16/01/2024
🏢 အဆင့်မြင့်မြင့် နေထိုင်ရတဲ့ ခံစားချက်အပြည့်ရရှိစေမဲ့ အချက်အချာကျတဲ့ နေရာမှာ တည်ရှိတဲ့ 𝐓𝐡𝐞 𝐋𝐈𝐕𝐈𝐍 𝐑𝐚𝐦𝐤𝐡𝐚𝐦𝐚𝐞𝐧𝐠 Condominium Project ကြီးကို 𝐒𝐢𝐚𝐦 𝐄𝐱𝐩𝐥𝐨𝐫𝐞 မှ ယူဆောင်လာပါပြီ 💁🏻♂️
အတန်ဆုံးစျေးနဲ့ (၂)ခါခွဲချေပြီး ဝယ်ယူလို့ရနိုင်မဲ့ ထိုင်းနိုင်ငံ၊ Bangkok မြို့၊ Bangkapi မြို့နယ်မှာ တည်ရှိတဲ့ 𝐓𝐡𝐞 𝐋𝐈𝐕𝐈𝐍 𝐑𝐚𝐦𝐤𝐡𝐚𝐦𝐚𝐞𝐧𝐠 ဟာ ဟောင်ကောင်အခြေစိုက် Risland Co., Ltd မှ (၁၂,၈၀၀) စတုရန်းမီတာ အကျယ်အဝန်းရှိ မြေပေါ်မှာ တာဝန်ယူတည်ဆောက်လျက်ရှိတဲ့ အလွှာပေါင်း (၄၂) လွှာတိတိရှိတဲ့ အဆင့်မြင့် လူနေကွန်ဒိုတစ်ခုပါ။
𝐓𝐡𝐞 𝐋𝐈𝐕𝐈𝐍 𝐑𝐚𝐦𝐤𝐡𝐚𝐦𝐚𝐞𝐧𝐠 ကွန်ဒိုဟာ အဆင့်အမြင့်ဆုံးနဲ့ ပြီးပြည့်စုံဆုံး လူနေမှုဘဝကို လက်တွေ့ပိုင်ဆိုင်ပြီး ခံစားနိုင်အောင် Facilities အပြည့်အစုံနဲ့ ဖန်တီးထားတဲ့ အထပ်မြင့် ကွန်ဒိုတစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ဒိုတစ်ခုလုံးကို စိမ်းစိုသာယာတဲ့ ဥယျာဥ်မြေတွေဖြင့် ဝန်းရံထားပြီး ပြွတ်ကျပ်မနေဘဲ ကျယ်ကျယ်ဝန်းဝန်း နေထိုင်ရတဲ့ ခံစားချက်ရအောင် ဒီဇိုင်းဆွဲ ဆောက်လုပ်လျက်ရှိပါတယ်။
🏢 𝐓𝐡𝐞 𝐋𝐈𝐕𝐈𝐍 𝐑𝐚𝐦𝐤𝐡𝐚𝐦𝐚𝐞𝐧𝐠 ကွန်ဒိုမှာ
🟪 Studio Type Room
🟪 1 Bedroom
🟪 1 Bedroom Plus
🟪 2 Bedrooms ဆိုပြီး အခန်းအမျိုးအစားတွေ ခွဲထားတာမို့ စိတ်ကြိုက် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။
✅ အချိန်ပြည့်ရရှိမဲ့ စိတ်ချပြီး လုံခြုံတဲ့ Security Check
✅ နေရာဦးစရာမလိုတဲ့ (၇၅၅) စီးစာ အကျယ်ရှိတဲ့ Car Parking Space
✅ ကျန်းမာရေးအတွက် Fitness Center၊ Boxing Corner၊ Yoga & Pilates၊ Kids Planet နဲ့ ကလေး၊ လူကြီး သပ်သပ်စီခွဲပေးထားတဲ့ ရေကူးကန် (၂) ခု
✅ အပန်းဖြေအနားယူဖို့အတွက် စားသောက်ဆိုင်များ၊ Game Club၊ Board Game Room နဲ့ Sky Theater
✅ အလုပ်လုပ်ဖို့အတွက် Co Working Space၊ Library & Reading Room နဲ့ Meeting Room တို့အပြင်
✅ Outdoor Activities လုပ်ဆောင်နိုင်ပြီး Sky Garden လည်း ပါရှိဦးမဲ့ Roof Top တို့လည်း အပြည့်အစုံ လိုလိုသေးမရှိ ကွန်ဒိုအတွင်းမှာပင် ပါရှိတာမို့ လက်မလွှတ်သင့်တဲ့ ရင်းနှီးမြှုပ်နှံဖို့ အသင့်ဆုံး ကွန်ဒိုပရောဂျက်တစ်ခုဆိုတာ အမှန်ပါပဲနော်။
