Peacock Crest - Travel Connect

Peacock Crest - Travel Connect We love our Customers
(6)

12/10/2024
သူငယ်ချင်း တစ်ယောက် တတိယနိုင်ငံသွားရတော့မှာမလို့ အခန်းလက်လွှဲငှားချင်လို့ပါCondo Name : Metris Rama 9 - Ramkumhang  ပါ 🐶...
09/10/2024

သူငယ်ချင်း တစ်ယောက် တတိယနိုင်ငံသွားရတော့မှာမလို့ အခန်းလက်လွှဲငှားချင်လို့ပါ

Condo Name : Metris Rama 9 - Ramkumhang
ပါ 🐶😸

အခန်းတည်နေရာ 📍 https://maps.app.goo.gl/N1mBAbHUP8pvT2LH6

Ready to move in - November 1, 2024
Contract - 6 months left
Check out date - 30 April 2025

Condo အနီးနားမှာ
🚅A -LINK RAMKHAMHAENG
🚅MRT Ramhamheang12
🛍 THE MALL RAMKHAMHAENG
🥙THE NINE CENTER
🏫Ramkhamhaeng University
🏫Trail International School
🏫Satit Ramkhamhaeng School
🏥Simitivej Srinakarin Hospital

Type: 1bed 1bath
Size: 32 sqm.
Floor: 24th floor
Wifi: High speed true wifi included until August. 1month /640THB

Common area: Swimming pool, Fitness, Lounge, Sauna, Steam, Garden, Sky Lounge, CO-working space

Rental Fee: 15,000 THB/month
Deposit: 2 months
Pet fees deposite: 5000 THB

If you interest DM me




ကမ္ဘာပေါ်မှာ မြန်မာတနိုင်ငံတည်းပဲ ရှိတဲ့ ထူးခြားဆန်းပြားလှတဲ့ ပတ်စ်ပို့ (၉) မျိုးအကြောင်း (မဟုတ်တဲ့နေရာမှာတော့ ကမ္ဘာ့စံခ...
13/09/2024

ကမ္ဘာပေါ်မှာ မြန်မာတနိုင်ငံတည်းပဲ ရှိတဲ့ ထူးခြားဆန်းပြားလှတဲ့ ပတ်စ်ပို့ (၉) မျိုးအကြောင်း (မဟုတ်တဲ့နေရာမှာတော့ ကမ္ဘာ့စံချိန်တင်ပြီးသားပါပဲ)

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းမှာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုယ်စီ ရှိကြပါတယ်။ တနိုင်ငံချင်းစီရဲ့ လိုအပ်ချက်အလိုက် ပတ်စ်ပို့ အမျိုးအစား (၂) မျိုးကနေ (၄) မျိုးလောက်အထိ ရှိတတ်ပါတယ်။ များသောအားဖြင့် သာမာန်နိုင်ငံသား ပတ်စ်ပို့နဲ့ အစိုးရအရာရှိတွေရဲ့ ပတ်စ်ပို့တွေကို အမျိုးအစား ခွဲခြားထားလေ့ ရှိပါတယ်။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ (၄) မျိုးအထိရှိပါတယ်။

အလုပ်သာ မဖြစ်တာ ရှုပ်ထွေးဖို့ဆို ထိပ်ဆုံးက ရှိတဲ့ ရွှေပြည်ကြီးကတော့ အများထက်ထူးပြီး ပတ်စ်ပို့ အမျိုးအစား (၉) မျိုးတိတိ ရှိနေပြီး ကမ္ဘာ့စံချိန်တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ပတ်စ်ပို့ (၉) မျိုးကို အစဉ်လိုက် ဖော်ပြလိုက်ပါတယ်-

(၁) PV - Visit Passport (အလည်အပတ် ပတ်စ်ပို့)
(၂) PJ - Job Passport (အလုပ်အကိုင် ပတ်စ်ပို့)
(၃) PE - Student Passport (ကျောင်းသား ပတ်စ်ပို့)
(၄) PS - Seaman Passport (သင်္ဘောသား ပတ်စ်ပို့)
(၅) PB - Business Passport (စီးပွားရေး ပတ်စ်ပို့)
(၆) PD - Diplomatic Passport (သံတမန် ပတ်စ်ပို့)
(၇) PO - Official Passport (အစိုးရအရာရှိ ပတ်စ်ပို့)
(၈) PR - Religious Passport (ဘာသာရေး ပတ်စ်ပို့)
(၉) PT - Dependent Passport (မှီခိုသူ ပတ်စ်ပို့ - ဘယ်နိုင်ငံမှာမှ မရှိတဲ့ အထူးဆန်းဆုံး ပတ်စ်ပို့)

အထက်ပါ (၉) မျိုးလုံးဟာ မြန်မာပြည်မှာပဲ ရှိပြီး တခြားနိုင်ငံတွေကတော့ (၆) မျိုးလောက်အထိပဲ အများဆုံး ရှိတတ်ပါတယ်။ လတ်တလောမှာ ပတ်စ်ပို့ အမျိုးအစားတွေပေါ် မူတည်ပြီး ပြည်ပထွက်ခွာခွင့်တွေကို ကန့်သ-တ်လိုက်တာကြောင့် ပြည်ပထွက်ချင်သူများအနေနဲ့ ပတ်စ်ပို့ အမျိုးအစား ပြောင်းလဲခြင်းကို ပင်ပန်းဆင်းရဲစွာ ပြုလုပ်နေရပါတယ်။

ပတ်စ်ပို့ အမှန်အကန်၊ စာရွက်စာတမ်း အပြည့်အစုံ ဖြစ်နေရင်တောင် အသက်ငယ်ရွယ်ပါက ပြည်ပထွက်ခွင့်ရဖို့ တဦးလျှင် ၇ သိန်းကနေ သိန်း ၂၀ အထိ လေဆိပ်လဝကဝန်ထမ်းကို လိုင်းကြေး ပေးနေရတယ်လို့ သိရပါတယ်။ တကယ်အလုပ်မဖြစ်ဘဲ ကြီးကျယ်ခမ်းနားတဲ့ ပုံစံနဲ့ ပတ်စ်ပို့ (၉) မျိုးအထိ သတ်မှတ်ခဲ့တဲ့ လူတွေရဲ့ ရွှေဉာဏ်တော် စူးရောက်မှုကိုတော့ အံ့ဩတကြီး မှတ်တမ်းတင်လိုက်ရပါတယ်။

Credit မူရင်းရေးသားသူ
#ပတ်စ်ပို့
#ကမ္ဘာ့စံချိန်တင်

💥 အားလုံးပဲသတိထားကြပါ 😷
19/08/2024

💥 အားလုံးပဲသတိထားကြပါ 😷

✨ Facility အပြည့်အစုံနဲ့ Luxury Condo လေးတစ်ခန်းထပ်ရပါဦးမယ်✨ 🚄; 3-5min Near Bearing BTS အစိမ်းလိုင်း 🚌; Bus ကားမှတ်တိုင်...
12/08/2024

✨ Facility အပြည့်အစုံနဲ့ Luxury Condo လေးတစ်ခန်းထပ်ရပါဦးမယ်✨

🚄; 3-5min Near Bearing BTS အစိမ်းလိုင်း
🚌; Bus ကားမှတ်တိုင်
ဘယ်ကိုပဲသွားသွား သွားလာရလွယ်ကူပြီး facility အပြည့်အစုံနဲ့ service လည်းအရမ်းကောင်းတဲ့ Luxury condo လေး

💻Work From Home ပဲလုပ်မလား (or)
🏊‍♀️🏋️🧘အလုပ်ကပြန်လာပြီးတစ်နေ့တာပင်ပန်းသမျှကိုကိုယ်ဝါသနာပါရာလေ့ကျင့်ခန်းပဲလုပ်မလား
အေးအေးချမ်းချမ်းလေးအနားယူမလား

💵; 2 months deposit fee
1 month Advanced Rent (Common area included)
🚿ရေ/ 💡မီး အစိုးရဈေး

