Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku)

  • Home
  • Myanmar
  • Kalaw
  • Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku)

Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku) - Kalaw-Inle Trekking
- Day Return Trekking (Kalaw)
- Overnight Trekking (Kalaw, Kalaw-Inle)
- Camping
- Mountaineering
- Trip Planning
- Free Information
(52)

In this page, you could find out the information and photos that introduce you with how minority ethnic groups earn their living in mountains in Southern Shan State, Myanmar. Besides, it could help you to find out detailed information about trekking, hiking, birdwatching and journey in Southern Shan State (Kalaw, Inle Lake, Pindaya Cave, Kakku) in Myanmar.

မိုးရာသီမှာ trekking သွားခြင်းဟာ ပုံမှန်ထက်ထူးခြားတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်သလို ပုံမှန်ထက် ခရီးသွားပိုနည်းတတ...
29/06/2024

မိုးရာသီမှာ trekking သွားခြင်းဟာ ပုံမှန်ထက်ထူးခြားတဲ့ အတွေ့အကြုံတွေကို ရရှိနိုင်မှာဖြစ်သလို ပုံမှန်ထက် ခရီးသွားပိုနည်းတတ်တာဖြစ်လို့ ပိုမိုလှပတဲ့ သဘာဝပတ်ဝန်းကျင်ကို အေးအေးလူလူ ခံစားနိုင်မှာဖြစ်ပါတယ်။​ ဒါ့အပြင် မိုးရာသီမှာ trekking သွားခြင်းဖြင့် အခြားဘယ်လိုအကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်မလဲ ဆိုတာကို စုစည်းဖော်ပြပေးလိုက်ရပါတယ်ရှင်။​

၁။​ စိမ်းစိုလှပပြီး အရောင်အသွေးစုံလင်တဲ့ သဘာဝရှုခင်းများ
နွေရာသီတစ်လျှောက်လုံး ဖုန်အလိမ်းလိမ်းနဲ့ မှိုင်းညှို့နေခဲ့တဲ့ သဘာဝပတ်ဝန်းကျင်တစ်ခုလုံးနဲ့ သစ်ပန်ပန်းမန်တွေဟာ ဝဿန်ကာလမိုးစက်မိုးပေါက်တွေကြောင့် တစ်ဖန်ပြန်လည်စိမ်းလန်းစိုပြေလာလို့ စိမ်းစိုလှပပြီး အရောင်အသွေးစုံလင်တဲ့ သဘာဝပတ်ဝန်းကျင်အလှကို အပြည့်အဝခံစားနိုင်မှာပါ။​

၂။​ ရေတံခွန်များနှင့် စမ်းချောင်းများ
မိုးရာသီမှာ အလှပဆုံးတွေ့မြင်နိုင်မယ့် သဘာဝအလှတရားနောက်တစ်ခုက ရေတံခွန်နဲ့ စိမ့်စမ်းချောင်းရေများပဲဖြစ်ပါတယ်။​ နွေရာသီမှာ ရေခမ်းခြောက်မှုကြောင့် အလှအပအချို့ ယိုယွင်းနေခဲ့ရတဲ့ ရေတံခွန်တွေဟာ မိုးရာသီမှာတော့ တသွင်သွင်စီးဆင်းနေတဲ့ စမ်းချောင်းနဲ့ ရေပန်းအလှတွေကြောင့် ပိုမိုလှပတဲ့ သဘာဝအလှတရားကို ရှုမြင်ခံစားနိုင်မှာဖြစ်ပါတယ်။​

၃။ အေးမြတဲ့ ရာသီဥတု
မိုးစက်မိုးပေါက်တွေကြောင့် ဂိန်မာန်နွေကာလတစ်လျှောက်လုံး မြင့်မားတဲ့ အပူချိန်တွေဟာ သိသိသာသာလျော့ကျသွားရသလို အထူးသဖြင့် ကလောလို တောင်ပေါ်ဒေသမှာ မိုးရာသီနေ့ခင်းအပူချိန်ဟာ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ဝန်းကျင်သာရှိလို့ အေးမြတဲ့ ရာသီဥတုကို တွေ့ကြုံခံစားနိုင်မှာပါ။ ဒါ့အပြင် မြှူနှင်းမှုန်တွေနဲ့အတူ ဝှေ့ခတ်လာတဲ့ လေနုအေးလေးက နှာနုဖျားကို ရိုက်ခတ်တဲ့အရသာကို ထိတွေ့ ခံစားခွင့်ရနိုင်ဦးမှာပါ။​

