Ride Behind Kalaw

Ride Behind Kalaw Ride To Donate. Ma A Loe ... Min Aung Hlaing. F**k The Coup. Ma A Loe .. Min Aung Hlaing
(531)

RBK လက်နဲ့ရေးတဲ့ တော်လှန်ရေးသမိုင်းတစ်ခုကို MOCIT က ခြေနဲ့ဖျက်ဖို့ကြိုးစားခဲ့တယ်...ဖေဖော်ဝါရီလ ဒုတိယပါတ်ထဲမှာထွက်လာခဲ့တဲ...
03/02/2025

RBK လက်နဲ့ရေးတဲ့ တော်လှန်ရေးသမိုင်းတစ်ခုကို MOCIT က ခြေနဲ့ဖျက်ဖို့ကြိုးစားခဲ့တယ်...

ဖေဖော်ဝါရီလ ဒုတိယပါတ်ထဲမှာထွက်လာခဲ့တဲ့ ဒီစာက Federal Wings နဲ့ MOCIT တို့ လမ်းခွဲတဲ့ကိစ္စအတွက် MOCIT က FR တွေနဲ့ Media တွေဆီကိုပဲ သီးသန့်ဖြန့်ထားတဲ့ နောက်ကျောဓါးထိုးစာထဲက စာမျက်နှာတစ်ခုပေါ့...

Federal Wings ဖက်ခြမ်းကကော်မတီဝင်တွေရဲ့ သဘောဆန္ဒတစ်ခုမှမပါဘဲ MOCIT ဖက်ခြမ်းက ကော်မတီဝင်တွေကပဲ ထုတ်ပြန်တဲ့စာဖြစ်ပေမဲ့ Federal Wings Committee လို့ ဝန်ကြီးဌာနတန်မဲ့ မျက်နှာပြောင်တိုက် တစ်ဖက်သတ်နာမည်တပ်ထားသတဲ့...

စကစဆီမှာပဲတွေ့ရတတ်တဲ့ ဒီလို အရှက်သိက္ခာမရှိ မျက်နှာပြောင်တိုက်မှုမျိုးကို NUG ရဲ့ဝန်ကြီးဌာနတစ်ခုဆီမှာတွေ့ရတာ အံံ့ဩမဆုံးပါပဲ...

ဒါတွေက Federal Wings အပိုင်းဆိုတော့ ထားဦး...

RBK နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့အပိုင်းက ဓာတ်ပြားဟောင်းကြီး TheKey ....

FW ရဲ့TheKey အပေါ်ထောက်ခံတဲ့ post ကို MOCIT က တားမြစ်ခဲ့ရတဲ့အကြောင်းပြချက်က ❗ဘဏ်ကြွေးရှိနေတဲ့ဟိုတယ်ပိုင်ဆိုင်မှုကို တော်လှန်ရေးပြီးလို့ ဥပဒေကြောင်းအရဖြေရှင်းတဲ့အခါ Federal Wings Committee က တာဝန်ယူ/တာဝန်ခံပေးနိုင်ခြင်းမရှိသည့်အတွက် ..❗တဲ့

ဘယ်လောက်တောင်မှ ကြောင်းကျိုးမျှတမှုမရှိတဲ့ အကြောင်းပြချက်လဲ...

TheKey ရဲ့ အကူအညီကိုရရှိထားဖူးတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို အခုအချိန်မှာ လိုက်မေးကြည့်လို့ရနေပါပြီ ...

RBK က ဟိုတယ်နဲ့ပတ်သက်လို့ ဘာများတာဝန်ခံခိုင်းတာရှိခဲ့သလဲပေါ့...

TheKey Project စတင်တဲ့အချိန်ကနေ အခု ငွေတွေဖြန့်ပြီးလို့ ကုန်လုလုဖြစ်နေတဲ့အချိန်အထိ RBK လိုမျိုး လုပ်ငန်းရှင်တစ်ယောက်ရဲ့ ဘဏ်ချေးငွေရှိခြင်းအပေါ်မှာအခြေတည်ပြီး တိုက်ခိုက်တာက စကစအုပ်စု၊ သဒ်အုပ်စုနဲ့ MOCIT ... (၃) ဖွဲ့ပဲရှိတယ်....

စကစကတော့ ရန်သူ...
သူ့အလုပ်သူလုပ်တယ်...

သဒ်အုပ်စုကလည်း မပန်ဆယ်လို ဦးဆောင်ပေးတဲ့ Project မို့ သူ့အလုပ်သူလုပ်ပြီး တိုက်ခိုက်တယ်...

MOCIT ကျတော့...❗... ဘာလဲ....❓

တကယ်တမ်းကတော့ RBK နဲ့ MOCIT ဝန်ကြီးအဖွဲ့တို့အကြားမှာ ကတောက်တဆဖြစ်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်ရေးအညှိုးအတေးတွေအပေါ်မူတည်ပြီး ရမယ်ရှာ ထိုးချတာပါပဲ...

မင်းသားကြီးမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တဲ့ ဒီလိုလုပ်ရပ်မျိုးတွေနဲ့ တော်လှန်ရေးကို ဘယ်လိုဆက်လုပ်ကြမလဲ...

တော်လှန်ရေးကာလမှာ စဉ်းစားနေစရာတောင်မလိုတဲ့ သေးသိမ်တဲ့အကြောင်းပြချက်ကို ဘယ်လိုများစဉ်းစားနိုင်ရတာလဲ....

Zoom ကနေပဲ အလုပ်လုပ်တတ်တဲ့သူတွေက ကိုယ့်လိုမျိုး မြေပြင်မှာ တစ်စချင်းတည်ဆောက်လာခဲ့တဲ့သူကို လေနဲ့ဖြိုချတာကတော့ RBK အကြောင်းကို သေသေချာချာမသိတဲ့ လေထဲကသူတွေဆီမှာပဲ ဖြိုချလို့ရမှာမျိုးပေါ့...

RBK နဲ့ မြေပြင်မှာ တကယ်ဆက်စပ်လုပ်ကိုင်နေတဲ့အဖွဲ့အစည်းတွေဆီမှာကတော့ RBK ရဲ့ဂုဏ်သိက္ခာက အရာတောင်မယွင်းပါဘူး...

ဒါပေမဲ့ ဝန်ကြီးဌာနဆိုတဲ့ဝိတ်နဲ့ဖိပြီး လေနဲ့တိုက်တာမို့ အချိန်ကြာလာတာနဲ့အမျှ RBK လည်း အနည်းနဲ့အများတော့ အအေးမိ ဖျားနာပါတယ်....

မတရားမှုကိုမခံနိုင်လို့ တော်လှန်နေကြရတဲ့ကိစ္စမှာ ကိုယ့်တော်လှန်ရေးဘက်တော်သားဆိုသူတွေကပဲ မတရားနာမည်ဖျက် အပုတ်ချခံရတာဟာ အတော်ပဲ စိတ်ညစ်ညူးစရာကောင်းပါတယ်...

