𝗦𝘂𝗻𝗱𝗮𝘆 𝗩𝗮𝗰𝗮𝘁𝗶𝗼𝗻

𝗦𝘂𝗻𝗱𝗮𝘆 𝗩𝗮𝗰𝗮𝘁𝗶𝗼𝗻 ဘယ်တော့မှပြန်မရနိုင်တဲ့ အမှတ်တရတွေဟာ ခရီးသွားခြင်းပါပဲ။ ဒါကြောင့် အချိန်ရှိတုန်း ခရီးသွားပါ။

21/06/2024

ကျွန်းခရီးစဉ်တွေမှာတွေ့ရတတ်ပြီး
ချစ်စရာကောင်းတဲ့ ဒီငါးနာမည်ကိုသိကြလား 😍

ပြင်ဦးလွင်(မေမြို့)မှာရှိတဲ့ 𝗧𝗵𝗲 𝗕𝗿𝗲𝗲𝘇𝗲 လှပတဲ့ ဝါးဗိသုကာပညာနဲ့ ဆောက်ထားတဲ့ အရမ်းလှတဲ့ဆိုင်ပါ အဟာပြည့်ဝပြီး ခံတွင်းမြိန်စ...
05/06/2024

ပြင်ဦးလွင်(မေမြို့)မှာရှိတဲ့ 𝗧𝗵𝗲 𝗕𝗿𝗲𝗲𝘇𝗲
လှပတဲ့ ဝါးဗိသုကာပညာနဲ့ ဆောက်ထားတဲ့ အရမ်းလှတဲ့ဆိုင်ပါ အဟာပြည့်ဝပြီး ခံတွင်းမြိန်စေတဲ့ မနက်စာတွေပါရနိုင်ပါတယ်။

Google map တွင်ရှာရန်ဆိုင်လိပ်စာ
https://maps.app.goo.gl/jH8aPctEkwJebxfB6

Dolomite Italy ⛰️
29/05/2024

Dolomite Italy ⛰️

29/05/2024

သူငယ်ချင်းတွေနဲ့ ဘတ်ဂျက်သက်သာတဲ့မိုးဦးကျ campaign လေးထွက်ဖြစ်တယ်

ပင်လယ်ကြီးနဲ့တစ်နေ့တာ
26/05/2024

ပင်လယ်ကြီးနဲ့တစ်နေ့တာ

လွမ်းစရာ တောင်ပေါ်မြို့ကလေး ⛰️Photo by: Sai Swan
25/05/2024

လွမ်းစရာ တောင်ပေါ်မြို့ကလေး ⛰️

Photo by: Sai Swan

ရောမမြို့သည် အီတလီနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် ခေတ်မီ၍ ခမ်းနားလှသော မြို့တော်ဖြစ်ပြီး  မိမိချစ်သူနှင့်အတူ ရောမမြို...
19/05/2024

ရောမမြို့သည် အီတလီနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုနှင့် ခေတ်မီ၍ ခမ်းနားလှသော မြို့တော်ဖြစ်ပြီး မိမိချစ်သူနှင့်အတူ ရောမမြို့ကို ခရီးသွားခြင်းသည် အကောင်းဆုံးသော အမှတ်တရအခိုက်အတန့်များကို ပေးစွမ်းနိုင်ပါတယ်

1. အချစ်ဒဏ္ဍာရီများနှင့် အတူ

ရောမမြို့တွင် ရှေးဟောင်းအချစ်ဒဏ္ဍာရီများနှင့် ပတ်သက်သော နေရာများစွာထဲက တခုဖြစ်တဲ့ Trevi Fountain သို့ ဆန္ဒပြု၍ ငါးကြိုးတစ်ကြိုးလွှင့်ခြင်းဖြင့် အချစ်ရေးကံကောင်းကြောင်း ယုံကြည်ကျတယ် မျက်နှာချင်းဆိုင်နမ်းခြင်းဖြင့် ချစ်သူနှင့်အတူ ကမ္ဘာ့အနှံ့ခရီးသွားနိုင်​ပြီ အမှတ်တရကောင်းများနှင့် ရေရှည်လက်တွဲနိုင်သွားကျတယ်လို့ ယုံကြည်ကျတယ်

2. ရှေးဟောင်းအဆောက်အအုံများ

ရောမမြို့သည် ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် Colosseum, Pantheon, Roman Forum တို့​တွင် ချစ်သူနှင့်အတူ လက်တွဲလျှောက်ပြီး အဆောက်အအုံများကို လေ့လာပါက ရှေးဟောင်းအဆောက်အအုံများ၏ အံ့ဩဖွယ်အလှကို ရင်သပ်ရှူမောဖွယ်ခံစားရပါမယ်

3. ပြတိုက်များနှင့် အနုပညာပြခန်းများ

ရောမမြို့တွင် Vatican Museums, Galleria Borghese နှင့် Capitoline Museums စသည်တို့ရှိသည်။ အနုပညာနှင့် ယဉ်ကျေးမှုကို နှစ်သက်သော ချစ်သူစုံတွဲများအတွက် အနုပညာလက်ရာများကို ကြည့်ရှုခံစားနိုင်သည့် အခွင့်အရေးဖြစ်သည်

4. အီတလီစားသောက်စရာများ

အီတလီနိုင်ငံ၏ နာမည်ကြီးစားသောက်ဖွယ်ရာများကို ရောမမြို့တွင်ရရှိနိုင်ပြီး pizza, pasta နှင့် gelato တို့ကို ချစ်သူလေးနဲ့တူတူ စားပြီး Trastevere ဒေသတွင် ရှိသော တိုက်နယ်ဆိုင်များမှာ ချစ်သူနှင့်အတူ romantic dinner များလုပ်ပြီး ချစ်ကြည်နူးတစ်တီတူးလို့ရပါသေးတယ်

