Inle Farm House

Inle Farm House Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Inle Farm House, Vacation Home Rental, S**e Pyoe Village, Eastern Part of Nyaung Shwe, Southern Shan State, Nyaung Shwe, Nyaung Shwe.

မိုးကုန်လို့ ဆောင်းရောက်လို့နဂါးမောက်သီးတွေလဲ ကုန်လေပီ
22/11/2021

မိုးကုန်လို့ ဆောင်းရောက်လို့
နဂါးမောက်သီးတွေလဲ ကုန်လေပီ

Dear all Customers!We are opening our  .We have long stay service as well.But we are not available at the moment!Thanks ...
22/10/2021

Dear all Customers!
We are opening our .
We have long stay service as well.
But we are not available at the moment!
Thanks for your inquires and interested.
🏡🏠

Covid 19 ကူးစက်ပြန့်ပွားမှုအရ
ကျွန်မတို့မှ Customers များကို
Long stay ငှါးရမ်းထားပါသဖြင့် ယခုရက်ပိုင်းတွင် Daily package များငှါးရမ်းမှုအဆင်မပြေပါကြောင်း ကြိုတင်အသိပေးထားပါရစေရှင့်....

ကျွန်မတို့ Inle Farm House ကို ဆက်သွယ်စုံစမ်း
မေးမြန်းပေးသော မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်❤️

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစ...
20/10/2021

ဝါလကင်းလွတ်
သီတင်းကျွတ်အခါသမယတွင်

မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ စိတ်သွားတိုင်းကိုယ်ပါလိုရာဆန္ဒအားလုံးပြည့်နိုင်ကြပါစေကြောင်း🙏

ကျွန်မ တို့ Inle Farm House မိသားစုမှ
သီတင်းကျွတ်လပြည့် ညောင်ရွှေမြို့
ရတနာမာန်အောင်ဘုရားဆီမီးပူဇော်ပုံဖြင့်
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်.🙏🙏🙏

14/07/2021


13/07/2021



နဂါးမောက်သီးတွေလဲသီးနေပီInle Farm House ကလဲ ဧည့်သည်တွေ မျှော်နေပီဒုက္ခဆိုးကြီးလဲမြန်မြန်ပီးစေချင်လှပီ.....ကမ္ဘာတဘက်မှာ က...
30/06/2021

နဂါးမောက်သီးတွေလဲသီးနေပီ
Inle Farm House ကလဲ ဧည့်သည်တွေ မျှော်နေပီ
ဒုက္ခဆိုးကြီးလဲမြန်မြန်ပီးစေချင်လှပီ.....
ကမ္ဘာတဘက်မှာ ကိုဗစ်မရှိ
သာမန်ပျော်ရွှင်နေထိုင်နိုင်ကြပီ...
ကိုယ်တွေ ကမ္ဘာမှာတော့ အနာဂတ်တွေဟာ
မှောင်မိုက်နေတုံး......

ကိုဗစ်ကြီး ပီးရင်ဪ ခုတော့ မအလ ကြီး ဇာတ်သိမ်းပီးရင်😒
28/06/2021

ကိုဗစ်ကြီး ပီးရင်
ဪ ခုတော့ မအလ ကြီး ဇာတ်သိမ်းပီးရင်😒

ခြံထွက်လတ်လတ်ဆတ်ဆတ်လေးတွေ😍
11/01/2021

ခြံထွက်လတ်လတ်ဆတ်ဆတ်လေးတွေ😍

ဒီလိုရာသီဥတုလေးနဲ့ သာယာတဲ့ ဆောင်းမနက်ခင်းမှာအနားမှာ ချစ်ရတဲ့သူရယ်  ကော်ဖီ ခါးခါးလေးတစ်ခွက်ရယ်ဆို တော်တော်ပြည့်စုံနေပါပီ....
05/01/2021

ဒီလိုရာသီဥတုလေးနဲ့ သာယာတဲ့ ဆောင်းမနက်ခင်းမှာ
အနားမှာ ချစ်ရတဲ့သူရယ် ကော်ဖီ ခါးခါးလေးတစ်ခွက်ရယ်ဆို တော်တော်ပြည့်စုံနေပါပီ.....

၂၀၂၁ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း၊ ရောဂါဘယများလည်း ကင်းဝေးလို့ ကိုဗစ်ကြီးကိုလဲ အောင်မြင်စွာ ကျော်လ...
31/12/2020

၂၀၂၁ နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း၊ ရောဂါဘယများလည်း ကင်းဝေးလို့ ကိုဗစ်ကြီးကိုလဲ အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေ....
လုပ်ငန်းဆောင်တာများလည်း အောင်မြင်ပါစေဟု....
ကျွန်မတို့ Inle Farm House မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင့်။

Happy New Year!

