U Aung Htet Job

U Aung Htet Job Oversea job

မြန်မာမြဝတီ-ကော့ကရိတ်လမ်း ပျက်စီးမှုကြောင့် တခြားနယ်စပ်လမ်းတွေသုံးဖို့ မြန်မာပြင်ဆင်၀၉ ဩဂုတ်၊ ၂၀၂၃ငြိမ်းချမ်းမြဝတီလမ်းပိ...
09/08/2023

မြန်မာ
မြဝတီ-ကော့ကရိတ်လမ်း ပျက်စီးမှုကြောင့် တခြားနယ်စပ်လမ်းတွေသုံးဖို့ မြန်မာပြင်ဆင်
၀၉ ဩဂုတ်၊ ၂၀၂၃
ငြိမ်းချမ်း
မြဝတီလမ်းပိုင်းပြတ်တောက်လို့ ကုန်ကားတွေပိတ်မိနေ (သြဂုတ် ၈၊ ၂၀၂၃)
မြဝတီလမ်းပိုင်းပြတ်တောက်လို့ ကုန်ကားတွေပိတ်မိနေ (သြဂုတ် ၈၊ ၂၀၂၃)

ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြဝတီ-ကော့ကရိတ်လမ်းပိုင်း ပြီးခဲ့တဲ့ရက်ပိုင်းက မိုးများပြီး မြေပြို ပျက်စီးခဲ့တာကြောင့် ပိတ်ထားရသလို၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တွေကို တခြား နယ်စပ်စခန်းတွေကနေ ပြောင်းလဲ ဝင်ထွက်ခွင့် ပေးသွားမယ်လို့ မြဝတီ ကုန်သွယ်ရေး ဦးစီးဌာနက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်တွင်းစစ် ပဋိပက္ခတွေနဲ့ သဘာဝဘေး နှစ်မျိုးလုံးကြောင့် ကုန်စည်စီးဆင်းမှုတွေ အတိုင်းအတာ တခုအထိ အခက်အခဲ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတဲ့အကြောင်း ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်းကတင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ်တွင်း ရေကြီး မြေပြိုမှုတွေကြောင့် ထိုင်း−မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ အာရှလမ်းမကြီးရဲ့ မြဝတီ-ကော့ကရိတ် လမ်းပိုင်း ပျက်စီးသွားခဲ့သလို၊ ကုန်သွယ်မှုနဲ့ အသွားအလာတွေ နှောင့်နှေးသွားခဲ့ရပါတယ်။ ဒါကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေကို တခြား နယ်စပ်ဂိတ်တွေ အပါအဝင် ပင်လယ်ရေကြောင်းကနေ ပြောင်းလဲ တင်သွင်းခွင့်ပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာန (မြဝတီ) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ လိုင်စင် ခွင့်ပြုချက်ရထားတဲ့ ပို့ကုန်၊ သွင်းကုန်ပစ္စည်းအားလုံး ခွင့်ပြုပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ သွင်းကုန် ကုမ္ပဏီပိုင်ရှင် ဦးလင်းလင်း ကတော့ အာရှလမ်းမကြီးမှာ ကားသွားလို့ မရသေးတဲ့အတွက် သူတို့အနေနဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ် ဘက်နေ ကုန်စည်တွေ လှည့်သွင်းဖို့ စဉ်းစားထားကြောင်း ဗွီအိုအေကို ပြောပါတယ်။