၄။ ခရီးသွားဧည့်သည်များ ထူထပ်မှုမရှိခြင်း
ပုံမှန်ခရီးသွားရာသီမှာ ခရီးသွားဧည့်သည်လည်ပတ်မှုများတဲ့ ကလော၊ ပုဂံ၊ အင်းလေး အစရှိတဲ့နေရာတွေကို သွားရောက်လည်ပတ်မယ်ဆိုရင် ထူထပ်လွန်းတဲ့ခရီးသွားဧည့်သည်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတာမျိုး သေချာပေါက်ကြုံတွေ့ဖူးကြမှာပါ။ ဒါပေမယ့် မိုးရာသီမှာ ခရီးသွားမယ်ဆိုရင်တော့ ဒီလိုစိတ်အနှောင့်အယှက်ဖြစ်စရာအခြေအနေကို သေချာပေါက် ရှောင်လွှဲနိုင်မှာဖြစ်လို့ ဒေသန္တရဗဟုသုတနဲ့ သဘာဝပတ်ဝန်းကျင်အလှကို အေးအေးလူလူခံစားနိုင်မှာဖြစ်ပါတယ်။​

၅။ ဓာတ်ပုံလှလှရိုက်ကူးနိုင်မယ့်အခွင့်အရေး
မြသားကဗ္ဗလာခင်းကျင်းထားတဲ့အလား စိမ်းစိုလှပနေတဲ့ တောတောင်လျှိုမြောင်ရှုခင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်အလှကို အေးအေးလူလူခံစားရင်း ဓာတ်ပုံလှလှရိုက်ကူးနိုင်မှာဖြစ်သလို စက္ကန့်ပိုင်းအတွင်း ကျဆင်းလာတဲ့မြှူနှင်းမှုန်များကြောင့် ပိန်းပိတ်အောင် မှောင်သွားတဲ့အချိန် မိုးတိမ်တွေကြား လမ်းလျှောက်နေရသလို ခံစားရစေမယ့် အခိုက်အတန့်တွေက တောင်ပေါ်ဒေသရဲ့ မိုးရာသီကာလမှာသာ ရရှိနိုင်တဲ့ အခွင့်အရေးတစ်ခုပါ။

၆။ မတူညီတဲ့သဘာဝအလှတရားများကို တစ်ပြိုင်နက်ခံစားခွင့်ရနိုင်ခြင်း
မနက်ပိုင်းမှာ ကြည်လင်တဲ့ မိုးကောင်းကင်နဲ့ သဘာဝအလှတရားကို တွေ့မြင်နေရနိုင်ပေမယ့် မွန်းလွဲပိုင်းမှာ ရုတ်တရက် ရွာသွန်းလာတဲ့မိုးစက်မိုးပေါက်များကြောင့် သဘာဝအလှကို မတူညီတဲ့ အမြင်တစ်ခုနဲ့ ခံစားရနိုင်သလို မိုးရွာပြီးနောက် ကျဆင်းလာတတ်တဲ့ မြူနှင်းမှုန်တွေကြောင့် ရှစ်ခွင်တိုင်းမှိုင်းညှို့ပြီး ပိန်းပိတ်အောင်မှောင်သွားတတ်တဲ့အခိုက်အတန့်မျိုးကိုလည်း တွေ့ကြုံခံစားနိုင်ဦးမှာပါ။

