ဘန်ကေါက်လမ်းညွှန် ကိုစိုင်း
ph,0816157477,0827952761
(813)
ဘန်ကောာက်လမ်းညွန်မှာ အလည်အပါတ်ခရီးစဉ်များ ကိုမိသားစုလိုက်သော်လည်ကောင်းတစ်ဦးချင်းသော်လည်ကောင်း အထူးစီစဉ်ပေးပါသည်။ဆက်သွယ်ရန် ဘန်ကောက်လမ်းညွန် (ကိုစိုင်း ) ဆက်သွယ်ရန်
Thai ph,0827952761 , 0950498383
ယနေ့ လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတွင် အလွန်ပူပြင်းမည်ဒီကနေ့ မတ်လ ၃ရက်နေ့ ထိ...
03/03/2025
ယနေ့ လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းတွင် အလွန်ပူပြင်းမည်
ဒီကနေ့ မတ်လ ၃ရက်နေ့ ထိုင်းနိုင်ငံ မိုးလေဝသဌာနသတင်းထုတ်ပြန်ချက်အရ လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းနဲ အရှေ့မြောက်ပိုင်းဒေသတွေမှာ အလွန်ပူပြင်းမယ်လို့ ခန့်မှန်းထားပါတယ်။
ပူပြင်းလှတဲ့ ရာသီဥတုကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ အရှေ့မြောက်ပိုင်းဒေသတွေမှာ နေထိုင်သူ ပြည်သူများအနေဖြင့် ကျန်းမာရေးကို အထူး ဂရုစိုက်ကြဖို့လည်း သတိပေးထားပါတယ်။
မြို့တော် ဘန်ကောက်မှာတော့ အနိမ့်ဆုံးအပူချိန်က ၂၇ ဒီဂရီစင်တီဂရိတ်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်ကတော့ ၃၈ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်တာကြောင့် အပြင်သွားလာတဲ့အခါ သတိထားသွားလာကြဖို့လည်း တိုက်တွန်းပြောကြားထားပါတယ်။
ထိုင်းနိုင်ငံအထက်ပိုင်း နဲ့ အလယ်ပိုင်းဒေသတွေမှာတော့ အပူပိုင်း ဆိုင်ရာ လေဖိအားနည်းရပ်ဝန်း ကြောင့် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ချေရှိပါတယ်။
ဒါ့အပြင် ထိုင်းပင်လယ်ကွေ့၊ တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ အားကောင်းနေတာကြောင့် ထိုင်းနိုင်ငံ အရှေ့ဘက်နဲ့ တောင်ပိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်ရွာသွန်းနိုင်ချေရှိတယ်လို့ ထိုင်းမိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းမှာ အခုနှစ် နွေရာသီကာလအတွင်း အလွန်ပူပြင်းတဲ့ ရာသီဥတုအခြေအနေ ရင်ဆိုင်ရမှာဖြစ်တာကြောင့် တောမီးနဲ့ မီးဘေးအန္တရာယ်တွေ အထူး သတိထားကြဖို့လည်း အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
Ref: Thai News
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
သဘာဝ အလှတရားကို ခံစားနိုင်မယ့် Ban Pang Ton Phueng ကို ရထားနဲ့ အလည်သွားကြမယ်Uttaradit ပြည်နယ်ရဲ့ တောင်တန်းတွေကြားမှာ တည်...
03/03/2025
သဘာဝ အလှတရားကို ခံစားနိုင်မယ့် Ban Pang Ton Phueng ကို ရထားနဲ့ အလည်သွားကြမယ်
Uttaradit ပြည်နယ်ရဲ့ တောင်တန်းတွေကြားမှာ တည်ရှိတဲ့ Ban Pang Ton Phueng ဟာ ခရီးသွားတွေအတွက် ထိုင်းရဲ့ သမိုင်းကြောင်းနဲ့ သဘာဝ အလှတရားကို သိရှိ ခံစားနိုင်မယ့် နေရာ ဖြစ်ပါတယ်။
ထိုင်းရဲ့ ယဉ်ကျေးမှု စစ်စစ်ကို ခံစားချင်သူတွေအတွက် အသစ် ဖွင့်လှစ်လိုက်တဲ့ Ban Pang Ton Phueng ရထားလမ်း အသစ်ကို မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။
ပြည်နယ်ရဲ့ Sila At ဘူတာရုံကနေ ရထားနံပါတ် 407 ဟာ ထွက်ခွာမှာ ဖြစ်ပြီး ခရီးစဉ်မှာ ရှုခင်းတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ မိနစ် ၃၀ ကြာရင် Pang Ton Phueng ဘူတာရုံကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ရထားလက်မှတ် ဈေးနှုန်းက လူတစ်ယောက်ကို ၁၂ ဘတ် ကျသင့်မှာ ဖြစ်ပြီး အဖွဲ့နဲ့သွားရင် လူတစ်ယောက်ကို ၅ ဘတ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။
ရောက်ရှိတဲ့ အခါမှာ ခရီးသွားတွေဟာ ဘုရင် ရာမ ၅ (၁၈၆၈-၁၉၁၀) လက်ထပ်က ဗိသုကာလက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ သမိုင်းဝင် Pang Ton Phueng ဘူတာရုံကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
ဘူတာရုံကနေ လမ်းအနည်းငယ်လျှောက်ရင် “Upside-down Bridge” လို့ လူသိများတဲ့ Ruangphueng Bridge ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ် အတွင်းမှာ တည်ဆောက်ထားတာ ဖြစ်ပြီး ထိုင်းမှာ တစ်ခုထဲရှိတဲ့ တံတား ဒီဇိုင်းလို့တောင် ညွှန်းဆိုကြပါတယ်။
ခရီးသွားတွေဟာ ၁၂၀.၀၉ မီတာပဲ ရှိတဲ့ ထိုင်းရဲ့ အတိုဆုံး ရထားလှိုဏ်ခေါင်း ဖြစ်တဲ့ Pang Tub Khob လှိုဏ်ခေါင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။
Ban Pang Ton Phueng ဟာ ထိုင်းရဲ့ သမိုင်းကြောင်းကို ဖော်ပြနေရုံသာမက သဘာဝအလှတရားကို ချစ်မြတ်နိုးသူတွေအတွက်လည်း နိဗ္ဗာန်ဘုံ ဖြစ်ပါတယ်။ အဲဒီမှာ ဒူးရင်းသီး၊ ငှက်ပျောသီး အပါအဝင် သစ်သီးသစ်ပင် စိုက်ခင်းတွေကို လည်ပတ်နိုင်ပါတယ်။
Ref : Nation Thailand
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
ထိုင်းမှာ ကွန်ဒို ဝယ်ယူမှု အများဆုံး နိုင်ငံတွေထဲမှာ မြန်မာ ပါဝင်နေထိုင်း အိမ်ခြံမြေ သတင်းအချက်အလက် စင်တာက ၂၀၂၄ ခုနှစ်မှ...