"စဉ်းစားတာတော့ မျိုးစုံတော့ စဉ်းစားရတာပဲ။ ကုန်ပစ္စည်းက ဒီဘက်မှာက ရပ်တန့်သွားလို့က အဆင်မပြေဘူးလေ။ အခု ကုန်ပစ္စည်းတွေက အရမ်းစျေးတက်နေတဲ့ အချိန်မှာ လမ်းပန်း ဆက်သွယ်ရေးက ပြတ်တောက်သွားတဲ့အခါ ဒီဘက်မှာ စျေးကွက်ဝယ်လိုအားအရ အရမ်း စျေးတွေ ထိုးတက်သွားမှာ ဖြစ်တဲ့အတွက် တခြား ဖြစ်နိုင်ခြေရှိတာ အကုန် လိုက်စဉ်းစားနေရတယ်။ မဲဆိုင်ဘက်တွေကတဆင့် ရန်ကုန်ဘက်ကို ပြန်ဝင်တဲ့ လမ်းကြောင်းကနေ အကုန် လိုက်စဉ်းစားနေရတယ်။"

ကရင်ပြည်နယ်၊ မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ကနေ ထိုင်းအထက်ပိုင်း မဲဆိုင်မြို့ကို ကုန်စည်တွေ တဆင့်သယ်ပြီး ရှမ်းအရှေ့ပိုင်းကနေ ရန်ကုန်ကို ပြန်သယ်ရတဲ့အတွက် ကုန်ကျစရိတ်တွေ များလာလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

မြဝတီ- ကော့ကရိတ် လမ်းဟောင်းမှာ ကားလေးတွေနဲ့ သွားလို့ရသေးပေမဲ့ အဲဒီမှာလည်း မြေပြိုတာတွေ စဖြစ်နေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တချို့က ပြောပါတယ်။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လမ်းတချို့ကို မြန်မာဘက်က လက်ရှိအချိန်အထိ ပိတ်ထားဆဲ ဖြစ်ပါတယ်။ မြဝတီ နယ်စပ်ဂိတ်နဲ့ သိပ်မဝေးလှတဲ့ ဘုရားသုံးဆူမြို့က ထီးခီး နယ်စပ်စခန်းကို ပြန်ဖွင့်ပေးမယ် ဆိုရင်တော့ အဆင်ပြေနိုင်ကြောင်း မွန်ပြည်သား ပို့ကုန်၊ သွင်းကုန်ုလုပ်ငန်းရဲ့ အမှုဆောင်ဒါရိုက်တာက ဗွီအိုအေကို ပြောပါတယ်။

"တောင်က မိုးအရမ်းရွာ ပြိုတဲ့အခါကျတော့ ဘေလီဆင်ဖို့လည်း အဆင်မပြေဘူး၊။ တခြားလမ်းဆို import ၊ export က ထီးခီးလမ်းကနေ ပို့လို့ရတယ်။ တခုရှိတာက ဘုရားသုံးဆူလမ်းမှာက import ၊ export ပိတ်ထားတဲ့နေရာ ဖြစ်နေတယ်။ အစိုးရက ဘုရားသုံးဆူလမ်းကို ဖွင့်ပေးမယ်ဆိုရင် မြဝတီလမ်းက တလပဲပိတ်ပိတ်၊ နှစ်လပဲပိတ်ပိတ် ကျနော်တို့က ထီးခီးလမ်းကနေ ဝင်လို့ရတယ်။ မြဝတီလမ်းမှာက တိုက်ပွဲ အခြေအနေလေးတွေလည်း ရှိနေတယ်။ အဲဒါမို့ ထီးခီးလမ်းကို ဖွင့်ပေးမယ်ဆိုရင် အဆင်ပိုပြေတာပေါ့။ ကျနော်က ဒါ ကုမ္ပဏီတခုအနေနဲ့ ပြောပြတာပါ။"

မြဝတီ- မော်လမြိုင်ကားလမ်း၊ ၁၆၄ မိုင်မှာရှိတဲ့ ကျုံအိတ်တံတား တဝိုက်မှာ ရေကြီးနေပြီး ဒီနေ့မနက် တိုင်းတာချက်အရဆိုရင် ရေက အမြင့် ၂၉ ပေ (၉မီတာ) ကျော် ရှိတယ်လို့ လူမှုကူညီရေး အသင်းတချို့က ပြောပါတယ်။ ကားတွေလည်း ရာနဲ့ချီ ပိတ်မိနေတယ်လို့ ပြောပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက်ထိုင်းနိုင်ငံအတွင်းသို့မြဝတီမှဝင်ရောက်ရမည့်ခရီးစဥ်များလဲ တခြားလမ်းသိုပြောင်းလဲပို့ဆောင်ရမှာဖြစ်လို့ အခက်အခဲဖြစ်နေကြပါတယ်...

