Rocket Cruising

Rocket Cruising Enjoy the World of Funs just from your home. You can also find me on YouTube by clicking Watch Now.

ကျွန်တော့ Caldina GT4 လေးကို ပြိုင်ကားပုံစံ အလန်းစားလေး modify ချင်လို့ ရန်ကုန်မှာ bodykits, stickers စတဲ့ ပစ္စည်းစုံတဲ့...
06/30/2024

ကျွန်တော့ Caldina GT4 လေးကို ပြိုင်ကားပုံစံ အလန်းစားလေး modify ချင်လို့
ရန်ကုန်မှာ bodykits, stickers စတဲ့ ပစ္စည်းစုံတဲ့ decoration ပိုင်းကို ပိုင်နိုင်တဲ့ နေရာလေးတွေသိရင် ပြောပြပေးကြပါလားခင်ဗျာ 🙏🙏🙏

ချစ်စရာကောင်းလိုက်တာ 😍😍😍
06/29/2024

ချစ်စရာကောင်းလိုက်တာ 😍😍😍

ဒီတစ်ခါတော့ Good review လေးလာပြီဗျPerfect Restaurant အကြောင်းလေးCustomer service ပြည့်ချက်က လူတောင် မနေတတ်ဖြစ်တယ် 😍Waite...
06/23/2024

ဒီတစ်ခါတော့ Good review လေးလာပြီဗျ

Perfect Restaurant အကြောင်းလေး

Customer service ပြည့်ချက်က လူတောင် မနေတတ်ဖြစ်တယ် 😍

Waiter လေးတွေ waitress လေးတွေ တော်ကြတယ်ဗျ
ဆိုင်ရှင်Train ထားတာလား မန်နေဂျာပဲလားမသိပေမယ့် trainer တော်တယ် လို့ ဆိုရမယ် 🥰

ဆိုင်ရှေ့ ကားရပ်လိုက်ပြီဆိုတာနဲ့ မိုးရွာရွာ နေပူပူ ထီးနဲ့လာကြိုပြီးသားပဲ 👏

မှာချင်တဲ့ အစားအသောက် ဘာစားရမှန်း မသိလို့ ရွေးတာကြာနေရင်လည်း ဘေးကနေ စိတ်ရှည်ရှည်နဲ့စောင့်ပေးတယ်
တချို့ဆိုင်တွေဆို အဲ့လိုကြာနေရင် စိတ်မရှည်တဲ့အမူအရာတွေပြကြတယ်လေ

ပန်းကန်လုံးလေးတွေထဲ ထည့်စားရတဲ့ အစားအသာက်ကိုဆိုရင်လည်း ကိုယ်တိုင်ခပ်ထည့်စရာတောင်မလိုဘူး ခပ်ထည့်ပေးတယ် 😊

နေရာလေးကလည်း အတွင်းထဲမဆိုသလောက်လေး ရောက်နေပေမယ့် အေးအေးချမ်းချမ်းလေးရှိတယ် 😊

အစားအသောက်ကလည်း သူများဆိုင်တွေထက်ကောင်းတယ်လို့ထင်မိတယ် 😁
(ပုသိမ်တစ်မြို့လုံးနီးပါးက ဆိုင်တွေလိုက်စားကြည့်ဖူးပြီးပြီ)

အသောက်ကတော့ ကိုယ်ကမသောက်တတ်တော့ အမှတ်မပေးတတ်ဘူးပေါ့နော် 😁
သောက်ဖူးတဲ့လူတွေကတော့ အောက် မှာ comment လေးတွေ ပေးခဲ့ကြနော် 😍

အားလုံးခြုံပြီး အမှတ်ပေးရမယ်ဆိုရင် -

Customer service ကတော့ အမှတ်ပြည့်ပဲ 10 out of 10
သန့်ရှင်းသပ်ရပ်တာက 10 out of 10
အစားအသောက်က 9 out of 10 😬 ဒါကကျတော့ ဒိုမီနိုကို ပိုကောင်းတဲ့ဆိုင်လေးတွေ့သွားလို့ 😁 အဲ့ဒီ့ဆိုင်လေးအကြောင်း လည်း လာမယ်နော် 😘

Perfect restaurant လေးက ကင်မလင်းကျွန်း မဉ္ဇူလမ်း အလယ်လောက်မှာရှိပါတယ်နော်

ပုသိမ်က အိုမီဂါ နာရီပြင်ဆိုင် အကြောင်းလေးပြောပြချင်လို့ ဟိုရက်ပိုင်းက fossil နာရီလေးပြုတ်ကျပြီး 9 ဂဏန်းနေရာက အတံလေး ပြုတ...
06/21/2024

