Ride To Inle.PTG Travels

Ride To Inle.PTG Travels Our’s Life Our’s Bike

🪅သီတင်းကျွတ်ရာသီမှာ🎵 ✨✨🎉  ကျန်းမာခြင်း⛵🎏 ✨✨💐  ချမ်းသာကြွယ်ဝခြင်း🚀 ✨✨🌷  ပျော်ရွှင်ခြင်း🌅 🎆 ✨✨🎀ချစ်သူခင်သူပေါများခြင်း🌈 🎑 ...
26/10/2023

🪅သီတင်းကျွတ်ရာသီမှာ🎵 ✨
✨🎉 ကျန်းမာခြင်း⛵🎏 ✨
✨💐 ချမ်းသာကြွယ်ဝခြင်း🚀 ✨
✨🌷 ပျော်ရွှင်ခြင်း🌅 🎆 ✨
✨🎀ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨🌺 စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨💰အလှူရေစက်လက်နှင့်မကွာ လှူတန်း
နိုင်ခြင်း🙏 🎇 ✨
✨💸လာဘ်လာဘကြွယ်ဝခြင်း 💰 ✨🌷
✨☀🪅🎉ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါ
စေကြောင်း🎀🎁
✨🕯️ဟိန်းဆက်သင်္ဘောဆေးဆိုင် နှင့်
Phoe Thar Gyi Travels & Tours မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်👏 🎰 ✨🌺 🉐 ☀✨🍀 🎐 👍 ✨💎💰🎁ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 🎁

Happiness is not having a lot.Happiness is give lot.
20/10/2023

Happiness is not having a lot.
Happiness is give lot.

Things that can't be resisted by the mind have to be resisted by the body!
16/10/2023

Things that can't be resisted by the mind have to be resisted by the body!

 #ပုညခင်  #အနောက်တောင်အရပ်မှလာခဲ့သူစာအုပ်ထဲကဦးမင်းနိုင်သစ်လို ​တောင်တမန်အင်းရဲ့ ညအလှကို ကြယ်​တွေနဲ့အတူခံစားကြည့်ချင်ရင်...
28/09/2023

#ပုညခင် #အနောက်တောင်အရပ်မှလာခဲ့သူ
စာအုပ်ထဲက

ဦးမင်းနိုင်သစ်လို ​တောင်တမန်အင်းရဲ့ ညအလှကို ကြယ်​တွေနဲ့အတူခံစားကြည့်ချင်ရင်း…

နောက်တစ်ခါ​ရောက်ဖြစ်ရင်​တော့

အရင်ကနဲ့မတူ
တံတား​ပေါ်​​လျှောက်ဖြစ်ခဲ့မယ်ဆိုရင်…

ဦးမင်းနိုင်သစ်၊ ဖူးသစ်စ၊ မြ​စောနှင်းဆိုတဲ့ ဇာတ်ကောင်သုံး​ယောက်တို့ အမှတ်တရ​နေရာ

တောင်တမန်ညနေခင်း

နှစ်သစ်မှာ ကျန်းမာပျော်ရွှင်၍ လိုရာဆန္ဒများ ပြီးပြည်စုံကာ လုပ်ငန်းဆောင်တာများအားလုံးတွင်အောင်မြင်မှုအပေါင်း သရဖူဆောင်းနိ...
31/12/2022

နှစ်သစ်မှာ ကျန်းမာပျော်ရွှင်၍ လိုရာဆန္ဒများ ပြီးပြည်စုံကာ လုပ်ငန်းဆောင်တာများအားလုံးတွင်အောင်မြင်မှုအပေါင်း သရဖူဆောင်းနိုင်ကြပါစေလို့ Phoe Thar Gyi Travels &Tour မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🎉

Happy New Year 2023 🎊

🎅Merry Christmas to you all🎅On this joyful Christmas,we wish you may spend the blessed day together with beloved friends...
25/12/2022

🎅Merry Christmas to you all🎅

On this joyful Christmas,we wish you may spend the blessed day together with beloved friends and family.👨‍👩‍👧‍👦💑
From this Christmas,our world may convert to a new war-free peaceful world.🌍
We wish you all be away from suffering and loneliness and to spend many many more Christmas with your beloved ones and to have a wonderful new year of Travel. ✈️🧳🌍

Best wishes
PHOE THAR GYI Travels & Tours




24/12/2022
🙏🏻🙏🏻🙏🏻
12/07/2022

🙏🏻🙏🏻🙏🏻

“နွေဦးသဝဏ်လွှာ”ဒီနှစ်ကူးရဲ့ နွေဦးသင်္ကြန်မှာ …ပိတောက်တို့ ဝါရွှေပါစေ ..။နွေနေ့များ လှပပါစေ ..။နွေလေများ အေးမြပါစေ ..။[သက...
10/04/2022

“နွေဦးသဝဏ်လွှာ”

ဒီနှစ်ကူးရဲ့ နွေဦးသင်္ကြန်မှာ …

ပိတောက်တို့ ဝါရွှေပါစေ ..။
နွေနေ့များ လှပပါစေ ..။
နွေလေများ အေးမြပါစေ ..။

[သက္ကရာဇ် ၁၃၈၃-၈၄၊ တန်ခူးလ]
Phoe Thar Gyi Travels & Tours Co., Ltd.

08/04/2022
07/04/2022
26/02/2022
16/01/2022
15/01/2022
23/12/2021
ကချင်ပြည်နယ်ခေါင်လန်ဖူး မြို့လေးကို ခက်ခဲပင်ပန်းမှုများစွာနဲ့ ပထမဆုံးအရောက်သွားခဲ့ဖူးတဲ့ ဆိုင်ကယ်နဲ့ခရီးသွားဖြစ်ခဲ့ရတာလဲ...
09/12/2021

ကချင်ပြည်နယ်
ခေါင်လန်ဖူး မြို့လေးကို
ခက်ခဲပင်ပန်းမှုများစွာနဲ့
ပထမဆုံးအရောက်သွားခဲ့ဖူးတဲ့ ဆိုင်ကယ်နဲ့ခရီးသွားဖြစ်ခဲ့ရတာလဲ ဘဝရဲ့ အမှတ်တရတစ်ခုပါပဲ
❣️

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

 #နေကြာရိုင်းမင်းက ချစ်ဖို့ ကောင်းတယ်ဘယ်လောက်ထိလဲ ဆို ငါ့မှာ တစ်ယောက်တည်း ပြုံးနေရတဲ့ထိမင်းက ချစ်ဖို့ကောင်းတယ်ငါ့အဖြစ် က...
29/11/2021

#နေကြာရိုင်း

မင်းက ချစ်ဖို့ ကောင်းတယ်
ဘယ်လောက်ထိလဲ ဆို
ငါ့မှာ တစ်ယောက်တည်း ပြုံးနေရတဲ့ထိ
မင်းက ချစ်ဖို့ကောင်းတယ်

ငါ့အဖြစ် က
တစ်ယောက်တည်း ပြုံး
ခိုးခိုး ပြီး ချစ်

မင်းရဲ့ အပြိုင်းအရိုင်း အဝါရောင်တွေ
ငါ့ ရင် လာလာ စိုက်နေတာများ
ဘယ်လိုစိတ်နဲ့မှ ဆွဲ နုတ် မပစ်ရက်ပါ

ယောက်ျားတစ်ယောက်ကို
ပန်းတစ်ပွင့် အဖြစ် ငါနှိုင်းမယ် ကွယ်

မင်းက ငါ့ရဲ့ နေကြာရိုင်းလေးပဲ ။ ။

#မြကျေး

Ride to Inle . ptg travels

Our’s Life Our’s Bike

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

24/11/2021

ရလုနီးပြီဆိုပြီး
မိုးကုတ်စက်ဝိုင်းနောက်
ပြေးလိုက်ဖူးတယ်

တိမ်တွေပဲကြည့်ပါ
ဘေဘီရယ်

ငါ့လို မရူးမိုက်ပါနဲ့ .... ။

#မြကျေး

Ride to Inle . ptg travels

Our’s Life Our’s Bike

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

မရှိတော့တဲ့ ကွက်လပ်တွေကို မေ့မေ့လျော့လျော့ဖြတ်ဖို့ဆိုတာမလွယ်ကူဘူးပေါ့ အလွမ်းကင်းတဲ့ ရှင်သန်ခြင်းဆိုတာရှိမှ မရှိတာ ငါ ပြု...
13/11/2021

မရှိတော့တဲ့ ကွက်လပ်တွေကို
မေ့မေ့လျော့လျော့ဖြတ်ဖို့ဆိုတာ
မလွယ်ကူဘူးပေါ့

အလွမ်းကင်းတဲ့ ရှင်သန်ခြင်းဆိုတာ
ရှိမှ မရှိတာ

ငါ ပြုံးနိုင်တယ်ဆိုတာ
သင်ယူလေ့ကျင့်ထားတာမျိုးပါ
မင်း ထင်သလို
ပန်းတွေချည်းပွင့်နေလို့ မဟုတ်ရပါ....

-မြကျေး

Ride to Inle . ptg travels

Our’s Life Our’s Bike

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

ဘ၀ ဆိုတာ ရီဗေးရှင် ပြန်မရတဲ့ စဆုံး လုံးချင်းဘဲ။  ကျန်တော်တို့ဖြတ်သန်း တဲ့နေ့ရက်တွေမှာ ချစ်ခြင်းအတိပြီးတဲ့ အချိန်နာရီတွေ ...
31/10/2021

ဘ၀ ဆိုတာ ရီဗေးရှင် ပြန်မရတဲ့ စဆုံး လုံးချင်းဘဲ။

ကျန်တော်တို့ဖြတ်သန်း တဲ့နေ့ရက်တွေမှာ ချစ်ခြင်းအတိပြီး
တဲ့ အချိန်နာရီတွေ ဖန်တီးရင် ပိုတန်ဖိုးရှိမယ်။

ကျန်တော် မာန ဆိုတဲ့အရာ ကို ခပ်ဝေးဝေးပစ်လိုက်တာ
ကြာပြီ။မာန ခံနေရင် အမှန်မြင်ရင်တောင် မလုပ်နိုင်ဘူး။

နေ့ရက်အချိန်တိုင်းကို ကြိုးစားပြင်ဆင်ပြီး မှားခဲ့ဖူးတာ ထပ်မမှားအောင် နေထိုင်ခြင်းဟာ ဘ၀ မှာ တန်ဖိုး တခုဖြစ်
မယ်။

ဘ၀ ဆိုပြီးအကြီးကြီးပြောနေတာထက် တနေ့ ရဲ့ အချိန်
နာရီအပိုင်းခြားလေး တွေက်ို အစိတ်လိုက် အပိုင်းလိုက်လေး
ပျော်ရွှင်စေခြင်းဖြင့် ဘ၀ ဆို တဲ့ အကြီးကြီး တခုမှာ တန်ဖိုး
ရှိတဲ့အကန့်လေးဖြစ်နိုင်ကြပါစေ။