03/03/2025
ထိုင်းမှာ ကွန်ဒို ဝယ်ယူမှု အများဆုံး နိုင်ငံတွေထဲမှာ မြန်မာ ပါဝင်နေ
ထိုင်း အိမ်ခြံမြေ သတင်းအချက်အလက် စင်တာက ၂၀၂၄ ခုနှစ်မှာ ကွန်ဒို ဝယ်ယူမှု အများဆုံး ၁၀ နိုင်ငံကို ကြေညာလိုက်ပါတယ်။ မြန်မာ နဲ့ ထိုင်ဝမ် ဟာ ဝယ်ယူမှု အများဆုံး ဖြစ်ပြီး တရုတ်နဲ့ ရုရှား တို့က ဝယ်ယူမှု ကျဆင်းသွားပါတယ်။
အိမ်ခြံမြေ သတင်းအချက်အလက် စင်တာ (REIC) က နိုင်ငံခြားသားတွေ ကွန်ဒို ဝယ်ယူမှုဟာ ပြီးခဲ့တဲ့ ၂ နှစ်ကထက် အနည်းငယ် ကျဆင်းသွားတယ်လို့ ပြောပါတယ်။ ၂၀၂၄ ခုနှစ်မှာ ကွန်ဒို အခန်းပေါင်း ၁၄,၅၇၃ ခန်းကို ဝယ်ယူခဲ့ကြပြီး ဝယ်ယူတဲ့ ငွေပမာဏဟာ ၆.၈ ရာခိုင်နှုန်း ကျဆင်းသွားကာ ဘတ် ၆၈.၁၈ ဘီလီယမ် ရှိပါတယ်။ ဝယ်ယူတဲ့ ကွန်ဒို အခန်း ၁ ခုရဲ့ ပျမ်းမျှဈေးနှုန်းဟာ ဘတ် ၄.၇ သန်း ရှိပြီး အရင်နှစ်ရဲ့ ဘတ် ၅.၁ သန်းထက် ကျဆင်းသွားပါတယ်။
တရုတ်နဲ့ ရုရှား တို့ဟာ ဝယ်ယူမှု ကျဆင်းသွားပါတယ်။ တရုတ် ဟာ ၁၄.၃ ရာခိုင်နှုန်း ဖြစ်တဲ့ ကွန်ဒိုအခန်း ၅,၆၇၀ ကို ဝယ်ယူခဲ့ပြီး အရင်နှစ်ကထက် ၂၂.၂ ရာခိုင်နှုန်း ကျဆင်းသွားပါတယ်။ မြန်မာ နဲ့ ထိုင်ဝမ် ကတော့ ဝယ်ယူမှု အများဆုံး ဖြစ်လာပါတယ်။
မြန်မာက ကွန်ဒိုဝယ်ယူမှုဟာ ၁၄၆.၁ ရာခိုင်နှုန်း တိုးတက်လာပြီး အခန်း ၁,၃၈၈ ကို ဝယ်ယူခဲ့ကြပါတယ်။ တန်ဖိုးက ဘတ် ၇.၀၄ ဘီလီယမ် ဖြစ်ပါတယ်။ ထိုင်ဝမ်ရဲ့ ဝယ်ယူမှုဟာ ၅၇.၁ ရာခိုင်နှုန်း တိုးတက်လာပြီး အခန်း ၈၃၆ ခန်းကို ဝယ်ယူခဲ့ကြပါတယ်။ တန်ဖိုးက ဘတ် ၄.၃ ဘီလီယမ် ဖြစ်ပါတယ်။
Ref : Nation Thailand
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
စုံစုံလင်လင် “ ပတ္တရား နေ့ချင်းပြန်ခရီးစဉ် “အပတ်စဉ် အင်္ဂါနေ့နဲ့ စနေနေ့တိုင်း ထွက်လေ့ရှိတဲ့ မတ်လအတွက် ရင်ခုန်စရာ ပတ္တရား...
02/03/2025
စုံစုံလင်လင် “ ပတ္တရား နေ့ချင်းပြန်ခရီးစဉ် “
အပတ်စဉ် အင်္ဂါနေ့နဲ့ စနေနေ့တိုင်း ထွက်လေ့ရှိတဲ့ မတ်လအတွက် ရင်ခုန်စရာ ပတ္တရား‌ Day Trip Tour လာပါပြီ…
ချစ်ရသူ မိသားစု သားသားမီးမီးတွေနဲ့ အတူတကွ အလည်သွားဖို့ အသင့်တော်ဆုံး ပတ္တရား ခရီးစဉ်လေးပါ
💢လည်ပါတ်မည့်နေရာများ
✅ အထင်ကရ Khao Chi Chan လေဆာဘုရား
✅ Jurassic World ရောက်သွားသလိုခံစားစေရမယ့် Nong Nooch ပန်းခြံ (ရုက္ခဗေဒ ဥယျာဉ်)
✅ ဆင်လိမ္မာပြပွဲ နှင့် ထိုင်းရိုးရာယဉ်ကျေးမူပြပွဲ
✅ 3D ပန်းချီပြခန်း
✅ ကမ္ဘာကျော် ပတ္တရားကမ်းခြေ
🤩 ပါဝင်သောဝန်ဆောင်မှုများ
🔶ဝင်ကြေးလက်မှတ်များ
🔶အရသာရှိလှတဲ့ နေ့လယ်စာဘူဖေး
🔶အသွားအပြန် တစ်နေ့လုံးစာကားခများ
🔶မြန်မာ ဧည့်လမ်းညွှန်
🔶မနက်အစော အဆာပြေမုန့် နှင့် ရေသန့်
🏷️ဈေးနှုန်း
တစ်ဦးလျှင် 1600 ဘတ် (စရိတ်ငြိမ်း)
(၅ ဦးနှင့်အထက်ဝယ်ယူပါက တစ်ဦးလျှင် 1500 ဘတ်သာ ကျသင့်မည်ဖြစ်ပါသည်။
💢ထွက်ခွါမည့်နေ့ရက်များ
အင်္ဂါနေ့ 4 , 11 , 18 , 25 နေ့ရက်များ
စနေနေ့ - , 8 , 15 , 22 , 29 ရက်နေ့များ
🛑 မှတ်ချက် 🛑
🙏Baiyoke Sky Hotelတွင် စုရပ် ဖြစ်ပါသည်။
🙏စတင်ထွက်ခွာချိန်: မနက် ၇နာရီ
🙏ပြန်လည်‌ရောက်ရှိချိန် မှာ ည ၈ နာရီ နှင့် ၈နာရီ ခွဲ ကြားဖြစ်ပါသည်။
**(လူဦးရေ ကန့်သတ်ထားတဲ့အတွက် မြန်မြန်လေးစာရင်းပေးသွင်းထားမှစိတ်ချရမယ်နော်…)
📌 ပတ္တရားလိုက်လည်မယ်ဆို ဒါလေးတွေ သတိပြုနော်
✅ နေကာခရင်မ် သယ်လာပါ
✅ နေကာမျက်မှန်၊ဦးထုပ်၊ ချည်ထည်လက်ရှည်ထည့်လာပါ
✅ Power Bank နှင့် အားသွင်းကြိုးမရှိမဖြစ်ယူလာပါ
✅ အကြွေအနုတ် ဆောင်ယူလာပါ
✅ ဘယ်သွားသွား Hydrated ဖြစ်စေရန် ရေများများသောက်ပါ
ဆက်သွယ်ရန်
Page - messenger
Viber - +66816157477, +66827952761
Mobile -0816157477, 0906211115, 0827952761, 0950498383
တို့မှ အသေးစိတ်စုံစမ်း ကြိုတင်နိုင်ပါသည်။
⭐ ဈေးနှုန်းနှင့် ခရီးစဉ်တွင် ပါဝင်မည့်ဝန်ဆောင်မူအသေးစိတ်များအား page Messenger တွင်တောင်းခံနိုင်ပါသည် 🤩
🌈 Bangkok Office
LG-40 Ground Floor Baiyoke Sky Hotel. Soi 3 Ratchaprarop, Khet Ratchathewi Bangkok 10400.
# ဘန်ကေါက်လမ်းညွန်ကိုစိုင်း
" ဟပ်ချလောင်းလုပ်လိုက်သလို အရာရာလွယ်ကူချောမွေ့စေဖို့ ကိုစိုင်းကိုသာ အားကိုးလိုက်ကြစို့ "ထိုင်း အလည်လာသူတိုင်း အမေးများလေ...
02/03/2025
" ဟပ်ချလောင်းလုပ်လိုက်သလို အရာရာလွယ်ကူချောမွေ့စေဖို့ ကိုစိုင်းကိုသာ အားကိုးလိုက်ကြစို့ "
ထိုင်း အလည်လာသူတိုင်း အမေးများလေ့ရှိကြတဲ့
ဈေးသက်သာရဲ့လား ?
မြို့ထဲအချက်အချာကျရဲ့လား ?
BTS, Taxi လွယ်လွယ်ရရဲ့လား ?
ဘေးကင်းလုံခြုံစိတ်ချရရဲ့လား ?
ဆေးရုံနားနီးတဲ့နေရာရှာပေးလို့ရလား ?
ပတူနမ်နားနီးတာရမလား ?
ကားသံဝေးတဲ့နေရာ ရှာပေးမလား ?
စတဲ့ လားပေါင်း မြောက်များစွာထပ်စရာမလိုအောင် ဘန်ကောက်လမ်းညွှန်ကိုစိုင်းတို့ရဲ့ All in One ဟိုတယ်ဘိုကင်ဝန်ဆောင်မူကို ရယူလိုက်ပါ
ဘန်ကောက်လမ်းညွှန် ကိုစိုင်းမှာဆိုရင် Bangkok, Chaing Mai, Kanchanaburi, Pattaya, Phuket, Hua Hin, Khao Yai, Khao Lak Phang Nga, Samui, Krabi, Lampang, Sukothai စတဲ့နေရာတွေမှာ Partnership Hotel တွေရှိပါတယ်။
အဲ့ဒီနေရာတွေကို သွားတဲ့အခါ Partnership ဈေးနဲ့ သက်သက်သာသာတည်းခိုခွင့်ရနိုင်တဲ့အတွက် ဘိုကင်ချင်တယ်ဆိုရင်တော့ အမြန်ဆုံး ဆက်သွယ်လိုက်ပါခင်ဗျာ
Partner ဟိုတယ်တွေထဲကမဟုတ်ဘဲ ကိုယ်တည်းချင်တဲ့ တခြားဟိုတယ်တွေရှိခဲ့ရင်လည်း “ဘန်ကောက်လမ်းညွှန်ကိုစိုင်း” မှာ ကြိုတင်ဘိုကင်ယူပေးတဲ့ ဝန်ဆောင်မှုရှိပါတယ်
အသေးစိတ်စုံစမ်းရန် -
Page Messenger: ဘန်ကောက်လမ်းညွှန်ကိုစိုင်း
Viber: +66816157477, +66827952761
Mobile: 0816157477, 0906211115, 0827952761, 0950498383
🌈Bangkok Office
Kind So Group Travel Co., Ltd.