ဒီနေ့ ရွာမ ရေပေါ်စျေးလေး လူပိုစည်တယ်ရိုးရာအစားအသောက်တွေ အကုန်ရောင်းကုန်တယ်ဆိုလို့ကြားသိရလို့လဲ ဝမ်းသာမိပါတယ်ရှင့်...ယခုလ...
21/12/2020

ဒီနေ့ ရွာမ ရေပေါ်စျေးလေး လူပိုစည်တယ်
ရိုးရာအစားအသောက်တွေ အကုန်ရောင်းကုန်တယ်ဆိုလို့ကြားသိရလို့လဲ ဝမ်းသာမိပါတယ်ရှင့်...

ယခုလာမည့် ရေပေါ်စျေးနေ့ကတော့ ၂၆.၁၂.၂၀၂၀ နေ့ပဲဖြစ်ပါတယ်ရှင့်....
တကယ့် အင်းရိုးရာစစ်စစ်ကို စား​ဖူးချင်တယ်ဆို ရွာမရေပေါ်စျေးကိုအရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေရှင့်....😍

♻️ အမှိုက်မချခြင်း၊ အမှိုက်ထည့်စရာတခုခုယူဆောင်လာခြင်း၊ စျေးဝယ်ရန်ခြင်းတောင်းသယ်လာခြင်း၊ မုန့်ထည့်စရာတခုခုယူလာခြင်းဖြင့် No Plastic Campaign မှာပါဝင်ပေးပါနော်။

ဟဲယာရွာမရေပေါ်ဈေးမှာ ပျော်စရာအချိန်လေးဖြစ်ပါစေရှင်။



Photos Credit

တော့လူခဲတေ မနက်ခါ စျေးနေ့နောင်း ဒီတစ်ပတ် ဟဲယာရွာမရေပေါ်ဈေး (၂၁.၁၂.၂၀၂၀) မှာ🤩 အသစ်ထပ်တိုး မုန့်လှေများ 🤩Inle Product မြန်...
20/12/2020

တော့လူခဲတေ မနက်ခါ စျေးနေ့နောင်း

ဒီတစ်ပတ် ဟဲယာရွာမရေပေါ်ဈေး (၂၁.၁၂.၂၀၂၀) မှာ

🤩 အသစ်ထပ်တိုး မုန့်လှေများ 🤩

Inle Product မြန်မာ့ထုတ်ကုန် ရဲ့
ဝက်သားအိုးကြီးချက်
https://m.facebook.com/story.php?story_fbid=134169165124053&id=101748211699482

A Little Eco Lodge ရဲ့
နွားနို့ခဲဆိမ့်ဆိမ့်လေး
https://www.facebook.com/1713142578915739/posts/2870194319877220/

The Florist by yun - Flower shop Naung Shwe ရဲ့
လီလီပန်း

အိုးကလေးနဲ့ဒိန်ချဥ်
https://m.facebook.com/story.php?story_fbid=10220653619745351&id=1081196944

"ပြည့်ပြည့် မုန့်မျိုးစုံလုပ်ငန်း" (ညောင်ရွှေ) မှ
ကျန်းမာရေးနှင့်လဲညီညွတ် စျေးနှုန်းကလဲချိုတဲ့
* ကိတ်စို၊ကိတ်ခြောက်၊ပေါင်မုန့်ကြွပ်၊မာဘယ်ကိတ်၊ကန်စွန်းဥပေါင်မုန့်လေးတွေရပါမယ်
* ရေပေါ်ဈေးအတွက်ဘဲ အထူး Special ဖုတ်ထားတဲ့
ချောကလက်ကိတ်၊ငှက်ပျောကိတ်တွေ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းမှာဖြစ်ကြောင်း။
ပုံလေးတွေ ဒီမှာကြည့်ပါ 👇👇👇
https://m.facebook.com/story.php?story_fbid=10218819530981037&id=1283954051

"တင့်ဆန်းကယန်းရိုးရာဂျပ်ခုတ်လုပ်ငန်း" မှ
နန်းပန်ဟင်းထုပ်

"အင်းလုံ့ရေပေါ်ဖောင်" မှ
အင်းရိုးရာကြေးအိုးထမင်းနီနဲ့ ဝက်ဆားဟင်း၊ ကြူးမြစ်လူး၊ စပ်ဆီးလုံးချော်န ထပ်တိုး ထားပါကြောင်း။
ကြာဖက်လေးနဲ့ တထုပ်၁၅၀၀ကျပ်ပါတဲ့ခင်ဗျာ

Yashika's Food Village မှ
“ အင်းမုန့်တီ “ (အင်းလေးမုန့်ဟင်းခါး)
အစားအသောက်ကွပ်ကဲရေးမှအသိအမှတ်ပြုထားသည့်
"အသင့်စားအင်းမုန့်တီအထုပ်များ"
https://www.facebook.com/314037432322737/posts/1100694733656999/