ဒီလိုတိုက်ခိုက်မှုတွေကို ရှိသမျှအကြောင်းအရာတွေနဲ့ အိတ်သွန်ဖာမှောက်ပြီး တုန့်ပြန်လိုက်ရင် အရေးကြီးတဲ့ တော်လှန်ရေးလုပ်ငန်းဆောင်တာတွေကို ထိခိုက်သွားမှာစိုးလို့သာ ကြိတ်မှိတ်သည်းခံနေရတာပါ...

TheKey နဲ့ Fundraising ကိစ္စတွေကလွဲရင် မင်းက ဘာတွေများလုပ်နိုင်ခဲ့လို့လဲ မေးရင်တော့ လောလောဆယ်မှာ ဖြေလို့မရတဲ့အဖြေတွေပဲ အများကြီးရှိပါတယ်ပေါ့ဗျာ...

အခုကတော့ အချိန်ကိုပဲ အားကိုးပါတော့တယ်...
အချိန်တစ်ခုကြာမြင့်ပြီးတဲ့အခါ ဘယ်သူကဖားလဲ .. ဘယ်သူကငါးလဲ ... သူ့အလိုလို ကွဲပြားသွားကြမှာပါ....

MOCIT နဲ့ကိစ္စကို ထပ်မပြောတော့ဘူးလို့ ဆုံးဖြတ်ထားပေမဲ့ မှားလို့ငြိမ်ခံနေတယ်လို့ကလည်း မဖြစ်ချင်ပြန်ပါဘူး....

အခုအချိန်အထိ တော်လှန်ရေးနဲ့ပတ်သက်လို့ နောင်တရစရာတစ်ခုမရှိနေပေမဲ့ MOCIT နဲ့ပတ်သက်မိခဲ့တာကတော့ အတော်စိတ်ဆင်းရဲ နောင်တရပါတယ်ဗျာ...

MOCIT အနေနဲ့ တော်လှန်ရေးအကျိုးကိုသာ အမှန်တကယ်ရှေးရှုတယ်ဆိုရင် TheKey ဟာ ငြင်းပယ်ကန့်ကွက်စရာအကြောင်း တစ်စက်မှမရှိတဲ့အရာမဟုတ်ဘူးလား....

ဒါကလည်း ဖြစ်ပြီးပြီဆိုတော့ သမိုင်းတင်သွားတာပါပဲ...

ကျွန်တော်တို့က တော်လှန်ရေးအတ္တတစ်ခုကိုပဲ ရှေ့တန်းတင်ထားချိန်မှာ အစိုးရဝန်ကြီးဌာနဆိုတဲ့ MOCIT က အဖွဲ့အစည်းပုဂ္ဂလအတ္တကိုပဲ ရှေ့တန်းတင်ခဲ့တယ်ပေါ့....

ဘဝမှာ ဂုဏ်သိက္ခာတစ်ခုပဲချန်ထားတဲ့သူကိုမှ သိက္ခာချဖို့ကြိုးစားကြတယ်ဆိုတာကတော့ မိုက်ရိုင်းလွန်းတယ်မဟုတ်လား...



ကျွန်တော်က အခု MOCIT ကိုပဲ တည့်တည့်ပြောတာပါ...
NUG နဲ့ ပြည်သူကြား သွေးခွဲတယ်လို့တော့ မပြောစေလိုပါ..

ဒီဖြစ်ရပ်မှာ ဘယ်အရာကဖြစ်သင့်သလဲဆိုတာပဲ တွေးကြည့်ကြပါ...

03/01/2025

🏆 Million Ticket ​၏ (၆) ကြိမ်မြောက် ကံစမ်းမဲဖွင့်ပွဲ 🏆

မီလီရဲ့ ထူးခြားချက်က ....

✅ ပေါက်ဖို့ % အရမ်းများတယ်

✅ ဆုမဲတွေ "စုံ" တယ်

✅ ကံစမ်းရင်း တပ်ရင်း၊ တပ်ဖွဲ့နဲ့ လူမှူကယ်ဆယ်ရေးအဖွဲ့စည်းတွေကို တိုက်ရိုက်ထောက်ပို့နိုင်မယ်

📌 သိန်း (၅၀၀)၊ သိန်း (၂၀၀)၊ သိန်း (၁၀၀) ကံထူးရှင်ဖြစ်ဖို့ဆို 👇🏻👇🏻https://www.wlmf.org/projects/millionticket မှာ AA and AB တွေက စောင့်နေပါကြောင်း....



💰💰

02/21/2025

🔹Live Sale ~ Live Sale ~ Live Sale 🔹

မီလီချစ်သူတို့အတွက် ယခု (၆) ကြိမ်မြောက်မှာ

🔹အထူးအစီစဉ်ကဘာလဲ?

🔹ဘယ်ထိအကျုံးဝင်သလဲ?

🔹 ဘယ်လိုပါဝင်ရမလဲ?

စတာတွေကို Live Sale မှာ အတူကြည့်လိုက်ကြရအောင်နော်..

📌 https://www.wlmf.org/projects/millionticket ကနေ (၆) ကြိမ်မြောက်လက်မှတ်များ ဆက်လက်ဝယ်ယူနိုင်ပါတယ်။

💰💰

အသက်ကယ်ပေးတဲ့အရာကိုမှ ကူပေးချင်တဲ့ဆိုတဲ့သူတွေအတွက်ပါ....KNDO 8 Federal Wings အတွက် Jammer တစ်လုံးတပ်ဆင်ပေးဖို့ RBK ကနေတဆ...
02/19/2025

အသက်ကယ်ပေးတဲ့အရာကိုမှ ကူပေးချင်တဲ့ဆိုတဲ့သူတွေအတွက်ပါ....

KNDO 8 Federal Wings အတွက် Jammer တစ်လုံးတပ်ဆင်ပေးဖို့ RBK ကနေတဆင့် ဒါမှမဟုတ် KNDO 8 FW ရဲ့တာဝန်ခံအရာရှိ ကို Saw Ze Neth ဆီကိုတိုက်ရိုက် ကူပေးနိုင်ပါတယ်...

လောလောဆယ်အထိ 50% ရပြီဆိုတော့ တစ်ယောက်တစ်လက် ဝိုင်းဝန်းလိုက်ရင် ခဏနဲ့ပြည့်မှာပါဗျာ....



ကျေနပ်ပြီ....ဒေါ်အောင်ဆန်းစုကြည်ကိုချနင်းပြီး ဘယ်လှေကားကိုမှတက်လို့မရဘူးဆိုတာ သတိရဖို့ပဲ....
02/18/2025

ကျေနပ်ပြီ....

