Trip Trek Your best consultant and one-stop service provider for Travel & Tour along with visa and ticketing !

 🚨ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်း Tak ပြည်နယ် Music Festival တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခြင်း 🚨မေ ဒီမနက် BBC အပါ...
16/12/2024



🚨ထိုင်းမြန်မာနယ်စပ် ထိုင်းမြောက်ပိုင်း Tak ပြည်နယ် Music Festival တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခြင်း 🚨

မေ ဒီမနက် BBC အပါအဝင် သတင်းတော်တော်များများမှာ တွေ့လိုက်ရတဲ့ update news လေး မျှဝေပေးချင်ပါတယ်

ထိုင်း_မြန်မာနယ်စပ် မြောက်ပိုင်း Tak ပြည်နယ် Umphang မြို့နယ်တွက် တပတ်တိုင်တိုင်ခြိမ့်ခြိမ့်သဲ ကျင်းပနေသော Red Cross Doi Loyfa Fair Music
Festival မှာ သောကြာနေ့က ဗုံးပေါက်ကွဲမှု အကြီးအကျယ်ဖြစ်ပါတယ်။ Tak က Trekking လုပ်လို့အရမ်းကောင်းတဲ့ တောင်တန်းတွေနဲ့ ထိုင်းမြောက်ပိုင်းရဲ့ Hidden Gems ပါ။

အဲ့ဒီမြို့က နှစ်ကူး Music Festival ကလဲ အရမ်းစည်တာပေါ့။ လူပေါင်း ၈၀၀၀~၉၀၀၀ လောက် ပွဲထဲမှာရှိနေတဲ့အချိန်မှာ stage စင်ရှေ့တည့်တည့် ကနေတဲ့ လူအုပ်ကြားထဲ ဗုံးပေါက်ကွဲတာဖြစ်ပါတယ်။ ၃ ဦး သေဆုံး ၄၈ ထက်ဦးဝန်းကျင် ဒဏ်ရာရကြတဲ့အထဲမှာ ၆ ယောက်က အပြင်းအထန် ဒဏ်ရာရတယ်လို့သိရပါတယ်ရှင်။

နိုင်ငံခြားသားစာရင်းတော့ မသိရသေးတာမို့ မြန်မာတွေပါမပါ မသိရှိရသေးပါဘူးရှင်။ 🙏🙏🥹

သံသယရှိသူ နှစ်ဦးကိုတော့ ဖမ်းဆီးထားပြီဖြစ်ပေမယ့် ဗုံးပေါက်ရတဲ့ အကြောင်းရင်းကိုတော့ ထိုင်းအာဏာပိုင်ပြောရေးဆိုခွင့် အဖွဲ့အစည်းဘက်က ဘာမှ မထုတ်ပြန်သေးတာမို့ မသိရသေးပါဘူး။

————

အားလုံးပဲ အစစအရာရာ ဂရုစိုက်ကြပါလို့ 🙏

Anyway Bangkok နဲ့ အရမ်းဝေးတဲ့ နေရာမှာ ဖြစ်တာမို့လို့ နှစ်စဉ် ပျော်နေကြ အပျော်မြို့တော်ကြီးကတော့ စိတ်ပူစရာ မရှိပါဘူးနော် 😁
လည်စရာရှိတာ ဆက်လည်ကြပါလို့ 😃🎉

သွားဖို့ လာဖို့

🌸 Visa လိုအပ်ရင်
🌸 Flight ticket လိုအပ်ရင်
🌸 နေဖို့ Hotel လိုရင်
🌸 ဆက်လည်ချင်သေးလို့ Extension တစ်လတိုးချင်ရင်
🌸 2 လလောက်ကိုမှ လည်ချင်လို့ Cambodia ဘက် ထိုင်း Tourist Visa သွားလျှောက်ချင်ရင်

မေ့ကို ဟယ်လိုလိုက်လို့ရပါတယ်ရှင်
အကောင်းဆုံးဝန်ဆောင်မှု ပေးဖို့ အသင့်ပါရှင် ❤️

မေ 🌸

Director
Trip Trek Travel & Tour
Viber / WhatsApp
+95 9975882662
+95 9979331084

 📍E visa ဖြင့် Tourist Visa ရထားသူများအနေဖြင့် မိမိတို့၏ E visa Pdf file လေးများကို သိမ်းထားကြရန် လိုအပ်ပါတယ် 🚨Extension...
15/12/2024



📍E visa ဖြင့် Tourist Visa ရထားသူများအနေဖြင့် မိမိတို့၏ E visa Pdf file လေးများကို သိမ်းထားကြရန် လိုအပ်ပါတယ်

🚨Extension တစ်လချင်း ထပ်တိုးတဲ့အခါ Immigration Office မှ E visa ကို ပြပေးဖို့ တောင်းနေလို့ပါရှင် 🚨

———————————

🎄Cambodia မှာ …

🌸Tourist Visa … 11500 ဘတ်
🌸 Ed Visa …. 13000 ဘတ်
🌸 Non B Visa … 14500 ဘတ်
🌸 DTV Visa … 55000 ဘတ်

အသီးသီးနဲ့ အပြီးစီး လျှောက်ပေးနေပါတယ်နော် 🥳

Transportation (BKK~SiamReap), Hotel(Visa ရတဲ့အထိ), visa fee, VIP pass အားလုံးအပါနော် ..စားစရိတ်လေးပဲ exclusive ပါရှင်

Visa Extension ကိစ္စတွေလဲ ဆက်လက်ကူညီ ဝန်ဆောင်မှု ပေးပါတယ်ရှင် ❤️

Thailand Visa ဆို ဘာပဲလိုလို မေ့ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင် 🌸😊

🚨visa ရပြီးရင် E Visa document လေး သိမ်းထားဖို့လဲ မမေ့နဲ့နော် 🚨

မေ 🌸

Director
Trip Trek Travel & Tour
Viber/ WhatsApp/ Mobile
+959975882662
+959979331084

99% Guaranty DTV Visa 🇰🇭ကျန်တဲ့ 1% အတွက် Fully refund ပေးမယ့် DTV 😇Wow wow wow 😀အာမခံပေးရဲလှချည်လား မမေရေ ဟုတ်ကဲ့ အာမခံပ...
13/12/2024

99% Guaranty DTV Visa 🇰🇭
ကျန်တဲ့ 1% အတွက် Fully refund ပေးမယ့် DTV 😇

Wow wow wow 😀
အာမခံပေးရဲလှချည်လား မမေရေ
ဟုတ်ကဲ့ အာမခံပေးပါတယ်ရှင်
ဘာလို့လဲဆိုတော့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ဆောင်ရွက်ပေးမှာမို့ပါ 😇🙏

🌸မေက DTV ကို ဘယ်မှာ လျှောက်ပေးမှာလဲ

Cambodia ဖနွမ်းပင်မြို့ မှာပါရှင် 🇰🇭

🌸မေ့ရဲ့ DTV package ထဲမှာ ဘာတွေပါမလဲ

အောက်ဖော်ပြဝန်ဆောင်မှု အလုံးစုံ ပါပါတယ်ရှင် …

* DTV visa fee
* Transportation (ကား အသွားအပြန်)
* Accommodation (Hotel _ Visa ရသည်အထိ_ no extra charges)
* Bank Statement
* Business Profile
* VIP pass (Cambodia border)

🌸 ကိုယ့်ဘာသာလေယဉ်နဲ့သွားလို့ရော ရလား
ရပါတယ်

Hotel & Transportation မပါဘဲ Visa only with Bank Statement ကိုလဲ အာမခံအပြည့်နဲ့ DTV Visa approval ရဖို့ ဝန်ဆောင်ပေးပါတယ်ရှင်

🌸 Visa ရပြီးရင်ရော ဘယ်လို ကူညီဆောင်ရွက်ပေးမှာလဲ

မေ့ရဲ့ Clients တွေကို Visa ရရုံ ဝန်ဆောင်မှုပေးတာ မဟုတ်ပါဘူးနော်။
After Sales Service အနေဖြင့် 😇
* ကိုယ်ပိုင် website
* Strong Portfolio
* Client Testimonies
စတာတွေကို DTV visa ဖြင့် Airport/ Border အဝင်အထွက်တိုင်းမှာ ထိုင်း Immigration officer တွေကို ရဲရဲဝင့်ဝင့်ပြနိုင်ဖို့ပါ စီစဉ်ပေးအပ်လိူက်ဦးမှာပါရှင်

DTV is visa for professionals
So We would make you “Excellent Certified Professional” ပါရှင် 😇

🌸ဒီလောက် အာမခံပေးနေတဲ့ DTV visa run အပြီးစီး package fee လေးကရော ဘယ်လောက်ပါလဲ

၅၅၀၀၀ ထိုင်းဘတ် အပြီးစီးပါရှင့် 🤩
စားတာနဲ့ လည်ပတ်တာကလွဲလို့ ဘာမှ ထပ်မကုန်တော့ပါဘူးနော် 🥳

………………….