တစ်လကိုမှ 13000B ဖြစ်စိတ်ချမ်းသာစွာနေနိုင်ပါပြီး

စိတ်ဝင်စားပါဆက်သွယ်စုံစမ်းနိုင်ပါတယ် 📞

📞 Contact: +66929986190
+66927701529
Line Id: 0929986190








လေယာဉ်ပေါ်မှာဖြည့်ရတဲ့ Arrival နဲ့ Departure Form ဖြည့်နည်းလေးပါPhoto ပိုင်ရှင် credit ပေးပါတယ်
10/08/2024

လေယာဉ်ပေါ်မှာဖြည့်ရတဲ့ Arrival နဲ့ Departure Form ဖြည့်နည်းလေးပါ

Photo ပိုင်ရှင် credit ပေးပါတယ်

✈️ လ လေယာဉ်ကြီး ပျော်ပျော်စီး ✈️💢💢လေယာဉ်နဲ့ ခရီးသွားမဲ့သူများ သိထားရမဲ့အချက်တွေ💢💢ဒီပို့စ်ဟာ ပထမဆုံးအကြိမ် နိုင်ငံရပ်ခြား...
10/08/2024

✈️ လ လေယာဉ်ကြီး ပျော်ပျော်စီး ✈️
💢💢လေယာဉ်နဲ့ ခရီးသွားမဲ့သူများ သိထားရမဲ့အချက်တွေ💢💢
ဒီပို့စ်ဟာ ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားကို ခရီးထွက်မဲ့သူများအတွက် ရေးပေးခြင်းဖြစ်ပါတယ်.
✅ လေယာဉ်ကွင်းမရောက်ခင် ပြင်ဆင်သင့်သည်များ✅
လေယာဉ်ကွင်းမသွားမီ အရေးကြီးဆုံးက အရေးကြီးတာတွေ မမေ့ဖို့ပါပဲ.. ထုတ်ပိုးတာကိုလဲဘာတွေ ဘယ်လို စနစ်တကျထုပ်ပိုးသင့်တယ်ဆိုတာ သိမှသာ အလုပ်ရှုပ်သက်သာမှာပေါ့နော်..
💢ကိုယ့်လေယာဉ်လက်မှတ်ကို Print ထုတ်သွားပါ.. အခုနောက်ပိုင်း ဖုန်းထဲမှာပဲ E-ticket ကို Screenshot ရိုက်ထားပြီးပြလဲ ရပါတယ်..
💢ခရီးမထွက်ခင် သင့်ရဲ့ Passport သက်တမ်း ခြောက်လအနည်းဆုံးရှိနေရပါမယ် (ဥပမာ - နိုဝင်ဘာလမှာ သက်တမ်းကုန်မယ်ဆိုရင် မေလအထိပဲ ခရီးထွက်ခွင့်ရှိပါတယ်.. အဲလိုမဟုတ်ရင် လူဝင်မှုကြီးကြပ်ရေးက ရစ်တတ်ပါတယ်
💢သင်သွားမဲ့နိုင်ငံကိုရောက်ဖို့ လေယာဉ် ဘယ်နှစ်ဆင့်စီးရမလဲဆိုတာလဲ အရေးကြီးပါတယ်.. လေယာဉ် သုံးလေးဆင့် တစ်ခါတစ်လေ စီးရတာမို့ လေကြောင်းလိုင်း တူမတူကိုလဲ စစ်ဆေးပါ.. မတူရင်တော့ သင့် Luggage က တစ်ခါ ပြန်ထုတ် တစ်ခါပြန်ဝင် (check in) လုပ်ရတာမျိုးရှိတတ်ပါတယ်...
💢Air line တစ်ခုနဲ့ တစ်ခု Luggage သယ်ယူခွင့်ပြုတဲ့ ပုံစံမတူပါဘူး.. ကီလို ၃၀ လို့ခွင့်ပြုထားပေမဲ့ Korean Air ဆိုရင် Luggage တစ်လုံးပဲ ပေးသယ်ပါတယ်.. ကီလို ၃၀ မို့ ၂လုံးဆိုပြီး သယ်ခွင့်မရှိပါဘူး...တစ်လုံးပဲခွင့်ပြုတတ်တာမို့ သတိထားစေချင်ပါတယ်
💢ကီလိုသယ်ယူခွင့် Budget Airline တွေမှာ Hand Carry (7Kg) ကလွဲပြီး ကီလိုအလကားသယ်ယူခွင့် မရှိတာမို့ ကီလိုထပ်ဝယ်ရလေ့ရှိပါတယ်.. အချို့ အဲလိုင်းတွေဆို 7KG ကို ပိုက်ဆံအိတ်အသေးက အစထည့်ချိန်တတ်တာမို့အတတ်နိုင်ဆုံး ကီလိုဝယ်သွားဖို့ အကြံပေးချင်ပါတယ်
💢ပစ္စည်းတွေ ထည့်တဲ့အခါ Laptop နဲ့ Power Bank တွေကို လေယာဉ်နဲ့ထည့်ပေးလိုက်မဲ့ Luggage နဲ့ထည့်ပေးလိုက်လို့မရပါဘူး.. အတတ်နိုင်ဆုံး ကိုယ်နဲ့အတူသယ်သွားမဲ့ Hand Carry ကျောပိုးအိတ် စတဲ့ အိတ်တွေမှာပဲ ထည့်သွားခွင့်ရှိပါတယ် … Laptop ကို အတတ်နိုင်ဆုံး ထုတ်ရပြုရလွယ်တဲ့နေရာမှာ ထည့်ပါ.. အမြဲထုတ်ပြီး Security ဖြတ်ရပါတယ်..
💢ပြီးတော့ မိန်းကလေးတွေအများဆုံးသယ်ကြတဲ့ skin care တွေ ခေါင်းလျော်ရည်တွေကိုလဲ အတတ်နိုင်ဆုံး Luggage ထဲမှာထည့်ပါ.. Hand Carry ထဲမှာ ထည့်မယ်ဆိုရင် 100 Ml မရှိတဲ့ Travel Size အသေးလေးတွေပဲ ထည့်လို့ရပါတယ်.. အဲဒါတွေကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပလတ်စတစ်အိတ်ကလေးနဲ့ထည့်သင့်ပါတယ်.. အရည်ဆို ဘာအရည်မှ မရတာမို့ရေသန့်ဘူးတို့ အချိုရည်တို့ကို တစ်ခါတည်း သောက်သွားပါ
💢 ချွန်ထက်တဲ့အရာတွေ မီးခြစ်တို့ကတ်ကြေးတို့ လုံးဝသယ်လို့မရပါဘူး.. သေနတ်ပုံစံဆိုရင် အရုပ်တောင် ပေးမသယ်ပါဘူး... သတိထားပါ⚠️⚠️
💢 လေယာဉ်ကွင်းသွားလျှင် အတတ်နိုင်ဆုံးပေါ့ပေါ့ပါးပါးဝတ်ပါ.. လေယာဉ်ကွင်းမှာ ကွင်းပိတ် ဖိနပ် Sneakers တို့ အနွေးထည်၊ ဦးထုပ်၊ ခါးပတ်၊ နာရီစတာတွေ အကုန်ချွတ်ပြီး X-ray ထဲ ထည့်ဖြတ်ရတာမို့ အလုပ်ရှုပ်သက်သာအောင် အတတ်နိုင်ဆုံး ခြေညှပ်ဖိနပ် ခါးပတ်မပါတဲ့ ဘောင်းဘီ .. အဲဒါတွေ လျော့ဝတ်သွားသင့်ပါတယ်..
💢 ဘောပင်ဆောင်သွားပါ စာရွက်စာတမ်းတွေဖြည့်ဖို့လိုအပ်လို့ပါ ..နားအူတတ်တဲ့လူဆို နားကျပ်သယ်သွားတာမျိုး.. လေယာဉ်ပေါ်မှာ အိပ်ဖို့ Eye Cover, ခရီးသွားခေါင်းအုံး တွေ သယ်သွားလို့ရပါတယ်..စောင်ကတော့ လေယာဉ်တွေက ပေးတာများပါတယ်. မပေးရင်တောင်းလို့ရပါတယ် (Emirate လိုလေယာဉ်မှာဆိုရင်တော့ အကုန်ပေးပါတယ်.. အမျိုးသမီးလစဉ်သုံးပစ္စည်းကအစ အိမ်သာထဲထားပေးထားတယ်)
💢တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို မိမိနဲ့အတူသယ်မဲ့ Hand Carry ထဲမှာပဲ ထည့်သင့်ပါတယ်.. ရတနာပစ္စည်းတွေ.. ငွေကြေးတွေကိုပေါ့.. သတ်မှတ်ထားတဲ့အမောင့်ထက်ပိုသယ်ရင်တော့ Declare လုပ်ရပါတယ်.. ကိုယ်မသယ်ဖူးတော့ အဲအတွေ့အကြုံတော့သေချာမသိပါဘူး 😛
(ဒါတွေက ကြိုတင်ပြင်ဆင်သွားသင့်တဲ့ အရာတွေပါ..ဘယ်နိုင်ငံမဆို ဒီလိုပဲ စစ်ဆေးလေ့ ရှိတာမို့ သတိထားစေချင်ပါတယ်.. အတတ်နိုင်ဆုံး ပြဿနာမဖြစ်အောင် နေပါ. လေယာဉ်ကွင်းက လူဝင်မှုကြီးကြပ်ရေးက မကျေနပ်ရင် ကိုယ့်နိုင်ငံကို ပြန်ပို့ခံရတတ်သလို ပြည်ဝင်ခွင့်ပိတ်တတ်တာမျိုးလဲ ရှိပါတယ်)
⚠️လေယာဉ်ကွင်း ရောက်ပြီဆိုရင်⚠️
💢 အတတ်နိုင်ဆုံး ၂ နာရီ စောရောက်အောင်သွားပါ... တကယ့်ကို ဥရောပလို နိုင်ငံကြီးတွေမှာဆို လေယာဉ်တစ်စီး လူတစ်ထောင်လောက်ပါတတ်တာမို့ အဲဒီလေယာဉ်မျိုးဆိုရင်တော့ ၃နာရီလောက် စောသွားသင့်တယ်.. သိတယ်မလား ကိုယ်တွေလူမျိုးက Shopping ကြိုက်တော့ Transit
Airport မှာလျှောက်ကြည့်နေရင် မေ့ပြီးကျန်ခဲ့မှာစိုးလို့ပါ..
💢 လေယာဉ်ကောင်တာရောက်ရင် အပေါ်က အချက်တွေကိုသာ သေချာ ပြင်ဆင်ခဲ့ရင် အေးဆေးပါဘဲ..