ပုသိမ်က အိုမီဂါ နာရီပြင်ဆိုင် အကြောင်းလေးပြောပြချင်လို့

ဟိုရက်ပိုင်းက fossil နာရီလေးပြုတ်ကျပြီး 9 ဂဏန်းနေရာက အတံလေး ပြုတ်သွားလို့ သွားပြင်တာ
ချက်ချင်းပြင်ပေးလိုက်ပါတယ် တော်ပါတယ်

ဒါပေမယ့် သူလုပ်လိုက်တာ stopwatch အဝိုင်းက လက်တံက နေရာလွဲသွားတယ်

ကိုယ်ကလည်း အဲ့ဒါကို နောက်မှတွေ့တယ်
ပုဂံကို သွားဖို့ကလည်းရှိနေတော့ အော် ပြန်ရောက်တော့မှ သွားပြင်တော့မယ်လေ ဆိုပြီးနေလိုက်တာ

ဒီနေ့မှ ဈေးကြီးထဲသွားရင်း ကြုံနေတာနဲ့ ဝင်ပြင်တာ
ဟိုတစ်ခါပြင်တဲ့သူပဲ သူက mlbb ဂိမ်းဆော့နေတယ်

ဒီနာရီလေးဟိုတစ်ခါ အကိုပြင်လိုက်တာ လက်တံနေရာလွဲသွားတယ် အဲ့ဒါလေး ပြန်ပြင်ပေးပါ လို့ ပြောတာကို

သူကကြည့်ရုံလေးကြည့်ပြီး အဲ့ဒါ ရနေတာပဲကို ဘာလို့ပြင်မှာလဲတဲ့ 🤨

ကြည့်မကောင်းလို့ပါဗျာ ပြီးတော့ ကျွန်တော်က သင်္ဘောပေါ်ရောက်ရင် အဲ့ဒီ stopwatch က အရမ်းအသုံးဝင်တော့ နေရာလွဲနေရင် အဆင်မပြေဘူးလို့ ကောင်းကောင်းမွန်မွန်ရှင်းပြတာကို

အပေါ်ယံလေး ဟိုကြည့်ဒီကြည့် ကြည့်ပြီး နာရီကို စားပွဲပေါ်ပြန်ချပြီး အဲ့ဒါဖြုတ်ပြီးလုပ်ရမှာ တဲ့

အင်း အဲ့ဒါဆို ဖြုတ်ပြီးလုပ်ပေးလေ လို့ပြောလိုက်တော့ ဂိမ်းဆော့နေတာ မရပ်ချင်တဲ့အတွက် မလုပ်ချင်တဲ့ပုံစံ ဘာမဟုတ်တာလေးနဲ့ ဂိမ်းဆော့နေတာကို စေ-ာက်လုပ်လာရှုပ်နေတယ်ဆိုတဲ့ ပုံစံနဲ့ ထားခဲ့ရမယ် အခုလုပ်လို့မရဘူး ဆိုပြီး သေချာတောင်မပြောပဲ ဂိမ်းတောင်ဆက်ဆော့နေလိုက်သေးတယ်

ပြင်ရင် 9 ဂဏန်းပြုတ်လို့ပြင်သလိုလေးပဲ ဖွင့်ပြီး လက်တံလေးတည့်ရုံလေး ခဏပဲကြာမှာကို
ကိုယ်က သူလုပ်လိုက်လို့ ပိုက်ဆံမပေးပဲလုပ်ခိုင်းတာလည်းမဟုတ်ဘူး မတောင်းရင်တောင်မှ ပြင်ခပိုက်ဆံထပ်ပေးမှာ

စိတ်ကလည်းတိုသွားတော့ မလုပ်နဲ့တော့ကွာ ရန်ကုန်မှာပဲပြင်လိုက်မယ်ဆိုပြီး ပြန်ယူလာခဲ့လိုက်တယ်

ပြောချင်တာက အလုပ်တစ်ခုကို နှစ်ခါမလုပ်ချင်ရင် ပြင်တုန်းတည်းက သေချာပြင်လေ အလုပ်ကို အလုပ်နဲ့တူအောင်လုပ်