သူတပါးအတွက် ကောင်းကျိုးမရှိရင်တောင်မှ ကိုယ့်အတွက်
ကို တော့ respect ရှိတာပေါ့။


ချစ်ခြင်း သိန်းပေါင်းများစွာဖြင့်

Credit Mind




Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

25/10/2021
ဆိုင်ကယ်နဲ့ ခရီးရှည်ထွက်တာဟာ လူအချို့မှာပဲ ရှိတတ်တဲ့ သီးခြားဝါသနာ တမျိုးပါ။ အပန်းဖြေခရီးထွက်တာ လူတိုင်းနှစ်သက်ကြပေမယ့် ဆ...
20/10/2021

ဆိုင်ကယ်နဲ့ ခရီးရှည်ထွက်တာဟာ လူအချို့မှာပဲ ရှိတတ်တဲ့ သီးခြားဝါသနာ တမျိုးပါ။

အပန်းဖြေခရီးထွက်တာ လူတိုင်းနှစ်သက်ကြပေမယ့် ဆိုင်ကယ်နဲ့ ခရီးထွက်မယ် လိုက်မလားမေးရင် လူ ၁၀ ယောက်မှာ ၉ ယောက်က နိုးလို့ဖြေကြမှာ။ အဲဒီ ၉ ယောက်ကို ကားနဲ့ သွားရင်ကော လိုက်မလားလို့မေးရင် ငေါက်ကနဲ ထလိုက်လာမယ့်သူတွေ ။

ဆိုင်ကယ်ဆိုတာက ကားလို ဇိမ်မှမကျပဲ ။
ဆိုင်ကယ်နဲ့ အနီးတဝိုက် တနာရီလောက် မောင်းရရင်ကို ပင်ပန်းတတ်သူဟာ တရက်ကို ၆-၈ နာရီအကြား ရက်ရှည် ဆိုင်ကယ်စီးဘို့ တွန့်ဆုတ်မှာအမှန်။
ဒါပေမယ့် ဘယ်လိုပဲ ပင်ပန်းပင်ပန်း ခေတ်အဆက်ဆက်မှာ ဆိုင်ကယ်နဲ့ ခရီးထွက်ရတာကို နှစ်သက်သူတွေက ရှိနေမြဲပါ။
အချို့က အုပ်စုလိုက် အချို့က တယောက်တည်း။
တကယ်တော့ မိမိမရောက်ဘူးတဲ့ ဒေသတခုကို ဆိုင်ကယ်နဲ့ ခရီးထွက်ရတာ စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံတခုပါ။
လန်းဆတ်တဲ့ လေထုကို ရှုရင်း လမ်းခရီးတလျှောက် ဒေသန္တရဗဟုသုတကို ဖွေရှာ လွတ်လပ်ခြင်းဆိုတာ ဘာနဲ့မှ လဲလို့မရတဲ့ အရသာ။
------------

ဒီလို ကီလိုမီတာထောင်ချီတဲ့ ခရီးတွေကို သွားတဲ့အခါ အများစုက ပင်ပန်းမှုလျော့ပါးစေဘို့ လမ်းချောရော လမ်းကြမ်းပါ စီးနိုင်တဲ့ Adventure Bike တွေကို အသုံးပြုကြပါတယ်။

Adv အများစုက အင်ဂျင်အရွယ်အစားကြီးမားတဲ့ ၅၀၀ စီစီအထက် ဘီးကြီးတွေ။
ဝန်စည်စလည် အများကြီးတင်လို့ရတယ်။
ဘီးကြီးပြီးခန့်ညားသလို ဈေးလည်းကြီးတယ်။
အင်ဂျင်ကြီးတာမို့ ဆီဘိုးကလည်း သိသိသာသာ။
သာမာန်လူတွေ လက်လှမ်းမမှီဘူး။

ဒါဖြင့် မတတ်နိုင်သူအတွက် ဆိုင်ကယ်ဖြင့် ခရီးသွားဘို့အိပ်မက်ကို စွန့်လွှတ်လိုက်ရမှာလား ?

ဗိုက်အလွန်နိမ့်သော ဘီးအချို့မှအပ ဘယ်ဘီးနဲ့မဆို ခရီးကြမ်း ခရီးရှည်ကို သေချာပေါက် သွားလို့ရပါတယ်။

အထူးသဖြင့် ကျနော်တို့ မြန်မာပြည်မှာ လူအများစု စီးနေတဲ့ အင်ဂျင်ပါဝါ 90-150 ကြား ဘီး‌သေးတွေဟာ ခရီးရှည် ခရီးကြမ်းကို သွားလို့ရတဲ့အပြင် အချို့အချက်တွေမှာ သူတို့က အားသာတာမျိုးတောင် ရှိပါတယ်။

အဂ်လန်နိုင်ငံသား အဒ်မာ့ခ်ျဆိုသူဟာ အနှစ် ၃၀ သက်တမ်းရှိတဲ့ ဟွန်ဒါ C90 အဟောင်းလေးဝယ်ပြိး ကမ္ဘာတဝှန်း ခရီးနှင်နေတာ ၂၀၁၈ နှစ်ဆန်းအထိ မိုင်ပေါင်းတသိန်းကျော်ခဲ့ပြီး မောင်းနှင်ရခက်ခဲတဲ့ အလာစကာရေခဲပြင်အထိပါ ရောက်ခဲ့ပြီးပါပြီ။ ယနေ့အထိလည်း ဒိုးဆဲပါပဲ။

ဘီးသေးတွေဟာ
ဆီစားသက်သာတယ်။
လမ်းခရီးမှာ ပြုပြင်ထိန်းသိမ်းရ လွယ်ကူတယ်။
စရိတ်ကျဉ်းတယ်။
ဆိုင်ကယ်ကျွမ်းကျင်မှု skill နိမ့်တဲ့သူတွေလည်း စီးလို့ရတယ်။
ငွေကုန်ကြေးကျမများတဲ့ modify အနည်းအကျဉ်း လုပ်လိုက်တာနဲ့ ဝန်စည်စလည် တင်လို့ရတယ်။
လမ်းဆိုး ရွှံနွံမှာstuck ဖြစ် လဲပြိုခဲ့ရင် တယောက်တည်းနဲ့ အလွယ် ထူမတ်ရုန်းထွက်လို့ရတယ်။
Ground Clearance မမြင့်ပေမယ့် အင်ဂျင်ဗြက်သေးခြင်း ဆိုင်ကယ်အလျားတိုခြင်းကြောင့် လမ်းကျဥ်းလမ်းဆိုးတွေမှာ မောင်းနှင်နိုင်တယ်။

အားနည်းချက်ကတော့ အရှိန်ပြင်းပြင်း မောင်းနှင်ဘို့ မသင့်တော်ဘူး။
နာရီရှည်စီးရတဲ့အခါ comfort သက်တောင့်သက်သာ မရှိဘူး။ ဝန်စည်စလည်များများတင်လို့မကောင်းဘူး။

ဒါပေမယ့် အပန်းဖြေခရီးထွက်တယ်ဆိုတာ ဆိုင်ကယ်ပြိုင်နေတာမှ မဟုတ်ပဲ။
သဘာဝပါတ်ဝန်းကျင်နဲ့ မြေယာအခင်းအကျင်းသစ်ကို စူးစမ်းထိတွေ့ချင်တာ ။ လမ်းခရီးတလျှောက် ရှုခင်းလှပတဲ့နေရာ.. ချစ်စရာကောင်းတဲ့ ကလေးငယ်... ဒေသခံတွေရဲ့ လုပ်ငန်းခွင်... ဗိသုကာလက်ရာပြောင်မြောက်တဲ့ အဆောက်အဦး... စသဖြင့် စိတ်ဝင်စားစရာ အကြောင်းအရာ(subject) တွေကို ခရီးပေါက်ဘို့ တခုတည်းအတွက် sacrifice လက်လွှတ်လိုက်ရမယ်ဆိုရင် ဒီခရီးကို အပင်ပန်းခံ ငွေကုန်ခံပြီး သွားရကြိုးနပ်ပါ့မလား။

လမ်းကောင်းလူရှင်းတဲ့နေရာမှာ Adv လို ဆိုင်ကယ်ကြီးက ၁၀၀ - ၁၂၀ km/hr မောင်းချိန်မှာ ဆိုင်ကယ်သေးကလည်း ၈၀ km/hr လောက်တော့ မောင်းနိုင်ပါတယ်။ ဘီးသေးအများစုဟာ ရေဖြင့် အအေးခံတဲ့စံနစ်မပါလို့ ၂ နာရီထက် မကျော်ပဲ တခါနားသင့်တယ်။ ဆိုင်ကယ်သေးမှ မဟုတ်ပါဘူး။ ဆိုင်ကယ်ကြီး ဆိုင်ကယ်သေး ကား စသည့် ဘယ်ယာဉ်မဆို ယာဉ်မောင်းသူအတွက် fatigue မဖြစ်အောင် ၂ နာရီခြား တခါတော့ နားပေးသင့်ပါတယ်။ ဒါကြောင့် ပျမ်းမျှ ခရီးပေါက်နှုန်းဟာ သိပ်အကွာကြီး မဟုတ်ဘူး။ အထူးသဖြင့် အကွေ့အကောက်များတဲ့ တောင်ပေါ်လမ်းတွေမှာ သိပ်မတ်တဲ့ အတက်တွေကလွဲလို့ ခရီးပေါက်နှုန်းက အတူတူလောက်ပါပဲ။

ဆိုင်ကယ်သေးတွေ comfort မဖြစ်ဘူးဆိုတာက သူ့ရဲ့ တည်ဆောက်ပုံကြောင့်ပါ။ suspension travel နည်းတာကြောင့် impact ကို absorb လုပ်နိုင်စွမ်းနည်းတယ်။ ဒါက လမ်းကောင်းတွေမှာ မသိသာပေမယ့် လမ်းကြမ်းတွေမှာတော့ သိသာပါတယ်။ ခြေညောင်းရင် ခြေဆန့်ခြေတင်စရာ ရှားတယ်။ ဒါကတော့ ခဏရပ်ပြီး ခြေဆန့်လက်ဆန့် လုပ်လိုက်တာနဲ့ကို ဆိုင်ကယ်လည်း နားခွင့်ရ လူလည်းအဆင်ပြေသွားပါတယ်။