၇။ အတွေ့အကြုံခံစားချက်အသစ်များ ရရှိနိုင်ခြင်း
သစ်ရွက်ပေါ်ကျဆင်းလာတဲ့ မိုးစက်မိုးပေါက်တွေရဲ့အသံတွေ၊ ထင်းရှူးရွက်အဖျားမှာ တွဲလွဲခိုနေတဲ့ မိုးရေစက်လေးတွေ၊​ မိုးကျပြီးစ မြေသင်းနံ့လေးတွေ၊ မြူနှင်းတွေကြား အချို့တစ်ဝက်ကိုသာ တွေ့မြင်နိုင်မယ့် ရှမ်းရိုးမတောင်တန်းကြီးတွေဟာ မိမိအတွက် တမူထူးခြားတဲ့ ခံစားချက်ရှုခင်းတွေဖြစ်သလို စေးကပ်နေတဲ့ မြေသားပေါ်မှာ trekking လျှောက်တဲ့အခါ ချော်လဲတာမျိုး၊ ရွံ့ပေကပ်နေတာမျိုးနဲ့ ကျွတ်တွယ်ခံရတာမျိုးတွေဟာ မိုးရာသီမှာ trekking လျှောက်ခြင်းဖြင့်သာ ရရှိနိုင်မယ့် အတွေ့အကြုံတွေဖြစ်ပါတယ်။​.

၈။​ စိတ်နှင့်ခန္ဓာကိုယ်အတွက် အားအင်သစ်များပေးစွမ်းနိုင်ခြင်း
ရွံ့နွံထူထပ်ပြီး ချောမွတ်တဲ့ လမ်းတွေမှာ trekking လျှောက်ရခြင်းဟာ မိမိကိုယ်ခန္ဓာအတွက် ကောင်းမွန်တဲ့ workout တစ်မျိုးဖြစ်စေနိုင်သလို လတ်ဆတ်အေးမြတဲ့လေနုအေးလေးတွေနဲ့ လှပတဲ့သဘာဝရှုခင်းတွေကို မိမိရဲ့ စိတ်နဲ့ကိုယ်ခန္ဓာကို ပြန်လည်လတ်ဆတ်ပြီး အားအင်သစ်တွေ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။​

၉။​ ပိုမိုသန့်ရှင်းစင်ကြယ်တဲ့ လေထု
မိုးစက်မိုးပေါက်တွေဟာ လေထုထဲမှာရှိတဲ့ ဖုန်နဲ့အခြားအညစ်အကြေးတွေကို ဆေးကြောသန့်စင်ပေးနိုင်တာဖြစ်လို့ ပိုမိုသန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူရှိုက်ခွင့်ရမှာဖြစ်ပါတယ်။​

၁၀။​ နောက်ဆုံးအချက်အနေနဲ့ကတော့ မိုးရာသီမှာ trekking လျှောက်မယ်ဆိုရင် မိုးကာ (သို့) ထီးနဲ့ လမ်းလျှောက်တတ်ပါမယ်၊ အခန့်မသင့်ရင် ချော်လဲပါမယ်၊ ကျွတ်တွယ်ခံရပါမယ်၊ မိုးရွာထဲ လမ်းလျှောက်ရလို့ အဝတ်အစားအပိုခပ်များများထည့်ခဲ့ဖို့လိုပါမယ်၊​ ပေါ့ပါးပြီး ခြောက်သွေ့လွယ်တဲ့အဝတ်အစားနဲ့ ခြေအိတ်အပိုဆောင်ခဲ့ဖို့လိုပါမယ်။​ နောက်ဆုံးလမ်းဆက်မလျှောက်နိုင်တော့ရင် ဆိုင်ကယ်ကယ်ရီ (သို့) ကားငှားပြီး ပြန်ရနိုင်ပါတယ်။​
🤠🤠🤠

ကလောမှာ trekking လျှောက်ချင်လို့ပဲဖြစ်ဖြစ်၊​ ကားငှား/ဆိုင်ကယ်ငှား/ဟိုတယ်နဲ့ကားလက်မှတ်အတွက် ဆက်သွယ်စုံစမ်းလိုပါက TiC Myanmar ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။​

TiC Myanmar
09960018027
09958106081

27/06/2024

နိုင်ငံခြားက မြို့လေးတစ်မြို့မဟုတ်ပါဘူး ...
ရှမ်းပြည်တောင်ပိုင်းက တောင်ပေါ်မြို့လေး "ကလော" ပါနော်။​
ကလောကိုရောက်လို့ trekking သွားချင်တာပဲဖြစ်ဖြစ်၊​ hotel, car rental, bus ticket, city tour အစရှိတဲ့ ဝန်ဆောင်မှုတွေအတွက် ဘာပဲလိုလို TiC ကိုသာ သတိရလိုက်ပါနော်။