5. Villa Borgheae

Villa Borghese သို့ သွားကာ တောတောင်ဝန်းကျင်အလှအပများကို ခံစားခြင်းသည် ချစ်သူနှင့်အတူ ကြည်နူးဖွယ်ရာ အမှတ်တရဖြစ်စေပါသည်။ လှပခမ်းနားသော ပန်းခြံများတွင် လမ်းလျှောက်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသော ညနေခင်းလေးအမှတ်တရလေး ဖန်တီးနိုင်တယ်

6. ရောမ၏ ညနေခင်းအလှ

Piazza Navona မှာလဲ ချစ်သူနှင့်အတူ romantic ညနေခင်းလေးဖြစ်စေပြီး ရွှေရောင်မီးရောင်များနဲ့ ရှေးဟောင်းအဆောက်အအုံတွေနဲ့ ခမ်းနားလှသောမီးရောင်နဲ့ပြတင်းပေါက်များတွင် ချစ်သူတို့ရဲ့အချစ်ရေးအမှတ်တရများကို အတူတူမှတ်တမ်းတင်လို့ရနိုင်ပါသေးတယ်

7. St. peter’s Basilica အလှအပ

St. Peter’s Basilica သို့ သွား၍ ချစ်သူနှင့်အတူ နေပြည်တော်ဆောင်၏ အလှအပကို ခံစားနိုင်ခြင်း အမှတ်တရ ပုံလှလှလေးများရိုက်နိုင်ခြင်း

ရောမမြို့ကို ချစ်သူနှင့်အတူ ခရီးသွားခြင်းသည် သင့်တို့နှစ်ဦး၏ အချစ်ရေးကို ပိုမို လေးနက်စေပြီး အမှတ်တရအခိုက်အတန့်များကို ပေးစွမ်းနိုင်ပါသည်။ ရောမမြို့၏ ရှေးဟောင်းယဉ်ကျေးမှု၊ စွန့်စားမှုများနှင့် အနုပညာအလှများကို ခံစားခြင်းဖြင့် သင့်တို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာကို ပိုမိုခိုင်မြဲအောင်ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။

Tent ထဲကနေ ပင်လယ်ကြီးကို ကြည့်ရတဲ့အရသာနဲ့Tent ထဲကနေ တောင်တန်းတွေကိုကြည့်ရတဲ့အရသာဘယ်ဟာပိုသဘောကျလဲ ⛰️🌊
18/05/2024

Tent ထဲကနေ ပင်လယ်ကြီးကို ကြည့်ရတဲ့အရသာနဲ့
Tent ထဲကနေ တောင်တန်းတွေကိုကြည့်ရတဲ့အရသာ
ဘယ်ဟာပိုသဘောကျလဲ ⛰️🌊


ဘယ်သူထင်မှာလဲ AI သုံးပြီးဖန်တီးထားတဲ့ ပင်လယ်ကမ်းခြေပုံတွေလို့ 🐚🥥
17/05/2024

ဘယ်သူထင်မှာလဲ AI သုံးပြီးဖန်တီးထားတဲ့ ပင်လယ်ကမ်းခြေပုံတွေလို့ 🐚🥥

Thai နိုင်ငံရဲ့ Green Landလို့တင်စားခေါ်ကြတဲ့ Khun Dan Prankan Damဆည်ကနေသွားရတဲ့နေရာလေး☘️☘️ဒီနေရာလေးကတော့ Nakhon Nayokeမ...
14/05/2024

Thai နိုင်ငံရဲ့ Green Landလို့တင်စားခေါ်ကြတဲ့ Khun Dan Prankan Damဆည်ကနေသွားရတဲ့နေရာလေး☘️☘️

ဒီနေရာလေးကတော့ Nakhon Nayokeမှာတည်ရှိတာဖြစ်ပြီး Local ခရီးသွားတွေသွားရောက်လည်ပတ်လေ့ရှိတဲ့နေရာလေးပါ။

မိုးဦးကျစအချိန်မှာအသွားများကြပြီး အများအားဖြင့် Mayနဲ့ Juneမှာ အသွားများကြပါတယ်။

Juneလနောက်ပိုင်းမှာတော့ Water levelဟာလည်းပိုမြင့်လာပြီးတော့ မြက်ပင်တွေလည်း နည်းလာတယ်။

Khun Dan Prakanဆည်ကနေ သွားလို့ရတဲ့နေရာတွေက လေးနေရာလောက်ရှိတတ်ပြီး မိုးရာသီသွားရင်တော့ ရေတံခွန်ထိပါတက်လို့ရပါတယ်။ Advantureကြိုက်တဲ့သူတွေအတွက် ကြိုးတွေနဲ့တွယ်ပြီး ရေတံခွန်ရောက်တဲ့အထိတက်ရောက်နိုင်ပါတယ်။ ရေတံခွန်ကတော့ မိုးရွာမှပဲသွားလို့ကောင်းမှာပါ။

May လနှောင်းပိုင်းနဲ့ Juneလအစကိုသွားမယ်ဆိုရင်တော့ ပုံထဲကနေရာလေးကို စက်လှေတွေကပို့ပေးတာမို့ အလှဆုံးဓာတ်ပုံတွေလည်းရလာမှာပါ။

မိုးရာသီမှာ သွားရောက်လည်ပတ်ဖို့ရွေးချယ်သင့်တဲ့နေရာထဲမှာ Nakhon Nayokeက Khun Dan ဆည်လေးလည်းပါဝင်ပါတယ်။

