Aurora Air Ticket

Aurora Air Ticket Air Ticket Sales and Travel Service

ခရီးသွားရင် လုံခြုံစိတ်ချပြီး အဆင်ပြေစေမဲ့ ​လေ ယာဥ်လက်မှတ် ပြုလုပ်ပေးနေတဲ့   online page serviceရှိနေပြီနော် Wish you  H...
04/06/2023

ခရီးသွားရင် လုံခြုံစိတ်ချပြီး အဆင်ပြေစေမဲ့ ​လေ ယာဥ်လက်မှတ် ပြုလုပ်ပေးနေတဲ့ online page serviceရှိနေပြီနော်

Wish you Happy Blessed Sunday ❤️

ပြည်တွင်း/ပြည်ပ ခရီးစဥ်တွေအတွက် Airline Ticket အကြောင်းအသေးစိတ်စုံစမ်းမေးမြန်းလိုပါက messenger မှာ hi လိုက်နော် 😉

အသေးစိတ်ဆက်သွယ်မေးမြန်းရန်
☎ 09-964188750
Viber - 09964188750




#ပြည်တွင်းပြည်ပလေကြောင်းလိုင်းဝန်ဆောင်မှု

ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်ကို ချွေတာချင်တယ် ခရီးသွားသတင်းအချက်အလက် တိကျမှုရှိချင်တယ်လုံလုံခြုံခြုံ နဲ့ ခရီးသွားချင်တ...
02/06/2023

ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့အချိန်ကို ချွေတာချင်တယ်
ခရီးသွားသတင်းအချက်အလက် တိကျမှုရှိချင်တယ်
လုံလုံခြုံခြုံ နဲ့ ခရီးသွားချင်တဲ့ သူတွေအတွက်

💌လေလိုင်းကနေ " ဟိုင်း " တစ်လုံး ပို့လိုက်ရုံနဲ့

အရာရာပြီးပြည့်စုံအောင် ဝန်ဆောင်မှုပေးမဲ့ Aurora Air Ticket Service လက်တစ်ကမ်းမှာ
သင့်အတွက်အဆင်သင့်ရှိနေပြီနော်

Aurora တို့ကလည်း လူကြီးမင်းတို့အတွက် အဆင်ပြေချောမွေ့တဲ့ခရီးစဥ်လေးဖြစ်ဖို့ ပြည်တွင်း/ပြည်ပ Airline Ticket တွေကိုစီစဥ်ပေးလျက်ရှိပါတယ် 💁✈

ပြည်တွင်း/ပြည်ပ ခရီးစဥ်တွေအတွက် Airline Ticket အကြောင်းအသေးစိတ်စုံစမ်းမေးမြန်းလိုပါက messenger မှာ hi လိုက်နော် 😉

အသေးစိတ်ဆက်သွယ်မေးမြန်းရန်
☎ 09-964188750
Viber - 09964188750




#ပြည်တွင်းပြည်ပလေကြောင်းလိုင်းဝန်ဆောင်မှု

တစ်ယောက်ထဲ ခရီးသွားမယ်ဆိုရင် ဘာတွေလိုမလဲ ဘာတွေပြင်ဆင်သွားသင့်လဲ 🚶‍♀️✈⛅ အခုရာသီက ပြည်တွင်း/ပြည်ပ ခရီးတွေထွက်ကြ အပူတွေရှော...
31/05/2023

တစ်ယောက်ထဲ ခရီးသွားမယ်ဆိုရင် ဘာတွေလိုမလဲ
ဘာတွေပြင်ဆင်သွားသင့်လဲ 🚶‍♀️✈

⛅ အခုရာသီက ပြည်တွင်း/ပြည်ပ ခရီးတွေထွက်ကြ အပူတွေရှောင်ကြတဲ့ရာသီဖြစ်တော့ တစ်ယောက်ထဲ ခရီးထွက်မယ့်သူတွေ၊ မိသားစုတွေနဲ့ သွားမယ့်သူတွေ၊ သူငယ်ချင်းတွေနဲ့သွားကြမယ့်သူတွေ အများကြီး ရှိကြမှာပါ