ပြီးစလွယ်ပြင်မယ်စဉ်းစားရင် နာရီရဲ့တန်ဖိုးကို အရင်ကြည့်

ငါကလည်း ငါကြိုက်တဲ့ပစ္စည်းလေးဆိုရင် နည်းနည်းလေးလွဲနေတာလေးကအစ မကြိုက်လို့ ပြန်လာပြင်တာ

မြို့ထဲက အိုမီဂါ နာရီအရောင်းဆိုင်ဆိုရင်လည်း စုတ်စုတ်ပြတ်ပြတ်ဝတ်သွားရင် အရောင်းဝန်ထမ်းတွေက မတူသလိုမတန်သလိုတွေ ကြည့်သေးတာ
ဟိုဟာကဈေးကြီးတယ်နော် ဒီဟာက ဈေးကြီးတယ်နော် နဲ့ မဝယ်နိုင်တဲ့ ပုံစံနဲ့ ပြောသေးတာ

နောက်များတော့ အိုမီဂါ ဆိုရင် ဝေးဝေးကရှောင်တော့မယ်
တန်ဖိုးကြီးနာရီတွေဆို အိုမီဂါမှာ သွားမပြင်ကြနဲ့လို့

Edit: comment က ညီမတစ်ယောက် ပြောပြလို့ လုပ်ကြည့်တာ နာရီက ပြန်အဆင်ပြေသွားပြီ
ပြင်တဲ့အလုပ်သမားက ဒီလောက်ရိုးရှင်းတာလေးကိုမှ မလုပ်တတ်တာလား မလုပ်ချင်တာလားနော် အံဩတယ်ဗျာ

အိုမီဂါ ဆိုင်ပိုင်ရှင်ရေ ဝန်ထမ်းတွေကို သေချာကြပ်မတ်သင့်နေပြီဗျ
ရေရှည်ဆို ဒီတိုင်းဆို မလွယ်ဘူးဗျာ 😥

လွမ်းတယ် ပုဂံရယ် #ပုဂံ  #ရှုခင်း #ဓါတ်ပုံ
06/06/2024

လွမ်းတယ် ပုဂံရယ်
#ပုဂံ
#ရှုခင်း
#ဓါတ်ပုံ

တန့်ကြည်တောင်ပေါ်က ရှုခင်းအလှ 📷 #ပုဂံ #တန့်ကြည်တောင် #ရှုခင်း
06/06/2024

တန့်ကြည်တောင်ပေါ်က ရှုခင်းအလှ 📷
#ပုဂံ
#တန့်ကြည်တောင်
#ရှုခင်း

တော်သေးတယ် ငါးပိတင်တဲ့ကားမို့လို့ 😩
05/18/2024

တော်သေးတယ် ငါးပိတင်တဲ့ကားမို့လို့ 😩

လေဘာတီမယ်တော်ကြီး ကောင်းကင်မှာ အရိပ်ပေါ်ပြီး တန်ခိုးပြနေပုံပါ မြင်တာနဲ့ ဝင်လာမစဲတသဲသဲ မန့်ပြီး ရှယ်လိုက်ပါ ညရောက်တာနဲ့ထူ...
05/08/2024

လေဘာတီမယ်တော်ကြီး ကောင်းကင်မှာ အရိပ်ပေါ်ပြီး တန်ခိုးပြနေပုံပါ မြင်တာနဲ့ ဝင်လာမစဲတသဲသဲ မန့်ပြီး ရှယ်လိုက်ပါ ညရောက်တာနဲ့ထူးခြားပါပြီ 🖕

မမရဲ့ ကျားဆိုးလေးများ 😅😅 ပုံတစ်ပုံချင်းစီထောက်ဖတ်သွား 😅
04/13/2024

မမရဲ့ ကျားဆိုးလေးများ 😅😅 ပုံတစ်ပုံချင်းစီထောက်ဖတ်သွား 😅

အလုပ်ပြီးခါစ ဗိုက်ဆာလို့ Crew mess ကိုထမင်းစားဖို့သွားလိုက်တာမနက်4 နာရီစာ ကျွေးတာ Salmon ငါးကင်အတုံးလိုက်တွေကြီးကင်ထားတဲ...
04/09/2024

အလုပ်ပြီးခါစ ဗိုက်ဆာလို့
Crew mess ကိုထမင်းစားဖို့သွားလိုက်တာ
မနက်4 နာရီစာ ကျွေးတာ

