Bay of Andaman

Bay of Andaman Everybody deserves to feel the mysterious beauty of Mergui Islands and we are the one to fulfill you

ခုကာလမှာ ​ရှေ့တန်းက လုပ်​ဆောင်​ပေး​နေတဲ့ ဆရာဝန်၊ ဆရာမတွေ အတွက်လိုအပ်နေတာ​လေးကို တစ်​ထောင့်တစ်​နေရာကပါဝင် လှူဒါန်းခဲ့ပါတယ...
22/05/2020

ခုကာလမှာ ​ရှေ့တန်းက လုပ်​ဆောင်​ပေး​နေတဲ့ ဆရာဝန်၊ ဆရာမတွေ အတွက်လိုအပ်နေတာ​လေးကို တစ်​ထောင့်တစ်​နေရာကပါဝင် လှူဒါန်းခဲ့ပါတယ်။
တချို့ ဆရာမ​တွေဆို အ​ဆောင်​တွေက လက်မခံလို့ ​ဆေးရုံမှာ​နေရပြီး အစားအ​သောက် ခက်ခဲကြရတယ်တဲ့။ ​နောက်ထပ်လည်း ဒီလို လိုအပ်​နေတဲ့​နေရာ​တွေကို Team နဲ့ ထပ်မံသွား​ရောက်လှူဒါန်းပါအုန်းမယ်။
Thank you our Hero 😇

16/04/2020
06/03/2020

👩‍🏫Traveling is a part of education “ ဆိုတဲ့အတိုင်း မြိတ်ကျွန်းစုတွေပေါ်မှာ ရှိတဲ့ဒေသခံလူမျိုးတို့ရဲ့ နေထိုင်မှူ cultures လေ့လာရင်း အပန်းဖြေကမ်းခြေခရီးတိုလေး တစ်ခုထွက်ဖို့ စိတ်ကူးရှိနေတယ်ဆိုရင်တော့ 🤔ခမ်းနားတဲ့ နေ့သစ်တစ်ခုကို ဖန်တီးနိုင်ဖို့👇

📣 Day Trip Package @ 120000 Ks per person( 💦သကြင်္န်တွင်း 10-19/April @ 140000 Ks per person )

📣📣📣ခရီးစဉ်တွင် ပါဝင်သည့် ဝန်ဆောင်မှူများ

✔️ဟိုတယ်နှင့်လေဆိပ်ကားအကြိုအပို့
✔️ကျွန်းလည်ပတ်မည့်Boatပေါ်တွင်သုံးဆောင်ရန်(ရေ၊ အအေးနှင့်သစ်သီး )
✔️Snorkel Equipment
✔️Kayaking နှင့် Water Sport များ
✔️ဒေသခံ Marine Guide
✔️နေ့လည်စာ
✔️Travel Insurance

💋ခရီးစဉ်အသေးစိတ်အစီစဉ်လေးကတော့👇👇

🏖ဧည့်သည်တော်တို့အားဟိုတယ်တွင် ကြိုဆိုပြီးနောက် မနက်၈နာရီအချိန်တွင် ကြယ်လိပ်ကျွန်းသို့ထွက်ခွါ
🏖ကြယ်လိပ်ကျွန်းမှာ Relax 😎 Photo Shooting
🏖ပြီးရင် Bailey ကျွန်းသို့ဆက်
🏖ဘေလီကျွန်းရဲ့အရမ်းလန်းတဲ့ Bello Beach မှာ Snorkeling လုပ်ရင်း နီမိုငါးလေးများနဲ့ ရေအောက်အလှတရား
🏖ဘေလီကျွန်းပေါ်မှာပဲ နေ့လည်စာသုံးဆောင်၊ အလှဓါတ်ပုံရိုက်ရင်းအပန်းဖြေပြီးနောက် မိနစ် ၃၀ခန့် မောင်းနှင်ရတဲ့ speedboat နှင့် Smart ကျွန်းသို့ ထွက်ခွါ
🏖Smart ကျွန်းပေါ်မှာ ကျောက်ခဲလှလှလေးတွေနဲ့ ဓါတ်ပုံရိုက် ၊ သဲသောင် ဖြူဖြူနှင့် ပင်လယ်ပြာပြာမှာ ရေဆော့ကစား
🏖ညနေ ၃ နာရီ အချိန်တွင် မြိတ်မြို့သို့ပြန်လည် ထွက်ခွါပြီး လှေဆိပ်မှတစ်ဆင့် ဧည့်သည်တော်များ တည်းခိုရာဟိုတယ်သို့ ပြန်လည်ပို့ဆောင် 🙋🏻🙋🏻‍♀️

Hit me if you are interested😎
Bay of Andaman Tour ☎️ 09 403 78 4932
📱09 95 227 6677, 09 799 00 6060

📣Hey Hey Hey သဲမှူန့်လေးတွေကို “ ပေါင်ဒါမှုန့်လေးလို cheese 🍰 လေးလို တင်စားခံထားရတဲ့ Bailey ကျွန်းပေါ်မှာ 💥Summer Vacati...
05/03/2020

📣Hey Hey Hey သဲမှူန့်လေးတွေကို “ ပေါင်ဒါမှုန့်လေးလို cheese 🍰 လေးလို တင်စားခံထားရတဲ့ Bailey ကျွန်းပေါ်မှာ 💥Summer Vacation 💥ကိုမိသားစု၊သူငယ်ချင်း တွေနဲ့အတူတူဖြတ်သန်းလိုက်ရရင်မကောင်းဘူးလား😍

🏝Bailey ကျွန်း🏝
1 night 2 days trip Package@ 270000 Ks for 1 person😘( 💦သကြင်္န်တွင်း 10-19/April @ 290000 Ks for 1 person )

📣📣📣ခရီးစဉ်တွင် ပါဝင်သည့် ဝန်ဆောင်မှူများ

☑️ဟိုတယ်နှင့်လေဆိပ်ကားအကြိုအပို့
☑️ကျွန်းပေါ်ရှိ Tent တွင် ၁ ညတာတည်းခိုခြင်း (Sharing)
☑️ကျွန်းလည်ပတ်မည့်Boatပေါ်တွင်သုံးဆောင်ရန်(ရေ၊ အအေးနှင့်သစ်သီး )
☑️Snorkel Equipments
☑️ဘေလီကျွန်းရှိ Kayaking နှင့် Water Sport များ
☑️ဒေသခံ Marine Guide
☑️နံနက်စာ၊ နေ့လည်စာ ၊ ညစာများ
☑️Travel Insurance

💋ခရီးစဉ်အသေးစိတ်အစီစဉ်လေးကတော့👇👇

Day- 1️⃣

▪️ဧည့်သည်တော်တို့အားဟိုတယ်တွင် ကြိုဆိုပြီးနောက် မနက်၈နာရီအချိန်တွင် Bailey ကျွန်းသို့ထွက်ခွါ 💃
▪️အရမ်းလန်းတဲ့ Bello Beach မှာ Snorkeling လုပ်ရင်း နီမိုငါးလေးများနဲ့ ရေအောက်အလှတရားကိုခံစား🤩 🐠
▪️နေ့လည်စာသုံးဆောင်၊ အလှဓါတ်ပုံရိုက်ရင်းအပန်းဖြေ 🏝💥🤳
▪️ဘေလီကျွန်း ပေါ်မှာပဲ Dinner သုံးဆောင်ပြီး Tents⛺️ ⛺️⛺️များတွင်အိပ်စက်အနားယူ 😍😴🥰

Day- 2️⃣

▪️နံနက်စောစောနေထွက်လာတဲ့အလှတရားကို Tent ⛺️ ထဲမှကြည့်ရှူခံစား
▪️နံနက်စာ စားအ ပြီးမနက် ၈:၃၀ မှစတင်၍ မိနစ် ၉၀ ကြာ Trekking 👣
▪️ဘေလီကျွန်းပေါ်မှာပဲနေ့လည်စာစားသုံးပြီးနောက် မိနစ် ၃၀ခန့် မောင်းနှင်ရတဲ့ 🚤 speedboat နှင့် Smart ကျွန်းသို့ ထွက်ခွါ
▪️Smart ကျွန်းပေါ်မှာ ကျောက်ခဲလှလှလေးတွေနဲ့ ဓါတ်ပုံရိုက် ၊ သဲသောင် ဖြူဖြူနှင့် ပင်လယ်ပြာပြာမှာ ရေဆော့ကစား
▪️ညနေ ၃ နာရီ အချိန်တွင် မြိတ်မြို့သို့ပြန်လည် ထွက်ခွါပြီး လှေဆိပ်မှတစ်ဆင့် ဧည့်သည်တော်များ တည်းခိုရာဟိုတယ်သို့ ပြန်လည်ပို့ဆောင် 🙋🏻🙋🏻‍♀️

Hit me if you are interested😎
Bay of Andaman Tour ☎️ 09 403 78 4932
📱09 95 227 6677, 09 799 00 6060

