KO NANN ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KO NANN, บริการท่องเที่ยว, bangkae, Bangkok.

▶ ရုံးစာရွက်စာတန်းဝန်ဆောင်မှုနဲ့ပြီးပြည့်စုံသောကားငှားဝန်ဆောင်မှုကိုကျွန်တော့်တစ်ပည့်ဆီတိုက်ရိုက်မေးမြန်းနိုင်ပါတယ်။👇လင့်ခ်👇
https://www.facebook.com/profile.php?id=61565608634000&mibextid=ZbWKwL

20/01/2025
20/01/2025

ထိုင်းနိုင်ငံ၊ ပါကျင်ပူလီမြို့သို့ရောက်ရှိနေသော မြန်မာ(MOU)အလုပ်သမားကျား10ဦး၊မ15ဦးစုစုပေါင်း25ဦးတို့သည် ထိုင်းနိုင်ငံ အလုပ်လုပ်ရန်အတွက်မြန်မာနိုင်ငံမှActualActual Tokyomax Co,.Ltdဖြင့် 2နှစ် စာချုပ်ချုပ်ဆိုလာခဲ့သည်ဟုဆိုသည်။မြန်မာနိုင်ငံမှ 9.10.2024ရက်နေ့မှထွက်ခွာလာပြီး ထိုင်းနိုင်ငံ၊ဒွန်းမောင်းလေဆိပ်သို့ရောက်ရှိခဲ့ကြသည်ဟုဆိုသည်။ ၎င်းတို့ကို စာချုပ်ပါလုပ်ငန်းခွင်သို့ခေါ်မသွားဘဲ ထိုင်းနိုင်ငံ နဝမင်းမြို့သို့ပို့ဆောင်ခဲ့ပြီး အလုပ်မလုပ်ရသေးပဲ 9.12.2024ရက်နေ့တွင် ထိုင်းနိုင်ငံ၊ပါကျင်ပူလီမြို့သို့ ပို့ဆောင်ခဲ့ပြီး အဆောင်တခုတွင် ထားခဲ့သည်ဟုဆိုသည်။၎င်းအလုပ်သမား 25 ဦးတို့သည် ထိုင်းနိုင်ငံသို့ရောက်ရှိကတည်းကမည်သည့် လုပ်ငန်းခွင်မှဝင်ရောက်မလုပ်ကိုင်ရသဖြင့် အေဂျင်စီထံကူညီတောင်းခံရာတွင် အေဂျင်စီဖက်မှ တာဝန်ယူမှု တာဝန်ခံမှုမရှိပဲ ခေါင်းရှောင်နေသဖြင့် အလုပ်သမားများမှာ စားဝတ်နေရေး အခက်အခဲများကြုံတွေ့နေရသဖြင့် အခက်အခဲများကြုံတွေ့နေရသဖြင့် WAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူအညီ တောင်းခံလာသည် 9.1.2025ရက်နေ့၊‌
နေ့လည်(10:00)နာရီတွင် အမှုကိုလက်ခံခဲ့ပါသည်။
ရွှေ့ပြောင်းအလုပ်သမားများ လုပ်ငန်းခွင်အတွင်းပြဿနာအခက်အခဲများရှိပါက ကျွန်တော်တို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံလာရောက်အကူညီတောင်းခံနိုင်ပါသည်။
,Credit:WAGအလုပ်သမားကူညီစောက်ရှောင့်ရေး
;Photo

20/01/2025

passport အမျိုးအစားလေးတွေအကြောင်းပြောပြချင်ပါတယ်ခင်ဗျ 🙏

🚨မြန်မာနိုင်ငံမှာ passport အမျိုးအစား( ၉ )မျိုးရှိပါတယ်

📕 PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားကိုင်ဆောင်သည့်passport

📕 PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားများကိုင်ဆောင်သည့်passport

📕 PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကိုင်ဆောင်သည့်passport

📕 PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများကိုင်ဆောင်သည့်passport

📕 PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများကိုင်ဆောင်သည့်passport

📕 PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများကိုင်ဆောင်သည့်passport

📕 PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများကိုင်ဆောင်သည့်passport

📕 PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများကိုင်ဆောင်သည့်passport

📕 PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများကိုင်ဆောင်သည့်passport
credit;
Ref:

20/01/2025

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသူ မြန်မာအလုပ်သမားများ အခြားအလုပ်သစ်တစ်ခုသို့ ပြောင်းရွှေ့ခွင့်ရှိသလား ?

