BOHO Boutique

BOHO Boutique Be our guests stay awhile get comfy

24/04/2024

စိတ်၏ အေးချမ်းရာ ❤️

😍coffee သရဲလေးတွေအတွက်
02/04/2024

😍coffee သရဲလေးတွေအတွက်

24/02/2024

စက္ကူပန်းလမ်း❤️😍

❤️စိတ်တွေအရမ်း မွန်းကြပ်လာရင်သဘာဝတရားကြီးနားမှာ ခေတ္တ ခိုလှုံပါ
15/02/2024

❤️စိတ်တွေအရမ်း မွန်းကြပ်လာရင်
သဘာဝတရားကြီးနားမှာ ခေတ္တ ခိုလှုံပါ

08/02/2024

BOHO Boutique အိမ်လေးဟာဆိုရင် တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပြီနော် 🤩🤩

လှလိုက်တာကွယ်🌸🤩
07/02/2024

လှလိုက်တာကွယ်🌸🤩

06/02/2024

Cherry 🌸

ချယ်ရီမြေကနေ ကြိုဆိုနေတဲ့ ချယ်ရီလမ်းလေးတွေ 🤩💖
05/02/2024

ချယ်ရီမြေကနေ ကြိုဆိုနေတဲ့ ချယ်ရီလမ်းလေးတွေ 🤩💖

04/02/2024

မြို့ပြရဲ့ မွန်းကြပ်မှုတွေဆီကနေ ထွက်လာဖို့ လုံလောက်တဲ့ အကြောင်းအရင်းလေးတွေထဲက တစ်ခုပေါ့😇

ချယ်ရီမြေ 💓💓💓
04/02/2024

ချယ်ရီမြေ 💓💓💓

ချယ်ရီပန်း တွေရဲ့ ထူးခြားချက်ဟာတစ်ပင်လုံး အပွင့်ပွင့်တဲ့ အခါ ရှိသမျှ အစိမ်းရောင်အရွက်အားလုံးဟာ မြေခပေးရသတဲ့ ။🌸တစ်နည်းအား...
03/02/2024

ချယ်ရီပန်း တွေရဲ့ ထူးခြားချက်ဟာ

တစ်ပင်လုံး အပွင့်ပွင့်တဲ့ အခါ
ရှိသမျှ အစိမ်းရောင်အရွက်အားလုံးဟာ
မြေခပေးရသတဲ့ ။🌸

တစ်နည်းအားဖြင့်ပြောရရင်

ဘယ်အရောင်နဲ့ မှရောစပ်
ပတ်သက်လိုခြင်းမရှိတဲ့
သစ္စာရှိခြင်းမျိုး ။🌸🌸

Cherry

Sunshine ☀️
02/02/2024

Sunshine ☀️

01/02/2024

ပြင်ဦးလွင်ဆောင်းကတော့တကယ်ကို အေးသောပါပဲရှင်🥶

31/01/2024
BOHO Boutique ရှိတဲ့ ကျက်တက်ရွာလေးထဲမှာ ဒါမျိုး သော်ကပန်း အုတ်တံတိုင်းလေးလည်း ရှိတယ်နော်💖အရမ်းလည်း အေးချမ်းတဲ့ ရွာလေးဆို...
30/01/2024

BOHO Boutique ရှိတဲ့ ကျက်တက်ရွာလေးထဲမှာ ဒါမျိုး သော်ကပန်း အုတ်တံတိုင်းလေးလည်း ရှိတယ်နော်💖
အရမ်းလည်း အေးချမ်းတဲ့ ရွာလေးဆိုတာလေ. ပြန်တောင်မပြန်ချင်🤩🤩

28/01/2024
ဆောင်းနှင်းဝေတဲ့ မနက်ခင်းမှာ 🥶🥶
27/01/2024

ဆောင်းနှင်းဝေတဲ့ မနက်ခင်းမှာ 🥶🥶

Good Night 🌙
25/01/2024

Good Night 🌙

19/01/2024

ခရီးသွားပါ။
သွားနိုင်သလောက် ဝေးဝေးသွားပါ။
ကြာနိုင်သလောက် ကြာအောင်နေပါ။

ခရီးသွားတယ်ဆိုတာ အနားယူဖို့လား၊ နေရာအသစ်တွေအများကြီး ရောက်ချင်လို့လား ခွဲခြားပါ။ ခရီးရဲ့ ရည်ရွယ်ချက်ကို စစဉ်းစားပါ။
အလုပ်ကိစ္စပါရင် အလုပ်ကို အရင်ဦးတည်ပြီးမှ အချိန်ပိုချိန် လည်ပတ်ပါ။