💢 Boarding Pass မဖြတ်ခင်မှာ သင်ဟာ အကြာကြီးစီးရမဲ့ လေယာဉ်ဆိုရင် ကိုယ်ဟာ အိမ်သာ ခဏခဏ သွားတဲ့သူဆို Aisle Seat တောင်းပါ .. ဒါမှ သူများတွေ အိပ်နေရင် အနှောက်အယှက်မရှိမှာပါ.. ဒါပေမဲ့ သင်က တော်ရုံ အိမ်သာ မသွားတတ်ဘဲ ရှုခင်းကြည့်ချင်တယ် နေ့ဘက်လေယာဉ်ပဲဆိုရင်တော့ Window Seat တောင်းပေါ့နော်.. ညဘက်လေယာဉ်ဆိုရင်တော့ Aisle Seat ပဲတောင်းပါ အချို့ လေကြောင်းလိုင်းတွေကတော့ တစ်ခါတည်း ကိုယ်ထိုင်ချင်တဲ့နေရာကို အွန်လိုင်းကနေ ကြိုတင်ဝယ်ထားလို့ရပါတယ်
💢Boarding Pass မှာ သင့်ထိုင်ခုံနံပါတ် လေယာဉ်ရှိတဲ့ Gate နံပါတ်တွေ ပါပါတယ်.. သေချာ ကြည့်ပါ.. လေယာဉ်ကွင်းတအားကြီးလို့ မသွားတတ်ရင် လေယာဉ်ကွင်းတိုင်းမှာရှိတဲ့ Information Counter ကနေ မေးသွားလို့ရပါတယ်..
💢ဂိတ်ရောက်ပြီဆိုရင် ကိုယ့်သွားမဲ့ လေယာဉ်နာမည်နဲ့ နံပါတ် ဟုတ်မဟုတ် ကြည့်ပြီး ထိုင်စောင့်ပါ.. ခဏနေ လေကြောင်းဝန်ထမ်းတွေက ခေါ်ပါလိမ့်မယ်..
💢Boarding စပြီဆိုရင် သတိထားရမဲ့အချက်တွေ ရှိပါတယ်.. လေယာဉ်အသေးတွေမှာ ကိစ္စမရှိပေမဲ့ .. လေယာဉ်အကြီး လူတစ်ထောင်လောက်ပါတဲ့ လေယာဉ်မျိုးဆိုရင် လေကြောင်းလိုင်းက ဝန်ထမ်းပြောတာကို ဂရုတစိုက်နားထောင်စေချင်ပါတယ်.. အရင်ဆုံး လေယာဉ်ပေါ်တက်ဖို့ ခေါ်တဲ့သူတွေဟာ business Class စီးသူတွေနဲ့ Priority People တွေဖြစ်တဲ့ ကလေးပါတဲ့သူတွေ Wheel Chair နဲ့ နာမကျန်းဖြစ်သူတွေကို အရင်ဆုံး ခေါ်ပါတယ်.. ပြီးမှ အခြားသာမာန် Economly Class စီးမဲ့သူများကို ခုံနံပါတ် ဘယ်လောက်ကနေ ဘယ်လောက်ဆိုပြီး ခေါ်လေ့ရှိပါတယ်.. ဒါကြောင့် သတိထားပါ.. ကိုယ်က မသိဘဲ အတင်းကြီး သွားစီရင် စည်းကမ်းမရှိသလိုဖြစ်တတ်ပါတယ်.. Priority Lane ဆိုပြီး သီးသန့်လဲ ရေးထားတတ်ပါတယ်..
💢 လေယာဉ်အပေါက်ဝရောက်ပြီဆိုတာနဲ့ ကိုယ့် လက်မှတ်ကို လေယာဉ်မောင်/မယ်တွေကိုပြပြီး သူတို့ သွားခိုင်းတဲ့ Right Wing , Left Wing စတဲ့နေရာတွေကို သွားရပါမယ်.. ဒါကတော့ လေယာဉ်ကြီးတွေပေါ့.. သေးရင်လဲ ပြရပါမယ်.. တစ်ခါတစ်လေ လေယာဉ်မှားတတ်မိရင် အဲမှာ သိရရင် အလုပ်ရှုပ်သက်သာတာပေါ့
✅လေယာဉ်ပေါ် ရောက်ပြီဆိုရင်✅
💢 အချက်ပြ မီးမလင်းမခြင်း ထိုင်ခုံတွေကို တည့်မတ်စွာထားရပါမယ်.. အဓိကကတော့ လေယာဉ်တက်ချိန်နဲ့ ဆင်းချိန်မှာပါ.. လေယာဉ်အဆင်းအတက်မှာ အန္တရာယ်တစ်စုံတစ်ခုဖြစ်ခဲ့ရင် ခုံတွေကို Lock ချပြီးသားဖြစ်အောင်ပါ..
💢ပြတင်းပေါက်တွေကို ဖွင့်ထားရပါမယ်.. အရင်ကတော့ဘာမှန်းမသိဘူး နောက်မှ ဖတ်ကြည့်တော့ အဆင်းအတက်မှာ အန္တရာယ်တစ်စုံတစ်ခုဖြစ်ရင် အပြင်ကို လှမ်းမြင်ပြီးချက်ချင်းသိနိုင်အောင်ပါ.
💢တယ်လီဖုန်းတွေပိတ်ပါ .. အချို့တွေရှိတယ် လေယာဉ်ဆင်းနေချိန် .. တက်နေချိန်မှ အိမ်နဲ့အလွမ်းသယ်တာမျိုး အင်တာနက်သုံးနေတာမျိုးလုပ်နေတာမျိုးပါ..မလုပ်သင့်ပါ.. ဖုန်းတို့လက်တော့တို့က ထွက်တဲ့ Rays တွေက အန္တရာယ်ပေးတတ်ပါတယ်.. လေယာဉ်လုံးဝ ရပ်သွားမှ ဖုန်းဖွင့်ပါ.. သင့်ကြောင့် အခြားလူတွေပါ စိတ်အနှောက်အယှက်မဖြစ်ပါစေနဲ့
💢 လေယာဉ်ခါးပတ်ပတ်ထားဖို့ မမေ့ပါနဲ့ အဆင်းအတက် အပြင် အချို့ ရာသီဥတုဆိုးတဲ့အချိန် ခါးပတ်ပတ်ဖို့ Sign ပြရင် တတ်ရပါမယ်..
💢 Emergency Exit မှာထိုင်ရင် အန္တရာယ်ဖြစ်လာတဲ့အခါ ကြိုတင်ပြင်ဆင်ရမှာတွေကို သီးသန့်ရှင်းပြတတ်ပါတယ်..အဲဒါတွေကို ရှင်းပြရင် သေချာမှတ်ထားပါ
💢ပစ္စည်းတွေကို အပေါ်မှာ တင်လို့ရပါတယ်.. ကိုယ့်ပိုက်ဆံအိတ်ကို မတင်ချင်ရင်တော့ ကိုယ့်ရှေ့က ထိုင်ခုံအောက်မှာ ထားထားရပါမယ်.. လေယာဉ် တက်ဆင်းတဲ့အချိန်ကတော့ အရေးကြီးဆုံးပါ
💢အကုန်လုံးရှင်းပြပြီးရင်တော့ အေးဆေးနေလို့ရပါပြီ .. ဘတ်ဂျတ်လေကြောင်းကလွဲလို့အခြားလေကြောင်းလိုင်းတွေမှာ ဝိုင်၊ ဘီယာ၊ အအေး၊ ကော်ဖီ ကြိုက်သလောက်တောင်းသောက်လို့ရသလို ရုပ်ရှင်ပါကြည့်လို့ရတဲ့ Entertainment တွေလဲ ပါတတ်ပါတယ်.. ဒါကတော့ လေယာဉ်ကောင်းမှပေါ့နော်.. အချို့ 5 stars လေကြောင်းဖြစ်ပြီးမပါတာတွေလဲရှိတတ်ပါတယ်.. အဲအခါကျ သူတို့App ကိုဒေါင်းပြီး ကိုယ့်ရဲ့ ဖုန်းတို့ Tablet တို့မှာ ကြည့်လို့ရပါတယ်
⚠️Transit လေယာဉ်ကွင်းမှာ အကြာကြီး နေရမယ်ဆိုရင်⚠️
💢 လေဆိပ်နဲ့ပတ်သက်တဲ့အချက်အလက်တွေကို Information Counter မှာ သွားတောင်းလို့ရပါတယ်.. ဝိုင်ဖိုင်တို့ဘာတို့..ပေါ့.. ဒါမှမဟုတ် နားချင်ရင် Massage တို့.. လေယာဉ်ကွင်းထဲက airport Lounge တို့. ဟိုတယ်တို့ဘယ်မှာရှိလဲ မေးလို့ရတယ်.. ဒူဘိုင်းတို့ မလေးရှားတို့ရောက်စဉ်က ရုပ်ရှင်ကြည့်တဲ့ နေရာတွေ ထားပေးထားတာမို့ အဲဒီမှာသွားနားလို့ရတယ်.. စင်္ကာပူဆို လုပ်စရာအများကြီးပဲ.. ကိုယ်တော့ကြာကြာမနေဖူးပေမဲ့ အဲမှာ Airport Mobile App ကို ဒေါင်းပြီး ဘာတွေ ရှိလဲ ကြည့်လို့ရတယ်.. စင်္ကာပူလေဆိပ်မှာတော့ လုပ်စရာ အပေါဆုံးပဲ
💢တစ်ခုတော့ရှိတယ် ကိုယ့်ပစ္စည်းကိုတော့ သေချာ ဂရုစိုက်ပြီး အိပ်ရပါမယ်..
✅ အခြားနိုင်ငံ လေဆိပ်ရောက်ပြီဆိုရင် ✅
💢 တစ်ခါတစ်လေ ရစ်တတ်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ တွေ့ရင် ဘယ်သူနဲ့တွေ့မယ် ဘာညာ မေးတတ်ပါတယ်. အဲအခါကျရင်တော့ သင်က သင်ဝယ်ထားတဲ့ Tour Company ရဲ့ ဖုန်းနံပါတ်.. သို့ သင့်သူငယ်ချင်းရဲ့ နာမည် ဖုန်းနဲ့ လိပ်စာတို့ ပြဖို့လိုပါတယ်.. အဲဒါတွေကို ကြိုတောင်းထားရမှာပါ.. ရစ်ရင်ပြဖို့ပေ့ါနော်
💢 လူဝင်မှု ကြီးကြပ်ရေးကနေ လွတ်ပြီဆိုရင်တော့ ကိုယ့် အထုပ်ဘယ်ကထွက်မလဲ သိအောင် ကြေငြာထားတဲ့ LED TV မှာ သွားကြည့်ပြီး Belt No ရှာရပါမယ်..
💢 လေဆိပ်တိုင်းမှာ Free Wifi ရှိတတ်တာမို့ ဝင်ပြီး အချက်အလက်တွေ ရှာ ဒါမှမဟုတ် လာကြိုသူနဲ့ ဆက်သွယ်လို့ရပါတယ်..
💢အချို့ လေဆိပ်တွေမှာ Public Transport ကောင်းကောင်းရှိတတ်တာမို့ ရထား သို့ ဘတ်စ်ကားနဲ့ကိုယ်သွားမဲ့နေရာ ကို အင်တာနက်က ကြိုရှာပြီး ဆင်းမဲ့ နေရာ မြေပုံတို့ကို Screenshot ရိုက်ယူထားလို့ရပါတယ်. မသိခဲ့ရင်လဲ လေဆိပ်ဝန်ထမ်းတွေကို မေးလို့ရပါတယ်
ကဲ ဒါဆိုရင်တော့ အရမ်းကို အဆင်ပြေတဲ့ ခရီးတစ်ခုဖြစ်မှာပါလို့ မသိသေးတဲ့သူငယ်ချင်းတွေလဲ မန်းရှင်းခေါ်ပြလိုက်နော်