TiC Myanmar
Trekking Information Center Myanmar
09960018027
09958106081
#ကလော

မိုးရာသီမှာ ကလော trekking က ရှုခင်းတွေ ဘယ်လောက်လှလဲ? ဘယ်လောက်လှသလဲ၊ ဘယ်လိုလှသလဲ ဆိုတာကို အတိအကျ ရည်ညွှန်းမဖွဲ့ဆိုတတ်ပေမယ...
25/06/2024

မိုးရာသီမှာ ကလော trekking က ရှုခင်းတွေ ဘယ်လောက်လှလဲ?
ဘယ်လောက်လှသလဲ၊ ဘယ်လိုလှသလဲ ဆိုတာကို အတိအကျ ရည်ညွှန်းမဖွဲ့ဆိုတတ်ပေမယ့် ရှုမြင်လေရာပတ်ဝန်းကျင်တိုင်းက အသက်ရှူမှားလောက်အောင်ကို လှပါတယ်။ မြသားကဗ္ဗလာခင်းထားသလို မြင်လေရာစိမ်းစိုနေပြီး မိုးမရွာခင်နဲ့ မိုးရွာပြီးတိုင်း တောင်တန်းလျိုမြှောင်တွေကြားမှာမြင်တွေ့ရမယ့် မြူခိုးတိမ်သားတိမ်စိုင်တွေရယ်၊ သစ်ကိုင်းသစ်ခက်တွေမှာ တွဲလွဲခိုနေတဲ့ မိုးရေစက်လေးတွေ၊ စိမ်းစိုနေတဲ့စပါးခင်းနဲ့ စိုက်ခင်းတွေ၊ တစ်ချက်တစ်ချက် ပတ်ဝန်းကျင်တစ်ခွင် ပိန်းပိတ်အောင် မှောင်ကျလာမယ့် မြူမှုန်မြူခိုးတွေကြား လမ်းလျှောက်ရင်း နှာသီးထိပ်ဖျားလေးတွေမှာ လာရောက်ရိုက်ခတ်မယ့် မြူမှုန်မြူခိုးလေးတွေက ဘာနဲ့မှမတူတဲ့ အတွေ့အကြုံတစ်ခုပါ။ 😍😍😍
မိုးရာသီ trekking ရဲ့ dark side အနေနဲ့ကတော့ ဗွက်ထတာ၊ တစ်ခါတစ်ရံကျွတ်တွေ့ရတတ်တာ၊ တစ်ခါတစ်ရံ ချော်လဲတာ၊ မိုးရွာထဲမှာ မိုးကာနဲ့ လမ်းလျှောက်ရတာဖြစ်လို့ ခရီးသိပ်မတွင်တာတွေပဲ ရှိပါတယ်။ 😁😁😁
ဒါတွေအားလုံးကလည်း မြို့ပြလူနေမှုဘဝမှာ ရရှိနိုင်တဲ့အတွေ့အကြုံတွေမဟုတ်တော့ ရင်ခုန်စရာခံစားချက်လေးရရှိစေမှာ အသေအချာပါပဲ။ 😁😁😁
ကလောရောက်လို့ trekking လျှောက်ချင်တာပဲဖြစ်စေ၊ ဟိုတယ် မိုတယ်အကြောင်း အသေးစိတ်သိချင်တာပဲဖြစ်စေ၊ ကလောမြို့တွင်းက အထင်ကရနေရာမှာ ကင်မရာနဲ့ အမှတ်တရဓာတ်ပုံများရိုက်ကူးချင်ရင်ပဲဖြစ်စေ၊ တစ်နေရာတည်းမှာ ဝန်ဆောင်မှုအကုန်ရနိုင်တဲ့ TiC ကို သတိရလိုက်ပါခင်ဗျ။ ☺☺

TiC
Trekking Information Center
09960018027
09958106081

ချစ်သူနဲ့အတူ ခရီးထွက်သင့်သည့် အကြောင်းရင်း (၁၀) ချက်၁။ အမှတ်တရများအတူဖန်တီးနိုင်ခြင်းကိုယ့်ချစ်သူနဲ့ခရီးအတူတူသွားရင်း အမ...
21/06/2024