ညောင်ရွှေဧည့်လမ်းညွှန်များအဖွဲ့ စျေးလှေမှာ
ငါးပိ၊ ငါးခြောက်များ
ဝက်အူချောင်း၊
အာလူးကြော်၊ ခေါက်ဆွဲ၊ ခေါပုတ်
လက်ဖက်၊ ပဲကြော်

🤩 အိမ်ရှင်မတို့အတွက် ကုန်စိမ်းလှေကြီး 🤩

🤩 ဒေသခံမုန့်လှေ🤩

*ငါးသံပုရာပေါင်း
* ငါးကင်
* ငါးဘူးသီးကြော်
* မုန်ညင်းပေါင်း
* ဆည်ပုဇွန် ကောက်ညင်းလုံး
* အာလူး ငါးအစာသွပ်ကြော်
* ကော်ဖီ

မမြပိုး * မင်းတက်ပြား *
သိန်းဖေမြင့် * ငါးထမင်း *
နောင်မေ * ထိုဖူးကြော် *
ကိုမိုး(ရေ) * ထိုဖူးသုပ် *
မနီ * အကြော်စုံနှင့် ကြာဇံဟင်းခါး*
မနှင်းဆီ * ထိုဖူးသုပ် *
သားအို * ဘယာကြော်၊ ပဲလမုန့် *
မအေး * မုန့်ဟင်းခါး၊ အသုပ်စုံ *
စနေမ * ဘီးမုန့်ကြော် *
စနိုးပေါ * ဟင်းထုပ်၊ ထန်းလျက်ကြော် *
မနှင်း * ဝက်သားချဥ် *
အင်းလုံ * ဝက်သားတုတ်ထိုး၊ ကြာဇံကြော်၊ မာလာရှမ်းကော *
မရွှေလုံး* ငါးသံပုရာပေါင်း*

🤩 လာရောက်အားဖြည့်တဲ့ ဆိုင်ကြီးများ 🤩

Inn Thar Lay Restaurant & Villa မှ
* မုန့်ဟင်းခါး
* ဆီချက်ခေါက်ဆွဲ
* အင်းမုန့်တီ
https://m.facebook.com/story.php?story_fbid=2592061377585627&id=453511704773949

Inle Palace Restaurant မှ
* ဝက်သားကင်ပေါင်းကြော်
* ကောက်ညှင်ပေါင်း
* မာလာဟင်း
* ကြာဖက်ထမင်းကိုကြက်ကင်နဲ့အထောင်း

Inle Heritage ရဲ့
* ဟင်းနုနွယ်ခေါက်ဆွဲ 😋

သက်သာဆုံးစျေးနှုန်းတွေနဲ့ စျေးသုံးရင်း
"အင်းလေးရိုးရာအစားအသောက်"တွေအားပေးကြမယ်နော်။

♻️ အမှိုက်မချခြင်း၊ အမှိုက်ထည့်စရာတခုခုယူဆောင်လာခြင်း၊ စျေးဝယ်ရန်ခြင်းတောင်းသယ်လာခြင်း၊ မုန့်ထည့်စရာတခုခုယူလာခြင်းဖြင့် No Plastic Campaign မှာပါဝင်ပေးပါနော်။

❗️❗️စျေးသည်/ဈေးဝယ်များအားလုံး❗️❗️
* mask ကိုစနစ်တကျမှန်မှန်ကန်ကန် တပ်ပါမယ်။
* Face shield ပါဝတ်ဆင်နိုင်ရင် ပိုကောင်းပါတယ်။
* လက်ကိုခဏခဏဆေးပါမယ်။

မြို့နယ်‌စီမံချက်‌အရ ဟဲယာရွာမအုပ်‌ချုပ်‌‌ရေးမှူးမှစည်းကမ်းထုတ်‌ပြန်‌ချက်‌ထုတ်ထားပြီးဖြစ်ပါသည်။
မလိုက်‌နာပါကထိ‌ရောက်‌စွာအ‌ရေးယူသွားမည်‌ဖြစ်‌ပါ‌ကြောင်း ကြေငြာထားတာလေးလဲ ပြန်အသိ‌ပေး‌ကြေငြာအပ်‌ပါသည်။
အားလုံးစည်းကမ်းလိုက်နာပြီး ဒီကာလကို ကျော်ဖြတ်ကြပါစို့နော်။

ရေပေါ်ဈေးလမ်းညွှန်ကို ဒီမှာဖတ်ပေးပါ။ 👇👇👇

https://www.facebook.com/101162431849467/posts/110930037539373/

Credit Inle Floating Market

05/12/2020




ဒို့ရှမ်းပြည်မှာ ဆောင်းရာသီလေး ဘယ်လိုတောင်လှနေလိုက်သလဲ.....ခရီးသွားဖို့ လမ်းကြောင်းတွေဖွင့်တာနဲ့... တောင်ပေါ်ချစ်သူများန...
04/12/2020

