MEBS Tours

MEBS Tours We offer a wide range of travel related services like: hotel reservation, flight reservation, car rental, bus tickets, visa application etc.
(11)

15/04/2024
ဒူဘိုင်းမှာ အသက်ဆက်ဖို့ ပထမဆုံး အရေးကြီးတာက စားဖို့ သောက်ဖို့ပါ။ အပြင်မှာစားရင်တော့ ထမင်းတစ်ပွဲကို 20 AED (မြန်မာငွေ ၂ သ...
04/04/2024

ဒူဘိုင်းမှာ အသက်ဆက်ဖို့ ပထမဆုံး အရေးကြီးတာက စားဖို့ သောက်ဖို့ပါ။ အပြင်မှာစားရင်တော့ ထမင်းတစ်ပွဲကို 20 AED (မြန်မာငွေ ၂ သောင်းလောက်) က အနည်းဆုံးကုန်မှာပါပဲ။ ဒီ ဆောင်းပါးက အစားအသောက်နဲ့ ပတ်သက်ပြီး တက်နိုင်သလောက် ငွေချွေတာချင်တဲ့သူတွေအတွက် နည်းလမ်းလေးတွေ ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ရည်ရွယ်ပါတယ်။

========================

စားဖို့ သောက်ဖို့ဆိုရင် ကျွန်တော်နေတဲ့ Al Rigga တစ်ဝိုက်မှာတော့ ခလုတ်တစ်ခါတိုက်လို့ မော့ကြည့်လိုက်ရင် Supermarket ရှိပါတယ်။ နေရာအနှံ့မှာ Supermarket တွေရှိတာပါ။ အဲ့ဒီ့ထဲကမှ မျက်မှန်းအတန်းမိဆုံးတွေကတော့

1. Day to Day
2. West Zone
3. Viva
4. Al madeena တို့ကတော့ ဘယ်နေရာ ရောက်ရောက် ရှိတဲ့ နာမည်ကြီးတွေပါ။ နောက်ထပ်

5. Gate
6. Philippines Market
7. Nesto
8. We Mart တို့အကြောင်းလည်းထည့်မပြောလို့ မပြည့်စုံပါဘူး။

ကျွန်တော့် အတွေ့အကြုံအရ ဒီ Supermarket တွေအားလုံးထဲမှာ Viva က စျေးအပေါဆုံးပါပဲ။ Viva မှာ အမြဲတမ်း discount တွေချလေ့ရှိပြီး အာလူး၊ ခရမ်းချဉ်သီး၊ ငရုတ်၊ ကြက်သွန် စတဲ့ စားသောက်ကုန်တွေ စျေးပေါပါတယ်။ Day to Day ကြတော့ လူသုံးကုန်တွေနဲ့ ပတ်သက်ရင် စျေးအပေါဆုံးနဲ့ ပစ္စည်းအစုံဆုံးဖြစ်ပါတယ်။ Gate ကတော့ ဘာဝယ်ဝယ် 8 AED အောက်ပဲ မို့လို့ ကျွန်တော်ကြိုက်တဲ့ ဆိုင်ဖြစ်ပါတယ်။ West Zone ကတော့ Middle class တွေ အဝယ်များလို့ Quality လည်းကောင်းသလို တစ်ဖက်ကလည်း စျေးကြီးတဲ့ ဆိုင်ကြီးပါ။ Al Madeena ကတော့စျေးပေါတာနဲ့ စျေးကြီးတာ မျှနေတဲ့ ဆိုင်မျိုးဖြစ်ပါတယ်။ Philippines Market ကတော့ ငရုတ်သီးစိမ်း စျေးပေါပြီး မြန်မာနဲ့ နီးစပ်တဲ့ အမှုန့်တွေ၊ discount ပစ္စည်းတွေ ပေါပါတယ်။ Nesto ကတော့ ဧရာမ Supermarket ကြီးတွေပါပဲ။ ဒီကောင်ကြတော့ လိမ္မော်သီးလို အသီးအနှံတွေနဲ့ ပတ်သက်ရင် ခဏခဏ စျေးချပါတယ်။ We Mart ကတော့ တ-ရုတ်ပစ္စည်းတွေ အကုန်ရတဲ့ ဆိုင်ပါ။

ဒါကြောင့် ကျွန်တော့်ဘာသာ Rank စီပေးရရင် ပိုက်ဆံချွေတာမယ့်လူဆိုရင်
1. Viva
2. Day to Day အဲ့ဒီ့ နှစ်ခုမှာ ဦးစားပေးဝယ်ပါ။ တခြား ဆိုင်တွေလည်း ကောင်းပေမယ့် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေဝယ်မယ်ဆို ဒီနှစ်ခုနဲ့တင် လုံလောက်ပါပြီ။