ဒေါ်အောင်ဆန်းစုကြည်ကိုချနင်းပြီး ဘယ်လှေကားကိုမှတက်လို့မရဘူးဆိုတာ သတိရဖို့ပဲ....

02/18/2025

Once Upon A Time In Homeland.

ဘယ်နားဖြစ်မလဲ....?

NUG ကိုဝေဖန်တာနဲ့ ဒလန်နာမည်တပ်တာတွေ "သဒ်" တံဆိပ်ကပ်တာတွေက ကြည့်လည်းလုပ်ကြပါဦး....အခု Page ကို အခုကနေ ဟိုးအစအထိ လှန်လှောက...
02/17/2025

NUG ကိုဝေဖန်တာနဲ့ ဒလန်နာမည်တပ်တာတွေ "သဒ်" တံဆိပ်ကပ်တာတွေက ကြည့်လည်းလုပ်ကြပါဦး....

အခု Page ကို အခုကနေ ဟိုးအစအထိ လှန်လှောကြည့်ပါ....

ယုံကြည်ရာကို ထုတ်မပြောရဲရင် ဒီတော်လှန်ရေးထဲ ရောက်လာစရာကိုအကြောင်းမရှိပါဗျာ...

မဟုတ်တာကို မဟုတ်ဘူးလို့ ပြောရဲတာကိုက တော်လှန်ခြင်းရဲ့ဂုဏ်ဒြပ်တစ်ခုပဲမဟုတ်ဘူးလား....

ညီညွတ်ရေးဆိုတိုင်း အရာရာကို ပုလင်းတူဗူးဆို့လိုက်လို့မရဘူးလေ...

သေသေချာချာမသိ/မကြုံ/မခံစားရဘဲ အပေါ်ယံအာချောင်ရုံလောက် ပေါက်ပေါက်မဖောက်ရဘူးဆိုတာတော့ ကိုယ့်ဘာသာ စည်းကမ်းရှိပါတယ်....



တတိယအုပ်စုထဲတော့ မထည့်ကြပါနဲ့...
ခွေးကိုက်တာထက် နာတယ်ဗျ...

NUG က လူထုထောက်ခံမှုကိုယူချင်တော့ အမေစုကို သူတို့အစိုးရအဖွဲ့ထဲ ခေါင်းဆောင်ဆိုပြီးထည့်တယ်....အခု မအလတွေနဲ့တွဲပြီး ဝရမ်းအထ...
02/16/2025

NUG က လူထုထောက်ခံမှုကိုယူချင်တော့ အမေစုကို သူတို့အစိုးရအဖွဲ့ထဲ ခေါင်းဆောင်ဆိုပြီးထည့်တယ်....

အခု မအလတွေနဲ့တွဲပြီး ဝရမ်းအထုတ်ခံရတော့ ကန့်ကွက်စာတစ်ကြောင်းမထုတ်ဘူး....

ဒါလား ကိုယ့်ခေါင်းဆောင်အပေါ် သစ္စာရှိမှု....

အလှူခံလို့ကောင်းရုံတော့ နာမည်မထည့်ထားကြနဲ့လေ...

ခင်ဗျားတို့တွေ အသေအလဲကာကွယ်ကြရမဲ့အရာ ဒီကမ္ဘာမှာ အမေစုထက်ပိုပြီး ဘာရှိသေးသလဲ...

နိုင်ငံတကာဆက်ဆံရေးတွေ နိုင်ငံရေးတွေ ဘာတွေညာတွေ ဘာတစ်ခုမှ အကြောင်းပြမနေနဲ့...

ပြီးတော့ အမေစုထွက်လာပြီး စကစနဲ့ညှိရင် တော်လှန်ရေးပျက်မယ်လို့ ကိုယ့်စိတ်နဲ့နှိုင်းပြီး အရူးစကားပြောကြသူတွေလည်းရှိသေးတယ်...

အမေစုသမိုင်းမှာ သူလွတ်မြောက်ဖို့အတွက် စစ်အာဏာရှင်နဲ့ညှိနှိုင်းတယ်ဆိုတာ သမိုင်းတစ်လျှောက်လုံး မြင်ဖူးခဲ့ကြရဲ့လား...

တိုင်းပြည်နဲ့လူထုအတွက် အကျိုးရှိမယ်လို့ သူကိုယ်တိုင်ယုံကြည်တဲ့အခါမှ ညှိသင့်သလောက်ညှိခဲ့လို့ အစိုးရဖြစ်တဲ့အထိ ခရီးရောက်ခဲ့တာမဟုတ်ဘူးလား....

တိုင်းပြည်နဲ့လူထုအတွက်ငဲ့ကွက်တတ်တဲ့စိတ်ကို မအလတို့ကအသုံးချပြီး ထောင်ချောက်ဆင်ခဲ့လို့ အခုလို ဒီမအလတွေနဲ့ပဲ ပူးတွဲဝရမ်းထုတ်ခံရတာမဟုတ်ဘူးလား...

သူလွတ်မြောက်ဖို့ညှိမဲ့အစား ထောင်ထဲမှာပဲအသေခံသွားမယ့်သူမျိုးဆိုတာကော ခံစားမိကြရဲ့လား....

တိုင်းပြည်အတွက် တစ်ဘဝလုံးနှစ်မြုပ်ထားခဲ့တဲ့သူကို မတရားတော့ မလုပ်ကြနဲ့ပေါ့...

အမေစုကို ဘယ်အရာနဲ့ယှဉ်ပြီးရွေးချယ်စရာမှမရှိ...

#အမေစု

နေရာအသစ်တွေရှာတဲ့ခရီးက ပျော်ဖို့အကောင်းဆုံးပဲဗျ...ဘာရှိနေမှန်း ဘာတွေကြုံမယ်မှန်းမသိဘူးလေ...Explore Trip တစ်ခုထွက်ဖို့ဆို...
02/15/2025

နေရာအသစ်တွေရှာတဲ့ခရီးက ပျော်ဖို့အကောင်းဆုံးပဲဗျ...
ဘာရှိနေမှန်း ဘာတွေကြုံမယ်မှန်းမသိဘူးလေ...

Explore Trip တစ်ခုထွက်ဖို့ဆို

-ဓါတ်ပုံ/Video မှတ်တမ်းယူဖို့ ပစ္စည်းအစုံနဲ့ Camera/Drone Crew တွေ
- ဘီးပေါက်တာကစပြီး စက်ချို့ယွင်းတာတစ်ခုခုကို လမ်းခရီးမှာ ချက်ချင်းပြင်ဖို့ Tool အစုံ spareparts အစုံနဲ့ Mechanic Crew တွေ
- ပြန်ရောက်တဲ့အခါ ခရီးစဉ်အသစ်တွေကို တစ်ခါထဲတိုင်ပင်ဖော်ထုတ်နိုင်ဖို့အတွက် အဓိကဖြစ်တဲ့ RBK Tour Leader တွေ

ပြီးတော့ ရှေ့ကဦးဆောင်ပြီး သွားချင်ရာသွား လုပ်ချင်ရာလုပ်မယ့် ကိုယ်တွေ...🤣

အဲ့လို လူ ၄/၅ ယောက်နဲ့ တောထဲ Camp ချလို့ရမဲ့ ပစ္စည်းအစုံတင်ထားတဲ့ ဆိုင်ကယ် တစ်ယောက်တစ်စီးနဲ့ ဒိုးကြတာဗျ...

