Kalaw Bumi Car Rental & Photo Free Service

Kalaw Bumi Car Rental & Photo Free Service 🚙ကလော - အင်းလေး - တောင်ကြီး - ရွာငံ
ပင်းတယ 🌲{ကလော - around }🌲ကားအငှားနှင့်ခရီးသွားဝန်ဆောင်မှု (09.777770339{09677777339}
(6)

10/09/2024

ဒီနေ့ ကလောမြို့ ရပ်ကွက် (၂ - ၃ - ၄ )ပလောင်စျေးတန်း ဘူတာ နှင့်အထက (၁)ကျောင်းတို့တွင်ရေမြုပ်နေပါတယ် ကယ်ဆယ်ရေးအဖွဲ့တွေက လူတွေကို ထုတ်ပေးနေပါတယ်။

ကလောရဲ့ သဘာဝအလှတွေကြားမှာ စိတ်လှုပ်ရှားစရာ အတွေ့ကြုံနဲ့ zipline စီးချင်သူများအတွက် ဟို  နေရာလေးကို သတိရလိုက်ပါနှော်။    ...
08/09/2024

ကလောရဲ့ သဘာဝအလှတွေကြားမှာ စိတ်လှုပ်ရှားစရာ အတွေ့ကြုံနဲ့ zipline စီးချင်သူများအတွက် ဟို နေရာလေးကို သတိရလိုက်ပါနှော်။

🌲ကြီးမားတဲ့သစ်တောကြားမှာ စွန့်စားတဲ့သူတွေအတွက် အချိန်မရွေး zipline စီးပြီး စိတ်ကူးကောင်းတွေ ဖန်တီးပြီး Kalaw bumi car rental service နဲ့အတူ အမှတ်တရအခွင့်ရေးကို မလွတ်တမ်းရယူလိုက်ပါ။




☕️Kalaw မှာကော်ဖီသောက်ရင်း ဓါတ်ပုံလှလှလေးတွေနဲ့ လည်ပတ်မယ်နှော်📷   ခရီးသွားရင်း အနားယူဖို့ ကလောမှာကော်ဖီတစ်ခွက်လောက်သောက်...
07/09/2024

☕️Kalaw မှာကော်ဖီသောက်ရင်း ဓါတ်ပုံလှလှလေးတွေနဲ့ လည်ပတ်မယ်နှော်📷
ခရီးသွားရင်း အနားယူဖို့ ကလောမှာကော်ဖီတစ်ခွက်လောက်သောက်ပြီး လှည့်လည်ဖို့က အကောင်းဆုံးပုံစံပါပဲ။ သန့်ရှင်းအေးမြတဲ့လေထုလေးအတွင်းမှာ စိတ်သက်သာချမ်းမြေ့မှုကိုခံစားပြီ ကလောက ကော်ဖီဆိုင်နဲ့ အမှတ်တရတွေ ရယူလိုက်ပါ။

သဘာဝကို ဘယ်သူမှ ဖန်တီးလိုမရတာ ကလောမြို့မှ မြင်တွေ့ရသော သက်တံရောင် သက်တံရောင်ဟာ လောကရဲ့ အမုန်းတွေကိုဖျောက်ပြီး စိတ်ချမ်းသ...
06/09/2024

သဘာဝကို ဘယ်သူမှ ဖန်တီးလိုမရတာ
ကလောမြို့မှ မြင်တွေ့ရသော သက်တံရောင်
သက်တံရောင်ဟာ လောကရဲ့ အမုန်းတွေကိုဖျောက်ပြီး စိတ်ချမ်းသာမှုကို အေးအေးဆေးဆေး
လှမ်းလာပေးတဲ့အတိုင်းဖြစ်သလို ကလောမြို့ရဲ့ရှုခင်းအလှတရားကိုလည်း ပိုပြီးပျော်ရွင်စေပါတယ်။
Today ညနေခင်း ၅:၃၀ ကျော်မှ မြင်တွေ့ခဲ့သော

06/09/2024
ဒီနေ့kalaw မှ သွားလည်ခဲ့သော တစ်နေ့လုံး နေရာဒေသနှင့် အတွေ့ကြုံကို ပုံများနှင့်အတူ ဖော်ပြလိုက်ပါမယ် ရွာငံမှာ သဘာဝရဲ့ ရင်သပ...
05/09/2024