========================

၁။ ဆန်

ဒူဘိုင်းကို ၂လ ဗီဇာနဲ့ ရောက်လာတဲ့အခါ ဒီမှာ ဘယ်လို စားသောက်နေထိုင်မလဲ၊ ရေခြားမြေခြားမှာ အစားအသောက် အဆင်ပြေပါ့မလား ဆိုတဲ့ အတွေးက လူတိုင်းတွေးမိကြပါလိမ့်မယ်။ ပထမဆုံး အကြံပေးချင်တာကတော့ ကိုယ်စားတတ်တဲ့ အစာခြောက်တွေ ရသလောက် သယ်လာခဲ့ပါ။ အစာခြောက်ဆိုတာက ငရုတ်သီးကြော်၊ ငါးပိကြော်လိုမျိုး ထမင်းရှိရင် ပမာဏ နည်းနည်းလေးနဲ့ အာသာပြေပြီး၊ ဘိုက်ပြည့်စေမယ့် အရာတွေပါ။ ဘာလို့လဲဆိုတော့ ဒီမှာ ဆန်တွေ စျေးပေါပါတယ်။ အိန္ဒိယ၊ ဘန်ဂါလီနဲ့ ပါကီ တွေလို ထမင်းစားတဲ့ လူမျိုးတွေ အရမ်းများတော့ ဆန်တွေက ရှာရလွယ်သလို စျေးလည်း မြန်မာနဲ့ သိပ်မကွာလှပါဘူး။ ဆန်အမျိုးအစားတွေ အများကြီးထဲမှာ Royal Rice, Gold Rice, ထိုင်းဆန် (Jasmine Rice) တွေ၊ ဗီယက်နမ်၊ အီဂျစ်၊ ပါကစ်စတန် ဆန်တွေလည်း ရှိသလို Basmati နဲ့ Sona Masoori ဆိုတဲ့ ဆန်နှစ်မျိုးကတော့ တော်တော်လေး စားလို့ကောင်းပါတယ်။ ဒီနှစ်မျိုးက 5kg ကို 27 AED လောက်ကျပါတယ်။ တခြား 5kg ကိုမှ 18 ~ 20 AED လောက်ပဲ ပေးရတဲ့ ဆန်တွေလည်းရှိပါတယ်။ အကြမ်းဖျဉ်းတွက်ရရင် ဆန် ၁ ပြည်က 1.8 kg နဲ့ ညီမျှပါတယ်။ 5 kg က ဆန် 2.7 ပြည် လောက်နဲ့ ညီမျှပါတယ်။ ဒါကြောင့် 5kg = ဆန်နို့ဆီဘူး (၂၂) လုံးနဲ့ ညီမျှပါတယ်။ ဒါကြောင့် 5kg ကို 18 AED တန် ဆန်ကို စားမယ်ဆို တစ်ပြည်ကို ၆၆၀၀ ကျပ်လောက်နဲ့ညီမျှပါတယ်။

ဒီက ဆန်တွေရဲ့ အားသာချက်က ပေါင်းအိုးနဲ့ ချက်စားမယ်ဆိုရင် ၂ ရက်လောက် ထားပြီး စားလို့ရနေတာပါ။ မြန်မာနိုင်ငံမှာ ရာသီဥတု ပူတော့ ဆန်တွေက တစ်ရက်လောက် ထားလိုက်ရင်ကို အရည်တွေ ထွက်လာပေမယ့် ဒီက အခန်းတွေက အဲကွန်းတွေ မပြတ်ဖွင့်ထားတာရော၊ ဆန်အမျိုးအစားကြောင့်ပါ ဆိုင်မယ်ထင်ပါတယ်။ နောက်ပြီး ကောင်းတာတစ်ခုက ဆန်အရမ်းတက်သလို Basmati + Sona Masoori က စားပြီးသွားရင် တော်တော်ကြာကြာ ဘိုက်ပြန်မဆာဘူးဗျ။ ကျွန်တော်တို့ နှစ်ယောက် စားနှုန်းနဲ့ဆိုရင် ဆန်နို့ဆီဘူး ၁ လုံးခွဲလောက်ဆိုရင် ညမနက် လုံလောက်ပါတယ်။

========================

Basmati + Sona Masoori (10) kg (ဆန်နို့ဆီဘူး ၄၄ ဘူး) ကို 55 AED လောက် ကျပါတယ်။ လူနှစ်ယောက်စာ အတွက် တစ်လ ဆန်ဖိုး 55 AED လောက်နဲ့တင် ကောင်းကောင်း လုံလောက်ပါတယ်။ ဒါကြောင့် တစ်ယောက်ကို ဆန်ဖိုး တစ်လ (၂၇ဝဝဝ) လောက်ပဲ ကျတယ်လို့ အကြမ်းဖျဉ်းတွက်လို့ရပါတယ်။ တကယ်လို့များ ကိုယ်က ထိုင်းဆန် နဲ့ စျေးသက်သာတဲ့ ဆန် စားမယ်ဆိုရင်၊ တစ်ယောက်စာ အတွက်ပဲ စားမယ်ဆိုရင် ဆန်ဖိုးကို အများကြီး ချုံ့နိုင်ပါလိမ့်မယ်။ 5kg ကို 18 AED လောက်နဲ့ စျေးချထားတဲ့ဆန်အများစုကို Viva မှာ ဝယ်လို့ရပါတယ်။ ပမာဏများများ တစ်ခါတည်း ဝယ်နိုင်လေ စျေးသက်သာလေပါပဲ။ 1kg ချင်းစီ ဝယ်တဲ့စျေးနဲ့ 10kg အိတ်လောက်ကို ဝယ်လိုက်တဲ့ စျေးနဲ့က သိသိသာသာ ကွာပါတယ်။