LG-40 Ground Floor, Baiyoke Sky Hotel, Soi 3 Ratchaprarop, Khet Ratchathewi Bangkok, 10400.
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
ကမ္ဘာမှာ အင်တာနက် အမြန်ဆုံးမှာ နံပါတ် ၁၃ ရသွားတဲ့ ထိုင်း ထိုင်းဟာ ကမ္ဘာမှာ Broadband အင်တာနက် အမြန်နှုန်းမှာ နံပါတ် ၁၃ ရ...
02/03/2025
ကမ္ဘာမှာ အင်တာနက် အမြန်ဆုံးမှာ နံပါတ် ၁၃ ရသွားတဲ့ ထိုင်း
ထိုင်းဟာ ကမ္ဘာမှာ Broadband အင်တာနက် အမြန်နှုန်းမှာ နံပါတ် ၁၃ ရသွားပြီး ပျမ်းမျှ ဒေါင်းလုပ် အမြန်နှုန်းဟာ 237.05 Mbps ရှိတယ်လို့ Speedtest Global Index 2025 စစ်တမ်းအရ သိရှိရပါတယ်။
ဒါပေမယ့် မိုဘိုင်း အင်တာနက် အမြန်နှုန်းမှာတော့ ထိုင်းဟာ နံပါတ် ၃၉ ရထားပြီး ပျမ်းမျှ ဒေါင်းလုပ် အမြန်နှုန်းဟာ 101.5 Mbps ပဲ ရှိပါတယ်။
Broadband အင်တာနက်အတွက် ကမ္ဘာ့ ပျမ်းမျှ အမြန်နှုန်းဟာ 97.61 Mbps ရှိပြီး Upload အမြန်နှုန်းက 52.84 Mbps နဲ့ Latency က 9 ms ဖြစ်ပါတယ်။
စင်ကာပူ က Broadband အင်တာနက် အမြန်နှုန်းမှာ ထိပ်ဆုံးက ဦးဆောင်နေပြီး ပျမ်းမျှအားဖြင့် 336.45 Mbps ဖြစ်ပါတယ်။ အဲဒီနောက်မှာ UAE က 310.05 Mbps ၊ ဟောင်ကောင် က 305.71 Mbps နဲ့ ရပ်တည်နေပါတယ်။
၂၀၂၅ ခုနှစ်အတွက် အင်တာနက် အမြန်ဆုံး ၁၀ နိုင်ငံက အောက်ပါအတိုင်း ဖြစ်ပါတယ်။
1. Singapore – 336.45 Mbps
2. United Arab Emirates – 310.05 Mbps
3. Hong Kong – 305.71 Mbps
4. France – 287.44 Mbps
5. Iceland – 281.95 Mbps
6. Chile – 276.77 Mbps
7. United States – 274.16 Mbps
8. Denmark – 247.62 Mbps
9. Spain – 245.58 Mbps
10. Switzerland – 242.32 Mbps
13. ထိုင်း - 237.05 Mbps
မိုဘိုင်း အင်တာနက် အမြန်ဆုံး ၁၀ နိုင်ငံ
1. United Arab Emirates – 545.94 Mbps
2. Qatar – 521.51 Mbps
3. Kuwait – 314.39 Mbps
4. Bulgaria – 252.05 Mbps
5. Bahrain – 213.09 Mbps
6. Brazil – 210.38 Mbps
7. Saudi Arabia – 201.08 Mbps
8. Denmark – 198.33 Mbps
9. South Korea – 195.27 Mbps
10. Georgia – 184.56 Mbps
39. ထိုင်း - 101.56 Mbps
Ref : Nation Thailand
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
" ထိုင်းနိုင်ငံအတွင်း ဈေးချိုချိုနဲ့ခရီးသွားဖို့ ဘန်ကောက်ကိုစိုင်းကို ဟဲလိုကြစို့ "ထိုင်းနိုင်ငံအတွင်း Express Car နဲ့ခရ...
01/03/2025
" ထိုင်းနိုင်ငံအတွင်း ဈေးချိုချိုနဲ့ခရီးသွားဖို့ ဘန်ကောက်ကိုစိုင်းကို ဟဲလိုကြစို့ "
ထိုင်းနိုင်ငံအတွင်း Express Car နဲ့ခရီးသွားမလား ?
ဒါမှမဟုတ် ရထားနဲ့သွားမလား ?
ထိုင်းပြည်တွင်း/ပြည်ပ လေယာဉ် လက်မှတ်လား ?
ဟိုတယ်ဘိုကင်တင်မလား ?
ကားစင်းလုံးငှားမလား ?
နေ့ချင်းပြန် Trip တွေ Join မလား ?
လေဆိပ်အကြို/အပို့လား ?
ဘာပဲလိုလို ထိုင်းမှာနှစ်ရှည်လများ အမာခံမိတ်သဟာပေါင်းမြောက်များစွာနဲ့ရပ်တည်လာတဲ့ ဘန်ကောက်လမ်းညွှန်ကိုစိုင်းကို အခုပဲဆက်သွယ်လိုက်ပါ....
အသေးစိတ်စုံစမ်းရန် -
Page Messenger: ဘန်ကောက်လမ်းညွှန်ကိုစိုင်း
Viber: +66816157477, +66827952761
Mobile: 0816157477, 0906211115, 0827952761, 0950498383
🌈Bangkok Office
Kind So Group Travel Co., Ltd.
LG-40 Ground Floor, Baiyoke Sky Hotel, Soi 3 Ratchaprarop, Khet Ratchathewi Bangkok, 10400.
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
ယနေ့ ထိုင်းနိုင်ငံအထက်ပိုင်းတွင် အပူချိန်မြင့်တက်ပြီး  ဘန်ကောက်မြို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်ဒီကနေ့ မတ်...
01/03/2025
ယနေ့ ထိုင်းနိုင်ငံအထက်ပိုင်းတွင် အပူချိန်မြင့်တက်ပြီး ဘန်ကောက်မြို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းမည်
ဒီကနေ့ မတ်လ ၁ရက်နေ့ ထိုင်းမိုးလေဝသဌာန သတင်း ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအထက်ပိုင်းမှာ အပူချိန်မြင့်တက်ပြီး ဘန်ကောက်မြို့တစ်ဝှမ်းမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းနိုင်ချေရှိတယ်လို့ သိရပါတယ်။
အားကောင်းနေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းနိုင်ငံ အရှေ့တောင်ဘက် ဒေသတွေမှာ လေပြင်းများ တိုက်ခတ်နေပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြုံတွေ့နိုင်တာကြောင့် ပြည်သူတွေ အထူးသတိထားကြဖို့ ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက သတိပေးထားပါတယ်။
လက်ရှိ ထိုင်းပင်လယ်ကွေ့၊ တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တို့မှာ အရှေ့လေဖိအားနည်းရပ်ဝန်း အားကောင်းနေတာကြောင့် ထိုင်းနိုင်ငံ တောင်ပိုင်းဒေသတွေမှာတော့ မိုးရွာနိုင်တယ်လို့ မိုးလေဝသဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အရှေ့မြောက်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့ကို ဖုံးလွှမ်းနေတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသတွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ချေရှိတယ်လို့ ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။
ထိုင်းမှာ အခုနှစ် နွေရာသီကာလအတွင်း အလွန်ပူပြင်းတဲ့ ရာသီဥတုအခြေအနေ ရင်ဆိုင်ရမှာဖြစ်တာကြောင့် တောမီးနဲ့ မီးဘေးအန္တရာယ်တွေ အထူး သတိရှိကြဖို့လည်း အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
Ref: The Nation Thailand
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
အာကာသထဲသွားရောက်မယ့် ပထမဦးဆုံး ကမ္ဘာကျော် အမျိုးသမီး အဆိုတော်  Katy Perry….အမေရိကန်အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ “Blue Ori...
01/03/2025
အာကာသထဲသွားရောက်မယ့် ပထမဦးဆုံး ကမ္ဘာကျော် အမျိုးသမီး အဆိုတော် Katy Perry….