ဒီနေ့kalaw မှ သွားလည်ခဲ့သော တစ်နေ့လုံး နေရာဒေသနှင့် အတွေ့ကြုံကို ပုံများနှင့်အတူ ဖော်ပြလိုက်ပါမယ် ရွာငံမှာ သဘာဝရဲ့ ရင်သပ်ရှုမောဖွယ်အလှကို မြင်တွေ့ခဲ့ပြီး ယူကလစ်တောရဲ့နားမှာလေပြေပေါက်ကွဲသလို လန်းဆန်းစေတယ်။ တောကျယ်ရေတံခွန်ထဲက သစ်တောကြီးနဲ့ လမ်းကြောင်းကိုဖြတ်ကျော်ပြီး မြင်းမူကုန်းထိရောက်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ လှပမူကိုမြင်ကာစိတ်ကြင်လင်ဖြိုးလာတယ်။ ဒီအချိန်ရဲ့ အမှတ်တရကို ပုံများနဲ့ အတူပြန်လည်မျှဝေလိုက်ပါတယ်။



🌲ရေအေးကန်နှင့် တောအုပ်အလှကို ခံစားပြီး   ပလောင်တောင် view point သို့ ၁ ရက်တာ  Trekking ခရီးစဉ်🌲    သဘာဝအလှကို ခံစားဖို့ ...
04/09/2024

🌲ရေအေးကန်နှင့် တောအုပ်အလှကို ခံစားပြီး
ပလောင်တောင် view point သို့ ၁ ရက်တာ
Trekking ခရီးစဉ်🌲
သဘာဝအလှကို ခံစားဖို့ အချိန်ရလာပြီးပြီလား?ထူထပ်တဲ့ သစ်ပင်သစ်တောများကို ဖြတ်သန်းရင်းရှုခင်းလှလှပပတို့ဖြင့် ပလောင်တောင် view pointသို့ သွားရောက်ဖို့ ( ၁ )ရက်တာ Trekking ခရီးစဉ်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။
၁။🌳တောအုပ်အလှ။ ခရီးစတင်ရာမှာ ရှုခင်းလှလှ
ပပတို့ကိုဖြတ်ကာ သစ်တော၏ အေးချမ်းမှုကို
ခံစားနိုင်ပြီး သဘာဝသစ်တောအလှကို တစ်ဝကြီး
ခံစားနိုင်ပါလိမ့်မယ်။

၂။🏞️ရေအေးကန်သို့ ရောက်ရှိကာ ရေကန်အေးအေး လေးတွေနဲ့ သဘာဝလေထုက ခရီးစဉ်မှာ စိတ်အပန်းပြေစေမှာပါ။
၃။🏔️ပလောင်တောင်ရှုခင်း
ပလောင်တောင်view point သို့ရောက်ရှိပြီး လှပတဲ့ သဘာဝအပြည့်အဝ ခံစားနိုင်မှာပါ။ ဓါတ်ပုံရိုက်ဖို့အကောင်းဆုံးနေရာဖြစ်သလို သဘာဝအလှအပကိုလှမ်းရှုစားဖို့ အထူးကောင်းမွန်တဲ့နေရာလည်း
ဖြစ်ပါသည်။
အတွေ့အကြုံရရှိထားတဲ့ trekking ခရီးသည်ဖြစ်စေ၊ သာမန်တစ်ရက်တာအတွင်းသဘာဝထဲကိုဝင်ကာ အပန်းဖြေချင်သူဖြစ်စေ၊ ဒီခရီးစဉ်ဟာသင့်အတွက်မမေ့လျော့နိုင်တဲ့ အမှတ်တရတစ်ခုဖြစ်စေမှာပါ။

ကျွန်တော်တို့ kalaw bumi car rental service မှာလာရောက်လည်ခဲ့သူ “ယခုမှတ်သားစရာ အထူးသဖြင့်”Yoga ကျွမ်းကျင်သူ  ( သူမ )ကို ဂ...
03/09/2024