ကိုယ် explore လုပ်ချင်တဲ့နေရာဒေသကို Google Earth ကနေ အသေအချာတော့ ကြိုကြည့်ထားရတယ်။
အဲ့ဒါကနေ ခရီးစဉ်အကြမ်းဖျင်းကို ကြိုဆွဲထားတာမျိုးလည်းရှိတယ်။

ဒါပေမဲ့ များသောအားဖြင့် ... စိတ်ကူးပေါက်ရာ လက်ညှိုးညွှန်ပြီး ဒိုးချင်ရာဒိုးကြတာက များပါတယ်..🤣

ကျော်လို့မရတဲ့တောင်တွေ ဖြတ်လို့မရတဲ့ဂျောက်တွေ ချောင်းတွေကြုံမှ ဖုန်းကိုထုတ်ပြီး မြေပုံပြန်ကြည့်ကြရတာမျိုး...

အစားအသောက်ကတော့ ခေါက်ဆွဲခြောက်နဲ့ ငါးသေတ္တာ ပြီးတော့ ရေကိုဆောင်သွားတတ်ပေမဲ့ ရွာတွေ ဘုန်းကြီးကျောင်းတွေက အမြဲတမ်းလက်လှမ်းမှီတဲ့နေရာတွေမှာပဲရှိတတ်တာမို့ စိတ်မပူရဘူး...

ရွာထဲကဆိုင်တွေမှာ တို့ဟူးသုတ်နဲ့ ထမင်းက ဝယ်စားလို့ရတာချည်း...

တစ်ခါတလေကျ အခုပုံတွေထဲကလို ထင်းမီးမွှေး ... ဆန်နီကြမ်းကို ကိုယ်တိုင်ချက်... မြေပဲလှော်... ရှမ်းပြည်ထုံးစံ ငရုတ်သီးခြောက်အနီတောင့်ရှည်ကြီးတွေကို လှော်... မုံညင်းကြော်နဲ့ တွယ်တာပဲ....

မယုံမရှိနဲ့ တစ်ခါတလေကျရင် မြေပဲလှော် + ငရုတ်သီးစိမ်း+ ဆား + ဆန်နီ နဲ့ကို စပါယ်ရှယ်စားလို့မြိန်တာ...

ပြီးရင် Golden hour ညနေချိန်မှာ ဓါတ်ပုံတွေ ဒရုန်းတွေနဲ့ မှတ်တမ်းယူပေါ့....

ညရောက်တော့မယ်ဆိုတာနဲ့ ဆိုင်ကယ်တွေပေါ်ပါလာတဲ့ tent တွေ ကိုချပြီး ဆင်ကြပြုကြ.... မီးဖိုကြနဲ့ ...

ညရောက်တော့ မီးပုံဘေး ထိုင်စကားပြောကြ... လိုင်းမိရင် ရိုက်ထားတဲ့ပုံလေးတွေ လိုင်းပေါ်တင်ကြ.... ပြီးတော့ ထုံးစံအတိုင်း ညဖက်ပုံတွေရိုက်ကြတယ်...

နောက်ပြီး ကိုယ့်တဲထဲဝင် ..sleeping bag ထဲ ဝင်ပြီး ဟိုဖက်တဲ ဒီဖက်တဲ စကားတွေပြောရင်ပြော အိမ်ကိုဖုန်းဆက်ရင်ဆက်နဲ့ ပြီးရင် အိပ်ကြရောပဲ...

မနက်ဆို ၅/၆ နာရီလောက်မှာ နိုးနေကြတာများတယ်...
တိမ်ပင်လယ်ရှိသလား... မနက် နေထွက်ချိန်အလှက ဘယ်လိုနေသလဲဆိုတာ ကြည့်ချင်္င သိချင်တာကိုး.....

လှတာတွေ့ရင် ခံစားရရင် ဓါတ်ပုံ/video တွေရိုက်ပေါ့....

ပြီးရင် မနက်စာကို ထမင်းကြော် ဒါမှမဟုတ် ခေါက်ဆွဲပြုတ်နဲ့ကြိတ်...

၉ နာရီလောက်ဆို အဲ့ဒီပတ်ဝန်းကျင်ကို တစ်နေကုန် ဆိုင်ကယ်နဲ့ explore လုပ်တော့တာပဲ...

ညနေဆို စခန်းချတဲ့နေရာကို ပြန်လာတယ်... အဲ့ဒီလို...

ကျွန်တော်တို့တွေ တောတောင်တွေထဲ သွားချင်သလိုသွား နေချင်သလိုနေခဲ့ကြပေမဲ့ ဘယ်လိုလူတစ်ဦးတစ်ယောက်ရဲ့ တားမြစ်ရန်ပြုခြင်းကိုမှ မခံရဖူးဘူး...

သိပ်ကိုလွတ်လပ်ပေါ့ပါးခဲ့ကြတယ်...

အဲ့ဒီလို explore trip ခရီးစဉ်ပေါင်းမြောက်မြားစွာလုပ်ခဲ့ကြတယ်...

ကျွန်တော်တို့ explore လုပ်ထားခဲ့တာရဲ့ % အနည်းငယ်ကိုပဲ RBK ခရီးစဉ်တွေမှာ သုံးထားရသေးတယ်ဗျ...

ကျန်တာတွေကို ဦးနှောက်ထဲမှာပဲ သိမ်းထားတယ်...

ပြန်လာတဲ့အခါ လိုက်ပို့မယ်....