ကဲ DTV လဲလျှောက်ချင် အာမခံချက် အပြည့်လဲလိုချင်ရင်တော့ … 😇

🔥ဗီဇာမရရင် တစ်ဘတ်မှ ပေးစရာမလို🔥

တာဝန်ယူမှု တာဝန်ခံမှု အပြည့်ပေးတဲ့ မေ့ကို
….. ဆက်သွယ်လိုက်ပါရှင် 🌸☎️🤙

Admin မေ 🌸

Director , Trip Trek Travel & Tour
Contact:
Viber/ WhatsApp +959975882662 , +959979331084



🚨 Yangon ထိုင်းသံရုံးတွင်လဲ January 1,2025 မှစတင်ပြီး E visa system ပြောင်းလဲပြီးဖြစ်ကြောင်း ယနေ့ ၁၂/၁၂/၂၄ မှာ ကြေငြာပါတ...
12/12/2024

🚨

Yangon ထိုင်းသံရုံးတွင်လဲ January 1,2025 မှစတင်ပြီး E visa system ပြောင်းလဲပြီးဖြစ်ကြောင်း ယနေ့ ၁၂/၁၂/၂၄ မှာ ကြေငြာပါတယ်

E visa ဖြသ်သည့်အတွက်ကြောင့် အရင်လို သံရုံး လူကိုယ်တိူင် သွားရောက်ဖို့ appointment date ရက်ချိန်းယူရခြင်းမရှိတော့ဘဲ DTV Visa , Ed Visa အပါအဝင် မည်သည့် visa မဆို Online မှ လိုအပ်မည့်စာရွက်စာတမ်းများ တင်သွင်းရမည်ဖြစ်ပြီး visa approval or reject မှာလဲ online system only ဖြစ်ပါမယ်ရှင်

အဆိုပါ ကြေငြာချက်ကြောင့် ထိုင်းနိုင်ငံသို့သွားရောက်ရန် visa လျှောက်ထားသူများမှာ ပိုမိုအဆင်ပြေချောမွေ့လာပြီး processing day ကတော့ ယခင်က ၃ ရက်ဖြင့် ပြီးသော်လည်း ယခုအခါ ၁၀ ရက် ၁၅ ရက်ခန့်ကြာမည်ဖြစ်သောကြောင့် နှစ်ပတ်ခန့် ကြာမြင့်တော့မှာ ဖြစ်ပါတယ်ရှင်

Admin မေ 🌸

Reference:
https://www.facebook.com/share/15KGBy9hJJ/?mibextid=WC7FNe

🌟 Best Education for Your Kids! 🌟ချင်းမိုင်မှာ မိတ်ဆွေတို့ရဲ့ ကလေးများအတွက် ကျောင်းရွေးချယ်ဖို့ စိတ်ကူးနေပြီလား? 💡Intern...
09/12/2024

🌟 Best Education for Your Kids! 🌟

ချင်းမိုင်မှာ မိတ်ဆွေတို့ရဲ့ ကလေးများအတွက် ကျောင်းရွေးချယ်ဖို့ စိတ်ကူးနေပြီလား? 💡

International School နဲ့ Bilingual School📝 များစွာရှိတဲ့ ချင်းမိုင်မြို့ဟာ အေးချမ်းသာယာပြီး တောင်ပေါ်ဒေသဖြစ်လို့ 🌳 ကလေးတွေ ပညာရေးအတွက်ကောင်းမွန်တဲ့နေရာပဲဖြစ်ပါတယ်။

ဒါကြောင့် မေနဲ့အတူ အဲ့ဒီစိတ်ကူးကို အကောင်အထည်ဖော်လိုက်ကြစို့လေနော်😊🎒📚

မေတို့ကတော့ ထိုင်းအစိုးအသိအမှတ်ပြုလက်မှတ်ရ Trip Trek Travel & Tour အနေဖြင့် Ambassador Education Group နဲ့ ပူးပေါင်းထားတာဖြစ်ပါတယ် 😇

မေတို့နဲ့ ချိတ်ဆက်ထားတဲ့ အောက်ပါကျောင်းများကို School Visit သွားဖို့နဲ့ Enroll လုပ်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ မေ့ကို သို့မဟုတ် မေ့ရဲ့ Tour Company Trip Trek ကို ဆက်သွယ်လိုက်တော့နော်

• Unity Concord International School (UCIS) 🏫
• Americana Chinese International School (ACIS) 🎒
• Ambassador Bilingual School (ABS) 📖
• Ambassador Bilingual Academy (ABA) 🏫
• British Concordance International School (BCIS) 📚

အသေချာဆုံး အခိုင်မာဆုံး အနွေးထွေးဆုံး ဝန်ဆောင်မှု ပေးဖို့ အသင့်ပါပဲရှင်

ထိုင်းနိုင်ငံကို မိသားစုလိုက် ပြောင်းလာကြဖို့ဆိုရင်
ကလေးလေးတွေကျောင်းထား Education Visa
ကလေး မိဘတွေက ကလေးတစ်ယောက်ကို guardian visa တစ်ယောက်ရ 🤩
Condo ဝယ်ဖို့ လိုက်ကြည့်ချင်ရင်လဲ best recommendation ပေးဖို့အသင့်
ကားဝယ်ချင်ရင်လဲ ထိုင်းစကားပြန် မြန်မာလူမျိုးမေတို့ချင်းမိုင်ရုံးမှ တာဝန်ရှိသူများက လိုက်ပြ လိူက်ညှိပးဦးမှာ
Company ထောင်ချင်ရင်ပါ ဝန်ဆောင်မှု ပေးပေးဦးမှာမိူ့

ခုပဲ အပြေးကလေး ဟယ်လိုလိုက်လို့ ရပါပြီးရှင် 😍

မေ 🌸

Contact 📕

📞 For Thailand… +66 648 620 349, +66 622 057 816
📞 For Myanmar… +95 997 588 2662, +95 997 933 1084





Trip Trek မှ မြန်မာ ကလေးငယ်လေးတွေအတွက် School Visit တွေ သွားဖြစ်ပါတယ် ။ 2025 January မှာ 2nd Term စတက်မယ့် ကလေးတွေအတွက် ...
09/12/2024

Trip Trek မှ မြန်မာ ကလေးငယ်လေးတွေအတွက် School Visit တွေ သွားဖြစ်ပါတယ် ။

2025 January မှာ 2nd Term စတက်မယ့် ကလေးတွေအတွက် အခုအချိန် ကြိုတင်ပြင်ဆင်လို့ ရပြီနော် ။

နောက် academic year ကတော့ နောက်နှစ် 2025 August ပါ။ International school ဖြစ်လို့ ဘယ်အချိန်လာလာတော့ enroll လုပ်လို့ရပါတယ်။

ပြီးခဲတဲ့ တခေါက်က K3 ကလေးနဲ့ Year 7 ကလေးအတွက်ဖြစ်ပြီး ၊ ဒီတခေါက်က Year 9 ကလေးအတွက် ရောက်ခဲ့ပါတယ်။

ကျောင်းအပ်နှံခြင်းအတွက် မိဘများထံကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါတယ်ရှင် 😇🙏

For Thailand -----> +66648620349 &
+66622057816

For Myanmar ----->
+959975882662 &
+959979331084

🔥 စောင့်စရာမလို တန်းစီစရာမလိုတဲ့ နေထိုင်ခွင့် တစ်လသက်တမ်းတိုး E-extension Service 🔥🍀နှစ်လ visa TR visa ဖြင့်လာပြီး ၂+၁ စ...
08/12/2024

🔥 စောင့်စရာမလို တန်းစီစရာမလိုတဲ့ နေထိုင်ခွင့် တစ်လသက်တမ်းတိုး E-extension Service 🔥

🍀နှစ်လ visa TR visa ဖြင့်လာပြီး ၂+၁ စုစုပေါင်း ၃ လ နေပြီးသွားလို့ တစ်လထပ်တိုးချင်တာပဲဖြစ်ဖြစ်
🍀 Free visa ဖြင့်လာပြီး နှစ်ပတ်မပြည့်ခင် ဆက်နေဖို့ တစ်လထပ်တိုးချင်တာပဲဖြစ်ဖြစ်

📍”ဘန်ကောက်” မှာပဲ တစ်လဗီဇာသက်တမ်းတိုးချင်တာပဲဖြစ်ဖြစ်
📍ချင်းမိုင် ချင်းရိုင် မဲဆောက် မှာနေတာမို့ “ချင်းမိုင်” မှာပဲ တစ်လသက်တမ်းတိုးချင်တာ ဖြစ်ဖြစ်

💡🩵အချိန်နဲ့အမျှပြောင်းလဲနေတဲ့ ထိုင်းအစိုးရရုံးတွေရဲ့ Policy တွေကြား ဗီဇာရဖို့ စိတ်ပူမစရာမလိုတဲ့ ဝန်ဆာင်မှုကို ရှာနေတာဆိုရင် Trip Trek ကိုသာ သတိရလိုက်ပါရှင်

❤️🩵🌸 မေတို့ Trip Trek နဲ့ Service အပ်မယ်ဆိုရင် မေ့ကို အောက်ပါ အချက်လေးတွေပဲ ပေးဖို့လိုပါတယ်နော်