အရမ်းစိတ်ဝင်စားနေတဲ့ Bailey ကျွန်း ညအိပ်ခရီးစဉ်လေးတွေအကြောင်း ပြောပြပါရစေ။ဒီကျွန်းလေးမှာတော့ တစ်ညအိပ် ခရီးစဉ်နဲ့ နှစ်ညအိ...
24/02/2020

အရမ်းစိတ်ဝင်စားနေတဲ့ Bailey ကျွန်း ညအိပ်ခရီးစဉ်လေးတွေအကြောင်း ပြောပြပါရစေ။

ဒီကျွန်းလေးမှာတော့ တစ်ညအိပ် ခရီးစဉ်နဲ့ နှစ်ညအိပ် ခရီးစဉ်ဆိုပြီး ၂မျိုးရှိပါတယ်။ ကျွန်းလေးပေါ်မှာ ညအိပ်ရတဲ့ အရသာကို ခံစားလိုသူတွေအတွက် တစ်ညအိပ် ခရီးစဉ်ကို ရွေးချယ်သင့်ပြီး လွတ်လွတ်လပ်လပ် နားနားနေနေ နေချင်သူတွေအတွက် နှစ်ညအိပ်ခရီးစဉ်ကို ရွေးချယ်သင့်ပါတယ်။

တစ်ညအိပ်ခရီးစဉ်လေးမှာတော့
မနက် ၇နာရီခွဲမှာ တည်းခိုရာ ဟိုတယ်ကနေ လာရောက်ကြိုဆိုမှာ ဖြစ်ပါတယ်။
မနက် ၈နာရီကျော်မှာတော့ ဆိပ်ငယ်လှေဆိပ်ကနေ တဆင့် အရမ်းလှတဲ့ ကျွန်းလေး Bailey ကို စတင် ထွက်ခွာမှာ ဖြစ်ပါတယ်။
၂နာရီခန့် လှေပေါ်မှာ ပျော်ပျော်ပါးပါး စီးပြီးရင်တော့ ကျွန်းလေးကိုရောက်ရှိမှာ ဖြစ်ပါတယ်။
နေ့လည်စာ၊ ညစာ အစီအစဉ်များ ပါဝင်ပြီးဖြစ်ပါတယ်။
ကျွန်းမှာရှိတဲ့ Glass Boat , Floating bed အပါအဝင် အသုံးအဆောင်များဟာ မည်သည့်အခကြေးငွေမှ ထပ်ပေးစရာမလိုပဲ အလှည့်ကျ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ Banana Boat ကတော့ တစ်ဦးလျင် ၅၀၀၀ ကျပ်နဲ့ အဝပျော်ရမှာ ဖြစ်ပါတယ်။
ဒုတိယနေ့မှာတော့ နေ့လည်စာ သုံးဆောင်ပြီးနောက် မြိတ်မြို့ကို ပြန်လည်ထွက်ခွာလာမှာ ဖြစ်ပြီး ကျောက်စရစ်ကမ်းခြေတစ်ဖက် သဲဖြူကမ်းခြေတစ်ဖက်နဲ့Smart ကျွန်းကို ဝင်ရောက်ပေးမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်လေးရဲ့ ဈေးနှုန်းကတော့ တစ်ဦးလျင် 270000 ကျပ် ဖြစ်ပါတယ်။

နှစ်ညအိပ်ခရီးစဉ်လေးမှာတော့
တစ်ညအိပ် ခရီးစဉ်ရဲ့ အစီအစဉ်များ အပြင် ကြယ်လိပ်ကျွန်းသို့ သွားရောက်လည်ပတ်ခြင်း ၊ Bailey ကျွန်းရဲ့ အခြား အော် များသို့ သွားရောက်လည်ပတ်ခြင်းများ ပါဝင်မှာဖြစ်သလို Smart ကျွန်းကိုလည်း ဝင်ရောက်လည်ပတ်ပေးမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်လေးရဲ့ ဈေးနှုန်းကတော့ တစ်ဦးလျင် 330000 ကျပ် ဖြစ်ပါတယ်။

ဒီခရီးစဉ်လေးတွေကိုတော့ Bay of Andaman ခရီးသွားလုပ်ငန်း ဖုန်းနံပါတ် 09952276677 မှာ အားပေးနိုင်သလို မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းရုံးများမှာလည်း ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း အသိပေးပါရစေ။

Bay of Andaman ခရီးသွားလုပ်ငန်းကနေ ခုလို ခရီးစဉ်တွေကို စီစဉ်ပေးနေပြီမို့ အမြန်ဆုံး စုံစမ်းလိုက်ဖို့ မမေ့နဲ့နော်။ဖုန်းန...
20/02/2020

Bay of Andaman ခရီးသွားလုပ်ငန်းကနေ ခုလို ခရီးစဉ်တွေကို စီစဉ်ပေးနေပြီမို့ အမြန်ဆုံး စုံစမ်းလိုက်ဖို့ မမေ့နဲ့နော်။
ဖုန်းနံပါတ်က 09952276677 ဖြစ်ပါတယ်ရှင့်။
My Khayee - မိုင်ခရီး ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ပုံလေးတွေ အရမ်းလှ။

ချစ်သူများနေ့မှာ ချစ်သူတိုင်း ပျော်ရွှင်ပါစေ။ဒီနှစ်မှာ တစ်ယောက်တည်းမို့ မပျော်ရွှင်လည်း နောက်နှစ်တော့ ပျော်ရပါစေ။ချစ်သူရ...
14/02/2020

ချစ်သူများနေ့မှာ ချစ်သူတိုင်း ပျော်ရွှင်ပါစေ။
ဒီနှစ်မှာ တစ်ယောက်တည်းမို့ မပျော်ရွှင်လည်း နောက်နှစ်တော့ ပျော်ရပါစေ။
ချစ်သူရတဲ့အခါ BOA နဲ့ ခရီးသွားပြီး ပျော်ရွှင်စရာ အမှတ်တရတွေ အများကြီး ဖန်တီးနိုင်ပါစေနော်။

ချစ်သူနဲ့အတူ Valentine’s Day မှာ ဘယ်လိုဖြတ်သန်းကြမလဲ..Bailey ကျွန်းကို လာရောက်လည်ပတ်မယ့် ချစ်သူတွေကတော့ ကျွန်းရဲ့ အလှဆုံ...
05/02/2020

ချစ်သူနဲ့အတူ Valentine’s Day မှာ ဘယ်လိုဖြတ်သန်းကြမလဲ..
Bailey ကျွန်းကို လာရောက်လည်ပတ်မယ့် ချစ်သူတွေကတော့ ကျွန်းရဲ့ အလှဆုံးနေရာတွေမှာ ဓာတ်ပုံလေးတွေ တူတူရိုက်လို့ရမယ်။
Glass Boat အကြည်လေးမှာ နှစ်ယောက်အတူ တွဲရိုက်မလား
Kayak တူတူ လှော်မလား
Banana Boat တူတူ စီးမလား
Baywatch မျှော်စင်လေးနဲ့တူတူ တွဲရိုက်မလား
Snorkeling တူတူလုပ်ရင်း Underwater Couple Photo ရိုက်မလား
ကြည်နူးစရာတွေ အများကြီးပါပဲ။
ဒီတော့ Valentine’s Day မှာ ချစ်သူနဲ့အတူ မြိတ်ကို ခရီးထွက်မယ့်သူတွေအားလုံး Bailey ကျွန်းလေးကို လာရောက်လည်ပတ်ဖို့ မမေ့နဲ့နော်။
BOA မှာတော့ Bailey ကျွန်း ခရီးစဉ်လေးအပြင် အခြားကျွန်းခရီးစဉ်တွေကိုပါ ရောင်းချပေးနေပါပြီ။

Bailey SwingBailey ကျွန်းကို လာရောက်လည်ပတ်သူတိုင်း ဓာတ်ပုံမရိုက်မဖြစ် ရိုက်ကြတဲ့ Bailey Swing လေးပါ။ ကြည်လင်တဲ့ ရေပြင် ဖ...
21/01/2020

Bailey Swing
Bailey ကျွန်းကို လာရောက်လည်ပတ်သူတိုင်း ဓာတ်ပုံမရိုက်မဖြစ် ရိုက်ကြတဲ့ Bailey Swing လေးပါ။ ကြည်လင်တဲ့ ရေပြင် ဖြူလွလွသောင်ပြင်လေးတွေနဲ့ ဒန်းလေးပေါ် အမှတ်တရ ဓာတ်ပုံရိုက်ထားတဲ့သူတွေရှိရင် ဒီ Post အောက်မှာ Comment ပေးနိုင်ပါတယ်နော်။
ဧည့်သည်တော်တွေရဲ့ ပုံတွေကို အမှတ်တရ ပြန်တင်ပေးချင်လို့ 😍

ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး ကာလဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
18/01/2020

ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူး ကာလဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ဒီနေ့တော့ မြိတ်ကျွန်းစုကို ချစ်တဲ့သူတွေအတွက်  ဉာဏ်စမ်းလိုက်ဦးမယ်။(1) ဒီပုံထဲမှာ ပါတဲ့ အစားအသောက်ကို နာမည် ဘယ်လိုခေါ်ပါသလ...
13/01/2020

