JLM Visa Support Limited Partnership Chiangmai

JLM Visa Support Limited Partnership Chiangmai Visa Support

📌ထိုင်းကို (၁၄)ရက် Visa Free နဲ့ရောက်လာပြီးနောက် ထိုင်းမှာဆက်ပြီး နေထိုင်ချင်တယ်ဆိုရင် ဆက်လက်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းလ...
05/02/2025

📌ထိုင်းကို (၁၄)ရက် Visa Free နဲ့ရောက်လာပြီးနောက် ထိုင်းမှာဆက်ပြီး နေထိုင်ချင်တယ်ဆိုရင် ဆက်လက်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်

1️⃣ပထမနည်းလမ်း
🔹 (၁၄)ရက် သက်တမ်းမကုန်ခင်မှာ Online E-extension (or) Walk-in Extension နဲ့ သက်တမ်းတိုးပြီး (၁)လ ဆက်နေလို့ ရပါတယ်။ သက်တမ်းတိုးတဲ့အခါမှာ သံရုံးထောက်ခံစာတော့လိုပါတယ်။
🔹သံရုံးထောက်ခံစာဖြင့် ချင်းမိုင်တွင် သက်တမ်း(၁)ကြိမ်သာ တိုးလို့ရပါတယ်။
ဘန်ကောက်တွင်တော့ သံရုံးထောက်ခံစာဖြင့် သက်တမ်း(၂-၃) ကြိမ်ခန့်ထိတိုးလို့ရနိုင်ပါတယ်။
🔹ထိုင်းမှာ Long term ဆက်နေချင်သေးတယ်ဆိုရင်တော့ သက်တမ်း (၁)ကြိမ်တိုးပြီးတာနဲ့ချက်ချင်း အချိန်မဆွဲပဲ Non-Immigrant (Education) ED Visa (သို့) အခြား Long-term Visa တစ်ခုခုလျှောက်ပြီး နေထိုင်လို့ရပါမယ်။
🔸ထိုကဲ့သို့ Long-term Visa ကို ထိုင်းနိုင်ငံ အတွင်းမှာပဲ လျှောက်ဖို့ ရည်ရွယ်ထားရင်တော့ သက်တမ်းတိုးကို (၁)ကြိမ်သာလုပ်ပါ။ သက်တမ်း(၁)ကြိမ်တိုးထားသော သူများသာ လျှောက်လို့ရပါမှာပဲဖြစ်ပါတယ်။

2️⃣ဒုတိယ နည်းလမ်း
🔹ထိုင်းကနေ (၁၄)ရက်မပြည့်ခင် လာအို(သို့) ကမ္ဘောဒီးယားသို့ ထွက်ပြီး အဲ့ဒီမှာရှိတဲ့ ထိုင်းသံရုံးမှာ Long-term Visa တစ်ခုခုကို ကိုယ့်မှာလည်း စာရွက်စာတမ်းအစုံရှိရင် တစ်ခါတည်းလျှောက်ပြီး ထိုင်းကိုပြန်ဝင်လာပြီးနေလို့ရပါတယ်။
🔹ဒါမှမဟုတ် အဲ့ဒီမှာရှိတဲ့ ထိုင်းသံရုံးမှာ Tourist Visa လျှောက်ပြီး (၂)လနေထိုင်ခွင့် + (၁) လ Extension နဲ့ ထိုင်းကိုပြန်ဝင်လာပြီး နေလို့ရပါတယ်။ အဲ့ဒီနောက်ပိုင်း Long term နဲ့ဆက်နေချင်သေးတယ်ဆိုရင်တော့ Visa သက်တမ်းအနည်းဆုံးလက်ကျန် (၁ )လ ရှိပါက ED (သို့) Long-term visa တစ်ခုခု လျှောက်ပြီး နေထိုင်လို့ရပါမယ်။

အားလုံး အဆင်ပြေကြပါစေ 🙏
JLM Visa Support Limited Partnership Chiangmai

03/02/2025



📢 လေးစားရပါသော မိတ်ဆွေများရှင့်

📌ချင်းမိုင် Immigration နဲ့ပတ်သက်ပြီး Update လေးတစ်ခု ပြောပြပေးချင်ပါတယ်ရှင့်

🔸 အီရတ်
🔸 အီရန်
🔸 ပါလက်စတိုင်း
🔸 အစ္စရေး
🔸 ပါကစ္စတန်
🔸 နိုင်ဂျီးရီးယား
🔸 Uyghurs တရုတ်

🔺Tourist Visa To ED Visa နိုင်ငံ (၇)ခု၏ နိုင်ငံသားများ ဗီဇာပြောင်းရန် ပြောင်းခွင့်မပြုတော့ပါဘူး။ ❌

🔹 ချင်းမိုင် Immigration ၏ Update ကိုသာ Share ပေးခြင်းဖြစ်ပါတယ်။ ခွင့်မပြုတဲ့အထဲ မြန်မာနိုင်ငံတော့ မပါသေးပါဘူးရှင့်။

ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင်🙏👩🏻မိမိကိုယ်တိုင် Online မှ E-Visa လျှောက်ထားနိုင်ရန်အတွက်ပါ⬇️Tourist Visa (E-Visa) တင်ရန် လိုအပ်သောအချက်အလ...
31/01/2025