1. Passport biography pages လေး နှစ်မျက်နှာ ဘယ် ညာလေး တစ်ပုံ
2. Passport Visa စာမျက်နှာလေးတွေ နှစ်မျက်နှာ ဘယ်ညာ ပုံလေးတွေ
3. နှစ်လ Visa ဖြင့် နယ်စပ်က ဝင်လာတာဆိုရင် TM6 စာရွက်အသေးလေး ရှေ့နောက်ပုံလေး
4. အဖြူရောင်နောက်ခံနှင့် မျက်မှန်မပါ ဓါတ်ပုံတစ်ပုံ
5. Full payment : 3800 ဘတ် for Bangkok E extension, 4300 ဘတ် for Chaing Mai E extension

📍ရိုးရိုး ရုံးတိုက်ရိုက်သွားပြီး Walkin extension တိုးချင်ရင်လဲ ဝန်ဆောင်မှု ပေးပါတယ်နော်

Bangkok :
first time TR extension 3300 ဘတ်
second time TR Walkin extension 3500 ဘတ်
TR E extension 3800 ဘတ်
14 days free visa Walkin extension 3300 ဘတ်
14 day E extension 3800 ဘတ်

ချင်းမိုင် :
First time TR extension 3300 ဘတ်
Second time TR e extension 4300 ဘတ်
14 days free visa e extension 4300 ဘတ်

မှတ်ချက်။ ချင်းမိုင်တွင် e extension တစ်
ကြိမ်သာ တိုးလိူ့ရပါတယ်ရှင် ဘန်ကောက်မှာကတော့ ၄ ကြိမ် ၅ ကြိမ်အထိ တိုးလို့ရပါတယ်ရှင် 😊

💡🩵သက်တမ်းတိုးမယ့်နေ့မှာ Passport လေးနဲ့ ဓါတ်ပုံလေး တစ်ပုံ ပါလာရုံနဲ့ တန်းစီစောင့်စရာမလိုဘဲ အချိန်ကုန်၊ လူပင်ပန်းလည်း သက်သာအောင် ဗီဇာရပြီးသည်အထိ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ Bangkok Government Complex Building မှာ သို့ Chaing Mai Immigration Office (Suthep) မှာ မေတို့ Trip Trek မှ Bangkok နှင့် ချင်းမိုင်ရုံးမှ ဝန်ဆောင်မှုပေးပေးပါတယ်ရှင် 😇🥰

🌸ဒါကြောင့် တစ်လသက်တမ်းတိုးဖို့လိုပြီဆိုရင် တိကျမြန်ဆန်၊ မှန်ကန်ပြီး အသက်သာဆုံးဝန်ဆောင်ခနဲ့ ထိုင်းအစိုးရအသိအမှတ်ပြု Visa & Tour Service Company တစ်ခုလည်းဖြစ်တဲ့ မေ့ရဲ့ Trip Trek Travel & Tour ကို အပ်နိုင်ပါတယ်ရှင်

🔥အခုအချိန်ထိ ယုံကြည်မှုတွေနဲ့ စဉ်ဆက်
မပြတ်အားပေးကြတဲ့ customerတစ်ဦးတစ်
ယောက်တိုင်းကိုရော မေ့တို့ Trip Trek ကို မိတ်ဆွေတွေဆီ အမြဲညွှန်ပေးကြတဲ့ မေတို့ရဲ့ customer တွေကိုရောကျေးဇူးအများကြီးတင်သလို တစ်ရက်ထက်တစ်ရက် ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးနိုင်အောင် ပိုကြိုးစားသွားပါမယ်ရှင် 😇🩵

Admin မေ 🌸

ဆက်သွယ်ရန် -
Phone | Viber | WhatsApp- +95 9975882662, +95 9979331084 :
fb - May Thant Sin | May The Navigator | Trip Trek


#သံရုံးထောက်ခံစာ

03/12/2024

မာနိ မာနိ😄😄

Thailand Long Term Visa လျှောက်မည့်သူများ သတိထားရန် မေ့ရဲ့ မိတ်ဆွေတို့ကို ထိုင်းနိုင်ငံမှာ ကြာရှည်နေလို့ရတဲ့ Long-Term V...
02/12/2024

Thailand Long Term Visa လျှောက်မည့်သူများ သတိထားရန်

မေ့ရဲ့ မိတ်ဆွေတို့ကို ထိုင်းနိုင်ငံမှာ ကြာရှည်နေလို့ရတဲ့ Long-Term Visa တွေ ဖြစ်ကြတဲ့ Education Visa , Retirement Visa များ ၊ Bank Account Opening စသည်တို့အတွက် သတိထားရမဲ့ အချက်လေး ဝေမျှပေးချင်ပါတယ်ရှင့်

ပထမတစ်ကြိမ်လဲ Education Visa လျှောက်မည့်သူများ လေဆိပ်မှသာ ဝင်ရောက်ရမည်ဆိုတဲ့ အချက်လေးကို မေ သတိပေးခဲ့ဖူးပါတယ်

အခုအခါမှာလဲ ထိုင်းပြည်တွင်းကိူ Flight ဖြင့် ဝင်ကို ဝင်လာသင့်တဲ့ update လေး ရှိနေပါတယ်။ ✅✈️

New policy In short❗️
🛑Tourist Visa ဖြင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများ လေယဉ်ဖြင့် ဝင်ရောက်ခြင်းမရှိဘဲ ကုန်းလမ်းမှ ထိုင်းနယ်စပ်များမှ ဝင်ရောက်ပါက မည်သည့် Long term visa အမျိုးအစားမဆို (Education Visa Retirement Visa) ပြောင်းလဲ လျှောက်ထားခွင့် မပြုတော့ကြောင်း
🛑 နယ်စပ်မှ ဝင်သူများအနေဖြင့် Tourist Visa ဖြင့်ဖြစ်သော်လည်း ဘဏ်အကောင့်ဖွင့်ခွင့်မပြုတော့ကြောင်း

စသဖြင့် immigration policy အသစ်ကို သိရှိရပါတယ်ရှင့် 📢

…… 🌸…..

📖Tourist Visa သဘောတရား :

မိမိအနေဖြင့် ထိုင်းနိုင်ငံ ပြင်ပ Myanmar ၊ Cambodia ၊ Laos ၊ Vietnam အစရှိသဖြင့် နိုင်ငံများတွင် Tourist Visa သွားရောက် လျှောက်ထား ရယူပြီး ထိုင်းပြည်တွင်းသို့ ဝင်ရောက်ရာတွင် Tourist Visa ဖြစ်သောကြောင့် နှစ်လ နေထိုင်ခွင့်ရရှိိပြီး မည်သည့် ဝင်ပေါက်မှမဆို
1. By Land နယ်စပ် border gate များဖြတ်ကာ ကုန်းလမ်းဖြင့်
2. By Air မည်သည့်လေဆိပ်မှ မဆို လေယျာဉ်ပျံဖြင့်
ဝင်ရောက်ခွင့် ရှိပါတယ်

📖၁၄ ရက် visa / free visa / Visa on Arrival သဘောတရား :

Free Visa လို့ လူသိများတဲ့ Visa On Arrival ကတော့ ထိုင်းနိုင်ငံသို့ လေဆိပ်✈️ မှ ဝင်ရောက်မှသာ ရရှိနိုင်ပြီး တရားဝင် နေထိုင်ခွင့် ၁၄ ရက်ပေးပါတယ်

📖Education Visa သဘောတရား :

1. Education Visa ကို မြန်မာနိုင်ငံတွင် သို့မဟုတ် out of Thailand 🇹🇭 မည်သည့်နိုင်ငံတွင်မဆို ထိုင်းနိုင်ငံပြင်ပမှ လျှောက်ထားပြီး ဝင်ရောက်နိုင်သလို
2. ထိုင်းနိုင်ငံ ပြည်တွင်းသို့ free visa သို့ Tourist Visa ဖြင့် ရောက်ရှိပြီး ဖြစ်ပါကလဲ ထပ်မံ လျှောက်ထားနိုင်ပါတယ်

University Ed 15 လ ဟာ ပထမဆုံး ၃ လ နေထိုင်ခွင့် ရရှိပြီး ၃ လအကြာမှာ ထပ်မံ တစ်နှစ် နေထိုင်ခွင့်ရပါတယ်

📖 Retirement Visa သဘောတရား :

Retirement Visa ကတော့ အသက် ၅၀ အထက် လူကြီး သူမများ လျှောက်နိုင်တဲ့ Visa ဖြစ်ပြီး ၁၅ လ နေထိုင်ခွင့်ရပါတယ်။ နောက်နှစ်ပေါင်းများစွာကို extend လုပ်ပြီး နေသွားလို့ရတာပါ 😊

Retirement Visa ကို Tourist Visa ကနေပဲ ပြောင်းလို့ရပါတယ်။ ကိုယ်ပိုင် Bank Account ရှိရပြီး ဘတ် ၈ သိိန်း ရှိကြောင်း Bank statement ပြပေးရပါတယ်။ အိမ်ဌားစာချုပ်နှင့် TM30 ကိုလဲ ပြပေးရပါတယ်။

…….. 🌸………

🛑ဒါကြောင့် ဒီ visa အကြီးတွေနဲ့ ထိုင်းမှာ ဆက်နေဖြစ်ကြမယ်ဆိုရင် ထိုင်းနိုင်ငံကို flight ✈️ နဲ့ပဲ ဝင်လာကြဖို့ ထပ်မံ သတိပေးမှာချင်ပါတယ်နော်