မလေးရှားသွားဖို့ ကြိုးပမ်းသူ အထောက်အထားမဲ့ မြန်မာတချို့ ထိုင်းမှာဖမ်းဆီးခံရ (သြဂုတ် ၂၊ ၂၀၂၃)မလေးရှားသွားဖို့ ကြိုးပမ်းသူ...
06/08/2023

မလေးရှားသွားဖို့ ကြိုးပမ်းသူ အထောက်အထားမဲ့ မြန်မာတချို့ ထိုင်းမှာဖမ်းဆီးခံရ (သြဂုတ် ၂၊ ၂၀၂၃)
မလေးရှားသွားဖို့ ကြိုးပမ်းသူ အထောက်အထားမဲ့ မြန်မာတချို့ ထိုင်းမှာဖမ်းဆီးခံရ
August 3, 2023
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီ နဲ့ ရနောင်း ပြည်နယ်တွေထဲကနေ တဆင့် တရားမဝင် နယ်စပ် ဖြတ်ကျော် ဝင်လာပြီး မလေးရှားနိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာ၂၀ ကျော် ဒီရက်ပိုင်း ဖမ်းဆီးခံခဲ့ရပါတယ်။ သီးခြား နေရာ နှစ်ခုမှာ ဖမ်းဆီးခံရတာပါ။ မြန်မာနိုင်ငံတွင်း အကျပ်အတည်းတွေ ပိုဆိုးလာတာနဲ့အမျှ ပြည်ပထွက် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာတွေ ခုလို ဖမ်းဆီးခံရတာတွေလည်း နောက်ပိုင်း ပို များလာနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ်၊ ထာချန်မြို့နယ်၊ ထာချန်ကျေးရွာအုပ်စု၊ မူထိ ၃ လမ်းမကြီးပေါ်မှာ တရားဝင် အထောက်အထား မပါဘဲ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတဲ့ မြန်မာ ၁၄ ဦး မနေ့ သြဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့တွေဟာ Prachuap Khiri Khan ပြည်နယ်ကနေ ထိုင်းနဲ့ မလေးရှားနယ်စပ် Songkhla ပြည်နယ်ကို ကားနဲ့ သွားနေတဲ့အချိန် ဆူရတ်ဌာနီ ပြည်နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမိုးကြိုးက ဗွီအိုအေကို ပြောပြပါတယ်။
"ထိုင်းနိုင်ငံ၊ ဆူရတ်ဌာနီပြည်နယ် ထဲက လမ်းမကြီးပေါ်မှာ တရားမဝင် နယ်စပ်ဖြတ်ပြီး ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ တရားမဝင် မြန်မာ ၁၄ ဦးပေါ့။ အဲဒီ ၁၄ ဦးကို သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းမိပါတယ်။ ဖြစ်စဉ်ကတော့ ဒီကားတစ်စီးဟာ လိုင်စင်နံပါတ်ပြား တပ်ဆင် မထားတာကြောင့် သက်ဆိုင်ရာ လုံခြုံရးတပ်ဖွဲ့က မသင်္ကာလို့ တားဆီးစစ်ဆေးရာမှာ စာရွက်စာတမ်းမဲ့၊ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၄ ဦးကို လက်ရဖမ်းမိတာပါ။ ယာဉ်မောင်းကို ဖမ်းဆီးစစ်ဆေးရာမှာ အဲဒီ ၁၄ ယောက်အတွက် ပို့ဆောင်ခအဖြစ် ဘတ်ငွေ ၃ သောင်း ရလို့ ခေါ်လာတာလို့ ထိုင်းတောင်ပိုင်းကို ခေါ်ဆောင်လာတာ ဖြစ်တယ်လို့ ထွက်ဆိုပါတယ်။"
