03/11/2024
🥻ရိုးရာဝတ်စုံလေး ဝတ်ရင်း တောင်တက်လို့ရမယ့် ချင်းမိုင်ရဲ့ 𝐇𝐦𝐨𝐧𝐠 𝐃𝐨𝐢 𝐏𝐮𝐢 𝐕𝐢𝐥𝐥𝐚𝐠𝐞 🛖
BIYB ရဲ့ Travelholic လေးတွေစီကို မင်မင်က ဒီအပတ်မှာ သာယာလှပတဲ့ ရွာကလေးတစ်ရွာနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
🛖 ရွာကလေးနာမည်က 𝐇𝐦𝐨𝐧𝐠 𝐃𝐨𝐢 𝐏𝐮𝐢 𝐕𝐢𝐥𝐥𝐚𝐠𝐞 လို့ခေါ်ပြီး မြန်မာလို "မုံ" ရွာလို့လည်း ခေါ်ကြပါသေးတယ်။ "မုံ" ရွာဆိုတာ ချင်းမိုင်မြို့ကနေ ၂၅ ကီလိုမီတာ ကွာဝေးတဲ့နေရာမှာရှိတဲ့ ရွာကလေးတစ်ရွာဖြစ်ပါတယ်။
🛖 Doi Suthep National Park ထဲမှာတည်ရှိပြီး၊ "မုံ" လို့ခေါ်တဲ့ တိုင်းရင်းသား လူနည်းစုတစ်စု နေထိုင်တဲ့ ရွာငယ်လေးပဲဖြစ်ပါတယ်။
"မုံ" လူမျိုးဆိုတာ တရုတ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယမ်နမ်နဲ့ အခြားတောင်ပေါ်ဒေသတွေမှာ နေထိုင်တဲ့ လူနည်းစုတွေပဲဖြစ်ပါတယ်။
ဒီရွာလေးကို ရောက်ဖို့ဆိုရင်တော့ Doi Suthep National Park ကနေ အနည်းငယ် တောင်တက်ရပါတယ်။ အမြင့်ပေအားဖြင့် ၄၄၃၀ ပေမှာရှိတဲ့ ဒီရွာလေးက ခုလိုအချိန်မှာဆို ရာသီဥတု အေးအေးလေးနဲ့ တောင်တက်လို့ကောင်းတဲ့ရာသီပဲဖြစ်ပါတယ်။
🍜 လမ်းခုလတ်မှာ ကော်ဖီဆိုင်လေးတစ်ခုရှိပြီး အဲဆိုင်က အမဲသားလုံးခေါက်ဆွဲက ဈေးချိုပြီး အရသာရှိတယ်လို့ ဒေသခံတွေကဆိုကြပါတယ် 🤭
နောက်ထပ် ထူးခြားချက်အနေနဲ့ကတော့
🥻"မုံ" လူမျိုးတွေရဲ့ ရိုးရာဝတ်စုံတွေကို ဝတ်ဆင်လို့ရတာပဲဖြစ်ပါတယ်။
"မုံ" လူမျိုးတွေအကြောင်းကို ဖော်ပြထားတဲ့ ပြတိုက်လည်းရှိတာဖြစ်လို့ တစ်ခါတည်း တောင်တက်ရင်း ဗဟုသုတလည်း လေ့လာလို့ရတဲ့နေရာကောင်းလေးတစ်ခုပါ။
📌 ပြတိုက်ထဲ ဝင်ချင်တယ်ဆိုရင် ၁၀ ဘတ်၊
📌 ရိုးရာဝတ်စုံလှလှလေး ဝတ်ချင်တယ်ဆိုရင်ရော ခရီးသွားတွေအနေနဲ့ တစ်ယောက်ကို ၅၀ ဘတ်တော့ ပေးရပါတယ်ရှင့်‼️
🏠 Location - Doi Suthep National Park, 25km from Chiang Mai City
ခုလိုမျိုးကာလတွေမှာဆို
သူငယ်ချင်းအုပ်စုလိုက် တောင်တက်ရင်း အပန်းဖြေမလား 🧗♂️
ရှုခင်းလှလှလေးတွေ၊ ရိုးရာဝတ်စုံလေးတွေနဲ့
ချလပ် ချလပ် လုပ်မလား 📸
𝐇𝐦𝐨𝐧𝐠 𝐃𝐨𝐢 𝐏𝐮𝐢 𝐕𝐢𝐥𝐥𝐚𝐠𝐞 က ခရီးသွားလို့ အကောင်းဆုံးနေရာတစ်ခုဖြစ်တာကြောင့် Highly Recommend ပေးချင်ပါတယ်ရှင့် 💯
📌 ချင်းမိုင်ကို လာရောက်လည်ပတ်ချင်သူတွေအတွက်လည်း BIYB မှာ ချင်းမိုင် Package တွေရှိတာကြောင့် အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်‼️
✨ BIYB ဟာ သက်သာသောဈေးနှုန်းနှင့် customer စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေသောနေရာပဲဖြစ်ပါတယ်။
✨ Your Budget, Our Plan ✨
☎️ Ph.no : 0617601539 🇹🇭
+95-455-224-989 🇲🇲
🏠 Office Address : P2XX+MXW, Pa B**g, Saraphi District, Chiang Mai 50140, Thailand