…….. 🌸 ………

❤️ အခုဖော်ပြထားတဲ့ visa တွေ အကုန်လုံးအပြင် ဘဏ်အကောင့်ဖွင့်ခြင်းနှင့် DTV Visa ရယူခြင်း ဝန်ဆောင်မှုများလဲ မေ့ဆီမှာ ရပါတယ်လို့ အသိပေးရင်း

မေ 🌸


maythenavigator

အူကြောင်ကျားရုပ်ကလေးနဲ့ 😁 ရွှေရောင်ကျား စူပါစတားမလေး Nong Ava 🐯ကမ္ဘာကျော်ခဲ့တဲ့ ရေမြင်းလေး မူဒန်လိုပဲ ထပ်မံပေါ်ပေါက်လာတဲ...
23/11/2024

အူကြောင်ကျားရုပ်ကလေးနဲ့ 😁
ရွှေရောင်ကျား စူပါစတားမလေး Nong Ava 🐯

ကမ္ဘာကျော်ခဲ့တဲ့ ရေမြင်းလေး မူဒန်လိုပဲ ထပ်မံပေါ်ပေါက်လာတဲ့ နောက်ထပ် social media စူပါစတားလေးကတော့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ Night Safari တိရစ္ဆာန်ဥယျာဥ်က ရွှေရောင်ကျားမလေး Nong Ava ဖြစ်ပါတယ်ရှင်

Ava လေး ဟာ သူမရဲ့ လှပတဲ့ အမွေးအရောင်နဲ့ ချစ်စရာ ဟန်ပန်ဓာတ်ပုံတွေကြောင့် အင်တာနက်သုံးစွဲသူတွေကြား ရေပန်းစားလာတာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ချင်းမိုင်မြို့ ၊ Night Safari ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကျားမလေးရဲ့ ပုံကို တင်ခဲ့ရာမှာ တစ်ရက်မပြည့်ခင်မှာပဲ ပြန်လည်ဝေမျှသူ တစ်သောင်းကျော်နဲ့ မှတ်ချက်ပေး တုံ့ပြန်မှုပေါင်း တစ်သောင်းခွဲကျော် ရရှိပြီး အင်တာနက်သုံးစွဲသူတွေကြား ရေပန်းစားခဲ့တယ်လို့ Guru by Bangkok Post က ဖော်ပြပါတယ်။

ကျားမလေးရဲ့ ထူးခြားတဲ့ အမွေးအရောင်ဟာ ကျားဖြူနဲ့ ဆင်တူတဲ့ မျိုးရိုးဗီဇကြောင့်ဖြစ်ပြီး ရှားပါးမျိုးစိတ်ဖြစ်တယ်လို့ တိရစ္ဆာန်ရုံတာဝန်ရှိသူတွေက ပြောပါတယ်ရှင့် 😍

ကျားမလေး၏ နေပုံထိုင်ပုံကြောင့် ချီးကျူးစကားဆိုခဲ့ကြပြီး မကြာမှီ ထိုင်းလူမျိုးများနှင့် ခရီးသွားပြည်သူများ၏ အကြိုက်ဖြစ်လာမည်ဟု Chiang Mai Night Safari မှ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်

Nong Eva လေးဟာ Tiger World ဇုန်တွင်ရှိပြီး Chiang Mai Night Safari တွင် နံနက် 11:00 မှ မွန်းလွဲ 2:00 နာရီအတွင်းတွေ့ဆုံပြီး အနီးကပ်လာရောက်ကြည့်ရှု၍ ဓာတ်ပုံရိုက်ခွင့် ပေးမည်ဖြစ်ကြောင်းသိရပါတယ်

ကျားမလေးရဲ့ ချစ်စဖွယ် ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်ရှင် 😍

မေ 🌸



#ကျားမလေး #ချင်းမိုင်

ကြည့်မရသော သူငယ်ချင်းက ထိုင်း လာချင်တယ်ဆိုသောအခါ 😎🤫🤫😂
20/11/2024

ကြည့်မရသော သူငယ်ချင်းက
ထိုင်း လာချင်တယ်ဆိုသောအခါ 😎

🤫🤫😂

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးမှာ ဆေးစစ်ချင်တာလား၊ ကုသမှုခံယူချင်တာလား။ Passport နဲ့ ငွေရှိရင်ရပါပြီ။ အဖော်လိုက်နေပေးမ...
15/11/2024

ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးမှာ ဆေးစစ်ချင်တာလား၊ ကုသမှုခံယူချင်တာလား။

Passport နဲ့ ငွေရှိရင်ရပါပြီ။ အဖော်လိုက်နေပေးမယ့်သူ စောင့်ရှောက်မယ့်သူ မအားလပ်တာ ၊မရှိတာဆိုလည်း ဒီဘက်မှာရှိနေပြီးသား မိသားစုဝင်များက သွေးရင်းကဲ့သို့ စောင့်ရှောက်ပါမယ်။ နေတာစားတာ သွားလာတာ ပြုစုတာ စေတနာအရင်းခံပါတယ်။

ဂဂျီဂဂျောင်လား ရပါတယ်၊ သီးခံနိုင်ဖို့ အတွေ့အကြုံ အများကြီး ရှိပြီးသူတွေ။ အညစ်အကြေးလား ၊ သက်ကြီးရွယ်အို ဆို မပြောနဲ့တော့ ကလေးရော ခွေးရော သန့်ရှင်းအောင် ဂရုစိုက်နိုင်သူပါ။

ကိုယ့်ပြည်ကိုယ့်ရွာ မှာ ဆေးကုဖို့ အဆင်မပြေတဲ့အခါ၊ ဝေးလွန်းတဲ့နိုင်ငံတွေကို မသွားချင်တဲ့အခါ အနီးဆုံးခိုနားရာ ထိုင်းနိုင်ငံ လေးကို လေ့လာကြည့်ပေးပါ။

ပထမဦးဆုံး လူနာကိုယ်တိုင် မလာနိုင်ခဲ့ရင်တောင် လူနာရဲ့ ဆေးကုသမှု မှတ်တမ်း ရာဇဝင်ပြည့်စုံလို့ ဆရာဝန်နဲ့ ကိုယ်တိုင် ဆွေးနွေးပေးပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်ရှိတယ်။
သင့်တော်တဲ့ ဆရာဝန်နဲ့ ရက်ချိန်းယူပြီးမှ လူနာလာလို့ရပါတယ်။

အသက်50ကျော်များအတွက်ထိုင်းနိုင်ငံမှာ နေထိုင်ပြီး ဆေးကုသမှုခံယူမယ်ဆိုလည်း နေထိုင်ခွင့် မှစ၍ သွားလာရေး စားရေးနေရေး အပါအဝင် လူနာစောင့်ရှောက်မှု လိုအပ်သမျှ ချောမွေ့စေရေး ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။

ကိုယ်တိုင် ဆေးမကုတတ်တာကလွဲလို့ လူနာသက်တောင့်သက်သာ ရှိရေး အတွက်တော့ အတွေ့ရောအကြုံရောများပြီးသူတွေ လက်ထဲ စိတ်ချစွာအပ်နှံနိုင်ပါတယ်။

ပုံလေးကတော့ နေ့တိုင်း သူ့ကိုယ်သူနေကောင်းရဲ့လား ဂရုစိုက်နေတတ်တဲ့ 82နှစ် ဖိုးဖိုးကြီး ကို ကျန်းမာရေးစစ်ဆေးဖို့ ဆေးရုံကို လိုက်ပို့ပေးတဲ့ပုံလေး မနက်ခင်းတုန်းက လုံခြုံရေးဝန်ထမ်းလေး က ရိုက်ပေးတဲ့ ပုံပါ။

ဆေးစစ်ချင်တာပဲဖြစ်ဖြစ် ဆေးကုသမှုခံယူဖို့ လိုတာပဲဖြစ်ဖြစ် ထိုင်းနိုင်ငံ ချင်းမိုင်မြို့လေးကို လာခဲ့ပါရှင်။

Visa, Flight, Hotel, Car rental, Hospital Appointment… All in one ဝန်ဆောင်မှု ပေးဖို့ အသင့်ပါရှင် 😊🙏

Viber/ Mobile 📲

For Thailand…
+66 648 620 349,
+66 622 057 816

For Myanmar…
+95 997 588 2662,
+95 997 933 108

Trip Trek 💫

“Trek for the best
…… Trek for your rest “

နာမည်ကြီး ချင်းမိုင်မြို့တော်က Loy Krathong 🏮🏮🏮Nov 14-16 🎉Loy Krathong ပွဲတော်ကို အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေး ချင်းမ...
14/11/2024

နာမည်ကြီး ချင်းမိုင်မြို့တော်က Loy Krathong 🏮🏮🏮
Nov 14-16 🎉

Loy Krathong ပွဲတော်ကို အေးချမ်းလှတဲ့ တောင်ပေါ်မြို့လေး ချင်းမိုင်ကနေ ကြို‌ဆိုနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးရင်း လွိုင်ကထုန်ဆိုတာတော့သိတယ် ဘယ်နားမှာဘာပွဲတွေလုပ်ကြမှာလဲ၊ဘယ်သွားပြီးဘာလုပ်ရင်ကောင်းမလဲဆိုတာကိုမသိရ မရှိရအောင် အညွှန်းလေးတွေ မျှဝေပေးချင်ပါတယ်ရှင် 😊🎉🏮