Salmon ငါးကင်အတုံးလိုက်တွေကြီးကင်ထားတဲ့ဟင်း 😋
အင်ဒိုသိုးသားစွပ်ပြုတ်ဟင်း 😋
အင်ဒိုကြက်သားဟင်း 😋

မုတ်ဆိတ်ပျားစွဲပြီဗျို့ 😋
စားကြပါဦး 😋

Cruise job ကို ခုတုံးလုပ်ပြီး နောက်လူသစ်တွေ ဒုက္ခရောက်အောင် jump ship လုပ်သွားကြပါတဲ့ ၆ ယောက်သော သူ-ယု-တ်-မာ တစ်စုကို သိ...
04/06/2024

Cruise job ကို ခုတုံးလုပ်ပြီး နောက်လူသစ်တွေ ဒုက္ခရောက်အောင် jump ship လုပ်သွားကြပါတဲ့
၆ ယောက်သော သူ-ယု-တ်-မာ တစ်စုကို သိစေချင်ပါတယ် 😡

ဒီနေ့အလုပ်ဝင်တော့ မန်နေဂျာက ပြောစရာရှိတယ်ဆိုလို့ ဘာများလဲဆိုတော့

မင်းတို့ မြန်မာနိုင်ငံသားတွေ အကုန် US ဆင်းခွင့် ပိတ်လိုက်ပြီ စိတ်မကောင်းပါဘူးကွာ တဲ့ 😥

ကိုယ်ကလည်း ထင်တော့ထင်နေပြီးသားပါ တနေ့ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ
Anyway, ဒါက စိတ်မကောင်းစရာသတင်းရယ် လို့တော့မဟုတ်ပါဘူး

ဒါပေမယ့်
အသိတစ်ယောက်ဆီက ကြားလိုက်ရတဲ့သတင်းကြောင့် ရင်ထဲတော့ မကောင်းဖြစ်သွားတယ်

ဒီ ကုမ္ပဏီက နောက်လာမယ့် မြန်မာတွေအတွက် LOE အသစ်တွေ မချပေးတော့ဘူးတဲ့ 😓

ကိုယ့်လူတို့ရေ

ပျက်စီးနေတဲ့ အန္တာရယ်များလွန်းတဲ့
လူ့အခွင့်အရေးပျောက်ဆုံးနေတဲ့ နိုင်ငံထဲကနေ
ထွက်ပြေးချင်ကြတာကို နားလည်ပါတယ်
ကိုယ်ချင်းလည်းစာပါတယ်

ပျော်လွန်းလို့ လုပ်တာမှ မဟုတ်တာ 😅
လူ့အခွင့်အရေး ရှိတဲ့နေရာ
ဒီ့ထက် အဆမတန် ကောင်းတဲ့နိုင်ငံကို ပြေးတာပဲ
ဘာဖြစ်လဲ ဘာဖြစ်လဲ😏

ဟုတ်ပါတယ် ဘာမှမဖြစ်ပါဘူး
ခင်များတို့ကတော့ ဘာမှမဖြစ်ဘူးပေါ့

ဒါပေမယ့် နောက်လူသစ်တွေအတွက် ဖြစ်လာမယ့် ရလာဒ်
ဆိုးကျိုးတွေကိုတော့ ထည့်တွက်စဉ်းစားပေးတဲ့ လူစိတ်တော့ ရှိသင့်တယ် လို့ မထင်ကြဘူးလား 😡

တခြား နည်းလမ်းတွေအများကြီးရှိတဲ့အထဲကမှ cruise job ကို ခုတုံးလုပ်ပြီး jump ship လုပ်ကြတာကတော့ကွာ 😡

ကိုယ်တွေလို လုပ်သက်ရှိပြီးသား လူတွေအတွက်ကတော့ US port မဆင်းရတာလေးက ဘာမှမဖြစ်သွားဘူးလေ

ဝယ်ချင်တာရှိရင် Amazon က မှာရုံပဲ
ရက်နည်းနည်းစောင့်ရတာကလွဲရင်
Shore leave ဆင်းစရာတောင်မလိုပဲ သင်္ဘောပေါ်ကိုတောင် တန်းပြီးရောက်သေးတယ်