ဒို့ရှမ်းပြည်မှာ ဆောင်းရာသီလေး ဘယ်လိုတောင်လှနေလိုက်သလဲ.....
ခရီးသွားဖို့ လမ်းကြောင်းတွေဖွင့်တာနဲ့... တောင်ပေါ်ချစ်သူများနဲ့ မှာ ဆုံကြမယ်နော်😍
#ဆောင်းရာသီ
#ရှမ်းပြည်
#အင်းလေး
#ညောင်ရွှေ

ဒီနေ့စိုက်ထားတာလေးတွေ ခူးတဲ့နေ့ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံများ
30/11/2020

ဒီနေ့စိုက်ထားတာလေးတွေ ခူးတဲ့နေ့
သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံများ

တန်ဆောင်မုန်းလပြည့် အဇာတသတ်မင်းနှင့်သာမညဖလသုတ်တရားတော်   ****************************အဇာတသတ်မင်းတရားသည် ငယ်ရွယ်စဉ်အခါကဒေ...
29/11/2020

တန်ဆောင်မုန်းလပြည့် အဇာတသတ်မင်းနှင့်
သာမညဖလသုတ်တရားတော် ****************************
အဇာတသတ်မင်းတရားသည် ငယ်ရွယ်စဉ်အခါကဒေဝဒတ်ကိုဆရာ တင်ပြီးအပေါင်းအသင်းမှားသော ကြောင့်၊ဖခင်ဘုရင်ကြီးကိုသတ်မိသည် အထိဆိုးသွမ်းခဲ့ပါသည်။
ဤလွန်ကျူးမှုကြောင့်အဇာတသတ် ကို၊အဖသတ်လူဆိုးကြီးအဖြစ် ဗုဒ္ဓဘာသာဝင်တို့ကကဲ့ရဲ့ပြစ်တင် ကြပါသည်။
သို့ရာတွင်နောက်ပိုင်းကာလ၌ သမားတော်ကြီးဇီဝကကိုအမီပြုပြီး မြတ်စွာဘုရားထံရောက်ရှိခဲ့ရပါ သည်။
မြတ်စွာဘုရားထံမှသာမညဖလသုတ် တရားတော်ကိုနာယူရသည့်အတွက် -
၁။သူ့အမှားကိုနောင်တဖြစ်ပြီး သတိတရားရလာခဲ့ပါသည်။
၂။ဗုဒ္ဓသာသနာတော်ကိုအသက်ပေး ကြည်ညိုသူဖြစ်လာပါသည်။
၃။ပထမသဂါင်္ယနာတင်ပွဲကြီး ဖြစ်မြောက်အောင်ကူညီခဲ့ပါသည်။
၄။နှောင်းခေတ်ဗုဒ္ဓဘာသာဝင်များ အတွက်ဓာတ်တော်များကို စနစ်တကျသိမ်းဆည်းထားခဲ့ပါသည်။
၅။ဗုဒ္ဓသာသနာတော်နှစ်ကို အတိအကျ၊သတ်မှတ်ပေးခဲ့ပါသည်။
အထက်ပါလုပ်ဆောင်ချက်များကို သုံးသပ်၍ကောက်ချက်ချကြည့်ပါလျှင် အဇာတသတ်၏ဘဝသည် - ရှေ့ပိုင်းဆိုးသလောက်နောက်ပိုင်း ကောင်းမွန်ပါသည်။
အဇာတသတ်၏ဖြစ်ရပ်ကိုကြည့်၍ -ပါပမိတ္တကိုရှောင်ရှား၍ - ကလျာဏမိတ္တကိုမှီဝဲဆည်းကပ်သင့် ကြောင်း - သင်္ခန်းစာရယူနိုင်ပါသည်။
လူတစ်ဦးသည်တစ်သက်တာလုံး လူဆိုးမဖြစ်နိုင်၊ပြုပြင်သွားလျှင် - လူကောင်း၊သူတော်ကောင်း ဖြစ်နိုင်ပါသည်။ အဇာတသတ်မင်းအား မြတ်စွာဘုရားရှင်ကသာမညဖလသုတ် တရားဟောတော်မူသောနေ့သည် - တန်ဆောင်မုန်းလပြည့်နေ့ည ဖြစ်ပါသည်။
{မာဂဓီ(သာစည်)အခါတော်နေ့များ}

Credit

မေတ္တာဖြင့်မျှဝေပါတယ်

Inle Farm House မှာ ဘာတွေစိုက်ထားလဲ????၁: ဂွေးတောက်ရွက်၂: ခရမ်းသီး၃: ဇီးဖြူသီး(အင်းသား ဆေးခါးဟင်းထဲ ထည့်ချက်တာ)၄: ကစော့ခ...
03/11/2020

Inle Farm House မှာ ဘာတွေစိုက်ထားလဲ????