ဝန်စည်စလည်တင်လို့ မကောင်းဘူးဆိုတာကတော့ အမြင်အမျိုးမျိုးရှိလိမ့်မယ်။ တောဘက်တွေမှာ အရိုးကျနေတဲ့တရုတ်ဘီးအစုတ်လေးတွေဟာ ကီလို ၂၀၀ အထိ သစ် ဝါး သီးနှံဝန်နဲ့ လမ်းကြမ်းမှာ သွားလာနေကြတာပါ။ ကျနော်တို့ခရီးသွားရင်ယူသွားတဲ့ အဝတ်အစား ဝန်စည်စလည်တွေဟာ camping gear + vlog gear တွေ ပါရင်တောင်မှ ကီလို ၁၀၀ ပြည့်ဘို့ အဝေးကြီးလိုပါသေးတယ်။

အထက်မှာဆိုခဲ့တဲ့ အားနည်းချက် အသေးအမွှားတွေကို သည်းခံနိုင်ရင် အင်ဂျင်ပါဝါ ၁၅၀ အောက် ဆိုင်ကယ်သေးတွေနဲ့လည်း ခရီးထွက်လို့ရပါတယ်။ တရုတ်ဘီးသေးလေးတွေ အပါအဝင်ပေါ့။

Our’s Life Our’s bike

Ride To Inle.PTG Travels

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

☸️🏮🏮သီတင်းကျွတ်ချိန်ခါသမယမှာ🏮🏮☸️✨💗ကျန်းမာခြင်း🧬✨✨💰ချမ်းသာကြွယ်ဝခြင်း💵✨✨🤹🏻ပျော်ရွှင်ခြင်း🌅 🎆 ✨✨💞ချစ်သူခင်သူပေါများခြင်း🌈 ...
19/10/2021

☸️🏮🏮သီတင်းကျွတ်ချိန်ခါသမယမှာ🏮🏮☸️
✨💗ကျန်းမာခြင်း🧬✨
✨💰ချမ်းသာကြွယ်ဝခြင်း💵✨
✨🤹🏻ပျော်ရွှင်ခြင်း🌅 🎆 ✨
✨💞ချစ်သူခင်သူပေါများခြင်း🌈 🎑 ✨
✨💝စိတ်နှလုံးချမ်းမြေ့ခြင်း😄 💪 ✨
✨🌻 ကြံစဉ်သမျှအောင်မြင်ခြင်း🎉 🎯 ✨
✨🙏🏻အလှူရေစက်လက်နှင့်မကွာ လှူတန်းနိုင်ခြင်း
✨💐 လာဘ်လာဘကြွယ်ဝခြင်း များဖြင့်💰 ✨
✨☀ဝါကျွတ်အချိန်အခါမှာ ပြည့်စုံပါစေကြောင်း
✨🙏🏻ဆုမွန်ကောင်းတောင်းလျှက်👏🎰 ✨🌺
🦠🦠🦠ကိုဗစ် ကပ်ရောဂါ လည်းကင်းဝေးနိုင်ကြပါစေကြောင်း……ဆုတောင်းမေတ္တာပို့သအပ်ပါသည်

💥💥ပျော်ရွှင်စရာ သီတင်းကျွတ်ဖြစ်ပါစေ 💥💥

🌈🌈ဟိန်းဆက်သင်္ဘောဆေးဆိုင်မိသားစု🌈🌈

Ride To Inle.PTG Travels

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

ဆာငယ်သွားစီးဖို့ 😝
19/10/2021

ဆာငယ်သွားစီးဖို့
😝

ပြန်လည် ဖွင့်လှစ်ကြောင်း အသိပေးခြင်း==========================အင်းလေး ဒေသ ညောင်ရွှေမြို့နယ်ထဲက  အား( 17.10.2021) Sunday ...
17/10/2021

ပြန်လည် ဖွင့်လှစ်ကြောင်း အသိပေးခြင်း
==========================

အင်းလေး ဒေသ ညောင်ရွှေမြို့နယ်ထဲက
အား
( 17.10.2021) Sunday နေ့တွင် အမြဲတမ်းအားပေးနေသော ခရီးသွားမိတ်ဆွေများရဲ့ တောင်းဆိုမှုအရ
မြို့နယ်မှ ချမှတ်ထားသော ကျန်းမာရေးစည်းကမ်းချက်နှင့်အညီ ​ပြန်လည် ဖွင့်လှစ်ထားပါပြီ။

ခရီးသွား ချစ်မိတ်ဆွေများအတွက်
- သန့်ရှင်းသပ်ရပ်သော အခန်း ဖွဲ့စည်းမှု

- အဲကွန်း / တီဗွီ / ရေချိုးခန်းအိမ်သာတွဲလျက်ဖြင့် ရေပူ. . ရေအေး စုံစုံလင်လင်ပေါ့

- လာရောက်တည်းခိုသူများ အဆင်ပြေစွာတည်းခိုလည်ပတ်နိုင်ရေးအတွက် ဝန်ဆောင်မှုများပြည့်စုံစွာစီမံပေးထားပါတယ်

- မနက် နေ့လည် ညနေစာလည်း အပြင်ထွက်ဆိုင်ထိုင်မစားလိုသူများအတွက် သန့်ရှင်းသပ်ရပ်စွာ စီမံပေးသော စားဖိုမှူးကြီး၏ လက်ရာမွန်များအားဝရန်တာမှာလေညှင်းလည်းခံ အပန်းဖြေရင်း
ပျော်ရွှင်စွာစားသောက်သုံးဆောင်နိုင်ပါတယ်။..
တောင်ကြီး/အင်းလေး/ကလော/ပင်းတယ/ရွာငံမြို့များသို့သွားရောက် အပန်းဖြေလိုသူများ အတွက်လည်း
ခရီးစဉ်အမျိုးအစားစုံလင်စွာ ကျွမ်းကျင်သော ဧည့်လမ်းညွှန်များဖြင့် ဧည့်သည်တော်များလိုအပ်​သောခရီးစဉ်များအတွက်စီစဉ်ဆောင်ရွက်ပေးနေပါပြီ။..
တောင်ပေါ်ဒေသ သဘာဝအလှများနှင့်အတူ လည်ပတ်သူများ စိတ်ချမ်းသာသွားအောင် တစ်ညတာအပန်းဖြေ အိပ်စေရန်အလို့ငှာ ချိုသာသောစျေးနှုန်း ပျုငှာသော ဧည့်ဝတ်ကျေပွန်မှုနှင့်အတူ ခရီးသွားမိတ်ဆွေများ စိတ်ချမ်းမြေ့ ကြည်နူးမိသွားအောင် မပြောင်းလဲသောအကောင်းဆုံးဝန်ဆောင်မှုများနှင့်အတူ ကြိုဆိုနေပါပြီ
🎁❣️🎁❣️🎁

It's time to travel again.....

Book your stay now:

Shwe War Yeik resort
Ride To Inle.PTG Travels

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

ခရီးဘယ်လိုထွက်ကြမလဲ  ကျန်တော်တို့ မြန်မာပြည်က လူတော်တော်များများကငယ်စဥ် ဘဝ က လူကြီးမိဘ တွေက အကုန်လိုက် လုပ်ပေးကြတာများတေ...
15/10/2021

ခရီးဘယ်လိုထွက်ကြမလဲ

ကျန်တော်တို့ မြန်မာပြည်က လူတော်တော်များများက
ငယ်စဥ် ဘဝ က လူကြီးမိဘ တွေက အကုန်လိုက်
လုပ်ပေးကြတာများတော့ တကယ်တမ်းခရီးထွက်
မယ်ဆို ရင် တယောက်တည်းဆို ပျင်းတာလိုလို ကြောက်တာလိုလို စိုရိမ်တာလိုလို ဘာဖြစ်မှန်း မသိတဲ့
တယောက်တည်း သွားဖို့ခက်တာ ခပ်များများတွေ့ရတယ်။

တကယ်တော့ long trip မှာ အဖွဲ့လိုက် ထက် စိတ်တူကိုယ်တူရှိတဲ့ သယ်ချင်းတယောက် နှစ်ယောက်လောက်
ဆို အဆင်ပြေပီဗျာ။

ဖြစ်နိုင်ရင်တယောက်တည်းသွားဗျာ တွေ့သမျှ လူ က
အပေါင်းအသင်းမိတ်ဆွေဘဲ။

ကျွန်တော်ကတော့ ရှမ်းပြည်ကနေ မြန်မာပြည်တောင်ဖျားကနေ မြောက်ဖျားအထိ တစ်ယောက်ထဲသွားခဲ့ရတာ တကယ်ကို ဘဝရဲ့ အမှတ်တရပါပဲ။

လမ်းမှာတွေ့တဲ့သူနဲ့ ခရီးတူရင်တူတူစီးမယ်
တူသလောက်ကို ထပ်တွေ့ရင်ထပ်စီးမယ် ပိုပီးပျော်ရွှင်စရာ ကောင်းတယ်ဗျ။

အခက်အခဲတွေ တယောက်တည်းဖြေရှင်းရတာ
မိုက်တယ်။ အပေါင်းအသင်းပါနေရင်အားနာရတယ် ။
သူနားချင်တဲ့အချိန်ကိုယ်စီးချင်တာမျိုးကြုံရတတ်တယ်.။

တယောက်တည်းကြ အားနာစရာ မရှိဘူး ရပ်မလား
နားမလား သွားမလား ကိုယ့်စိတ်ကူးနဲ့ကို တော်တော်
မိုက်တယ်။

လမ်းခရီးမှာ စိတ်ဝင်စားတာ လှတာ တခုခု တွေ့ဖူး
ကြမယ်ထင်တယ်။ တယောက်တည်းဆိုရပ်ကြည့် ရပ်ငေး ဓာတ်ပုံရိုက်လိုက်လို့အဆင်ပြေတယ်။

တခါတလေ ကိုနဲ့သွားတဲ့သူတွေကမရပ်ရင် ကိုယ်လည်း
မရပ်ဖြစ်တော့ဘူး။ ခပ်လောလောသုတ်ရတယ်။

တယောက် တည်း လွှတ်လွှတ်လပ် လပ် ဒိုးကြည့်စမ်း
ပါဗျာ တကယ်မိုက်တယ်။

တွေးချင်ရာတွေး ငေးချင်ရာငေး ဘာအကန့်အသတ်မှ
မရှိတဲ့အချိန်တွေဟာ စိတ် အလိုတိုင်း ပျံသန်းရတာဟာ
ဘာနဲ့မှ လဲ မရတဲ့ အချိန်အခိုက်အတန့်တွေပါဘဲ။

🎁❣️🎁

Raide to Inle ptg travels

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

Adventure Trip ဆိုတာ    ကိုယ့်ရဲ့ ပုံမှန်နေထိုင်မှု့ မဟုတ်တဲ့ သွားလာစားသောက် မှု့တွေအားလုံးဟာ adventure လို့ပြောတယ်ပေါ့န...
14/10/2021