အမေရိကန်အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ “Blue Origin” က NS-31 Mission ကို မိတ်ဆက်ခဲ့ပါတယ်။
ဒီ Mission မှာ ကမ္ဘာကျော် နာမည်ကြီးအမျိုးသမီး ၆ဦးကို အာကာသယာဥ်ဖြင့် အာကာသထဲ ကို ၁၁မိနစ်အကြာ သယ်ဆောင်သွားပေးမှာ ဖြစ်ပါတယ်။
အဲ့ဒီ ၆ယောက်ထဲမှာ Katy Perry လည်း အပါအဝင်ဖြစ်ပြီး အာကာသထဲသွားရောက်မယ့် ပထမဦးဆုံး အဆိုတော်အဖြစ် စံချိန်တင်လိုက်တာလည်းဖြစ်ပါတယ်။
Blue Origin ကို မစ်ရှင်ကို ကမ္ဘာကျော် နာမည်ကြီးအမျိုးသမီး ၆ဦးနဲ့အတူ စတင်ပျံသန်းလွှတ်တင်ရမှာဖြစ်တာကြောင့်များစွာဂုဏ်ယူ ဝမ်းမြောက်ကြောင်းလည်း ကုမ္ပဏီက ပြောကြားထားပါတယ်။
ဒါဟာ ရဲစွမ်းသတ္တိရှိလှတဲ့ အမျိုးသမီးများအတွက် လမ်းခင်းပေးနေတဲ့ အခွင့်အရေးတစ်ခုဖြစ်သလို Blue Origin ရဲ့ NS-31 Mission နဲ့အတူ စကြာဝဌာကနေ အတွေ့အကြုံအသစ်တွေ ဆောင်ကြဉ်းယူဆောင်လာနိုင်မှာလည်းဖြစ်ကြောင်း Blue Origin ပိုင်ရှင် Jeff Bezosက ပြောကြားထားပါတယ်။
Ref: BBC News , Blue Origin
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
မေလကစပြီး  Skype ဝန်ဆောင်မှုစတင် ရပ်နားတော့မည်ဟု Microsoft ကြေညာလိုင်းဖုန်းလုပ်ငန်းကို အနှောင့်အယှက်ပေးခဲ့တဲ့ အင်တာနက်ခေ...
01/03/2025
မေလကစပြီး Skype ဝန်ဆောင်မှုစတင် ရပ်နားတော့မည်ဟု Microsoft ကြေညာ
လိုင်းဖုန်းလုပ်ငန်းကို အနှောင့်အယှက်ပေးခဲ့တဲ့ အင်တာနက်ခေါ်ဆိုမှု ဝန်ဆောင်မှု တစ်ခုဖြစ်တဲ့ Skype ကို လာမယ့် မေလမှာ စတင်ပိတ်သိမ်းတော့မှာဖြစ်ကြောင်း Microsoft ကကြေညာချက်ထုတ်ပြန်လာပါတယ်။
Skype ပိုင်ရှင်ဖြစ်တဲ့ Microsoft ဟာ နှစ်ပေါင်း ၂၀ နီးပါးလောက် အသုံးပြုလာကြတဲ့ နိုင်ငံရပ်ခြားဖုန်းဆက်သွယ်မှုကို ပြောင်းလဲပေးခဲ့တဲ့ Skype အင်တာနက်ခေါ်ဆိုမှုဝန်ဆောင်မှုကို ရပ်နားတော့မှာဖြစ်ပါတယ်။
Skype ကို ပိတ်သိမ်းခြင်းက Microsoft အတွက် ကိုယ်ပိုင် Teams ဝန်ဆောင်မှုကို အာရုံစိုက်နိုင်စေပြီး ဆက်သွယ်ရေးဝန်ဆောင်မှုတွေကို ရိုးရှင်းအောင် လုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားထားပါတယ်။
၂၀၀၃ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Skype ဟာ ၂၀၀၀ ခုနှစ်အစောပိုင်းမှာ အသံနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ လိုင်းဖုန်းလုပ်ငန်းကို အလျင်အမြန်အနှောင့်အယှက်ပေးခဲ့ပြီး သုံးစွဲသူ သန်းရာနဲ့ချီရှိတဲ့ အသုံးပြုသူတွေနဲ့ ကုမ္ပဏီကို အထွတ်အထိပ်ရောက်စေခဲ့ပါတယ်။
ဒါပေမဲ့ မကြာသေးမီနှစ်တွေမှာ Skype ဟာအသုံးပြုရလွယ်ကူပြီး ပိုမိုယုံကြည်စိတ်ချရတဲ့ Zoom နဲ့ Salesforce ရဲ့ Slack လို ပြိုင်ဘက်တွေနဲ့ခက်ခဲစွာယှဥ်ပြိုင်ခဲ့ရပါတယ်။ တစ်စိတ်တစ်ပိုင်းအားဖြင့် Skype ရဲ့ အခြေခံနည်းပညာဟာ စမတ်ဖုန်းခေတ်အတွက် သင့်လျော်မှု လျော့နည်းလာတာကြောင့်ဖြစ်ပါတယ်။
အွန်လိုင်းဗီဒီယိုဆက်သွယ်မှုဆိုတာ FaceTime၊ Zoom နဲ့ Google Hangouts တို့က တစ်ချိန်က နေရာယူမလာခင် Skype ရဲ့ သီးသန့်နယ်ပယ်တစ်ခုနီးပါး ဖြစ်ခဲ့တာပါ။ Skype ဟာ နည်းပညာထုတ်ကုန်တစ်ခုရဲ့ အစောပိုင်းဥပမာတစ်ခုဖြစ်ပြီး ကြိယာအဖြစ် "Skype" လုပ်မယ်လို့ အသုံးပြုရတဲ့အထိ အလွန်လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။
Microsoft က ၂၀၁၁ ခုနှစ်မှာ Google နဲ့ Facebook ကို အနိုင်ယူပြီး Skype ကို ဒေါ်လာ ၈.၅ ဘီလီယံနဲ့ ဝယ်ယူခဲ့ချိန်မှာ ဝန်ဆောင်မှုမှာ လစဉ် သုံးစွဲသူပေါင်း သန်း ၁၅၀ နီးပါးရှိခဲ့ပါတယ်။ ၂၀၂၀ ခုနှစ် ကပ်ရောဂါကာလအတွင်း ခဏတာ ပြန်လည်ရှင်သန်လာသလိုရှိခဲ့ပေမဲ့ သုံးစွဲသူ ၂၃ သန်းခန့်အထိ ကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။
Google အပါအဝင် နည်းပညာကြီးကုမ္ပဏီတွေအတွက်တောင်မှ အောင်မြင်တဲ့ ဆက်သွယ်ရေးကိရိယာတွေ ဖန်တီးဖို့ဆိုတာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အခုဆိုရင် Skype က Duo နဲ့ AOL Instant Messenger တို့လို အနားပေးခံရတဲ့ ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်လာတော့မှာပါ။
Ref: Sky News , CNBC News
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
ဘန်ကောက်ဟာ အကောင်းဆုံး လမ်းဘေးစာတွေ ရောင်းချတဲ့ အာရှ ၇ နိုင်ငံထဲမှာ ပါဝင် အွန်လိုင်း ခရီးသွား အေဂျင်စီ Agoda ရဲ့ စစ်တမ်း...