မင်္ဂလာပါရှင်🙏👩🏻
မိမိကိုယ်တိုင် Online မှ E-Visa လျှောက်ထားနိုင်ရန်အတွက်ပါ⬇️
Tourist Visa (E-Visa) တင်ရန် လိုအပ်သောအချက်အလက်များ
1. ကိုယ်ရေးအချက်အလက်ပါသော ပတ်စ်ပို့ ရှေ့ဆုံးစာမျက်နှာ
2. ၆လအတွင်း ရိုက်ထားသော နောက်ခံအဖြူရောင်နှင့် လိုင်စင်ဓာတ်ပုံ (၁) ပုံ
3. မြန်မာနိုင်ငံတွင်လျှောက်ပါက သန်းခေါင်စာရင်းနှင့် နေရပ်လိပ်စာ အပြည့်အစုံ
4. တခြားနိုင်ငံ (ဥပမာ လာအို/ကမ္ဘောဒီးယား) တွင်လျှောက်ပါက Visa တုံးထုထားသော စာမျက်နှာ (ဥပမာ လာအို/ကမ္ဘောဒီးယား သို့အဝင် Immigration Stamp)နှင့် တည်းခိုသည့် နေရာ၏လိပ်စာ အပြည့်အစုံ။
5. ထိုင်းသို့သွားမည့် လေယာဉ်လက်မှတ် (သို့) ကားလက်မှတ်
6. ထိုင်းတွင် နေထိုင်မည့် အထောက်အထား (ဥပမာ Hotel Booking, invitation letters from family/friends in Thailand)
7. ထိုင်းနိုင်ငံသို့ ယခင်က ဝင်ရောက်ဖူးခြင်း ရှိ/မရှိ
8. ထိုင်းနိုင်ငံသို့ ဝင်ရန် ဗီဇာလျှောက်ထားဖူးခြင်းရှိ/မရှိ
9. Bank Statement သည် Online မှ TR Visa လျှောက်ထားရာတွင် ပြစရာမလိုပါ။ သို့သော် Visa Fees သွင်းပြီးနောက် စာရွက်စာတမ်းများကို သံရုံးမှ စိစစ်သည့် အချိန်တွင် လိုအပ်ပါက တောင်းခံနိုင်ပါသည်။ မတောင်းရင်လည်း မတောင်းပါ။ လူတစ်ဦးနှင့် တစ်ဦးမတူညီပါ။
10. ဗီဇာကြေးကို သက်ဆိုင်ရာ ထိုင်းသံရုံးတွင် ပေးသွင်းရပါမည်။

မင်္ဂလာပါရှင် 🙏🇹🇭 ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် E-Visa လျှောက်ထားခြင်းကို Agent မအပ်ပဲ မိမိကိုယ်တိုင် Online မှ E-Visa လ...
21/01/2025

မင်္ဂလာပါရှင် 🙏

🇹🇭 ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် E-Visa လျှောက်ထားခြင်းကို Agent မအပ်ပဲ မိမိကိုယ်တိုင် Online မှ E-Visa လျှောက်ထားနိုင်ရန်အတွက် အများစုလျှောက်ကြသည့် လိုအပ်ချက်တွေကို အခုလိုဖော်ပြပေးလိုက်ပါတယ်ရှင်။

🎯Online ကနေ ဗီဇာလျှောက်ထားခြင်းနဲ့ ပတ်သက်ပြီး JLM သို့ ဖုန်း၊ Messenger တို့မှ စုံစမ်းမေးမြန်းခြင်းများအတွက် အားလုံးသိရှိစေရန် ကိုယ်တိုင်လျှောက်လိုသူများအတွက် ယခုလို sharing လုပ်ပေးခြင်းဖြစ်ပါတယ်။

➡️ချင်းမိုင်တွင် လက်ရှိ Language ED Visa ဖြင့် (၂)နှစ်ကြာနေပြီးသူများအနေဖြင့်လည်း ဆက်လက်နေထိုင်လိုပါက ထိုင်းနိုင်ငံ ပြင်ပသို့အထွက်ပြရန်လိုအပ်ပြီး Visa တစ်ခုခုလျှောက်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ပါတယ်။

➡️Visa အမျိုးအစားအားလုံးကို Online ကနေလျှောက်ထားဖို့ တရားဝင် Website ဖြစ်တဲ့ https://www.thaievisa.go.th/ မှာ Email ဖြင့် Account လုပ်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။ (Account တစ်ခုကို လျှောက်လွှာ (၁၀)ခုထိတင်လို့ရပါတယ်)

➡️Online မှာ ဖြည့်ရတဲ့ပုံစံကို မြန်မာလိုရှင်းပြထားတာကိုတော့ ဒီမှာသွားကြည့်လို့ရပါတယ် https://thaiconsularyangon.com/evisapay/index.php/instruction-2

➡️Online Form အားလုံးဖြည့်ပြီး နောက်ဆုံးအဆင့်အနေဖြင့် ရန်ကုန် ထိုင်းသံရုံးမှာ Visa Fees ပေးသွင်းခြင်းအတွက်ကိုတော့ ဒီကနေတစ်ဆင့် ရက်ချိန်း booking ယူဖို့လိုအပ်ပါတယ်။
https://thaiconsularyangon.com/evisapay/index.php/make-an-appointments
(Laos, Cambodia ကထိုင်းသံရုံးဆိုရင်တော့ Visa Fees Payment အတွက် appointment booking လုပ်စရာမလိုပါ၊ Cambodia ကထိုင်းသံရုံးဆိုရင် online ကနေ Fees ပေးလို့ရပါတယ်၊ Laos ကထိုင်းသံရုံးဆိုရင်တော့ သံရုံးမှာပဲ ငွေသွင်းရမှာပါ)

⏳Visa ရရှိရန်ကြာချိန် ကတော့ Visa ကြေးသွင်းပြီး 10-15 working days ကြာမှာပဲဖြစ်ပါတယ်။ ဒါကြောင့် Laos, Cambodia မှာလျှောက်မယ်ဆိုရင်တော့ အချိန်ပေးပြီး ရက်ကြာကြာနေဖို့ လိုအပ်ပါတယ်။ (10-15 ရက်ဆိုပေမယ့်လဲ ရက်စောပြီးလဲရနိုင်ပါတယ်ရှင့်)

ကျေးဇူးတင်ပါတယ်ရှင်🙏
JLM Visa Support Limited Partnership Chiangmai

ထိုင်းဘာသာ/မွေထိုင်း သင်တန်းအတွက် ED Visa (E-Visa) တင်ရန် လိုအပ်သောအချက်အလက်များ1. ကိုယ်ရေးအချက်အလက်ပါသော ပတ်စ်ပို့ ရှေ့...
18/01/2025