ထိုင်းနိုင်ငံရဲမိုးရာသီက မိုးအမြဲရွာနေတာမဟုတ်တာမို့ မိုးတိတ်သွားတဲ့အခါ ဆည်ဘေးကတောင်တန်းမှာ မြူတွေထပြီး တိမ်စိုင်လေးတွေလွှင့်နေတာကိုလည်း ခံစားကြည့်ရှုရဦးမှာပါ။

မြင်ရတဲ့ရူခင်းတွေတိုင်းဟာ လှပလွန်းနေတာမို့ ထိုင်းနိုင်ငံလာရောက်လည်ပတ်ခဲ့မယ်ဆို ဒီနေရာလေးကိုလည်း မိုးဦးမကျခင်အရောက်သွားဖ်ု့ရွေးချယ်သင့်ပါတယ်နော်။

Credit:

စိတ်တွေပင်ပန်းနေပြီဆိုရင် သဘဝတရားကြီးရဲ့လက်ဆောင်ဖြစ်တဲ့ ပင်လယ်တွေ၊တောင်တန်းတွေ၊စမ်းချောင်းတွေဆီမှာ ချစ်တဲ့ မိတ်ဆွေတွေ မိ...
14/05/2024

စိတ်တွေပင်ပန်းနေပြီဆိုရင် သဘဝတရားကြီးရဲ့လက်ဆောင်ဖြစ်တဲ့ ပင်လယ်တွေ၊တောင်တန်းတွေ၊စမ်းချောင်းတွေဆီမှာ ချစ်တဲ့ မိတ်ဆွေတွေ မိသားစုတွေနဲ့အတူ အနားယူလိုက်ပါ 🏕️⛰️🌊

အခု နေမင်းရဲ့မျက်နှာပြင်ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပေါ်နေတဲ့အတွက် ကမ္ဘာမြေကြီးဆီသို့ ပုံမှန်မဟုတ်တဲ့ သံလိုက်လှိုင်းရောက်နေပါ...
12/05/2024

အခု နေမင်းရဲ့မျက်နှာပြင်ပေါ်မှာ ပေါက်ကွဲမှုဖြစ်ပေါ်နေတဲ့အတွက် ကမ္ဘာမြေကြီးဆီသို့ ပုံမှန်မဟုတ်တဲ့ သံလိုက်လှိုင်းရောက်နေပါတယ်။

အဲအတွက်ကြောင့် ကမ္ဘာမြောက်ပိုင်းဒေသအသီးသီးမှာ အရမ်းလှပတဲ့ Auroraအလင်းတန်းကိုမြင်ရနေပါတယ်။

1.Southern Island
2. Whitehorse, Canada's Yukon
3. Tromso, Norway
4. Fairbanks, Alaska
5. Rovaniemi, Finland
6. Kiruna, Sweden
7. Murmansk, Russia
8. Hulissat, Greenland
9. Dunedin, New Zealand
10. Tasmania, Australia နိုင်ငံတွေကတော့ Aurora အလင်းတန်းကိုမြင်ရတဲ့နိုင်ငံတွေဖြစ်ပါတယ်။

ဂျပန်ပြည်မှာလည်း Hokkaidoမြောက်ပိုင်းဒေသမှာ မြင်ရနိုင်ခြေရှိပါတယ်။

ကံကောင်းရင် ဒီညသန်းခေါင်ကနေ မနက်ဖြန် အရုဏ်တက်တဲ့အချိန်အထိ မှာမြင်နိုင်ခြေရှိပါတယ်။

Hokkaidoရဲ့မြောက်ပိုင်းဒေသမှာနေတဲ့လူရှိရင် လှပတဲ့Auroraကိုကြည့်နိုင်တဲ့ အထူးအခွင့်အရေးဖြစ်ပါတယ်။

Awei Pila ကျွန်းသို့ ရာသီပိတ်လေးအမှီ လာတဲ့ Sunday vacation ရဲ့ ဧည့်သည်ချောချောလေး နှစ်ယောက် 🩵🩵       #ကျွန်းခရီးစဉ်
11/05/2024

Awei Pila ကျွန်းသို့ ရာသီပိတ်လေးအမှီ လာတဲ့ Sunday vacation ရဲ့ ဧည့်သည်ချောချောလေး နှစ်ယောက် 🩵🩵

#ကျွန်းခရီးစဉ်

သူငယ်ချင်းနှယောက် ထိုင်းမှာ ပြန်ဆုံသောအခါ
11/05/2024

သူငယ်ချင်းနှယောက် ထိုင်းမှာ ပြန်ဆုံသောအခါ

သကြင်္န်ပိတ်ရက်ပြီးမှ အလုပ်အားလို့ Aweipila ကျွန်းကို အလည်ရောက်လာတဲ့ဧည့်သည်တော်တွေနဲ့ အမှတ်တရ 🛥
25/04/2024

သကြင်္န်ပိတ်ရက်ပြီးမှ အလုပ်အားလို့ Aweipila ကျွန်းကို အလည်ရောက်လာတဲ့ဧည့်သည်တော်တွေနဲ့ အမှတ်တရ 🛥

⛩️🎎🌫️ကူမင်တန်တရုတ်တွေ တည်ဆောက်ခဲ့ပြီး  မြန်မာနိုင်ငံနဲ့1 km ပဲ ဝေးတဲ့ ထိုင်းနိုင်ငံရဲ့အလှဆုံး ထိုင်း-တရုတ်ရွာလေး 💯🤩🇨🇳အခု...
17/04/2024