01/03/2025
ဘန်ကောက်ဟာ အကောင်းဆုံး လမ်းဘေးစာတွေ ရောင်းချတဲ့ အာရှ ၇ နိုင်ငံထဲမှာ ပါဝင်
အွန်လိုင်း ခရီးသွား အေဂျင်စီ Agoda ရဲ့ စစ်တမ်းအရ ဘန်ကောက်ဟာ အကောင်းဆုံး လမ်းဘေးစာတွေ ရောင်းချတဲ့ အာရှ ၇ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။
ဘန်ကောက်၊ ဟိုချီမင်း စီးတီး၊ ကွာလာလမ်ပူ၊ အိုဆာကာ၊ ဆိုးလ်၊ စင်ကာပူနဲ့ ထိုင်ပေ တို့ဟာ အရသာ ရှိတဲ့ လမ်းဘေးစာတွေကြောင့် နာမည်ကြီးပြီး နိုင်ငံရဲ့ ဂုဏ်ကိုဆောင်ထားကြပါတယ်။
Agoda ရဲ့ စစ်တမ်းအရ အရသာ ရှိတဲ့ အစားအစာတွေကြောင့် ခရီးသွားတွေဟာ အဲဒီ မြို့တွေကို နောက်တစ်ခါ ပြန်လည် လည်ပတ်ကြတယ်လို့ သိရပါတယ်။
အရသာရှိတဲ့ လမ်းဘေးစာတွေကို ရောင်းချတဲ့ မြို့တော် ၇ ခုကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
💢ဘန်ကောက်၊ ထိုင်း
ခရီးသွားတွေအတွက် ဘန်ကောက်ရဲ့ တရုတ်တန်းလို့ နာမည်ကြီးတဲ့ Yaowarat လမ်းကိုမဖြစ်မနေ လည်ပတ်သင့်ပါတယ်။ အရသာရှိတဲ့ ဝက်သား ခေါက်ဆွဲ Guay Jub နဲ့ ပုစွန်ကင်၊ ချဉ်စပ် ဂဏန်းဟင်းတို့လို ပင်လယ်စာတွေဟာ အဲဒီမှာ နာမည်ကြီးပါတယ်။
💢ဟိုချီမင်း စီးတီး ၊ ဗီယက်နမ်
ဟိုချီမင်း စီးတီးရဲ့ Ho Thi Ky လမ်းဟာ အစားအစာ ချစ်သူတွေအတွက် နိဗ္ဗာန်ဘုံလို့တောင် တင်စားချင်ပါတယ်။ အဲဒီ လမ်းဟာ လှပတဲ့ ပန်းတွေကို ရောင်းချတဲ့ ဈေးကြောင့် နာမည်ကြီးပေမယ့် ခရီးသွားတွေကို စွဲဆောင်နေတာက အရသာရှိတဲ့ အစားအစာတွေကို ရောင်းချတဲ့ ဆိုင်တွေ ဖြစ်ပါတယ်။ ပင်လယ်စာ အကင်တွေ၊ ဗီယက်နမ် စတိုင် ပီဇာနဲ့ ခန္တာကိုယ်ကို လန်းဆန်းသွားစေမယ့် အချိုပွဲတွေကို မြည်းစမ်းနိုင်ပါတယ်။
💢ကွာလာလမ်ပူ ၊ မလေးရှား
ကွာလာလမ်ပူ ရဲ့ နာမည်ကျော် လမ်းဘေး အစားအစာ ဧရိယာ ဖြစ်တဲ့ Jalan Alor ကို မရောက်ရင် ကွာလာလမ်ပူကို မရောက်ဘူးလို့တောင် ပြောဆိုကြပါတယ်။ အဲဒီမှာ မလေးရှား၊ ထိုင်းနဲ့ တရုတ် ဟင်းချက်နည်းတွေကို ပေါင်းစပ်ထားတဲ့ အစားအစာတွေကို စားသုံးနိုင်ပါတယ်။ မီးခိုးနံ့သင်းနေတဲ့ အသားကင်တွေနဲ့ ခေါက်ဆွဲကြော်တွေဟာ နာမည်ကြီးပါတယ်။
💢အိုဆာကာ ၊ ဂျပန်
အိုဆာကာ ရဲ့ Kuromon Ichiba ဈေးဟာ ဂျပန်ရဲ့ လမ်းဘေးစာ ယဉ်ကျေးမှုကို ပြသတဲ့ နေရာ ဖြစ်ပါတယ်။ ရေဘဝဲ ၊ ထောပတ်တို့နဲ့ ပြုလုပ်ထားတဲ့ တာကိုရာကီနဲ့ အရသာစုံတဲ့ Toppings တွေနဲ့ ပြုလုပ်ထားတဲ့ ကိတ်မုန့်ဟာ နာမည်ကြီးပါတယ်။
💢ဆိုးလ် ၊ တောင်ကိုရီးယား
တောင်ကိုရီးယား ဟာ Agoda ရဲ့ Return Visitor Ranking Survey မှာ ထိပ်ဆုံး နေရာကို မကြာခင်က ရယူထားပြီး အစားအစာတွေကြောင့် ခရီးသွားတွေ ပြန်လည် လည်ပတ်တဲ့ မြို့တော် ဖြစ်ပါတယ်။ ဆိုးလ် ရဲ့ Mangwon ဈေးဟာ အစားအစာ ချစ်သူတွေ မဖြစ်မနေ လည်ပတ်ရမယ့် နေရာ ဖြစ်ပါတယ်။ ကိုရီးယား ထမင်းသုပ် Bibimbap ၊ ပဲနဲ့ ပြုလုပ်ထားတဲ့ ကိတ်မုန့်နဲ့ ဆန်နဲ့ ပြုလုပ်ထားတဲ့ ကိတ်မုန့်တို့ကို မဖြစ်မနေ မြည်းစမ်းကြည့်ပါလို့ အကြံပေးလိုက်ပါတယ်။
💢စင်ကာပူ
စင်ကာပူ ရဲ့ အထင်ကရ Lau Pa Sat ဟာ နိုင်ငံရဲ့ ကြွယ်ဝတဲ့ အစားအစာတွေကို ဖော်ညွှန်းတဲ့ နေရာ ဖြစ်ပါတယ်။ အဲဒီမှာ နာမည်အကြီးဆုံးက Satay Street ဖြစ်ပြီး အသားကင်တွေကို မြေပဲဆော့နဲ့ ရောင်းချကြပါတယ်။ ဟိုင်နန် ကြက်ဆီ ထမင်းဟာလည်း နာမည်ကြီးပါတယ်။
💢ထိုင်ပေ ၊ ထိုင်ဝမ်
ထိုင်ပေ ရဲ့ Ningxia Night Market ကို မရောက်ရင် အာရှရဲ့ အစားအစာ နိဗ္ဗာန်ဘုံကို မရောက်ဘူးလို့တောင် ညွှန်းဆိုကြပါတယ်။ အဲဒီမှာ ကမာ ကြာဇံကြော်နဲ့ တို့ဖူး အစားအစာတွေဟာ နာမည်ကြီးပါတယ်။ လူကြိုက်များတဲ့ နောက်ထပ် အစားအစာ တစ်ခုက ဝက်သား ထမင်း ဖြစ်ပါတယ်။
Ref : Nation Thailand
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
ကြိုတင်ဝယ်ယူထား ဖူးခက် ကျွန်း Day Tour Package များ 😍ဖူးခက်မှာရှိသည့် အမိုက်စားကျွန်းတွေကို အသက်သာဆုံးဈေးနဲ့ လည်နိုင်ဖို...
01/03/2025
ကြိုတင်ဝယ်ယူထား ဖူးခက် ကျွန်း Day Tour Package များ 😍
ဖူးခက်မှာရှိသည့် အမိုက်စားကျွန်းတွေကို အသက်သာဆုံးဈေးနဲ့ လည်နိုင်ဖို့အတွက် “ဘန်ကောက်လမ်းညွှန် ကိုစိုင်း” ရှိပါတယ်။
ရရှိနိုင်တဲ့ ဝန်ဆောင်မှုလေးတွေကတော့ 😍
✅ လေဆိပ်ကြို / လေဆိပ်ပို့
✅ City tour
✅ နေ့ချင်းပြန် (Joint Tour) ကျွန်းလက်မှတ်များ
✅ Dinner+ show လက်မှတ်များ
✅ ဖူးခက် ocean world လက်မှတ်
✅ ဟိုတယ်များ
✅ လေယာဉ်လက်မှတ်များ
✅ ဖူးခက်မှဝယ်ယူရရှိနိုင်သော နေ့ခြင်းပြန်ခရီးစဉ်များ
🔶 ဖူးခက်မှဝယ်ယူရရှိနိုင်သော နေ့ခြင်းပြန်ခရီးစဉ်များ
🛥💢 James Bond island with Speed Boat + buffet lunch
Adult - ၁၇၀၀ , Child - ၁၅၀၀
🛥💢 James Bond island with Big Boat + buffet lunch
Adult -၁၅၀၀ , Child ၁၃၀၀
🛥💢James Bond island with Long Tail Boat + buffet lunch
Adult ၁၄၀၀ , Child -၁၂၀၀
🛥 💢 Phi Phi Island with Ferry + buffet lunch
Adult - ၁၂၀၀ , Child - ၉၀၀
🛥 💢 Phi Phi + Maya Beach + Khai Island with Speed boat + buffet lunch
Adult - ၁၇၀၀ , Child - ၁၅၀၀
🛥 💢 Similan island with speed boat + buffet lunch
Adult - ၂၄၀၀ , Child - ၁၉၀၀
🛥 💢 Raya Island with speed boat + buffet lunch
Adult - ၁၃၀၀ , Child - ၁၂၀၀
( Child 3-10 years , 120 cm အောက် )
(ခရီးစဉ်များအားလုံးသည် နေ့ခြင်းပြန် ခရီးစဉ်များ ဖြစ်ပြီး Patong အနီးတဝိုက် အကြို / အပို့ ဖရီးဖြစ်ပါသည်။ )
🔶 Simon Cabaret Show
Adult - ၁၀၀၀ , Child - ၉၀၀
( Patong အနီးတစ်ဝိုက်ကြိုပို့ရှိပါသည် )
🔶 Fanta Sea Show
💢 Show only
Adult / child - ၁၄၉၀
💢 Show + transfers
Adult / child - ၁၈၉၀
💢 Show+dinner + transfers
Adults - ၂၀၉၀ /Child. -၁၈၉၀
( Child 100-140 cm )
( Phuket / Patong အနီးတစ်ဝိုက် ကြို / ပို့ ပါဈေးဖြစ်ပါသည်။
10 ဦးနှင့် အထက် အထူးလျှော့စျေးရှိပါသည်။
✨ မိသားစုများ / ကုမ္ပဏီအဖွဲ့အစည်းများတွက် သီးသန့်ခရီးစဉ်များလည်း စိတ်ကြိုက်စီစဉ်ပေးပါသည်။
✅ လက်မှတ်ဝယ်ယူပုံ -
(1) ထိုင်းဘဏ်ကဒ်ရှိသူများ လူကိုယ်တိုင် လာရောက်ရန် မလိုအပ်ပဲ ဘဏ်မှ ငွေလွဲ ပေးပြီး ဝယ်ယူနိုင်ပါသည်။
(2) မြန်မာပြည်မှ တိုက်ရိုက် လက်မှတ် ကြိုတင်ဝယ်ယူလိုသူများ မြန်မာပြည်မှ ကမ္ဘောဇ ၊ Kpay ၊ CB ၊ Yoma Bank များသို့ ငွေလွှဲပြီး ကြိုတင်ဝယ်ယူနိုင်ပါသည်။
QR (or) eticket များအား Viber or messenger မှ ပြန်ပို့ပေးမည်ဖြစ်ပါသည်။
✨ ဆက်သွယ်ဝယ်ယူရန်
#ဘန်ကောက်လမ်းညွန်ကိုစိုင်း
Page - messenger
Viber - +66816157477, +66827952761
တို့မှ အသေးစိတ်စုံစမ်း ကြိုတင်နိုင်ပါသည် ။
Mobile - 0816157477, 00906211115, 0827952761, 0950498383
Bangkok Office
# Kind So Group Travel Co. Ltd
LG-40 Ground Floor Baiyoke Sky Hotel .Soi 3 Ratchaprarop ,Khet Ratchathewi Bangkok 10400.