အလားတူ ဇူလိုင် ၃၀ ရက်နေ့ ကလည်း ထိုင်း−မလေး နယ်စပ် Songkhla ပြည်နယ်ကို သွားမယ့် မြန်မာ ၁၀ ဦး ဖမ်းဆီးခံခဲ့ရတဲ့ အကြောင်းလည်း ဦးမိုးကြိုးက အခုလို ပြောပြပါတယ်။
"တဆက်တည်း ဇူလိုင်လ ၃၀ ရက်နေ့ ညပိုင်း ၁၀ နာရီလောက်မှာ ထိုင်း၊ ရနောင်းပြည်နယ်ဘက်မှာ ထိုင်းတော်ဝင်တပ်မတော်က စစ်ဆေးရေး ဂိတ်ချပြီး ကြိုတင် သတင်းရတဲ့ မော်တော်ယာဉ်ကို စစ်ဆေးတဲ့အခါ တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၀ ဦး -အမျိုးသား ၈ ဦး၊ အမျိုးသမီး ၂ ဦး ကို ဖမ်းမိပါတယ်။ ဖြစ်စဉ် ၂ ခု ကတော့ ထိုင်းဘတ်ငွေထက် ပိုရတဲ့ လုပ်အားခ ပိုရတဲ့ မလေးရှားနိုင်ငံထိကို တရားမဝင် နည်းလမ်းအမျိုးမျိုးနဲ့ သွားရောက်ဖို့ ကြံရွယ်ကြတယ်။ ရည်ရွယ်ကြတယ် ဆိုတာ လစဉ် ထိုင်းနိုင်ငံ တောင်ပိုင်းက လူကုန်ကူးမှု ဖြစ်စဉ်တွေကို ကြည့်ရင်းနဲ့ သိနိုင်ပါတယ်။"
မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှု၊ နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှု နဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ လူငယ်တွေဟာ အိမ်နီးနားချင်း နိုင်ငံတွေကို ထွက်ပြေး လာကြသူတွေ အများအပြား ရှိနေပါတယ်။ အခုနောက်ပိုင်း မကြာခန ဆိုသလို မြန်မာတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံကြရသလို၊ တချို့ကတော့ လူကုန်ကူးသူ ပွဲစားတွေရဲ ငွေကြေးလိမ်လည် လှည့်ဖျားမူတွေ ခံရပြီး တောထဲမှာ စွန့်ပစ်သွားရင်း အဖမ်းဆီးခံ ရသူတွေလည်း ရှိနေပါတယ်။ ထိုင်းအစိုးရကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို ကြိုးပမ်းလုပ်ဆောင်တဲ့ အနေနဲ့ ထိုင်း−မြန်မာ နယ်စပ်နဲ့ ထိုင်း−မလေး နယ်စပ်တွေမှာ လုံခြုံရေးတွေ တိုးမြှင့်ပြီး တရားမဝင် ရောက်လာသူတွေကို ဖမ်းဆီးတာတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်ဗျ။

20/07/2023

pages ထဲကို ဝင်ကြည့်လေ့လာ စုံစမ်းမေးမြန်းပြီးမှ သူတဖက်သားကိုတိုက်ခိုက်ကြပါလားဗျာ..

15/07/2023

မလေးရှား နိုင်ငံ..Top Gloves လက်အိပ်
စက်ရုံအတွက်..သူဋ္ဌေး ကောလင်းတိုက်ရိုက်လာပြီဗျာ...လိုက်ပါလိုသူများ အမြန်ဆုံးဆက်သွယ်ပါ...