၁: ဂွေးတောက်ရွက်
၂: ခရမ်းသီး
၃: ဇီးဖြူသီး(အင်းသား ဆေးခါးဟင်းထဲ ထည့်ချက်တာ)
၄: ကစော့ခါးသီး
၅: ရေပန်းရွှေ(အင်းသားလိုခေါ်တာ မြို့သူမြို့သားတွေ ဘယ်လိုခေါ်ကြောင်း😁)
၆: ကြက်သားဟင်းရွက်
၇: ငရုတ်သီး
​၈: ဂွေးသီး(ထောင်းစားလို့အရမ်းကောင်း)
၉: ကြက်သွန်ပင်
၁၀: ပဲတောင့်ရှည်
၁၁: သင်္ဘောပင်
၁၂: မုန်ညှင်း
၁၃: ဇမုန်နီ
၁၄: ဖရုံပင်
၁၅: မုန်လာဥနီ
၁၆: တရုတ်နံနံ
၁၇: ဖက်လွန်(ပူစီနံ)
၁၈: ပင်စိမ်း/ ပင်စိမ်းနက်
၁၉: သံပုရာပင်
၂၀: လိမ္မော်ပင်
၂၁:sunkist ပင်
၂၂: ပြောင်းဖူးပင်
၂၃: ထောပတ်ပင်
၂၄: သရက်ပင်(စိန်တလုံး+ပတ္တမြားငမောက်)
၂၅:နဂါးမောက်(ဖြူ+နီ)
၂၆: လိုင်ချီးပင်(အပင်ကြီးပီး အသီးမသီး😝)
၂၇: ပင်မှည့် (ခုမှ စစိုက်ထား)
၂၈: အုန်ပင်(အပုမျိုး)
😍😍😍😍

Inle Farm House မှာ စိုက်ထားတဲ့ Organic ကြက်သွန်ပင်နှင့် အင်းသားရိုးရာ ဟင်းထုပ်လုပ်နည်းလေး တင်ပေးထားပါတယ်ရှင့်.... ဟင်းထ...
24/10/2020

Inle Farm House မှာ စိုက်ထားတဲ့ Organic ကြက်သွန်ပင်နှင့် အင်းသားရိုးရာ ဟင်းထုပ်လုပ်နည်းလေး တင်ပေးထားပါတယ်ရှင့်....
ဟင်းထုပ်လုပ်ဖို့အတွက် အဓိက လိုအပ်တာကတော့
၁: ကြက်သွန်ပင်
၂: ဆန်မှုန့်(ကျမတို့ကတော့ အလွယ်တကူဝယ်လို့ရတဲ့ ဖွေး ဆန်စိမ်းမှုန့်ကို သုံးပါတယ်ရှင့်)
၃: ရေသန့် အနည်းငယ်
၄: ဆီအနည်းငယ်နှင့် ဆား, အရသာမှုန့်, ငှက်ပျောဖက်တို့ လိုအပ်ပါတယ်ရှင့်

*** ဝက်သား ကြိုက်ပါက ဝက်သားကို သေးသေးလေးတုံးပြီး ထည့်ထုပ်ပီးပေါင်းလို့ရပါတယ်ရှင့်...****
သက်သက်လွတ်စားသူက အသားမပါပဲ ပြုလုပ်လို့ရပါတယ်ရှင့်....☺️

ငှက်ပျောဖက်ကို ထုပ်ပိုးရာတွင် အသုံးပြုမှာမို့ ပျော့နေရမှာဖြစ်သည့်အတွက် နေလှန်း(မီးကင်) ပေးထားရပါမယ်ရှင့်...

ကြက်သွန့်မြိတ်ကို လက်တစ်ဆင့်အရွယ်လောက်ပိုင်းဖြတ်ပီး
ပါဝင်ပစ္စည်အားလုံးဖြင့်ရောနယ်ရပါမည်...
ထိုသို့ရောနယ်ရာတွင် ရေ ကို နဲနဲချင်းစီ လိုက်ထည့်ပေးပါရှင့်
ရေများသွားလျှင် ဟင်းထုပ်က ပျော့ပြဲပြဲဖြစ်တတ်လို့
ပုံတွင်ပြထားသည့်အတိုင်းအနေတော်လေးဖြစ်ရပါမယ်ရှင့်...
အားလုံးအဆင်သင့်ဖြစ်ရင် နေလှန်းထားသော ငှက်ပျောရွက်ဖြင့် ထုပ်ပီး ရေနွေးဆူဆူနှင့် မိနစ် ၅၀ ခန့်ပေါင်းထားရပါမယ်ရှင့်....