Adventure Trip ဆိုတာ

ကိုယ့်ရဲ့ ပုံမှန်နေထိုင်မှု့ မဟုတ်တဲ့ သွားလာ
စားသောက် မှု့တွေအားလုံးဟာ adventure လို့ပြောတယ်ပေါ့နော်။

ဘဝ ရဲ့အမှတ် တရ တွေအားလုံးဟာလည်း ပုံမှန် မဟုတ် တဲ့ အခြေအနေ ဟာ တသက်လုံးအတွက်
မမေ့နိုင် စရာ တွေပေါ့ဗျာ။

ဥပမာ ဆိုင်ကယ်နဲ့ သွားတယ် ဘီးပေါက်လို့ အဝေးကြီး တွန်းရတယ်ဆို တိုက်ဆိုင်တိုင်းသတိရနေမှာဘဲဗျ။

ကျန်တော်တို့ ဘဝ ကြီး မှာ လည်းအခက်အခဲ
တစုံတရာ ကြုံတွေ့လာရင် လက် မမြောက် ပါနဲ့
တသက်လုံး အမှတ်ရနေမယ့်အချိန်အခိုက်တန့်လေးလို့ နားလယ်ထားရင် အားတက် လာပါလိမ့်မယ်ဗျ။

တကယ့်လက်တွေ့ ဘဝ တွေဟာ အရမ်း ရင်ခုန်
စိတ်လှုပ်ရှားဖို့ ကောင်းပါတယ် စိတ်ကူးယဥ်ထဲက
ထွက်လိုက်ပြီး တကယ် ရင်ဆိုင်ကြည့်လိုက်ပါ။

အရမ်းစွဲမက် ဖို့ကောင်းပါတယ်။

ဘဝ ရဲ့ အခက်အခဲ ဒုက္ခ အစုံစုံကို ကျော်ဖြတ်နိုင်သူများဖြစ်ကြပါစေဗျာ🙏🙏🙏

Life is Adventure

Adventure is life
Credit

Raide to Inle ptg travels

Address 💝Inle Lake West Corridor Rd
Nyaung Shwe

📲 0949293153
📬 [email protected]
and Tours

⚛️⚛️⚛️⚛️⚛️⚛️⚛️⚛️

အင်းလေးဖောင်တော်ဦးဘုရား (ညောင်ရွှေမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း)■ အင်းလေးဖောင်တော်ဦးဘုရားသမိုင်း□ ညောင်ရွှေပွဲ။  အင်...
06/10/2021

အင်းလေးဖောင်တော်ဦးဘုရား (ညောင်ရွှေမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း)

