20/06/2024
𝗦𝗮𝘃𝗮𝗻𝗻𝗮𝗸𝗵𝗲𝘁 သွားနည်း လမ်းညွှန်တွေထဲမှာ ဒီတစ်ခုက အပြည့်စုံဆုံး ဖြစ်ပါလိမ့်မယ် 🇱🇦
မင်္ဂလာပါဗျ၊ ဒီတစ်ခေါက်တော့ လာအိုနိုင်ငံက နယ်စပ်မြို့လေးဖြစ်တဲ့ ဆဝန်နခက်ကို သွားလာနည်း အပြည့်အစုံကို ပြန်ပြီး ပြောပြသွားမှာဖြစ်ပါတယ်။ အက်မင်က ဘန်ကောက်ကနေသွားတာဖြစ်တဲ့အတွက် ဘန်ကောက်ကနေပဲ စမှာဖြစ်ပါတယ်၊ ကဲ .... စ လိုက်ရအောင်။
ပထမဆုံး ကားလက်မှတ်ဖြတ်ပါမယ်။
𝗠𝗼 𝗖𝗵𝗶𝘁 𝗕𝘂𝘀 𝗦𝘁𝗮𝘁𝗶𝗼𝗻 မှာ ကိုယ်တိုင်သွားဖြတ်လို့ရသလို https://12go.asia/en မှာလည်း ကားလိုင်းအစုံကိုဖြတ်လို့ရပြီး https://www.nakhonchaiair.com/ncaweb/home-en မှာလည်း Nakhonchairair ကားလိုင်းအတွက်ဖြတ်လို့ရပါတယ်။ ဘဏ်ရှိရင် online ကနေပဲဖြတ်တာ ပိုအဆင်ပြေပါတယ်။ တစ်ခုရှိတာက အမျိုးသမီးတစ်ယောက်တည်းသွားမှာဆိုရင် Nakhonchaiair က Lady zone သီးသန့်ရှိတာမလို့ ပိုအဆင်ပြေပါတယ်။ သူက Gold class ပဲရပေမယ့် အက်မင် သဘောကျတဲ့ ကားလိုင်းပါ။ Nakhonchaiair ကတော့ ကြားမှာ လူအတင်အချကလွဲလို့ ကားလုံးဝ မနားဘဲ ညစာကို ကားပေါ်မှာပဲ ကျွေးပါတယ်။ ကျန်တဲ့ကားတွေကတော့ လမ်းမှာ ထမင်းစားခဏနားပါတယ်။ ကားလက်မှတ်ပြပြီး ထမင်းစားတဲ့နေရမှာ discount ယူလို့ရပါတယ်။
ပြီးရင် မုဒဟန် (Mukdahan) ရောက်ပါပြီ။
ကိုယ်စီးမယ့်ကားက 7 နာရီ၊ 8 နာရီလောက် ဘန်ကောက်ကထွက်ရင် မုဒဟန်ကားကွင်းကို မနက် 5, 6 ပတ်ဝန်းကျင်ရောက်ကြပါတယ်။ မုဒဟန်ရောက်တာနဲ့ toilet နားမှာ 999 ကားဂိတ်ကိုရှာ၊ passport ပြပြီး Mukdahan to Savannakhet ကားလက်မှတ် တစ်စောင်ကို 50 နဲ့ ဝယ်လို့ရပါတယ်။ အက်မင်ကတော့ ကားလက်မှတ်ဝယ်ပေမယ့် မစောင့်ချင်လို့ သုံးဘီးနဲ့ ထိုင်းနယ်စပ်အထိသွားပါတယ်။ တစ်ယောက်ကို ဘတ် 50 ပါ။ ကားလက်မှတ်ကတော့ မဖြစ်မနေဝယ်ပါ။ ထိုင်းနယ်စပ် immigration နဲ့ လာအိုကြားက မဲခေါင်မြစ်ကူးတံတားကူးဖို့က လက်မှတ်ဖြတ်ရတဲ့ကားကို မဖြစ်မနေ စီးရတဲ့အတွက်ပါ။
𝗧𝗵𝗮𝗶 𝗶𝗺𝗺𝗶𝗴𝗿𝗮𝘁𝗶𝗼𝗻 (𝗙𝗿𝗶𝗲𝗻𝗱𝘀𝗵𝗶𝗽 𝗚𝗮𝘁𝗲)
ထိုင်း immigration ရောက်ရင် depature တုံးထု၊ bus ကားပြန်စောင့်စီးပြီး မဲခေါင်မြစ်ကို ကူးလို့ရပါပြီ။ overstay ဖြစ်တဲ့သူတွေက over stay counter မှာ အချက်အလက်ဖြည့်ပြီး ကျော်တဲ့ရက်အလိုက် တစ်ရက်ကို ဘတ် 500 နဲ့ ဒဏ်ကြေးအရင်ဆောင်ပြီးမှ departure တုံးထုရမှာပါ။ သူငယ်ချင်းနဲ့အဖော်လိုက်တဲ့သူတွေကတော့ re-entry counter မှာ re-entry တုံးထုလို့ရပါတယ်။
