Shwe Pei Nyin Travel

Shwe Pei Nyin Travel Travel with us, support local community!
ရွှေပိန်ညင်းနှင့်ခရီးသွား၊ ဒေသခံတွေ အကျိုးများ !
(15)

11/12/2023


English စာကို သေသေချာချာ အချိန်ပေးပြီးလေ့လာတော့မယ်လို့ Vision တွေ Mission တွေချမှတ်ပြီးပြီလား။

အလုပ်ထဲမှာ communication ကို လုပ်နေရပေမယ့် အားမရသလို မထိရောက်သလို ခံစားနေရသလား။

ကိုယ့်မူလရှိပြီးသား English Level နည်းလမ်းတကျ အဆင့်အတန်းရှိရှိ မြှင့်တင်ချင်စိတ်ဖြစ်လာမိသလား။

Email တစ်စောင် Report တစ်ခုကို သပ်သပ်ရပ်ရပ် ရေးတတ်ချင်ပါသလား။

ဒါဆိုဘာလို့ အချိန်ဆွဲနေအုံးမှာလဲ?

Did you set a Vision and Mission for your English Improvement Journey?

Do you feel like you are lagging about communication in your workplace ?

Do you want to improve your existing language level?

Wish to write email and report flawlessly?

Then what are you waiting for?
Let’s do it!😎😎😎

🔔Business English Class 🔔

Course Book: English for Everyone (Business English) Level 2
Schedule: Mon & Tues 07:00-08:30 pm
Start On: 18 Dec 2023
Class Duration: 3 months
Fee: 45000 Kyats per month (100000 Kyats for single down payment for 3 months)

Eligible Candidate: over 18 years old with English B1 Level

About Course Book
--------------------
-The picture is shown in the comment box below.
-The Course book is for the students with B1 Level and above
-3 months duration is only cover the one third of the Course Book.

👩🏻‍💻 About the Teacher 👩🏻‍💻

Name – Hsu

🎓Qualification 🎓
– B.A (Russian) YUFL
- Dip of Social Work, YU
- Dip of International Relation, YU
- Teaching English for Foreign Learners, TEFL, Chaing Mai University, Thailand
- English Program Bachelor Degree, MahaChulalongkornrajavidyalaya Uni, Thailand
- Working as Freelance English Teacher since 2018
- nearly 10 years of experience as English Speaking Tourist Guide
- Freelance Translator and Interpreter for NGOS and Government Departments

👋See you at Mergui English School!👋

29/11/2023
19/11/2023
31/10/2023
26/10/2023
24/10/2023

ဘာသာစကားတိုင်းလိုလိုမှာ မွေးစားစကားလုံးတွေ အများကြီးရှိပါတယ်။

မြန်မာစကားမှာ ဆိုလည်း အချို့သော English စကားလုံးတွေကို တိုက်ရိုက်တမျိုး ၊ ဘာသာပြန်၍ တစ်မျိုးသုံးကြပါတယ်။

အားဂျင်း - urgent
လော်ရီ ကား - lorry car

စတာတွေက တိုက်ရိုက် အသံထွက်အတိုင်း ယူသုံးလိုက်တာဖြစ်ပြီးတော့

သူမ - she
သပ်လျှို (သွေးခွဲ) – voussoir

စတဲ့ စကားလုံး ကတော့ ဆီလျှော်အောင် ဘာသာပြန်ပြီး ယူသုံးတာ ဖြစ်တယ်လို့ ဖတ်ရမှတ်ရဖူးပါတယ်။

အဂ်လိပ်စာမှာ တော့ အများအားဖြင့် မွေးစားစကားလုံး တွေ တဆင့်ခံစကားလုံး အများစု ဟာ Latin, French, German and Sanskrit ကနေ ဆင်းသက်လာတာတွေများတာတွေ့ရပါတယ်။

Mergui English School
မြိတ်အဂ်လိပ်စာ သင်တန်းကျောင်း

ဒီပို့စ်လေးကတော့ အသိများတဲ့ အဂ်လိပ် စကားလုံးတစ်ချို့ရဲ့ မူလ အရင်းအမြစ်ကို အင်တာနက်မှာ ဖတ်မိသမျှ မှီငြမ်းရေးသားပေးလိုက်တာဖြစ်ပါတယ်။

Banana (West African)

ဒီအသီး ရဲ့ နာမည်ကတော့ အာဖရိကန် စကားလုံး ဖြစ်ပါတယ်။ Senegal နဲ့ Gambia နိုင်ငံတွေမှာ နေကြတဲ့ Wolof လူမျိုးတွေရဲ့ ဘာသာစကားက လာတာ ဖြစ်နိုင်ပါတယ်တဲ့။