ဒီနေ့တော့ မြိတ်ကျွန်းစုကို ချစ်တဲ့သူတွေအတွက် ဉာဏ်စမ်းလိုက်ဦးမယ်။
(1) ဒီပုံထဲမှာ ပါတဲ့ အစားအသောက်ကို နာမည် ဘယ်လိုခေါ်ပါသလဲ။
(2) ပြီးတော့ ဘယ်အရာတွေနဲ့ ဖျော်စပ်ထားပါသလဲ။

အကုန်လုံး မှန်အောင် ဖြေနိုင်ရင်တော့ ဒါ မြိတ်ကျွန်းစုတွေနဲ့ မြိတ်ရိုးရာ အစားအသောက်တွေကို တော်တော် ချစ်လို့ပဲ။
မြိတ်ကလူတွေ ဝင်မဖြေရဘူးနော် :D

ဘေလီကျွန်း နေ့ချင်းပြန် ခရီးစဉ်လေး သွားကြမယ်မြိတ်ရဲ့ အရမ်းလှတဲ့ ကျွန်းလေးဖြစ်တဲ့ ဘေလီကျွန်းလေးကို နေ့ချင်းပြန် ခရီးစဉ်လေ...
07/01/2020

ဘေလီကျွန်း နေ့ချင်းပြန် ခရီးစဉ်လေး သွားကြမယ်

မြိတ်ရဲ့ အရမ်းလှတဲ့ ကျွန်းလေးဖြစ်တဲ့ ဘေလီကျွန်းလေးကို နေ့ချင်းပြန် ခရီးစဉ်လေးသွားမယ်ဆို လမ်းတလျှောက် မြင်တွေ့ခံစားရမယ့် အလှအပများနဲ့ ဝန်ဆောင်မှုများကို ပြောပြပါရစေ။

တည်းခိုရာ ဟိုတယ်ကနေ မနက် ၇နာရီခွဲခန့်မှာ လာကြိုပြီး ဆိပ်ငယ်လှေဆိပ်ဆီသွားမယ်
အသင့်စောင့်နေတဲ့ Speed Boat လေးပေါ်တက်ပြီး အမိုက်စား ကျွန်းတွေဆီ ထွက်ခွာမယ်
ဘေလီကျွန်းလေးကို ရောက်ရင်တော့ ကြည်လင်နေတဲ့ ရေပြင်နဲ့ သန္တာကျောက်တန်းတွေကို စတင် မြင်တွေ့ရတော့မှာပါ။
ပင်လယ်စာတွေနဲ့ နေ့လည်စာ မသုံးဆောင်ခင် Snorkeling လေး လုပ်မယ် ။ ရေထဲမှာ ကစားနည်းတွေ ဆော့မယ်။
ပြီးတာနဲ့ ပင်လယ်စာတွေစားပြီး နေ့လည်စာ စားမယ်။
ဟော ခနနားပြီးရင် လာပါပြီ တစ်ကျွန်းလုံးမှာ ဓာတ်ပုံပတ်ရိုက်စရာ နေရာတွေချည်းပဲဆိုတော့ ဒန်းလေးနဲ့ပဲ ရိုက်မလား၊ ရေအောက်မှာပဲ သွားရိုက်မလား ၊ ရွက်ဖျင်တဲလေးရှေ့ အမှတ်တရ ရိုက်မလား ၊ Glass Boat လေး လှော်ပြီးတော့ပဲ ရိုက်မလား ပျော်စရာကြီးပါပဲ။

ကျွန်းကအပြန်မှာတော့ နာမည်ကျော် ကျောက်လုံးကမ်းခြေရယ်လို့ နာမည်ကြီးတဲ့ Smart ကျွန်းကို ဝင်ရောက်လည်ပတ်ဦးမှာပါ။
မြိတ်ကို အပြန်ခရီးမှာတော့ သက်တောင့်သက်သာလေး Speed Boat လေးပေါ်မှာ မှေးပြီး ပြန်လာလို့ ရပြီမို့ အေးအေးဆေးဆေးပါပဲ။
ဒါ့အပြင် တည်းခိုရာ ဟိုတယ်ထိကိုလည်း ပြန်လည်ပို့ဆောင်ပေးမှာဖြစ်လို့ ဘာမှ စိတ်ပူစရာ မလိုတော့ဘူးပေါ့။

အရမ်းလှတဲ့ ဒီကျွန်းလေးကို လာလည်ဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ 09952276677 ကို ဆက်သွယ်ပြီး အသေးစိတ် အချက်အလက်တွေကို မေးမြန်းလို့ ရပြီနော်။

2020 ရဲ့ ပထမဆုံး ပိတ်ရက်လေးမှာ မြိတ်ကို အလည်လာမယ့်သူတွေအတွက် ဘေလီကျွန်းလေးကနေ ဖိတ်ခေါ်ပါရစေနော်။အရမ်းလှတဲ့ ပင်လယ်ကမ်းခြေ...
03/01/2020

2020 ရဲ့ ပထမဆုံး ပိတ်ရက်လေးမှာ မြိတ်ကို အလည်လာမယ့်သူတွေအတွက် ဘေလီကျွန်းလေးကနေ ဖိတ်ခေါ်ပါရစေနော်။
အရမ်းလှတဲ့ ပင်လယ်ကမ်းခြေကို နောက်ခံထားပြီး ဓာတ်ပုံရိုက်လို့ရမယ့် ဒန်းလေးတွေ
ရွက်ဖျင်တဲလှလှလေးတွေ
ရေပေါ်ရေအောက် ကစားလို့ရမယ့် ကစားနည်းများ
Glass Boat အကြည်လေးတွေနဲ့ ရေအောက်က အလှတရားတွေကို ကြည့်ရှုခံစားလို့ရမယ်
Banana Boat လေးလည်း စီးလို့ရမယ်
နီမိုငါးလေးတွေ သန္တာကျောက်တန်းလေးတွေကိုလည်း တဝကြီး တွေ့ရဦးမယ် အပြင်
ကံကောင်းရင်တော့ သိပ်ချစ်စရာကောင်းပြီး လူကို ရန်ပြုလေ့မရှိတဲ့ သဲငါးမန်းခေါ် Black Tip Reef Shark လေးတွေကို တွေ့ခွင့်ရမှာပါ။
ဒီခရီးစဉ်လေးအကြောင်း အသေးစိတ် သိချင်ရင်တော့ ၀၉၉၅၂၂၇၆၆၇၇ ကို အခုပဲ ဆက်သွယ်လိုက်လို့ ရပါပြီနော်။

ပျော်ရွှင်စရာ ခရစ်စမတ်ကာလဖြစ်ပါစေလို့ Bay of Andaman အဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ်။ချစ်ခြင်းမေတ္တာ ၊ ငြိမ်းချမ်းမှုန...
25/12/2019

ပျော်ရွှင်စရာ ခရစ်စမတ်ကာလဖြစ်ပါစေလို့ Bay of Andaman အဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်ခြင်းမေတ္တာ ၊ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်ခြင်းတို့ကို ပိုင်ဆိုင် ရပါစေကြောင်း ဆုတောင်းလျက်

ပျော်ရွှင်စရာအကောင်းဆုံး နှစ်သစ်ကူး ဖြစ်ဖို့ Bailey ကျွန်းမှာ နှစ်သစ်ကူးကြစို့ဟိုးမြိတ်ကျွန်းစုထဲက အလှဆုံး ကျွန်းတစ်ခုဖြစ...
22/12/2019

ပျော်ရွှင်စရာအကောင်းဆုံး နှစ်သစ်ကူး ဖြစ်ဖို့ Bailey ကျွန်းမှာ နှစ်သစ်ကူးကြစို့

ဟိုးမြိတ်ကျွန်းစုထဲက အလှဆုံး ကျွန်းတစ်ခုဖြစ်တဲ့ Bailey ကျွန်းလေးမှာတော့ နှစ်သစ်ကူးအတွက် မီးရှုးမီးပန်းလေးတွေဖောက်ရင်း ကျော်ဖြတ်မယ်။ ပင်လယ်စာ အစုံကင် ၊ မီးပုံပွဲလေးနဲ့ ဆယ်စုနှစ်တစ်ခုကို နှုတ်ဆက်ပြီး ဆယ်စုနှစ်တစ်ခုကို ကြိုဆိုဖို့ ရှိပါမယ်။
လူတွေအများကြီး ရှုပ်မယ့်နေရာတွေကို ရှောင်လိုသူများ
မြိတ်ကျွန်းစု ဒေသကို ချစ်မြတ်နိုးသူများ
Nemo & Coral အလှအပတွေကို မြင်တွေ့လိုသူများအတွက် အထူးသင့်တော်တဲ့ ခရီးစဉ်လေးဖြစ်ပါတယ်။
ဒီလို ကျွန်းမှာ တစ်ညအိပ်မယ့် ခရီးစဉ်လေးအတွက် အသေးစိတ်စုံစမ်းလိုတယ်ဆိုရင်တော့
Myeik Office - 09952276677
Yangon Office - 09789920557 တို့မှာ အသေးစိတ် စုံစမ်းနိုင်ပါတယ်။
အားလုံးနဲ့ မတူတဲ့ အမှတ်တရ နှစ်သစ်ကူးတစ်ခုကို ဖြတ်သန်းဖို့ အခုပဲ ဖုန်းခေါ်လိုက်ရအောင်...