𝗟𝗮𝗼𝘀 𝗜𝗺𝗺𝗶𝗴𝗿𝗮𝘁𝗶𝗼𝗻 (𝗙𝗿𝗶𝗲𝗻𝗱𝘀𝗵𝗶𝗽 𝗚𝗮𝘁𝗲)
လာအိုဘက်ရောက်ရင် immigration မှာ ဘတ် 100 ပေးပြီး arrival stamp (14 days) ထုပါ။ ပြီးရင် လာအိုနိုင်ငံထဲ ခြေချဖို့ ဘတ် 20 ပေးပြီး QR ယူပြီး ဖြတ်လို့ရပါပြီ။ ပြီးတာနဲ့ ကားပေါ်ပြန်လိုက်စီးပြီး လာအိုဘက်သွားလို့ရပါပြီ။ အက်မင်တို့ကတော့ ကားပြန်ငှားပြီး သံရုံးရှေ့တိုက်ရိုက်ပဲဖြစ်ဖြစ်၊ ဟိုတယ်ပဲဖြစ်ဖြစ် သွားလိုက်ပါတယ်။
သံရုံးရှေ့မှာ မနက်စာ စားလို့ရပေမယ့် စျေးကြီးပြီး အရသာလုံးဝ မဟန်ပါဘူး။ တခြားနေရာမှာပဲ စားပါ။ စာရွက်စာတမ်းတွေကလည်း ဘန်ကောက်မှာကတည်းက အပြည့်အစုံပြင်ဆင်လာခဲ့ပါ။ သံရုံးရှေ့က မိတ္တူဆိုင်မှာ စျေးကြီးပါတယ်။ Laos အဝင်တုံးလောက်ပဲ ကူးပါ။
𝗙𝗼𝗼𝗱 𝗮𝗻𝗱 𝗛𝗼𝘁𝗲𝗹
အစားအသောက်နဲ့ပတ်သတ်ရင် လာအိုမှာ လူတွေတော်တော်ပျော်တဲ့အချက်က မြန်မာအရသာနဲ့ နီးစပ်တာပါ။ ဘာစားစား စားလို့ကောင်းနေတာပါ 😁။ စျေးလည်းသင့်ပါတယ်။ အက်မင်တို့ စားဖြစ်တဲ့အထဲက စားလို့ကောင်းတဲ့ စားသောက်ဆိုင်လေးတွေ ပြန်ပြောပြပါ့မယ်။
𝗟𝗮𝗼 𝗛𝗼𝘂𝘀𝗲 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁
https://maps.app.goo.gl/oqKCAXNvpyo22UWB8
စားလို့ကောင်းတယ်၊ စျေးလည်းသင့်တယ်၊ အဖွဲ့လိုက်သွားစားရင် ပိုတန်ပါတယ်။ အက်မင်တို့ကတော့ အဖွဲ့လိုက်သွားလို့ ဟင်းအစုံစားဖြစ်ပါတယ်။ မကြိုက်တဲ့ဟင်းလည်း မရှိပါဘူး။
𝗟𝗮𝗼 𝗩𝗶𝗲𝘄 𝗥𝗲𝘀𝘁𝗮𝘂𝗿𝗮𝗻𝘁
https://maps.app.goo.gl/nj3Fx9mQM3jx5sSr5
လာအိုမြစ်ဘေးက ညဘက် အေးဆေး chill လို့ကောင်းတဲ့နေရာပါ။ စျေးလည်း မဆိုးတဲ့အထဲပါပါတယ်။ အစားအသောက်ကတော့ Lao House ကို မမီဘူးလို့ personally မြင်ပါတယ်။
𝗦𝗮𝘃𝗮𝗻𝗻𝗮𝗸𝗵𝗲𝘁 𝗡𝗲𝘄 𝗡𝗶𝗴𝗵𝘁 𝗠𝗮𝗿𝗸𝗲𝘁
https://maps.app.goo.gl/w5gBKSpP1JN6jWJu6
မသွားမဖြစ်သွားသင့်တဲ့နေရာပါ။ ဆိုင်တွေအစုံအလင်ရှိပြီး ဘာစားစား တန်ပါတယ်။ ဘတ် 300 လောက်ဆို သူဌေးလို ကြိုက်ရာလက်ညှိုးထိုးစားလို့ရလောက်တဲ့အထိ တန်တာပါ။ ကိုယ်က ဟော့ပေါ့ crazy ဆိုရင်လည်း တစ်ယောက်ကို Kip 159,000 နဲ့ ဟော့ပေါ့အဝစားလို့ရပါသေးတယ်။ အက်မင်အကြိုက်ဆုံးက ပုဇွန်နဲ့ ရေခဲမုန့်ပါ။
𝗟𝗮𝗵𝗮𝘀𝗶𝗻 𝗦𝗮𝘃𝗮𝗻𝗵 ລະຫາສິນ ສະຫວັນ