ဒါပေမယ့် 😥
နိုင်ငံ ပျက်စီးနေတဲ့ ကြားထဲက

လူငယ်တစ်ချို့

မျှော်လင့်ချက်လေးတွေ ရည်မှန်းချက်လေးတွေ ကိုယ်စီနဲ့

အကြွေးတွေယူ အိမ်တွေပေါင် မြေတွေရောင်း

တက်လာဖို့ စောင့်နေတဲ့ လူငယ်တွေရဲ့ အိပ်မက်တွေ ရိုက်ချိုးပြီး

ဘယ်သူ tay tay ငတေမာ ပြီးရော ဆိုတဲ့
လုပ်ရပ်မျိုးလုပ်သွားကြတာ မှန်တယ်လို့ ထင်နေကြတာလား

မင်းတို့တွေကတော့ လွတ်မြောက်သွားပြီဆိုပြီး ပျော်နေကြမှာပေါ့ 😡

မင်းတို့ ပယောဂကြောင့် ဖျ-က်-ဆီးခံလိုက်ရတဲ့ မျှော်လင့်ချက်လေးတွေကတော့ ရေစုန်မျောပြီပေါ့ကွာ 😞

အဲ့ဒါကြောင့်
Cruise job ကို ခုတုံးလုပ်ပြီး jump ship တွေ မလုပ်ကြပါနဲ့လို့ 🙏

နောက်လူသစ်လေး တွေရဲ့ မျက်နှာကို ကြည့်ပေးကြပါ 🙏

လူသစ်တွေကလည်း သင်္ဘောပေါ်ရောက်သွားကြရင်လည်း
ရှေ့က ဖြောင့်ဖြောင့်မသွားခဲ့တဲ့ သူ-ယုတ်-မာ စီနီယာတွေရဲ့ လမ်းစဉ်ကိုလိုက်ပြီး jump ship မလုပ်ကြပါနဲ့လို့ 🙏

ကိုယ့်လူမျိုးအချင်းချင်း မျက်နှာကြည့်ကြပါလို့ 🙏

ရှိခိုးဦးတင် တောင်းပန်ပါတယ်ကွာ🙏🙏🙏

အရပ်ကဖြင့် ဒေါက်ဖိနပ်စီး ခုံပါခုပြီး ပါးလှမ်း yite တောင် မမှီတဲ့ ရုပ်နဲ့များ 😅            #ကြောင်  #ခွေး  #ဟာသ
03/30/2024

အရပ်ကဖြင့် ဒေါက်ဖိနပ်စီး ခုံပါခုပြီး ပါးလှမ်း yite တောင်
မမှီတဲ့ ရုပ်နဲ့များ 😅







#ကြောင်
#ခွေး
#ဟာသ

03/27/2024

Cruise ship ပေါ်က တစ်နေ့တာ အလုပ်သွားအလုပ်ပြန် life on cruise နှင့် ကျွန်တော် 😊




မင်္ဂလာပါRocket cruising ကနေ ကြိုဆိုပါတယ်ဗျာCruise ship job အတွက် Video တင်ပေးမယ်ဆိုပြီးတော့ စာပဲ ရေးတင်လိုက်ရတာ တောင်းပ...
03/26/2024

မင်္ဂလာပါ

Rocket cruising ကနေ ကြိုဆိုပါတယ်ဗျာ

Cruise ship job အတွက် Video တင်ပေးမယ်ဆိုပြီးတော့ စာပဲ ရေးတင်လိုက်ရတာ တောင်းပန်ပါတယ်ဗျာ

အခက်အခဲ တစ်ခုကြောင့် စာနဲ့ပဲ ပြောပြပါရစေတော့ 😔

ဒီနေ့ပြောပြချင်တာကတော့ cruise လိုက်ဖို့ ဘာတွေ လုပ်ရမလဲ ဘာတွေလိုအပ်လဲ ပြောပြပါမယ်

Cruise လိုက်ဖို့ လိုအပ်တာတွေကတော့
ပထမဆုံး လိုအပ်တာက အဓိက ကတော့ ပိုက်ဆံပါပဲ

ဟုတ်ပါတယ် 😁

ဘာဖြစ်လို့လဲဆိုတော့ သိကြတဲ့အတိုင်း ပိုက်ဆံက အဓိကကိုး နော်

နောက် ဒုတိယ အရေးကြီးဆုံးကတော့ English speaking နဲ့ listening အတော်အသင့် ကောင်းရပါမယ်

ဘာလို့လဲဆိုတော့

Interview မှာ first impression ကောင်းဖို့ နဲ့
အလုပ်ရသွားလို့ onboard ပေါ်ရောက်ရင် ကိုယ်စကားပြောကောင်းရင် ကောင်းသလို tip များများ ရတယ်
ပေါင်းသင်းဆက်ဆံရေးအတွက်လည်းကောင်းတယ်