နှစ်သစ်ကူးပိတ်ရက်တွေမှာ Bailey ကျွန်းလေးဆီ အရောက်သွားရအောင်၂၀၁၉  နှစ်ကုန်မှာ ကျရောက်မယ့် ပိတ်ရက်ရှည်တွေ အတွက် နာမည်ကျော်...
16/12/2019

နှစ်သစ်ကူးပိတ်ရက်တွေမှာ Bailey ကျွန်းလေးဆီ အရောက်သွားရအောင်

၂၀၁၉ နှစ်ကုန်မှာ ကျရောက်မယ့် ပိတ်ရက်ရှည်တွေ အတွက် နာမည်ကျော် မြိတ်ကျွန်းစုရဲ့ အလှပဆုံး ကျွန်းတွေထဲက တစ်ခုဖြစ်တဲ့ Bailey ကျွန်းဆီ အရောက်သွားဖို့ အကြံပေးပါရစေ။

ကြည်လင်စိမ်းမြနေတဲ့ရေပြင်
အရောင်အသွေး စုံလင်စွာ လှပနေတဲ့ ရေအောက်သန္တာကျောက်တန်းများနဲ့ငါးကလေးတွေ
ရွေးချယ်စရာစုံလင်တဲ့ ကမ်းခြေနဲ့ရေပေါ်ကစားနည်းတွေ
ကျွမ်းကျင်တဲ့ စားဖိုမှုးကြီးက ချက်ပြုတ်ထားတဲ့ ပင်လယ်စာဟင်းလျာများ
အားလုံးကို တစုတစည်းထဲ ဒီကျွန်းလေးမှာ မြင်တွေ့နိုင်မှာပါ။

ဒီတော့ ပိတ်ရက်ရှည်တွေအတွက် ခရီးသွားမယ်ဆို ရွေးချယ်စရာထဲကတစ်ခုဖြစ်တဲ့ မြိတ်ကျွန်းစုထဲက Bailey ကျွန်းလေးကို ခရီးထွက်ရအောင် အခုပဲ ဖုန်းဆက်ပြီး အသေးစိတ်မေးမြန်းလိုက်ရအောင်။

မြိတ်ကျွန်းစုတွေဆီ သွားကြမယ်ဆောင်းရာသီဖြစ်လာပြီဆိုတော့ မြိတ်ကျွန်းစုတွေကို လည်ဖို့ အကောင်းဆုံး အချိန်ကို ရောက်လို့နေပြီေ...
06/12/2019

မြိတ်ကျွန်းစုတွေဆီ သွားကြမယ်

ဆောင်းရာသီဖြစ်လာပြီဆိုတော့ မြိတ်ကျွန်းစုတွေကို လည်ဖို့ အကောင်းဆုံး အချိန်ကို ရောက်လို့နေပြီလေ။ ရန်ကုန်ကနေ မြိတ်မြို့အနီးက ကျွန်းတွေဆီ အရောက်သွားဖို့ Bay of Andaman ရဲ့ ခရီးစဉ်လေးတွေကို ဖော်ပြလိုက်ပါတယ်။

မြိတ် - Bailey - Smart ခရီးစဉ် (၂ညအိပ်၃ရက်)

အသွားအပြန်လေယာဉ်လက်မှတ်၊ မြိတ်မြို့ရဲ့ကြယ်၃ပွင့်အဆင့်ရှိ ဟိုတယ်မှာ ၂ညတာ တည်းခိုခွင့် ၊ Bailey ကျွန်းနဲ့ Smart ကျွန်းသို့ ကျွန်းပတ်ခရီးစဉ်အပါအ၀င် အစားအသောက်အကုန် ပါဝင်ပြီးဖြစ်တဲ့ Package လေးဖြစ်ပါတယ်။
တစ်ဦးလျင် ၄၂၀,၀၀၀ကျပ် ကျသင့်မှာ ဖြစ်ပြီး မြိတ်မြို့ရှိ အထင်ကရနေရာများကိုပါ ပို့ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။

မြိတ်-Bailey(Island Camping)- Smart ခရီးစဉ် (၃ညအိပ်၎ရက်)

အသွားအပြန် လေယာဉ်လက်မှတ် ၊ Bailey ကျွန်းလေးမှာ တစ်ညတာ တည်းခိုခွင့် ၊ မြိတ်က ဟိုတယ်မှာ ၂ညတာ တည်းခိုခွင့် ၊ ကြယ်လိပ်ကျွန်း Bailey ကျွန်း Smart ကျွန်းတို့ကို လည်ပတ်ခွင့်အပါအ၀င် အစားအသောက်အကုန်ပါတဲ့ ခရီးစဉ်လေး ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွက်ကိုတော့ တစ်ဦးလျင် ၅၉၀၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပြီး နာမည်ကျော် အထင်ကရနေရာများကိုပါ ခံစားနိုင်ဦးမှာဖြစ်ပါတယ်။

Bailey ကျွန်းဆိုတာတော့ ဒီနှစ်ထဲ မြိတ်မြို့အနီးက ကျွန်းတွေထဲမှာ နာမည်ကြီးလာတဲ့ ကျွန်းလေးဖြစ်ပြီး ကျွန်းပေါ်မှာတင် ကမ်းခြေ ၃ခု ရှိခြင်း ၊ Banana Boat နဲ့ Glass Boat များ ရှိခြင်း ၊ ကြည်လင်နေသော ရေပြာအိုင်သဖွယ်လှပနေခြင်း စတဲ့ အားသာချက်တွေ အများကြီးနဲ့ ကျွန်းလေးဖြစ်ပါတယ်။

ဒီခရီးစဉ်လေးတွေကို ၀ယ်ယူလိုတယ်ဆိုရင်တော့ 09952276677 နဲ့ 09789920557 ကို ဆက်သွယ် မေးမြန်းလို့ ရပါတယ်။

Glass Boat AdventureGlass Boat ဆိုတာကတော့ ကြည်လင်နေတဲ့ ရေပြင်လေးမှာ ရေစိုစရာမလိုပဲ ရေအောက်အလှအပတွေကို တ၀ကြီး ခံစားနိုင်မ...
04/12/2019

Glass Boat Adventure

Glass Boat ဆိုတာကတော့ ကြည်လင်နေတဲ့ ရေပြင်လေးမှာ ရေစိုစရာမလိုပဲ ရေအောက်အလှအပတွေကို တ၀ကြီး ခံစားနိုင်မယ့် Activity တစ်မျိုးပဲ ဖြစ်ပါတယ်။

Bailey ကျွန်းလေးမှာတော့ ရေအောက်က သန္တာကျောက်တန်းတွေနဲ့ ချစ်စရာငါးလေးတွေ အများကြီး ရှိသလို ရေကလည်း ကြည်စိမ်းနေတာမို့ အရမ်းမိုက်တဲ့ ခံစားမှုတွေကို ပေးမှာ အသေအချာပါပဲ။

Bailey ကျွန်းလေးကို သွားရောက်လည်ပတ်ပြီး Glass Boat စီးရတဲ့ ခံစားချက်လေးကို လိုချင်တယ်ဆိုရင်တော့ ဖုန်းနံပါတ် ၀၉၉၅၂၂၇၆၆၇၇ ကို ဆက်သွယ်ပြီး အသေးစိတ်အချက်အလက်တွေကို မေးမြန်းလို့ရပါပြီ။

ဆောင်းရာသီဆိုတာက မြိတ်ကျွန်းစုရဲ့ လည်ပတ်ချင်စရာအကောင်းဆုံး ရာသီဥတုဖြစ်တာမို့ နေ့ချင်းပြန်ခရီးစဉ်ပဲဖြစ်ဖြစ် ကျွန်းလေးပေါ်မှာ တစ်ညတည်းခိုပြီး မြိတ်ကျွန်းစုရဲ့ အလှတွေကိုပဲ တ၀ကြီးခံစားမလား ဘာပဲလိုလို BOA မှာ ရနေပြီနော်။

ချစ်စရာ Black Tip Reef Shark လေးတွေ လာသွားတဲ့ မြိတ်က ကျွန်းလေးဆီ ရောက်ပြီးပြီလားဒီဇင်ဘာလအတွင်း Bailey ကျွန်းကို လာလည်မယ့...
29/11/2019

ချစ်စရာ Black Tip Reef Shark လေးတွေ လာသွားတဲ့ မြိတ်က ကျွန်းလေးဆီ ရောက်ပြီးပြီလား

ဒီဇင်ဘာလအတွင်း Bailey ကျွန်းကို လာလည်မယ့် မိတ်ဆွေတွေအတွက် ရောင်းချပေးမယ့် ခရီးစဉ်တွေကတော့