ချင်းမိုင်ရဲ့ လွိုင်ကထုန်ကအရမ်းစည်တတ်တာမို့လို့ နေရာကြိုယူသင့်တဲ့နေရာတွေလည်းရှိသလို အချိန်ကိုလည်းသိမှရမယ်။မဟုတ်ရင်တော့ ဒီကစောင့်နေသူ ပဲဖြစ်နေမှာ။ ဘာမှကို မှီလိုက်မှာမဟုတ်လို့ ဒီနှစ်ကျင်းပမယ့် လွိုင်ကထုန်အစီအစဥ်ကို နားလည်လွယ်အောင် ပြောပြပေးပါ့မယ်။

🏮Day 1 : Nov 14

နိုဝင်ဘာ ၁၄ (ဒီနေ့)ကစလို့ပွဲတော်ကစပြီ။ မနက်ခင်းအစီအစဥ်တွေကိုမမှီလည်း အခုသွားမယ်ဆိုရင်ညခင်းပိုင်းအစီအစဥ်တွေကမှီသေးတယ်။

📍Tha Phae Gate
https://maps.app.goo.gl/mGw9vPw6uf72ZSSD6

လွိုင်ကထုံ စတဲ့သောကြာနေ့ကစလို့ ပြီးမယ့် ၁၆ ရက်နေ့အထိ သဖေးဂိတ် ( Tha Phae Gate ) မှာပွဲတော်တွေရှိပါတယ်ရှင်

အရမ်းလည်းလှတာမို့လို့သွားကြည့်သင့်ပါတယ် 😍အချိန်တော့အများကြီးမပေးဘဲ ကြည့်သင့်သလောက်ကြည့်ပြီးရင် နေရာဆက်ရွေ့တာပိုကောင်းပါတယ်နော်

Wat Lok Moli
https://maps.app.goo.gl/FUFFPUbfwd7V6n55A

🚩 အစီအစဥ်တွေကို ၆ နာရီစတယ်လို့ရေးထားပေမယ့် ပြင်ဆင်ချိန်တွေကကြာတာမလို့ တနေရာတည်းမှာအကြာကြီးနေနေရင် တခြားနေရာကဟာတွေလွတ်သွားတတ်တယ်။

🚩 သဖေးဂိတ်မှာစုနေတဲ့ ထိုင်းရိုးရာအဖွဲ့တွေက ဒီအတိုင်းပဲလမ်းလျှောက်ကြပြီး မွန်းမိုင်ဈေး (Mueang Mai Market ) နားက ချင်းမိုင်မြူနီစပယ်ရုံးကိုသွားကြတာမလို့ကိုယ့်အနေနဲ့ကျုံးပတ်လမ်းတွေကိုရှောင်ပြီး တခြားကျင်းပမယ့်နေရာတွေကိုကြိုသွားသင့်တယ်။

📍Three Kings Monument
https://maps.app.goo.gl/Sy5bBvf5oagvwKiD8?g_st=com.google.maps.preview.copy

Old City ထဲက အရုပ်ကြီး ၃ ရုပ် (Three Kings Monument)မှာ မှောင်ပြီဆိုတာနဲ့ ထိုင်းရိုးရာအကတွေ၊မီးခွက်နဲ့ ကတဲ့အဖွဲ့တွေ အဲ့လိုမျိုးအစီအစဥ်တွေရှိတာမလို့ သွားကြည့်သင့်တယ်။ချင်းမိုင်လွိုင်ကထုန်ရောက်ဖူးတဲ့ ခရီးသွားနိုင်ငံခြားသားအများစု Recommend ပေးကြတယ်။

📍 Wat Chedi Luang
https://maps.app.goo.gl/yBcRQMpXtoFvbjLn7?g_st=com.google.maps.preview.copy

နောက်တစ်ခုက ဝပ်ချစ်လုံ (Wat Chedi Luang )ဘုရားကျောင်းမှာ မနှစ်ကပထမနေ့တုန်းက လေဆာရှိုးတွေရှိတယ်။အရမ်းလည်းလှတယ်။ဒီနှစ်တော့မသိလို့ အချိန်ရရင်တော့သွားကြည့်သင့်တယ်။

📍Ping River
https://maps.app.goo.gl/8RF9VwXSs5aPQcp89

ချင်းမိုင်လွိုင်ကထုန်မှာအထင်ကရအဖြစ်ဆုံးနေရာကတော့ ပင်းမြစ် (Ping River) တလျှောက်ပဲ။မီးမျှောတဲ့အရာလေးတွေနဲ့ ဓါတ်ဖမ်းလို့အရမ်းကောင်းတယ်။စည်စည်ကားကားလည်းရှိတယ်။

📍Khua Lek (Iron Bridge)
https://maps.app.goo.gl/VABfBULxE48kdcz28?g_st=com.google.maps.preview.copy

- သံတံတား ( Iron Bridge ) တလျှောက်မှာ မုန့်ဈေးတန်းအရှည်ကြီးရှိတယ်။ အစားအသောက်တွေကတော့ ထပ်နေတာမလို့ ခဏလောက်ပဲလျှောက်ကြည့်သင့်တယ်။

📍Chaing Mai Municipal Office
https://maps.app.goo.gl/fRMzeoaGY6SaDABv7?g_st=com.google.maps.preview.copy

ချင်းမိုင်မြူနီစပယ်ရုံးရှေ့မှာတော့ မြစ်လယ်ခေါင်မှာ ထိုင်းရိုးရာအကစတိတ်စင်နဲ့ မီးရှူးမီးပန်းတွေတဝကြီးကြည့်ရမှာ။လူအရမ်းကြပ်တတ်တာမလို့နေရာကောင်းယူထားနိုင်ဖို့လိုတယ်။

🚩 သဖေးဂိတ်ကအဖွဲ့တွေအကုန်ရောက်လာမှ အခမ်းအနားအစီအစဥ်ကစတာမလို့ ညနောက်ကျမှသွားတာပိုပြီးကောင်းတယ်။

📍Mae Kha Canal
https://maps.app.goo.gl/dtftEH1hwsAvnS2cA

6️⃣ မဲ့ခါမြောင်း( Mae Kha Canal ) မှာတော့ မီးမျှောတာလေးတွေလွှတ်ကြတယ်။ကိုယ်လည်းလွှတ်ချင်ရင် အဲ့မှာကအေးဆေးလွှတ်လို့ရတယ်။ မီးပုံး၊မီးပန်းတွေနဲ့ပြင်ထားဆင်ထားတာတော့ရှိပေမယ့် အထွေအထူးမျိုးတော့သိပ်မရှိပါဘူး။

📍 Maya Mall

https://maps.google.com?q=55%20%E0%B8%AB%E0%B8%A1%E0%B8%B9%E0%B9%88%E0%B8%97%E0%B8%B5%E0%B9%88%205%20Huay%20Kaew%20Rd,%20Chang%20Phueak,%20Mueang%20Chiang%20Mai%20District,%20Chiang%20Mai%2050300,%20Thailand&ftid=0x30da3a61c9365a0b:0x248e54e7878f327e&entry=gps&lucs=,94244543,94242565,94224825,94227247,94227248,47071704,47069508,94218641,94233079,94203019,47084304,94208458,94208447&g_st=com.google.maps.preview.copy

📍Doi Sak
7️⃣ Google မှာ လွိုင်ကထုန်လို့ရှာလိုက်ရင် မီးပုံးတွေအများကြီးကောင်းကင်ကိုပျံတက်သွားတာမျိုး ကောင်းကောင်းကြည့်ချင်ရင်တော့ လမ်ဖူး(န်)ကိုသွားဖို့လိုတယ်။ချင်းမိုင်ကနေမောင်းမယ်ဆို ၄၅ မိနစ်လောက်ပါပဲ။လက်မှတ်ဖိုးတွေဘာတွေလည်းရှိတယ်။မာယာ မော ( Maya Mall )မှာရောင်းပေးပါတယ်။ဒွိုင်စကပ် (Doi Saket )မှာတော့အခမဲ့ကြည့်လို့ပါဝင်လို့ရပါတယ်။

ဒါကတော့အကြမ်းဖျဥ်းနဲ့နားလည်လွယ်အောင်ရှင်းပြထားတာပါ။ဒီလိုရက်တွေမှာဆိုင်ကယ်နဲ့သွားတာကပိုပြီးအဆင်ပြေပါတယ်။ကားနဲ့ဆိုအတော်စိတ်ညစ်စရာပါ။နေရာတစ်ခုစီတိုင်းမှာ ပွဲတော်နဲ့အချိန်ဇယားတွေရှိပါတယ်။အခြေအနေပေါ်မူတည်ပြီး ပွဲတော်အချိန်ဇယားအပြောင်းအလဲရှိတယ်လို့ရေးထားပါတယ်ရှင်

အားလုံးပျော်ပျော်ရွှင်ရွှင်နဲ့လွိုင်ကထုန်ပွဲတော်ကိုဆင်နွဲနိုင်ကြမယ်လို့မျှော်လင့်ပါတယ်နော် 🎉