ရောင်နီတွေရှိတဲ့အရပ်ဆီကို ဆက်ချီတက်တဲ့ခရီးလမ်းအတွက် အားပေးကြ ... ကူညီကြပါ .... 😍😍😍
02/15/2025

ရောင်နီတွေရှိတဲ့အရပ်ဆီကို ဆက်ချီတက်တဲ့ခရီးလမ်းအတွက် အားပေးကြ ... ကူညီကြပါ .... 😍😍😍

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန MOCIT ကတဆင့် Federal Wings နဲ့ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေအနေနဲ့ ဘယ်အဖွဲ့အစည်းခေါင်းစဉ်/နာမည်နဲ့ တော်လှန်ရေးမှာဆက်လက်လှုပ်ရှားနေသည်ဖြစ်ပါစေ Federal Wings ရဲ့ နည်းပညာအကူအညီကို ရယူဖို့လိုအပ်တယ်ဆိုရင် Federal Wings က ကူညီဖို့ အသင့်ရှိပါတယ်။

FW နဲ့ တိုက်ရိုက်မဟုတ်ဘဲ MOCIT ကနေ တဆင့်ခံချိတ်ဆက်ခဲ့ကြတဲ့ အချို့အဖွဲ့တွေ နည်းပညာပိုင်းဆိုင်ရာမှာ အခက်အခဲတွေရှိနေပေမဲ့ FW ရဲ့အခြေအနေ ဘယ်လိုမှန်းမသိလို့ ဇဝေဇဝါဖြစ်ပြီး မဆက်သွယ်ရဲကြဘဲ လမ်းပျောက်နေကြတာမျိုး ကြားသိရပါတယ်။

မေးစရာမေးခွန်းတွေရှိနေတာပဲဖြစ်ဖြစ် နည်းပညာပိုင်းဆိုင်ရာ အကူအညီလိုအပ်တာပဲဖြစ်ဖြစ် FW Page မှာ အချိန်မရွေး လာရောက်ဆက်သွယ်နိုင်ပါတယ်။

ဘယ်လိုမျိုးခေါင်းစဉ်တွေနဲ့ပဲဖြစ်နေပါစေ စစ်အာဏာရှင်စနစ်ကိုတိုက်ထုတ်နေသူတိုင်းဟာ Federal Wings ရဲ့ တော်လှန်ရေးမိတ်ဆွေ ရဲဘော်ရဲဘက်တွေလို့ ခံယူထားပါတယ်။

FW ဟာ တော်လှန်ရေးနဲ့ လမ်းခွဲခြင်းမဟုတ်ပါ။

စစ်အာဏာရှင်စနစ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ ဆက်လက်တိုက်ထုတ်နေမြဲဖြစ်ပါတယ်။





ကာတွန်း ဆရာအော်ပီကျယ်နဲ့များ မှားသလားမသိ..😅အသက်ထက်ဆုံး အိုအောင်မင်းအောင် ပျော်ပျော်ရွှင်ရွှင် ပေါင်းကြရပါစေ ... ညီနဲ့ .....
02/12/2025

ကာတွန်း ဆရာအော်ပီကျယ်နဲ့များ မှားသလားမသိ..😅

အသက်ထက်ဆုံး အိုအောင်မင်းအောင် ပျော်ပျော်ရွှင်ရွှင် ပေါင်းကြရပါစေ ... ညီနဲ့ ...ညီမရေ ....

ဓါတ်ပုံတွေသာမရိုက်ထားမိခဲ့ရင် ကိုယ်တွေဖြတ်သန်းခဲ့ဖူးတဲ့ဘဝက  ဒီလိုမျိုးဆိုတာတောင် ပြောပြလို့ယုံကြပါ့မလားမသိ....ဒီမှာ Taxi...
02/10/2025

ဓါတ်ပုံတွေသာမရိုက်ထားမိခဲ့ရင် ကိုယ်တွေဖြတ်သန်းခဲ့ဖူးတဲ့ဘဝက ဒီလိုမျိုးဆိုတာတောင် ပြောပြလို့ယုံကြပါ့မလားမသိ....

ဒီမှာ Taxi မောင်းရင်း ခရီးသည်တချို့နဲ့ စကားစမြည်ပြောဖြစ်ကြတဲ့အခါ သူတို့မေးတတ်တာက ဘယ်ကလာလဲ ... အရင်တိုင်းပြည်မှာ ဘာလုပ်ခဲ့သလဲ.. ဆိုတာတွေ အမြဲပါတယ်...

အဲ့လိုမေးတိုင်း ... ငါက ငါ့တိုင်းပြည်ရဲ့ ခရီးသွားလုပ်ငန်းအဖွံ့ဖြိုးဆုံးနဲ့ အလှပဆုံးမြို့တစ်ခုမှာ မိုတယ်လေးတစ်လုံးနဲ့ မြန်မာပြည်ရဲ့တစ်ခုတည်းသောလို့ပြောလို့ရတဲ့ Adventure Tour လုပ်ငန်းတစ်ခုကိုပိုင်ဆိုင်တယ်.. လို့ ပြန်ဖြေမိတာပဲ....

အဲ့လိုဖြေတဲ့တိုင်း သူတို့တွေရဲ့တုန့်ပြန်မှုက "Ohh ... really .." ဆိုတဲ့အသံနဲ့အတူ ထူးထူးဆန်းဆန်းအကြောင်းအရာပေါင်းစုံ ရောထွေးသွားတဲ့ပုံစံနဲ့ချည်း...

အဲ့လိုဖြစ်တိုင်း ကိုယ်တွေက .. RBK page ကို Facebook မှာရှာကြည့်လိုက်ရင် ငါ့ရဲ့အရင်ဘဝကို တွေ့ရလိမ့်မယ်လို့ ပြန်ပြောခဲ့တာများတယ်....

သူတို့တွေ ချက်ချင်းပဲ ဝင်ကြည့်ကြ... ပုံတွေကိုမြင်ပြီးတဲ့အခါတိုင်း ပြန်မေးတာက ... ဒီလောက်ပျော်စရာကောင်းတဲ့ဘဝကနေ ဘာကြောင့် ဒီကိုပြောင်းလာရတာလဲပေါ့....

အဲ့ဒီကျမှ အာဏာသိမ်းတဲ့အကြောင်းတွေကနေအစချီပြီး ဒီလို ဒီလိုတွေကြောင့်ဆိုတာ ပြောပြရတယ်...

သူတို့ရဲ့ တစ်သက်တာဖြတ်သန်းလာခဲ့ကြတဲ့ဘဝနဲ့ယှဉ်တဲ့အခါမှာ ကိုယ့်အဖြစ်အပျက်က သူတို့အတွက် အတော်ထူးထူးခြားခြားအရာပဲလေ...

ပြီးရင် သူတို့အမြဲစိတ်ဝင်စားတာက သူတို့တိုင်းပြည်ကိုရော ဘယ်လိုမြင်လဲ ... ကြိုက်ရဲ့လား.... ဘာဆက်လုပ်မှာလဲ... ဒီလိုမေးခွန်းမျိုးတွေချည်း...

အဲ့လိုမေးတိုင်း ကိုယ်တွေက ...
မင်းတို့တွေက သိပ်ပြီးကံကောင်းကြတဲ့သူတွေပါ ...
ငါတို့အတွက်ကတော့ မင်းတို့တိုင်းပြည်က အရာရာလွယ်ကူတဲ့ Paradise တစ်ခုလိုပါပဲ...
ဒီတိုင်းပြည်က ငါနဲ့ ငါ့မိသားစုအတွက် ကယ်တင်ရှင်တိုင်းပြည်တစ်ခုလည်းဖြစ်တယ်...
ငါ့တိုင်းပြည်အတွက်ကတော့ ငါလုပ်နိုင်တာမှန်သမျှ ဆက်လုပ်နေတယ် ...
ငါ့ရဲ့လွတ်မြောက်မှုက မလွတ်လပ်သေးတဲ့ငါ့တိုင်းပြည်အတွက် အထောက်အပံ့ဖြစ်သင့်တယ်မဟုတ်လား လို့ ပြန်ပြောမိခဲ့တာချည်း....