လေယာဉ်ပျံစီးဖို့ အင်္ဂလိပ်စာပြီးခဲ့တဲ့အပတ်က ခွင့်နဲ့ ရန်ကုန်ပြန်ဖို့ ဘန်ကောက် Suvarnabhumi လေယာဉ်ကွင်းမှာ MAI check-in d...
10/08/2024

လေယာဉ်ပျံစီးဖို့ အင်္ဂလိပ်စာ

ပြီးခဲ့တဲ့အပတ်က ခွင့်နဲ့ ရန်ကုန်ပြန်ဖို့ ဘန်ကောက် Suvarnabhumi လေယာဉ်ကွင်းမှာ MAI check-in desk မှာ တန်းစီစောင့်နေရင်း ကိုယ့်ရဲ့ရှေ့က ခရီးသည်နှစ်ယောက် လေယာဉ်ကွင်းမှ ground staff အမျိုးသမီးက သူတို့ကို အင်္ဂလိပ်လိုမေးလိုက်တဲ့ သာမန်မေးခွန်းလေးတွေကို နားမလည်တာကို တွေ့ခဲ့ရတယ်။ မနေနိုင်လို့ တန်းစီနေရာကနေ ရှေ့တိုးသွားပြီး ကိုယ် သူတို့ကို ဘာသာပြန်ပေးပြီးကူညီခဲ့ရတယ်။ လေယာဉ်ပျံကြီးစီးပြီး ပြည်ပနိုင်ငံတွေကို ခရီးထွက်နေကြရပြီဆိုရင်တော့ အင်္ဂလိပ်စကားလေးလည်း အလုပ်ဖြစ်အောင်တတ်ထားရင်တော့ လူတွေနဲ့ communicate လုပ်နိုင်တော့ ရဲရဲတင်းတင်း အဆင်ပြေစွာ ခရီးသွားနိုင်ကြမှာပေါ့နော်။ အဲဒီနေ့က အတွေ့အကြုံလေးကြောင့် လေယာဉ်ပျံစီးပြီး နိုင်ငံခြားခရီးထွက်ရမဲ့ သူတွေအတွက် အသုံးဝင်စေမဲ့ ဆောင်းပါးလေးတစ်ပုဒ်တော့ ရေးမှပဲလို့ စိတ်ထဲတေးထားခဲ့တာ...အခုမှ အားချိန်လေးနည်းနည်းရလို့ ရေးချလိုက်ရပါတယ်။