မဲဆောက်၊ ဇန်နဝါရီ ၁၅ ထိုင်းအလုပ်သမားရေးရာ ဥပဒေကဏ္ဍ

ထိုင်းနိုင်ငံတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် လက်ရှိ လုပ်ကိုင်နေသော အလုပ်မှ အခြားအလုပ်အသစ်တစ်ခုသို့ ပြောင်းလဲလုပ်ကိုင်လိုပါက မိမိနိုင်ငံသို့ ပြန်၍ MoU စာချုပ်အသစ်ချုပ်ဆိုမှသာ ပြောင်းလဲလုပ်ကိုင်ခွင့်ရှိသည်။

သို့ရာတွင် မိမိတို့ အလုပ်လုပ်နေသည့် လုပ်ငန်းခွင်အတွင်း၌ အောက်ဖော်ပြပါ အခြေအနေများနှင့် ကြုံတွေ့ရပါက နေရပ်နိုင်ငံ ပြန်၍ MoU စာချုပ်အသစ် ထပ်မံ ချုပ်စရာမလိုဘဲ အခြားသော အလုပ်အသစ် (သို့မဟုတ်) လုပ်ငန်းခွင်တစ်ခုခုသို့ ပြောင်းလဲလုပ်ကိုင်နိုင်ကြောင်း ထိုင်းအလုပ်သမားအက်ဥပဒေတွင် ပြဌာန်းထားသည်။

▪️အလုပ်ရှင်မှ စာချုပ်ဖျက်သိမ်းခြင်း။ (သို့မဟုတ်) အလုပ်ရှင်မှ အလုပ် သမားအား ဆက်လက်မခန့်ထားလိုခြင်း။

▪️အလုပ်ရှင်သေဆုံးသွားခြင်း။ အလုပ်ရှင် သေဆုံးသွားသဖြင့် ဆက်လက်လုပ်ငန်းမလည်ပတ်တော့ခြင်း။

▪️အလုပ်ရှင်မှ အလုပ်သမားအား ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားခြင်း။

▪️အလုပ်ရှင်မှ လုပ်ခလစာမရှင်းပေးခြင်း။ (သို့မဟုတ်) စာချုပ်ပါ အချက် အလက်များကိုချိုးဖောက်ခြင်း။

▪️လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့်မညီညွှတ်ခြင်း။(သို့မဟုတ်) အသက်အန္တရာယ်ရှိသော အလုပ်ကိုခိုင်းစေခြင်း။

ထိုင်းအလုပ်သမားအက်ဥပဒေအရ ဖော်ပြပါ အချက် (၅) ချက်ကို အလုပ်ရှင်မှ လိုက်နာရမည်ဖြစ်ပြီး၊ မြန်မာ MoU အလုပ်သမားအနေဖြင့် လုပ်ငန်းခွင်အတွင်း ယင်း သတ်မှတ်ပြဌာန်းချက်များအား အလုပ်ရှင်ဘက်မှ ချိုးဖောက်ပါက မိမိတို့အလုပ်လုပ်ကိုင်နေသည့် နယ်မြေရှိ (စဝတ်ဒီကန်) အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးသို့ တိုင်ကြားကာ အခြား အလုပ်သစ်တစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်နိုင်သည်။

ref #မြဝတီမဲဆောက်မီဒီယာ
KN Service

20/01/2025
20/01/2025

မဲဆောက်မှာ ဈေးရောင်းနေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးဖို့ ထိုင်းနိုင်ငံသားအချို့ လှုံ့ဆော်မှုများပြုလုပ်နေ