ထိုင်းဘာသာ/မွေထိုင်း သင်တန်းအတွက် ED Visa (E-Visa) တင်ရန် လိုအပ်သောအချက်အလက်များ
1. ကိုယ်ရေးအချက်အလက်ပါသော ပတ်စ်ပို့ ရှေ့ဆုံးစာမျက်နှာ
2. ၆လအတွင်း ရိုက်ထားသော နောက်ခံအဖြူရောင်နှင့် လိုင်စင်ဓာတ်ပုံ (၁) ပုံ
3. မြန်မာနိုင်ငံတွင်လျှောက်ပါက သန်းခေါင်စာရင်းနှင့် နေရပ်လိပ်စာ အပြည့်အစုံ
4. တခြားနိုင်ငံ (ဥပမာ လာအို/ကမ္ဘောဒီးယား) တွင်လျှောက်ပါက Visa တုံးထုထားသော စာမျက်နှာ (ဥပမာ လာအို/ကမ္ဘောဒီးယား သို့အဝင် Immigration Stamp)နှင့် တည်းခိုသည့် နေရာ၏လိပ်စာ အပြည့်အစုံ။
5. ငွေကြေးအထောက်အထားအတွက် ဘဏ်စာရင်း (၃)လစာ (Financial evidence e.g. bank statements, sponsorship letter covering tuition fees and living expenses)
6. ကျောင်းဘက်မှထုတ်ပေးသော စာရွက်စာတမ်းများ (Letter from relevant authority under the Ministry of Education/Letter from relevant organizations including Sports Authority of Thailand)
7. ကျောင်းဘက်မှထုတ်ပေးသော စာရွက်စာတမ်းများ (Letter confirming enrollment details from school signed by authorized person together with a copy of ID card or passport of the signer)
8. ထိုင်းနိုင်ငံသို့ ယခင်က ဝင်ရောက်ဖူးခြင်း ရှိ/မရှိ
9. ထိုင်းနိုင်ငံသို့ ဝင်ရန် ဗီဇာလျှောက်ထားဖူးခြင်းရှိ/မရှိ
10. ဗီဇာကြေးကို သက်ဆိုင်ရာ ထိုင်းသံရုံးတွင် ပေးသွင်းရပါမည်။

ဂရုတစိုက်ပါ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ခွင့်မရှိပူးနော် မိုင်းမိုင်ဈေးမှာဝင်စစ်ဆေးပါတယ်။
09/01/2025

ဂရုတစိုက်ပါ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ခွင့်မရှိပူးနော် မိုင်းမိုင်ဈေးမှာဝင်စစ်ဆေးပါတယ်။

📢 Notary ပြုလုပ်ရာတွင် သတိပြုရန်❗📌လေးစားရပါသော မိတ်ဆွေများရှင့်၊  ကလေးများအတွက် ED Visa နှင့် အုပ်ထိန်းသူ မိဘများအတွက် G...
04/12/2024

📢 Notary ပြုလုပ်ရာတွင် သတိပြုရန်❗

📌လေးစားရပါသော မိတ်ဆွေများရှင့်၊ ကလေးများအတွက် ED Visa နှင့် အုပ်ထိန်းသူ မိဘများအတွက် Guardian Visa လျှောက်ထားရန်အတွက် ချင်းမိုင် Immigration တွင် Notary စာရွက်စာတမ်းများ (အထူးသဖြင့် ကလေး၏မွေးစာရင်း Notary) တင်ပြရပါတယ်။

🔸 ထိုကဲ့သို့တင်ပြရာ၌ ကလေးအမည်နှင့် မိဘအမည်တို့သည် Passport ရှိအမည်နှင့် Notary ရှိအမည်တို့မှာ ကွက်တိ အပိုအလိုမရှိ တူညီနေရမှာဖြစ်ပါတယ်။ အမည်ကွဲလွဲနေပါက Immigration ကလုံးဝလက်ခံမည်မဟုတ်ဘဲ ❌ Notary အသစ်ပြန်တောင်းမှာဖြစ်ပါတယ်။

⚠️ အမည်ကွဲလွဲတဲ့ပုံစံနမူနာအချို့ကို ပုံမှာကြည့်ပါ။ (အမည်တွင် "U", "Daw" ထည့်ရေးထားခြင်း၊ Nick name များပါရှိနေခြင်း၊ စသဖြင့်)

🔹 ဒါကြောင့် မလိုလားအပ်သော အဆင်မပြေမှု၊ ကြန့်ကြာမှုများမဖြစ်စေရန်အတွက် Notary ပြုလုပ်ရာတွင် Passport ထဲကအမည်နှင့် ကွက်တိတူရမှာဖြစ်ကြောင်း သတိပြုရန် အသိပေးလိုက်ရပါတယ်ရှင်။

---------------------
ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

     📢 လေးစားရပါသော မိတ်ဆွေများရှင့်📌ချင်းမိုင် Immigration နဲ့ပတ်သက်ပြီး Update လေးတစ်ခု ပြောပြပေးချင်ပါတယ်ရှင့် 🔸 အီရတ...
26/11/2024



📢 လေးစားရပါသော မိတ်ဆွေများရှင့်

📌ချင်းမိုင် Immigration နဲ့ပတ်သက်ပြီး Update လေးတစ်ခု ပြောပြပေးချင်ပါတယ်ရှင့်

🔸 အီရတ်
🔸 အီရန်
🔸 ပါလက်စတိုင်း
🔸 အစ္စရေး

🔺ED Visa (၁)နှစ်ရရှိထားသော အထက်ဖော်ပြပါ နိုင်ငံ (၄)ခု၏ နိုင်ငံသားများ ကို ဒုတိယနှစ်အတ္ပက် Extension ထပ်လုပ်ဖို့ (ED to ED ဒုတိယနှစ်အတွက်ဆက်လက်သက်တမ်းတိုးခြင်း) ကိုခွင့်မပြုတော့ပါဘူး။ ❌

🔹 ချင်းမိုင် Immigration ၏ Update ကိုသာ Share ပေးခြင်းဖြစ်ပါတယ်။ ခွင့်မပြုတဲ့အထဲ မြန်မာနိုင်ငံတော့ မပါသေးပါဘူးရှင့်။

ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

📢 လေးစားရပါသော မိတ်ဆွေများရှင့်📌ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ 🇹🇭 အစိုးရရုံးပိတ်ရက်များရှိနေသောကြောင့် မိတ်ဆွေများအနေဖြင့်...
21/11/2024

📢 လေးစားရပါသော မိတ်ဆွေများရှင့်

📌ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ 🇹🇭 အစိုးရရုံးပိတ်ရက်များရှိနေသောကြောင့် မိတ်ဆွေများအနေဖြင့် Immigration ကိစ္စနှင့် အစိုးရဌာနဆိုင်ရာ ကိစ္စများကို ရုံးပိတ်ရက်များတွင်ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

📅 သို့ဖြစ်ပါ၍ ဌာနဆိုင်ရာရုံးကိစ္စများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန်အတွက် အစိုးရရုံးပိတ်ရက်များကို အသိပေးကြေညာအပ်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင် 🙏

JLM Visa Support Limited Partnership Chiangmai

📢 ချင်းမိုင်တွင်  ED Visa ဖြင့် Certificate သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများသို့ အသိပေးအကြံပြုချက် 📝🛂 Visa သက်တမ်...
18/11/2024

📢 ချင်းမိုင်တွင် ED Visa ဖြင့် Certificate သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများသို့ အသိပေးအကြံပြုချက် 📝

🛂 Visa သက်တမ်းကုန်သည့် နေ့ နှင့် သင်တန်းပြီးဆုံးသည့်နေ့မှာ မတူညီနိုင်ပါ။
• ဥပမာ- Visa သက်တမ်းသည် July 2025 ထိသက်တမ်းကျန်သေးသော်လည်း သင်တန်းမှာ February (သို့) March 2025 တွင်စောစီးစွာ ပြီးသွားနိုင်ပါသည်။

🏫 ထိုကဲ့သို့သော် ကိစ္စရပ်မျိုးတွင် Visa သက်တမ်းကျန်သေးသော်လည်း သင်တန်းကာလကျော်လွန်ပြီးဆုံးပြီးမှ ကျောင်းတွင် ထောက်ခံစာ (ဥပမာ Bank Account ဖွင့်ရန် ထောက်ခံစာ) တောင်း၍ မရကြောင်း၊ ကျောင်းဘက်မှ သင်တန်းပြီးသွားပြီးဖြစ်သဖြင့် ထောက်ခံစာထုတ်ပေးမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။

💡 သို့ဖြစ်ပါ၍ မိမိလိုအပ်သော သက်ဆိုင်ရာ ထောက်ခံစာနှင့် စာရွက်စာတမ်းများကို ED Visa ရရှိပြီးနောက် ကျောင်းတွင် စောစီးစွာ တောင်းထားကြပါရန် အကြံပြုလိုက်ရပါတယ်ရှင်။

(မှတ်ချက်။ ကျောင်းဘက်မှ ထုတ်ပေးသော ထောက်ခံစာများသည်လည်း ကျောင်းပေါ်မူတည်၍ Valid ဖြစ်သော ကာလမှာ ရက် (၃၀) မှ ရက် (၆၀) ခန့်ထိ ရှိတတ်ပါသည်။)

ကျေးဇူးတင်ပါတယ်ရှင် 🙏

JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင် ☀️📜 Visa Cancellation လုပ်ရန်အတွက် Visa Cancellation Letter 📑 များကို ကျောင်းတွင် တောင်းခံခြင်းနှင့် Visa ...
09/11/2024

မင်္ဂလာပါရှင် ☀️

📜 Visa Cancellation လုပ်ရန်အတွက် Visa Cancellation Letter 📑 များကို ကျောင်းတွင် တောင်းခံခြင်းနှင့် Visa Cancellation ပြုလုပ်ခြင်းတို့နဲ့ ပတ်သက်ပြီး အသိပေးပြောကြားချင်တာလေး ရှိပါတယ်ရှင့်။

🔹 စာရွက်စာတမ်းများတောင်းခံခြင်း
• ကျောင်းတွင် အထက်ဖော်ပြပါ စာရွက်စာတမ်းများ တောင်းခံရာတွင် အလုပ်လုပ်ရက် အချိန် ၇ ရက်မှ ၁၀ ရက် (7 to 10 Working Days) စောင့်ရပါမယ်နော် ⏳
• ထိုသို့ ထောက်ခံစာနှင့် စာရွက်စာတမ်းများတောင်းခံရာတွင် ကျောင်းသို့ ပေးသွင်းရသော Fees ကျသင့်ငွေ ရှိမှာဖြစ်ပါတယ်။ ပေးရမယ့် Fees ဟာလည်း ကျောင်းပေါ်မူတည်ပြီးတော့ မတူပါဘူး။
• စာရွက်စာတမ်းတောင်းခံရာတွင် ကိုယ်တိုင်တောင်းခံရန် လိုအပ် ပါတယ်။ Agency မှ တောင်းပေးလို့ မရပါဘူး ❌

👉 စာရွက်စာတမ်းများတောင်းခံခြင်း အသေးစိတ်ဖတ်ရန် Link: https://www.facebook.com/share/p/159oQ6ttwh/
---------------------------------------------

🔸 Visa Cancellation နဲ့ ပတ်သက်ပြီး သတိပြုစရာများ

• Education Visa ကို Cancel မလုပ်ပဲ ထိုင်းကနေ ထွက်သွားလို့ရလား ဆိုရင်တော့ ရပါတယ်။ ထိုင်းကို ပြန်ဝင်လာတဲ့အခါ (ဥပမာ- TR Visa နဲ့) ကုန်လမ်းကြောင်းနဲ့သော်လည်းကောင်း၊ လေကြောင်းနဲ့သော်လည်းကောင်း ဝင်လာလို့လည်းရပါတယ်။ ✈️။
• ဒါပေမယ့် Visa သက်တမ်းတိုး (or) Visa ပြောင်းခြင်း အတွက် Immigration သို့သွားသောအခါ တွင် ၎င်းတို့ကို ဘာတစ်ခုမှ ဆောင်ရွက်လို့ရမှာ မဟုတ်ပါဘူး❗
• Visa Cancellation မလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Visa Cancellation ကလည်းအရေးကြီးတယ်ဆိုတာကို သတိထားရမှာဖြစ်ပါတယ်။ ⚠️