https://maps.app.goo.gl/CiPu8U1jyumzQnow9
ဓာတ်ဖမ်းလို့ကောင်းတဲ့ ကော်ဖီဆိုင်ပါ။ အစားအသောက်တွေကတော့ mediocre ပါ။ ဓာတ်ဖမ်းလို့တော့ တကယ်လှပါတယ်။
အချိန်ရရင်တော့ လမ်းလျှောက်ပြီး သွားလာရင်းနဲ့ local တွေအများစုဝယ်တဲ့ ဟင်းဆိုင်တန်းလေးတွေ တွေ့ရတတ်ပါတယ်။ ဘတ် 100 ဖိုးလောက်ဆို တစ်နေကုန်စားလို့ရတဲ့အထိ တန်ပါတယ်။
ညစျေးတန်းဘေးက အိမ်တွေလည်း retro vibe အပြည့်အဝ ရတဲ့နေရာတွေဖြစ်လို့ ညဘက် စားသောက်ပြီး အေးဆေးလမ်းလျှောက်ရင်း ငေးလို့ ဆွေးလို့ ဓာတ်ဖမ်းလို့ ကောင်းပါတယ်။
ရေနဲ့မုန့်ဘာညာအတွက်ကတော့ convenience store လေးတွေပေါပါတယ်။ Savan Itec ဘေးမှာလည်း shopping mall ရှိတော့ ဘာလိုလို လက်တကမ်းပါပဲ။
တည်းစရာကတော့ 𝗦𝗮𝘃𝗮𝗻 𝗜𝘁𝗲𝗰𝗰 𝗛𝗼𝘁𝗲𝗹 က no brainer choice ပါ။ စျေးလည်းသင့်၊ အခန်းလည်းကျယ်ပြီး ထိုင်း ကောင်စစ်ဝန််ရုံး (သံရုံး) နဲ့လည်း 3 miutes walk ပါပဲ။
𝗖𝘂𝗿𝗿𝗲𝗻𝗰𝘆
Baht လည်းသုံးလို့ရသလို Kip နဲ့ပေးရင် ပိုတန်ပါတယ်။ Kip ကို သံရုံးနဲ့မလှမ်းမကမ်းက ပန်းရောင်ဆိုင်လေးမှာ နေ့ခင်းဖက် လဲနိုင်သလို အောက်ကနေရာမှာလည်း လဲလို့ရပါတယ်။ Google maps ထဲက နေရာကတော့ပိုတန်ပါတယ်။ https://maps.app.goo.gl/2LtwEeUDnUeaj1r2A။
𝗧𝗿𝗮𝗻𝘀𝗽𝗼𝗿𝘁𝗮𝘁𝗶𝗼𝗻 𝗮𝗻𝗱 𝗜𝗻𝘁𝗲𝗿𝗻𝗲𝘁
Internet အတွက်က ဖုန်းဆိုင်တွေမှာ Kip 6000 နဲ့ Laos ကဒ်ဝယ်လို့ရပါတယ်။ ပြီးရင် bill တခါတည်းဖြည့်ခဲ့ပြီး data ပါ တခါတည်းဝယ်လို့ရပါတယ်။ tourist card တွေလည်းရှိပေမယ့် ဝယ်ပြီးမှ သုံးမရတာမျိုး ခဏခဏဖြစ်တတ်ပါတယ်။
သွားဖို့လာဖို့ကတော့ https://apps.apple.com/app/id6468646889 ဒီ app လေးသာ intsall လုပ်ထားပါ။ 100%, 50%, 25% off တွေရပြီး စျေးကလည်း ဘန်ကောက်နဲ့ယှဥ်ရင် အလကားစီးရလောက် တန်ပါတယ်။
တစ်ရက်ကို Baht 300 နဲ့ဆိုင်ကယ်ငှားလို့လည်း ရပေမယ့် EV ဘီးတော့ မငှားပါနဲ့။ ဘယ်မှမရောက်ဘဲ ဘယ်အချိန် battery ကုန်မလဲဆိုတဲ့ 𝗮𝗻𝘅𝗶𝗲𝘁𝘆 ပဲရပါလိမ့်မယ်။
လည်တာပတ်တောကတော့ Google သာခေါက်ပြီး လည်တာ အကောင်းဆုံးပါ။ လည်စရာပတ်စရာ များများစားစား မရှိဘဲ ဘုရားအဟောင်းတွေလောက်ပဲ များပါတယ်။ ဒိုင်နိုစောပြတိုက်ကတော့ မသွားလည်း ရပါတယ် 😁။ အချိန်ရရင် တောထဲသွားတာမျိုးလည်း လုပ်လို့ရပေမယ့် ဒေသခံတွေနဲ့ချိတ်သွားမှ အဆင်ပြေမှာပါ။
်းညွှန်