော် ..Budget ဟိုတယ်ကနေ...
24/01/2025

ဒီတစ်ခေါက်အမဥမ္မာပြောပြပေးမဲ့ ဟိုတယ်လေးတွေကတော့ ဖူးခတ်မှာရှိတဲ့
အမိုက်စားဟိုတယ်လေးတွေပဲ ဖြစ်ပါတယ်နော် ..

Budget ဟိုတယ်ကနေ 5 Stars ဟိုတယ်ထိ အမျိုးအစားစုံလင်စွာရှိပြီး Patong ကမ်းခြေအနီးနားမှာရှိတာမို့ အချက်အချာကျတဲ့ ဟိုတယ်လေးတွေလဲ ဖြစ်ပါတယ်နော် ..

ဟိုတယ်ဈေးနှုန်းလေးတွေအနေဖြင့် ဈေးသက်သာတဲ့အပြင် facilities & services အနေဖြင့် ဝန်ဆောင်မှုအပြည့်ပေးထားတာမို့ Luxury ဆန်ဆန် တည်းချင်တယ်ဆိုရင်တော့ မဥမ္မာဆီမှာ အမြန်ဆုံးဆက်သွယ်လိုက်ပါနော် …

☎️ Phone +66926664844

Ohnmar Travel Blog #ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

ที่อยู่

ซอยจตุรทิศ 2 แยก 9 ซ. ประชาสันติ บ้านเลขที่ 56/3 ถ. ดินแดง เขตดินแดง กรุงเทพ
Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဘန်ကောက် ခရီးသွားဝန်ဆောင်မှု- မဥမ္မာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဘန်ကောက် ခရီးသွားဝန်ဆောင်မှု- မဥမ္မာ:

วิดีโอทั้งหมด

แชร์