■ အင်းလေးဖောင်တော်ဦးဘုရားသမိုင်း

□ ညောင်ရွှေပွဲ။ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ ကြွချီတော်မူ အစီအစဉ်သည် မြန်မာပြက္ခဒိန် နှစ်စဉ် သီတင်းကျွတ် လဆန်း တစ်ရက်မှ စတင်ပြီး ကျောင်းတော်ဝင်ပွဲနေ့ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်ထိ ဖြစ်ပါသည်။ အင်းလေးဖောင်တော်ဦး ဗုဒ္ဓရုပ် ပွားတော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံပွဲတွင် မူလစံကျောင်းတော်မှ ကျေးပေါခုံ၊ အင်းတိန်၊ ဟဲယာရွာမ၊ ငါးဖယ်ချောင်း၊ ကြေးစားကုန်း၊ ပွဲစားကုန်း၊ လင်းကင်း၊ ညောင်ရွှေမြို့၊ နန်းသဲ၊ မိုင်းသောက်၊ သလဲဦး၊ ကေလာ၊ ဇရပ်ကြီး၊ အလိုတော်ပေါက်၊ နန်းပန်၊ မကျည်းဆိပ်၊ ကျိုင်းခမ်း၊ မိုင်းပျိုး၊ နောင်တော၊ အင်းပေါခုံ၊ ရေသာ အစရှိသည့် အင်းလေးဒေသ ၂၁ ဌာ နသို့ ဒေသစာရီ ကြွချီ အပူဇော်ခံလျက် ရှိပါသည်။
□ ကျောင်းတော်စောင့်။ ကရဝိက် ဖောင်တော်တိမ်းစောင်း၍ ဘုရားဆင်းတုတော်များ ရေငုပ်လျှိုးခြင်း နှစ်ကြိမ် ဖြစ်ခဲ့ဖူးပါသည်။ အဆိုပါ ရေငုပ်လျှိုးခြင်း နှစ်ကြိမ် အကြောင်းအရာနှင့် ပတ်သက်၍ မမှားမိကြစေရန်၊ မူရင်းစာပိုဒ်ငယ်ကို ရှေးဦးဖော်ပြချင်၏။
''အင်းလေးတစ်ခွင် မော်တော် (ပဲ့ချိတ်) စီး၍ ဘုရားဖူးလေ့လာရေးခရီးထွက်က မြေနီကုန်း ရှမ်းရွာအနီး ဟင်္သာမှတ်တိုင်ကို တွေ့ကြရပါမည်။ ယင်းနေရာသည် ၁၉၆၅ ခုနှစ် ပွဲတော်ရက်အတွင်း (၁၃၂၇ သီတင်းကျွတ်လဆန်း ၆ ရက်) ဟဲယာရွာမမှ ကြေးစားကုန်းသို့ ကြွစဉ် လေမုန်တိုင်း ပြင်း၍ ဖောင်တော်တိမ်းစောင်း ခဲ့၏။ ရုပ်ပွားတော် နှစ်ဆူ ရေသပ္ပါယ် ငုပ်ဆင်း တော်မူရာအရပ် ဖြစ်၏။ တစ်ဆူ ဆယ်ယူနိုင်ပြီး တစ်ဆူ ရှာမရ၍ ကျောင်းတော်သို့ အကြောင်း ကြားရန် သွားတော့ ပလ္လင်ပေါ်၌ ပြန်ကြွရောက် နှင့်နေပြီ။ နောင် ငါးဆူလုံး ပင့်တိုင်း မိုးမုန်တိုင်း ကျမြဲဖြစ်ရာ ကျောင်းတော်စောင့်အဖြစ် ချန်ရစ် ကာ ထည့် မပင့်ဆောင်တော့ပေ။ ကျောင်းတော် သို့ ပွဲရက်အတွင်း ဘုရားဖူးလာကြသူများမှာ တစ်ဆူ ဖူးခွင့်ရသဖြင့် ပို အဆင်ပြေပါသည်။''
ဖောင်တော်နှစ်ကြိမ် တိမ်းစောင်းမှောက်ဖူးသည့်ခြင်းရာပါရှိသော၊ တက္ကသိုလ်ခွန် Rကာ ပြန်လည် စုစည်းမှုတွင် ပထမအကြိမ် ဖောင်တော်တိမ်းစောင်း မှောက်ခြင်း ရက်စွဲ အတိအကျ မပါရှိနေပါ။ မူရင်းအတိုင်းမှာ ''ထိုရုပ်ထုတော်မြတ် ၅ ဆူအ နက်၊ ညောင်ရွှေစော်ဘွားကြီး အပ်နှံထားသော သရက္ခန် ရုပ်ပွားတော်မြတ် ၄ ဆူနှင့် သက္ကရာဇ် ၄၈၂ ခုနှစ်အတွင်း အင်းတိမ်ဘုရားအသည်တော်ဖြစ်သူထံ မဟာဂါမရွာ ကျောင်းတော်၌ နရပတိစည်သူမင်း အပ်နှင်းပေးထားသော မြတ်ပေါင်းမဥ္ဇူဘုရား ရုပ်ထုတော်မြတ် ၁ ဆူ ပေါင်း ၅ ဆူ ဖြစ်လေသည်။ ဒေသစာရီ ကြွချီတော်မူသည့် အပူဇော်ခံပွဲ၌ ၅ ဆူလုံး ပင့်ဆောင်ခဲ့ရာ၊ ညောင်ရွှေမြို့တော်သို့ အကြွ လင်းကင်းရွာ အရှေ့အင်းလယ်သို့ အရောက် လေကြီး မိုးကြီး သည်းထန်စွာ ရွာသွန်းတိုက်ခိုက်သဖြင့် ဘုရားလှေတော် နစ်မြှုပ်ပြီး ရုပ်ထုတော်မြတ် ၅ ဆူအနက် ၄ ဆူသာ ရှာဖွေတွေ့ရှိ ပင့်ယူရ ရှိသည်။ အဆိုပါ လကျာ်ရံ ရဟန္တာတစ်ဆူမှာ xx ရှာဖွေစုံစမ်းပြီး မရရှိဖြစ်ခဲ့လေသည်။ ဒေသ စာရီကြွချီတော်မူသည့်အပြီး၊ ကျောင်းတော်သို့ အရောက်တွင်၊ ဂန္ဓကုဋိတိုက်တော် ဖွင့်သောအခါ တွင်မှ၊ ဦးခေါင်းတော်တွင် မှော်များတင်လျက် ဖူးတွေ့ရကြောင်း၊ ထို့နောက် တစ်ဖန် ပင့်ယူပြန်လျှင် ရှေးနည်းမသွေ၊ မိုးလေသည် သည်းထန်စွာ ရွာသွန်း တိုက်ခိုက်ပြန်သဖြင့် ထိုရဟန္တာရုပ်ထုတော်မြတ်တစ်ဆူကို ညတွင်းချင်း ကျောင်းတော်သို့ ပင့်ပြန်ပို့ဆောင်သော အခါမှ မိုးစင် လေကင်း ချမ်းသာခြင်း ဖြစ်လေသည်''ဟူ၍ ဖြစ်ပါသည်။ ဖောင်တော်ဟု မသုံး၊ ဘုရား လှေတော်ဟု သုံး၍ လှေဖောင်တော် ဖြစ်မည်ဟု ခန့်မှန်း ယုံကြည်ရ၏။
ယင်းစာတမ်း၌ ဒုတိယအကြိမ် ကရဝိက် ဖောင်တော် တိမ်းစောင်းမှောက်ခြင်းကို ဤသို့ ဖော်ပြထားသည်။ ၁၃၂၇ ခုနှစ်၊ သီတင်းကျွတ် လဆန်း ၆ ရက် နံနက် ၈ နာရီအချိန်တွင် ဟဲယာရွာမ ဌာနမှ ကျေးစားကုန်းကျောင်းသို့ အကြွ၊ မြေနီကုန်းရွာ အရှေ့တောင်ထောင့်သို့ အရောက်၊ မိုးကြီးလေကြီး သည်းထန်စွာ ရွာသွန်း တိုက်ခတ်သဖြင့်၊ ကရဝိက်ဖောင်တော်လှေကြီးမှာ တိမ်းမှောက်သွားပါသည်။ ရုပ်ထုတော်မြတ် ၄ ဆူအနက်၊ ရေအောက်သို့ ၂ ဆူ ကျသွားပြီး ကျန် ၂ ဆူမှာ ဘုရားလူကြီးများတို့က ပင့်ယူရရှိလိုက်သည်။ ရေအောက်သို့ ကျသောဘုရား ၂ ဆူမှာ ထိုနံနက် ၉ နာရီခွဲ အချိန်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်ပင့်ဆောင်ကြပါသည်''။
ဤသို့ မှတ်တမ်းတင်ထား၍ ပထမအကြိမ် ဖောင်တော်တိမ်းမှောက်စဉ်တုန်းက ဘုရား ၅ ဆူလုံး ဒေသစာရီ ကြွချီ အပူဇော်ခံလျက်ရှိကြောင်း၊ ဖောင်တော် တိမ်းမှောက်ပြီး နောက်ပိုင်း၌ ကျောင်းတော်စောင့် တစ်ဆူ ချန်ထားရစ်ကာ ဘုရား ၄ ဆူသာ ဒေသစာရီ ကြွချီအပူဇော်ခံကြောင်း ဒုတိယအကြိမ် တိမ်းမှောက်သော မြေနီကုန်းရွာ အရှေ့တောင်ထောင့်၌ မော်တော်နှင့် လှေများ ဖြတ်သန်းခြင်း မပြုစေရန် ဟင်္သာအမှတ်အသားတိုင်ကို ထူကာ သတိပြုစေကြောင်း၊ တစ်ဆူ ရှာမရဘဲ ကျောင်းတော် ဂန္ဓကုဋိတိုက်တော်၌ သူ့အလိုလို ပြန်ကြွရောက် စဉ် မဏိတော်ပေါ်၌ မှော်ဖတ်များပင် တင်ရှိ လျက်ရှိကြောင်း ခြင်းရာသည် ဒုတိယအကြိမ် မဟုတ်မူဘဲ၊ ပထမအကြိမ် ညောင်ရွှေမြို့သို့ အကြွ လင်းကင်းရွာ အရှေ့ အင်းလယ်၌ ဖြစ် ကြောင်းတို့ကို ရှင်းလင်းစွာ သိရှိနိုင်ပါသည်။ ဖောင်တော်ဦး ရုပ်ပွားတော်မြတ်များ ထာဝရစံမြန်းရာ နန်းဟူးကျောင်းတော်၏ အပေါ်ထပ်၊ ဂန္ဓကုဋီတိုက်၏ အရှေ့အရပ်၊ အရှေ့နံရံပေါ်တွင် ဖောင်တော်တိမ်းစောင်းသော ပန်းချီပုံ ရှိပါသည်။ နေရာဌာနသာ ပါရှိပြီး ရက်စွဲ မပါရှိသည့် ကမ္ဗည်း ထိုးစာကို ဖတ်ရှုနိုင်ပါ၏။ ရှေးဖြစ်စဉ်မီသော ရှေးလူကြီးသူမတို့ထံ စုံစမ်းမေးမြန်း ရရှိလျှင် နောင်အလျဉ်းသင့်သော ဆောင်းပါး၌ ထည့် သွင်းဖော်ပြပေးပါမည်။
□ သမိုင်းကောက်ကြောင်း။ တစ်ဆက်တည်းမှာ၊ ယခုကိုးကားသော စာတမ်းတွင် ပါရှိသည့် အင်းလေးဖောင်တော်ဦး ဘုရားသမိုင်းကောက်ကြောင်းလေးကို သတ်ပုံ အချို့ ပြင်ဆင်ပေးသည်က လွဲ၍ မူရင်းအတိုင်း ဆက်လက်ဖော်ပြပေးပါမည်။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွ ာတစ်ပုဒ်ဆန်း ဆိုရိုးစကားအတိုင်း လေ့လာပြီး ယခင်မူကွဲများနှင့် ချိန်ထိုးကာ သုံး သပ် ဝေဖန်နိုင်ရန် ရည်ရွယ်ပါသည်။ အထောက် အထားများလေ အချက်အလက် စုံလေ၊ ချင့်ချိန် နိုင်အား များလေ၊ အမှန်တရားနှင့် နီးစပ်ဆုံးဖြစ် နိုင်လေဟု ယူဆမိကြောင်းပါ။
သက္ကရာဇာ် ၄၇၃ ခုနှစ်တွင် ပုဂံပြည်ကြီး၌ နန်းစံသော နရပတိအလောင်းစည်သူမင်းသည် သင်္ကန်းနက် ဖောင်စကြာဖြင့် တိုင်းခန်း လှည့်လှည်၏။ သင်္ကန်းနက် ဖောင်စကြာသည် သွားလိုရာ အရပ်၊ လက်ညှိုးညွှန်က ရေပြင်ဖြစ်၍ မြင်းမိုရ်တောင်သို့ သွားရောက်လိုသော စိတ် ဆန္ဒမင်းကြီး၌ ပြင်းပြကြံရွယ် ရှေးရှုနေ၏။ လူ မရောက် မြင်းမိုရ်တောင် ဖြစ်ရကား၊ သိကြားမင်း နှင့် တောင်ညာစံ သုဇာတာ မိဖုရားတို့က လူ အိုခင်ပွန်းအယောင် ဖန်ဆင်းပြီး လောင်းလှေ ငယ်စီးနင်း လှော်ခတ်ဟန် ဖန်ဆင်းလျက်လာ၏။ မင်းကြီး မြင်၍ မေးမြန်းလျှင်၊ သူအိုခင်ပွန်းတို့ ၁၅ နှစ်အရွယ် အိမ်ထောင်ပြုပြီး မြင့်မိုရ်တောင်သို့ ရောက်လို၍ လှော်ခတ်ခဲ့ရာ ယနေ့တိုင် မရောက်နိုင်သေး၊ သွားရန် ကြံစည် အားထုတ်သူလောက် မိုက်သူ မရှိဟု တားမြစ်လို၍ ဉာဏ်ဆင်ပြော၏။ မင်းကြီး မယုံဘဲ ရှေ့ကသွားနှင့်သော လောင်းလှေငယ်အား မီရန် ဖောင်စကြာကို နှင်သော်လည်း မမီနိုင်၍ လက်လျှော့ရ၏။
ဇမ္ဗူသပြေ ပင်ရင်းသို့ ကားရောက်၏။ ဟိမဝန္တာတောအရပ်မှ ပါလာသော ဘီလူးမသည် သားငယ်ကို ပိုက်လျက်ရှိရာမှ ပင်လယ်သမုဒ္ဒရာသို့ သားငယ် မျောပါသွားခဲ့၏။ ကမ်းပါးက မျှော်ကြည့်ရင်း မြည်တမ်း ငို‌ကြွေးသံကို မင်းကြီး ကြားလျှင် ကြိမ်စကြာဖြင့် ရေပြင်ကို ရိုက်ခတ် သော်၊ ရေစောင့်နတ် ပေါ်လာပြီး ဘီလူးမ၏ သားငယ်ကို သယ်ဆောင်ယူပေး၏။ ဘီလူးမက ဝမ်းသာလှ၍ ဟိမဝန္တာ တောအရပ်ရှိ မွှေးကြိုင် လှသည့် သရက္ခန်သား အစစ်ကို ဖြတ်ယူလာပြီး မင်းကြီးအား ဆက်သ၏။ သိကြားမင်းက ကိုယ်ထင်ရှားပြကာ မင်းကြီးအား မြင်းမိုရ်တောင်သို့ မသွားရန်နှင့် မင်းကြီး၌ သာသနာကို ချီးမြှင့်ထောက်ပံ့ခြင်းဖြင့် သာသနာပြု တာဝန်များ ရှိသေးကြောင်းတို့ကို ပြောပြနားချ၏။ မင်းကြီး ထံရှိ သရက္ခန်သားကို ဘုရားငါးဆူ ထုပေး၏။ ဆူးဆောက်စာတို့ကို စုပေါင်း၍ မြတ်ပေါင်းမဥ္ဇူ တစ်ဆူ ဖန်တီးပေး၍ ၆ ဆူ ရ၏။ ရှင်ဖြူရှင်လှ ၂ ဆူနှင့် ပေါင်းသော် ဆင်းထုတော်မြတ် ၈ ဆူကို သိကြားမင်းက ဆက်သလေ၏။ သရက္ခန် ၅ ဆူနှင့် မြတ်ပေါင်း မဥ္ဇူဘုရားတို့၌ မြတ်စွာဘုရား၏ သရီဓာတ်တော် တစ်ဆူစီ ဌာပနာ ပူဇော်ထားပါသည်။
အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်သည့်နှစ်မှာ AD ၄၈၂ ခုနှစ်ဟု ပြ၏။ ညောင်ရွှေမြို့တည်နှစ်ကား AD ၁၃၅၉ ဟု ရှေ့၌ဖော်ပြခဲ့ပြီ။ နှစ်ပေါင်း ၈၇၇ စောပါ၏။ အင်းလေး အနောက်ဘက်ကမ်းရှိ တောင်ညိုတောင်တန်း ကြီးသို့ ရောက်လျှင် သောတာပန် နတ်ကြီးက နောင်သောအခါ သာသနာတော် ထွန်းကားမည့် အရပ် ဖြစ်လာမည်ကြောင့်၊ သရက္ခန်ဆင်းထု တော်မြတ် ၅ ဆူကို ဌာပနာစေတီ တည်ခဲ့ပေးရန်ကို ပြောကြား၏။ မင်းကြီးလည်း ပဥ္စမမြောက် တစ်ဆူကို ချန်၊ ရှေ့ ၄ ဆူကို ဆင်တော်ပေါ် တင်ပြီး ဓိဋ္ဌာန်လွှတ်၏။ မြတ်ပေါင်းမဥ္ဇူ တစ်ဆူကိုလည်း အခြားဆင်တစ်စီးပေါ် တင်ပြီး လွှတ်တော်မူ၏။ သန်းထောင်အရပ်၌ ဖောင်တော် ပေါက် တောင်ခြေရင်း အနီးဝန်းကျင်မှာ ဆင်များရပ်တံ့၍ လိုဏ်ဂူသွင်းပြီး ၄ ဆူ ဌာပနာသည်။ မြတ်ပေါင်းမဥ္ဇူ ဘုရားကို တင်ဆောင်သောဆင်မှာ တောင်အရပ်သို့ ဆက်လက် ထွက်ခွါ၍ မင်းကြီးက နန်းတော်သို့ ပြန်လည် ပင့်ဆောင်ရန် မိန့်ဆို၏။ သောတာပန် နတ်မင်းကြီးက မဟာဂါမရွာ၌သာ အပ်နှံထား ရှိရန် အကြံပြု၏။ နောင်သောအခါ သရက္ခန် ဘုရား ၄ ဆူနှင့် တပေါင်းတည်း ရှိလာလိမ့် မည်ဟုလည်း ဆက်ပြီး ပြောပြသဖြင့် မဟာဂါမရွာကျောင်း၌ ဆရာတော် အရိယဓမ္မရာသီထံ အပ်နှံပေးလျက် ရွာသူရွာသားများနှင့်အတူ ပွဲလမ်း ကျင်းပ ပူဇော်ကာ ရေစက်ချ အမျှဝေ ပေးကြပါသည်။
မြန်မာကောဇာ ၇၂၁ ခုနှစ်၊ ညောင်ရွှေမြို့ စော်ဘွားကြီး ဆီဆိုင်ဖ လက်ထက် သန်းထောင်အရပ်၌ ဘုရားရောင်ခြည်တော် ကွန့်မြူး ကြောင်း လာအကြောင်းကြား၍ ရှာဖွေစေရာ၊ ချုံနွယ်ပိတ်ပေါင်းအတွင်း လှိုဏ်ဂူ ပြိုပျက်မှ ဌာပနာ ဆင်းတုတော်များ ရရှိ၏။ ညောင်ရွှေဟော်နန်းသို့ ပင့်ဆောင်ကိုးကွယ်၏။ သီတင်းကျွတ်လဆန်း ၇ ရက်နေ့၊ ဟော်ဝင်းအတွင်း ယာယီစံကျောင်းတော်သို့ ပင့်ကာ အများပြည်သူ ဖူးမြော် ပူဇော်ခွင့် ပြုပေး၏။ ယင်းကာလ၌ ဘုရားငါးဆူ ပေါင်းဆုံပြီးဟု ယူဆဖွယ် သင့်/မသင့် ရှိ၏။ လိုဏ်ဂူပျက်မှ ပေါ် တော်မူ လေးဆူနှင့် သီးခြား အပ်နှံခဲ့သော မြတ်ပေါင်း မဥ္ဇူတို့မည်သို့ ပေါင်း ဆုံကြောင်း မြှုပ်ကွက်ဖြစ်နေသေးသည်။ နောင် ကောဇာ ၉၇၇ အရောက်၊ အမျိုးသမီး စော်ဘွား စဝ်နန်းနွံဖဲ လက်ထက်၌ ဝန်းကျင်စော်ဘွားငယ် များ ဝင်ရောက် တိုက်ခိုက်မှုများ ရှိလာရာ၊ ဖောင်တော်ဦးဘုရားများကို ရွှေအင်းတိန် ဘုရားကြီး၏ အရံစောင့်အသည်တော်များထံ အပ်နှံထား၏။ စဉ်လာမပျက် သီတင်းကျွတ်လဆန်း ၇ ရက် ညောင်ရွှေဟော်နန်းသို့ အရောက်ပင့် ပူဇော်ရာမှ ဒေသစာရီ ကြွချီပူဇော်ခြင်း အစဉ်အလာဖြစ်လာခဲ့ခြင်းဟု ဖော်ပြသည်။ နောက်ပိုင်းတွင် ကြားဌာနများ ပူဇော်ခွင့် တောင်းခံကြရာမှ တဖြည်းဖြည်းနှင့် ယနေ့မျက်မှောက်ခေတ် ၂၁ ဌာန ၁၇ ည ကျိန်း ၁၈ ရက်ခရီးစဉ် ဖြစ်လာ၏။ ကျောင်းတော်ဝင်ပွဲနေ့မှာ သီတင်းကျွတ် လပြည့်ကျော် ၃ ရက်နေ့ ဖြစ်ပါသည်။
□ ကပ်ရောဂါ။ အင်းလေးဖောင်တော်ဦး ရုပ်ပွားတော်များ ဒေသစာရီကြွချီ အပူဇော်ခံပွဲသည် မြန်မာ သာမက ကမ္ဘာတွင်ပါ ထင်ရှားသည့် ပွဲတော် ဖြစ်ပေသည်။ နှစ်စဉ် စည်ကား သိုက်မြိုက်စွာ ကျင်းပ ပြုလုပ်မြဲ ဖြစ်သော်လည်း ယခုမူ ဒေသစာရီကြွချီ အပူဇော်ခံခြင်း မပြုလုပ်နိုင်သည်မှာ ၂ နှစ်တာ ကြာမြင့်ပြီ ဖြစ်ပေသည်။ ကမ္ဘာ့ကပ်ရောဂါ ဖြစ်သော COVID-19 ကြောင့် လူစုလူဝေး မလုပ်ရသည့် အခြေအနေကြောင့် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်နှင့် ယခု ၂၀၂၁ ခုနှစ်တို့တွင် ဒေသစာရီကြွချီ အပူဇော်ခံပွဲကို မလုပ်ဖြစ်ရပေ။ ထိုသည်ကားလည်း သမိုင်းပင် ဖြစ်ပေသည်။
□ နိဂုံး။ သမိုင်းဘာသာရပ်သည် အတိတ်၌ ကျန်ရစ်သော အဟောင်းအဆွေး Dead Subject ဟု ဆိုကြ၏။ ဒေါက်တာသန်းထွန်းအား သမိုင်းကို ဘာကြောင့် သင်ရသနည်းဟုမေးရာ ဆရာကြီး က ''မအ အောင် သမိုင်း သင်ရသည်''ဟု မိန့်ဆို၏။ ဒဏ္ဍာရီဆန်သော အတိတ်ဖြစ်ရပ်တို့ကို ပြန်လည် တူးဖော်လေ့လာကြရာမှ ပုံပြင် မဟုတ်မူဘဲ ရှေးခေတ် တစ်ချိန်တုန်းက တကယ့် ဖြစ်ရပ်မှန်တွေဟု မြေထဲမှ ထွက်လာသောသက်သေခံ ရှေးဟောင်းပစ္စည်းများက အသံတိတ် ပြောပြနေကြပါကြောင်း တင်ပြရပါသည်။
[ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်ထုတ် ကမ္ဘောဇတိုင်းသတင်းဂျာနယ် အတွဲ(၅)၊ အမှတ်(၃၈)တွင် ဖော်ပြခဲ့သည့် ဆရာ ဒေါက်တာအောင်ကျော် ရေးသားသည့် ညောင်ရွှေပွဲ နွှဲဖို့၊ အင်းလေးဖောင်တော်ဦးဘုရား သမိုင်းကောက်ကြောင်း ဆောင်းပါး ကို အမီပြုကာ ပြင်ဆင်ရေးသားထားပါသည်။ ]