ပထမဦးဆုံး လေယာဉ်စီးမဲ့သူတွေ သိကိုသိထားသင့်တဲ့ လေယာဉ်ကွင်းမှာ တွေ့မြင် ကြုံတွေ့ကြရမဲ့ အခြေခံ အင်္ဂလိပ် စကားလုံးလေးတွေကို မှတ်ထားကြရအောင်။

1. airline (noun)
airline ဆိုတာ လေကြောင်း၊ ကိုယ်စီးမဲ့လေယဉ်ကိုပိုင်တဲ့ လေကြောင်းကုမ္ပဏီ။ ဥပမာ။ Singapore Airlines; British Airways; Myanmar Airways စသည်ဖြင့်။ ကုမ္ပဏီ နာမည်၊ လေကြောင်းနာမည်ကို ပြောရင် airline နဲ့ airway မှာ "s" ထည့်ထားတာကို သတိပြုပါ။

2. departures (noun)= ထွက်ခွာ
depart (verb) ဟာ ထွက်ခွါသည်။ departure (noun) ဟာ ထွက်ခွါခြင်း။ ခရီးစထွက်မဲ့သူတွေသွားရမဲ့ အပေါက်၊ လမ်းကြောင်း၊ ခန်းမ စသည်တို့ကို လေယာဉ်ကွင်းတွေမှာ Departures ဆိုတဲ့ sign အမှတ်အသားပြထားတယ်။ Departure Lounge ကတော့ လေယာဉ်စီးမဲ့သူတွေ ထိုင်စောင့်တဲ့ ခန်းမ။ Departure Lounge မှာ "s" မပါပေမဲ့ " ထွက်ခွါ"Departures sign မှာ "s" ပါရတယ်။

3. arrivals (noun)= ဆိုက်ရောက်
ကိုယ်က သူများကို လေယာဉ်ကွင်းမှာ သွားကြိုတာဆိုရင်တော့ Arrivals ဆိုတဲ့ sign အတိုင်းသာသွားရမှာ။ သွားပို့တာဆိုရင်တော့ Departures ဘက်ကိုသွားပေါ့။
မင်းကို ငါ ဆိုက်ရောက်ရာခန်းမမှာ တွေ့မယ်/လာကြိုမယ်...ဒီဝါကျကို အင်္ဂလိပ်လိုပြောရင်...
I will meet you in the arrivals lounge.
Departure Lounge မှာ departure မှာ "s" မပါဘူး။
Arrivals Lounge မှာ arrival မှာ "s" ပါတယ်။ အဘိဓာန်ထဲမှာ အဲဒီအတိုင်းပြထားတယ်။

4. Gate (noun)= ဂိတ်ပေါက်

5. Check in (verb)
Check-in (noun)
လေယာဉ်မစီးခင် လေကြောင်းကောင်တာမှာ သက်ဆိုင်ရာဝန်ထမ်းကို ကိုယ့်ရဲ့ passport နဲ့ လေယဉ်လက်မှတ်ကိုပြ၊ ပြီးရင် ကိုယ်ယူသွားမဲ့ အထုပ်တွေကို အလေးချိန်ချိန်ရတယ် ။ အဲဒီလိုလုပ်ရတာကို check in လုပ်တယ် (verb) လို့ခေါ်ပြီး noun ကိုတော့ check-in ဆိုပြီး hyphen လေးထည့်ရေးရတယ်။ check-in လုပ်တဲ့နေရာကို check-in desk ၊ check-in လုပ်ရမဲ့အချိန်ကို check-in time စသည်ဖြင့်သုံးပါတယ်။

6. board (verb)= လေယာဉ်ပေါ်တက်သည်
to board a plane လို့ အတွဲလိုက်မှတ်ထားသင့်ပါတယ်။

7. boarding pass (noun)
check in လုပ်တဲ့အခါ ကိုယ့်ရဲ့ passport နဲ့ air-ticket ပေးလိုက်ပြီး luggage တွေ အိတ်တွေကို အလေးချိန်ချိန်ပြီးတဲ့အခါမှာ airline ဝန်ထမ်းက ကိုယ့်ကို လေယာဉ်ပေါ်တက်ရောက်ခွင့်လက်မှတ် boarding pass ပေးပါလိမ့်မယ်။ boarding pass ပေါ်မှာ လေယာဉ်ထွက်မဲ့ Gate ပေါက်နံပါတ်၊ boarding time လေယာဉ်ပေါ်စတက်ခွင့်ပေးမဲ့အချိန်နဲ့ seat number ကိုယ့်ရဲ့ ထိုင်ခုံနံပါတ်တို့ကို ဖော်ပြထားပါတယ်။

8. carry on (luggage) (noun)
ကိုယ်တွေကတော့ hand carry လို့ခေါ်ကြတယ်နော်။ အိတ်အကြီးတွေကိုတော့ check in လုပ်ရတယ်။ ရှစ်ကီလိုထက်မလေးတဲ့ လက်ကိုင်အိတ်တို့၊ backpack ကြောပိုးအိတ်တို့၊ laptop computer ထည့်ထားတဲ့ အိတ်တို့ကိုတော့ check in လုပ်စရာမလို၊ လူနဲ့တပါတည်းသယ်ဆောင်သွားလို့ရတာကို hand carry , hand luggage လို့သုံးကြပေမဲ့ တကယ်တမ်း native speaker တွေ အသုံးများတာက carry on တဲ့။ Carry on ဆိုတဲ့ တံဆိပ်နဲ့ ခရီးဆောင်အိတ်အသေးတွေပြုလုပ်ရောင်းချတဲ့ ကုမ္ပဏီလည်းရှိပါတယ်။

9. fragile (adjective)= ကွဲတတ်သော၊ နုသော
အိတ်တွေကို check in လုပ်ရင် အထဲမှာ ကွဲရှနိုင်တဲ့၊ နူးညံ့စွာကိုင်ရမဲ့ ပစ္စည်းပါရင် "fragile" sticker ကပ်ခိုင်းပါ။

10. oversized baggage = အရွယ်ကြီးလွန်းသောအိတ်
ဂေါက်ရိုက်တံတွေထည့်ထားတဲ့ အိတ်ကြီးတွေ စသည်ဖြင့် အလွန်ကြီးလွန်းတဲ့အိတ်တွေကို သီးခြား oversized baggage counter မှာ check in လုပ်ရပါတယ်။

11. overweight baggage= ခွင့်ပြုသည့်အလေးချိန်ထက် ပိုလေးနေသောအိတ်
များသောအားဖြင့် အိတ်တစ်လုံးကို ကီလို ၂၀ ထက်မကျော်စေရလို့ သတ်မှတ်ထားတတ်တယ်။