🏮 Happy Loy Krathong Everyone 🏮

Admin မေ 🌸






Crd to

https://maps.app.goo.gl/FUFFPUbfwd7V6n55A

✍️Extension. အကြောင်းသိကောင်းစရာ ✍️ထိုင်းခရီးသွားတွေဟာ ထိုင်းနိုင်ငံကို အလည်အပတ်နဲ့လာပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်...
11/11/2024

✍️Extension. အကြောင်းသိကောင်းစရာ ✍️

ထိုင်းခရီးသွားတွေဟာ ထိုင်းနိုင်ငံကို အလည်အပတ်နဲ့လာပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်နေဖြစ်တဲ့အခါ နေထိုင်ခွင့်သက်တမ်းလေးတိုးပြီးနေဖို့လိုလာကြပါတယ်

📍အလည် Visa (၂) မျိုး

1. အသွားအပြန်လက်မှတ် ဟိုတယ် booking ပြည့်ပြည့်စုံစုံ show money ဘတ် ၂၀၀၀၀ အနဲဆုံးပါပြီး ထိုင်းမှာ ၂ ပတ်လောက် လည်ပတ်ဖို့ သွားတဲ့အခါ ထိုင်းလေဆိပ် immigration က ရတဲ့ visa on arrival သို့ Free Visa (14) days

2. ရန်ကုန် ထိုင်းသံရုံးမှာ Tourist visa | Single Entry ကို Visa ယူသွားပြီး ထိုင်းလေဆိပ် သို့ ထိုင်းနယ်စပ် Border က ထိူင်းကိူ ဝင်ရောက်တဲ့အခါ (၂) လ နေထိုင်ခွင့်ရတဲ့ TR Visa

📍Extension (၂) မျိုး

1. Walk-in Extension
2. E extension

Walk-in Extension

walk-in extension ဆိုတာ သက်တမ်းတိုးရန် appointment ရက်နှင့် အချိန်ကို ကြိုတင်ချိန်းထားခြင်းမရှိပဲ တိုက်ရိုက် ရုံးကိုသွားပြီး နေထိုင်ခွင့် သက်တမ်းတိုးခြင်းဖြစ်ပါတယ်

✍️With Free Visa

1. extension တိုးရသောနေရာ ။ IT Square Laksi (📍 https://maps.app.goo.gl/KQ6V4XhTCwwpMUnS9?g_st=com.google.maps.preview.copy)
2. Requirements: သက်တမ်းတိုးနေထိုင်ရန် မြန်မာသံရုံးမှ ထောက်ခံစာ ၊ TM30 (ထိုင်းဧည့်စာရင်း) ၊ Passport Page (Biography page & ထိုင်းအဝင်တုံးပါသော Pages) နှစ်မျက်နှာပုံ၊ 1 photo (background အဖြူ၊ မျက်မှန်မပါရ) ၊ ရုံးမှပေးသော ဖောင် များ ဖြည့်ရန်
3. Extension fee : 1900 ဘတ်
4. ထပ်မံရရှိသည့် နေထိုင်ခွင့် : တစ်လ
5. Walk-in တိုးနိုင်သော အကြိမ်ရေ : ၂/ ၃ ကြိမ်

***

Trip Trek service :

Passport တစ်ခုတည်းနဲ့ IT Square ကို extension လာတိုးရုံ
🎈Fee: 3300 ဘတ်
🎈ကြိုတင်အကြောင်းကြားရန်: expired date မတိုင်ခင် ၃ ရက် (weekend နှင့် ရုံးပိတ်ရက် မပါ)

✍️With Tourist Visa

1. Extension တိုးရသောနေရာ: Government Complex Immigration Division 1 (📍 https://maps.app.goo.gl/t6N9nBFxSzVt2uPS6?g_st=com.google.maps.preview.copy)
2. Requirements: TM30 (ထိုင်းဧည့်စာရင်း) ၊ Passport Page (Biography page & ထိုင်းအဝင်တုံးပါသော Pages) နှစ်မျက်နှာပုံ၊ 1 photo (background အဖြူ၊ မျက်မှန်မပါရ) ၊ ရုံးမှပေးသော ဖောင် များ ဖြည့်ရန်
3. Extension fee : 1900 ဘတ်
4. ထပ်မံရရှိသည့် နေထိုင်ခွင့် : တစ်လ
5. Walk-in တိုးနိုင်သော အကြိမ်ရေ : တစ်ကြိမ်သာဖြစ်သည်။

***
Trip Trek service :

Passport တစ်ခုတည်းနဲ့ Government Complex ကို extension လာတိုးရုံ
🎈Fee: 3000 ဘတ်
🎈ကြိုတင်အကြောင်းကြားရန်: expired date မတိုင်ခင် ၃ ရက် (weekend နှင့် ရုံးပိတ်ရက် မပါ)

📍E extension

E Extension သို့ Electronic Extension ဆိုတာက လိုအပ်တဲ့ စာရွက်စာတမ်း အကုန်လုံးကို Online ကနေ Extension ကြေးပေး၊ Appointment ရက်နှင့်အချိနိရွေးကာ တင်ပေးလိုက်ပြီး Immigration မှ online က အကုန်စိစစ်ပေးကာ လိုအပ်တာရှိပါက ထပ်တောင်း၊ အားလုံးပြည့်စုံပါက ငွေလက်ခံဖြတ်ပိုင်းအပါအဝင် ဖောင်အားလုံးကိုပါ လက်မှတ်ထိုးရုံအသင့်ဖြည့်ပေးလိုက်သော Premium Service ဆန်တဲ့ Extension အမျိုးအစားဖြစ်ပါတယ်။

Walk-in Extension ပြုလုပ်ရန် ခွင့်ပြုထားသော အကြိမ်ရေ ပြည့်သွားပါက E extension သာ တိုးခွင့်ရှိပါတယ်။

With Tourist Visa / With Free Visa

1. E Extension တိုးရသောနေရာ: Government Complex Immigration Division 1 (📍 https://maps.app.goo.gl/t6N9nBFxSzVt2uPS6?g_st=com.google.maps.preview.copy) E extension ဌာနက တတိယထပ်မှာ ဖြစ်ပါတယ်။
2. Requirements: TM30 (ထိုင်းဧည့်စာရင်း) ၊ Passport Page (Biography page & ထိုင်းအဝင်တုံးပါသော Pages) နှစ်မျက်နှာပုံ၊ 1 photo (background အဖြူ၊ မျက်မှန်မပါရ) ၊ ရုံးမှပေးသော ဖောင် များ ဖြည့်ရန်
3. Extension fee : 2400 ဘတ်
4. ထပ်မံရရှိသည့် နေထိုင်ခွင့် : တစ်လ
5. Walk-in တိုးနိုင်သော အကြိမ်ရေ : အများဆုံး ၄ ကြိမ်သာဖြစ်သည်။

***

Trip Trek service :
Passport တစ်ခုတည်းနဲ့ Government Complex ကို extension လာတိုးရုံ
🎈Fee: 3800 ဘတ်
🎈ကြိုတင်အကြောင်းကြားရန်: expired date မတိုင်ခင် တစ်ပတ် (weekend နှင့် ရုံးပိတ်ရက် မပါ)

****
အကယ်၍ သံရုံးထောက်ခံနှင့် TM30 သီးသန့်လိုအပ်ပါကလဲ ဝန်ဆောင်မှုပေးပါတယ်ရှင်
*****
Tourist Visa, Education Visa (university), Retirement Visa, Bank Account Opening, DTV Visa အားလုံးလဲ Trip Trek မှာ ဝန်ဆောင်မှုယူနိုင်ပါတယ်လို့ အသိပေးရင်း 😇

Admin မေ 🌸

Viber/ WhatsApp/telegram
+959975882662
+959979331084
Line: arpaytu.mts

Previous post:

🌸 မင်မင်ရဲ့ ကိုယ်ပိုင် Travel Blog မှာ ရေးထားတဲ့ Tourist Visa ကိုယ်တိုင် walk-in extension တိုးနည်း

https://www.facebook.com/share/1AzmrEoNoS/?mibextid=WC7FNe

🌸E extension ကိုယ်တိုင်လျှောက်နည်း

https://www.facebook.com/share/1DTXAVdu1E/?mibextid=WC7FNe

🚨Vietnam Reject All Thailand Tourist Visa 🚨Bad News ပါ 😌ယခုအပတ် ဗီယက်နမ်တွင် TR visa လျှောက်ထားသော မေ့ client များအပါအဝင...
10/11/2024

🚨Vietnam Reject All Thailand Tourist Visa 🚨

Bad News ပါ 😌

ယခုအပတ် ဗီယက်နမ်တွင် TR visa လျှောက်ထားသော မေ့ client များအပါအဝင် Client အားလုံးနီးပါး အကြောင်းပြချက်မရှိ Reject ခံရပါတယ်။

TR visa သည် အလည်အပတ်အတွက်သာဖြစ်ပြီး
TR visa ကို အခါခါ အသစ်လျှောက်ပြီးရေရှည်နေထိုင်ခွင့်ရရန် အသုံးပြုသည်ဟု ယူဆခြင်းခံရရုံ​ဖြင့် Visa reject လုပ်ခြင်းခံရခြင်း ဖြစ်ပါတယ်။