ကျွန်တော်တို့ kalaw bumi car rental service မှာ
လာရောက်လည်ခဲ့သူ “ယခုမှတ်သားစရာ အထူးသ
ဖြင့်”Yoga ကျွမ်းကျင်သူ ( သူမ )ကို ဂုဏ်ပြုတင်ဆပ်လိုက်ပါတယ်။
တကယ်ကိုတော်လိုက်တာပါ လက်တွေ့ ကိုယ်တိုင်
ရိုက်ခဲ့သော ပုံများ..
ဦးနှောက်နှင့် ကိုယ်ခံစွမ်းအားတိုးတတ်ဖို့အတွက်
Yoga လေ့ကျင့်ခန်းများမှ အကျိုးကျေးဇူးကို
လက်တွေ့ခံစားကြည့်ပါ

နန်းသဲဟိုတယ်ကို လည်ပတ်မယ်ဆိုရင် ဟိုတယ်ရဲ့သာယာလှပမှုနှင့် စိတ်ကြည်နူးဖွယ်ရာ အတွေ့အကြုံ  အပန်းဖြေဖို့ကောင်းတဲ့ ပတ်ဝန်းကျင်...
26/08/2024

နန်းသဲဟိုတယ်ကို လည်ပတ်မယ်ဆိုရင် ဟိုတယ်ရဲ့
သာယာလှပမှုနှင့် စိတ်ကြည်နူးဖွယ်ရာ အတွေ့အကြုံ အပန်းဖြေဖို့ကောင်းတဲ့ ပတ်ဝန်းကျင်ကို ရောက်ရှိတာနှင့် တွေ့မြင်ရမှာပါ။

07/08/2024

တောင်တန်းတွေကြား မြူနှင်းတွေနဲ့ စိမ်းဆိုလှပနေတဲ့ ရေယောင်းမ viewလေး


သဘာဝ အလှတရားကို အကောင်းဆုံး ခံစားနိုင်တဲ့ ရေယောင်းမ   view point
07/08/2024

သဘာဝ အလှတရားကို အကောင်းဆုံး ခံစား
နိုင်တဲ့ ရေယောင်းမ view point

သမိုင်းအရှည်ကြီးရှိသော ဗုဒ္ဓဘာသာ သာသနာတော်၏ အရေးပါသော်နေရာတစ်ခု ဖြစ်သည့်   မွေတော်ကက္ကူ စေတီပုထိုးများ  ကက္ကူစေတီပုထိုးမ...
05/08/2024

သမိုင်းအရှည်ကြီးရှိသော ဗုဒ္ဓဘာသာ သာသနာတော်၏ အရေးပါသော်နေရာတစ်ခု ဖြစ်သည့် မွေတော်ကက္ကူ စေတီပုထိုးများ
ကက္ကူစေတီပုထိုးများကို AD 11 ရာစုဝန်းကျင်တွင်ဆောက်လုပ်ထားကြောင်း သုတေသနများက
တွေ့ရှိရသည် ဤနေရာတွင် မတူကွဲပြားတဲ့
အရွယ်စားအမျိုးမျိုးသော စေတီပုထိုး အရည်အတွက်(၂၅၀၀) ကျော်ကိုမြင်တွေ့ရမည်


တောင်ကြီး View point
01/08/2024

တောင်ကြီး View point

29/07/2024

ပင်းတယ စကြာတောင်ကနေ မြင်ရတယ် View လေး

21/07/2024

စီးပွားရေးဆိုတာ သူများအပေါ် “စီး” မှ ပွားတာမဟုတ်ဘူး။ သူများမမြင်တာ “See” မှ ပွားတာ။

