စာရေးဆရာ ထက်နိုင် နှင့် မိုးကုတ်မြို့အကြာင်း ခဏတာ
စာရေးဆရာ ထက်နိုင်(တလုပ်မြို့) နဲ့ Explore Mogok (EM) တို့ရဲ့
အင်တာဗျူး အစီအစဉ် အပိုင်း (၂)
အပိုင်း (၂) မှာတော့ ဆရာ့ရဲ့ နိုင်ငံရေး ခံယူချက်၊ သဘောထားအမြင်နဲ့ မိုးကုတ်မြို့အပေါ်ထားတဲ့ ဆရာ့ရဲ့ ခံစားချက်ကို သိနိုင်မှာ ဖြစ်ပါတယ်။ နောက်ထွက်လာမယ့် ဝတ္ထုရှည်အကြောင်းကိုလည်း အနည်းငယ်မိတ်ဆက်ပေးသွားပါတယ်။
အားလုံး ခံစားမျှဝေပေးကြပါဦး ခင်ဗျာ.....
#exploremogok
#mogok #hiking #trekking #camping #mogokgems #mogokruby
ဆောင်းရာသီဆို မြို့ကလေးရဲ့ နေက ပိုနွေးနေတတ်တယ်။ နေထွက်ရာလမ်းကြောင်းက တောင်ဘက်ဆီကို နည်းနည်းပိုသွားပြီး နေလုံးက ကောင်းကင်မှာ နည်းနည်းနိမ့်လာတယ်လို့ ထင်ရတယ်။ နေ့ခင်းနေ့လယ်တွေမှာ အရိပ်ထဲဆို အေးနေတတ်ပြီး နေပူစာလှုံနေမှ နွေးတယ်လို့ ခံစားရတယ်။ ဒီအိမ်ရှေ့ကွပ်ပျစ်လေးမှာ ရေနွေးကြမ်းသောက်ရင်း စာအုပ်လေးဖတ်လိုက် သီချင်းလေးနားထောင်လိုက် တိမ်တွေကိုငေးလိုက် ဘယ်ဆီရောက်နေမှန်းမသိတဲ့ အနွေးဓါတ်ကလေးကို မျှော်လိုက်နဲ့ မိုးကုတ်ရဲ့ ချမ်းအေးလှတဲ့ ဆောင်းနေ့ရက်တွေကို ဖြတ်ကျော်နေရတာပါပဲ။
📍အမေ့အိမ်
တောင်နေကြာ Explore Mogok
ဒီတစ်ပတ်တော့
ပင့်ကူတောင်ဖက်ပေါ့...
တောင်နေကြာပန်းတွေ ပွင့်ချိန်မို့
တောင်နေကြာပန်းတွေနဲ့ပဲ
ထပ်ရိုက်ဖြစ်ခဲ့တယ်...
မိုးကုတ်သူလေးနဲ့
တောင်နေကြာပန်းတွေရဲ့
လိုက်ဖက်လှပနေမှုကို
တင်ဆက်ခွင့်ရလို့
ပျော်ရွှင်ကျေနပ်မိပါရဲ့...
အုန်ဒါန်ရေတံခွန်သို့ အလည်အပတ် ခရီးထွက်
♦️ဒီတစ်ပတ်တော့ ကျွန်တော်တို့ Explore Mogok အဖွဲ့က အမျိုးတွေအတွက် အုန်ဒါန်ရွာမှာရှိတဲ့ အပေါ်ရေတံခွန်ရဲ့ ရင်သပ်ရှုမောဖွယ် အလှတရားတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
♦️အကြိုက်ဆုံးအချက်ကတော့ စပါးခင်းတွေကြား ဖြတ်သွားရတဲ့အခါ မွှေးပျံ့နေတဲ့ ရနံ့တွေ ခံစားရင်း လမ်းလျှောက်ရတာကိုပါ။
#ExploreMogok
#HikingTrekking