Vietnam ရဲ့ Coconut Basket Boat
ကလေးဘဝကို ပြန်မရနိုင်ပေမယ့်
ကလေးဘဝတုန်းကလို လွတ်လပ်ပေါ့ပါးတဲ့ ပျော်ရွှင်မှုလေး ရနိုင်မယ့် ခဏတာ….
အပတ်စဉ် သောကြာ ၊ စနေ ၊ တနင်္ဂနွေမှာ ကျင်းပတဲ့ ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ဒါနန်း မြို့ရဲ့ Dragon Bridge Fire Show ☄️
မင်မင်တို့ ရဲ့ Da Nang ခရီးစဉ်လေးနဲ့အတူလာရောက်လည်ပတ်တဲ့အခါ လိုက်ပို့ပေးမှာပါနော်…
Weekend နဲ့ကြုံဖို့တော့ လိုတာပေါ့…
🇻🇳 ဗီယက်နမ် ရဲ့ အလယ်ပိုင်းကို လာလည်ချင်တယ်ဆို
Travelling Memories မှာ Package လေးတွေရှိပါတယ်နော် ..
Da Nang မြို့လေးနဲ့တောင် တဖြည်းဖြည်း နေသားကျလာခဲ့ပြီ …
A Day In Ba Na Hill 🏰
ဗီယက်နမ် အလယ်ပိုင်းခရီးစဉ်လေးမှာ ဒီနေရာလေးကလဲ မပါမဖြစ် 🥰
One Fine Evening 🌈 #DaNang #Vietnam #TravellingMemories
Coconut Basket Boat 🇻🇳
ဗီယက်နမ်ရဲ့ ရိုးရာလှေ Coconut Basket Boat
ဝါးလှေလို့လဲ ခေါ်ကြပါတယ် ။
ထူးခြားလှတဲ့ လှေပုံစံကြောင့် ကမ္ဘာလှည့်ခရီးသည်တွေကြား နာမည်ကြီးပြီး ဗီယက်နမ်ရောက်ရင် မစီးမဖြစ် စီးရမယ့် လှေတစ်မျိုးပါ …
ဖော်ရွေတဲ့ဒေသခံတွေ ကိုယ်တိုင်လှော်ခတ်ပြီး အုန်းတောထဲကို ဖြတ်သန်းစီးရတာကလဲ ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ် ။
သံပြိုင်ဆိုပြကြတဲ့ ဗီယက်နမ်တေးသွားလေးတွေရယ်
ချစ်စဖွယ် ဒေသခံတွေရဲ့အပြုံးရယ်
ထူးခြားတဲ့လှေငယ်လေးတွေရယ်နဲ့
ပျော်ရွှင်စရာကောင်းတဲ့ အတွေ့အကြုံလေး တစ်ခုရမယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ် ။
ဗီယက်နမ်ရိုးရာ ခမောက်လေးကိုစောင်း
အဝေးက သဲ့သဲ့ကြားရတဲ့ ဗီယက်နမ်တေးသွားလေးကိုခံစားရင်း
ဗီယက်နမ်ရောက်တဲ့အခါ အုန်းတောထဲက Coconut Basket Boat လေးကိုစီးဖြစ်အောင် စီးခဲ့နော် …
#CoconutBasketBoat #BambooBoat #HoiAn #TravellingMemories #21TMTravel #Vietnam
Hoi An 🏮
ဟွေအမ်းလို့ ဆိုလိုက်တာနဲ့
ရိုးရာမီးပုံးလေးတွေရယ် ရှေးဟောင်းအိမ်လေးတွေရယ်ကို မျက်လုံးထဲ ပြေးမြင်မိကြမယ်ထင်ပါတယ် ။
ရှေးယခင်က ဂျပန်နဲ့ တရုတ်တို့ရဲ့ ကုန်သွယ်ရေး ရေလက်ကြားဖြစ်ခဲ့တဲ့ ဒီနေရာလေးဟာ UNESCO စာရင်းဝင်ထားတဲ့ ကမ္ဘာလှည့် ခရီးသွားတွေကြား ထင်ရှားတဲ့ ခရီးသွားမြို့လေးဆိုလဲ မမှားပါဘူး ။
မီးပုံးလေးတွေကြားက ရှေးဟောင်း အဆောက်အအုံ့လေးတွေရယ်
တရုတ်ဘုံကျောင်းတွေ အပြင်
ဟွေအမ်းမြို့ရဲ့ လမ်းကျဉ်းကျဉ်းလေးတွေကလဲ ချစ်စရာကောင်းလှပါတယ် ။
ဟွေအမ်းကို ရောက်တဲ့အခါ ဗီယက်နမ်ရိုးရာ ဝတ်စုံ Ao Dai လေးဝတ်ပြီး မြို့ဟောင်းအနှံ့ လမ်းလျှောက်ပြီး လည်ရတာကလဲ မြို့ဟောင်းလေးရဲ့ အနှစ်သာရကို ပိုမို ပေါ်လွင်စေတယ်လို့ထင်မိပါတယ် ။
လည်လို့မောတဲ့အခါ မြစ်ကမ်းဘေးတစ်လျှောက်က ခုံပုပုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ ကော်ဖီဆိုင်လေးတွေမှာ အမောဖြေ
Good morning from East Vietnam Sea 🇻🇳
🏖️ Beach Vibes #TravellingMemories #DaNang #Vietnam #MyAnBeach #Vietnam
“ဦးနှောက်ထက် နှလုံးသားပိုကြီးတဲ့သူက
တောင်တွေကိုသဘောကျပြီး
နှလုံးသားထက် ဦးနှောက်ပိုကြီးတဲ့သူက
ပင်လယ်ကို သဘောကျပါတယ်”တဲ့
ကျမအတွက်တော့ ပင်လယ်ရော တောင်တန်းတွေရောက မရှိမဖြစ်မို့
တောင်တန်းတွေနဲ့ ပင်လယ်ထိစပ်နေတဲ့ နေရာလေးကို Travelling Memories ရဲ့ ခေတ္တခဏ ခိုနားရာအဖြစ်ရွေးချယ်ခဲ့ပါတယ်…
ပြီးတော့ အဲ့နေရာလေးက ပင်လယ်ထဲကနေထွက်တဲ့ ဒေသလေးတစ်ခုပေါ့…
Memories 🤍
ချစ်တဲ့မြို့လေး ဘေးကင်းပါစေ…
တနေ့ပြန်ဆုံကြမယ်…