တရုတ်မှာ လောင်ဇူးဆိုတဲ့ ရှေးပညာရှိကြီးရေးခဲ့တဲ့ ၈၁ ပုဒ်ရှိတဲ့ Tao Te Ching (တောက်တယ်ကျင်း) ဆိုတာရှိပြီး ကမ္ဘာတစ်ဝန်းမှာလည်း စာအုပ်ပေါင်းများစွာ ဘာသာပြန်ထားကြတယ်။ Tao 道 ဆိုတာ "လမ်း" ကို ပြောတာဖြစ်တယ်။ နက်နဲတဲ့ အတွေးအခေါ်ကဗျာအနေနဲ့ ဘဝနေထိုင်နည်းကို တရုတ်မှာ စစ်တွေဖြစ်နေတဲ့အချိန် ကွန်ဖြူးရှပ်ရဲ့ အတွေးအခေါ်နဲ့ နေထိုင်နေတဲ့အချိန်မှာ သဘာဝနဲ့ သဟဇာတဖြစ်အောင် နေထိုင်နည်းကို လမ်းညွှန်ခဲ့တဲ့ အတွေးအခေါ်ဖြစ်တယ်။

မပြိုင်ဘဲ နိုင်အောင်လုပ်ဆိုတာ Tao Te Ching ရဲ့ ကဗျာအပုဒ် ၆၈ ကိုဖတ်ရင်း ထွက်လာတဲ့ အတွေးအခေါ်တစ်ခုပဲ။ စီးပွားရေးမှာလည်း အလားတူပဲ။ စီးပွားရေးလို့ပြောလိုက်တဲ့အခါ လူတွေက သူများကို စီးမှ ပွားမယ်၊ အထက်စီးကနေမှ ပွားမယ်ထင်တယ်။ အမှန်တော့ စီးပွားရေးဆိုတာ သူများမမြင်တာကို See မှ၊ ဖောက်သည်ရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်မှ ပွားမှာဆို မမှားပါဘူး။ စီးပွားရေးမှာ ဖောက်သည်ကိုလုမှ အောင်မြင်မယ်၊ ပြိုင်မှ သာမှ အောင်မြင်မယ်လို့ ထင်ကြတယ်။

မပြိုင်ဘဲ နိုင်အောင်လုပ်လို့ ရနိုင်လား။ First Principle Thinking နဲ့ စဥ်းစားကြည့်ရအောင်။ စီးပွားရေးဆိုတာ ဘာလဲ၊ ပြိုင်ဆိုင်မှု တစ်ခုလား။ ထုတ်လုပ်မှုတစ်ခုလား။ ဝန်ဆောင်မှုတစ်ခုလား။ အခြေခံက ဘာလဲ။ စီးပွားရေးကို တစ်စချင်းစီဖယ်ပြီး မူလအဓိပ္ပာယ်ကို ရှာမယ်ဆိုရင် ဖောက်သည်တွေရဲ့ပြဿနာကို အမြတ်ယူပြီး ဖြေရှင်းပေးတာဖြစ်တယ်။ ဖောက်သည်မတူရင် ပြိုင်စရာမလိုဘူး။ ဖောက်သည်တူရင်တောင် ဖြေရှင်းတဲ့ ပြဿနာမတူရင် ပြိုင်စရာမလိုဘူး။ ဖောက်သည်တူ၊ ဖြေရှင်းတဲ့ ပြဿနာတူရင်တောင် ဖြေရှင်းတဲ့ပုံ မတူရင်လည်း တိုက်ရိုက် ပြိုင်ဆိုင်စရာမလိုပြန်ဘူး။ ဖောက်သည်တူ၊ ပြဿနာတူ၊ ဖြေရှင်းတဲ့ ပုံစံတူရင်၊ ရပ်တည်ချက်မတူရင်လည်း တစ်ပုံစံတည်းပြိုင်ဆိုင်စရာမလိုပြန်ဘူး။ ဘဝမှာ မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့ ပြိုင်စရာမလိုတဲ့ ပုံစံနဲ့ ဘဝကို ဖြတ်သန်းနိုင်ဖို့လိုတယ်။

ပြိုင်စရာမလိုတဲ့ ပုံစံဖြစ်ဖို့ လုပ်ငန်းတစ်ခုစတင်တည်ဆောက်ကတည်းက လုပ်ငန်းတစ်ခုရဲ့ အတွေးအခေါ် (Business Philosophy)၊ အမှတ်တံဆိပ်အတွေးအခေါ် (Brand Philosophy)၊ လုပ်ငန်းကို အုပ်ချုပ်မယ့်အတွေးအခေါ် (Management Philosophy)၊ မားကတ်တင်းလုပ်မယ့် အတွေးအခေါ် (Marketing Philosophy)၊ မဟာဗျူဟာတည်ဆောက်ရေးအတွက် (Strategic Narrative တွေ) မတူအောင် တည်ဆောက်ထားဖို့လိုတယ်။