Ketchup (Chinese )

မြန်မာလို ခရမ်းချဉ်သီး ဆော့ လို့ ခေါ်တဲ့ ဒီစကားလုံးက တရုတ်ကနေ လာတာပါ။ Ketchup ဟာ တရုတ်လူမျိုးတွေ က ငါးအိုးစိမ်(pickled fish)၊ ဂုံးတွေ (shellfish) ၊ အရွက်တွေနဲ့ ဟင်းခတ်တွေ ကနေစတင်ဖြစ်ပေါ်လာတာဖြစ်ပြီး၊ အနောက်နိုင်ငံသားတွေက နှစ်တွေ ကြာလာပြီး ၁၈ရာစုကျမှ ခရမ်းချဉ်သီးကို အဓိက ပါဝင်ပစ္စည်းအဖြစ် ပေါင်းစပ်လိုက်တာဖြစ်ပါတယ်တဲ့ ။ ဒါတောင်ခရမ်းချဉ်သီးကို စစချင်းမှာ သူ့ရဲ့ မျိုးရင်း Slanacaea ဆိုတာ အဆိပ်တဲ့ အပင်အများစု ပါဝင်လို့ စားရကောင်းမှန်းမသိသေးပဲ “Aztecs” လူမျိုးစုက စိုက်ပျိုးစားသောက်ကြတာတွေ့မှ westerner တွေက လိုက်စားကြတာလို့ဖတ်ဖူးပါတယ်။ ခရမ်းချဉ်သီး အရွက်က အဆိပ် ရှိပေမယ့် အသီးက စားလို့ရပါတယ်တဲ့။

Karaoke (Japanese)

သူ့ မူလအသံထွက်က မြန်မာတွေအများစု ထွက်ကြသလို “ကာရာအိုကေ” ဖြစ်ပါတယ်။ “ကယ်ရီအိုခီ” ဆိုတာ အနောက်တိုင်းသားတွေ ထွက်တဲ့ အသံထွက်ပါ။ ဂျပန်မှာ ပွဲလုပ်တော့ တီးဝိုင်းငှားမရလို့ သူတို့ဘာသာ သီချင်းဆိုလို့ရအောင် အသံစနစ်ကို modify လုပ်လိုက်တာလို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးပါတယ်။

Ballet (French)

ဘဲလေး ဟာ ပြင်သစ်စကားလုံး ဖြစ်ပါတယ်။ ဘဲလေးအကလဲ ပြင်သစ် မှာ စပြီးဖြစ်လာတာပါတဲ့။ တခြားပြင်သစ်စကားလုံးတွေ လဲအများကြီးပါပဲ။ Chef , buffet, croissant စသဖြင့်ပေါ့။

Wanderlust (German)

အခုနောက်ပိုင်းအရမ်းခေါတ်စားလာတဲ့ စကားလုံးတွေထဲက တစ်လုံးပါ။ ခရီးသွားခြင်းကို ခုံမင်ပြီး စိတ်ဝင်စားစရာ ၊ မရောက်ဖူး မပေါက်ဖူးသေးတဲ့ နေရာ တွေကို ရှာဖွေချင်တဲ့ စိတ်ဆန္ဒ တစ်ရပ်ကို ပြောချင်တဲ့ စကားလုံးဖြစ်ပါတယ်။

Paparazzi (Italian)

ပါပါရာဇီ ဆိုတဲ့ စကားလုံး ဟာ အကောင်းဘက်တော့ သိပ်မရောက်ပါဘူး။ အထူးသဖြင့် မင်းသမီး ဒိုင်ယာနာ သေသွားပြီးနောက်ပိုင်း ပိုပြီး နာမည်ဆိုးလာပါတယ်။ အတင်း သရဲမရဲ စီးပြီး နှောင့်ယှက်တတ်တဲ့ မီဒီယာသမား၊ ဓါတ်ပုံသမား တွေပေါ့ ။

Victim (Latin)

မြန်မာလို “သားကောင်၊ နစ်နာသူ” လိုဘာသာပြန်ကြတဲ့ ဒီစကားလုံးက “a sacrificial animal or person” “စတေးခံ ၊ ယဇ်ပူဇော်ခြင်း ခံရတဲ့ တိရစာ္ဆန် သို့ လူ” လို့ ဆိုလိုပါတယ်တဲ့ ။

Guru (Sanskrit)

ဒီစာကားလုံး က မြန်မာတွေနဲ့ မစိမ်းပါဘူး။ Guru လို့သုံးလိုက်ရင် “teacher” or “an expert” ထက်ပိုမြင့်ပါတယ်။ ကြီးကျယ်တဲ့ အသိပညာ တွေရှိပြီး လူတွေအပေါ် လွှမ်းမိုးဉီးဆောင်နိုင်စွမ်းရှိသူလို့ အဓိပ္ပါယ်ဖွင့်ထားပါတယ်။