(၁) Bailey - Smart နေ့ချင်းပြန်ခရီးစဉ်

ရေပေါ်ရေအောက်ကစားနည်းတွေစုံတဲ့ Bailey ကျွန်း ၊ ကျောက်လုံးကမ်းခြေလေးရှိရာ Smart ကျွန်းလေးတွေကို သွားရင်းသန္တာကျောက်တန်း အလှတွေကို ကြည့်ချင်မယ့် သူတွေအတွက်တော့ ရွေးချယ်စရာခရီးစဉ်လေးဖြစ်ပါတယ်။
တစ်ဦးလျင် ၁၁၀၀၀၀ကျပ်နဲ့ အ၀ပျော်ရမယ့် ခရီးစဉ်ပါ။

(၂) ကျွန်းလေးပေါ်မှာ တစ်ညတာ ( Bailey - Smart ) ခရီးစဉ်

ကျွန်းပေါ်မှာဆိုပေမယ့် ရေချိုပေါတဲ့အပြင် ရေချိုးခန်း အိမ်သာ လည်း ပေါပေါများများရှိနေမှာဖြစ်တာကြောင့် စိတ်ပူစရာမလိုပဲ ပျော်ပျော်ရွှင်ရွှင် ကျွန်းပေါ်က ညလေးကို ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။
ကျွန်းပေါ်မှာတင် ကမ်းခြေ ၃ခုကို အ၀လည်နိုင်မယ့်အပြင် မြိတ်သို့ အပြန်ခရီးမှာလည်း Smart ကျွန်းကို လည်ပတ်ဦးမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်လေးအတွက်ကတော့ တစ်ဦးလျင် ၂၇၀၀၀၀ကျပ်ပါ

(၃) Bailey - ကြယ်လိပ် - Smart ကျွန်း နေ့ချင်းပြန်ခရီးစဉ်

Bailey ကျွန်းကိုလည်းရောက်ချင် ၊ ကျွန်းများများလည်း လည်ချင်ဆိုတဲ့သူတွေအတွက်ကတော့ ဒီခရီးစဉ်က မျက်စိမှိတ် ရွေးချယ်ရမယ့် ခရီးစဉ်လေးပဲ ဖြစ်ပါတယ်နော်။ Snorkeling တွေ တ၀ကြီး လုပ်ရမယ့် ခရီးစဉ်လေးဖြစ်တာမို့ အ၀ကဲဖို့ ပြင်ဆင်ထားဖို့ လိုပါတယ်။
ဒီခရီးစဉ်လေးကတော့ တစ်ဦးလျင် ၁၂၀၀၀၀ကျပ် ဖြစ်ပါတယ်။

ခရီးစဉ်အားလုံးမှာ အစားအသောက်ရော၊ ကျွမ်းကျင်တဲ့ ရေကြောင်းပြ၀န်ထမ်းတွေ ၊ စိတ်ရှည် ပျူငှာတဲ့ Tour Leader တွေ ၊ သစ်သီးတွေ ၊ အအေးတွေပါ ပါဝင်ပြီးသားဖြစ်ပါတယ်။

ဖော်ပြပါ ခရီးစဉ်တွေ အားလုံးဟာ မြိတ်မြို့က စတင်မယ့် ခရီးစဉ်များ ဖြစ်ပြီး ရန်ကုန်ကနေ မြိတ်မြို့အထိ လေယာဉ်လက်မှတ် ၊ မြိတ်မြို့တွင် ဟိုတယ်Booking တင်ခြင်းတို့အတွက်လည်း ၀န်ဆောင်မှု ပေးနေပါတယ်။

လူဦးရေ အနည်းဆုံး ၆ ယောက်ရှိတာနဲ့ ထွက်ရှိမယ့် ခရီးစဉ်တွေဖြစ်တာမို့ 09952276677 ကို ဆက်သွယ်လို့ အမြန်ဆုံး Booking တင်လိုက်ဖို့ မမေ့နဲ့နော်။

ဟာ.. ဘာလေးတွေပါလိမ့်..Bailey ကျွန်းကို အထူးဧည့်သည်လေးတွေ လာလည်သွားတယ်နော့Black Tip Reef Shark လို့ ခေါ်ကြတဲ့ ဒီငါးမန်းလေး...
28/11/2019

ဟာ.. ဘာလေးတွေပါလိမ့်..
Bailey ကျွန်းကို အထူးဧည့်သည်လေးတွေ လာလည်သွားတယ်နော့

Black Tip Reef Shark လို့ ခေါ်ကြတဲ့ ဒီငါးမန်းလေးတွေက အိန္ဒိယ သမုဒ္ဒရာထဲမှာ ကျင်လည်ကြပြီး ကျွန်းတွေအနီးအနားကိုတော့ တခါတရံမှ ရောက်လာတတ်ကြတာ ဖြစ်သလို လူကို အန္တရာယ်ပေးလေ့မရှိတဲ့ ငါးမန်းလေးတွေ ဖြစ်ပါတယ်။

Bailey ကျွန်းလေးရဲ့ ကြည်လင်တဲ့ရေအလှနဲ့ ပျော်မြူးနေတဲ့ ငါးမန်းလေးတွေကို တွေ့ရဖို့ အခုပဲ BOA မှာ Booking တင်လိုက်ရအောင် 09952276677 ကို ဆက်လိုက်ပါတော့။

ဒီဇင်ဘာလတွင်းမှာ ရှိမယ့် ခရီးစဉ်လေးတွေကိုလည်း မကြာမီ ကြေငြာပေးမှာမို့ See First and Follow လုပ်ထားဖို့ မမေ့နဲ့နော်။

မြိတ်မြို့အနီးက Private Island ဖြစ်တဲ့ Bailey ကျွန်းမှာ ရွက်ဖျင်တဲလေးတွေနဲ့ တစ်ညတာအိပ်စက်ရင်း  မြိတ်ကျွန်းစုရဲ့ အလှအပတွေ...
25/11/2019

မြိတ်မြို့အနီးက Private Island ဖြစ်တဲ့ Bailey ကျွန်းမှာ ရွက်ဖျင်တဲလေးတွေနဲ့ တစ်ညတာအိပ်စက်ရင်း မြိတ်ကျွန်းစုရဲ့ အလှအပတွေကို ခံစားကြမယ်

ဒီခရီးစဉ်လေးမှာတော့ မနက် ၈နာရီ မြိတ်မြို့ကနေ Bailey ကျွန်းလေးဆီ Speed Boat လေးစီးပြီး အရောက်သွားမယ်။

ကျွန်းကို ရောက်ရင် အလှတမျိုးစီနဲ့ ကမ်းခြေ၃ခုဆီ အရောက်သွားမယ်။ ရေပေါ်မှာ ဆော့လို့ရမယ့် Kayak တွေ Glass Boat လေးတွေ စီးမယ်။

Banana Boat စီးချင်သေးရင်လည်း ရတယ်နော်။

သန္တာကျောက်တန်းတွေရဲ့ အလှအပနဲ့ Nemo လေးတွေကို ကြည့်ဖို့ကတော့ Snorkeling လေး လုပ်မယ်လေ။

ညမှာလည်း မီးပုံပွဲလေးမှာ အတူတူပျော်ကြမယ်။

အမိုက်စား ရွက်ဖျင်တဲလေးတွေမှာ အိပ်ရင်း ကြယ်တွေကို ကြည့်မယ်။

ရေချိုပေါတဲ့ ဒေသဖြစ်တဲ့အပြင် ရေချိုးခန်းနဲ့ သန့်စင်ခန်းများကိုလည်း အခိုင်အမာ ဆောက်လုပ်ပေးထားတာကြောင့် ပင်လယ်ရေနဲ့အ၀ဆော့ပြီး ရေချိုလေး အေးဆေးချိုးလို့ ရပါတယ်။

ပင်လယ်ကိုရောက်မှတော့ ပင်လယ်စာတွေလည်း အ၀စားချင်မှာပေါ့။ Bailey ကျွန်းလေးမှာကတော့ ပင်လယ်စာတွေကို သေသေချာချာ ချက်ကျွေးမယ့် အမိုက်စား Chef ရှိနေတာမို့ စိတ်ပူစရာ မလိုတော့ပါဘူး။

ဒီခရီးစဉ်လေးရဲ့ အပြန်ခရီးစဉ်မှာတော့ နာမည်ကျော် Smart ကျောက်လုံးကမ်းခြေဆီ အရောက်ပို့ဆောင်ပေးဦးမှာ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို မေးမြန်းလိုတယ်ဆိုရင်တော့ 09952276677 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဦးမောင်ရေ ... အန်တီရွှေဇီးကွက်ကို တွေ့ပြီဗျို့ ....အခုလိုမျိုး ြမိတ်ကျွန်းစုရဲ့ အလှဆုံး ဘေလီကျွန်းလေးကို လာရောက်လည်ပတ်ပေ...
23/11/2019

ဦးမောင်ရေ ... အန်တီရွှေဇီးကွက်ကို တွေ့ပြီဗျို့ ....
အခုလိုမျိုး ြမိတ်ကျွန်းစုရဲ့ အလှဆုံး ဘေလီကျွန်းလေးကို လာရောက်လည်ပတ်ပေးတဲ့ အန်တီရွှေဇီးကွက်ကိုလည်း Bay of Andaman Travel မှ အထူး ကျေးဇူးတင်ရှိပါတယ် ခင်ဗျ 😍😍