ချစ်သူနဲ့အတူ ခရီးထွက်သင့်သည့် အကြောင်းရင်း (၁၀) ချက်

၁။ အမှတ်တရများအတူဖန်တီးနိုင်ခြင်း
ကိုယ့်ချစ်သူနဲ့ခရီးအတူတူသွားရင်း အမှတ်တရတွေ အတူဖန်တီးနိုင်မှာဖြစ်သလို ချစ်သူနှစ်ဦးကြားသံယောဇဥ်ကိုလည်း ပိုမိုခိုင်မာစေမှာဖြစ်ပါတယ်။​ (ခရီးစဥ်တစ်လျှောက် ရန်တော့ မဖြစ်ကြေး လို့ ကြိုတင်ကတိယူခဲ့ကြပေါ့)

၂။ Quality Time
လုပ်ငန်းခွင်၊ ဘေးပတ်ဝန်းကျင် စတဲ့ အနှောင့်အယှက်အပူအပင်တွေမရှိဘဲ တန်ဖိုးရှိတဲ့အချိန်တွေကို မိမိချစ်ရသူနဲ့အတူ ဖန်တီးခွင့်ရှိမှာဖြစ်ပါတယ်။ (အလုပ်က ဖုန်းတွေ တဂွမ်ဂွမ်ဝင်နေရင်တော့ ချစ်သူကို ချော့ဖို့ပါ တစ်ပါတည်း ပြင်ထားပေတော့။)

၃။ ခရီးစဥ်တစ်လျှောက် ဒေသန္တရဗဟုသုတများ အတူရှာဖွေလေ့လာနိုင်ခြင်း
နေရာဒေသပတ်ဝန်းကျင်အသစ်မှာ ဒေသန္တရဗဟုသုတနဲ့ activities အသစ်တွေကို အတူစူးစမ်းလေ့လာခြင်းဟာ စိတ်လှုပ်ရှားစရာကောင်းသလို အတွေ့အကြုံအခက်အခဲအသစ်တွေကို အတူရင်ဆိုင်ကျော်လွှားရတာဖြစ်လို့ ချစ်သူနှစ်ဦးကြား ပိုမိုရင်းနှီးနွေးထွေးစေမှာဖြစ်ပါတယ်။ (ညီမလေးတို့ရဲ့ ကိုကိုတွေက ကျွတ်တွယ်တာကို ကြောက်လို့မဖယ်ပေးရဲတာတို့၊ ညဖက်အိမ်သာသွားဖို့ လိုက်မကူပေးရဲတာတို့ဆိုရင်ရော ဘယ်လိုလုပ်ကြမလဲ???)​

၄။ Support and Comfort
ပတ်ဝန်းကျင်အသစ်မှာ ကြုံတွေ့လာရနိုင်တဲ့အခက်အခဲတွေကို "သွေးကြောထဲက စွမ်းအင်များ ကိုကိုဖန်ဆင်းပေးထားသလား???" သီချင်းညည်းရင်း ချစ်သူ့လက်ကိုဆွဲ​၊ ရဲရဲဝံ့ဝံ့ အလွယ်တကူကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။​ (ဤခံစားချက်ကိုတော့ လူပျိုကြီး၊ အပျိုကြီးများ သိရှိခံစားနားလည်နိုင်မည်မဟုတ်ချေ - ဤကား စကားချပ်)

၅။ ယုံကြည်မှုအပြန်အလှန်တည်ဆောက်နိုင်ခြင်း
ခရီးတစ်ခုသွားမယ်ဆိုရင် ခရီးစဥ်အတွက် နှစ်ယောက်သား ကြိုတင်စီစဥ်ရမယ်၊ ပလန်ချရမယ်၊ ဖြစ်ပေါ်လာနိုင်မယ့် အခက်အခဲတွေအတွက် ဘယ်လိုပြင်ဆင်သွားပြီး ရင်ဆိုင်ကြမလဲ ဆိုတာကို သေချာတိုင်ပင်ရမှာဖြစ်လို့ ချစ်သူနှစ်ဦးကြား အပြန်အလှန်ယုံကြည်မှုကို တည်ဆောက်နိုင်မှာဖြစ်သလို ချစ်သူနှစ်ဦးကြား အပြန်အလှန်ဆက်ဆံရေးကိုလည်း ပိုမိုတိုးတက်ကောင်းမွန်စေနိုင်မှာဖြစ်ပါတယ်။ (trekking လျှောက်တဲ့အချိန် ကျောပိုးအိတ်မသယ်ကူတာ၊ ချော်လဲရင် မတွဲထူပေးဘဲ ဟားတိုက်လှောင်ရီတာ၊ ရှုခင်းလှလှမှာ ဓာတ်ပုံမရိုက်ပေးချင်တာတွေ ကြုံလာရရင်တော့ အဲ့ကောင်ကို ဆက်မတွဲဘဲ ဖြတ်ပစ်လိုက်တော့ ညီမလေး)