အဲ့တော့ လူအများကြီးနဲ့ခရီးသွားမယ့်သူတွေအတွက် မဟုတ်ဘဲ တစ်ယောက်ထဲခရီးသွားရတာဝါသနာပါတဲ့သူတွေအတွက် ဘာတွေလိုအပ်လဲ ဘာတွေပြင်ဆင်သွားမလဲဆိုတဲ့အကြောင်းလေးကို ပြောပြပေးပါမယ် 💁

(၁) Plan List အရင်ချပါ/
ခရီးစဥ်တစ်ခုလုံးအတွက် လိုအပ်တဲ့ လက်မှတ်ကအစ ပိစိကွစိအဆုံး ကိုယ်ယူသွားချင်တာတွေ ထည့်ချင်တာတွေကိုစာအုပ်တစ်အုပ်ထဲမှာ အရင်ဆုံး list ချရေးပါ၊ ချရေးထားတဲ့အတိုင်းကို ခရီးဆောင်အိတ်ထဲမထည့်သေးဘဲ အပြင်မှာသူ့နေရာနဲ့သူ သတ်မှတ်ပြီး စီချထားပါ၊

(၂) လက်မှတ်ကြိုတင်စီစဥ်ပါ/
တစ်ယောက်ထဲသွားမယ့်ခရီးဖြစ်တဲ့အတွက် စီစဥ်ရတာအချိန်မလောက်မှာစိုးလို့ လက်မှတ်ကိုလဲကြိုစီစဥ်သင့်ပါတယ်၊ ခုဆိုရင် ပြည်တွင်း/ပြည်ပ ခရီးစဥ်တွေရဲ့ လေယာဥ်လက်မှတ်တွေဆိုရင်လည်း လူကိုယ်တိုင်သွားဝယ်နေစရာမလိုဘဲ online စနစ်အနေနဲ့ရောင်းပေးကြတဲ့ online ticket service တွေလည်းအများကြီးရှိနေပြီမို့လို့ အချိန်ကုန်သက်သာအောင် online ကနေ ticket အတွက်ကြိုတင်စီစဥ်ထားတာကပိုပြီးအဆင်ပြေစေပါတယ်၊

(၃) ဆေးဝါးအသုံးအဆောင် သေချာစစ်ထည့်ပါ/
ကိုယ်မှီဝဲနေတဲ့ သောက်နေကျ ဆေးတွေရှိရင်လည်း မမေ့မလျော့သေချာထည့်ပါ၊ ခရီးသွားရင် ရေ/မြေ/လေပြောင်းလဲမှုတွေကြုံရတာမို့ ကိုယ့်အတွက် လိုအပ်မယ်ထင်တဲ့တခြားသောက်ဆေး/လိမ်းဆေးစတဲ့ဆေးဝါးတွေကိုပါ သေချာထည့်ပါ၊ ကိုယ်သုံးနေကျ ခေါင်းအစခြေအဆုံး အသုံးအဆောင်တွေရှိရင်လည်း ကိုယ်သွားမယ့်ရက်အရေအတွက်ပေါ်လိုက်ပြီး လိုအပ်မယ်ထင်တာလေးတွေကိုပဲ သယ်ရတာ ဝန်မကျယ်အောင်လို့ simple ဘူးဆိုဒ်လေးတွေနဲ့ခွဲထည့်သွားပါ၊

(၄) အစားအသောက်ကို ချင့်ချိန်ထည့်ပါ/
ခရီးထွက်တာက စိတ်ကို relax လုပ်ဖို့သွားတာမို့လို့ လမ်းမှာစားဖို့ ဟိုမှာစားဖို့ ဒီမှာစားဖို့ ဟိုရောက်ရင်အခြေအနေကဘာမှန်းသိတာမဟုတ်ဘူး မုန့်တွေစားစရာတွေကြိုဝယ်သွားကြဆိုပြီး အရင်က လူကြီးတွေမှာကြတယ် ဟုတ် 🙄 ဒါပေမဲ့ အခုခေတ်မှာ နေရာတစ်နေရာရောက်တာနဲ့ကိုယ်မစားဖူးသေးတဲ့ အစားအသောက်အသစ်အဆန်းလေးတွေကိုလည်းစားဖြစ်ကြဦးမှာမို့လို့ အစားအသောက်တွေဆိုရင်တတ်နိုင်သမျှ လျော့ထည့်တာအကောင်းဆုံးပါ၊