Credit - Kanbawza Tai News

📸 Sai Swan

.         ဝါထပ်ရခြင်းအကြောင်း ကမ္ဘာက နေကို လှည့်ပတ်ရာ၌ ၃၆၅ရက် ၆နာရီ ၁၂မိနစ် ၃၇စက္ကန့် ကြာ၏။  ထို့ကြောင့် အင်္ဂလိပ်နှစ် တ...
27/09/2021

. ဝါထပ်ရခြင်းအကြောင်း

ကမ္ဘာက နေကို လှည့်ပတ်ရာ၌ ၃၆၅ရက်
၆နာရီ ၁၂မိနစ် ၃၇စက္ကန့် ကြာ၏။

ထို့ကြောင့် အင်္ဂလိပ်နှစ် တစ်နှစ်ကို
၃၆၅ရကျထား၏။

၆နာရီအစွန်းအတွက် ၄နှစ်တစ်ကြိမ်
တစ်ရက်တိုး၏။

မြန်မာက ၂၉ရက်ကို၆လ ၃၀ရက်ကို ၆လ
ထားသဖြင့် မြန်မာနှစ် တစ်နှစ်မှာ ၃၅၄ရက်သာ
ရှိ၏။

ထို့ကြောင့် အင်္ဂလိပ်တစ်နှစ်ပြည့်ရန် သို့မဟုတ်
ကမ္ဘာတစ်ပတ်ပြည့်ရန် မြန်မာနှစ် တစ်နှစ်မှာ
၁၁ရက်လို၏။

(မြန်မာက တစ်လကို ၂၉ရက် ၃၀ရက် ထားရခြင်း
အကြောင်းကို နောက်မှ ပြောပါအုံးမယ်။)

ဝါထပ်ရခြင်းအကြောင်းကို ၈နှစ်ဖြင့် ပြောပြ
မှသာ မြင်လွယ်ပါလိမ့်မယ်။ဒါ့ကြောင့် ရှစ်နှစ်ဖြင့်
ပြောပြပါမယ်။

အင်္ဂလိပ်နှစ်က လေးနှစ်လျှင် တစ်ရက်တိုး၏။
ရှစ်နှစ်နေလျှင် နှစ်ရက်တိုး၏။

မြန်မာနှစ်က အင်္ဂလိပ်တစ်နှစ်ပြည့်ရန် သို့မဟုတ်
ကမ္ဘာတစ်ပတ်ပြည့်ရန် တစ်နှစ်လျှင် ၁၁ရက်လို
သဖြင့် ရှစ်နှစ်ဆိုလျှင် ၈၈ရက်လို၏။ အင်္ဂလိပ်
ရက်ထပ် ၂ရက်ဖြင့် ပေါင်းသော် ၉၀ရက်လို၏။

ယင်းလိုသောရက်၉၀ကို ပြည့်မှီအောင်
ရှစ်နှစ်လျှင် ဝါသုံးကြိမ် ထပ်ပေးဖို့ လိုအပ်၏။

ထို့ကြောင့် သုံးနှစ်တစ်ကြိမ် ဝါနှစ်ခါထပ်ပြီး
နှစ်နှစ်တစ်ကြိမ် ဝါတစ်ခါ ထပ်ပေးရ၏။

ဒီနှစ် ဝါထပ်သင့် မထပ်သင့် စဉ်းစားပုံကို
ပြောပြပါအုံးမယ်။

များသောအားဖြင့် ဧပြီ၁၇ရက်နေ့သည်
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်၏။ ခြွင်းချက်
အနေဖြင့် ဧပြီ၁၆ရက်နေ့မှာ မြန်မာနှစ်ဆန်း
တစ်ရက် ရှိခဲ့ဘူး၏။ နှစ်တစ်ရာ ပြက္ခဒိန်ကို
ပြန်ကြည့်လျှင် သိနိုင်၏။

သင်္ကြန်ရက်သည် တန်ခူးလမှာသာ ထားရ၏။
ကဆုန်လဆန်းထဲမှာ တစ်ရက် နှစ်ရက် ပါမယ်
ဆိုက ပါလို့ရ၏။ တပေါင်းလမှာကား လုံးဝ
မထားရေခ်။