အဲ့ဒါပြီးရင် အားလုံးနီးပါး တညီထဲမေးကြတဲ့မေးခွန်းရှိတယ်...
"မင်းရဲ့တိုင်းပြည်လွတ်လပ်တဲ့အခါ ပြန်မှာလား... ဒီမှာပဲဆက်နေမလား" ... တဲ့

အဖြေက အမြဲတစ်ခုထဲပါပဲ...

"ပြန်မှာ" ...

ဒါက သေတဲ့အထိမှတ်သားထားမဲ့ နောက်ကျောကဓါးတစ်ချက်....ဒီ SS မှာပါတဲ့စကားကို ပြောခဲ့တဲ့သူက MOCIT ရဲ့ဝန်ကြီး....TheKey ကိုစလုပ...
02/09/2025

ဒါက သေတဲ့အထိမှတ်သားထားမဲ့ နောက်ကျောကဓါးတစ်ချက်....

ဒီ SS မှာပါတဲ့စကားကို ပြောခဲ့တဲ့သူက MOCIT ရဲ့ဝန်ကြီး....

TheKey ကိုစလုပ်တဲ့အချိန်မှာ သက္ကမိုးညိုတို့ တတိယအုပ်စုက အတင်းအဖျင်းပြောတဲ့အကြောင်းအရာတွေအပေါ်မူတည်ပြီး ဒီစကားကိုပြောခဲ့တယ်တဲ့....

TheKey ဟိုတယ်က လူပြောသူပြောများပြီး နာမည်ပျက်ရှိနေလို့ဆိုပြီး အကြောင်းပြပါတယ်....

တကယ်တမ်းကတော့ RBK ကို Personal အရ မကျေနပ်လို့ တော်လှန်ရေးရံပုံငွေရှာတဲ့ကိစ္စကိုပါ ထိုးချတာပါပဲ...

ဘယ်လိုမကျေနပ်ချက်တွေလဲဆိုတာတော့ အဲ့ဒီအချိန်မှာဖြစ်ပျက်နေတဲ့ ကန့်လန့်ကာနောက်ကွယ်က အကြောင်းအရာတွေဖြစ်တာမို့ ပြောပြလို့မရဘူးဗျ...

ကျွန်တော့်အနေနဲ့ ဘဝတစ်ခုလုံးရင်းပြီး ကိုယ်ကျိုးမဖက်ဘဲလုပ်ခဲ့တဲ့အရာတစ်ခုကို MOCIT ဟာ အခုအချိန်ထိ နောက်ကွယ်ကနေ နာမည်ဖျက်နေဆဲပါပဲ...

Fundraiser တွေကြားထဲမှာ နောက်ကွယ်ကသပ်ရှိုနေတာမို့ ကျွန်တော့်နာမည်က ရစရာမရှိပါဘူး...

ဝန်ကြီးပြောစကားဆိုတော့ ယုံကြတာလည်း အပြစ်မဆိုသာပါ....

အခု MOCIT က Federal Wings ကို နာမည်ဝိုင်းဖျက်နေကြပြန်ပြီ....

မြေပြင်မှာ အသက်တွေဘဝတွေရင်းပြီး စစ်တိုက်နေကြသူတွေရဲ့သိက္ခာတရားက လေထဲကနေ စကားစစ်ထိုးနေကြသူတွေရဲ့တံတွေးခွက်မှာမြောရရင်တော့ ရိုင်းလွန်းတာပေါ့...

Federal Wings ရေ .... ယုံကြည်သူတွေနဲ့ပဲ တော်လှန်ရေးခရီးကိုဆက်လျှောက်စို့ကွဲ့....

ငါတို့မှာလည်း ငါတို့ပဲရှိတယ်....



MOCIT အကြောင်းပြောတာ ဒါနောက်ဆုံးပါပဲ...

ဒီပုံစံနဲ့ ရန်ကုန်မြို့ထဲဝင်သွားလိုက်မိတာမှာ မြင်သူတိုင်း ပါးစပ်အဟောင်းသားနဲ့ အကြည့်ခံရတော့တာပဲ...🤣နောက်ဆုံး surprised c...
02/08/2025

ဒီပုံစံနဲ့ ရန်ကုန်မြို့ထဲဝင်သွားလိုက်မိတာမှာ မြင်သူတိုင်း ပါးစပ်အဟောင်းသားနဲ့ အကြည့်ခံရတော့တာပဲ...🤣

နောက်ဆုံး surprised check နဲ့တည့်တည့်တိုးပြီး ဘဲဥအဖမ်းခံရလို့ "ရေဆေးခုံရှာရင်း မြို့ထဲရောက်လာတာပါဗိုလ်ကြီးရယ်" ဆိုပြီး မနည်းတောင်းပန်ယူရတယ်...

ရေဆေးခုံရောက်တော့ ... ရေဆေးခုံကညီလေးတွေရဲ့အကြည့်ကို အခုထိမမေ့ဘူး...😅
မဆေးပေးမှာစိုးလို့ "ကြိုက်သလောက်သာတောင်းပါကွာ" ဆိုပြီး ဦးအောင်ပြောရတယ်....

ကားကလည်း ဗွက်တစ်ထပ် ကောက်ရိုးတစ်ထပ်နဲ့ အထပ်ထပ်ဖြစ်နေတော့ ရွှံ့မံထားသလိုဖြစ်ပြီး နေ့တစ်ပိုင်းလောက် အတော်ဆေးယူရတယ်...

ရန်ကုန်သွား တောသားတစ်ယောက်ရဲ့ လုံးဝအမှတ်တရပဲလေ.... 🤣🤣🤣

RBK မှာ follower သိန်းဂဏန်းရှိတာမို့ bonus မရဘူးလားဆိုရင် ... ရပါတယ်ဗျာ...ပထမဆုံးတစ်လလောက်ကလွဲရင် RCS အတွက် မပြောဖြစ်ပါဘ...
02/07/2025

RBK မှာ follower သိန်းဂဏန်းရှိတာမို့ bonus မရဘူးလားဆိုရင် ... ရပါတယ်ဗျာ...

ပထမဆုံးတစ်လလောက်ကလွဲရင် RCS အတွက် မပြောဖြစ်ပါဘူး...