မြိတ်မြို့မှာ ဘယ်ကျွန်းတွေကို လည်လို့ ရပါသလဲမြိတ်မြို့ကို လာရောက်တဲ့ ခရီးသည်တိုင်း ကြုံရလေ့ ရှိတာက ဘယ်ကျွန်းတွေကို သွားလ...
06/11/2019

မြိတ်မြို့မှာ ဘယ်ကျွန်းတွေကို လည်လို့ ရပါသလဲ

မြိတ်မြို့ကို လာရောက်တဲ့ ခရီးသည်တိုင်း ကြုံရလေ့ ရှိတာက ဘယ်ကျွန်းတွေကို သွားလည်မလဲ ဆိုတာပါပဲ။ ဒီနေ့တော့ မြိတ်မြို့မှာ သွားရောက်လည်ပတ်လို့ရမယ့် ကျွန်းပတ်ခရီးစဉ်တွေအကြောင်းကို ဖော်ပြလိုက်ပါတယ်။

(၁) Smart - ဒုံးရေတံခွန် - ဒုံးညောင်မှိုင်း
မြိတ်မှာနာမည်ကြီးတဲ့နေရာတွေ အချိန်သိပ်မရလို့ အပြေးသွားရမယ်ဆိုတဲ့သူတွေအတွက် အကောင်းဆုံး ခရီးစဉ်လေးတစ်ခုပါ။

(၂) Bailey - Smart Island
Bailey ကတော့ ဒီနှစ်မှ နာမည်စကြီးလာတဲ့ ကျွန်းလေးဖြစ်ပြီး ကစားနည်းတွေ အများကြီးကစားလို့ ရတာရယ် ဓာတ်ပုံရိုက်စရာ နေရာ အများကြီးရှိတာရယ် Snorkeling လုပ်လို့ ကောင်းတာရယ်ကြောင့် လူသိများပါတယ်။

(၃) Bailey - ကြယ်လိပ် - ဓနသိဒ္ဓိ ကျွန်း
ကျွန်းများများလည်း လည်ချင် လှတဲ့နေရာလည်း လက်လွတ်မခံချင်ရင်တော့ ဒီခရီးစဉ်က ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ သဲဖြူဖြူကမ်းခြေရော ၊ ရေပေါ်ရေအောက် ကစားနည်းတွေရော၊ နေ့လည်စာ ရှယ်စားဖို့ရော ဘာဆိုဘာမှ မပူရမယ့် ခရီးစဉ်တစ်ခုပါ။

(၄) လေးကျွန်း ခရီးစဉ်
မြိတ်မြို့နဲ့ နည်းနည်းဝေးပေမယ့် မြိတ်ရဲ့ အလှဆုံးကျွန်းတစ်ခုကို သွားရမယ့်ခရီးဆိုတော့ ပင်ပန်းတယ်လို့တောင် မြင်မှာ မဟုတ်ပါဘူးး။

ဒီခရီးစဉ်တွေကတော့ မြိတ်ကို ခရီးသွားမယ့် မိတ်ဆွေတွေအတွက် ရွေးချယ်စရာ ခရီးစဉ်တွေဖြစ်ပြီး Bay of Andaman မှာ ခရီးစဉ်အားလုံးအပြင် ကားလက်မှတ်၊ လေယာဉ်လက်မှတ် ၊ မြို့တွင်းလည် ခရီးစဉ်များအပြင် ပရာကျော့ ကမ်းခြေခရီးစဉ်များကိုပါ ၀ယ်ယူအားပေးနိုင်ကြောင်း သတင်းကောင်း ပါးပါရစေ။

အထူး ခရီးစဉ် အထူးဈေးနှုန်းမြိတ်ကျွန်းစုရဲ့ အလှဆုံး ကျွန်း ၃ခုစီ အရောက်သွားဖို့            ၉၀,၀၀၀ ကျပ် ( နိုဝင်ဘာ ၂ရက်နေ...
24/10/2019

အထူး ခရီးစဉ် အထူးဈေးနှုန်း

မြိတ်ကျွန်းစုရဲ့ အလှဆုံး ကျွန်း ၃ခုစီ အရောက်သွားဖို့ ၉၀,၀၀၀ ကျပ် ( နိုဝင်ဘာ ၂ရက်နေ့ တစ်ရက်တည်းသာ)

မြိတ်ကိုရောက်လာခဲ့ရင် ဘယ်ခရီးစဉ်တွေ လည်ပတ်မလဲဆိုတာ စဉ်းစားရခက်တယ်ဆိုရင်တော့ ဒီခရီးစဉ်လေးကို ရွေးချယ်လိုက်ပါ။

ဟိုတယ်ကနေ လာကြိုပြီး ဟိုတယ်ထိ အရောက်ပြန်ပို့ပေးမယ့် အပြင် Morning Snacks ၊ Dessert Fruits တွေလည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်။

ဓနသိဒ္ဓိကျွန်း ၊ ကြယ်လိပ်ကျွန်းနဲ့ ဘေလီကျွန်းတို့ဆီ လည်ပတ်ကြမယ့် ဒီခရီးစဉ်မှာတော့ အဓိကလိုအပ်မှာက ဓာတ်ပုံတွေ များများရိုက်နိုင်ဖို့ ဖုန်း Storage ခပ်များများပါပဲ။

နေ့လည်စာ အစီအစဉ်မှာလည်း အကောင်းဆုံး ပင်လယ်စာတွေကို ကျွမ်းကျင်စားဖိုမှုးတွေက ချက်ပြုတ်တည်ခင်းဧည့်ခံ ကျွေးမွေးကြမှာ ဖြစ်ပါတယ်။

Snorkeling အတွက်လည်း ကြယ်လိပ်ကျွန်းမှာ နေ့လည်စာ မစားမီ တ၀ကြီး လုပ်လို့ရတဲ့အပြင် Bailey ကျွန်းကိုရောက်ရင်လည်း ကမ်းခြေနဲ့ နီးနီးလေးမှာ ရှိနေတဲ့ Snorkeling Site မှာ တ၀ကြီး လုပ်လို့ ရပါသေးတယ်။

Bailey ကျွန်းပေါ်မှာလည်း ရေပေါ်ရေအောက်ကစားနည်းလေးတွေကို ဆော့ကစားလို့ ရတဲ့အပြင် Glass Boat Kayak လေးတွေနဲ့လည်း ဓာတ်ပုံအမိုက်စားတွေ ရိုက်လို့ ရဦးမှာ ဖြစ်ပါတယ်။

ပုံမှန်ဈေး ၁၁၀,၀၀၀ကျပ်အစား နိုဝင်ဘာလ ၂ရက်နေ့ တစ်ရက်တည်းမှာ ၉၀,၀၀၀ ကျပ်တည်းနဲ့ ရောင်းချသွားမှာဖြစ်လို့ အမြန်ဆုံး Booking တင်လိုက်ဖို့ တိုက်တွန်းပါရစေနော်။

ဆက်သွယ်ရန်ဖုန်းနံပါတ်ကတော့ 09952276677 ဖြစ်ပြီး Page Messenger ကနေ တဆင့်လည်း ဆက်သွယ်နိုင်ပါတယ်နော်။ BAK Travels နဲ့ ပူးပေါင်းစီစဉ်တာမို့ BAK ကနေတဆင့်လည်း Booking တင်လို့ ရပါတယ်။

ခဏတာပျော်ရွှင်မှုအတွက် ရေခဲမုန့်စားပါအမြဲတမ်းသတိရနေမယ့်ပျော်ရွှင်မှုအတွက် Bailey- Smart ကျွန်းခရီးစဉ် ကို သွားပါ။အောက်တို...
17/10/2019

ခဏတာပျော်ရွှင်မှုအတွက် ရေခဲမုန့်စားပါ
အမြဲတမ်းသတိရနေမယ့်ပျော်ရွှင်မှုအတွက် Bailey- Smart ကျွန်းခရီးစဉ် ကို သွားပါ။

အောက်တိုဘာ ၁၉ ရက်နေ့ကစပြီး အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ပြေးဆွဲမယ့် ဒီခရီးစဉ်ပါဝင်မယ့် ကျွန်းလေးတွေအကြောင်းကို နည်းနည်းလေး ပြောပြပါရစေ။

ဘေလီကျွန်းလေးရဲ့ ထူးခြားချက်များ

ဘေလီဆိုတဲ့ကျွန်းလေးက ဒီနှစ်မှာမှ စတင်ဖွင့်လှစ်တဲ့ ကျွန်းလေးဖြစ်ပြီး ကမ်းခြေ ၃ခုရှိကာ ကမ်းခြေ ၃ခုလုံး လည်ပတ်နိုင်တဲ့ တစ်ခုတည်းသော ကမ်းခြေဖြစ်ပါတယ်။
မြိတ်မြို့အနီးက ကျွန်းတွေထဲမှာ ရေပေါ်ကစားနည်း အများဆုံး ထားထားပေးတဲ့ ကျွန်းတစ်ခုလည်း ဖြစ်ပါတယ်။
အရမ်းလှတဲ့ သန္တာကျောက်တန်းတွေဟာ ကမ်းခြေနဲ့ အနီးဆုံးမှာ တည်ရှိတာကြောင့် လို့ တင်စားကြပါတယ်။