ထိုင်းအတွက်...ပို့ပေးလိုက်ပါပြီ...ခလေးတွေအားလုံး..အလုပ်အကိုင်အဆင်ပြေကြပါစေ...မိသားစုကိုထောက်ပံ့နှိုင်ပြီး ဘဝကို အကောင်းဆ...
12/07/2023

ထိုင်းအတွက်...ပို့ပေးလိုက်ပါပြီ...ခလေးတွေအားလုံး..အလုပ်အကိုင်အဆင်ပြေကြပါစေ...မိသားစုကိုထောက်ပံ့နှိုင်ပြီး ဘဝကို အကောင်းဆုံးတည်ဆောက်နှိုင်ကြပါစေ....

မလေးရှား အလုပ်အကြောင်း တစေ့တစောင်း======================မလေးရှားမှာ တရားဝင်ကောလင်းနဲ့သွားရဖို့ စျေးတွေကကြီးလိုက်တာတဲ့ ဟု...
11/07/2023

မလေးရှား အလုပ်အကြောင်း တစေ့တစောင်း
======================
မလေးရှားမှာ တရားဝင်ကောလင်းနဲ့သွားရဖို့ စျေးတွေကကြီးလိုက်တာတဲ့ ဟုတ်တယ်စျေးတွေကြီးပါတယ်...
ဘာလို့အဲ့လောက်စျေးကြီးနေရတာလဲ?
မြန်မာပြည်မှာ ဝန်ကြီးဌာနက တရားဝင်သက်မှတ်ထားတာ ဒေါ်လာ ၈၅၀ ပဲ အေဂျင်စီတွေကကောက်ရမယ်လို့သတ်မှတ်ထားတာကို ဘာလို့ ၂ဆ ၃ဆ တောင်းနေကြတာလဲတဲ့?
နားထောင်ကိုကြီးပြောပြမယ်......
လက်ရှိမြေပြင်မှာ ပေါက်စျေးက အမလေး အဘလေးအော်နေရတာက
အော်တဲ့သူရဲ့အပြစ်လည်းမဟုတ်ဘူး...
ကောက်တဲ့သူကလည်းနင်းကန်အဆမတန်ကောက်ခံနေကြတာမဟုတ်ပါဘူး....
( မိအေးအော်တာပဲလူကြားတယ် ဂဏန်းညှပ်နေတာ လူမသိဘူး)
မြန်မာပြည်ကဝန်ကြီးဌာနက မလေးရှားကောလင်းအတွက် အလုပ်သမားစီက ဒေါ်လာ ၈၅၀သာကောက်ခံရမယ်လို့ စာရွက်ကြီးပေါ်ချရေးပြီး အမိန့်ထုတ်ပြန်ထားပေမယ်လို့....
အေဂျင်စီတွေကြုံတွေ့နေရတဲ့ဒုက္ခက မသေးဘူး....
မလေးရှားမှာ အလုပ်ကောလင်းတစ်ခုရဖို့အတွက် မလေးရှားနဲ့ မြန်မာပြည်ကို အခေါက်ခေါက်အခါခါ ကူးချီသန်းချီနဲ့ လာတာအကြိမ်ပေါင်းမနည်းတာတောင်မှ အလုပ်ခေါ်စာ ဒမန်းတစ်စောင်ရဖို့မလွယ်ကူဘူး....
ရတဲ့ဒမန်းကျပြန်တော့လည်း ဒမန်းချပေးတဲ့မလေးရှားအေဂျင်စီတွေက တောင်းတဲ့စျေးက ဟိုးအထက်ဘဝဂ်မှာ အနားတောင်မသီနိုင်ဘူး...