⛩️🎎🌫️ကူမင်တန်တရုတ်တွေ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံနဲ့
1 km ပဲ ဝေးတဲ့ ထိုင်းနိုင်ငံရဲ့
အလှဆုံး ထိုင်း-တရုတ်ရွာလေး

💯🤩🇨🇳အခုလက်ရှိ ထိုင်းနိုင်ငံမှာ
ခရီးသွားအများစုရဲ့ စိတ်ဝင်စားမှုခံရပြီး နာမည်ကြီးနေတဲ့
ထိုင်း-တရုတ်ရွာလေးကတော့
မြန်မာနိုင်ငံကနေဆို 1 km ပဲ ဝေးတဲ့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်က မယ်ဟောင်ဆောင်ခရိုင်က ကျေးရွာလေးပဲ ဖြစ်ပါတယ်။

🌫️🏞️စိမ်းစို အုံ့မှိုင်း‌နေပြီး အမြဲလိုလို မြူတွေ ဆိုင်းနေတတ်တဲ့အပြင် ထိုင်းနိုင်ငံရဲ့ အလှဆုံးရွာ ဆယ်ရွာ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။

🇨🇳ဒီရွာလေးဟာ တကယ့် ကူမင်တန်လူမျိုးတွေ တည်ဆောက်ခဲ့တာဖြစ်ပြီး ပုံတွေကို ကြည့်လိုက်တာနဲ့ တရုတ်နိုင်ငံကို ရောက်သွားသလို ထင်ရစေတဲ့ အရမ်းလှတဲ့
ရွာလေးပါ။

🍃🏺🏮သီးသန့်ရှိနေတဲ့ အပြင် တရုတ်ပြည်မကြီးတွေ မှာလို အရမ်းချစ်ဖို့ကောင်းတဲ့ တရုတ်အိမ်လေးတွေ ၊ စိမ်းစိုနေတဲ့ လက်ဖက်စိုက်ခင်းတွေ ၊ တရုတ်ရိုးရာ ‌ဝါးဖောင်တွေ ၊မီးပုံးတွေကို ယခုထိတိုင် တွေ့ရမှာဖြစ်ပါတယ်။

🧧🎎ယခင်ကတော့ ဒီရွာလေးကို တခြားနယ်တွေကနေ လာရောက်လည်ပတ်ခွင့်ကို တားမြစ်ပိတ်ပင်ထားတာဖြစ်ပြီး 1990 အစောပိုင်းကာလမှာ ပြန်လည်ရုတ်သိမ်းခဲ့ပြီး
နောက်ပိုင်း ခရီးသွားတွေနဲ့ စည်ကားလာတာကြောင့် နယ်လှည့်ခရီးသွားတွေကို ဆွဲဆောင်မှု အရှိဆုံး ရွာထဲက တစ်ခုအဖြစ် ပါဝင်လာပါတယ်။

🏞️ရွာရဲ့နာမည်ကတော့
Ban Rak Thai လို့ခေါ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်မှာ တည်ရှိတဲ့ ကုန်းမြင့်ကျေးရွာလေးတစ်ရွာပါ။

🎍🧨 ပင်လယ်ရေမျက်နှာပြင်အထက် 1,800 မီတာမှာရှိပြီး တောင်တန်း‌ေတွ၊ မြေသြဇာကောင်းပြီး စိမ်းလန်းစိုပြည်တဲ့ သစ်ပင်‌ေတွနဲ့ ဝန်းရံထားပါတယ်။ ကူမင်တန်တွေ မရှိတော့ပေမယ့်လဲ လက်ရှိအထိ တရုတ်ဘာသာစကားကို ကျင့်သုံးနေကြဆဲပဲ ဖြစ်ပါတယ်။

🌲🍃ဓာတ်ပုံအရမ်းရိုက်လို့ လှပြီး နေလို့ကောင်းတာကြောင့် ခရီးသွားဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပြီး လက်ဖက်စိုက်ခင်းနဲ့ ချယ်ရီပင်တွေကြောင့်လဲ နာမည်ကျော်ကြားပါတယ်။

🌅နေဝင်ဆည်းဆာအချိန်လေးမှာရေကန်ရဲ့ လွမ်းမောဖွယ်မြင်ကွင်း‌ေတွကို ခံစားကြည့်ရှုနိုင်ပြီး ဓာတ်ပုံတွေကို အလှဆုံးရိုက်ယူဖို့ ပြီးပြည့်စုံတဲ့နေရာလေးပါ။

👰🤵Pre Wedding တွေလည်း လာရောက်ရိုက်ကူးကြပြီး ခရီးသွားဧည့်သည်တွေကို မပြန်ချင်အောင် ဆွဲဆောင်နိုင်တဲ့အပြင် မြန်မာနယ်စပ် ထူးဆန်းစွာ ပိုနီးစပ်နေတာကို တွေ့ရမှာပါ။

🍃☕Ban Rak Thaiကသူ့ရဲ့လက်ဖက်ခြောက်ထွက်ကုန်တွေနဲ့လူသိများတာကြောင့် ဒီကိုရောက်ရင်လက်ဖက်ရည်တစ်ခွက်လောက်တော့သောက်ဖြစ်အောင်သောက်ခဲ့ဖို့လည်းမ‌မေ့ပါနဲ့နော်။

🍜🍛ဒါ့အပြင် ဒီနေရာလေးမှာယူနန်စတိုင် တရုတ်အစားအစာတွေအပြင် ဒေသထွက် သစ်သီးဝိုင်များကိုလည်း ဝန်ဆောင်မှုပေးပါတယ်။