Smart ကျွန်းလေးရဲ့ ထူးခြားချက်များ

ရှားရှားပါးပါး ကျောက်လုံးကမ်းခြေ သို့မဟုတ် ကျောက်စရစ်ကမ်းခြေရှိတဲ့ ကျွန်းဖြစ်ပါတယ်။
ကျွန်းရဲ့ မျက်နှာစာ ၂ဖက်စလုံးမှာ ကမ်းခြေရှိနေပြီး တစ်ဖက်ကို အလှတစ်မျိုးစီနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ခရီးစဉ်ရဲ့ ထူးခြားချက်များ

အင်ဂျင် ၄လုံးတပ် အမိုက်စား Speed Boat ကြီးရှိသလို အင်ဂျင် ၃လုံးတပ် Speed BOat လည်း ရှိတာမို့ လူဦးရေ ၄၀အထိ တပြိုင်နက် သက်တောင့်သက်သာ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။
နေ့လည်စာကို ပင်လယ်စာတွေနဲ့ ရိုးရာဟင်းလျာတွေကို ၀၀လင်လင် ကျွေးမွေးမှာ ဖြစ်သလို ပင်လယ်ပြင်ပေါ်မှာ ခရီးသွားနေတုန်းလည်း အသီးအနှံတွေ ကျွေးမွေးဦးမှာဖြစ်ပါတယ်။

ဒီခရီးစဉ်လေးကတော့ တစ်ဦးလျင် ၁၁၀,၀၀၀ကျပ် ကျသင့်မှာဖြစ်ပြီး မြိတ်မြို့မှ မနက် ၈နာရီထွက်ကာ ညနေ ၅နာရီမှာ ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

ခရီးစဉ်လေးကို စိတ်ပါဝင်စားလို့ မေးမြန်းချင်တယ်ဆိုရင်တော့ 09952276677 ကို မေးမြန်းနိုင်သလို မြိတ်မြို့အခြေစိုက် ခရီးသွားလုပ်ငန်းများမှနေတဆင့်လည်း မေးမြန်း Booking တင်နိုင်ပြီဖြစ်ပါတယ်။

Bailey Bailey Baileyမြိတ်ရဲ့အနီးက ကျွန်းအသစ်လေးကိုရောက်ပြီးသွားပြီလားမရောက်ဖူးသေးရင်တော့ ပိတ်ရက်တွေရှိတုန်း မြန်မြန်သွ...
16/10/2019

Bailey Bailey Bailey

မြိတ်ရဲ့အနီးက ကျွန်းအသစ်လေးကိုရောက်ပြီးသွားပြီလား
မရောက်ဖူးသေးရင်တော့ ပိတ်ရက်တွေရှိတုန်း မြန်မြန်သွားလည်လိုက်တော့လေ

ကမ်းခြေ ၃ခုရှိတဲ့ ဒီကျွန်းလေးမှာတော့ Snorkeling ပဲ လုပ်မလား
သန္တာကျောက်တန်းလေးတွေ နီမိုတွေ ငါးရောင်စုံလေးတွေ တ၀ကြီး မြင်ရမယ်

ကမ်းခြေမှာပဲ ကစားနည်းတွေ တ၀ကြီး ကစားမလား
Kayak လေးတွေ လှော်မလား

ကြိုက်သလောက်ကစားပြီးရင် အမိုက်စားနေ့လည်စာကို တ၀ကြီး စားလို့ ရမယ်လေ

Beach တစ်ခုလုံးမှာလည်း ဓာတ်ပုံရိုက်စရာနေရာတွေ အများကြီးဆိုတော့ Memory များများပါမှ စိတ်ချရမှာပေါ့

ဒီကျွန်းလေးသွားချင်ရင်တော့ Bay of Andaman ခရီးသွားလုပ်ငန်း မှာရော မြိတ်အခြေစိုက် ခရီးသွားလုပ်ငန်းတွေမှာပါ ၀ယ်ယူရရှိနိုင်နေပါပြီ။

09952276677 ကို ဆက်သွယ်ပြီး အသေးစိတ်အစီအစဉ်တွေကို မေးမြန်းလို့ ရပါတယ်။

မြိတ်မြို့သို့လာရောက်လည်ပတ်ကြသော ခရီးသွားများအားလုံး ကျန်းမာချမ်းသာ၍ ပျော်ရွှင်သော အခိုက်အတန့်များကိုသာ အစဉ်အမြဲ ပို...
13/10/2019

မြိတ်မြို့သို့လာရောက်လည်ပတ်ကြသော ခရီးသွားများအားလုံး ကျန်းမာချမ်းသာ၍ ပျော်ရွှင်သော အခိုက်အတန့်များကိုသာ အစဉ်အမြဲ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

မြိတ်ရဲ့  အလှဆုံးကျွန်း ၂ခုကို ပေါင်းလည်မယ့် ခရီးစဉ်လေးBailey မြိတ်ကျွန်းစုတွေထဲက အလှပဆုံး ကျွန်းလေးတစ်ခုကတော့ ဒီနှ...
07/10/2019

မြိတ်ရဲ့ အလှဆုံးကျွန်း ၂ခုကို ပေါင်းလည်မယ့် ခရီးစဉ်လေး

Bailey

မြိတ်ကျွန်းစုတွေထဲက အလှပဆုံး ကျွန်းလေးတစ်ခုကတော့ ဒီနှစ်မှာ စတင်ဖွင့်လှစ်လိုက်ပါပြီ။ ကမ်းခြေမှာတင် နီးနီးကပ်ကပ် မြင်တွေ့ရမယ့် သန္တာကျောက်တန်းတွေ၊ သူငယ်ချင်းတွေနဲ့ အတူကစားလို့ရမယ့် ရေပေါ်ကစားနည်းတွေ ၊ ချစ်သူနဲ့ နှစ်ယောက်တည်း Ro လို့ရမယ့် Kayak လေးတွေ အားလုံး ဒီကျွန်းလေးမှာ စုံစုံလင်လင် ရှိနေပါတယ်။
အော် မေ့တော့မလို့
ပင်လယ်စာဟင်းလျာတွေနဲ့ နေ့လည်စာကိုလည်း အမိုက်စား သုံးဆောင်ရဦးမှာပါ။

Smart Island

နေ့လည်စာသုံးဆောင်အပြီး ခရီးဆက်ဖို့ကတော့ နာမည်ကျော် ဆယ်လီကျွန်းလေး Smart Island ပါပဲ။ ကျောက်စရစ်တုံးလေးတွေ အစီအရီရှိနေမယ့် ကမ်းခြေက တစ်ဖက် ၊ သဲဖြူဖြူလေးတွေနဲ့ အလှဆင်ထားမယ့် ကမ်းခြေက တစ်ဖက်ဆိုတော့ ဓာတ်ပုံကို တ၀ကြီး ရိုက်လို့ ရပြီလေ။

ဒီလိုကျွန်းလေးနှစ်ခုလုံးကို အမိုက်စား Speedboat ကြီးနဲ့ နေ့ချင်းပြန်သွားမယ့် ခရီးစဉ်မှာတော့ ဟိုတယ် အကြို၊အပို့၊ နေ့လည်စာ၊အအေးနဲ့ရေသန့်အားလုံး ပါပြီးသားဖြစ်ပြီး တစ်ဦးကို ၁၁၀,၀၀၀ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်လေးကို အားပေးမယ်ဆိုရင်တော့ 09952276677 ကို ဖုန်းဆက်ပြီး အသေးစိတ် ဆက်သွယ်လို့ရပါပြီနော်။ ကဲ အားလပ်ရက်တွေမှာ မြိတ်ရဲ့ အလှဆုံးကျွန်းတွေကနေ စောင့်နေမယ်

မြိတ်ကျွန်းစုတွေဆီ ခရီးသွားချိန်ရောက်ပြီ (Zawgyi)ပိတ်ရက်ရှည်တွေအတွက်အကောင်းဆုံး ရွေးချယ်မှုကတော့ မြိတ်ကျွန်းစု ခရီးစဉ်တွေ...
24/09/2019

မြိတ်ကျွန်းစုတွေဆီ ခရီးသွားချိန်ရောက်ပြီ (Zawgyi)



မြိတ်မြို့ကိုရောက်လာတဲ့အခါ ဘယ်ခရီးစဉ်ကို ရွေးချယ်မလဲ စဉ်းစားနိုင်ဖို့အတွက် Bay of Andaman မှ ရောင်းချပေးမယ့် နေ့ချင်းပြန်ကျွန်း ခရီးစဉ်များကတော့
(၄)စမတ်-ဒုံးရေတံခွန်-ဒုံးညောင်မှိုင်းရွာ ( တစ်ဦးလျင် ၈၀,၀၀၀ ကျပ် ) နေ့လည်စာပါဝင်ပြီး ခရီးစဉ်များပဲ ဖြစ်ပါတယ်။