ယခင်စျေးရဲ့ ၄ဆ လောက်စျေးပေးနိုင်မှ ဒမန်းတစ်စောင်ကရတာ...
ဒါတောင် အလုအယက်ဝယ်ရတာ ဒမန်းသမားကို ဦးထိပ်တင် ဘုရားရှိခိုးတိုင်း မေတ္တာပို့ပြီး ခြေသလုံးမဖတ်ရုံတမယ်
ကိုယ့်အေဂျင်စီမှာအပ်ထားတဲ့ခလေးတွေ အမြန်ထွက်ရဖို့အရေး
ဒမန်းရရေးကို စျေးက ၄ဆပေးပြီးဝယ်ရတာ...
ဒါတောင် ရက်လေးနဲနဲကြန့်ကြာသွားရင် အဲ့ဒီပြောထားတဲ့ဒမန်းက မရတော့ပဲ သူများနောက်ပါသွားတာ....
မလေးရှားက ဒမန်းစျေးကွက်က ဘကုန်းတွေဝင်မွှေလို့ စျေးကွက်ကပျက်နေပြီ။ မြန်မာကစျေးဘယ်လောက်ပေးသလဲ ပေးတဲ့စျေးထက် ၅၀၀ ၁၀၀၀ ပိုပေးပေးပြီးဝယ်တယ်။ ဒီတော့ ဘကုန်းလက်ထဲအကုန်ရောက်ကုန်တယ်။ ဒမန်းစျေးတွေကြီးသထက်ကြီးကုန်ရတယ်။
ဒါကို ဒမန်းရှာသူနဲ့အေဂျင်စီတွေပဲသိတယ်....
လူကြီးတွေကမသိဘူးလားမမေးနဲ့ သူတို့လည်းသိတာပဲ.....
မြန်မာပြည်က ဝန်ကြီးဌာနက သက်မှတ်ထားတဲ့စျေးနဲ့ မကိုက်လို့ မဝယ်ဘူးဟေ့ဆိုရင်လည်း အေဂျင်စီတွေအနေနဲ့ နှစ်လရာသီသာအလီလီပြောင်းသွားမယ်...ဘာဒမန်းမှမရပဲ ငုတ်တုတ်ထိုင်ကြည့်ရင်း အေဂျင်စီပိတ်သိမ်းရုံပဲတတ်နိုင်တော့မယ်.,...
ဒါကို အပေါ်ပိုင်းကလူတွေပဲသိတယ်
အောက်ခြေမြေပြင်က အလုပ်လျှောက်ထားတဲ့ခလေးတွေက မသိဘူး
ထင်ရာလေးတွေရမ်းပြောပြီး အစိုးရကသတ်မှတ်ထားတာ ဒီစျေး ၈၅၀
အေဂျင်စီကတောင်းနေတာ ၃ဆ ၄ဆ ကွာတယ် အမြတ်ကြီးစားတယ် ဘာညာ တိုင်မယ် ပြုမယ်... ဘလာဘလာတွေပေါ့....
အလုပ်တွေကအပ်ထားထာကြာပြီ ခုထိ ဘာမှမထူးသေးဘူး
ထုတ်မယ်ပြုမယ် ဘလာဘလာပေါ....
အဲ့တော့ အပေါ်နဲ့အောက် အောက်နဲ့ နယ်ကိုယ်စားလှည် ၊ နယ်ကိုယ်စားလှယ်နဲ့ပွဲစား ၊ ပွဲစားနဲ့ အလုပ်အပ်ထားကြတဲ့ခလေးတွေ....
ရက်တွေက လပြောင်း အချိန်တွေကြာညောင်းလာတော့
ဘယ်လောက်ပဲ မှန်ကန်စွာလုပ်ပေးသူ မလိမ်မညာသူပဲဖြစ်ဖြစ်
လိုင်းပေါ်မှာ ဟိုးလေးတကြော်ကြော်တွေဖြစ်လို့ ဒဲ့ပြောသူက လူမုန်းခံရပေါ့။ အဲ့ဒါ ဘာဖြစ်တာလဲဆိုတော့.....