အကယ်၍ ဒီနှစ်၁၃၈၂ခုနှစ်မှာ ဝါထပ်မပေးလျှင်
၁၃၈၃နှစ် သင်္ကြန်ရက်သည် တပေါင်းလထဲမှာ
ရောက်သွားနိုင်၏။ ထို့ကြောင့် ဒီနှစ်မှာ မဖြစ်
မနေ ဝါထပ်ပေးရ၏။

"မြန်မာတစ်လလျှင် ၂၉ရက်၆လ ၃၀ရက်၆လ
ထားရပုံ။"

မြန်မာက ရက်လနှစ် သတ်မှတ်ရာ၌
လကို အခြေခံ၍ သတ်မှတ်၏။ အင်္ဂလိပ်လို
နေကို အခြေခံ၍ မသတ်မှတ်ပါ။

မြန်မာလပြည့်နေ့ဝန်းကျင်ဆိုလျှင် လသည်
ပြည့်ပြည့်ဝဝ ရွှန်းမြနေပြီး လကွယ်နေ့ ဝန်းကျင်
ဆိုလျှင် လကမသာဘဲ ကွယ်ပနေ၏။

လက ကမ္ဘာကို လှည့်ပတ်ရာ၌ တစ်ပတ်ပြည့်ရန်
၂၉ရက် ၁၂နာရီ ၄၇မိနစ်၃စက္ကန့် ကြာ၏။
အလွယ်ပြောရမယ်ဆိုလျှင် ၂၉ရက်ခွဲကြာ၏။
ထို့ကြောင့် တစ်လကို ၂၉ရက်တစ်ခါ ၃၀ရက်
တစခှါ ထားရ၏။

"ဝါကြီးထပ် ဝါလေးထပ် ခေါ်ဆိုပုံ"
နယုန်လမှာ ၃၀ရက်ထားလျှင် ဝါကြီးထပ်ခေါ်၍
၂၉ရက်ထားလျှင် ရိုးရိုးဝါထပ် သို့မဟုတ် ဝါလေး
ထပ်ဟု ခေါ်၏။

နယုန်လသည် ပုံမှန်အားဖြင့် ၂၉ရက်သာ ရှိ၏။
ဝါကြီးထပ်သော နှစ်မှသာ ၃၀ရက်ထား၏။

အဘယ့်ကြောင့် နယုန်လမှာ ၃၀ရက်ထား၍
ဝါကြီးထပ်ရပါသနည်းဆိုသော်လက ကမ္ဘာကို
လှည့်ပတ်ရာ၌ တစ်ပတ်ပြည့်ရန် ၂၉ရက် ၁၂နာရီ
၄၇မိနစ်၃စက္ကန့် ကြာသောကြောင့်

အစွန်းမိနစ်များသည် လချီနှစ်ချီကြာလျှင်
တစ်ရက်တိုးသွား၏။ ထိုတိုးသွားသော
ရက်များကို အစားဖြည့်ရန် နယုန်လကို ၃၀ရက်
အပြည့်ထား၍ ဝါကြီး ထပ်ပေးရ၏။

အကယ်၍ နယုန်လမှာ တစ်ရက်တိုး၍
ဝါကြီးထပ် လုပ်မပေးလျှင် နှစ်ကြာလာသော
အခါ လပြည့် လကွယ် မှားသွားနိုင်၏။

ထို့ကြောင့် မဖြစ်မနေ ဝါကြီးထပ် လုပ်ပေးရ၏။

မြန်မာနှစ်မှာ ရက်တိုး ဝါကြီးထပ် လုပ်ပေး
ရသလို အင်္ဂလိပ်နှစ်မှာလည်း ပုံမှန် လေးနှစ်
တစ်ကြိမ် တစ်ရက်တိုးအပြင် နှစ်၁၁၅နှစ်မှာ
တစ်ရက်တိုးဖို့ လိုအပ်ပြန်ပါသေး၏။

ဥပမာအနေနဲ့ ၁၁၅နှစ်ကို ၁၂မိနစ်အစွန်းနဲ့
တွက်ပြပါအံ့။

11512=1380မိနစ်။
138060=23နာရီ။

၁၁၅နှစ်ကို ၃၇စက္ကန့်အစွန်းနဲ့ တွက်ပြပါအံ့။
11537=4255စက္ကန့်။
425560=709မိနစ်။
71မိနစ်နီးပါး တနည်းအားဖြင့်
တစ်နာရီ 11မိနစ်နီးပါးရှိပါတယ်။

၁၂မိနစ် ၃၇စက္ကန့်အစွန်းသည်
၁၁၅နှစ် ကြာလျှင် ၂၄နာရီ ၁၁မိနစ်ကျော်ကျော်
တိုးသှား၏။

ထို့ကြောင့် ၁၁၅နှစ် သို့မဟုတ် ၁၁၄နှစ်
ကြာလျှင် အင်္ဂလိပ်နှစ်မှာလည်း တစ်ရက်တိုးဖို့
လိုအပ်ပြန်၏။

ဤကား ဝါထပ်ပုံအကြောင်း တစေ့တစောင်း
ကိုမိမိသိသလို မြင်သလို ပြောပြခြင်းမျှသာ
ဖြစ်ပါ၏ ပညာရှင်များလိုကား မပြောတတ်ချေ။

သို့သော် မသိသေးသူများအတွက် အင်မတိ
အင်မတန် ဗဟုသုတ ရရှိနိုင်တယ်ဆိုတာတော့
သေခြာပေါက် ပြောနိုင်ပါ၏။

မတ်တောသဟဂတနေ စတေသာ

(ဦးဝိမလဗုဒၶိ)

06/09/2021

Our's life Our's bike
...
Contact with
Ph:
095010549

[email protected]

♥ ☺ ♥




နန်းဓ​လေ့ထဲက မိဖုရား အမျိုးအစား အဆင့်အတန်းများ************************************************ဒီ​နေ့​တော့ မိဖုရား အမျိုး...
06/08/2021

နန်းဓ​လေ့ထဲက မိဖုရား အမျိုးအစား အဆင့်အတန်းများ
************************************************

ဒီ​နေ့​တော့ မိဖုရား အမျိုးအစား​တွေအ​ကြောင်း ​ပြောပြဖို့ စိတ်ကူးမိသွားတယ်။

မ​နေ့က နန်းဓ​လေ့ အ​ခေါ်အ​ဝေါ်​တွေအ​ကြောင်းမှာ မိဖုရား​တွေအ​ကြောင်း ​မေးလာတာ​လေး​တွေ လူတိုင်း မသိတဲ့ မိဖုရား အဆင့်အတန်း​တွေ ရှိ​နေတာ သတိထားမိလို့ ဒီအ​ကြောင်းကို ​ရေးဖြစ်တာပါ။

ဒီလို​ရေးနိုင်ဖို့အတွက် ​နန်းဓ​လေ့​တွေနဲ့ ပတ်သက်ပြီး ​ပြောပြခဲ့ကြတဲ့ ဝက်မစွတ်ဝန်​ထောက်မင်းဘိုးဘိုးရဲ့​မြေး ဒဂုံခင်ခင်​လေးရဲ့ တူမ မြန်မာစာပါ​မောက္ခ(ငြိမ်း) ​ဒေါ်ခင်ကြွယ်ဦး၊ အိမ်​ရှေ့စံက​နောင်မင်းနဲ့ ​ဆောင်ရသခင်ကြီး သုသီရိသဉ္စာတို့ရဲ့ မြစ်​တော် ​ဒေါ်တင်တင်ကြည်၏ ခင်ပွန်း ​ရှေး​ဟောင်းသု​တေသန ညွှန်ကြား​ရေးမှူး (ငြိမ်း) ဘဘဦးစိန်​မောင်ဦးနဲ့ ​​ရှေး​ဟောင်းသု​တေသနနည်းပညာ သင်တန်း​ကျောင်း ​ကျောင်းအုပ်ကြီး ဦးလှကြီး​မောင်​မောင် တို့ကို ​ကျေးဇူးတင်​ကြောင်း ဦးစွာ ​ပြောလိုပါတယ်။ ယခု​ဖော်ပြခဲ့သူ အားလုံးဟာ သက်ရှိထင်ရှား မရှိကြ​တော့ပါဘူး။ ဒါ​ကြောင့်လဲ သူတို့ဆီက ​လေ့လာမှတ်သားခဲ့ရတဲ့ အ​ကြောင်းအရာ​လေး​တွေကို ​နောက်လူ​တွေ ဗဟုသုတ ရ​စေဖို့ ကျန်ရစ်ခဲ့​​စေဖို့ ​ပြောပြတာပါ။

ဒီအ​ကြောင်း​တွေ ​ပြောမယ်ဆို​တော့ မန္တ​လေးနန်း​တော်ကြီးထဲ ​ရောက်ဘူးကြပြီး ​ပြောပြတာ​လေး​တွေ မျက်စိထဲ ပြန်မြင်ကြည့်ကြဖို့ အရင်ဆုံး ​ပြောပါရ​စေ။ ဒါမှလဲ မိဖုရား​တွေ အဆင့်အလိုက် ​နေရတဲ့ အ​နောက်နန်းနဲ့ အ​ဆောင်​တော်​တွေအ​ကြောင်း ဆက်စပ်သိမှာမို့ပါ။

မန္တ​လေးနန်း​တော်ကြီးထဲ ​ရောက်ရင် ​ညီလာခံကျင်းပတဲ့ သီဟာဿနပလ္လင်​တော်ရှိရာ ​မြေနန်းပြသာဒ်​တော်ကြီးကို စတင် ​တွေ့ရမှာပါ။ အဲ့က​နေ အ​နောက်ကို ဆက်လာရင်​တော့ ဟံသာဿနပလ္လင်​တော်ရှိရာ ​ဇေတဝန်​ဆောင်၊ အဲ့က​နေ ဆက်လာရင် သင်္ခါဿနပလ္လင်​တော်ရှိရာ ​ဗောင်း​တော်​ဆောင်၊ ဆက်လာရင် ဘမရာဿနပလ္လင်​တော် ရှိရာ မှန်နန်း​​တော်​ဆောင်ကို ​ရောက်ပါလိမ့်မယ်။ မှန်နန်း​တော်​ဆောင်နဲ့ကပ်လျက်မှာ စက်​တော်​ဆောင် ရှိပြီး ဘုရင် စက်​တော်​ခေါ်တဲ့ ​သလွန်​တော် ရှိပါတယ်။ စက်​တော်​ဆောင်ရဲ့ တစ်ဖက်မှာ​တော့ ​ရှေးမင်း​တွေလက်ထက်က ​ယောကျ်ားကြီး ခါး​စောင်း​လောက် မြင့်တဲ့ ကျွန်းလုံးကြီး​တွေ ချထားပြီး ​စောင်းတန်းအမိုး မိုးထားပါတယ်။ ဒါဟာ အ​ရှေ့ဘက် နန်း​ဆောင်​တွေနဲ့ အ​နောက်နန်းအ​ဆောင်​တွေကို ပိုင်းခြားထားတဲ့ စည်း ဆိုရင်လဲ မမှားပါဘူး။