ယခုအပတ်မှသာ ဖြစ်တာ ဖြစ်ပြီး မေ” သာမက Vietnam သို့ ဝန်ဆောင်မှု ပေးနေသော တခြား Agent Client များအပါအဝင် ဗီယက်နမ် TR visa run Client အားလုံးတစ်ရာဝန်းကျင် TR visa reject ခံရတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုဆိုရင် နိုင်ငံ ပြင်ပထွက် လျှောက်သည့် Tourist Visa သည် Vietnam e Visa မှ အစပြုပြီး ဖြစ်သောကြောင့် တခြား နိုင်ငံများ အခြေအနေလဲ စောင့်ကြည့်ရဦးမည်ဖြစ်ပါသည်။ 😌

🚨TR visa သည် အလည်အပတ်အတွက်သာဖြစ်ပြီး
ရေရှည်ထိုင်းတွင်အကြောင်းအမျိုးမျိုးဖြင့်
နေထိုင်လိုပါက

NON B, NON O, NON ED, DTV တို့ဖြင့်သာ
နေထိုင်သင့်တော့ကြောင်း စိတ်မကောင်းစွာဖြင့် အသိပေး မျှဝေလိုက်ပါသည်ရှင် 🚨

Admin မေ ✍️




Thailand’s Popular Retirement Visa 👵👴Thailand’s Retirement Visa offers a highly sought-after long-term stay option, espe...
07/11/2024

Thailand’s Popular Retirement Visa 👵👴

Thailand’s Retirement Visa offers a highly sought-after long-term stay option, especially for individuals over 50 who wish to enjoy the benefits of living in Thailand.

Here are just a few reasons why this visa has become so popular among retirees and expatriates:

Why Choose the Retirement Visa?

1. Convenient Cross-Border Access: Ideal for individuals who want to live in Thailand while managing business out of Thailand since it’s perfect with “Multiple Re-entry”

2. Family Proximity: Perfect for parents who want to stay close to children working or studying in Thailand.

3. Modern Healthcare & Family Life: Provides grandparents the chance to enjoy family time and access Thailand’s renowned healthcare facilities.

⁉️Q&A about the Thailand Retirement Visa

📖 How long is the Retirement Visa valid?

If you obtain a retirement visa, it typically consists of a three-month Non “O” visa followed by a twelve-month retirement extension. This provides a total visa validity of 15 months.

📖 Can the Retirement Visa be renewed?

Yes, the Retirement Visa is renewable every year, allowing for an extended stay in Thailand.

📖 Is re-entry allowed on the Retirement Visa?

Absolutely. As a long-term visa, it permits multiple re-entries, making travel between Thailand and other countries, such as Myanmar, smooth and straightforward.

📖 What passport type is required?

Any passport type is ok ✅
For example : Myanmar nationals with any type
of passport (PV, PJ, PS, PT) but still meets longevity requirements, all are eligible to apply.

✅ Required Documents for the Retirement Visa

To apply, you will need:

• Passport (biometric page photo)
• Four passport-sized photos
• Residence visa in Thailand for at least 45 days
• Thai bank account, Mobile Banking and Bank Certificate_show money 800000 bhaht
• TM30 form (room or residence photo also required)
• If you own a condo, you must show House ID and Household registration.

One-Stop Service at May The Navigator and Trip Trek Travel & Tour

Our service streamlines the application process, providing everything you need to obtain a Retirement Visa with ease.

Highlights of Our Service:

• No embassy visits are required. We handle your Tourist Visa extension if necessary, helping you transition smoothly to a Retirement Visa. 😇

• For those who don't have a Thai bank account to show 800,000 baht show money bank certificate, There is a service that opens a Bangkok bank account within a day. For those who have difficulties for 800000 Baht show money, there is an additional service to add show money to your Thai bank account🥳

• If there is no TM30, there is a TM30 service.😊

How long does it take?

When using our service, you can expect quick processing. In just one day, with all necessary documents ready, your Retirement Visa can be completed and approved in locations like Bangkok or Chiang Mai.

Contact Us for Guaranteed Support

Our team guarantees a streamlined, reliable experience with the Thailand Retirement Visa. For more information, reach out via Messenger or Viber during office hours, and let us help you enjoy the comforts of Thailand for years to come.

Trip Trek Travel & Tour
Line : arpaytu.mts
Viber/ WhatsApp : +959975882662
+959979882662

255 baht တည်း နဲ့ ချင်းမိုင်မှာ ဆိုင်ကယ်လိုင်စင် ရယူကြမယ် 🛵😊မေဒီနေ့ မြန်မာလိုင်စင် မပါပဲ ထိုင်းလိုင်စင်ဘယ်ကစလုပ်မလဲဆိုတာ...
02/11/2024

255 baht တည်း နဲ့ ချင်းမိုင်မှာ ဆိုင်ကယ်လိုင်စင် ရယူကြမယ် 🛵😊

မေဒီနေ့ မြန်မာလိုင်စင် မပါပဲ ထိုင်းလိုင်စင်
ဘယ်ကစလုပ်မလဲဆိုတာလေး မျှဝေပေးပါမယ်နော် …

ချင်းမိုင်မှာ ဆိုင်ကယ် လိုင်စင်လုပ်နည်းလေး share ပေးတာက ချင်းမိုင်မှာ မြန်မာတွေ အရမ်းများလာပေမယ့် မြို့ပတ်ကားနီလေးတွေ (Song Threw) လေးတွေပဲရှိ လိုင်းကားကလဲ မရ တက်စီက စျေးကြီးတော့ ဆိုင်ကယ်လေးပဲ အဖော်လုပ် သွားရတာမို့ မေ့ မိတ်ဆွေ သူငယ်ချင်းတို့အတွက် အရမ်း အသုံးတည့်မယ်လို့ မျှော်လင့်လို့ပါရှင် 🌸

တချို့ကတော့ ဒီလိုလိုင်စင်ရဖို့ကို driving school အပ်ကြပါတယ်
တချို့က ဒီအတိုင်း training တစ်ရက် သွားတက်ကြပါတယ်
အကုန်အကျအသက်သာဆုံးက training လေး ကိုယ့်ဘာသာ တက်ပြီး လိုင်စင်လုပ်တာပဲပေါ့ရှင်
စုစုပေါင်းမှ ၂၅၅ ဘတ်ပဲ ကျတာရယ် 🎉

အခု ဒီအတိုင်း training အတန်း တစ်ရက်သွားတက်ပီး ဘယ်လို 🛵 လိုင်စင်ရမှာလဲဆိုတာ ပြောပြပေးသွားမယ်နော်🤗

Step 1
အရင်ဆုံး လိူင်စင်လျှောက်ဖို့ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်သွားရပါမယ်

လိုအပ်တာကတော့ 📖
1) Passport first page and copy
2) Last Visa stamp page and copy
3) Residence Certificate original
4) Medical Certificate original
5) motorcycle = 105 baht
6) writing test and driving test

No 1 and 2 ကတော့ လွယ်လွယ်ကူကူ ရှိကြပါတယ် (passport ရှိမှ တရားဝင် အဝင်တုံးရှိမှ ချင်းမိုင်နေလို့ရမှာကို 😁)

မိတ္ထူ အတွက်ဆို သံရုံးနားမှာ ရှိပါတယ်နော်
https://maps.app.goo.gl/osx3E3GxaACviKZB8

No 3 ကတော့

Residence certificate ဆိုတာ ထိုင်းနိုင်ငံမှာနေထိုင်ကြောင်း Thai immigration ကနေ ယူရတဲ့ ထောက်ခံစာပါရှင်

အရမ်းအသုံးတည့်ပါတယ် လိုင်စင်ကိစ္စတွေသာမက ကွန်ဒိုဝယ်ခြင်း ကားဝယ်ခြင်းတွေမှာလဲ လိုပါတယ် ✨

🌸 How to get residence certificates

လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ 📖
1) passport original + copy
2) visa updated book page copy
3) နိုင်ငံသား စစ်ဆေးရေးကတ် (NRC card) အရှေ့ အနောက်ပါတဲ့ copy
4) သန်းခေါင်စာရင်း အရှေ့ အနောက် ပါတဲ့ copy
5) application form ( ရုံးမှာ တောင်းပြီး ဖြည့်ရုံပါပဲ )
ကိုယ်တိုင် ဖြည့်လဲ ရသလို မဖြည့်တတ်ရင် အဲ့မှာ ကူညီ ရေးပေးဖြည့်ပေးပါတယ် ( မဟုတ်လဲ online ကနေ သွားဒေါင်းပြီး ကြိုတင်ရေးဖြည့်ပီး သွားလဲရပါတယ်)
6) ဘတ် ၁၀၀
7) ဓါတ်ပုံ ၂ ပုံ ( ဆိုဒ်ကြီးရင် ပိုကောင်းပါတယ်)
😎 𝗘𝗗 𝗩𝗶𝘀𝗮 ဆိုရင် 𝘀𝘁𝘂𝗱𝗲𝗻𝘁 𝗰𝗮𝗿𝗱 𝗰𝗼𝗽𝘆 𝗼𝗿 𝗿𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗹𝗲𝘁𝘁𝗲𝗿 (ထုတ်ထားတာ ကြာထားလဲရပါတယ် တင်သာ တင်ပေးလိုက်ပါ)