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
ကွန်ဒို အခန်းတွေကို ရက်တို ငှားရမ်းနေတဲ့ နိုင်ငံခြားသားတွေကို ထိုင်း အစိုးရ သတိပေး ထိုင်း အစိုးရက ကွန်ဒို အခန်းတွေကို ဝယ...
01/03/2025
ကွန်ဒို အခန်းတွေကို ရက်တို ငှားရမ်းနေတဲ့ နိုင်ငံခြားသားတွေကို ထိုင်း အစိုးရ သတိပေး
ထိုင်း အစိုးရက ကွန်ဒို အခန်းတွေကို ဝယ်ယူထားပြီး ဟိုတယ်လို ငှားရမ်းနေတဲ့ နိုင်ငံခြားသားတွေဟာ ထိုင်း ဥပဒေကိုချိုးဖောက်နေတာလို့ သတိပေးထားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ Anukul Prueksanusak က ပြောပါတယ်။
တရုတ် နိုင်ငံသားတွေဟာ သူတို့ရဲ့ ကွန်ဒို အခန်းတွေကို နိုင်ငံခြားသား ခရီးသွားတွေကို Airbnb ကနေ ငှားရမ်းနေတယ်လို့ သတင်းထွက်ပြီးနောက်မှာ အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။
ဒေသခံတွေက တချို့ ကွန်ဒိုတွေ၊ အထူးသဖြင့် Sukhumvit ဧရိယာမှ ကွန်ဒိုတွေမှာ ရက်တို နေထိုင်တဲ့ နိုင်ငံခြားသားတွေဟာ ဆူညံမှုတွေပြုလုပ်ပြီး ဆေးခြောက် သောက်သုံးကြတယ်လို့ တိုင်ကြားထားကြပါတယ်။
ကွန်ဒို အခန်းတွေကို ဖွင့်နိုင်တဲ့ Keycard တွေကို Lock Box တွေမှာ Digital Code တွေနဲ့ ထားရှိပေးထားပါတယ်။ အဲဒီ Lock Box တွေကို ကွန်ဒိုမှာ ထားလို့ မရတဲ့အတွက် တရုတ် နိုင်ငံသားတွေဟာ သစ်ပင်၊ လမ်းမီးတိုင်နဲ့ လမ်းဘေးဈေးဆိုင်လို ကွန်ဒိုနဲ့ အနီးအနား ဧရိယာတွေမှာ ထားရှိထားပါတယ်။
Anukul က ကွန်ဒို ဝယ်ယူထားတဲ့ နိုင်ငံခြားသားတွေဟာ Airbnb ကနေ အခန်းတွေကို ရက်တို ငှားရမ်းနေတာဟာ ဟိုတယ် ဥပဒေကို ချိုးဖောက်နေတာလို့ ပြောပါတယ်။ ဥပဒေ ချိုးဖောက်သူတွေဟာ ဒဏ်ငွေ ဘတ် ၂၀,၀၀၀ အပြင် တစ်ရက်ကို ဘတ် ၁၀,၀၀၀ ကျခံရမယ်လို့ ပြောပါတယ်။
Anukul က ပြည်ထဲရေး ဝန်ကြီးဌာနဟာ သံသယ ရှိတဲ့ ကွန်ဒိုတွေကို ဝင်ရောက်စစ်ဆေးဖို့ ပြည်နယ် အုပ်ချုပ်ရေး ဌာနကို ညွှန်ကြားထားတယ်လို့ ပြောပါတယ်။ ကွန်ဒိုတွေမှာ ဥပဒေနဲ့ မညီတဲ့ အလုပ်တွေကို ပြုလုပ်နေရင် အာဏာပိုင်တွေကို တိုင်ကြားဖို့ ပြည်သူတွေကိုလည်း အသိပေးထားပါတယ်။
Ref : Bangkokpost
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
မင်္ဂလာ နံက်ခင်းပါ ခင်ဗျာ …မြန်မာ နိုင်ငံသူ/သား များ နှင့် ကမ္ဘာသူ /ကမ္ဘာသားအားလုံး နှင့် ၃၁ ဘုံမှာကျင်လည် ကျက်စားကြကုန်...
28/02/2025
မင်္ဂလာ နံက်ခင်းပါ ခင်ဗျာ …
မြန်မာ နိုင်ငံသူ/သား များ နှင့် ကမ္ဘာသူ /ကမ္ဘာသားအားလုံး နှင့် ၃၁ ဘုံမှာကျင်လည် ကျက်စားကြ
ကုန်သော ဝေနေယျသတ္တဝါများအားလုံးကျန်းမာသုခရှိကြပါစေ။
🙏 ရာဇတောဝါ
မင်းဘေးမှလည်းကောင်း။
🙏စောရတောဝါ
ခိုးသူဘေးမှလည်းကောင်း။
🙏မနုဿတောဝါ
လူဆိုးလူကြမ်း ဘေးမှလည်းကောင်း။
🙏အမနုဿတောဝါ
ဖုတ် ၊ ဘီလူး၊ ဂုမ္ဘဏ်၊ ပြိတ္တာ ဘေးမှ လည်းကောင်း။
🙏အဂ္ဂိတောဝါ
မီးဘေးမှ လည်းကောင်း။
🙏ဥဒကတောဝါ
ရေဘေးမှ လည်းကောင်း။
🙏ကဏ္ဍကတောဝါ
ဓါး၊လှံ၊လေးမြှား၊ လက်နက်၊ ဆူးညှောင့်ဘေးမှ လည်းကောင်း။
🙏ဇနပဒရောဂတောဝါ
ဇနပုဒ်၌ဖြစ်ကုန်သော အနာရောဂါ ကပ်ရောဂါဘေးမှလည်းကောင်း။
🙏အသဒ္ဓမ္မတောဝါ
သူယုတ်တို့၏ မကောင်းသော အကျင့်ဘေးမှလည်းကောင်း။
🙏အသန္ဒိဋ္ဌိတောဝါ
မိစ္ဆာအယူရှိသော သူတို့၏ ဘေးမှလည်းကောင်း။
🙏အသပ္ပုရိသတောဝါ
သူတော်မဟုတ် သူယုတ်မာတို့၏ ဘေးမှလည်းကောင်း။
ဘေးအမျိုးရန်အသွယ်သွယ်မှ ကင်းလွတ်ငြိမ်းကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်🙏🙏🙏
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
28/02/2025
မင်္ဂလာနံက်ခင်းပါ 🙏🙏🙏
ဆံတော်ရှင် ကျိုက်ထီးရိုးဘုရား အာရုဏ်နံက်ခင်းမှာ ဆွမ်း ၊ ခဲဘွယ် ၊ ချိုချဉ်ရသာအဖြာဖြာနှင့် ပန်းရေချမ်း ဆီမီးများ လာရောက် ဆုတောင်းဝတ်ပြု နေကြသူများ….