အနားယူမယ့် ခရီးဆိုရင် ကားလက်မှတ်ဖြတ်တာကအစ ဟိုတယ်အဆုံး ဖြစ်နိုင်ရင် ငွေနည်းနည်း ပိုသုံးပါ။ လည်ပါ၊ ရောက်တဲ့နေရာမှာ စိတ်ကြိုက် အချိန်ပေးနေပါ။ ဓါတ်ပုံရိုက်ပါ။ ထိုင်ငေးချင်ရင် ထိုင်ငေးနေပါ။ စားချင်ရင် ဝင်စားပါ။ နားချင်ရင် ဟိုတယ်ပြန်နားပါ။ ဟိုတယ်ထဲ အိပ်လိုက်စားလိုက် တစ်နေကုန် ဇိမ်ယူပြီး ညနေပိုင်းမှ Sunset လေး ထွက်ကြည့်တာမျိုးလေး လုပ်ကြည့်ပါ။

နေရာအသစ်တွေ များများရောက်ချင်တာ ဆိုရင်တော့ Runပါတော့။ မိုးမလင်းခင်က ထပြင်၊ တစ်နေရာပြီး တစ်နေရာဆက်သွား၊ ညကျမှ ခြေကုန်လက်ပန်းကျ အိပ်ရာထဲ ဇိမ်ယူချိန်မရဘဲ တန်းအိပ်ပျော်မယ့် ခရီးဆိုရင်တော့ ဟိုတယ်အတွက် ဘက်ဂျက်လေး လျှော့သုံးပါ။

ဘယ်လိုပုံစံမျိုးနဲ့ ခရီးသွားသွား ခရီးသွားတယ်ဆိုတာ စိတ်ကို အသစ်ဖြစ်စေဖို့လို့ နှလုံးသွင်းထားပါ။ ပျော်အောင် နေပါ။ ခရီးသွားနေတဲ့အချိန်မှာ အလုပ်တွေ ထားခဲ့ပါ။ အလုပ်ကိစ္စတွေ ခေါင်းထဲက ခဏထုတ်ထားပါ။

လူမှုကွန်ယက်ကို ခဏ မေ့ထားပါ။ ခရီးသွားရင်း ဖေ့စ်ဘုတ်ကြီး ပွတ်နေတာ ခရီးသွားခြင်းရဲ့ အရသာကို လျော့စေပါတယ်။ အိမ်မှာနေရင်းလည်း ဖေ့စ်ဘုတ်သုံးလို့ ရတဲ့ဟာ၊ ခရီးသွားနေချိန်မှာ ကားစီးရင်းတောင် ဖဘမသုံးဘဲ ဘေးဘီဝဲယာငေးရင်း တွေးချင်တာ တွေးပြီး ဒိုးရတာ ပိုမိုက်ပါတယ်။

နေရာတစ်ခုရောက်ရင် ဓါတ်ပုံရိုက်ပါ။ ဒါပေမယ့် ဓါတ်ပုံရိုက်ခြင်းတစ်ခုတည်းပဲ မလုပ်ပါနဲ့။ ကင်မရာကို ဖြတ်ပြီး မြင်ရတဲ့ ရှုခင်းတွေထက် ကိုယ့်မျက်လုံးချည်းနဲ့ သက်သက် မြင်ရတဲ့ မြင်ကွင်းတွေကို တစ်ဝကြီး ခံစားပါ။ ဒီရှုမျှော်ခင်းတွေကို သူများတွေကို ဓါတ်ပုံရိုက်ပြဖို့ ဒီလောက်အဝေးကြီး လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်မျက်လုံးက မြင်ပြီး ကိုယ့်နှလုံးသားက မမေ့တဲ့အထိ ခံစားပါ။

ခရီးသွားတယ်ဆိုတာ သွားနိုင်တဲ့ အခြေအနေပေးရပါမယ်။ သွားနိုင်တဲ့ ငွေကြေး ရှိရပါမယ်။ သွားနိုင်တဲ့ ကျန်းမာရေးအနေအထား ရှိရပါမယ်။ ဒါတွေအားလုံး ပြည့်စုံမှ ခရီးသွားလို့ ရတာပါ။ အဲ့တော့ သွားနိုင်မယ်ဆို သွားသာသွားပါ။

ဝေးဝေးသွားပါ၊ ကြာကြာသွားပါ။
တစ်နေ့မှာ ကိုယ်တို့ဟာ ကိုယ်တို့ပျင်းရိငြီးငွေ့ပါတယ်ဆိုတဲ့ ပတ်ဝန်းကျင်ကြီးဆီကိုပဲ မျှော်လင့်ချက်တွေ၊ သံယောဇဉ်တွေနဲ့ ပြန်လာရဦးမှာပဲ မဟုတ်လား။ ပုံမှန်ဘဝကြီးဆီကိုပဲ မက်မက်စက်စက် တိုးဝင်ကြရဦးမှာ မဟုတ်လား။