12. delayed (adjective)= လေယဉ်နောက်ကျသော

13. economy class= စျေးသက်သာသောလက်မှတ်

14. business class= စျေးပိုကြီးသော လက်မှတ်

15. first class= စျေးအကြီးဆုံး ပထမတန်းလက်မှတ်

လူအများစုကတော့ ပုံမှန် economy class လက်မှတ်ပဲဝယ်စီးကြတာပေါ့။ ချမ်းသာသူတွေ၊ အစိုးရအရာရှိကြီးတွေကတော့ business သို့မဟုတ် first class ကနေစီးကြမှာပေါ့။ business/first class တွေက စျေးကြီးတဲ့လက်မှတ်ဆိုတော့ကာ check in လုပ်ရင်လည်း သီးသန့်၊ လေယာဉ်ပေါ်ကိုလည်း အရင်ဆုံးတက်၊ အရင်ဆုံးဆင်း၊ လေယာဉ်ထဲမှာ ကျွေးမွေးဧည့်ခံပုံလည်းပိုသာပြီး leg room ခြေထောက်ချစရာနေရာပိုကျယ်ကာ ထိုင်ခုံတွေကလည်း ပိုကြီး ပိုကောင်း ပို comfortable ဖြစ်တာပေါ့လေ။
ဒါ့ကြောင့်လည်း သူငယ်ချင်းတစ်ချို့က
I always fly (in) business class. လို့ပြုံးပြုံးလေးပြောတတ်ကြတာပေါ့။

17. long-haul flight= ခရီးဝေး၊ တာဝေး၊ လေယာဉ်ခရီးရှည်
ရန်ကုန်မှ ဘန်ကောက်ကို တစ်နာရီကျော်လေး လေယာဉ်စီးရတာ short flight သို့မဟုတ် short-haul flight လေးပေါ့။ ဘန်ကောက်မှ လန်ဒန်သို့ တိုက်ရိုက် ဆယ်နာရီကျော်ကြာ မရပ်ဘဲပျံသန်းတာကိုတော့ long-haul flight လို့ခေါ်ပါတယ်။

18. stopover= layover
ကိုယ်တွေကတော့ transit လို့သုံးကြတာများတယ်။ လေယာဉ်ခရီးရှည်ကြီးမို့ မြို့ကြီးတစ်မြို့ရဲ့ လေယာဉ်ကွင်းမှာ ခရီးတစ်ထောက်နားတာကို stopover သို့မဟုတ် layover လို့အသုံးများတာမို့ သိအောင်မှတ်ထားသင့်ပါတယ်။

19. Customs (noun)= အကောက်ခွန်

20. Immigration (noun)= လူဝင်မှုကြီးကြပ်ရေး

21. conveyor belt/ carousel/ baggage claim
ကိုယ့်လေယာဉ် ခရီးဆုံးတော့ immigration ကိုဖြတ်ပြီးရင် ကိုယ့်ရဲ့ အိတ်တွေ luggage တွေကို ပြန်ရွေးရမယ်လေ။ အိတ်တွေဟာ moving conveyor belt ကြီးပေါ်မှာ လည်နေတာ။ ကိုယ့်အိတ်တွေကို ဘယ်မှာရွေးရမယ်ဆိုတာကို ကြေငြာတာကို နားလည်အောင် ဒီအပေါ်က စကားလုံးသုံးလုံးကို သိထားရမယ်။ တချို့လေယာဉ်ကွင်းတော့မှာတော့ Belt လို့ပဲ အတိုသုံးကြတယ်။ ဥပမာ...
Passengers may collect their baggage at Belt number 4. လို့ပြောလေ့ရှိတယ်။

ကဲ...ဒီလို မသိမဖြစ် အခြေခံစကားလုံးလေးတွေကို သိပြီးရင် Speaking အပိုင်းမှာလည်း လေယာဉ်ကွင်းမှာ ခရီးသွားတစ်ဦးအနေဖြင့် ကြားရလေ့ရှိတဲ့ဝါကျလေးတွေကို နားလည်နိုင်အောင်လေ့လာထားသင့်သလို ကိုယ်ကလည်း အသုံးဝင်တဲ့ ဝါကျလေးတွေကို မှန်ကန်စွာပြန်ပြောနိုင်အောင်လည်း လေ့လာ လေ့ကျင့်ထားသင့်တာပေါ့။ ကိုယ့်အားကိုယ်ကိုးပြီး အင်္ဂလိပ်လို လေယာဉ်ကွင်းမှာ စကားပြောနိုင်အောင်လို့ အနည်းဆုံး အောက်မှာပေးထားတဲ့ ဝါကျလေးတွေကိုတော့ သိထားသင့်ပါတယ်။ ဗမာလိုလည်း ဘာသာပြန်ပေးထားတယ်။

1. Excuse me, where is the MAI check-in desk?
တဆိတ်လောက်ကူညီပါ။ မြန်မာ့လေကြောင်း MAI ရဲ့ check-in ဘယ်နေရာမှာပါလဲ။

2. May I see your tickets and passport?
သင့်ရဲ့ လေယာဉ်လက်မှတ်နဲ့ နိုင်ငံကူးလက်မှတ်ပြပါ။

3. Is anybody travelling with you today?
သင်တစ်ယောက်တည်းသွားမှာလား၊ ဘယ်သူပါသေးလဲ။

4. Where are you flying today?
ဘယ်ကိုသွားမှာပါလဲ။
ဒီမေးခွန်းကို နောက်ပုံစံတစ်မျိုးပြောင်းမေးနိုင်တာကို ကြည့်ပါ။
What is your final destination?
ဘယ်ကိုသွားမှာလဲ။ ဘယ်အထိသွားမှာလဲ။

5. How many pieces of luggage are you checking in?
သင် အိတ်ဘယ်နှလုံး check in လုပ်မှာလဲ။
ခရီးဆောင်အိတ်တွေကို check in လုပ်တာကို check လို့ တစ်လုံးတည်းပဲ in မထည့်ပဲလည်း သုံးတတ်ကြတယ်။
Are you checking this bag? လိုမျိုးပေါ့။

ဒီမေးခွန်းနံပါတ် ၅ မှာ pieces of luggage လို့သုံးထားတာ သတိပြုပါ။ luggage ဝန်စည်စလယ်၊ အထုပ်အပိုးဟာ အင်္ဂလိပ်သဒ္ဒါမှာ uncountable noun ဖြစ်တယ်။ two bags လို့ပြောလို့ရပေမဲ့ two luggages လို့သုံးလို့မရဘူး။ two pieces of luggage လို့သာ သုံးရပါတယ်။ baggage လည်း အလားတူပါပဲ။

6. Do you have a carry on?
လက်မှဆွဲသွားမဲ့ အိတ်ပါသေးလား။

carry on= hand luggage

7. How many carry on bags are you taking with you?
လက်မှဆွဲသွားမဲ့ အိတ် ဘယ်နှလုံးယူသွားမှာလဲ။

8. Can you place your bag up here?
သင့်ရဲ့ အိတ်ကို ဒီပေါ်မှာတင်လိုက်ပါ။
(အလေးချိန် ချိန်ရန် အိတ်ကို ချိန်ခွင်ခါးပတ်ပြားကြီးပေါ်သို့တင်ပေးရန်)
ဒီမေးခွန်းကိုပဲ နောက်တစ်မျိုးပြောနိုင်ပုံကိုထပ်ကြည့်ပါ။

Please place your bag on the scale.
သင့်ရဲ့ အိတ်ကို ချိန်ခွင်ပေါ်တင်ပေးပါ။

9. I am sorry, but your carry on is too heavy. You will have to check it.
သင့်ရဲ့ လက်ဆွဲအိတ်က အရမ်းလေးနေလို့ check in လုပ်မှရမယ်။

10. Please mark this bag as "fragile".
ဒီအိတ်ကို "ညင်သာစွာကိုင်ပါ" လို့ စာကပ်ပေးပါ။

11. What is inside this bag?
ဒီအိတ်ထဲမှာ ဘာထည့်ထားတာလဲ၊ အထဲမှာ ဘာပါလဲ။

12. I am sorry, Sir, but your bag is overweight.
သင့်ရဲ့ အိတ်ဟာ ခွင့်ပြုထားတာထက် ပိုလေးနေပါတယ်။

13. By how many kilos?
ဘယ်နှကီလို ပိုလေးနေလို့လဲ။

14. One minute, let me just take a few things out.
ခဏလေးနော်။ ကျွန်တော် (ဒီအိတ်ထဲမှ) ပစ္စည်းတချို့ ပြန်ထုတ်ပါရစေ။

15. How much is the overweight baggage fee?
ခွင့်ပြုတာထက် အလေးချိန်ပိုနေရင် ပိုက်ဆံဘယ်လောက်နှုန်းထပ်ပေးရပါသလဲ။

16. Do you prefer a window seat or an aisle seat?
ပြတင်းပေါက်နားကခုံကြိုက်လား၊ မင်းလမ်း ဘေးကခုံကိုကြိုက်လား။
(aisle ကို "အိုင်း" လို့ပဲ အသံထွက်တယ်။ S သံမပါဘူး။ silent "s" ပါ။)
ဒီမေးခွန်းကိုပဲ အတိုမေးတတ်တာ...
Do you prefer window or aisle? အတူတူပါပဲ။