(၅) အဝတ်အစားတွေကို လိုအပ်တာပဲ ထည့်ပါ/
အဝတ်အစားဆိုတာ အမြဲဝတ်ဖို့လိုအပ်နေတာပဲဆိုပေမဲ့လည်းမလိုအပ်ဘဲခရီးဆောင်အိတ်ကို ဝန်မကျယ်ရအောင်ကိုယ်တိုင်လည်းမပင်ပန်းရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝတ်ဖြစ်လောက်မယ်ထင်တဲ့ လိုအပ်တာတွေလောက်ပဲ ထည့်ပါ၊

(၆) စာရွက်စာတမ်းထည့်ပါ/
ခရီးတစ်ခုသွားတယ်ဆိုတာ ID card (နိုင်ငံသားမှတ်ပုံတင်)သည် အဓိကပါ၊ အဲ့တော့ ID card နဲ့ ကိုယ့်အတွက် တခြားအရေးတကြီးလိုအပ်မယ်ထင်တဲ့စာရွက်စာတမ်းတွေကို သေချာစိစစ်ပြီး file လေးတစ်ခု နဲ့ သီးသန့်ထည့်ပါ၊

(၇) လိုအပ်တဲ့ ငွေကြေးပမာဏကို လုံခြုံစွာထည့်ပါ/
ပြည်တွင်းခရီးစဥ်တွေဆိုရင်တော့ ကိုယ်လိုအပ်တဲ့ ယူသွားမယ့်ငွေသားပမာဏအပြင် bank card, visa card စတာတွေနဲ့လည်း သုံးလို့ရတော့ အဆင်ပြေပေမဲ့ ပြည်ပခရီးစဥ်တွေသွားမယ်ဆိုရင်တော့ လေဆိပ်မှာ ငွေသား (show money) ပြခိုင်းပါတယ်၊ တော်တော်များများကအလည်အပတ်သွားကြတာမို့ ငွေသားလုံလုံလောက်လောက်ပါလားဆိုတာကိုလည်း စစ်တာဖြစ်လို့ bank card တွေနဲ့ပဲ သုံးမယ်ဆိုပြီး ငွေသားမယူဘဲ သွားလို့လုံးဝမရပါဘူး၊ အဲ့ဒါကြောင့် ပြည်ပခရီးထွက်မယ်ဆိုရင်တော့ လုံလောက်တဲ့ငွေသားပမာကို ထည့်ယူသွားတာကအကောင်းဆုံးပါပဲ၊ ငွေကိုလည်း ကိုယ့်အတွက် လုံခြုံတဲ့နေရာမျိုးမှာ ထည့်တာက ပိုပြီးစိတ်ချရစေမှာပါ၊

(၈) ပြန်စစ်ပါ/
List လည်းချပြီးပြီး အကုန်လုံးလည်းစီထားပြီးပြီဆိုရင် နောက်တစ်ခေါက် ပြန်စစ်ပေးပါ၊ တစ်ယောက်ထဲထွက်တဲ့ခရီးမို့လို့ ကိုယ်တိုင်သာ ကိုယ့်ဦးဆောင်ရာပါ၊ အရာရာကိုကြိုတင်ပြင်ဆင်ပြီး ပြန်စစ်တတ်တဲ့အလေ့အကျင့်လေးတစ်ခုက ခရီးစဥ်အတွက် စိတ် အနှောင့်အယှက်မဖြစ်အောင်လည်း တာဝန်ယူပေးနိုင်ပါလိမ့်မယ်၊

✈ တစ်ကိုယ်တည်းခြေဆန့်ချင်တဲ့ တစ်ယောက်ထဲသမားတွေရှိရင် ဒီစာလေးဖတ်ပြီး သက်တောင့်သက်သာပျော်ရွှင်သာယာတဲ့ ခရီးစဥ်လေးတွေဖန်တီးနိုင်ကြပါစေရှင် ❤