အပေါ်မှာဘာတွေဖြစ်နေတယ် ဘယ်လိုအခတ်အခဲတွေရှိနေတယ်ဆိုတာ သေချာမသိကြလို့ဖြစ်နေကြတာပါ။
သိခဲ့ရင်လည်း နားလည်ပေးသူရှိသလို။ တစ်ဖတ်ပိတ်ကိုယ်လိုရာကိုယ်တွေး သူများပြောတာအဟုတ်မှတ်ပြီး လက်မခံတဲ့သူတွေကလည်းရှိသေးတာပေါ့...။
အားလုံးကိုသေချာပြန်ကြည့်လိုက်တော့....
အေဂျင်စီတွေမှာလည်း ဒမန်းစျေးကွက် ၃ဆတက်နေတာကြောင့် မျက်ဖြူလန်နေရပြီး ၊ တောင်းတဲ့စျေးအတိုင်းပေးပါမယ် ဒမန်းလေးသာချပေးပါဆိုတာတောင် တဖက်နိုင်ငံအေဂျင်စီတွေနဲ့ အပြိုင်လုဝယ်နေရလို့ ဒမန်းဆိုတာ ဂျိုနဲ့လား ပြန်မေးနေရတဲ့အဖြစ်။
နယ်ကိုယ်စားလှည် နဲ့ ပွဲစားတွေကလည်း ကိုယ့်ကိုယ်ယုံကြည်လို့အပ်ထားတဲ့ခလေးတွေနဲ့ အေဂျင်စီကြား မျက်နှာမပြတ်ရရေး ကိုယ့်နာမည်လေးမပျက်ရေးကြိုးစားဖြေရှင်းရင်း နဲ့ ဖုန်းသံကြားရင်ပဲ သရဲထင်နေရတဲ့အဖြစ်။
အလုပ်အပ်ထားတဲ့ခလေးတွေရဲ့ဘဝကိုကြည့်ပြန်တော့လည်း အသက်ရှုတွေပါကြပ်ရတယ် အိမ်ပေါင် ၊ ခြံပေါင်၊ လယ်ပေါင်၊ယာပေါင်၊ အတိုးနဲ့ဆွဲပြီးအပ်ထားရတော့ ကြာတော့အတိုးတွေကတက်သထက်တပ်လို့။
ဘယ်သူ့ကြည့်ကြည့် အထက်ကိုပဲကြည့်ကြည့် ဟိုးအောက်ကိုပဲကြည့်ကြည့် ကိုယ်စီအခက်အခဲ ဒုက္ခတွေနဲ့ချည်းပဲ။
အေဂျင်စီလည်း အေဂျင်စီရဲ့ဒုက္ခ။
နယ်ကိုယ်စားလှည် နဲ့ ပွဲစားတွေကလည်း ခလေးတွေကြားဖြေရှင်းနေရတဲ့ဒုက္ခ။
ခလေးတွေကလည်း အတိုးတွေပတ်နေရတဲ့ဒုက္ခ။
ဘယ်သူ့ဒုက္ခက ပိုနေသလဲဆိုတာ စဉ်းစားသာကြည့်ကြပါတော့....
မလေးရှားသွားရင် ဒီစျေးတွေ ဒီလောက်တောင်းနေရသလားလို့မပြောနဲ့ ဒမန်းဆိုတာ ဂျိုနဲ့လား မေးယူနေရတဲ့အချိန်မှာ ယခင်စျေးထက် ၃ဆ ၄ဆ ပေးဝယ်တာတောင်မရတာအမှန်ပါလို့ပြောရင်း။
(အလုပ်အပ်ထားတဲ့ခလေးတွေကို ပြောပြချင်တာက
ကြာတာကကြာပါစေ အလိမ်မခံရဖို့ ပိုအရေးကြီးပါတယ်ခင်ဗျာ.....)
အားလုံးအဆင်ပြေကြပါစေဗျာ......


