04/11/2024
🌊 ဘန်ကောက်ရောက်ရင် အလည်မဖြစ် ရေအောက် အဏ္ဏဝါကမ္ဘာ Sea Life Ocean World
🐬ကမ္ဘာအနှံ့က ရေသတ္တဝါအမျိုးပေါင်း ၁၀,၀၀၀ ကျော်ကို တစ်နေရာထဲမှာ ကြည့်ရှုခံစားရင်း အဏ္ဏဝါကမ္ဘာကို ခုန်ဆင်းလိုက်ချင်ရင်တော့ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး Sea Life Ocean World ကိုသွားဖို့ အကြံပေးလိုက်ပါတယ်။
🦈 Sea Life Ocean World ထဲကို ဝင်ရောက်လိုက်တာနဲ့ ရေအောက်ထဲရောက်ရှိသွားသလို ဖန်သားပြင်ပေါ်မှာ လမ်းလျှောက်ရမှာဖြစ်ပြီး အောက်တည့်တည့်မှာ ကျားငါးမန်းတွေကို အနီးကပ် ကြည့်ရှုခံစားရမှာပါ
🐠 ရေအောက်ကမ္ဘာရဲ့ ဂေဟစနစ်တစ်ခုလုံးကို လေ့လာနိုင်မှာဖြစ်ပြီး ထူးခြားသတ္တဝါတွေဖြစ်တဲ့ ကြယ်ငါး၊ ရောင်စုံရွှေငါးနဲ့ ငါးမျိုးစိတ်ကြီးတွေရဲ့ သဘာဝအတိုင်း ရှင်သန်ပုံကို အတိုင်းသားမြင်တွေ့ရမှာပါ။
🪸 စိတ်လှုပ်ရှားစရာအကောင်းဆုံး အပိုင်းကတော့ ရေအောက်လိုဏ်ဂူကို ဖြတ်သန်းတဲ့အချိန်ဖြစ်ပြီး ရေအောက်ထဲလွင့်မြောသွားသလို ခံစားရအောင် ဘေးပတ်ပတ်လည်မှာ အဏ္ဏဝါသတ္တဝါတွေကို ရှုစားရမှာပါ။
🌊 အခြားထူးခြားတဲ့ Activities တွေဖြစ်တဲ့ ငါးမန်းတွေနဲ့ ရေကူးခြင်း၊ ဖန်သားပြင်နဲ့ လှေစီးခြင်းတွေကို ပြုလုပ်နိုင်မှာဖြစ်လို့ တစ်ကြိမ်တစ်ခါရောက်ဖူးသင့်တဲ့ List ထဲမှာ ထည့်ထားသင့်ပါတယ်။
ဘန်ကောက်ရောက်တဲ့အခါ Sea Life Ocean World ကို သွားရောက်လည်ပတ်ဖို့ လက်မှတ်ဝယ်ယူချင်ရင်တော့ Golden Karaweik မှာ ဝယ်ယူနိုင်ပါတယ်နော်။