---------------------------------------

🔹 Visa Cancellation ကြိုလုပ်နိုင်မယ်
• Visa Expiry Date နားကပ်မှ မလုပ်ပဲ ကြိုလုပ်လို့ရပါတယ် 📆
• Cancellation Letter ကို ကြိုတင်ရယူပြီး Visa သက်တမ်းရက်ကုန်သည့်အထိ ထိုင်းမှာ နေရန် အခွင့်အရေးရှိပါတယ်။
• ဥပမာ။ Visa က 20-Nov ရက်ဆိုကုန်မယ်၊ ကျောင်းကနေ Cancellation Letter ကို 1-Nov မှာရလာပြီး Date ကိုလဲ 20-Nov ထိနေလို့ရအောင် Letter ထဲမှာ ဖော်ပြထားမယ်ဆိုရင် Immigration မှာ 1-Nov မှာ Stamp သွားထုရင်လည်း 20-Nov ထိနေလို့ရပါတယ်။
• Cancellation အတွက် Immigration မှာ တုံးထုတာကို Visa Expire မဖြစ်ခင် (၂၁)ရက်ကြိုတင်ပြီး ဆောင်ရွက်လို့ရပါတယ်။ ဒါကြောင့် အနားကပ်မှ မလုပ်ကြပဲနဲ့ ကျောင်းကနေ Cancellation Letter ယူတဲ့အခါ ကျောင်းဘက်ကလဲ အချိန်ယူ ( အလုပ်ချိန် ၇ ရက်မှ ၁၀ ရက်) ဆောင်ရွက်ရတာမို့လို့ စာရွက်စာတမ်းများ စောစီးစွာ တောင်းယူထားဖို့ အကြံပြုလိုက်ပါတယ် 🚀

---------------------
ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

    📌မိတ်ဆွေများသို့ အသိပေးကြေညာချက်🛤️ ချင်းမိုင် Immigration ၏ policy အသစ်အရ 🛂 ကုန်းလမ်းကြောင်းဖြင့် ဝင်ရောက်လာသူများအန...
13/10/2024



📌မိတ်ဆွေများသို့ အသိပေးကြေညာချက်

🛤️ ချင်းမိုင် Immigration ၏ policy အသစ်အရ 🛂 ကုန်းလမ်းကြောင်းဖြင့် ဝင်ရောက်လာသူများအနေဖြင့် ချင်းမိုင်တွင် Visa ပြောင်းလဲ လျှောက်ထားခြင်း (ဥပမာ Tourist Visa မှ ED Visa သို့ပြောင်းလျှောက်ထားခြင်း) ပြုလုပ်၍ မရတော့ကြောင်းအသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။

⏳ ကုန်းလမ်းကြောင်းဖြင့် ဝင်ရောက်လာသူများအနေဖြင့် Visa သက်တမ်းတိုးကိစ္စများကိုတော့ နဂိုမူလအတိုင်း သက်တမ်းတိုးနိုင်ပါတယ်။

✈️ လေကြောင်းဖြင့် ဝင်ရောက်လာသူများအနေဖြင့် ပုံမှန်အတိုင်း ချင်းမိုင်တွင် Visa ပြောင်းလဲလျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။

----------------------
ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင်🙏📌14 Days arrival ဖြင့် ချင်းမိုင်သို့ ရောက်ရှိလာသူများ အနေဖြင့် ထိုင်းနိုင်ငံ ပြင်ပသို့ ထွက်စရာမလိုပဲ Long...
27/08/2024

မင်္ဂလာပါရှင်🙏
📌14 Days arrival ဖြင့် ချင်းမိုင်သို့ ရောက်ရှိလာသူများ အနေဖြင့် ထိုင်းနိုင်ငံ ပြင်ပသို့ ထွက်စရာမလိုပဲ Long Term Visa (ED, Retirement, Guardian) တစ်ခုခုကို ပြောင်းမည်ဆိုပါက 14 Days ကို E-extension ဖြင့် ဗီဇာ (၁)လ သက်တမ်းတိုးကာ Long-term Visa သို့ “ချက်ချင်း”လျှောက်ထားရန်လိုအပ်ပါတယ်ရှင် (Visa သက်တမ်း ၁ လကျန်ရန် လိုအပ်သောကြောင့်ဖြစ်ပါတယ်)
⚠️သတိပြုရန်။ 14 Days arrival ကို E-extension (၂)ကြိမ် တိုးထားပါက ချင်းမိုင် Immigration တွင် Long-term Visa သို့ပြောင်းလို့မရပါ❗
🙋🏻 ချင်းမိုင်တွင် E-extension ပြုလုပ်ရန် အောက်ပါ အချက်အလက်များလိုအပ်ပါတယ်။
• Passport ဓာတ်ပုံ (နောက်ခံ အဖြူရောင် 4x6 cm)
• Passport Bio Page and Visa Stamp Page
• TM 30 (ချင်းမိုင်လိပ်စာဖြင့်)
• သံရုံးထောက်ခံစာ (ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးတွင် စုံစမ်းနိုင်ပါတယ်ရှင်)
E-extension အကြောင်း အသေးစိတ်ဖတ်ရန် Link: https://www.facebook.com/share/p/jeqFdQG6Gqm46T6A/
---------------------
🔹14 Days arrival ဖြင့် ဝင်လာပြီးနောက် Long-term visa မပြောင်းပဲ ထိုင်းတွင် ၂-၃ လ ခန့်သာ ခေတ္တနေထိုင် လိုသူများအနေဖြင့်လည်း E-extension ကို (၂-၃)ကြိမ်ခန့် တိုး၍နေထိုင်နိုင်ပါတယ်။
🔸 သို့သော် E-extension ကို (၁)ကြိမ်ထက်မက ပြုလုပ်လိုပါက ဘန်ကောက်တွင်သာ ပြုလုပ်ကြပါရန်နှင့် ချင်းမိုင်တွင် သံရုံးထောက်ခံစာဖြင့် Extension ကို (၁)ကြိမ်သာ ပြုလုပ်နိုင်ကြောင်း ကိုလည်း အသိပေးအပ်ပါတယ်ရှင်။
---------------------
🔸Tourist Visa နှင့် Visa E-extension တို့ကနေ Other Visa or Long term Visa ပြောင်းလိုပါက Visa Change ရန်အတွက် ချင်းမိုင် Immigration သို့ဝင်သည့်နေ့၊ Immigration တွင် ဓာတ်ပုံရိုက်သည့်နေ့တွင် မိမိ Passport တွင် “Visa သက်တမ်း (၁)လ” ကျန်ရှိရပါမယ်ရှင်❗❗
---------------------
ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင် 🙏📌Education Visa ရရှိပြီးနောက်တွင် အကြောင်းတစ်ခုခုကြောင့် ထိုင်းနိုင်ငံမှ မိမိနိုင်ငံ (သို့) အခြား နိုင်ငံ...
05/08/2024