အားလုံး၏ကုသိုလ်အဖိုးအခအား ထပ်တူရကြပါစေ …
အမျှ အမျှ အမျှ …
#ဘန်ကောက်လမ်းညွှန်ကိုစိုင်း
🎫 စျေးနှုန်းသက်သာစွာဖြင့် ဘန်ကောက် ဝင်ကြေးလက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ပါပြီ 🤩👉 ထိုင်းနိုင်ငံအနှံ့က ကစားကွင်းများ ၊ d...
28/02/2025
🎫 စျေးနှုန်းသက်သာစွာဖြင့် ဘန်ကောက် ဝင်ကြေးလက်မှတ်များကို ကြိုတင်ဝယ်ယူနိုင်ပါပြီ 🤩
👉 ထိုင်းနိုင်ငံအနှံ့က ကစားကွင်းများ ၊ dinner များနှင့် အခြားသောဝင်ကြေးလက်မှတ်များကို ⭐️ပုံမှန်ကောင်တာမှာ ရောင်းနေတဲ့ စျေးတွေထက် အထူး အထူးသော လျော့စျေးတွေနဲ့ ဘန်ကောက်လမ်းညွှန်ကိုစိုင်းမှာ အမြဲရောင်းချပေးနေတာမို့ စိတ်ချလက်ချ ကြိုတင်ဝယ်ယူထားဖို့ အကြံပေးပါရစေ 😍
❤️ အစဉ်ဆက်မပြတ် ဝယ်ယူအားပေးရန်စောင့်ဆိုင်းနေကြသော မိတ်ဆွေတော်ကြီးများ တဦးတယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိလျှက် 😘😘😘
💯 ဘန်ကောက်အတွင်းရရှိနိုင်သောဝင်ကြေးလက်မှတ်များ
(SEA LIFE Bangkok) Ocean World + Madame Tussaud's
💢Ocean + Madame + Digital photo
Adult - ၁၁၉၀ , Child - ၁၀၉၀
💢Ocean + Digital photo
Adult -၁၁၅၀ , Child - ၉၉၀
💢 Madame Tussaud’s ( only )
Adult / Child - ၄၉၀
💢Ocean + Photo + 4D
Adult - ၁၃၃၀ , Child - ၁၂၃၀
💢Ocean + Photo + Boat
Adult - ၁၃၅၀ , Child - ၁၂၅၀
💢Ocean + Photo + 4D + Boat
Adult - ၁၅၅၀ , Child - ၁၄၅၀
💢Ocean + Madame + Photo + 4D
Adult - ၁၃၇၀ , Child - ၁၂၇၀
💢Ocean + Madame + Photo+ Boat
Adult -၁၃၉၀ , Child - ၁၂၉၀
💢Ocean + Madame + Digital Photo + Boat + 4D
Adult - ၁၅၉၀ , Child - ၁၄၉၀
( Child 2-11 years )��🔶Group Price
💢Ocean only ( 15 pax & up )
🔶Adult / Child - ၇၀၀
(10 Pax & up , 15 pax + 1 free )( 28 ရက် 12 လ 2024 ထိသာ )
💢Ocean + Madame
Adult / Child -၈၉၀
💢Ocean + Madame + 4D + Boat
Adult / Child -၁၂၉၀
💢Ocean + 4D + Boat
Adult / Child -၁၂၅၀
💢Ocean + Madame + 4D
Adult / Child - ၁၀၉၀
💢Ocean + Madame + Boat
Adult / Child -၁၁၅၀
( Child 2-11 years )
🔶Dream World ( အိပ်မက်ကမ္ဘာ ကစားကွင်း )
💢 Admission Fee + Super Visa ( All Rides ) + Snow Town + Buffet Lunch
Adult/Child- ၉၉၀
💢 Admission Fee + Super visa ( All Rides ) + Snow Town
Adult/Child- ၇၉၀
( Child 90 cm အောက် ဖရီး )
🔶Siam Amazing Park(ပင်လယ်တု ရေကစားကွင်း) (roller coasters, Boomerang and Vortex , 15-10-2024 ထိယာယီပိတ် )
💢 All Rides + Buffet Lunch + Wave Pool
Adult - ၅၅၀ , Child - ၄၅၀
( Child 100-130cm )
🔶 Safari World, ( တိရိစ္ဆာန် ဥယျာဉ် )
( တနင်္လာနေ့တိုင်း ပိတ်ပါသည် )
💢Safari Park + Marine Park+ Inter Buffet Lunch
Adult/Child - ၉၉၀
💢Marine Park + Buffet Lunch
Adult/Child - ၈၉၀
💢Safari Park + Marine Park
Adult/Child - ၈၅၀
💢Marine Park only
Adult/Child - ၇၉၀
💢Safari Park only
Adult/Child - ၇၅၀
💢River Safari Ride - ၃၀၀
( Child 100 cm အောက် ဖရီး )
🔶 Mahanakhon Sky Walk
💢Indoor+ Outdoor
(10:00am- 4:00pm) - ၈၈၀
(4:00pm-7:00 PM) - ၁၀၈၀
❇️ ❇️ Baiyoke Sky Breakfast, Lunch & Dinner
❇️ Bangkok Balcony 81 Fl Breakfast
Adult- ၃၉၀ , Child -၃၅၀
6:00am-10:00am ( 1:30 hours sitting time )
❇️ Seafood & Inter Buffet 76 /78 Fl Lunch
(11:00-13:00pm, 13:00-15:00pm )
Adult -၆၉၀ , Child- ၃၉၀
❇️ Grilled Steak & Seafood Buffet 76 Fl Dinner
(17:00-19:00pm, 19:15-21:15pm )
Adult -၉၅၀ , Child- ၅၅၀
❇️ Inter Private & Caravan + Chinese buffet 79 Fl Dinner
( 18:00-21:30pm )
Adult - ၁၂၉၀ , Child- ၇၅၀
❇️ Bangkok Balcony ( Indoor ) 81 Fl Dinner
( Inter premium buffet dinner )
Adult- ၁၂၉၀ , Child - ၇၅၀
(17:00-19:00pm, 19:15-21:15pm )
❇️ Outdoor Sky-box 81 Fl Dinner
Inter premium buffet + 1 drink at Roof Top bar on 83 Fl
( 17:00-22:00pm )
Adult/Child - ၁၉၉၀
❇️ Crystal Grill 82 Fl Dinner
Inter specialized premium seafood & steak buffet
(18:00-21:30pm)
Adult - ၁၄၉၀ , Child - ၈၅၀
❇️ Baiyoke Sky Outlet (View + 1drink at 83 Fl )
Adult - ၄၅၀ , Child - ၂၉၀
(10:00am-22:00 pm)
(Child 80 - 120 cm)( 80 cm အောက် ဖရီး )
🔶 Chaophraya Cruise Sunset / Twilight
💢Chaophraya Princess Sunset
Adult- ၆၉၀, Child - ၅၅၀ ( every day 5 pm - 6:30 pm )
💢White Orchid Cruise Twilight
Adult -၆၉၀, Child - ၅၅၀ ( sat-sun - Iconsiam )
💢Royal Princess Cruise, Sunset (Asiatique)
Adult - 690, Child - 590
🔶Chaophraya River Cruise Dinner များ
💢White Orchid Cruise Dinner ( Asiatique or Iconsiam )
Adult - ၈၉၀ ( 3+1 foc , Mon-Thu )
Child - ၆၅၀
💢Chaophraya Cruise Dinner ( Asiatique )
Adult - ၈၉၀ , Child - ၇၉၀
💢Chaophraya Princess Dinner (Asiatique or Iconsiam )
Adult- ၉၅၀ , Child - ၈၅၀
💢The Opulence Cruise ( Iconsiam )
Adult- , Child -
💢 Alangka Cruise ( Iconsiam )
Adult- ၈၉၀ , Child - ၆၉၀
💢 VIVA Alangka Cruise ( Asiatique )
Adult- ၈၉၀ , Child - ၆၉၀
💢 Unicorn Cruise ( Iconsiam )
Adult- ၈၅၀ , Child - ၆၅၀
💢Royal Galaxy Cruise (Asiatique)
Adult - 1,190, Child - 990
💢Royal Princess Cruise, Dinner (Asiatique)
Adult - 890, Child - 690
( Child 4-10 years )
❇️Ancient City ( Samutprakan )
💢Ticket Only
Adult - ၄၀၀
Child - ၃၀၀ (6-14 years )
💢Ticket + Buffet Lunch
Adult - ၆၀၀
Child - ၅၀၀ (6-4 years )
Child ,2-5 years ( tickets free, 120THB for Lunch )