ကဲ စျေးထဲတွင် အလွယ်တကူဝယ်ယူလို့ရတဲ့ ဟင်းသီးဟင်းရွက်ဖြင့် ရိုးရာစာလေး လုပ်ကြည့်ကြမယ်နော်😍

Inle Farm House  ရဲ့ Organic သီးပင်စားပင်လေးတွေနဲ့ သာယာနေတာ☺️
20/10/2020

Inle Farm House ရဲ့ Organic သီးပင်စားပင်လေးတွေနဲ့ သာယာနေတာ☺️

ကိုဗစ်ရေမြန်မြန်ပီးပါတော့.... ဒို့အင်းလေးက ရေပေါ်စျေးနဲ့ဘယ်လောက်လှလဲဆိုတာ ခရီးသွားတွေကို ပြချင်နေပီ😒
15/10/2020

ကိုဗစ်ရေမြန်မြန်ပီးပါတော့.... ဒို့အင်းလေးက ရေပေါ်စျေးနဲ့ဘယ်လောက်လှလဲဆိုတာ ခရီးသွားတွေကို ပြချင်နေပီ😒

25/09/2020
လှလှလေးတွေ ပွင့်ပေးနေလိုက်တာ...အိုးခွဲလို့ရပီ....
10/09/2020

လှလှလေးတွေ ပွင့်ပေးနေလိုက်တာ...
အိုးခွဲလို့ရပီ....

Inle Farm house မှာစိုက်ထားတာလေးတွေ ဒီနေ့ခူးတယ် .... အသီးတွေကတော့ organic အသီးလေးတွေပဲ...
04/09/2020

Inle Farm house မှာစိုက်ထားတာလေးတွေ ဒီနေ့ခူးတယ် ....
အသီးတွေကတော့ organic အသီးလေးတွေပဲ...

ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာလို့ရောဂါဘယတွေကင်းဝေးကြပါစေလို့...Inle farm House Family မှ ဆုတောင်းလိုက်ပါတယ်ရှင့...
03/09/2020

ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာလို့
ရောဂါဘယတွေကင်းဝေးကြပါစေလို့...
Inle farm House Family မှ ဆုတောင်းလိုက်ပါတယ်ရှင့်....

ညောင်ရွှေလာမယ် Inle Farm House မှာတည်းပီး အနားယူမယ်ပီးရင် မိုင်းသောက် ခေါင်တိုင် စက်ဘီးစီးမယ်ဆိုလဲ..... ရပါတယ်နော်.........
25/08/2020

ညောင်ရွှေလာမယ် Inle Farm House မှာတည်းပီး အနားယူမယ်
ပီးရင် မိုင်းသောက် ခေါင်တိုင် စက်ဘီးစီးမယ်ဆိုလဲ.....
ရပါတယ်နော်.......

Inle Farm House ကနေပီး ၂:၀၀ နာရီလောက်အချိန်ပေးရုံနဲ့ရှမ်းပြည်မှာ တောင်တက်ဖူးသွားမှာနော်.....အရမ်းလဲ မပင်ပန်းဘူး အမြဲတောင...
20/08/2020

Inle Farm House ကနေပီး ၂:၀၀ နာရီလောက်အချိန်ပေးရုံနဲ့
ရှမ်းပြည်မှာ တောင်တက်ဖူးသွားမှာနော်.....
အရမ်းလဲ မပင်ပန်းဘူး အမြဲတောင်တက်နေတဲ့သူမဟုတ်လဲ တက်လို့ရတယ်....
နေရာကတော့ မင်းပုန်းတောင် တဲ့....
ကဲ ကိုဗစ်ရှောင်ရင်း သီးသန့် အေဆေးလေး အနားယူမယ် တောင်တက်မယ်ဆိုရင်လဲ Inle Farm House မှာ လာရောက်တည်းခိုလို့ရပါတယ်ရှင့်......
အခြားတောင်တက် ခရီးစဉ်များကိုလဲ စီစဉ်ပေးပါတယ်ရှင့်..... အသစ် အသစ်တွေကိုလဲ ရှာဖွေနေပါတယ်ရှင့်......

ဖရုံရွက်ကြော်စားမလား အသီးကို Soup ချက်မလားမန်ကျည်းရွက်နုသုတ်စားမလား ကုလားပဲနဲ့ဟင်းရည်ချက်မလား​သင်္ဘောသီးထောင်းစားမလား မန...
05/08/2020

ဖရုံရွက်ကြော်စားမလား အသီးကို Soup ချက်မလား
မန်ကျည်းရွက်နုသုတ်စားမလား ကုလားပဲနဲ့ဟင်းရည်ချက်မလား
​သင်္ဘောသီးထောင်းစားမလား မနက်စာအဖြစ် ဖော်ရည်သောက်မလား
နဂါးမောက်သီးခူးစား ကြိုက်တာအေးဆေးလေး စျေးမသွားပဲ Inle Farm House မှာတည်းပီး ချက်စား လို့ရတယ်နော်

04/08/2020

တောင်တန်းအနီးမှာ မိုးတွေ ရွာနေပီဘေဘီ ⛰️🌳🏡🌧️
မိုးရွာပီးရင် မြူခိုးလေးတွေနဲ့အေးစိမ့်စိမ့်လေးအရသာကို
Inle Farm House မှာတည်းရင်း ခံစားလို့ရပါပီနော်....