17. I don't want a middle seat.
အလယ်ခုံ မလိုချင်ဘူး။

18. Here is your boarding pass.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ်တက်ခွင့် လက်မှတ်ပါ။

19. This is your boarding pass. You will be boarding at Gate 2A at 9:30.
ဒီမှာ သင့်ရဲ့ လေယာဉ်ပေါ် တက်ခွင့်ကတ်ပြား။ ဂိတ်နံပါတ် 2A မှာ ၉ နာရီခွဲမှာ လေယာဉ်ပေါ်တက်ရပါမယ်။

20. Your flight leaves from Gate 2A and it will begin boarding at 10:30. Your seat number is 9B.
သင်စီးမဲ့ လေယာဉ်ဟာ ဂိတ်နံပါတ် 2A မှထွက်မှာဖြစ်ပြီး လေယာဉ်ပေါ်ကို ဆယ်နာရီခွဲမှာ တက်ရမယ်။ သင့်ရဲ့ ခုံနံပါတ်က 9B ပါ။

21. They will start boarding 20 minutes before the departure time.
လေယာဉ်မထွက်မီ မီနစ် ၂၀ မတိုင်မီမှာ ခရီးသည်တွေကို လေယာဉ်ပေါ်တက်ခိုင်းပါလိမ့်မယ်။

22. What is the gate number?
ဂိတ်နံပါတ် ဘယ်လောက်ပါလဲ။

23. MAI flight number 8M331 to Bangkok is now boarding.
ဘန်ကောက်မြို့သို့ထွက်ခွာမည့်
မြန်မာလေကြောင်း လေယာဉ်ခရီးစဉ်အမှတ် 8M331 ပေါ်သို့ ခရီးသည်များ စတင်တက်ရောက်ရန် ဖိတ်ခေါ်ပါတယ်။

24. Please have your boarding pass and passport ready for boarding.
လေယာဉ်ပေါ်သို့တက်ရန် သင်၏ boarding pass နှင့် passport ကို အဆင်သင့်ကိုင်ဆောင်ထားပါ။

25. We would like to invite our first- and business-class passengers to board.
ပထမတန်းနှင့် အထူးတန်း ခရီးသည်များ လေယာဉ်ပေါ်သို့တက်ရန် ဖိတ်ကြားအပ်ပါတယ်။

26. We are now inviting passengers with small children and any passengers requiring special assistance to begin boarding.
ကလေးသူငယ်များပါသည့်ခရီးသည်များနှင့် ကျန်းမာရေးအရအထူးဂရုပြုရမည့် ခရီးသည်များအား လေယာဉ်ပေါ်သို့ (ဦးစားပေး) တက်ရန် ဖိတ်ကြားပါတယ်။

27. We would now like to invite all passengers to board.
ခရီးသည်များအားလုံး လေယာဉ်ပေါ်သို့ တက်နိုင်ကြပါပြီ။

28. This is the final boarding call for MAI flight 8M331 bound for Yangon.
ရန်ကုန်သို့ထွက်ခွာမည့် MAI flight 8M331 ထွက်ခွာချိန်အလွန်နီးကပ်နေပြီဖြစ်၍ လေယာဉ်ပေါ်သို့ (မရောက်သေးသူ၊ နောက်ကျနေသူ) အမြန်ဆုံးတက်ပါရန် နောက်ဆုံးအကြိမ် တိုက်တွန်းအပ်ပါတယ်။
flight 8M331 bound for Yangon လို့သုံးမဲ့အစား flight 8M331 to Yangon လို့လည်း လွယ်လွယ်ပြောတတ်ကြတယ်။

29. All passengers arriving from Singapore can pick up their luggage from Belt number 4.
စင်္ကာပူမှ ရောက်ရှိလာသော ခရီးသည်များ မိမိတို့၏ အထုပ်များကို ခါးပတ်နံပါတ် ၄ တွင် ရွေးယူပါ။

30. Ladies and gentlemen, this is an announcement that flight number 8M331 has been delayed. Your new departure time is 10:30.
လူကြီးမင်းများရှင့်၊ လေယာဉ်ခရီးစဉ်အမှတ် 8M331 ဟာ ထွက်ခွာချိန်နောက်ကျမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ လေယာဉ်ထွက်ခွာချိန်ကို ဆယ်နာရီခွဲ သို့ပြောင်းရွှေ့လိုက်ပါတယ်။
နောက်ဆုံးဝါကျလေးကတော့ flight delay ကိုကြေငြာပုံလေး နမူနာပါသွားအောင်ရေးလိုက်တာပါ။ ကိုယ် MAI ကိုစီးလာတာ အနှစ် ၂၀ ကျော်ပြီ။ delay ဖြစ်တာရှားပါတယ်။
ကဲ...ဒီလို အခြေခံလေးတွေသိထားပြီ၊ ပြောတတ်ပြီဆိုရင် လေယာဉ်စီးဖို့ အဆင်သင့်ဖြစ်လောက်ပြီမို့လို့ ပြင်သစ်စကားလေးနဲ့ ဒီဆောင်းပါးကို အဆုံးသတ်လိုက်ပါရစေ။

Bon voyage. (ဘွန် ဗွယျာ့ခ်ျ) လို့အသံထွက်တယ်။
Bon voyage ဆိုတာ I hope you have a safe and enjoyable journey. လို့ ခရီးထွက်မဲ့သူကို ဆုတောင်းပေးတာပါ။
Good luck and bon voyage!

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း
မူရင်းစာရေးသူကိုcreditပေးပါတယ်

Retirement Visa ဆိုတာဘာလဲ?ထိုင်းမှာ ရာသက်ပန် သက်တမ်းတိုး နေလို့ရမယ့် Retirement visa 💥 အသက် ၅၀ ပြည့်ရပါမယ်ထိုင်းကို လွယ်...
10/08/2024

Retirement Visa ဆိုတာဘာလဲ?

ထိုင်းမှာ ရာသက်ပန် သက်တမ်းတိုး
နေလို့ရမယ့် Retirement visa

💥 အသက် ၅၀ ပြည့်ရပါမယ်

ထိုင်းကို လွယ်ကူစွာ ဝင်ထွက်သွာလာနိုင်မယ်

ကလေး‌တွေ ကျောင်းသွားတက်လို့ အုပ်ထိန်းသူအဖြစ် လိုက်ပါစောင့်ရှောက်ရန်အတွက် ဗီဇာ လိုအပ်သည်ဖြစ်စေ

မိသားစုလိုက် ထိုင်းကိုပြောင်းရွေ့အခြေချတဲ့အခါ မိဘတွေအတွက် နေထိုင်ခွင့်ဗီဇာလိုသည်ဖြစ်စေ

စိုးရိမ်ပူပန်စရာမလိုပဲ ဒီ Retirement visa ကို ရွေးချယ်နိုင်ပါတယ်

Retirement visa နဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းဆက်၍ ဖြစ်စေ စာပို့၍ဖြစ်စေ မေးမြန်းစုံစမ်းနိုင်ပါတယ်

Ph / Line - +66929986190



𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗘𝗗 𝗩𝗶𝘀𝗮 နဲ့ ဘန်ကောက်မှာကျောင်းတက်မယ်◾️ကိုယ်တိုင်လာရောက် ကျောင်းအပ်နိုင်ခြင်း◾️ကျောင်းကိစ္စအားလုံးကို ဘန်ကောက်...
10/08/2024