❇️ Pattaya မှာရရှိနိုင်သော ဝင်ကြေးလက်မှတ်များ
🔶 Art in Paradise Pattaya - ၂၀၀
🔶 Frost Magical Ice of Siam
❤️Entry Ticket Zone Himmaphan + Ice dome + Snow dome + Ice carved glass + Overcoa
Adult - ၃၉၀ , Child - ၂၉၀
❤️Himmaphan + Ice dome + Snow dome + Ice carved glass+Overcoa + snow boots + socks
Adult - ၄၉၀ , Child - ၃၉၀
🔶 Alcazar ( Lady Boy Show )
VIP, Adult / Child - ၅၄၀
Deluxe & Standard, Adult / Child - ၄၄၀
Show time , 17:00pm , 18:30pm , 20:00pm , 21:30 pm
( 90 cm အောက် ဖရီး )
🔶 Ocean World Pattaya
Adult - ၃၅၀
Child - ၂၅၀ ( 90-130 cm )
( 90 cm အောက် ဖရီး )
🔶 The Sanctuary of Truth ( 8am - 6pm )
Adult - ၄၉၀
Child - ၂၉၀ ( 110-140 cm )
( 110 cm အောက် ဖရီး )
🔶 Ramayana Water Park
Adult / Child - ၉၅၀
🔶 Columbia Pictures Aquacerse
Day ticket
Adult / Child - ၁၀၉၀
( 3 နှစ်အောက် ဖရီး )
🔶 Dolphin Show Pattaya
Show time - ( 11:00 ,14:00 ,17:00 )( 50 မိနစ်ကြာ )
VIP 1st Row.- Adult - ၈၉၀ , Child - ၆၉၀
Deluxe - Adult - ၆၉၀ , Child - ၅၉၀
Regular - Adult - ၅၅၀ , Child - ၃၉၀
💢Swimming with dolphin - 10 မိနစ်ကြာ
( 12:00 , 15:00 , 18:00 )
Adult / Child - ၄၉၉၀
Child , 80 - 120 cm ( 80 cm အောက် ဖရီး )
🔶 The Sanctuary of Truth
Adult - 490
Child - 290 ( 110-140 cm )
( 110 cm အောက် ဖရီး )
🔶Nong Nooch Garden Pattaya (Show 4 rounds/day
Show Time: 10.30 / 11.30 / 13.30 / 15.30 )
💢 Admission fee - ၄၅၀
💢 Admission Fee+ Sightseeing Bus
Adults - ၅၅၀ , Child - ၄၅၀
💢 Admission Fee+ Show
Adult - ၅၇၀ , Child - ၄၇၀
💢 Admission Fee+ Buffet ( Cattleya)
Adult - ၅၉၀ , Child - ၄၉၀
💢 Admission Fee+ Buffet ( Cattleya ) +
Sightseeing Bus
Adult -၆၅၀ , Child - ၅၅၀
💢 Admission Fee+ Buffet ( Cattleya ) + Show
Adult - ၆၉၀ , Child - ၅၉၀
💢 Admission Fee+ Show + Sightseeing Bus
Adult - ၆၅၀ , Child -၅၅၀
💢 Admission Fee+ Buffet ( Cattleya ) +
Show + Sightseeing Bus
Adult - ၇၉၀ , Child - ၆၉၀
11 ဦးနှင့်အထက် group စျေးရှိ ⭐️
( Child 90-130’cm ) ( 90 cm အောက် ဖရီး )
🔶ဟွာဟင်းမှာ ရရှိနိုင်သော လက်မှတ်များ
Venezia (Only admission tickets)
1.Gondola Ride
2.Upside Down
3.King & Queen Photo
4.Fontana DI Trevl Park
5.3D Art Gallery
6.Mini Train
7.Mini Europe
Adult/ Child - 490
Venezia (With Lunch, Set)
1.Gondola Ride
2.Upside Down
3.King & Queen Photo
4.Fontana DI Treva Park
5.3D Art Gallery
6.Mini Train
7.Mini Europe
Adult/ Child - 790
🔶 ဖူးခက်မှဝယ်ယူရရှိနိုင်သော နေ့ခြင်းပြန်ခရီးစဉ်များ
🛥💢 James Bond Island with Speedboat + buffet lunch
Adult - ၁၇၀၀ , Child - ၁၅၀၀
🛥 💢 James Bond Island with Big Boat + buffet lunch
Adult -၁၅၀၀ , Child ၁၃၀၀
🛥 💢James Bond Island with Long Tail Boat + buffet lunch
Adult ၁၄၀၀ , Child -၁၂၀၀
🛥 💢 Phi Phi Island with Ferry + buffet lunch
Adult - ၁၂၀၀ , Child - ၉၀၀
🛥 💢 Phi Phi + Maya Beach + Khai Island with Speedboat + buffet lunch
Adult - ၁၇၀၀ , Child - ၁၅၀၀
🛥 💢 Similan island with Speedboat + buffet lunch
Adult - ၂၄၀၀ , Child - ၁၉၀၀
🛥 💢 Raya Island with Speedboat + buffet lunch
Adult - ၁၃၀၀ , Child - ၁၂၀၀
( Child 3-10 years , 120 cm အောက် )
(ခရီးစဉ်များအားလုံးသည် နေ့ခြင်းပြန် ခရီးစဉ်များ ဖြစ်ပြီး Patong အနီးတဝိုက် အကြို / အပို့ ဖရီးဖြစ်ပါသည်။ )
🔶 Simon Cabaret Show
Adult - ၁၀၀၀ , Child - ၉၀၀
( Patong အနီးတစ်ဝိုက်ကြိုပို့ရှိပါသည် )
🔶 Fanta Sea Show
💢 Show only
Adult/child - ၁၄၉၀
💢 Show + Transfers
Adult/child - ၁၈၉၀
💢 Show + Dinner + Transfers
Adults - ၂၀၉၀ / Child -၁၈၉၀
( Child 100-140 cm )
( Phuket / Patong အနီးတစ်ဝိုက် ကြို / ပို့ ပါဈေးဖြစ်ပါသည်။
😍 10 ဦးနှင့် အထက် အထူးလျှော့စျေးရှိပါသည်
📣 ဘန်ကောက် / မြန်မာပြည် အနယ်နယ် အရပ်ရပ်မှ အေးဂျင့်ယူရောင်းချင်သူများအား အထူးထက်ထူးသော စျေးနှုန်းများဖြင့် စီစဉ်ပေးနေပါသည်။
✅လက်မှတ်ဝယ်ယူပုံ
( 1 ) ထိုင်းဘဏ်ကဒ်ရှိသူများ လူကိုယ်တိုင် လာရောက်ရန် မလိုအပ်ပဲ ဘဏ်မှ ငွေလွဲ ပေးပြီး ဝယ်ယူနိုင်ပါသည်။ လက်မှတ်အား e ticket ပြန်ပို့ပေးမည်ဖြစ်ပါသည်။
( 2 ) မြန်မာပြည်မှ တိုက်ရိုက် လက်မှတ် ကြိုတင်ဝယ်ယူလိုသူများ မြန်မာပြည်မှ ကမ္ဘောဇ ၊ Kpay ၊ CB ၊ Yoma Bank များသို့ ငွေလွှဲပြီး ကြိုတင်ဝယ်ယူနိုင်ပါသည်။
💢ဆက်သွယ်ဝယ်ယူရန်
#ဘန်ကောက်လမ်းညွန်ကိုစိုင်း
Page - messenger
Viber - +66816157477 ,+66827952761
တို့မှ အသေးစိတ်စုံစမ်း ကြိုတင်နိုင်ပါသည် ။
Mobile -0816157477 , 0906211115 ,0827952761 , 0950498383
🌈 Bangkok Office
# Kind So Group Travel Co. Ltd
LG-40 Ground Floor Baiyoke Sky Hotel .Soi 3 Ratchaprarop ,Khet Ratchathewi Bangkok 10400.
# ဘန်ကေါက်လမ်းညွန် ကိုစိုင်း
ที่อยู่
222/lg40 Ratcharop Soi 3
Bangkok
10150
เวลาทำการ
จันทร์ 08:00 - 22:00
อังคาร 08:00 - 22:00
พุธ 08:00 - 22:00
พฤหัสบดี 08:00 - 22:00
ศุกร์ 08:00 - 22:00
เสาร์ 08:00 - 22:00
อาทิตย์ 08:00 - 22:00
เบอร์โทรศัพท์
+66827952761
เว็บไซต์
แจ้งเตือน
รับทราบข่าวสารและโปรโมชั่นของ ဘန်ကေါက်လမ်းညွှန် ကိုစိုင်းผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา
ติดต่อ ธุรกิจของเรา
ส่งข้อความของคุณถึง ဘန်ကေါက်လမ်းညွှန် ကိုစိုင်း:
วิดีโอทั้งหมด
แชร์