  မှာတည်းပီး ဘယ်လည်ရမလဲ မသိတဲ့ ခရီးသွားမိတ်ဆွေများအတွက် အင်းလေးကန် အနောက်ဘက်ခြမ်းမှာရှိတဲ့ ခေါင်တိုင်ရွာ က မိသားစု တနိုင...
02/08/2020

မှာတည်းပီး ဘယ်လည်ရမလဲ မသိတဲ့ ခရီးသွားမိတ်ဆွေများအတွက် အင်းလေးကန် အနောက်ဘက်ခြမ်းမှာရှိတဲ့ ခေါင်တိုင်ရွာ က မိသားစု တနိုင်တပိုင် မုန့်မျိုးစုံလုပ်ငန်းကို စက်ဘီးလေးစီးပီး သွားရောက်လည်ပတ်လို့ရပါတယ်ရှင့်......

ဒါလေးက ဒီနေ့ လာရောက်တည်းခိုမဲ့ မိသားစုအတွက် ပြင်ဆင်ပေးဖြစ်တာလေး.....😍😍😍
01/08/2020

ဒါလေးက ဒီနေ့ လာရောက်တည်းခိုမဲ့ မိသားစုအတွက် ပြင်ဆင်ပေးဖြစ်တာလေး.....😍😍😍

ခရီးသွားပြည်သူအပေါင်းများ မင်္ဂလာပါရှင့်....ယခုဆို ကျမတို့ မြန်မာ နိုင်ငံမှာ Holiday Home, Holiday Cottage လေးတွေ ခေတ်စာ...
31/07/2020

ခရီးသွားပြည်သူအပေါင်းများ မင်္ဂလာပါရှင့်....
ယခုဆို ကျမတို့ မြန်မာ နိုင်ငံမှာ Holiday Home, Holiday Cottage လေးတွေ ခေတ်စားလာပီး မိသားစုများ သူငယ်ချင်းများ မိမိတို့အဖွဲ့ အုပ်စုလိုက် သီးသန့် တည်းခိုလာကြပါပီရှင့်....
အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါကြီး ကြောင့် လူ ထူထပ်မည့်နေရာများ ရှောင်ပီး သီးသီးသန့်သန့် မိမိအုပ်စုပဲ တည်းခိုချင်ရင်ဖြင့် ညောင်ရွှေ အင်းလေး ဒေသမှာ ကျယ်ဝန်းလှတဲ့ နဂါးမောက်ခြံ ထဲက သာယာလှတဲ့ကျမတို့ မှာ မိသားစု သူငယ်ချင်းများ အုပ်စုလိုက် တစုတစီးတည်း ပျော်ပျော်ပါးပါး
လာရောက်တည်းခိုလို့ရနိုင်ပါပီရှင့်...
အိမ်ကလေး ရဲ့ တည်နေရာကတော့....

🏡 ညောင်ရွှေ အေးသာယာ လမ်းမကြီး ဘေးက စိုက်ပျိုးရွာရှိ မိုးကုတ်ဝိပဿနာကျောင်းလမ်းအတိုင်း ဝင်ပီး နဂါးမောက်ခြံကျယ်ကြီးမှာ တည်ဆောက်ထားတာဖြစ်ပါတယ်ရှင့်....
မြို့နဲလဲ သိပ်မဝေး ရွာထဲက ခြံထဲမှာ ဆောက်ထားတာဖြစ်လို့ ညဘက် ခပ်မိုက်မိုက် Bar တွေမှာ ထိုင်ပီး ပြန်မယ်ဆိုလဲ အေးဆေးနော်.....

ညောင်ရွှေစျေး JJ ကားဂိတ် ရွှေလွန်းပျံ Elite Famous ပုဂံမင်းသား စသည့် ရန်ကုန် မန္တလေး ပုဂံ ကားဂိတ်များနှင့်ဆိုရလျှင်လဲ ၇ မိနစ်ခန့် လှေဆိပ် နှင့်ဆို ၁၀ မိနစ်ခန့် မောင်းနှင်ရပါမယ်ရှင့်.....