နောက် တတိယအချက် အနေနဲ့
CDC ရှိဖို့ လိုပါမယ်
အဲ့ဒီ့ CDC လျှောက်ဖို့ သင်တန်းတွေတက်ရပါမယ်

ဆေးစစ်ရပါမယ်
Crowd management
PSCRB
DSA
ဆိုတဲ့ cruise job အတွက် လိုအပ်တဲ့ သင်တန်းတွေ တက်ရပါမယ်

သင်တန်းတွေပြီးရင် All in one လို့ခေါ်တဲ့ ခုနကတက်ခဲ့တဲ့ သင်တန်းလက်မှတ်တွေ ပေါင်းပြီးထည့်ထားတဲ့ လက်မှတ်စုံစာအုပ် လျှောက်ရပါမယ်
ဒီ တတိယအချက်မှာ ပါတာတွေက DMA လို့ခေါ်တဲ့ ဒေါပုံ သင်္ဘောကျင်းမှာ လုပ်ရမှာတွေပါ

နောက် Passport လျှောက်ရပါမယ်

အဲ့ဒါတွေအကုန်စုံပြီးရင် အလုပ်လျှောက်ရပါမယ်

လူသစ်ခေါ်တဲ့ တချို့ ကုမ္ပဏီတွေ agent တွေတော့ရှိပါတယ်
ရှားတော့ရှားတယ်ဗျ

များသောအားဖြင့်ကတော့ ဆိုင်ရာဆိုင်ရာ field တွေမှာ အနည်းဆုံး ၂ နှစ် အတွေ့အကြုံ ရှိမှခေါ်ပါတယ်

ဥပမာပြောရရင် Housekeeping တို့ bartender တို့ waiter တို့ Casino ပိုင်းတို့ဆိုရင်
သက်ဆိုင်ရာ hotel အတွေ့အကြုံ bar အတွေ့အကြုံ banking အတွေ့အကြုံ casino အတွေ့အကြုံ လိုပါမယ်

အဲ့ဒီ့အတွေ့အကြုံတွေအတွက်ကို proof အဖြစ်နဲ့ References လို့ခေါ်တဲ့ ကိုယ့်လုပ်ခဲ့တဲ့အလုပ်က စီနီယာတွေ ဒါမှမဟုတ် အကြီးအကဲတွေရဲ့ ထောက်ခံစာ နဲ့ ထောက်ခံပေးမယ့်သူတို့ရဲ့email လိုပါတယ်

ဒါတွေပြည့်စုံရင် အလုပ် လျှောက်လို့ရပါပြီ

ကဲ အလုပ်ဘယ်လိုလျှောက်မလဲ

သူတို့ရဲ့ official website တွေမှာ လျှောက်လို့ ရတာရယ် မြန်မာနိုင်ငံက agent တွေကနေတစ်ဆင့်လျှောက်တာရယ် နှစ်မျိုးပေါ့နော်

နှစ်မျိုးလုံးလျှောက်ထားနိုင်ရင်တော့ ပိုကောင်းတာပေါ့နော်

ကျွန်တော့တုန်းက ဒီအလုပ်ကို online ကနေပဲ လျှောက်ခဲ့ပြီး ရခဲ့တာပါ

အရင် asia cruise လိုင်းမှာ နှစ်နှစ် လိုက်ခဲ့တဲ့ အတွေ့အကြုံလည်းရှိခဲ့တာဆိုတော့ အင်တာဗျူးအောင်ခဲ့ပြီး ဒီအလုပ်မှာ လုပ်နေတာ ၈ နှစ်ရှိပြီပေါ့နော်

နောက်ဆုံးအနေနဲ့ လူသစ်တွေအတွက် ပြောချင်တာက အခုရေတွင်းတူး ရေကြည်သောက်လို့မရဘူး ဆိုတာ နားလည်ထားကြဖို့ပါပဲဗျ

ဒီအလုပ်ကို လိုချင်တယ်ဆိုရင် စိတ်ရှည် သည်းခံ ကြပါ

ဘယ်သူမှ ဒီနေ့ အလုပ်လျှောက် ဒီနေ့ အလုပ်တန်းရ ဒီနေ့ လစာအများကြီးတန်းရ အဲ့လိုမရှိကြပါဘူး