𝗨𝗻𝗶𝘃𝗲𝗿𝘀𝗶𝘁𝘆 𝗘𝗗 𝗩𝗶𝘀𝗮 နဲ့ ဘန်ကောက်မှာကျောင်းတက်မယ်

◾️ကိုယ်တိုင်လာရောက် ကျောင်းအပ်နိုင်ခြင်း

◾️ကျောင်းကိစ္စအားလုံးကို ဘန်ကောက်မြို့ထဲမှာပဲ လုပ်ဆောင်နိုင်ခြင်း

◾️နိုင်ငံပြင်ပ (လုံးဝ)ထွက်စရာမလိုခြင်း

◾️Bank Account ဖွင့်နိုင်ခြင်း

◾️PV မှ PE အဖြစ်ပြောင်းနိုင်ခြင်း

◾️Visa သက်တမ်းတိုးတဲ့အခါ immigration ကိုလစဉ် သွားစရာမလိုခြင်း

◾️Visa သက်တမ်းတိုးတဲ့အခါ immigration ကိစ္စများ ကျောင်းဘက်မှ လိုက်လံဆောင် ရွက်ပေးခြင်း

◾️ED Visa သက်တမ်း (15) လရနိုင်ခြင်း

◾️Apple ရဲ့ Official Student Discount များ

💯 𝑽𝒊𝒔𝒂 ရဖို့ 100% အာမခံနိုင်ခြင်း

လိုအပ်ချက်များ……

✅ PASSPORT သက်တမ်း( 7 )လ

✅ VISA 30 Days

✅ TM30

✅ Photo 4×6 cm နောက်ခံအဖြူ 6 ပုံ

စိတ်ဝင်စားရင်ဆက်သွယ်စုံစမ်းနိုင်ပါတယ်
📞 - Line - +66929986190






လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ ✈️✈️1. Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်ရှင့် ) ရ...
19/04/2024

လေယာဉ်နဲ့ ခရီးသွားရင် ဘာတွေ လိုအပ်လဲ ✈️✈️

1. Airticket ကို ကြိုဖြတ်ပါ ( တလလောက် ကြိုဖြတ်ရင် ပုံမှန်ဈေးနဲ့ ရပါတယ်ရှင့် ) ရက်နီးလေ ဈေးကြီးလေပါ

2. လေယာဉ်လက်မှတ် ကြိုဝယ်တဲ့ အခါ Kg 30/40 ပါတာမျိုးကို တခါတည်း ရွေးဝယ်ပါ လေဆိပ်ရောက်မှ Kg ဝယ်ရရင် အရမ်းဈေးကြီးပါတယ်

3. လေယာဉ်မထွက်မှီ International ဆို 3 နာရီ ကြိုရောက်အောင် သွားပါ / Local ဆို 2 နာရီ ကြိုသွားပါ
( ထိုင်ခုံနေရာ ကောင်းကောင်း ရွေးဖို့ အတွက်ပါ )

4. လေယာဉ်ကွင်း ရောက်တာနဲ့ Check In ဝင်ရပါမယ် Check in ဝင်တဲ့ အခါမှာ Luggage 24” & 29” & 32” တို့ကို တခါတည်း အပ်ပြီး Boarding Pass (လေယာဉ်လက်မှတ် ) ထုတ်ရမှာပါ

5. Check in ဝင်ရင်း ကိုယ်လိုချင်တဲ့ Seat Number ကို တခါတည်းပြောလို့ရပါတယ်

6. ပြတင်းပေါက် နားကို Window seat လို့ ခေါ်ပါတယ် တခါတည်း ပြောပြီး ရွေးပါ

7. (Check in ဘယ်နေရာမှာ ဝင်ရမှန်း မသိတဲ့သူတွေအတွက် --> online က ဖြတ်ထားတဲ့ E-ticket ကို Print ထုတ်သွားပါ / ကိုယ်သွားမယ့် လေယာဉ် နံပါတ် နဲ့ အချိန်ကို မှတ်ထားပြီး လေယာဉ်ကွင်းရှိ LED Board / TV screen မှာ လေယာဉ်လက်မှတ်ထုတ်ရမယ့်နေရာကို Check-In လို့ခေါ်ပြီး line no A,B,C, D စသည်ဖြင့် ရေးထားပါတယ် မျှားညွှန်တဲ့ အတိုင်း သွားရင် ရပါပြီရှင့် )

8. Check-in ဝင်ဖို့ မလိုတဲ့ ပစ္စည်းများ
✅ Laptop / Power Bank / Ph / Tablet / အခြား တကိုယ်ရေတကိုယ်ထ သယ်ချင်တဲ့ ပစ္စည်းများ

9.. Check-in မှာ ထားခဲ့စရာမလိုတဲ့ Luggage Size (လေယာဉ်ပေါ် သယ်သွားလို့ ရတဲ့ size)
📌ပြည်ပ ဆိုရင် 20”/ 22” (7kg)
📌ပြည်တွင်း ဆိုရင် 20” (5kg)

10. Check In ပြီးတာနဲ့ Immigration ဖြတ်ရပါမယ်ရှင့် ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ

11. Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ လေယာဉ်ရပ်ထားတဲ့ နေရာကို ဆင်းရပါမယ် အာ့ကို Gate လို့ ခေါ်ပါတယ်

12. Gate 8/9/10 စသည်ဖြင့် ရှိပါတယ် အာ့ကို ကြည့်ပြီး ထိုင်စောင့်ရုံပါပဲ

16. Gate open လုပ်တဲ့ အခါမှာ သက်ကြီးရွယ်အိုနဲ့ Business class ကို အရင်ခေါ်ပါတယ် အာ့နောက်မှာမှ Economy က ဝင်လို့ရတာပါ
ဒီအထိက Check in ဝင်ပြီး လေယာဉ်ပေါ် ရောက်တဲ့ အထိပါရှင့်

လေယာဉ်ဆိုက်ရောက်တဲ့ အခါ ဘယ်လိုဆက်သွားရမလဲ
- ပထမဆုံး လေယာဉ်ပေါ်က ဆင်းဆင်းချင်း Baggage Claim No ကို သေချာမှတ်ပါ ( မမှတ်မိပါက ဓာတ်ပုံ ရိုက်ထားပါ) မင်မင်ဆို ပုံရိုက်ထားပါတယ်

- Immigration ဖြတ်ပါ ( International မှာ ခလေးပါရင် ဦးစားပေး အခန်းရှိပါတယ် အာ့ဘက်မှာ သွားတန်းစီပါ ခလေးနဲ့ သက်ကြီးရွယ်အို ကို သီးသန့် Immigration စစ်ပေးပါတယ် အရမ်းမြန်ပါတယ် တန်းစီစရာကို မလိုသလောက်ပါ) ပုံမှန်လူတွေကတော့ ပုံမှန်နေရာမှာပဲ Immigration တန်းစီပါ
- Immigration တန်းစီနေတုန်း Passport / လေယာဉ်လက်မှတ် အသင့်ထုတ်ထားပါ
- Immigration ပြီးတာနဲ့ Baggage Claim ဖို့ သွားပါ ( များသောအားဖြင့် လေယာဉ်ပေါ်က ဆင်းတာနဲ့ Baggage claim တဲ့ နေရာထိကို တနာရီ ဝန်းကျင်ကြာပါတယ်) အာ့မှာ ကိုယ်အပ်ထားတဲ့ Luggage ကို ထုတ်ပါ
- Luggage ထုတ်ပြီး သက်ဆိုင်ရာ Taxi / Bus / BTS စသည့်ဖြင့် အလွှာလိုက် ခွဲထားတဲ့နေရာကို သွားပါ ။

လွတ်လပ်စွာ Share နိုင်ပါတယ်။

အဆင်ပြေချောမွေ့ကြပါစေ 🙏

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Peacock Crest - Travel Connectผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Peacock Crest - Travel Connect:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง สำนักงานตัวแทนจัดการท่องเที่ยว


บริการท่องเที่ยว อื่นๆใน Bangkok

แสดงผลทั้งหมด