🏞️🍁 မြန်မာနယ်စပ်ကနေ 1km ပဲဝေးတဲ့ နေရာကနေ မြန်မာနိုင်ငံကြီးရှိရာကို သွားကြည့်ကြရအောင်နော်

2024 သင်္ကြန်မှာ ကော့သောင်းက ကျွန်းတွေမှာ အေးအေးဆေးဆေးအနားယူချင်ရင်တော့ စိတ်ကြိုက်ရွေးချယ်လို့ရမယ့် Package လေးတွေရှိပါမ...
13/03/2024

2024 သင်္ကြန်မှာ ကော့သောင်းက ကျွန်းတွေမှာ အေးအေးဆေးဆေးအနားယူချင်ရင်တော့ စိတ်ကြိုက်ရွေးချယ်လို့ရမယ့် Package လေးတွေရှိပါမယ်။

(Package - A)
4 Days 3 Nights Trip
ညောင်ဦးဖီးကျွန်း (၂)ည ၊ ကော့သာင်း (၁)ည အိပ်ခရီးစဉ်တစ်ဦးလျှင် ( လေယာဉ်လက်မှတ်ခမပါ)

Forest Tent : 1,365,000 Ks / Pax
Superior Type A : 1,470,000 Ks / Pax
Superior Type B : 1,620,000 Ks / Pax
Villa : 1,990,000 Ks / Pax

(Package - B )
4 Days 3 Nights Trip
AALUA ကျွန်း (၂) ည ၊ ကော့သောင်း (၁) ညအိပ်ခရီးစဉ်
တစ်ဦးလျှင် ( လေယာဉ်လက်မှတ်ခမပါ )

Sea view Villa : 1,930,000 Ks / Pax

(Package - C)
4 Days 3 Nights Trip
Awei Pila ကျွန်း (၂) ည ၊ ကော့သောင်း (၁) ညအိပ်ခရီးစဉ် တစ်ဦးလျှင် ( လေယာဉ်လက်မှတ်ခမပါ )

BEACHFRONT VILLA : 2,180,000 Ks / Pax
GARDEN VIEW VILLA : 2,040,000 Ks / Pax

(Package- D)
4 Days 3 Nights Trip
ကျွန်းလေးကျွန်း (သို့) ညောင်ဦးဖီးကျွန်း နေ့ချင်းပြန် နှင့် ရနောင်း သင်္ကြန် ခရီးစဉ်

တစ်ဦးလျှင် ( လေယာဉ်လက်မှတ်ခမပါ )
Honey Bear Hotel : 850,000 Ks per pex

💠ပါဝင်တဲ့ SERVICE များ
- ကော့သောင်းလေဆိပ် အသွား-အပြန် အကြို/အပို့
- နေ့စဉ် မနက်စာ၊ နေ့လည်စာ၊ ညစာ များ
- ဟိုတယ်တည်းခိုမှု အခန်းခများ
- ရေသန့်၊ Life Jacket များ
- ရေငုပ်ကျွမ်းကျင်သည့် ရေငုပ်လမ်းပြ Guide
- Snorkeling Set များ
- photo service

ခလေးမှာ ၅ နှစ်အောက်ဆိုပါက တစ်ဦးကို Free ပေးပါသည်။ ၅ နှစ် အထက် ၁၂ နှစ်အောက် ဆိုပါက အထက်ပါ လူကြီးဈေး၏ တစ်ဝက် ကျသင့်ပါမည်။

☎️အသေးစိတ်စုံစမ်းရန်
09 4034 39442
09 8897 60094

📍No. (10), Myanandar St, Annawar Ward Kawthaung 14091

ခရီးသွားလုပ်ငန်းလိုင်စင်အမှတ်T/I ( TNI 0135)

🍂နွေရာသီ အားလပ်ရက် အပန်းဖြေ အနားယူဖို့ နေရာကောင်းတစ်ခု ရွေချယ်နေတယ်ဆိုရင်တော့ကော့သောင်းမြို့ ကျွန်းပတ်ခရီးစဉ်တွေက အကောင်...
02/03/2024

🍂နွေရာသီ အားလပ်ရက် အပန်းဖြေ အနားယူဖို့ နေရာကောင်းတစ်ခု ရွေချယ်နေတယ်ဆိုရင်တော့ကော့သောင်းမြို့ ကျွန်းပတ်ခရီးစဉ်တွေက အကောင်းဆုံး ခရီးစဉ်တစ်ခု ဖြစ်နေမှာပါ။

🍂ရာသီဥတုပူလို့ ရေထဲမှာ snorkeling ကြာကြာလုပ်လို့ရမယ် ။ရာသီဥတု ကြည်လင်တော့ photo ရိုက်ဖို့ အလန်းဆုံးအချိန်လဲဖြစ်မယ် ။လေအေးအေးလေးတွေတိုက်လို့ အရိပ်ရတဲ့ သဲပြင်ပေါ်ထိုင်ပြီး အနားယူရတဲ့ အချိန်တွေက ဘာနဲ့မှ လဲလို့ မရတာသေချာပါတယ် ။

🛖Nyaung Oo Phee Hotel & Resort

🛖Awei Pila Hotel & Resort

🛖AALUA Hotel & Resort

ကျွန်းပတ်ခရီးစဉ်များနှင့် အတူ
ထိုင်:နိုင်ငံ ရနောင်းမြို့လေးကိုပါ အလည်သွားလို့ရပါဦးမယ်နော်….

☎️အသေးစိတ်ကိုတော့
09 4034 39442
09 8897 60094

📍ခရီးသွားလိုင်စင်အမှတ် ( TNI 0135)
No. 10, Myanandar St, Annawar ward, Kawthaung.