တစ်ဖြည်းဖြည်းနဲ့ တစ်လှမ်းချင်းစီ တက်လှမ်းလာကြရတာချည်းပါပဲ

ပြီးတော့ agent တို့ ပွဲစားတို့ လို လက်သည်တွေကိုကြီးပဲ အားကိုးမနေကြပဲ ကိုယ့်အားကိုယ်လည်းကိုးကြပါလို့

နောက် အားရင် အားသလို အကျိုးရှိမယ် ထင်တာလေးတွေနဲ့ life on cruise ship လေးတွေကို တင်ပေးနေမှာမို့ page လေးကို like and follow လုပ်ထားကြပါဦးဗျ

Cruise line တွေရဲ့ အလုပ်လျှောက်လို့ရတဲ့ Website တွေ နဲ့ သိသမျှ agent line တွေကို comment မှာ link ချပေးထားပါမယ်

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍လေးဖြူက စိတ်ပူတယ် လို့ပြောပေမယ့် ကျွန်တော်ကတော့ လူငယ်များနှင့်မိဘများကိုအလွန် အမင်းစိတ်မပူကြပါ...
02/16/2024

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍

လေးဖြူက စိတ်ပူတယ် လို့ပြောပေမယ့်
ကျွန်တော်ကတော့ လူငယ်များနှင့်မိဘများကိုအလွန် အမင်းစိတ်မပူကြပါနဲ့ လို့အကြံပြုလိုပါတယ်ခင်ဗျ။

အိမ်တိုင်း၊အိမ်တိုင်းမှာ ကိုယ့်ချစ်ရတဲ့သားသမီး၊တူတူမ၊မြေးမြစ်၊ညီအစ်ကို မောင်နှမတွေဟာ ဒီဥပဒေနဲ့ အကျုံးဝင်နေတာရှိပါတယ်။

ဒါနဲ့ပတ်သက်ပြီး ကိုယ့်အိမ်ကိုချက်ချင်းရောက်လာလေမလား၊ ဆင့်ခေါ်ခံရလေမလားလို့စိတ်သောကကြီးကြီးမားမားမရောက်စေချင်ပါဘူး။

အချက်အလက်အချို့........

၂၀၁၉ ရဲ့ ကြားဖြတ်သန်းခေါင်စာရင်း အရ အသက် ၁၈ နှစ်ကနေ ၃၆ နှစ်ကြား လူငယ်လူရွယ်၊ အမျိုးသား ၆ သန်းကျော်၊ အမျိုးသမီး ၇.၇ သန်းကျော်ရှိပါတယ်။

နစက ရဲ့ စစ်မှုထမ်းသင်တန်းပေးနိုင်သူပမာဏဟာ Batch တစ်ခုကို ၅ ထောင်နဲ့ တစ်နှစ်ကို အများဆုံး ၆ သောင်းခန့်ပဲရှိပါတယ်။

၁၀ နှစ်နေမှ ၆ သိန်း၊ နှစ် ၂၀ နေမှ ၁.၂ သန်းလောက်ပဲရှိတာကြောင့် ကိုယ့်အလှည့် ရောက်ဖို့ဆိုတာအဝေးကြီးမှာပါ။

လူဦးရေ ၁၄ သန်းလောက်မှာမှ နှစ် ၂၀ အတွင်းမှာ စစ်မှုထမ်းဖို့ဆင့်ခေါ်နိုင်တာ ၁.၂ သန်းလောက်ပဲရှိနိုင်ပါတယ်။

နောက်တစ်ချက်က ဒီဥပဒေမှာ စစ်မှုထမ်းဖို့ အဆင်မပြေသေးလို့၊ ကျောင်းတက်နေတာ နဲ့ အခြားအကြောင်း ပြချက်တွေနဲ့ ယာယီကင်းလွတ်ခွင့်စတဲ့ အခြေအနေတွေရှိနေပါတယ်။

ဒါတွေကိုဘယ်လိုချဉ်းကပ်လုပ်ဆောင်ရတယ်ဆိုတာ မြန်မာနိုင်ငံဖွားတွေအားလုံးကျွမ်းကျင်ပြီးဖြစ်ပါတယ်။

နိုင်ငံခြားငွေရှာပေးနေတဲ့ နိုင်ငံခြားရောက်မြန်မာလုပ်သားတွေကို ချက်ချင်းကြီး Passport ပိတ်တာ၊ ချက်ချင်း စစ်မှုထမ်းခိုင်းတာ၊ နိုင်ငံခြားသွားဖို့ပြင်ဆင်နေတဲ့သူတွေကို လုံးဝထွက်လို့မရအောင်ပိတ်ဆို့တာ တွေလုပ်မှာမ ဟုတ်လောက်ပါဘူး။

အခက်အခဲအချို့ရှိလာရင်လည်းဘယ်လိုဖြေရှင်းလို့ရနိုင်တယ်ဆိုတာလည်းမြန်မာနိုင်ငံသား တွေကျွမ်းကျင်ပြီး သားဖြစ်ပါတယ်။

ဆောင်ရန်....