ကိုယ့်စိတ်ထဲရှိရာပဲ ပြောချင်တာရယ် ...
အခြား တကယ်လိုအပ်နေတဲ့သူတွေရှိရက်နဲ့ ကိုယ့် Post တွေကို တကူးတကကြီး RCS လုပ်ခိုင်းရမှာ စိတ်မသန့်လို့ရယ်တွေကြောင့် မပြောဖြစ်တော့တာပါ...

အခုလည်း RCS လုပ်စေချင်လို့ ပိုစ့်တင်တာမဟုတ်ပါဘူး...
Bonus ရရဲ့သားနဲ့ ကြိတ်ပြီးယူနေတယ်လို့ တွေးကြမှာစိုးလို့ ကြိုပြီးအသိပေးတဲ့သဘောပါပဲ...

အခုအချိန်အထိ စုစုပေါင်းရင် 449$ ရထားပါတယ်...

တစ်လချင်းဆိုရင် နည်းနည်းချင်းပဲခွဲဝင်တာမို့ ဘဏ်အကောင့်ထဲ ဘယ်အချိန် ဘယ်လိုဝင်လာလိုက်လဲတောင် မသိလိုက်ပါဘူး...😅😅😅



RCS သီးသီးသန့်သန့်ကြီး မလုပ်ပါနဲ့ဗျာ...
တင်ချင်ရာတင် ရချင်သလိုရတဲ့ Organic ပဲကောင်းပါတယ်...

တခြား ယုံကြည်ရတဲ့ လိုအပ်တဲ့နေရာတွေကိုသာ RCS လုပ်ကြပါ...

02/07/2025

ကိုယ့်တိုင်းကိုယ့်ပြည်ပြန်ရောက်တဲ့အခါ ဂစ်တာတီးမယ် .. ဆိုင်ကယ်စီးမယ်...

ပြီးရင် လူတွေနဲ့ဝေးတဲ့အရပ်မှာ ကိုယ့်အစုအဖွဲ့နဲ့ပဲ သီးသီးခြားခြားနေဖြစ်မယ်....

လွတ်လပ်ရေး...တရားမျှတရေးနဲ့ လူသားဆန်ရေးကိုပဲ အာရုံထားတာပါဗျာ...

ကျန်တဲ့ အာဏာ ပါဝါတွေက အာရုံနောက်ပါတယ်....

အခုရော ဘာလုပ်နေတုန်းဆို အဲ့လိုနေနိုင်ဖို့ အလေ့အကျင့်လုပ်နေတယ်ပေါ့...

US  မှာ RBK မိတဲ့ ဂျင်း .... (၂)ဒီဂျင်းကတော့ ကားအကြောင်းနားလည်ပေမဲ့ ဒီက Law/Regulation တွေကိုနားမလည်လို့ RBK ကိုယ်တိုင် ...
02/05/2025

US မှာ RBK မိတဲ့ ဂျင်း .... (၂)

ဒီဂျင်းကတော့ ကားအကြောင်းနားလည်ပေမဲ့ ဒီက Law/Regulation တွေကိုနားမလည်လို့ RBK ကိုယ်တိုင် အတုံးလိုက်ကိုက်မိခဲ့တာပေါ့ဗျာ....

US ကိုရောက်ပြီး ၂/၃ လလောက်ကြာတော့ ဒီ Toyota Camry 2005 လေးကို ဒေါ်လာ ၃၅၀၀ နဲ့ ဝယ်ဖြစ်တယ်...

ကားလေးက သူ့ဈေးနဲ့သူ မဆိုးဘူး ...
ပြောစရာတစ်ခုဆိုလို့ Engine Check Light တစ်ခုလင်းနေတာပဲရှိတယ်...

ရောင်းတဲ့သူကလည်း သူ Oxygen Sensor လဲထားတာ အဆင်မပြေဖြစ်လို့ ချက်မီးလင်းနေတာ .. ဝပ်ရှော့မှာ ရက်ချိန်းယူပြီးရင် ပြန်လုပ်ပေးမယ်ဆိုတာနဲ့ အဲ့ဒီကားလေးကို ယူဖြစ်လိုက်တယ်ဆိုပါတော့...

တကယ်တမ်း ချက်မီးဘာကြောင့်လင်းတယ်ဆိုတာကိုစစ်ဖို့က obd scanner လေးတစ်ခုရှိရင် မခက်ခဲပါဘူး...

ဒါပေမဲ့ ကျွန်တော်က ရောက်ကာစဖြစ်နေတော့ ဘာ tools မှကို လက်ထဲရှိမနေတာမို့ မစစ်ဖြစ်လိုက်ဘူး...

နောက်တစ်ခုက မြန်မာပြည်ကလာတဲ့ Offroad သမားတစ်ယောက်အတွက်က ချက်မီးလင်းတယ်ဆိုတာလောက်ကို serious မဖြစ်တတ်တော့တာလည်းပါတယ်....

ကိုယ်တွေအတွက်ကျ ဘရိတ်ကောင်းတယ် အောက်ပိုင်းကောင်းတယ် အင်ဂျင်ရုန်းတယ်ဆိုရင် လုံလောက်နေတတ်တာမျိုးကိုး...😅

ပြီးတော့ ကျွန်တော် ကလောမှာမောင်းခဲ့တဲ့ pajero က ချက်မီးတင်မက မီးရောင်စုံခဏခဏလင်းတတ်တော့ ဒါက normalized ဖြစ်နေတာလေ.... 😅

အဲ့ဒါနဲ့ အဲ့ဒီအတိုင်းပဲ မောင်းဖြစ်နေတော့တာပဲ....

ပြဿနာက တစ်နှစ်တစ်ခါ Inspection ဝင်ရတော့မဲ့အချိန်မှစတယ်....

ဒီမှာက inspection စစ်ဖို့အတွက် certified ဖြစ်တဲ့ဝပ်ရှေ့ာတစ်ခုခုဆီကို တစ်နှစ်တစ်ခါ ကားစစ်သွားရတယ်...
အဲ့ဒါအောင်မှ အဲ့ဒီကားကို အသုံးပြုလို့ရတယ်ဗျ...

Inspection ဝင်ရဖို့ ၁ လလောက်အလိုခါကျတော့ ကိုယ့်ကားက ဘာတွေလိုအပ်မလဲမသိဘူးလို့တွေးပြီး စာတွေလိုက်ဖတ်ရော ...
အဲ့ခါမှတွေ့တာဗျ... ချက်မီးလင်းနေရင် inspection မအောင်ဘူးဆိုတာ...

အဲ့ဒါနဲ့ မထူးပါဘူးဆိုပြီး obd scanner လေးတစ်ခုဝယ် ... Scan ဖတ်ပြီး reset လုပ်ကြည့်တယ်...
ခဏပဲပျောက်ပြီး ပြန်ပေါ်လာရော ....
အဲ့ဒါနဲ့ O2 sensor တွေ ကြောင်နေတာလားဆိုပြီး sensor တွေလဲကြည့်မယ်လုပ်တော့ sensor တွေကလည်း အကောင်းတွေချည်း ....