​စောင်းတန်းမိုးပြီး ကျွန်းလုံးကြီး​တွေ ချထားတဲ့ ​နေရာကို သင်းကွပ်ထားတဲ့သူ​တွေက ​စောင့်ကြပ်ရပါတယ်။ ခါး​စောင်း​လောက် မြင့်​တော့ ​​အရင်​ခေတ်က နန်းဝတ်နန်းစား​တွေနဲ့ဆို တော်ရုံလူ အလွယ်တကူ ​မ​ကျော်ဖြတ်နိုင်ဘူး​ပေါ့။ ဘာလို့လဲဆိုရင် အဲဒီ ကျွန်းလုံးကြီး​တွေရဲ့ ဟိုတစ်ဖက်ခြမ်းက အ​နောက်နန်း​​တော်၊ အဆောင်​တော်​တွေမှာ မိဖုရား​တွေနဲ့ သမီး​တော်​တွေ၊ ကိုယ်လုပ် ​မောင်းမ​တော်​တွေ ​နေကြရလို့ပါဘဲ။ အဲ့ဒီ အ​နောက်ဘက်ခြမ်းကို ဘုရင်မှအပ မည်သည့်​ယောကျ်ားမှ ဝင်ခွင့် ထွက်ခွင့် မရှိပါဘူး။ နန်း​တွင်း သမား​တော်ကြီး​တွေ​တောင် အခွင့်ပြုမှ ဝင်​တော်မူရပါသတဲ့။ ချွင်းချက်အ​နေနဲ့ မင်းကိုးကွယ်ရာ ဆရာ​တော်​တွေက​တော့ တရား​ဟော တရားနာဖို့ ကြွချီခွင့်ရှိပြီး ကပ္ပိယ အ​နေနဲ့ ၈ နှစ်မှ ၁၃ နှစ်ကြား က​လေးငယ်သာ လိုက်ပါခွင့်ပြုတယ်လို့ မှတ်သားရပါတယ်။

အ​နောက်နန်း​တော် နဲ့ အ​ဆောင်​တော်​တွေအ​ကြောင်း ဆက်​ပြောရရင် ကန့်လန့်ခံ ကာဆီးထားတဲ့ ကျွန်းလုံးကြီး​တွေကို ​ကျော်လိုက်တာနဲ့ နန်းရမိဖုရားကြီး ၄ ပါးတို့ရဲ့ ​တောင်နန်း​​ဆောင်၊ အလယ်နန်း​ဆောင်၊ ​မြောက်နန်း​​ဆောင် ၃ ​ဆောင် တစ်တန်းတည်း ရှိပြီး အဲ့ဒီ​နောက်မှာ​တော့ အ​နောက်နန်း​ဆောင် ရှိပါတယ်။ အဲ့​နောက်မှာ​တော့ ​တောင်​ဆောင်ရ၊ ​မြောက်​ဆောင်ရ၊ ​တောင်​ရွှေ​ရေး၊ ​မြောက်​ရွှေ​ရေး အ​ဆောင်ရမိဖုရား​တွေရဲ့ အ​ဆောင်​တော်​တော် ရှိပါတယ်။ အဲ့​နောက်မှာ​တော့ တိုက်စားမိဖုရား၊ မြို့စားမိဖုရား ​တွေရဲ့ တန်းလျား​တွေ ရှိပါတယ်။ အဲ့ အ​နောက်မှာ နာမည်​ပျောက် (ပဘာ၊ ​ဒေဝီ၊ မ​ဟေ စတဲ့) ဘွဲ့ရမိဖုရား တန်းလျား​တွေ ရှိပါတယ်။ အဲ့​နောက်မှာ ကိုယ်လုပ်​တော်၊ ​​မောင်းမ၊ အပျို​တော်(လက်ဝဲအပျို​တော်/ လက်ယာအပျို​တော်) ​တွေ စု​နေရတဲ့ အခန်းတန်းလျားကြီး ရှိပါတယ်။

"နန်းရမိဖုရားကြီး ၄ ပါး"

နန်း​တော်အမိုး၊ လည်​ပေါ် ​အပြည့်ရွှေပိန်းချ၊ သလွန် ​ရွှေပိန်းချခွင့် ရပါတယ်။
၁။ တောင်နန်းစံ မိဖုရားကြီးဟာ ဘိသိက်​တော်ခံ မိဖုရား​ခေါင်ကြီးဖြစ်ပါတယ်။
၂။ ​မြောက်နန်းစံမိဖုရားကြီးဟာ ​ဒုတိယအဆင့်အမြင့်ဆုံးပါ။
၃။ အလယ်နန်းစံမိဖုရားကြီးက တတိယအဆင့်အမြင့်ဆုံးပါ။
၄။ အ​နောက်နန်းစံမိဖုရားကြီးက​တော့ စတုတ္ထအဆင့်အမြင့်ဆုံး​ပေါ့။

"​ဆောင်ရမိဖုရား ၄ ပါး"

၁။ ​တောင်​ဆောင်ရမိဖုရား
၂။ ​မြောက်​ဆောင်ရမိဖုရား
ဒီမိဖုရား​တွေဟာ အဆောင်​တော်နဲ့ သလွန်ကို တစ်ဝက်​ရွှေပိန်းချခွင့် ရသူ မိဖုရား​တွေပါ။
၃။ ​တောင်​ရွှေ​ရေးမိဖုရား
၄။ ​မြောက်​ရွှေ​ရေးမိဖုရား
ဒီမိဖုရား​တွေဟာ အ​ဆောင်​​တော်အမိုး ​ရွှေ​ရေးရုံသာ အခွင့်ရတဲ့ မိဖုရား​တွေပါ။

တိုက်စားမိဖုရားနဲ့ မြို့စားမိဖုရား​တွေက​တော့ သလွန်အ​ခြေ ​ရွှေချခွင့်ရပြီး တန်းလျားမှာ စံရသူ​တွေပါ။

အမည်​ပျောက်မိဖုရား​တွေ၊ ကိုယ်လုပ်​တော်​တွေ၊ ​မောင်းမ​တော်​တွေနဲ့ လက်ဝဲ၊ လက်ယာ အပျို​တော်​တွေ ဟာ အခန်းတန်းလျားကြီးတစ်ခုမှာ စု​နေကြရပါသတဲ့။

ဒါ​တွေက​တော့ နန်းဓ​လေ့ထဲက မိဖုရား​တွေရဲ့ အဆင့်အတန်း အ​ခေါ်အ​​ဝေါ်​တွေပါဘဲ။

ဆက်စပ်ပြီး ​ပြောရဦးမယ်ဆိုရင် အ​နောက်နန်း​ဆောင်​တွေရဲ့ အဆုံးမှာ အ​နောက်ပွဲတက်​ဆောင် ဆိုတာ ရှိပါတယ်။ အခု​တော့ နန်း​တော်ပြတိုက် လုပ်ထားတဲ့ အ​ဆောင်​ပေါ့။ အ​နောက်အရပ်ကို မျက်နှာမူထားလို့ အ​နောက်ပွဲတက်​ဆောင်လို့ ​ခေါ်ပါသတဲ့။ ပဒုမာဿနပလ္လင် ပလ္လင်​တော် ထားရှိပြီး ည​နေပိုင်းမှာ ဘုရင်မင်းတြားကြီးဟာ မိဖုရားကြီး​များ၊ မိဖုရားများ၊ သမီး​တော်များ၊ က​တော်များ မယားများနဲ့ ​တွေ့ဆုံ​လေ့ ရှိပါတယ်။ ဘုရင်ဟာ အ​နောက်ဘက်ကို မျက်နှာလှည့်စံရပါတယ်။ ထူးခြားချက်က​တော့ ဒီနန်ဆောင်မှာ ယာအပျို​တော်က ဝဲအပျို​တော်ထက် အဆင့်မြင့်ပါသတဲ့။

ဒီ​နေရာမှာ က​တော်နဲ့ မယား အသုံးအနှုန်း​တွေ ပါလာ​တော့ ရှင်းပြရ​ပေဦးမ​ပေါ့။ မယား ဆိုတာ မိလယာ ဆိုတဲ့ စကားက ဆင်းလာပြီး အမိအဖြစ် လျာထားခံရသူ လို့ သိရပါတယ်။ က​တော်ဘွဲ့ခံရသူ ၁၆ ​ယောက် ရှိပြီး အသက်အကြီးဆုံး က​တော်ကြီး ၄ ​ယောက်ကို အ​မေး​တော်ခံက​တော်ကြီး​ ၄ ပါး အရာ ထားရှိပါသတဲ့။

အ​မေး​တော်ခံဆို​တော့ ည​နေ​တွေ့ဆုံချိန်မှာ ဘာ​တွေ​မေးလဲ ​ပြောရ​ပေဦးမ​ပေါ့။
၁။ မိုး၊ ​လေ မှန်ပါ၏​လော။
၂။ တိုင်းကာပြည်ရွာ သာယာပါ၏​လော။
၃။ လင်ကို မယား ရို​သေပါ၏​လော။
လို့ မင်းတြားကြီးက အ​မေး​တော်ရှိပြီး က​တော်ကြီး ၄ ပါးက ​ဆက်စပ် ​ဖြေကြား ​လျှောက်ထားရပါတယ်။ လက်ထက်​တော်က​လေးဘုရားသီ​ပေါမင်းလက်ထက်မှာ​တော့ တတိယ​မေးခွန်း မ​မေး​တော့ပါဘူးလို့ မှတ်သားရပါတယ်။

ဒီ​လောက်ဆိုရင် တရုတ်ရာဇဝင် ဇာတ်ကား​တွေထဲမှာလိုဘဲ မြန်မာနန်းဓ​လေ့မှာ မိဖုရား​တွေဟာ သူ့ရာထူး အဆင့်အလိုက် စံစားခွင့်၊ နေထိုင်ခွင့်​တွေ ရှိတယ်ဆိုတာ သိသွားကြမယ်လို့ ထင်ပါတယ်​နော်။

#တင်လတ်ယု

Address

Kyaun Taw Anout Street
Nyaungshwe
06081

Telephone

+9595010549

Website

Alerts

Be the first to know and let us send you an email when Ride To Inle.PTG Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ride To Inle.PTG Travels:

Videos

Share

Category