၆။ ရိုမန်တစ်ဆန်ဆန်အခိုက်အတန့်များ အတူဖန်တီးနိုင်ခြင်း
ချစ်သူ့ပခုံးထက် မှေးခိုရင်း နေဝင်ချိန်ကို အတူကြည့်တာ၊ ကောင်းကင်ယံက ကြယ်တွေကို အတူရေတွက်တာ၊ candle light နဲ့ ညစာအတူစားတာ၊ ချစ်သူ့လက်ကိုတွဲပြီး တောတောင်ရေမြေတွေကြား လမ်းအတူလျှောက်တာ စတဲ့ အခိုက်အတန့်တွေဟာ တစ်သက်မမေ့နိုင်တဲ့ ရိုမန်တစ်ဆန်ဆန်အမှတ်တရတွေ ဖြစ်ပါတယ်။ ("ရုံးကသူငယ်ချင်းတွေနဲ့ ခရီးတူတူသွားတာ" လို့ မိဘကို ညာပြောလာတဲ့အတွက် တွေ့ရာလူတွေကို ဆွဲခေါ်ပြီး ဂရုဖိုတိုတွေ ရိုက်ထားဖို့တော့ လိုပါလိမ့်မယ်။)

၇။ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေ့လာခွင့်ရခြင်း
ချစ်သူနှစ်ဦး ခရီးတစ်ခုကို အတူသွားခြင်းဟာ ချစ်သူနှစ်ဦးတို့ရဲ့ ပါဆင်နယ်လတီတွေ၊ စိတ်ပါဝင်စားမှုတွေနဲ့ အားသာချက်၊ အားနည်းချက်တို့ကို အနီးကပ်တွေ့မြင်နိုင်တာမို့ တစ်ခါတစ်ရံ မိမိရဲ့ ချစ်သူရည်းစားကို မမြင်၊ မတွေ့ကြုံခဲ့ဖူးတဲ့ အမြင်၊ ရှုဒေါင့်တစ်ခုကနေ မြင်တွေ့ခွင့်ရနိုင်တာမို့ တစ်ဦးကိုတစ်ဦး အသေးစိတ် အပြန်အလှန် ပြန်လည်လေ့လာခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။ (ဥပမာ - ကိုယ်က မောလို့ နောက်ဆုံးမှာကျန်နေချိန် ဒင်းက ရှေ့ဆုံးကနေ ကော့ပက် ကော့ပက်နဲ့သွားနေတာမျိုး၊ trekking လျှောက်မှ ကိုယ့်ထက်ဒင်းက ပိုနွဲ့နေတာမျိုး၊ မိမိထက် အခြားကောင်မလေးတွေကိုပဲ ဓာတ်ပုံရိုက်ပေးနေတာမျိုး)

၈။ စိတ်ကူးရည်မှန်းချက်ကို အတူဖန်တီးနိုင်ခြင်း
ခရီးစဥ်တစ်ခုကို ချစ်သူနှစ်ဦး အတူကြိုတင်တိုင်ပင်ပြင်ဆင်ရတာက စိတ်လှုပ်ရှားပျော်ရွှင်စရာကောင်းသလို ခရီးစဥ်တစ်လျှောက် ကြုံတွေ့လာနိုင်တဲ့ သုခ၊ ဒုက္ခတွေကို ချစ်သူ့လက်ကိုဆွဲပြီး ရဲရဲကြီး အတူဖြတ်ကျော်ရတာလောက် ပျော်စရာကောင်းတာမရှိပါဘူး။ (အိမ်ရောက်မှ အဆူခံထိတာကတော့ တစ်ပိုင်းသပ်သပ်ပေ့ါ)