Valentine’s day ကမနေ့ကဆိုပေမယ့်ကိုယ်တိုင်ရိုက်ပေးထားတဲ့ ကော့သောင်းကကျွန်းကိုအလည်လာဖူးတဲ့ ဧည့်သည်စုံတွဲပုံလေးတွေ အမှတ်တရ ...
15/02/2024

Valentine’s day ကမနေ့ကဆိုပေမယ့်
ကိုယ်တိုင်ရိုက်ပေးထားတဲ့ ကော့သောင်းကကျွန်းကိုအလည်လာဖူးတဲ့ ဧည့်သည်စုံတွဲပုံလေးတွေ အမှတ်တရ တင်ပေးလိုက်ပါတယ် 💝

ပြင်ဦးလွင်မှာ ယခုလ ၉ရက်နေ့မှာ ဖွင့်လှစ်တော့မယ့် ဂျပန်မြို့လေးတစ်ခုလို အရမ်းမိုက်တဲ့ ဂျပန်ဟိုတယ် အလန်းကြီး ⛩️Soft Openin...
10/02/2024

ပြင်ဦးလွင်မှာ ယခုလ ၉ရက်နေ့မှာ ဖွင့်လှစ်တော့မယ့် ဂျပန်မြို့လေးတစ်ခုလို အရမ်းမိုက်တဲ့ ဂျပန်ဟိုတယ် အလန်းကြီး

⛩️Soft Opening ဖွင့်ရက်
2လပိုင်း 9ရက်နေ့ 2024ခုနှစ်
(နံနက် 8:00 မှ ညနေ 5:30)

⛩️ဝင်ကြေး 5,000 ကျပ်/ဦး
(အသက် 5နှစ်အောက်ကလေး Free)

📷Camera Charges (For Individual User, Only one Camera, No Included Light and Other Equipment) - 50,000ကျပ်/လုံး

📸Camera Charges (For Commercial Using, Pre Wedding/Shooting/Advertising/Music Video etc., Included Light and Other Equipment) - 500,000ကျပ်/နာရီ

✅️(Phone Camera Charges မယူပါဘူးနော်...)
✅️ အလည်/ဓာတ်ပုံရိုက်သီးသန့်ပါ။
️❌ အခန်း/တည်းခိုခွင့်မရသေးပါ။
(Japanese Style Night View ရှယ်လှအောင် ပြင်ဆင်နေလို့ပါ။ Coming Soon....)

⛩️လိပ်စာ - ပိတ်ချင်းမြောင်လမ်းမကြီးဘေး၊ ပြင်ဦးလွင်မြို့နယ်။

🌍Google Maps Search
ကုန်းမြင့်သာ Resort - Japanese Style Recreation Center

သွားမယ်&တည်းမယ်

Credit Danamoe Photo & Video Production

𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🐉𝐌𝐚𝐲 𝐭𝐡𝐞 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐛𝐫𝐢𝐧𝐠 𝐲𝐨𝐮 𝐣𝐨𝐲 𝐚𝐧𝐝 𝐩𝐫𝐨𝐬𝐩𝐞𝐫𝐢𝐭𝐲
09/02/2024

𝐆𝐨𝐧𝐠 𝐗𝐢 𝐅𝐚 𝐂𝐚𝐢 🐉
𝐌𝐚𝐲 𝐭𝐡𝐞 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐛𝐫𝐢𝐧𝐠 𝐲𝐨𝐮 𝐣𝐨𝐲 𝐚𝐧𝐝 𝐩𝐫𝐨𝐬𝐩𝐞𝐫𝐢𝐭𝐲

Victoria ရဲ့ မေတ္တာတွေနဲ့အတူ မတ်လအတွင်း မည်သည့်ရက်ကိုမဆို လာလည်ပါက ၁၆ သိန်းတန် Package ကိုဝယ်လိုက်တာနဲ့ သိန်း ၂၀ နီးပါရှ...
06/02/2024

Victoria ရဲ့ မေတ္တာတွေနဲ့အတူ မတ်လအတွင်း မည်သည့်ရက်ကိုမဆို လာလည်ပါက ၁၆ သိန်းတန် Package ကိုဝယ်လိုက်တာနဲ့ သိန်း ၂၀ နီးပါရှိတဲ့ Villa အခန်းများကို Free Room Upgrade ရရှိမှာဖြစ်ပါတယ်…✨✨

Room Upgrade က အခန်းတမျိုးဘဲရတာလား❓❓
❎မဟုတ်ပါဘူး.. ဘယ်အခန်းကို ယူယူ အောက်မှာပြထားတဲ့အတိုင်းလေးရရှိမှာပါ…✅

🛖Forest Tent ကနေ Superior Type A
🛖Superior Type A ကနေ Superior Type B
🛖Superior Type B ကနေ Beach Villa (or) Seaview Forest Villa

ဘာတွေကန့်သတ်ထားတာရှိသေးလဲ❓
ရှိတာပေါ့.. ခုအစီစဉ်လေးက March လ တလတည်းဘဲ အကျုံးဝင်မှာဖြစ်လို့ အရမ်းတန်နေတုန်း လာလိုက်တော့နော်….