သူ့နောက်ကမှ စနစ်တို့၊ ပေါ်လစီတို့ လိုက်လာတာဖြစ်တယ်။ မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့ ကိုယ့်ရဲ့ စီးပွားရေး အတွေးအခေါ်က စတယ်။ ကိုယ့်အိမ်မက်တွေကို မပြိုင်ဘဲ နိုင်အောင်လုပ်ပါ။

Dr. Phyo Paing ရဲ့ “မပြိုင်ဘဲ နိုင်အောင်လုပ်ပါ” စာအုပ်မှ ကောက်နုတ်ထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာ မပြိုင်ဘဲနိုင်အောင်လုပ်နိုင်မယ့် စီးပွားရေးဆိုင်ရာအယူအဆတွေ၊ ကိုယ်မပါဘဲ လည်ပတ်လို့ရအောင် ဘယ်လို System ချမလဲ၊ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်တည်ဆောက်ဖို့ ဘာတွေလိုမလဲ၊ လုပ်ငန်းရှင်သန်တိုးတက်ရေးအတွက်အရေးကြီးတဲ့ Business Model နဲ့ Strategy တွေ စသဖြင့် Business Development ဆိုင်ရာအတွေးအမြင်ကို ဖတ်ရှုရမှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေးလုပ်ငန်းမှာ ဦးဆောင်စီမံနေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်း စလုပ်နေသူတွေ၊ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တဲ့သူတွေ၊ မန်နေဂျာ‌တွေနဲ့ လုပ်ငန်းတွေမှာ ထဲထဲဝင်ဝင်ဦးဆောင်နေသူတွေ၊ စီးပွားရေးဆိုင်ရာအသိပညာကို လေ့လာလိုသူတွေ ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။
◾ မပြိုင်ဘဲ နိုင်အောင်လုပ်ပါ
◾ Dr. Phyo Paing
◾ စာမျက်နှာ - ၁၄၆
◾ တန်ဖိုး - ၁၄၀၀၀ ကျပ်
(sarpaylann.com မှ မှာယူပါက 10 % Off ရရှိမှာဖြစ်ပါတယ်။ 15-8-2024 အထိသာ).............
20-8-2024 မှာ ထွက်ရှိမှာဖြစ်ပါတယ်။ မှာယူလိုပါက sarpaylann.com မှဖြစ်စေ၊ Page ရဲ့ Chat Box မှဖြစ်စေ၊ 09 772 611 394, 09 790 857 431, 09 761 899294 တို့မှဖြစ်စေ မှာယူနိုင်ပါကြောင်း .....
အထူးအစီအစဉ်အနေနဲ့ "မပြိုင်ဘဲ နိုင်အောင်လုပ်ပါ" စာအုပ်ကို ကံထူးရှင် (၁၀) ဦးရွေးချယ်ပြီး မေတ္တာလက်ဆောင် ပေးပို့သွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ခွင့်ရချင်တယ်ဆိုရင်တော့ ယခု Post ကို Public Share လုပ်ပြီး Screenshot ကို Comment မှာမန့်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ (15-8-2024 အထိသာ)
#မပြိုင်ဘဲနိုင်အောင်လုပ်ပါ
#ဒေါက်တာဖြိုးပိုင်


#လေ့လာပါ_လွတ်လပ်စွာတွေးခေါ်ပါ

Book Store in Myanmar

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰===========================မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် ၀ါဆို လပြည့်နေ့သည် -၁။ ...
19/07/2024

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰
===========================

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစကြာ တရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
______________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
______________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
_______________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ🙏🙏🙏





https://www.facebook.com/profile.php?id=61561324901670&mibextid=ZbWKwL

#ဓမ္မ #ဗဟုသုတ #စာပေ #စာအုပ်စာပေလူ့မိတ်ဆွေ #စာပေဗဟုသုတလူတိုင်းရ #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