မင်္ဂလာပါရှင် 🙏
📌Education Visa ရရှိပြီးနောက်တွင် အကြောင်းတစ်ခုခုကြောင့် ထိုင်းနိုင်ငံမှ မိမိနိုင်ငံ (သို့) အခြား နိုင်ငံ တစ်ခုခုသို့ သွားစရာကိစ္စပေါ်လာပါက (ထိုင်းနိုင်ငံသို့ ဝင်/ထွက်ပြုလုပ်လိုပါက) လတ်တလော အခြေအနေအရ သတိထားစရာလေးတွေ ရှိနေပါတယ်ရှင်⚠️
🔶 ထိုသို့ ထိုင်းနိုင်ငံမှ ထွက်ခွာပြီး ပြန်လည်ဝင်ရောက်ရာတွင် ချင်းမိုင်လေဆိပ်ရှိ Officer များသည် ဘန်ကောက် လေဆိပ်များရှိ Officer များလောက် စစ်ဆေးမေးမြန်းခြင်း မရှိသော်လည်း ဘန်ကောက်လေဆိပ် (၂)ခုလုံးရှိ Officer များသည် တင်းကြပ်စွာ စစ်ဆေး မေးမြန်းတတ်ကြပါတယ်။
🔶မိတ်ဆွေများ အနေဖြင့် ထိုင်းနိုင်ငံသို့ ဝင်/ထွက်ပြုလုပ်ရန် Re-entry stamp ပါရှိနေသော်လည်း Language School ဖြင့်သော်လည်းကောင်း၊ University မှ Language Course ဖြင့်သော် လည်းကောင်း Education Visa ရရှိထားပါက ထိုင်းလေဆိပ် သို့ပြန်ဝင်ရာတွင် Immigration Officer များ၏ စစ်ဆေးမေးမြန်းခြင်းကို ခံရနိုင်ပါတယ်။
🔶လတ်တလောရရှိထားသော သတင်းများအရ Language School အမှန် တကယ်တက်နေခြင်းရှိ/မရှိ၊ University တွင်တက်နေသော Language Class ဖြစ်ပါကလည်း ကျောင်း၏ Website ထဲဝင်ရောက်၍ Student ID နှင့် Password တို့ကိုရိုက်ထည့်ခိုင်းကာ စစ်ဆေးခြင်းတို့ကို ပြုလုပ်ခိုင်းတယ်လို့ ကြားသိရပါတယ်။
🔺Website ထဲဝင်မရက ထိုင်းနိုင်ငံထဲသို့ ပေးမဝင်ခြင်းမျိုး စသဖြင့် Officer များ၏ရစ်ခြင်းနှင့် မလိုအပ်ပဲ ငွေကြေးကုန်ကျခြင်းများ ရှိနိုင်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံသို့ မဖြစ်မနေ ကိစ္စတစ်ခုခုကြောင့် ဝင်/ထွက် ပြုလုပ်ရန် လိုအပ်ပါက ထိုသို့ စစ်ဆေးခြင်းများကို သေချာပြင်ဆင်သွားကြပါရန် အကြံပြုလိုက်ရပါတယ်။
(🔗Education Visa ရရှိပြီးနောက်ပြီး ထိုင်းနိုင်ငံသို့ ဝင်/ထွက် ပြုလုပ်လိုပါက Re-entry stamp ထုရန်လိုအပ်ပါတယ်ရှင်.. Re-entry stamp အကြောင်းဖတ်ရန် Link: https://www.facebook.com/share/p/8NLzNu8R1dYHKqbw/ )
ကျေးဇူးတင်ပါတယ်ရှင် 😊
အားလုံးအဆင်ပြေကြပါစေ 🙏
JLM Visa Support Limited Partnership Chiangmai

📌𝗩𝗶𝘀𝗮 𝗨𝗽𝗱𝗮𝘁𝗲 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻မင်္ဂလာပါရှင်🙏ထိုင်းနိုင်ငံ၊ ချင်းမိုင်သို့ ရောက်ရှိနေသော အမျိုးသားများအနေဖြင့် Education Visa ရ...
01/08/2024

📌𝗩𝗶𝘀𝗮 𝗨𝗽𝗱𝗮𝘁𝗲 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻

မင်္ဂလာပါရှင်🙏

ထိုင်းနိုင်ငံ၊ ချင်းမိုင်သို့ ရောက်ရှိနေသော အမျိုးသားများအနေဖြင့် Education Visa ရရှိရန်အတွက် ထိုင်းနိုင်ငံ ပြင်ပသို့ ထွက်၍ Visa Run ရန် မလိုအပ်တော့ပဲ ယခု အခါတွင် "𝟱-𝗔𝘂𝗴𝘂𝘀𝘁-𝟮𝟬𝟮𝟰 (𝗠𝗼𝗻𝗱𝗮𝘆)" မှစ၍ ထိုင်းနိုင်ငံအတွင်း၌ပင် Edcuation Visa လျှောက်ထားလို့ရပြီ (Tourist Visa မှ ED Visa သို့ပြောင်းလျှောက်လို့ရပြီ) ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်📣🥰