မဲဆောက်၊ ဇန်နဝါရီ ၁၈

ထိုင်း-မြန်မာ နယ်စပ်၊ ထိုင်းနိုင်ငံ၊ တာ့က်ခရိုင်၊ မဲဆောက်မြို့မှာ တရားမဝင် ဈေးရောင်းချနေတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဖမ်းဆီးအရေးယူဖို့ ဒေသခံထိုင်းနိုင်ငံသားအချို့က လှုံ့ဆော်မှုတွေပြု လုပ်နေပါတယ်။

အဆိုပါ လှုံ့ဆော်မှုတွေကို ထိုင်းနိုင်ငံသားတွေဖွင့်လှစ်ထားတဲ့ Facebook ဂရုတွေမှာ ပြုလုပ်နေတာဖြစ်ပြီး မဲဆောက်မြို့မှာ နေထိုင်တဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ ဈေးရောင်းတာ၊ အလှပြင်ဆိုင်ဖွင့်တာ၊ စတဲ့ တားမြစ်လုပ်ငန်းတွေ လုပ်ကိုင်နေတာတွေ့ရှိရင် ဓါတ်ပုံရိုက်ပြီး ဂရုအက်ဒမင်းဆီပို့ပေးလာဖို့ လှုံ့ဆော်မှုတွေ ပြုလုပ်နေတာပါ။

ဂရုအက်ဒမင်းအနေနဲ့ ပေးပို့လာတဲ့ အချက်အလက်တွေကို စုစည်းပြီး တာ့က်ခရိုင်အုပ်ချုပ်ရေးမှူး၊ မဲဆောက်မြို့တော်ဝန်နဲ့မဲဆောက်ရဲတပ်ဖွဲ့ဆီ ပေးပို့သွားမယ်လို့ ထိုင်းဘာသာနဲ့ ရေးသားထားကိုလည်း တွေ့ရှိရပါတယ်။

ထိုင်းအစိုးရက ၎င်းတို့ရဲ့နိုင်ငံသားအကျိုးစီးပွားကို ကာကွယ်တဲ့နေနဲ့ မြန်မာ အပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေကို ဈေးရောင်းတာ၊ ဆိုင်ပင်ညှပ်ဆိုင်/အလှပြင်ဆိုင်ဖွင့်တာ၊ တက္ကစီမောင်းတာ၊ အကျိုးဆောင်ပွဲစားလုပ်တာ စတဲ့ အလုပ်အကိုင် ၂၇ မျိုးကို လုပ်ကိုင်ခွင့်မပြုပါဘူး။

အဲဒီ တာမြစ်ထားတဲ့ လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်နေချိန် ထိုင်းအာဏာ ပိုင်တွေရဲ့ ဖမ်းဆီးခြင်းခံရပါက ဒဏ်ငွေ ဘတ် ၅၀၀၀ ကနေ, ဘတ် ၅၀၀၀၀ အထိပေးဆောင်ရမယ်လို့ ထိုင်းဥပဒေမှာ ပြဌာန်းထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူဟာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် (၂) နှစ် ပိတ်သိမ်းတာခံရမှာဖြစ်ပြီး နေရပ်နိုင်ငံကိုပြန်လည်ပို့ဆောင်ခြင်းခံရမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အကြောင်းအမျိုးမျိုး‌ကြောင့် ရောက်ရှိလာပြီးအလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ အစစအရာရာ သတိပြုနေထိုင်ကြဖို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်ပေးနေသူတွေက သတိပေးပြောကြားမှုတွေ ပြုလုပ်နေပါတယ်။

Ref; #မြဝတီမဲဆောက်မီဒီယာ

ที่อยู่

Bangkae
Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

เบอร์โทรศัพท์

+66994983537

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KO NANNผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง KO NANN:

วิดีโอทั้งหมด

แชร์