တစ်ယောက်ထဲခရီးထွက်ဖြစ်ကြတဲ့သူလေးတွေဆိုရင်လည်းနောက်ထပ် ဘာတွေပြင်ဆင်ကြသေးလဲ ဘာတွေလုပ်ဖြစ်ကြသေးလဲဆိုတာ cmt မှာပြောပြခဲ့လို့ရပါတယ် 🙋

Aurora တို့ကလည်း လူကြီးမင်းတို့အတွက် အဆင်ပြေချောမွေ့တဲ့ခရီးစဥ်လေးဖြစ်ဖို့ ပြည်တွင်း/ပြည်ပ Airline Ticket တွေကိုစီစဥ်ပေးလျက်ရှိပါတယ် 💁✈

ပြည်တွင်း/ပြည်ပ ခရီးစဥ်တွေအတွက် Airline Ticket အကြောင်းအသေးစိတ်စုံစမ်းမေးမြန်းလိုပါက messenger မှာ hi လိုက်နော် 😉

အသေးစိတ်ဆက်သွယ်မေးမြန်းရန်
☎ 09-964188750
Viber - 09964188750




#ပြည်တွင်းပြည်ပလေကြောင်းလိုင်းဝန်ဆောင်မှု

Updated 1.6.2022 #ပြည်တွင်းလေကြောင်းဖြင့် လိုက်ပါစီးနင်းမည့်ခရီးသည်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ 👉 Covid Test စစ်စ...
24/06/2022

Updated 1.6.2022
#ပြည်တွင်းလေကြောင်းဖြင့် လိုက်ပါစီးနင်းမည့်ခရီးသည်များ လိုက်နာဆောင်ရွက်ရမည့်အချက်များ

👉 Covid Test စစ်စရာမလိုသောသူများ
၁။ ဆေးကြိမ်ပြည့် ထိုးထားပြီး (၁၄) ရက်ပြည့်ပြီးသူများ #အပိုဒ် ၄။(ဂ)အရ

မှတ်ချက်။ ။ လေယာဥ်စီးမည့်ရက်တွင် ဆေးကြိမ် အပြည့်ထိုးထားသော စာရွက်(certificate) တစ်ပါးတည်းယူလာရန်။

ချွင်းချက်
အသက်(၁၂) နှစ်အောက်ကလေးငယ်များအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးလက်မှတ်တင်ပြခြင်းမှ ကင်းလွတ်ခွင့်ပြုမည်ဖြစ်ပါသည်။ #အပိုဒ် ၄။(ဂ) အရ

👉 covid test စစ်ရန်လိုသောသူများ
၁။ ဆေးမထိုးထားသူများ
၂။ ဆေး (၁) ကြိမ် သာထိုးထားသူများ
၃။ ဆေးကြိမ်​ပြည့်ထိုးပြီး (၁၄) ရက်မပြည့်သေးသောသူများ

မှတ်ချက်။ ။ လေယာဥ်စီးမည့်ရက် (သို့) ခရီးမထွက်မှီ (၄၈) နာရီအတွင်း RDT ဖြင့် Covid ပိုးမရှိကြောင်း သက်ဆိုင်ရာပြည်သူ့ကျန်းမာရေးဦးစီးငှာန ဆေးရုံ ၊ သတ်မှတ်ထားသော ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း များတွင်သွားရောက်၍ စစ်ဆေးမှုပြုလုပ်ထားရန်။ #အပိုဒ် ၄။(ဃ)အရ

ခရီးသွားမိဘပြည်သူများ ပြည်တွင်း ခရီးသွားလာရေးအတွက် အချိန်ကြန့်ကြာမှုမရှိဘဲ ကြိုတင်ဆောင်ရွက်စရာများလုပ်ဆောင်နိုင်ကြပါစေဗျ။
မှ
ဆုမွန်ကောင်းတောင်းလျက်

လက်မှတ်မှာယူလိုပါက ဆက်သွယ်ရမည့်ဖုန်းနံပတ်
ph: : 09 964 188750
ph: : 09 757 077420

👉Time
Always Open





Address

Myitkyina
951

Telephone

+959964188750

Website

Alerts

Be the first to know and let us send you an email when Aurora Air Ticket posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share