Code တွေကိုကြည့်ပြီး စက်မှာ live data ကြည့်ပြီး diagnose လုပ်တော့မှ Catalytic Converter (အိတ်ဇောကျောက်အိုး) သက်တမ်းကုန်ပြီ/ လစ်ပြီဆိုတာ သိရပါလေရော....

ပြီးတော့ အင်ဂျင်ဝိုင်ကလည်း စားနေတာဆိုတော့ အဲ့ဒီကထွက်တဲ့ကာဗွန်ကြောင့် အဓိကပျက်စီးတဲ့သဘောပေါ့....

အဲ့ဒီအထိကလည်း ပြဿနာမရှိသေးဘူး...
ကျောက်အိုးဝယ်လဲလိုက်တာပေါ့ဆိုပြီး ပေါ့ပေါ့ပါးပါးပဲ...

ဒါပေမဲ့ ပစ္စည်းဈေးနှုန်းတွေကိုဝင်ကြည့်တော့မှ NY ရဲ့ ဆန်းဆန်းတင့် Emission Regulation / standard ကိုပါသိရပြီး မျက်လုံးပြူးတော့တာဗျ...

NY State ရဲ့ emission standard အတွက်သုံးရတဲ့ CARB certified ဖြစ်တဲ့ Converter တွေက တခြားပြည်နယ်အတော်များများမှာသုံးတဲ့ EIA Certified Converter တွေထက် ဈေး ၃ ဆ ကျော် များနေတယ်လေ..😅

တခြားပြည်နယ်မှာဆိုရင် $ ၄၀၀/၅၀၀ လောက်နဲ့ ပြင်လိုက်လို့ရတဲ့ဟာကို NY ပြည်နယ်မှာက ၁၂၀၀/၁၅၀၀ လောက် သုံးရမှာမျိုးပေါ့....

ကားတန်ဖိုးရဲ့တစ်ဝက်လောက်ပြင်ရမှာဆိုတော့ စိတ်ညစ်တာပေါ့ဗျာ....

ပြီးတော့ အခုလို အင်ဂျင်ဝိုင်စားနေပုံနဲ့က ၁ နှစ် ၂ နှစ်လောက်နေရင် ဒီပြဿနာ ပြန်ဖြစ်မှာလေ ..

အဲ့ဒီတော့ ကျွန်တော့်မှာ ရွေးစရာ ၂ ခုပဲရှိတယ် ...

(၁) ဒေါ်လာ ၆၀၀/၇၀၀ လောက်အကုန်ခံ ပစ္စည်းဝယ် .. လက်ပူတိုက်ပြင်ပြီး... Inspection ဝင် ... ဒေါ်လာ ၃၀၀၀ လောက်နဲ့ ဂျင်းထည့်ပြီး သူများကိုပြန်ရောင်းမလား?

(၂) ကားသင်္ချိုင်းကို ဒေါ်လာ ၃၅၀ နဲ့ သွားရောင်းမလား?

နံပါတ် (၁) ကိုလုပ်ဖို့က ကျွန်တော့်အတွက် မခက်ခဲပေမဲ့ အဲ့လိုမျိုးလုပ်ချင်စိတ် ရှိမနေဘူး...

ကိုယ်ခံရသလို သူများကိုထပ်ခံခိုင်းရမှာ စိတ်ကမသန့်ဘူး...

ခက်ခဲနေတဲ့ကာလမှာ ဒေါ်လာ ၂၀၀၀/၃၀၀၀ ကို နှမြောတယ်ဆိုပေမဲ့ ကိုယ့်ရဲ့သမ္မာစိတ်ပျောက်သွားရင် ဘာလုပ်မှာလဲတွေးပြီး ကားသင်္ချိုင်းကို သွားပို့ပစ်လိုက်တော့တာပဲ....

မတရားမှုဆိုတာက ကိုယ့်မှာခံရတာမကြိုက်ရင် သူများကိုလည်း မလုပ်သင့်ဘူးပေါ့....

အဲ့လိုနဲ့ US ကိုရောက်ရောက်ချင်း ကားနဲ့ပတ်သက်လို့ သင်ခန်းစာအကြီးကြီးရသွားတယ်...

အဲ့နောက်ပိုင်း ကိုယ့်လိုကြုံကြမှာစိုးတာနဲ့ ဘဝတူတွေဆို ကားလိုက်ကြည့်ပေး စစ်ပေးဖြစ်တော့တာပဲ...

ကိုယ်ကသာ အံကြိတ်ခံနိုင်တာလေ ...
မခံနိုင်တဲ့သူဆို အခန့်မသင့်ရင် မိုးခါးရေလိုက်သောက်ပြီး မကောင်းတဲ့အကျင့်တွေ ဝင်သွားနိုင်တယ်....

အကျင့်တစ်ခုက ပျက်ပြီးရင် ပြင်ရခက်တာမျိုးဆိုတော့ မပျက်တာအကောင်းဆုံးပဲဗျ...

ဒါကထားပါ..

ဒီကာလမှာ refugee အနေနဲ့ ရောက်လာသူအတော်များများက မတတ်သာလို့ရောက်လာကြရသူချည်းပါ...

ကိုယ်ကကူရမဲ့အစား ဂျင်းထည့်တာမျိုးအထိတော့ မဖြစ်ကြစေနဲ့ပေါ့....

နောက်မှ ကားဟောင်းဝယ်ရင် ဘာတွေကြည့်ပြီးရွေးသင့် ဝယ်သင့်တယ်ဆိုတာ ထပ်ရေးဦးမယ်ဗျာ...

အဲ ... အရင်တစ်ခါ ကားသင်္ချိုင်းမှာမွှေပြီးပြင်ထားတဲ့ကားလေးက အဲ့ဒီ post တင်ပြီး နောက်တစ်နေ့မှာပဲ ချက်ချင်းရောင်းထွက်သွားတယ်...

အပြင်မှာရောင်းရင် ဒေါ်လာ ၆၀၀၀ လောက် အနည်းဆုံးရပေမဲ့ ဝယ်သူက ကိုယ့်ဘဝတူချင်းမို့ ဒေါ်လာ ၄၀၀၀ နဲ့ပဲပေးလိုက်တယ်....

သူပြန်ရောင်းတဲ့အခါ အဲ့ဒီထက်အမြတ်တင်ရင်တော့ ရှယ်ဆဲမှာပေါ့ဗျာ....😅

Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Ride Behind Kalaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ride Behind Kalaw:

Videos

Share

Our Story

Ride Behind Kalaw was founded on July, 2016 by the young enthusiastic motorcyclists in Kalaw.

We are very proud to be a very first motorcycle touring service team in Myanmar.