၉။ ပိုမိုခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ခြင်း
ချစ်သူနဲ့ခရီးတစ်ခုအတူသွားခြင်းဟာ ချစ်သူနှစ်ဦးကြားမှာရှိတဲ့ နားလည်မှု၊ အပြန်အလှန်ယုံကြည်လေးစားအားကိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာဆက်ဆံရေးတွေကို ပိုမိုတိုးတက်ကောင်းမွန်စေတာဖြစ်လို့ ဘဝမှာ မိမိရဲ့ချစ်သူနဲ့အတူ နှစ်ဦးတည်း မဖြစ်မနေ ခရီးထွက်သင့်ပါတယ်နော်။ (ခရီးစဥ်ပြီးသွားမှ ကီးမကိုက်ကြလို့ ပြတ်သွားတဲ့ အတွဲတွေလည်း မြင်ဖူး၊ တွေ့ဖူးနေလို့ ဒီစာကိုဖတ်ပြီး အကောင်းတွေချည်းပဲ လို့ မမှတ်ယူသင့်ကြောင်း ထပ််လောင်းပြောကြားအပ်ပါတယ်ခင်ဗျာ)

ခရီးစဥ်ပြီးမှ ပြတ်တာ၊ မပြတ်တာက တစ်ပိုင်း ... လောလောဆယ်တော့ ချစ်သူလေးနှစ်ကိုယ်တူ တစ်တီတူး၊ ချစ်ကြည်နူးရင်းနဲ့ ခရီးထွက်ရင်း အမှတ်တရတွေ အတူဖန်တီးချင်တယ်ဆိုရင်တော့ TiC ကို အခုပဲ ဆက်သွယ်လိုက်တော့နော်။​

TiC
Trekking Information Center
09960018027
09958106081

20/06/2024

ရောက်ဖူးသူတိုင်း ချစ်ကြတဲ့ မြို့လေး .... ♥️
ရောက်ဖူးသူတိုင်း အခြေချချင်တဲ့ မြို့လေး .... ♥️
ရာသီမရွေး အမြဲလှနေတဲ့ မြို့လေး ... ♥️

TiC
Trekking Information Center
09960018027
09958106081

လူမှန်ရင် မှီခိုစရာ ပုခုံးလေးတစ်ခုတော့ ရှိသင့်တာပေါ့ ... ♥️မြှူနှင်းမှုန်တွေကြားခဏတာ မှီခိုစရာ ချစ်သူ့ပုခုံးလေးတစ်ဖက်ရယ်...
20/06/2024

လူမှန်ရင် မှီခိုစရာ ပုခုံးလေးတစ်ခုတော့ ရှိသင့်တာပေါ့ ... ♥️

မြှူနှင်းမှုန်တွေကြား
ခဏတာ မှီခိုစရာ
ချစ်သူ့ပုခုံးလေးတစ်ဖက်ရယ်
ကော်ဖီတစ်ခွက်ရယ်ရှိရင်
လောကနိဗ္ဗန်နဲ့တောင်
မလဲနိုင်ပါဘူး
ချစ်သူရယ် ...

(တစ်ကိုယ်တည်း အပျိုကြီး/လူပျိုကြီးတွေကတော့ သူ့ကံနဲ့သူပေါ့) 😆

TiC
Trekking Information Center Myanmar
09958106081
09960018027

မိုးတွင်းမှာ မသွားရင် နောင်တရမဲ့ မြို့ငယ်လေး..လူတိုင်းနှစ်သက်တဲ့ မြို့လေး ..တောင်ပေါ် မြို့ `ကလော ‘ ပဲဆိုတာ admin ပြောတိ...
28/05/2024

မိုးတွင်းမှာ မသွားရင် နောင်တရမဲ့ မြို့ငယ်လေး..
လူတိုင်းနှစ်သက်တဲ့ မြို့လေး ..တောင်ပေါ် မြို့ `ကလော ‘ ပဲဆိုတာ admin ပြောတိုင်းမယုံပါနဲ့ ..ဓာတ်ပုံတွေက သက်သေပါပဲ ❤️❤️လက်တွေ့ လာကြည့်မယ် ဆိုရင်တော့ TiC Myanmar က ကြိုဆိုပါတယ်❤️