ခရီးသွားတယ်ဆိုတာ ဘဝကို Restart လုပ်တာပါ။ ကွန်ပျူတာ တစ်လုံးကို Restart လုပ်လိုက်သလိုပဲ ... ဖွင့်ထားတဲ့ Softwareတွေ၊ အလုပ်တွေအကုန်လုံး ပိတ်ချပစ်လိုက်ပြီး အစက ပြန်စတာပါ။ ဘဝဟာ ကွန်ပျူတာတစ်လုံးထက် ပိုဟန်းတတ်ပါတယ်။ မကြာခဏ Restart ချဖို့ လိုပါတယ်။

စိတ်ညစ်ရင် ခရီးထွက်ပါ။
ပျော်ရင်လည်း ခရီးထွက်ပါ။
ငြီးငွေ့နေရင် ခရီးထွက်ပါ။
ဘာမှ ခံစားမရတော့ရင်လည်း ခရီးထွက်ပါ။

Credit မူရင်း

17/01/2024

ချယ်ရီလေး စ မြင်နေရပါပြီ 😍

ဒီနှစ် ချယ်ရီမြို့တော်ရဲ့ ပထမဆုံး ပွင့်လန်းလာတဲ့ ချယ်ရီပင်ကြီး...location ရုံးပေါင်းစုံရှေ့Photo Credit - Danamoe
15/01/2024

ဒီနှစ် ချယ်ရီမြို့တော်ရဲ့ ပထမဆုံး ပွင့်လန်းလာတဲ့ ချယ်ရီပင်ကြီး...
location ရုံးပေါင်းစုံရှေ့
Photo Credit - Danamoe

Trekking around Pyin Oo Lwin is simply amazing.Crd to all owners
10/01/2024

Trekking around Pyin Oo Lwin is simply amazing.

Crd to all owners

အေးဆေးသမားတွေအတွက် နေရာလေးတစ်ခု ဆိုလို့ ရောက်ခဲ့တယ်108 outdoor food space မေမြို့မှာ office diaryကအသစ်လာဖွင့်ထားတာ သိပ်မ...
06/01/2024

အေးဆေးသမားတွေအတွက် နေရာလေးတစ်ခု ဆိုလို့ ရောက်ခဲ့တယ်

108 outdoor food space

မေမြို့မှာ office diaryကအသစ်လာဖွင့်ထားတာ သိပ်မကြာသေးတဲ့ဆိုင်လေးပါ

အိမ်ဖြူလေးကတော့ office diaryရဲ့ရုံးခန်းဖြစ်ပြီး အပြင်ဘက်ခြံဝန်းထဲမှာတော့ထိုင်စရာဝိုင်းလေးတွေအများကြီးရှိပါတယ်

အနုပညာသမားတွေဖွင့်ထားတဲ့ဆိုင်လေးလို့မပြောရဘူး ဆိုင်လေးက အနုပညာဆန်ပြီး ရိုးရိုးရှင်းရှင်းနဲ့ တော်တော်‌လေးချစ်ဖို့ကောင်းပါတယ်

အိမ်ဖြူဖြူလေးရယ် အပင်တွေ အုံ့စိုင်းနေတာလေးရယ်ကလည်းမေမြို့vibesအပြည့်အဝပါပဲ မိုးရွာနေတဲ့ရက်လေးရောက်သွားတာ တော်တော်သာသာယာယာရှိတယ်

အိမ်ဖြူလေးဘေးက ဝိုင်းအဖြူလေးရယ် သစ်ပင်ကြီးအောက်ကအပင်ကိုပါတ်ထားတဲ့ဝိုင်းလေးရယ်တော့အကြိုက်ဆုံးပဲ
နေရာတိုင်းတော့ တစ်မျိုးစီအကုန်လှပြီးထိုင်လို့ကောင်းပါတယ်

မီးလေးတွေဆင်ထားတာလည်းအရမ်းလှလို့
ပုံရိုက်ချင်တဲ့သူတွေအတွက် ညနေစောင်းလေးသွားရိုက်လို့အဆင်ပြေတယ်

ချစ်သူနဲ့ပဲdateမလား သူငယ်ချင်းတွေနဲ့ ညစာစားရင်းdateကြမလား ဒါမှမဟုတ် တစ်ယောက်ထဲပဲ အေးဆေးသွားထိုင်မယ်ဆိုရင်လည်းအဆင်ပြေတဲ့ ဆိုင်လေးပါ
သီချင်းအေးအေးလေတွေအမြဲဖွင့်ထားလို့ တစ်ယောက်ထဲဆိုလည်းဆွေးလို့ကောင်းတဲ့နေရာလေး