Bay of Andaman ခရီးသွားလုပ်ငန်းအနေနဲ့ နေ့ချင်းပြန် ကျွန်းခရီးစဉ်များအပြင်



မြိတ်ကျွန်းစုတွေဆီ ခရီးသွားချိန်ရောက်ပြီ (Unicode)
ပိတ်ရက်ရှည်တွေအတွက်အကောင်းဆုံး ရွေးချယ်မှုကတော့ မြိတ်ကျွန်းစု ခရီးစဉ်တွေပါပဲ။
အထူးဘက်စ်ကားတွေနဲ့ သွားလည်း အချိန်ရနေတာဆိုတော့ အကုန်အကျ သက်သက်သာသာနဲ့ သွားလို့ ရသလို အချိန်မရတဲ့သူတွေအတွက်လည်း နေ့စဉ်လေယာဉ်ထွက်ခွာနေတာမို့ အဆင်ပြေတယ်လေ။

မြိတ်မြို့ကိုရောက်လာတဲ့အခါ ဘယ်ခရီးစဉ်ကို ရွေးချယ်မလဲ စဉ်းစားနိုင်ဖို့အတွက် Bay of Andaman မှ ရောင်းချပေးမယ့် ခရီးစဉ်များကတော့
(၁) Baileyကျွန်း - စမတ်ကျွန်း ခရီးစဉ် (တစ်ဦးလျင် ၁၁၀,၀၀၀ ကျပ်) နေ့လည်စာပါဝင်ပြီး
(၂) ကြယ်လိပ်- ဓနသိဒ္ဓိ-နတ်သမီးရေတွင်းကျွန်း ခရီးစဉ် ( တစ်ဦးလျင် ၁၀၀,၀၀၀ကျပ်) နေ့လည်စာပါဝင်ပြီး တို့ ဖြစ်ပါတယ်။
(၃) လေးကျွန်း-သမီးလှ-ငါးမွေးမြူရေးကန် (တစ်ဦးလျင် ၇၀,၀၀၀ ကျပ် ) နေ့လည်စာပါဝင်ပြီး
(၄)စမတ်-ဒုံးရေတံခွန်-ဒုံးညောင်မှိုင်းရွာ ( တစ်ဦးလျင် ၈၀,၀၀၀ ကျပ် ) နေ့လည်စာပါဝင်ပြီး

Bay of Andaman ခရီးသွားလုပ်ငန်းအနေနဲ့ ကျွန်းခရီးစဉ်များအပြင်
(၁) မြိတ်မြို့တွင်းခရီးစဉ်အတွက် နေ့လည်စာ၊ညစာပါဝင်ပြီး (တစ်ဦးလျင် ၅၀,၀၀၀ကျပ်)
(၂) ထိုင်းနိုင်ငံက ပရာကျော့ကမ်းခြေ နေ့ချင်းပြန်ခရီးစဉ်(တစ်ဦးလျင်၈၅,၀၀၀ကျပ်) တို့ကိုလည်း ရောင်းချပေးလျက်ရှိပါတယ်။
*လူဦးရေပေါ်မူတည်ပြီး လူများလေ ဈေးနှုန်းသက်သာလေ ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို စုံစမ်းရင်း သီတင်းကျွတ်ပိတ်ရက်တွေအတွက် Booking တွေ လက်ခံနေပြီမို့ 0995 227 66 77 ကို အခုပဲ ဆက်သွယ်လို့ ရနေပါပြီ။

2019 မှာ မြိတ်ကျွန်းစုကို ရောက်အောင်သွားဖို့ တွေးထားသလား🤔သီတင်းကျွတ်ပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၁၂ရက်နေ့ထွက်ခွာပြီး အောက်တ...
18/09/2019

2019 မှာ မြိတ်ကျွန်းစုကို ရောက်အောင်သွားဖို့ တွေးထားသလား🤔

သီတင်းကျွတ်ပိတ်ရက်ဖြစ်တဲ့ အောက်တိုဘာ ၁၂ရက်နေ့ထွက်ခွာပြီး အောက်တိုဘာ ၁၄ရက်နေ့ ပြန်ရောက်မယ့် ဒီခရီးစဉ်လေးကတော့ မြိတ်ဒေသရဲ့ အသစ်စက်စက်ကျွန်းဖြစ်တဲ့ Bailey ကိုလည်းရောက်မယ့်အပြင် အစားအသောက်၊လေယာဉ်လက်မှတ်အသွားအပြန် ဟိုတယ် အကုန်လုံးပါတဲ့ခရီးစဉ်ကိုမှ ၄၂၀၀၀၀ ကျပ်ပဲ ကျသင့်မှာပါ။

ဒီခရီးစဉ်မှာ ဘယ်တွေရောက်မလဲ??
သဘာဝငှက်သိုက်အိမ်ကိုသွားပြီး ငှက်ကလေးတွေရဲ့ သဘာဝနဲ့ ငှက်သိုက်သန့်စင်တာတွေကို လေ့လာမယ်
သိမ်တော်ကြီး ဘုရားကို သွားပြီး နေ၀င်ချိန်ကို မြိတ်တစ်မြို့လုံးရဲ့မြင်ကွင်းနဲ့ အတူကြည့်မယ်
ကမ်းနားလမ်းမှာ ညစာစားပြီး မြိတ်ဆိပ်ကမ်းရဲ့ အလှကို တစိမ့်စိမ့်ကြည့်မယ်။
မြိတ်ဈေးထဲမှာ လက်ဆောင်တွေဝယ်လို့ရမယ်

Bailey ကျွန်းဆိုတာကရော??
Bailey ဆိုတာက မြိတ်မြို့ရဲ့ ရေမိုင် ၆၀ကျော်မှာ အသစ်ဖော်ထုတ်ထားတဲ့ ကျွန်းအသစ်လေးဖြစ်ပါတယ်။
မြိတ်ဒေသတစ်ခုလုံးမှာ Snorkeling အလှဆုံးကျွန်းရယ်လို့ နာမည်ကျော်ကြားတဲ့အပြင် Beach Sports အများဆုံး ကစားလို့ရတဲ့ ကျွန်းလေးတစ်ခုဖြစ်တာကြောင့် Water Trampoline ၊ Water Volleyball ၊ Inflatable Rock Climbing တွေကို တ၀ကြီး ကစားလို့ ရပါတယ်။
Kayak လေးတွေ တူတူစီးပြီးတော့လည်း အပန်းဖြေလို့ ရပါတယ်။

Underwater Experience ??
Bailey ကျွန်းရဲ့ ကမ်းခြေဟာ သန္တာကျောက်တန်းတွေနဲ့ နီးနီးကပ်ကပ်တည်ရှိတာကြောင့် လှေတကူးတကစီးစရာမလိုပဲ အလွယ်တကူ Snorkeling လုပ်နိုင်မယ့်အပြင် နီမိုလေးတွေကိုလည်း တွေ့ရဦးမှာပါ။

Smart Island ပို့ပေးမှာလား ??
သဲနဲ့ကျောက်စရစ် တစ်ဖက်စီ ကမ်းခြေရှိတဲ့ မြိတ်နာမည်ကျော်ကျွန်းလေးကို ပို့ပေးဖို့ကိုလည်း မမေ့ပါဘူး။ Bailey က အပြန်မှာ Smart ကျွန်းကို ပို့ဆောင်ပေးဦးမှာဖြစ်ပါတယ်။

ဘယ်လို Boat မျိုးလဲ ??
သယ်ယူပို့ဆောင်ရေးလိုင်စင်ရင် အဆင့်မြင့် Speed Boat တွေကို အသုံးပြုမှာဖြစ်တဲ့အပြင် အတွေ့အကြုံရင့် ၀န်ထမ်းများမှာ ဦးဆောင်ကြမှာ ဖြစ်ပါတယ်။

ဘယ်မှာ တည်းမှာလဲ ??
မြိတ်မြို့ရဲ့ ကြယ်၃ပွင့်အဆင့်ရှိ ဟိုတယ်တွေမှာ ၂ညတာ တည်းခိုကြမှာ ဖြစ်ပါတယ်။

အပိုထပ်ပေးဖို့ ရှိသေးလား ??
မိမိတစ်ကိုယ်ရေအတွက် လက်ဆောင်ဝယ်ဖို့ပဲ ငွေကိုထည့်ခဲ့လိုက်ပါ။ ကျန်တာကတော့ BOA က အပြည့်အ၀တာဝန်ယူပါရစေနော်။

Booking တင်ဖို့ကိုတော့ 09952276677 ကို ဆက်ပြီး မေးမြန်းလို့ရတယ်နော်။ လေယာဉ်လက်မှတ်ရရှိမှုပေါ် မူတည်တာကြောင့် စက်တင်ဘာ ၃၀ နောက်ဆုံးထားပြီး Booking တင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။

Address

Seikkan Office Street(West Kaday Yadanar Street), Ta Line Su Quarter, Myeik City
Myeik
11282

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959952276677

Alerts

Be the first to know and let us send you an email when Bay of Andaman posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category

Nearby travel agencies