မိုးရာသီမှာ ကလော trekking က ရှုခင်းတွေ ဘယ်လောက်လှလဲ?
ဘယ်လောက်လှသလဲ၊ ဘယ်လိုလှသလဲ ဆိုတာကို အတိအကျ ရည်ညွှန်းမဖွဲ့ဆိုတတ်ပေမယ့် ရှုမြင်လေရာပတ်ဝန်းကျင်တိုင်းက အသက်ရှူမှားလောက်အောင်ကို လှပါတယ်။ မြသားကဗ္ဗလာခင်းထားသလို မြင်လေရာစိမ်းစိုနေပြီး မိုးမရွာခင်နဲ့ မိုးရွာပြီးတိုင်း တောင်တန်းလျိုမြှောင်တွေကြားမှာမြင်တွေ့ရမယ့် တိမ်သားတိမ်စိုင်တွေရယ်၊ သစ်ကိုင်းသစ်ခက်တွေမှာ တွဲလွဲခိုနေတဲ့ မိုးရေစက်လေးတွေ၊ စိမ်းစိုနေတဲ့စပါးခင်းနဲ့ စိုက်ခင်းတွေ၊ တစ်ချက်တစ်ချက် ပတ်ဝန်းကျင်တစ်ခွင် ပိန်းပိတ်အောင် မှောင်ကျလာမယ့် မြူမှုန်မြူခိုးတွေကြး လမ်းလျှောက်ရင်း နှာသီးထိပ်ဖျားလေးတွေမှာ လာရောက်ရိုက်ခတ်မယ့် အရသာလေးတွေက ဘာနဲ့မှမတူတဲ့ အတွေ့အကြုံတစ်ခုပါ။ 😍😍😍
မိုးရာသီ trekking ရဲ့ dark side အနေနဲ့ကတော့ ဗွက်ထတာ၊ တစ်ခါတစ်ရံကျွတ်တွေ့ရတတ်တာ၊ တစ်ခါတစ်ရံ ချော်လဲတာ၊ မိုးရွာထဲမှာ မိုးကာနဲ့ လမ်းလျှောက်ရတာဖြစ်လို့ ခရီးသိပ်မတွင်တာတွေပဲ ရှိပါတယ်။ 😁😁😁
ဒါတွေအားလုံးကလည်း မြို့ပြလူနေမှုဘဝမှာ ရရှိနိုင်တဲ့အတွေ့အကြုံတွေမဟုတ်တော့ ရင်ခုန်စရာခံစားချက်လေးရရှိစေမှာ အသေအချာပါပဲ။ 😁😁😁
ကလောရောက်လို့ trekking လျှောက်ချင်တာပဲဖြစ်စေ၊ ဟိုတယ် မိုတယ်အကြောင်း အသေးစိတ်သိချင်တာပဲဖြစ်စေ၊ ကလောမြို့တွင်းက အထင်ကရနေရာမှာ ကင်မရာနဲ့ အမှတ်တရဓာတ်ပုံများရိုက်ကူးချင်ရင်ပဲဖြစ်စေ၊ တစ်နေရာတည်းမှာ ဝန်ဆောင်မှုအကုန်ရနိုင်တဲ့ TiC ကို သတိရလိုက်ပါခင်ဗျ။ ☺☺☺

service

TiC (Trekking Information Center Myanmar)
[email protected]
09958106081
09960018027
09422874559

Address

No. 111, Lane 7, Forest Street
Kalaw
140105

Telephone

+959265760994

Website

Alerts

Be the first to know and let us send you an email when Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Trekking Information Centre (Kalaw, Inle Lake, Pindaya Cave & Kakku):

Videos

Share

Our Story

With more than 10+ years experience in hiking, trekking and adventurous industry, we are the leader in Southern Shan State; Kalaw, Inle, Pindaya and Kakku. Our guides are experienced, resourceful and proficient in their respective sectors. TiC, the best travel partner for you. For more details, please message us or call us at +959960018027.

Nearby travel agencies


Other Tourist Information Centers in Kalaw

Show All