လူငယ်/လူရွယ်လေးတွေ ကိုယ်လုပ်စရာရှိတာဆက်လုပ်ပါ။ Professional သင်တန်းတက်စရာရှိတာ ဆက်တက်ကြပါ။ သွားဖို့လာဖို့ပြင်ဆင်ကြတာဆက်လုပ်ကြပါ။

အခြေအနေတစ်ခုကြုံလာရင်ဘယ်လို ရင်ဆိုင်မယ်၊ ဘယ်လိုဖြေရှင်းလို့ရတယ်ဆိုတာကြိုစဉ်းစားထားကြပါ။ ဖြေရှင်းခွင့်ရရင်လည်းတိုးတိုးတိတ် တိတ်လေးပြန်လည်မျှဝေကြပေါ့။

တကယ်လို့ စစ်မှုထမ်းရမယ့်အဖွဲ့ထဲမဖြစ်မနေကိုယ်ပါသွားရပြီဆိုရင်လည်း၊ ဘယ်လိုကျင့်ကြံနေထိုင်မယ်ဆိုတာ ကိုကြိုတင်ပြင်ဆင်ထားလို့ရပါတယ်။ စိတ်အရမ်းပူလွန်ပြီး ဘာမှမလုပ်နိုင်တာမျိုးသာမဖြစ်ပါစေနဲ့ခင်ဗျ။

ရှောင်ရန်...

ကိုယ့်ရပ်ကိုယ့်ရွာထဲက ဟိုလူ၊ဒီလူတွေကို ကျွန်မသားလေး/သမီးလေးကို အရင်ဆုံးစစ်မှုထမ်းထဲမထည့် ပေးပါနဲ့နော်ဆိုပြီးသွားမပြောထားဖို့လိုပါတယ်။

သူတို့မှာအဲ့ဒါနဲ့ပတ်သက်ပြီးလောလောဆယ်ဘာလုပ်ပိုင်ခွင့်မှမရှိသေးပါဘူး။ အလကားနေဖြဲခြောက်ခံ၊ အညှစ်ခံနေရနိုင်ပါတယ်။ ဘာမှပြောမထားတာအကောင်းဆုံးဖြစ်ပါတယ်။

ဒါကြောင့်စိတ်ပူပြီးသောကရောက်နေခြင်း မဖြစ်ကြပါနဲ့လို့။

လူငယ်၊လူရွယ်လေးတွေအားလုံးကြိုတင်ပြင်ဆင်နိုင်တဲ့ အမျှော်အမြင်ရှိသူ၊ အပူအပင်ကင်းသူလေးတွေဖြစ်ကြ ပါစေ။

မူရင်းရေးသားသူအား Crd ပေးပါတယ်

Well! 😅 Great choice! 😅
12/20/2023

Well! 😅 Great choice! 😅

09/22/2023

Please Like and Follow our page for more videos 😊😊

09/19/2023

Please subscribe my YouTube channel.
Thanks guys 🙏🙏🙏

Maniac Aamon

09/19/2023

Cute funny pets 😅😅😍😍
Please like/follow our page for more videos.
Thanks guys

09/19/2023

Well done mate 😅😅
Please like/follow our page for more videos

You can also find me on YouTube

https://www.youtube.com/

09/19/2023

Every girls need to learn these techniques

09/18/2023

Cute and funny pets
Please like/follow our page for more videos.
Thanks guys

Address

3655 NW 87th Avenue
Miami, FL
33178

Opening Hours

Monday 9am - 9pm
Tuesday 9am - 9pm
Wednesday 9am - 9pm
Thursday 9am - 9pm
Friday 9am - 9pm
Saturday 9am - 9pm
Sunday 9am - 9pm

Telephone

+959650502023

Website

Alerts

Be the first to know and let us send you an email when Rocket Cruising posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rocket Cruising:

Videos

Share

Category


Other Travel Companies in Miami

Show All