အားလုံးပြီးပြည့်စုံသွားရင်တော့ process လုပ်ပုံလေး ပြောပြပါမယ်

မေ Recommendလေး ပေးချင်တာက နေ့လည် 12 မထိုးခင် အောက်မှာ ဖော်ပြထားတဲ့

map link
https://maps.app.goo.gl/ScV9TRKkfP9bcv3CA
ကို အရောက်သွားပြီး ဝင်ဝင်ချင်းမှာ Application form ဖြည့်ပါ
ပြီးရင် လက်မှတ် လက်ဗွေ နှိပ်ပါ
ပြီးရင် စာရွတ်စာတမ်း စုံမစုံ စစ်ဆေးပါ
ပြီးသွားရင် ကောင်တာမှာ ၁၂ မထိုးခင်သွားရောက် တင်ပေးလိုက်ပါ Slip ဘောက်ချာဖြတ်ပိုင်းလေး ရလာပါလိမ့်မယ်
အဲ့မှာ ပြန်လာယူရမဲ့ date ပါပါတယ်
ပုံမှန်ကတော့ 3ရက်ပါ။

ပြီးရင်တော့ မိမိရဲ့ TM 30 လိပ်စာနဲ့ သူ့မှာ ရေးပေးလိုက်တဲ့ လိပ်စာနဲ့အတူ နာမည် တခြား information တွေ မှန်မမှန် တိုက်စစ်ပါ

အားလုံး မှန်ကန်ပါက Resistance certificate ( ထောက်ခံစာ) ရရှိပြီ ဖြစ်ပါတယ်

မှတ်ချက် ။ ထောက်ခံစာ အသုံးပြုရမှာ ၃ လသာ အကျုံးဝင်ပါတယ် 3 လ ကျော်ပါက အသစ်ပြန်လုပ်ရမှာပါ

*** ကိုယ်စားသွားတင်ပေးလို့မရပါ***

No 4 ကတော့ Medical certificate ပါ
ဒီ Clinic လေးမှာ အတော်အဆင်ပြေပါတယ်
50 baht ပဲ ပေးရတယ်။

https://maps.app.goo.gl/yZe6Ht1wXTgev77B8
Panipha

အဲ့clinic မှာ ဝန်ထမ်း တွေက အကုန်သဘောကောင်းကြတယ်။သူတို့လိုအပ်မဲ့ အရာတွေလဲ မြန်မာလိုဘာသာပြန်ပြီးသားစာရွက်နဲ့ ပြတယ်။

No. 5 ကတော့ ပိုက်ဆံပါ

No.6 ကတော့ writing test and driving test ပါ

No.6 မလုပ်ခင်မှာ အရင်ဆုံး No 1-5 ကို အရင်ပြင်ဆင်ပီး စာရွက်စာတမ်း နဲ့အတူ မိမိတို့ နီးစပ်ရာ land transport ကို သွားလိုက်ပါ

📍အောက်ပါ address လေးကတော့ chiang mai land transport 2 office ပါ
https://maps.app.goo.gl/mAD4SNaVfzCCBJp8A

👉🏻 ပထမထပ်ကို တက်သွားပြီး Counter Number 27 ကို သွားလိုက်ပါ
👉🏻 ပြီးရင် သူတို့ဘက်က စာရွက်စာတမ်း စစ်ဆေးပြီး training တက်ခိုင်းပါတယ်
အဲ့နေ့ပဲ ကျွန်တော်ကတော့တတ်ရတယ်
room no နဲ့ အဲ့ room ကို သွားလိုက်ပါ။
(room ရှာမတွေ့ရင် information counter မှာသွားမေးလိုက်ပါ)
Room ဝင်ဝင်ချင်း color test လုပ်ခိုင်းပါတယ်။
ပြီးရင် လက်‌ေဗွနှိပ်ပြီး Training တရက်လုံး တတ်ပါ။နေ့လည်ခဏနားပြီး ဒုတိယပိုင်းမှာ ဘရိတ်testလုပ်ပါတယ်
ရှေ့လူတွေအတိုင်းကြည့်လုပ်ပါ။ပြီးရင် လူကိုယ်တိုင်သင်ပါတယ်
Training ပြီးရင် နောက်ရက် exam ဖြေ မဲ့ room no နဲ့ စာရွက်စာတမ်း ပြန်ပေးလိုက်ပါတယ်။

👉🏻 training တစ်ရက် ပီးလို့ နောက်တစ်ရက် exam ဖြေမဲ့ room ( ဒုတိယထပ်မှာပါပဲ)ရှေ့အခန်းဝ က စားပွဲ မှာ စာရွက်ထပ်ဖို့ ခြင်း တခုထဲ ကိုယ့်စာရွက်တွေ ထည့်ပြီး စာမေးပွဲ စစ်က နာမည်ခေါ်တာထိုင်စောင့်ပါ။(စိတ်ရှည်ရှည်စောင့်ပါ..နောက်ကျပါတယ်သူတို့ခေါ်တာ)
ပြီးရင် ဝင်ဝင်ချင်း လက်မှတ်ထိုးရပါတယ်(ဘေးမှာ ဆိုင်ကယ်လား ကားလားဆိုတာခြစ်ပေးရပါတယ်)
၄၅မှတ်ရပြီး အောင်ပြီဆိုတာစာရွက်စာတမ်းပြန်‌ေပးလိုက်ပြီး driving test တန်းဖြေရပါမယ်။ ( ရေးဖြေ က ၄၊ ၅ ကြိမ်ဖြေမှ ရပါတယ် 😁တနေ့၂ခေါက်ဖြေလို့ရပါတယ် မနက်၁၀နာရီတခါ နေ့လည် ၁နာရီတခါ)

👉Driving test ကတော့ လွယ်ပါတယ်
အခုဖြေတဲ့ building ကနေ ပြီး ဘေးကပ်က building ကို ကို့ယ်ဆိုင်ကယ်နဲ့ ကို သွားပြီး ပါကင်ထိုးထားပါ။ဆိုင်ကယ်လိုင်စင်ပြားပုံရိုက်သွားပါ။
ပြီးရင် test စစ်မဲ့ သူကို စာရွက်စာတမ်းပေးပြီး သူဖြည့်ခိုင်းတဲ့‌ေနရာ‌ေတွဖြည့်လိုက်ပါ။ပြီးရင် သူခိုင်းတဲ့အတိုင်းမောင်းပြလိုက်ပါ။

Driving test အောင်ပြီဆို သူက တုံးထုပြီးစာရွက်စာတမ်း ပြန်ပေးလိုက်ပါတယ်။
အဲ့တာကို ခုနက dlt ရုံး 2 floor က information counter မှာ တန်းစီပြီး စာရွက်စာတမ်းပေးပြီး စလစ်ထုတ်ရပါတယ်။

ပြီးရင် သူတို့ ခေါ်တဲ့ ကောင်တာမှာ စလစ်နဲ့ ငွေသွင်းငွေသွင်း(၁၀၅ဘတ်) ဓာတ်ပုံရိုက် လိုင်စင်ကဒ် တန်းရပါပြီရှင်

👉🏻 2 ခုလုံး တစ်ခါတည်း အောင်တာနဲ့ license card တစ်ခါတည်း ရပါတယ်

Note :
writing test က ၄၅ မှတ် ရကိုရရပါမယ်၊ ၄၄ မှတ်ရခဲ့ရင်တောင် ပြန်ဖြေခိုင်းပါတယ်(ဒါမယ့် driving school တက်ထားတဲ့သူတွေက အတိုးအလျှော့လေးတွေ လုပ်ပေးပြီး အအောင်ပေးပါတယ် ပြီးရင် certificate နဲ့အတူ တင်ပေးလိုက်လို့ရပါတယ်)

မိမိက စာမေးပွဲ ကို ဒီအတိုင်း school မဟုတ်ပဲ transport office မှာ သွားဖြေရင်တော့ 45 မှတ်ပြည့်မှ ရပါမယ်
တစ်နေ့ 2️⃣. ကြိမ်ဖြေခွင့်ရှိပါမယ်
မအောင်မချင်း ဖြေလို့ရပါတယ် 😁

Driving test က ကိုယ့်ဆိုင်ကယ်ကိုယ် သွားဖြေလို့ရပါတယ်
မရှိပါက ငှါးသွားပါ

၂ ခုလုံး အောင်ပီ ဆိုတာနဲ့ office ကို ပြန်သွားပြီး ငွေသွင်းပြီး ကတ်ထုတ်ရုံပါပဲရှင်

🌸🌸🌸

အားလုံးပဲ အဆင်ပြေကြပါစေ 😇🙏🙏

Admin မေ 🌸



#ဆိုင်ကယ်လိုင်စင်

ที่อยู่

Chiang Mai
50300

เบอร์โทรศัพท์

+959975882662

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Trip Trekผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Trip Trek:

วิดีโอทั้งหมด

แชร์

ตำแหน่งใกล้เคียง สำนักงานตัวแทนจัดการท่องเที่ยว


Chiang Mai สำนักงานตัวแทนจัดการท่องเที่ยวอื่นๆ

แสดงผลทั้งหมด