မြို့ထဲအနီးပေမယ့် ဆိတ်ငြိမ်ရပ်ကွက်ထဲ ခြံဝန်းထဲမှာဖွင့်ထားတာဆိုတော့ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းလေး ရှိပါတယ်

လိပ်စာလေးက စာပန်းအိမ်အနီး အမှတ် 108 ပိတောက်လမ်းပါ ချယ်ရီလမ်းကနေသွားမယ်ဆို royal lake ရှိတဲ့လမ်း ဟိုဘက်ထိပ်ဘက်ပါ

အစားသောက်ကတော့ ကွေ့သရို ခေါက်ဆွဲပြုတ် ဆီချက် ခေါက်ဆွဲ ထမင်းကြော်နဲ့ တခြားsnackလေးတွေ ရတယ်
ကော်ဖီကြိုက်တတ်တဲ့သူတွေအတွက် ကော်ဖီအရသာလေးလည်းကောင်းပါတယ်နော်

Travel

မေမြို့ရောက်ရင် မြင်ရမယ့်ပန်းလေးတွေ🌼မေမြို့မှာအရမ်းလှနေတဲ့ သော်ကပန်း🌼ချစ်တဲ့မြို့လေး❤️  Paoh Stars 📷-Htoo Thu Aung (ဓာတ်...
03/01/2024

မေမြို့ရောက်ရင်
မြင်ရမယ့်ပန်းလေးတွေ🌼

မေမြို့မှာ
အရမ်းလှနေတဲ့ သော်ကပန်း🌼

ချစ်တဲ့မြို့လေး❤️

Paoh Stars
📷-Htoo Thu Aung (ဓာတ်ပုံ)

May every day of the year be filled with joy and happiness for you and your family 🎆❤️Happy New Year 🎊🎈 BOHO Boutique 🏠
31/12/2023

May every day of the year be filled with joy and happiness for you and your family 🎆❤️
Happy New Year 🎊🎈

BOHO Boutique 🏠

29/12/2023

ဒါလေးကတော့ BOHO Boutique လေး စ ဆောက်တုန်းက view လေးကို သဘောကျမိလို့ အမှတ်တရ ရိုက်ထားမိလိုက်တဲ့ video လေးပါ ☺️🏠❤️

ပြင်ဦးလွင်အနီးစခန်းနားကပန်းခြံ🍀Mount Cable Gardenပန်းခြံမေမြို့(သို့မဟုတ်)ပြင်ဦးလွင်☘️🌻ပန်းခြံထဲမှာ အိမ်အဖြူအသေးလေးရယ်...
28/12/2023

ပြင်ဦးလွင်
အနီးစခန်းနားကပန်းခြံ🍀

Mount Cable Gardenပန်းခြံ

မေမြို့(သို့မဟုတ်)ပြင်ဦးလွင်☘️

🌻ပန်းခြံထဲမှာ အိမ်အဖြူအသေးလေးရယ် တခြားပုံရို.က်စရာနေရာအလှလေးတွေ ဒါန်းဖြူဖြူလေးနဲ့ထပ်တရာ ပန်းခင်းလည်းရှိမယ် တခြားသောပန်းမျိုးစုံလေးတွေလည်းရှိတယ် မှန်တံတားအသေးလေးလည်းရှိတယ်☘️

🌿ပန်းခင်းထဲရောက်သွားပြီဆိုတာနဲ့တကယ်ကိုစိတ်အေးချမ်းပေါ့ပါးစေတဲ့ပန်းခြံလေးပါ🌺

Location 🏡 မန်းလေး-ပြင်ဦးလွင်အတက်လမ်း (ပြင်ဦးလွင်နဲ့ပိုနီး)
အနီးစခန်း/ဒိုးပင်ပရဟိတကျောင်းလမ်း ညံညင်းသာရွာ
မိုးထိအောင်စည်သဘာဝရိပ်သာလမ်း ထဲဝင်သွားရင်ရောက်ပြီနော်

Cableစီးလို့ရပြီနော်🤗

ဝင်ကြေး💵

လူကြီးတဦး -၁၅၀၀
ကလေး -၅၀၀
🚗
ကားအပ်ခ-၁၀၀၀
ဆိုင်ကယ်အပ်ခ-၅၀၀

🎢
Cable chairစီးခ ၂၅၀၀
ကလေး၁၀၀၀

Paoh Stars

Address

3J83+GPH, Yay-tha-yauk Kon
Maymyo

Telephone

+959882693636

Website

Alerts

Be the first to know and let us send you an email when BOHO Boutique posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Vacation Home Rental in Maymyo

Show All