(မှတ်ချက်။ ။ ED Visa ပြုလုပ်ရန်အတွက် လက်ရှိ Visa သက်တမ်း (၄၅)ရက်ကျန်ရှိရန် လိုအပ်ပါတယ်)

----------------------
ကျေးဇူးတင်ပါတယ်ရှင်
JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင်🙏🇱🇦 🇰🇭 🇹🇭----------ထိုင်းနိုင်ငံတွင် Long-term နေထိုင်နိုင်ရန် Education Visa များဆောင်ရွက်ရန်အတွက် JLM အနေ...
23/07/2024

မင်္ဂလာပါရှင်🙏🇱🇦 🇰🇭 🇹🇭
----------
ထိုင်းနိုင်ငံတွင် Long-term နေထိုင်နိုင်ရန် Education Visa များဆောင်ရွက်ရန်အတွက် JLM အနေဖြင့် Laos နှင့် Cambodia နိုင်ငံများတွင် Visa Application Assistance ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေပါတယ်ရှင်။ 📣
------
ဝန်ဆောင်မှု Package တွင်
✅၂ ညအိပ်ဟိုတယ်ခ (3 days, 2 nights Hotel fees)
✅ဘန်ကောက်မှ လာအိုသို့သွား/ပြန် ကားခ (Mini Van စီစဉ်ပေးပါမည်)
✅သံရုံး Visa ကြေး တို့ပါဝင်မှာ ဖြစ်ပါတယ်။
🔹Cambodia Visa Run အတွက်လည်း Visa ရရှိမှုသေချာစေရန် စိတ်ချယုံကြည်ရသော Agent အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် ပေးနေပါတယ်။ 😊
⚠️မှတ်ချက်။ ။ Policy အသစ်အရ မိတ်ဆွေများ အနေဖြင့် ထိုင်းနိုင်ငံမှ လာအိုနှင့် ကမ္ဘောဒီးယားသို့ သွားရောက် Visa run ရာတွင် နယ်စပ်ဖြတ် ကုန်လမ်းဖြင့် သွားရောက်ရန်အတွက် လက်ရှိတွင် Tourist Visa ရှိထားမှသာ Thai Border နယ်စပ်ဖြတ်၍ ရမှာ ဖြစ်ပါတယ်။ On Arrival 14 Days Visa Free ဖြင့် ထိုင်းနိုင်ငံမှ နယ်စပ်ဖြတ်၍ ပေးမသွားတော့ပါ။ 14 Days Visa Free သမားများ အနေဖြင့် လေယာဉ် only ဖြင့်သာ လာအိုနှင့် ကမ္ဘောဒီးယားသို့ သွားနိုင်မှာ ဖြစ်ပါတယ်။
➥ အသေးစိတ် သိရှိလိုပါက Messenger နှင့် ဖော်ပြပါ ဖုန်းနံပါတ်များမှတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ရှင်။
➥ ဗီဇာ သက်တမ်းတိုးခြင်း နှင့် ဗီဇာ အမျိုးအစားပြောင်းလဲခြင်းဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျှက်ရှိပါတယ်။
𝗣𝗵𝗼𝗻𝗲:
📱 𝟬𝟲-𝟰𝟰𝟳𝟱-𝟮𝟮𝟯𝟯
📱 𝟬𝟲-𝟱𝟴𝟴𝟲-𝟰𝟳𝟴𝟵
ကျေးဇူးတင်ပါတယ်ရှင် 🙏
𝗝𝗟𝗠 𝗩𝗶𝘀𝗮 𝗦𝘂𝗽𝗽𝗼𝗿𝘁 𝗟𝗶𝗺𝗶𝘁𝗲𝗱 𝗣𝗮𝗿𝘁𝗻𝗲𝗿𝘀𝗵𝗶𝗽 𝗖𝗵𝗶𝗮𝗻𝗴𝗺𝗮𝗶

မင်္ဂလာပါရှင်🙏📌 Education Visa ဖြင့် ကျောင်း‌ထောက်ခံစာ ယူ၍ Bank Account ဖွင့်ခြင်းနဲ့ ပတ်သက်ပြီး မိတ်ဆွေများကို အသိပေး အ...
22/07/2024

မင်္ဂလာပါရှင်🙏
📌 Education Visa ဖြင့် ကျောင်း‌ထောက်ခံစာ ယူ၍ Bank Account ဖွင့်ခြင်းနဲ့ ပတ်သက်ပြီး မိတ်ဆွေများကို အသိပေး အကြံပြုချင်တာလေးရှိပါတယ်ရှင့် 😊
🔹ထိုင်းနိုင်ငံ ပြင်ပတွင် Education Visa လျှောက်၍ ပထမ(၃)လ ဗီဇာ ကနဦးရရှိထားသူများ အနေဖြင့် Bank Account ဖွင့်ခြင်းကို နောက်ထပ်(၁)နှစ် Visa မရမီ အချိန်ကာလအတွင်း ပြုလုပ်ဆောင်ရွက်ရန် မလွယ်ကူပါ။
🔹ပထမရရှိထား သော (၃)လ Visa ဖြင့် Bank Account ဖွင့်ရန် ကျောင်းထောက်ခံစာတောင်းခြင်း နှင့် Bank Account ဖွင့်ခြင်းတို့ကို ဆောင်ရွက်ရန် (၁)နှစ် Visa တုံးမထုရသေးသည့် အတွက် Bank အများစုသည် Bank Account ပေးဖွင့်မည် မဟုတ်ပါ။ အချို့သော ကျောင်းများမှာလည်း ပထမ(၃)လဗီဇာ ကာလအတွင်း ကျောင်းထောက်ခံစာ ပေးမည်မဟုတ်ပါ။
🔸မှတ်ချက်။ Bank တိုင်း ကျောင်းတိုင်းကိုမဆိုလိုပါ။ ပထမ(၃)လဗီဇာဖြင့် Bank Account ပေးဖွင့်သော Bank များလဲရှိပါလိမ့်မည်။ သို့သော် မသေချာပါ။ Bank ပေါ်တွင် မူတည်ပါသည်။
🔹သို့ဖြစ်ပါ၍ မလိုလားအပ်သော အချိန်ကုန်ခြင်းများ မဖြစ်စေရန် Bank Account ဖွင့်လိုသူများ အနေဖြင့် (၁)နှစ် Visa တုံးထု၍ ဗီဇာ (၁)နှစ်ရရှိသည့် အချိန်မှသာ ကျောင်းထောက်ခံစာယူခြင်းနှင့် Bank Account ဖွင့်ခြင်းတို့ ဆောင်ရွက်ကြပါရန် အကြံပြုလိုပါတယ်ရှင်
------------------------------------------
ကျေးဇူးတင်ပါတယ်ရှင်
JLM Visa Support Limited Partnership Chiangmai