နောက်ထပ် စကားလုံးတွေလဲ အများကြီးရှိသေးတာမို့လို့ ကော်မန့်မှာ ဝေမျှသွားကြပါနော်။

Mergui English School
မြိတ်အဂ်လိပ်စာ သင်တန်းကျောင်း

23/10/2023

🌻English Four Skills Class Batch – 04/23🌻
ကို 01st Nov မှာစတင်ပါမယ်။

online ကနေ Zoom နဲ့သင်မှာဖြစ်ပါတယ်။

Four Skills အတန်းဖြစ်လို့ Reading, Speaking, Listening and Writing စုံလင်စွာလေ့လာရပါမယ်။

Reading & Writing အတွက်
- Basic Grammar
- Grammar Tense Patterns
- Email Writing

Speaking & Listening အတွက်
- Sample Conversation
- Word form, Idioms & Phrasal Verbs
- Songs & Discussions

စတာတွေကို Role Play & Extra Activities များနဲ့ လေ့ကျင့်သင်ယူရမှာဖြစ်ပါတယ်။

သင်ခန်းစာ တွေကို up to date ဖြစ်ပြီး active learning ဖြစ်စေမယ့် tailor-made curriculum အဖြစ် စုစည်းထားပါတယ်။

Text Book နဲ့သင်မယ့်အတန်းမဟုတ်ပါဘူးနော်။

သင်တန်းပြီးသွားရင် ကိုယ်တိုင် self-study ဆက်လက် လုပ်နိုင်စေဖို့အတွက် tips လေးတွေ ဆက်လက်လေ့လာသင့်တဲ့ အကြောင်းအရာလေးတွေကို ပါဝေမျှမှာပါ။

အသက် ၁၆ နှစ် အထက် ရှိပြီး ပညာရေး အထက်တန်းအဆင့်ရှိသူ တွေ တက်ရောက်ဖို့အဆင်ပြေပါတယ်။

သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်ပြီးတော့ classroom participation ကောင်းမွန်ရပါမယ်။

အဲဒီတော့ အင်္ဂလိပ်စာကို ဘာသာရပ်အနေနဲ့ မဟုတ်ပဲ ဘာသာစကားအနေနဲ့ လေ့လာနိုင်ဖို့အတွက် အခုပဲဒီသင်တန်းကို join လိုက်ကြစို့နော်။

🎊အတန်းအချိန်ဇယား 🎊

Time : 08:30-09:30 PM
Day : Wed & Friday
Dates : 01st Nov
Period : 2.5 Months
Fee : 100000 kyats or 1000 Bath

🌻သင်မယ့် ဆရာမကတော့🌻

TR-Hsu ပါ။
ဆရာမကတော့ လိုင်စင်ရဧည့်လမ်းညွှန်တစ်ယောက်အဖြစ်နဲ့ ဆယ်နှစ်နီးပါးလုပ်ကိုင်ခဲ့ပြီးတော့ ၂၀၁၈ ကနေစပြီး Mergui English School-မြိတ်အဂ်လိပ်စာ သင်တန်း မှာ အဂ်လိပ်စာ သင်ကြားခဲ့တဲ့သူဖြစ်ပါတယ်။

ပြည်တွင်း ပြည်ပ စာသင်ကြားရေး အတွေ့အကြုံများစွာရှိပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင် တက္ကသိုလ်က အင်္ဂလိပ်စာ သင်ကြားရေး လက်မှတ် TEFL Certified Trainer တစ်ဦးဖြစ်ပါတယ်။

🌻🌻🌻🌻
C💿(ဝန်ထမ်းများသာ)
- 100% free ဖြင့်တက်ရောက်လိုပါက
- တက်ရောက်လိုသူများ “Why English is useful for me” ခေါင်းစဉ်ဖြင့် စာလုံးရေ 150 ခန့် ရေးသားပေးပို့ပြီး သင်တန်းအပ်နိုင်ပါတယ်။
- သင်တန်းပြီးဆုံးအောင်တက်ရောက်နိုင်ရပါမယ်။
- အများဆုံး ၂ ကြိမ်သာ ပျက်ကွက်ခွင့်ရှိပါတယ်။

See you at Mergui English School !

Address

458, Sapal Street, Myintma Quarter
Myeik

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

959445266497

Website

Alerts

Be the first to know and let us send you an email when Shwe Pei Nyin Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Pei Nyin Travel:

Share

Category

Nearby travel agencies