🏡 အိမ်ကလေးထဲမှာ ၃ ယောက်ခန်း ၁ ခန်း
၂ ယောက်ခန်း ၁ ခန်းဖြင့် ဖွဲ့စည်းထားသော်လဲ ဧည့်ခန်းထဲတွင် ၁ ယောက်အိပ် လို့ရပါတယ်ရှင့်... 😍

Holiday Home လေးဖြစ်လို့ မိမိအိမ်ကဲ့သို့ မိမိတို့ဘာသာချက်ပြုတ်စားသောက်ရမှာဖြစ်ပါတယ်ရှင့်...
အိမ်ကလေးထဲမှာ မီးဖိုချောင်သုံးပစ္စည်းများဖြစ်တဲ့
*** Rice cooker, double Hot plates, Coffee machine,
***ပေါင်မုန့်ဖုတ်စက်... အသီးဖျော်စက်.... အသားကြိတ်စက် , အကင်စက် , Oven,
စသဖြင့် ထားပေးထားပီး ဆန်,ဆီ,ဆား..ကြက်ဥ, ပေါင်မုန့်, ခေါက်ဆွဲခြောက်များထားပေးထားပါတယ်ရှင့်.....

👉စျေးနှုန်းလေးကတော့ တည ကို ၈၀၀၀၀(ရှစ်သောင်းကျပ်) ဖြစ်ပါတယ်ရှင့်.....
⏰Check in time 2:00 PM
Check Out time 12:00 Noon
***** Check in စောပါက ကြိုတင်အကြောင်းကြားပေးပါရန်.....
ဆက်သွယ်ရန် ☎️ 09793171402, 095216648 (or) Inle Farm House Page messenger,
09793171402 viber သို့တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်.....

ခရီးသွားမိတ်ဆွေများ အင်းလေးဒေသသို့ လာရောက်လည်ပတ်ပါက တကြိမ်တခါလောက် တည်းခိုဖို့ ကျမတို့ Inle Farm House Family မှ နွေးထွေးစွာ ဖိတ်ခေါ်ပါရစေရှင့်......

ကမ္ဘာသူကမ္ဘာသားအားလုံး... ကျန်းမာချမ်းသာလို့စီးပွားရေးများကောင်းကြပါစေရှင်.....🙏🙏🙏

  လေးရဲ့Bathroom Design လေးပါရှင့်.....Stand Shower ကို ရေလောင်းကရားလေးနဲ့ တမျိုးလေး လုပ်ထားတယ်towel ထားမဲ့နေရာကိုလဲ ဝါး...
21/07/2020

လေးရဲ့
Bathroom Design လေးပါရှင့်.....

Stand Shower ကို ရေလောင်းကရားလေးနဲ့ တမျိုးလေး လုပ်ထားတယ်
towel ထားမဲ့နေရာကိုလဲ ဝါးလေးနဲ့ တင်ထားလို့ရအောင် လှေကားထစ်ပုံစံလုပ်ထားပီး
Basin Mirror ကိုလဲ DIY လေးနဲ့ရအောင်သုံးထားတယ်
အိမ်ပြတင်းတွေက လေပေါက် မှန်အဟောင်းကို ကြည့်မှန်အဖြစ်ပြန်သုံးထားတယ်...
Farm house ဆိုတော့ အရမ်း Model ဆန်နေမှာစိုးလို့
စည်ပိုင်းတွေကို ကလေးတွေအတွက် bathtub လေးလုပ်ပေးထားတယ်.....(လူကြီးလဲ ဝင်စိမ်လို့ရပါတယ်နော်)
See You soon😘😙

မိုးအေးအေးနဲ့ ShanTea လေးသောက်မယ်
21/07/2020

မိုးအေးအေးနဲ့ ShanTea လေးသောက်မယ်


မြူခိုးများနှင့်နံနက်ခင်းလေး
09/07/2020

မြူခိုးများနှင့်နံနက်ခင်းလေး

ဘေးပတ်ဝန်းကျင်မှာ ဘာတွေရှိလဲ မေး.....
28/06/2020

ဘေးပတ်ဝန်းကျင်မှာ ဘာတွေရှိလဲ မေး.....

Our Farm House Logo Design by professional photographer Kyaw Swar Win.
25/06/2020

Our Farm House Logo Design
by professional photographer Kyaw Swar Win.

Mountain View လားReading Corner လားCoffee Corner လား Photo Corner လား...... Inle Farm House က စောင့်နေပါပီရှင့်.....
23/06/2020

Mountain View လား
Reading Corner လား
Coffee Corner လား
Photo Corner လား......
Inle Farm House က စောင့်နေပါပီရှင့်.....

Can't wait!!!!!
18/06/2020

Can't wait!!!!!

Covid အလွန်မှာ နားခိုရာ Farm House လေးမကြာခင် ပီးတော့မယ် 🏡
17/06/2020

Covid အလွန်မှာ နားခိုရာ Farm House လေး
မကြာခင် ပီးတော့မယ် 🏡

Address

S**e Pyoe Village, Eastern Part Of Nyaung Shwe, Southern Shan State, Nyaung Shwe
Nyaung Shwe
06081

Telephone

+959793171402

Website

Alerts

Be the first to know and let us send you an email when Inle Farm House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share