☎️အသေးစိတိကိုတော့…
Viber / WeChat / WhatApp
09 4034 39442
09 8897 60094

🏵️အိပ်မက်ထဲက ပန်းခင်းကြီးထဲအလည်တစ်ခေါက်သွားကြမယ်🏵️📍အဲ့တာကတော့ ချင်းမိုင်းက Hydrangea ပန်းခင်းကြီးပဲဖြစ်ပါတယ်။🏞️ကောင်းကင်...
06/02/2024

🏵️အိပ်မက်ထဲက ပန်းခင်းကြီးထဲအလည်တစ်ခေါက်သွားကြမယ်🏵️

📍အဲ့တာကတော့ ချင်းမိုင်းက Hydrangea ပန်းခင်းကြီးပဲဖြစ်ပါတယ်။

🏞️ကောင်းကင်အလှ ၊ပန်းပွင်းကြီးများအလှနဲ့ သဘာဝအလှများကို ရင့်သပ်ရှုမောဖွယ်မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

🧚‍♀️မင်းသမီးလေး ပန်းခင်းကြီးထဲတောကစားထွက်သလိုရမယ့် Vibe လေးမို့ မင်းသမီးလေးတွေ သွားရောင်လည်ပတ်နိုင်ဖို့ဖော်ပေးလိုက်ပါတယ်။

😍ဘန်ကောက်ကနေ 960 ကီလိုမီတာဝေးပြီး ခုဆိုရင် အရမ်း အရမ်းလှတဲ့ Hydrangea ပန်းခင်းကြီးက ပန်းပွင့်တွေစုံလင်စွာဖွင့်နေပြီဖြစ်ပါတယ်။

🤩ချင်းမိုင်ရဲ့ရေပန်းစားတဲ့နေရာတစ်ခုဖြစ်ပြီး ခုလိုပန်းပွင့်တဲ့အချိန်ဆို လာရောက်လည်လည်ပတ်သူတွေများလှပါတယ်။

#ချင်းမိုင်

ဒီလောက်ဆိုအဆင်ပြေတယ်နော်။ရှာရလွယ်သလို မပျောက်တော့ဘူးဟုတ် 😁
04/02/2024

ဒီလောက်ဆိုအဆင်ပြေတယ်နော်။ရှာရလွယ်သလို
မပျောက်တော့ဘူးဟုတ် 😁

04/02/2024

AweiPila Resort(ကျွန်းဖီလာ) ကျွန်းခရီးစဉ်

#မြန်မာပြည်အလှ #ကော့သောင်းကျွန်းခရီးစဉ်

အခုမြင်တွေ့ရတဲ့နေရာလေးကတော့ မြန်မာပြည်မြောက်ဖျားက မဒွယ်ရေကန်ကြီးအေးခဲချိန်ပေါ့☃️🏔ဒီလိုဖြူဖွှေးပြီး အေးခဲနေတဲ့မဒွယ်ရာဇီရေ...
30/01/2024

အခုမြင်တွေ့ရတဲ့နေရာလေးကတော့ မြန်မာပြည်မြောက်ဖျားက မဒွယ်ရေကန်ကြီးအေးခဲချိန်ပေါ့☃️

🏔ဒီလိုဖြူဖွှေးပြီး အေးခဲနေတဲ့မဒွယ်ရာဇီရေကန်ကြီးပေါ်မှာ လမ်းလျှောက်ခဲ့တဲ့ခံစားချက်လေး ဟာ တစ်ကယ်မိုက်ပါတယ်

ကျွန်တော်တို့နိုင်ငံမှာ တောင်ပိုင်းကနေ မြောက်ဖျားထိ
သိပ့်လှတဲ့ ရှုခင်းတွေအများကြီးပေါ့ …

ဒီဇင်ဘာလ ကုန် ၊ဇန်နဝါရီလ ကနေတော့ ရေခဲပင်ကြီးဟာရေခဲဖုန်းပြီးစပြီး ဇွန်လအထိ ခဲလာပါတော့တယ်

ရေကန်ကြီးဟာအရမ်းကျယ်ပြန့်ပြီး တစ်ပတ်ပတ်ဖို့ဆို နေ့တစ်ပိုင်းလောက်ကြာပါတယ် ….

#မြန်မာပြည်အလှ #ကချင်ပြည်နယ် #ရေခဲတောင်
📷-Northern Brothers (မူရင်းဓာတ်ပုံ)

🌸ကလောမြို့နဲ့ချယ်ရီပန်း
30/01/2024

🌸ကလောမြို့နဲ့ချယ်ရီပန်း

🌸ဆာကူရာပန်း (သို့) ချယ်ရီပန်းဟာ အရမ်းလှတဲ့ပန်းတစ်မျိုးပါ။ အခုမြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မေမြို့တ...
30/01/2024

🌸ဆာကူရာပန်း (သို့) ချယ်ရီပန်းဟာ အရမ်းလှတဲ့ပန်းတစ်မျိုးပါ။ အခုမြန်မာနိုင်ငံမှာဆိုရင် ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ မေမြို့တို့မှာ ပွင့်နေပါပြီ။
ကမ္ဘာပေါ်မှာ ဆာကူရာပန်းတွေ ပေါက်ရောက်လေ့ရှိတဲ့နိုင်ငံတွေက ရာသီဥတုသင့်တင့်တဲ့နိုင်ငံတွေမှာ ပေါက်ရောက်လေ့ရှိပါတယ်။ မျိုးစိတ်အများဆုံးပေါက်ရောက်တဲ့ နိုင်ငံက ဂျပန်ပါ။ ဆာကူရာပန်းဟာ ဂျပန်နိုင်ငံရဲ့ အထိမ်းအမှတ်ပန်းဖြစ်ပါတယ်။