19/07/2024

Day Trip သွားရင်တွေ့ရမယ့် view လေးပါ
ရေအေးကန်တောနှင့် ပလောင်ရွာ နှစ်ရွာ
သွားမယ် ပြီးရင်📸

17/07/2024

🦁သရဲအိမ်လို့ နာမည်ကျော်နေတဲ့ Kalaw မြို့က Old House လေးပါ မြန်မာနိုင်ငံ လွတ်လပ်ရေး
မရခင် 1945 ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ရှေးခေတ်အိမ်တလုံးပါ ယခုအခေါ် သရဲအိမ်🏃🏃 သွားမယ်🏃🏃



#ကလောကားအငှားအငှား၀န်ဆောင်မှု


https://www.facebook.com/profile.php?id=61561324901670&mibextid=ZbWKwL

17/07/2024

I've received 100 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉

ကလောမြို့နှင့်( ၁၅ )မိုင်လောက်အ​ေ၀းမှာရှိတဲ့ သူရဲဥမင်လိုဏ်ဂူ  (သမိုင်း၀င် သဘာ၀လိုဏ်ဂူ)ပါ
15/07/2024

ကလောမြို့နှင့်( ၁၅ )မိုင်လောက်အ​ေ၀းမှာရှိတဲ့
သူရဲဥမင်လိုဏ်ဂူ (သမိုင်း၀င် သဘာ၀လိုဏ်ဂူ)ပါ

13/07/2024

ကြာပွင့်လှလှလေးနဲ့ ကြာကန်လာပြီနော်
စက်လှေစီးရင်း video လေးရိုက်မယ်နော်






📷 ဓါတ်ဖမ်းချင်တယ် ကြာကန်နဲ့မှ ကြာပွင့်တွေမှဆိုတဲ့သူတွေအတွက် လူတိုင်းမရောက်ဖူးတဲ့ကြာပွင့်လှလှလေးနဲ့ ကြာကန်လာပြီနော် သွားလ...
12/07/2024

📷 ဓါတ်ဖမ်းချင်တယ် ကြာကန်နဲ့မှ ကြာပွင့်တွေမှ
ဆိုတဲ့သူတွေအတွက် လူတိုင်းမရောက်ဖူးတဲ့ကြာပွင့်လှလှလေးနဲ့ ကြာကန်လာပြီနော် သွားလေရာတစ်နေရာ
မှတ်ချက်- အင်းထဲမဟုတ်ပါ




Kalaw Trip Car Rental & Photo Free Service

ဒီ မောင်နှမ နှစ်ယောက်က ကားငှားချင်လို့တဲ့ ဘယ်သွားမလဲလို့  မေးလိုက်တာ ဓါတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတဲ့ ဘယ်နေ့ငှားမှာလဲလိ...
11/07/2024

ဒီ မောင်နှမ နှစ်ယောက်က ကားငှားချင်လို့တဲ့ ဘယ်သွားမလဲလို့ မေးလိုက်တာ ဓါတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတဲ့ ဘယ်နေ့ငှားမှာလဲလို့မေးလိုက်တာ
စနေနေ့တဲ့ ကားခ ဘယ်လောက်လဲတဲ့ ဘယ်လောက်ရှိလဲလို့မေးလိုက်တာ မုန့်ဖိုး ၅၀၀ စီ စုထားတယ်တဲ့အော်စနေနေ့က ကားမအားဘူးလေလို့ပြောလိုက်ရတယ်😜😜😜၅၀၀ များလို့ လျော့ပေးနေရမှာဆို



Kalaw မှာ view လှလှလေးတွေ ကြည့်ချင်ရင်တော့ပလောင်တောင် view point ပေါ့
11/07/2024

Kalaw မှာ view လှလှလေးတွေ ကြည့်ချင်ရင်တော့
ပလောင်တောင် view point ပေါ့

Hotel Kalaw Hill Lodge နန်းသဲ
10/07/2024

Hotel Kalaw Hill Lodge နန်းသဲ

Address

JHJ5+J3C Kalaw Circular Road, Myanmar (Burma)
Kalaw
06021

Alerts

Be the first to know and let us send you an email when Kalaw Bumi Car Rental & Photo Free Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby travel agencies