𝐒𝐢𝐚𝐦 𝐄𝐱𝐩𝐥𝐨𝐫𝐞 မှ 𝐓𝐡𝐞 𝐋𝐈𝐕𝐈𝐍 𝐑𝐚𝐦𝐤𝐡𝐚𝐦𝐚𝐞𝐧𝐠 ကို ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းချင်တဲ့ အချက်များစွာထဲက တစ်ခုက ကွန်ဒိုဟာ Public Transportation နဲ့ သွားလာဖို့အတွက် အချက်အချာကျပြီး အဆင်ပြေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ Ramkhamaeng လမ်းမကြီးပေါ်မှာ တည်ရှိပြီး ကွန်ဒိုမှ (၅) မိနစ်လောက် လမ်းလျှောက်လိုက်ရုံနဲ့ ရောက်ရှိမဲ့ ဆောက်လုပ်နေဆဲ ဖြစ်တဲ့ MRT Brown Line၊ လက်ရှိ ပြေးဆွဲလျက်ရှိတဲ့ MRT Yellow Line နဲ့ MRT Orange Line တို့ ဆုံတဲ့ နေရာမှာ တည်ရှိတဲ့အပြင် Bangkapi လှေဆိပ်နဲ့ (၃) မိနစ်သာ ကွာဝေးပါတယ်။
အနီးဆုံးပတ်ဝန်းကျင်မှာလည်း Hua Mak မူကြိုကျောင်းမှ စကာ International School (၃) ခု၊ Business School (၁) ခုအပြင် Ramkhamaeng University နဲ့ Assumption University (Huamark) အထိပါ ဝန်းရံလျက်ရှိတာမို့ မိသားစုလိုက် ပြောင်းရွှေ့အခြေချတဲ့အခါ ကျောင်းနေအရွယ်လေးတွေပါလာခဲ့ရင်လည်း စိတ်ပူစရာမလိုတော့ဘူးနော်။
ဒါ့အပြင် စုံလင်ပြီး စျေးဝယ်ထွက်ရ အဆင်ပြေတဲ့ စျေးဝယ်စင်တာပေါင်း (၆) ခုကလည်း ဝန်းရံနေပြီး Tesco Lotus နဲ့ The Mall Bangkapi တို့က အနီးဆုံးနေရာမှာ တည်ရှိနေပါတယ်။ ဆေးရုံ (၄) ခုကလည်း 𝐓𝐡𝐞 𝐋𝐈𝐕𝐈𝐍 𝐑𝐚𝐦𝐤𝐡𝐚𝐦𝐚𝐞𝐧𝐠 ကွန်ဒို အနီးမှာပဲ ရှိတာမို့ ကိုယ့်ရဲ့ အိမ်အဖြစ် အရှိသင့်ဆုံးနဲ့ အဆင်ပြေဆုံး မြေနေရာတစ်ခုပဲ ဖြစ်ပါတယ်။
🏢 အဆင့်မြင့်မြင့် နေထိုင်ရတဲ့ ခံစားချက်ရရှိအောင် ဖန်တီးထားတဲ့ 𝐓𝐡𝐞 𝐋𝐈𝐕𝐈𝐍 𝐑𝐚𝐦𝐤𝐡𝐚𝐦𝐚𝐞𝐧𝐠 အဆင့်မြင့်ကွန်ဒိုရဲ့ အခန်းများကို ကြိုပွင့်စနစ်နဲ့ စတင်ရောင်းချလျက်ရှိပြီး (၂၀) ရာခိုင်နှုန်း အရင်ပေးချေကာ ကြိုတင်ဝယ်ယူနိုင်ပြီပဲ ဖြစ်ပါတယ်။
✈️ 𝐏𝐫𝐨𝐩𝐞𝐫𝐭𝐲 𝐓𝐨𝐮𝐫 ထွက်ပြီး 𝐓𝐡𝐞 𝐋𝐈𝐕𝐈𝐍 𝐑𝐚𝐦𝐤𝐡𝐚𝐦𝐚𝐞𝐧𝐠 ကွန်ဒိုဆီ ကိုယ်တိုင် သွားရောက်ကာ ကြည့်ရှုစုံစမ်းချင်တယ်၊ အတန်ဆုံးစျေးနဲ့ အခန်းကောင်းလေးတွေကို ကြိုတင်ရွေးချယ်ထားပြီး လက်ဦးမှု ရယူချင်တယ်ဆိုရင် 𝐒𝐢𝐚𝐦 𝐄𝐱𝐩𝐥𝐨𝐫𝐞 ရဲ့ Messenger ကို အခုပဲ “Hi” လိုက်တော့နော်။ သိလိုသမျှတွေကို အသေးစိတ်ဖြေကြားပေးဖို့ 𝐒𝐢𝐚𝐦 𝐄𝐱𝐩𝐥𝐨𝐫𝐞 မှ အသင့်ရှိနေပါတယ်။
“ 𝐄𝐱𝐩𝐥𝐨𝐫𝐢𝐧𝐠 𝐇𝐨𝐦𝐞𝐬, 𝐂𝐫𝐞𝐚𝐭𝐢𝐧𝐠 𝐃𝐫𝐞𝐚𝐦𝐬 “