📌"JLM မိတ်ဆွေများသို့ မေတ္တာရပ်ခံချက်”ဘဏ်စာရင်းဖွင့်ရန်ထောက်ခံစာ၊ Passport သက်တမ်းတိုးရန် ထောက်ခံစာ၊ Visa Cancellation လ...
17/07/2024

📌"JLM မိတ်ဆွေများသို့ မေတ္တာရပ်ခံချက်”
ဘဏ်စာရင်းဖွင့်ရန်ထောက်ခံစာ၊ Passport သက်တမ်းတိုးရန် ထောက်ခံစာ၊ Visa Cancellation လုပ်ရန် အတွက် Visa Cancellation Letter များကို ကျောင်းတွင် တောင်းခံခြင်းနှင့် ပတ်သက်၍ အသိပေးပြောကြား ချင်တာလေး ရှိပါတယ်ရှင့်။
🔹 အထက်ဖော်ပြပါ အကြောင်းကိစ္စရပ်များ အတွက် ကျောင်းထောက်ခံ (Student Certification Form) ကို ကျောင်းဘက်မှ ထုတ်ပေးပြီးနောက် ကျောင်းသား/သူများအနေဖြင့် အကြောင်းအရင်း တစ်ခုခုကြောင့် (ဥပမာ- Passport Extension အတွက် သံရုံးတင်ပြရန်) ထုတ်ပေးသော Student Certification Form/Letter တွင် ပြင်ဆင်ရန်လိုအပ်သည်များရှိခဲ့သော် အသစ်ထုတ်ပေးရန် လိုအပ်ပါက ကျောင်းဘက်မှ အချိန်ယူ စိစစ်ပြင်ဆင်ရန် လိုအပ်ပါသည်။
🔹ထိုကဲ့သို့ ပြင်ဆင်၊ အသစ်လိုအပ်သူများ လျှောက်ထားသူ များပြားနေပါက ကျောင်းဘက်မှ ချက်ချင်း ဆောင်ရွက်ပေးနိုင်မည် မဟုတ်ပါ။ ထောက်ခံစာတွင် ကျောင်းအုပ်(သို့) သက်ဆိုင်ရာ လူကြီး လက်မှတ်ထိုးရန်‌ အတွက်လည်း အချိန်ပေးရန်လိုအပ်သည်ကို နားလည်ပေးစေလိုပါသည်။
🔹 ပုံမှန်အားဖြင့် 7 to 10 Working Days လိုအပ်ပြီး အဖွဲ့အစည်းနှင့် လုပ်ကိုင်ရသည် ဖြစ်သောကြောင့် ရုံးတွင်း Process, Procedure များရှိသဖြင့် မိမိ အလျင်လိုသလို ချက်ချင်းရနိုင်ရန် မလွယ်ကူသည်ကို နားလည်ပေးစေလိုပါသည်။
🔹 ကျောင်းဘက်မှ Procedure ဘောင်အတွင်း အလုပ်လုပ်ရသည်ဖြစ်ပြီး မြန်မာ Passport ကိုင်ဆောင်သူများ အနေဖြင့် ကျောင်းဘက် ကို အမြန်လုပ်ပေးရန် ဖိအားပေး ပြောဆိုမှုများရှိလာသည့်အတွက် နှစ်ဦးနှစ်ဘက် အဆင်မပြေဖြစ်ကြောင်း ကြားသိရပါသည်။
🔹 ပြင်ဆင်လိုသည်များ အတွက် ကျောင်းဘက်မှ ကူညီပေးမည်ဖြစ်သော်လည်း အလျင်အမြန်လိုအပ်သည်များ အတွက် ဘောင်ကျော် ဆောင်ရွက်၍ မရသည်ကို နားလည်ပေးစေလိုပါသည်။
🔹 သို့ဖြစ်ပါ၍ ကျောင်းဘက်ကိုလည်း နားလည်ပေးကာ ညှိနှိုင်းဆောင်ရွက် ကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။
👉 ကျောင်းတွင် ထောက်ခံစာ တောင်းယူခြင်းနှင့် ပတ်သက်ပြီး ဖတ်ရန် Link: https://www.facebook.com/share/p/e7wCSpqkyyufWt3J/
🌸JLM Visa Support Ltd အနေဖြင့် မိတ်ဆွေတိုင်း အားလုံးအဆင်ပြေအောင် အားစိုက်ဆောင်ရွက်ပေးနေသော်လည်း အဖွဲ့အစည်းနှင့် အလုပ်လုပ်ရသည်ဖြစ်သောကြောင့် အချို့သော ကိစ္စရပ်များကို ဘောင်ကျော် ဆောင်ရွက်၍ မရသည်ကို နားလည်ပေးစေလိုပါတယ်ရှင်။ 😊
🌸Visa Service အပ်နှံကြသော မိတ်ဆွေ တစ်ဦးတစ်ယောက်ခြင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။🙏
JLM Visa Support Limited Partnership Chiangmai

ที่อยู่

City Home Place 3, 179/66, Soi 3, Moo 8, Ton Pao Subdistrict, San Kamphaeng
Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ JLM Visa Support Limited Partnership Chiangmaiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง JLM Visa Support Limited Partnership Chiangmai:

แชร์