🌸ဂျပန်မှာဆိုရင်တော့ ဆာကူရာပန်းဟာ မတ်လလယ်‌ကနေ ဧပြီလထိပွင့်ပါတယ်။ ဆောင်းအကုန် နွေဦးရာသီမျိုးမှာပေါ့။ ဆာကူရာပန်းတွေဟာ သက်တမ်းမရှည်ပါဘူး။ ဒါကြောင့် ဆာကူရာပန်းတွေဟာ မျက်စိတမှိတ် ဖျက်ခနဲပွင့်ပြီး ဖျက်ခနဲကြွေတဲ့ပန်းလို့လည်းခေါ်ပါတယ်။ ဆာကူရာပန်းကို နွေဦးရဲ့ပန်းလို့လည်း ညွှန်းဆိုကြပါတယ်။ အသစ်ပြန်လည်စတင်ခြင်းကို‌ဖော်ညွှန်းတဲ့ပန်း ၊ ခဏတာပဲ ပွင့်လေ့ရှိတာကြောင့် မတည်မြဲခြင်းကိုပြတဲ့ပန်း စသဖြင့်လည်း ခေါ်ဆိုကြပါတယ်။

🌸ဆာကူရာပန်းရဲ့ နောက်ထပ်အဓိပ္ပါယ်တစ်ခုက မိသားစုဝင်အသစ်တစ်ဦးဝင်ရောက်လာတဲ့ အဓိပ္ပါယ်ပါတဲ့။ ဆာကူရာပန်းကို မိဘတွေရဲ့ မွေးဖွားလာမယ့် ကလေးအပေါ်ထားရှိတဲ့ ပျော်ရွင်မှုနဲ့ အချစ်ကို ကိုယ်စားပြုတဲ့ပန်းလို့လည်း‌ပြောပါတယ်။

🌸ဆာကူရာပန်းတွေဟာ အများအားဖြင့် ပန်းရောင်နဲ့ ခရမ်းရောင်ရှိပြီး အနုအရင့်အမျိုးမျိုး ကွဲပြားပါသေးတယ်။ အဝါရောင်နဲ့ပန်းရောင်ရှိတဲ့ မျိုးစိတ်အချို့ရှိပြီး အရောင်အလိုက် အဓိပ္ပါယ်တွေလည်း ကွဲပြားပါတယ်။

🌸ဂျပန်လူမျိုးတွေဟာ ဆာကူရာပန်းတွေကို အရမ်းတန်ဖိုးထားကြပါတယ်။ ဂျပန်မှာဆာကူရာပန်းတွေကို မချိုးရ၊ မကိုင်ရပါဘူး။ အပင်ပေါ်တက်ခွင့်လည်းမရှိပါဘူး။

🌸ဆာကူရာပန်းပွင့်တဲ့ အချိန်ဟာ ဂျပန်နိုင်ငံကို အလည်လာတဲ့သူအရမ်းများတဲ့အတွက် ဟိုတယ်တွေ၊ လေယာဉ်လက်မှတ်တွေ အရမ်းကြပ်တဲ့အတွက်ကြောင့် လတွေကြိုတင်ပြီး ဘိုကင်လုပ်ရပါတယ်တဲ့။

🌸ဂျပန်နိုင်ငံမှာ ဆာကူရာတွေပွင့်တဲ့အချိန်ရောက်ရင် လူတွေဟာ ထမင်းဘူးလေးတွေနဲ့ ဆာကူရာပန်းပင်တွေအောက်မှာ ပျော်ပွဲစားလာထွက်လေ့ရှိပါတယ်။ ဆာကူရာပန်းတွေရဲ့ အလှအပကိုခံစားရင်း စိတ်အပန်းပြေအနားယူကြပါတယ်တဲ့။ ဆာကူရာရနံ့သင်းနေတဲ့လမ်းတစ်လျှောက်မှာ ချစ်သူနဲ့ယှဉ်တွဲလျှောက်ပြီး ရိုမန်တစ်ဆန်ဆန်ဒိတ်လေးလုပ်ရဖို့က တော်တော်များများရဲ့အိမ်မက်ပါတဲ့‌နော်။ တစ်ချိန်ချိန်တော့ ဆာကူရာလွှမ်းတဲ့လမ်းပေါ်မှာ ချစ်ရသူနဲ့ အတွဲလက်တွဲလျှောက်နိုင်ကြပါစေ။ ချစ်သူရှိရင်ပေါ့နော်။ မရှိတဲ့သူတွေကတော့ တစ်ယောက်တည်း
လျှောက်ပေါ့။

ဒီနှစ်ရော မြန်မာပြည် ဆာကူရာ (သို့) ချယ်ရီမြေကိုရောက်ခဲ့ပြီးပြီလား။

#မြန်မာပြည်အလှ #ပြင်ဦးလွင် #ရှမ်းပြည်နယ်

29/01/2024

ကျွန်းဖီလာရဲ့ နေဝင်ချိန်အလှလေးကို အတူခံရစားရအောင်နော် 🌅

ချင်းလူမျိုးများနေထိုင်တဲ့ မီဇိုရမ်ပြည်နယ်၏မြို့တော် အိုက်ဇောမြို့ ရဲ့အလှ…
29/01/2024

ချင်းလူမျိုးများနေထိုင်တဲ့ မီဇိုရမ်ပြည်နယ်၏မြို့တော် အိုက်ဇောမြို့ ရဲ့အလှ…

Address

Kawthaung

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 17:00
Sunday 08:00 - 18:00

Telephone

+959403439442

Website

Alerts

Be the first to know and let us send you an email when 𝗦𝘂𝗻𝗱𝗮𝘆 𝗩𝗮𝗰𝗮𝘁𝗶𝗼𝗻 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗦𝘂𝗻𝗱𝗮𝘆 𝗩𝗮𝗰𝗮𝘁𝗶𝗼𝗻:

Videos

Share

Category


Other Travel Companies in Kawthaung

Show All