ကိုကျော်သူအောင်
ခေတ္တမလေးရှားက ( မေတ္တာဖြင့်ရေးသား

07/07/2023
မလေးရှား..ဆောက်လုပ်ရေးအတွက်..လူခေါ်တော့မယ်ဗျာ...ကြိုတင်စာရင်းပေးသွင်းထားနှိုင်ပါပြီ....
05/07/2023

မလေးရှား..ဆောက်လုပ်ရေးအတွက်..လူခေါ်တော့မယ်ဗျာ...ကြိုတင်စာရင်းပေးသွင်းထားနှိုင်ပါပြီ....

ကဲ...ထိုင်း အတွက်လာပြီဗျာ....ထိုင်းနိုင်ငံ..ပထုံဋ္ဌာနီမှာရှိတဲ့...  BELTON ELECTRONIC စက်ရုံအတွက်...အလုပ်သမားခေါ်ယူနေပါပ...
29/06/2023

ကဲ...ထိုင်း အတွက်လာပြီဗျာ....
ထိုင်းနိုင်ငံ..ပထုံဋ္ဌာနီမှာရှိတဲ့...
BELTON ELECTRONIC စက်ရုံအတွက်...အလုပ်သမားခေါ်ယူနေပါပြီ..
ထိုင်းနိုင်ငံရောက် အလုပ်သမားများနှင့်
မြန်မာပြည်မှ သွားရောက်လုပ်ကိုင်လိုသူများ...အမြန်ဆုံး ဆက်သွယ်ပေးပါ...
09-771799967
ဖုန်း တိုက်ရိုက်ဆက်သူ ဦးစားပေးမည်...

FREE CALL ငွေကြေးအဆင်မပြေလို့....Free call မှ Free call ဖြစ်နေကြသူများအတွက်.....မလေးရှား(နိုင်ငံ) SELANGOR မှာရှိတဲ့ EPS...
20/06/2023

FREE CALL
ငွေကြေးအဆင်မပြေလို့....
Free call မှ Free call ဖြစ်နေကြသူများအတွက်.....
မလေးရှား(နိုင်ငံ) SELANGOR မှာရှိတဲ့
EPSON PRINTER FACTORY
စက်ရုံတွင်တာဝန်ထမ်းဆောင်ရန်အတွက်..
ခေါ်ယူသည့်လုပ်သားဦးရေ

🚻 ကျား/မ(45)ဦး
🚹 ကျား (25)ဦး
🚺 မ (20)ဦး

1 PASSPORT (PJ)အသင့်ရှိသူဖြစ်ရမည်
2 TATOO မရှိရပါ
3 ENGLISH အနည်းငယ်နားလည်ရမည်
4 စာရိတ္တကောင်းမွန်ရမည်

နေစရာအဆောင်ကို🆓 အလုပ်ရှင်ဖက်မှ စီစဥ်ပေးမည်...
အစားအသောက် အလုပ်သမားများကိုယ့်အစီအစဥ်နှင့်စားသောက်ရမည်...
အလုပ်ချိန်နှင့် လုပ်ခလစာ သိလိုပါက..
(DEMAND LATTER)ခေါ် (အလုပ်ခေါ်စာတောင်းယူကြည့်ရှု့ပါ...
ဆက်သွယ်ရန်
What app
+60 1157 203 774
Viber
+60 1157 203 774
မြန်မာပြည် Ph
+959-7717 99967
Viber
+959-7717 99967
တို့ကို ဆက်သွယ်စုံစမ်းပါ...
(မှတ်ချက်)
အစစ်အမှန် သိရှိရန်...
DEMAND LATTER တောင်းယူကြည့်ပါ..

Address

Kawthoung
Kawthaung

Alerts

Be the first to know and let us send you an email when U Aung Htet Job posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to U Aung Htet Job:

Videos

Share

Category


Other Travel Companies in Kawthaung

Show All