အကြံပေးချင်တာ တစ်ခုက စျေးအသက်သာဆုံးပြောရရင် အီဂျစ်ဆန်တွေက ဖွယ်ပြီး ထိုင်းဆန် (Jasmine Rice) တွေက စည်းပါတယ်။ အဲ့ဒီ့ နှစ်မျိုးကို ရောချက်ရင် မြန်မာပါးစပ်နဲ့ ကိုက်တဲ့အပြင် ပိုက်ဆံ အကုန်အကျလည်း သက်သာနိုင်ပါတယ်။ ကိုယ့်မှာ ငါးပိကြော်လို အစာခြောက်ပါမယ်ဆိုရင် အေးဆေးပါပဲ။ အဲ့ဒါအပြင် ကြက်ဥလေးတော့ ကြော်စားမှ လုံလောက်မယ်ဆိုရင်တော့ Viva မှာ ကြက်ဥ အလုံး ၃ဝ မှ 11 AED လောက်နဲ့ ဝယ်နိုင်တယ်။ (Small size ပါ)။ ဆီတွေလည်း ရေလည် စျေးပေါပါတယ်။ နေကြာဆီ 1 liter ကိုမှ မြန်မာငွေ ၅၅ဝဝ လောက်ပဲ ပေးရပါတယ်။ (ယူကရိန်း နေကြာဆီက စျေးကြီးပါတယ်။ တူရကီ နေကြာဆီက စျေးပေါပါတယ်။ မှားမှာစိုးလို့ပါ) ထမင်းပေါင်းအိုး တစ်ယောက်စာ၊ ဒယ်အိုး အသေးလေး တစ်လုံးလောက်သာ ပါလာရင် ဒီမှာ အပြင်စာ စားစရာ မလိုတော့ပါဘူး။ ဒီရောက်မှ ဝယ်မယ်ဆိုရင်တော့ ထမင်းအိုးတွေက 60 AED လောက်ရှိပြီး ဒယ်အိုးတွေကတော့ 11 AED လောက်ပဲ ရှိပါတယ်။ Day to Day က စျေးအသက်သာဆုံးပါပဲ။

(1 AED = 1000 Kyats)

နောက်အပိုင်းတွေမှာ တခြား စားစရာတွေအကြောင်းဖော်ပြပေးပါဦးမယ်။

~KoBoo

ပြည်သူများသို့ အသိပေးကြေညာချက်နေပြည်တော် ဧပြီ ၄လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စ...
04/04/2024

ပြည်သူများသို့ အသိပေးကြေညာချက်

နေပြည်တော် ဧပြီ ၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာနသည် နိုင်ငံအတွင်းနေထိုင်သူများမှ အသက် (၁၀)နှစ်အထက်ရှိသူများကို electronic စနစ် ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data) နှင့် ဇီဝအချက်အလက်များ (Biometric Data) တို့ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း (၁၀)လုံးပါရှိသည့် UID (Unique Identity Number) သတ်မှတ်ထုတ်ပေးလျက်ရှိသည်။ ယင်းသို့ Biographic/ Biometric အချက်အလက်များမှတ်ပုံတင် ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (သို့မဟုတ်) နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပေးထားသော အထောက်အထားလက်မှတ်တစ်ခုခုအား တစ်ပါတည်းယူဆောင်လာရန် လိုအပ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့သို့ နယ်စပ်ဖြတ်ကျော် ဝင်/ထွက်သွားလာရာတွင် သတ်မှတ်ထားသည့် နယ်စပ်ဝင်/ထွက်ဂိတ်များမှ TBP, BP လက်မှတ်များဖြင့် တရားဝင် ဝင်/ထွက်သွားလာခွင့် ခွင့်ပြု ပေးလျက်ရှိပါသည်။ အဆိုပါ နယ်စပ်ဝင်/ထွက်ဂိတ်များမှ ဝင်/ထွက်ခွင့်ပြုရာတွင် နယ်စပ် အဝင်/ အထွက် လူဦးရေစာရင်းဇယား တိကျစွာရရှိနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတုများနှင့် အသုံးမပြုသည့်ကတ်များအား အသုံးပြု၍ သွားလာခြင်းများကို ထိန်းချုပ်နိုင်ရေးတို့အတွက် UID လက်မှတ်ပါမှသာ TBP, BP လက်မှတ်များ ထုတ်ပေးမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ နယ်စပ်ဝင်/ထွက်ဂိတ်များသို့ TBP, BP လက်မှတ်လာရောက်လျှောက်ထားသူ ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ UID စာရွက်ပါ တစ်ပါတည်း ယူဆောင်လာကြပါရန်နှင့် ၁-၅-၂၀၂၄ ရက်နေ့မှစတင်ပြီး UID စာရွက်ပါမှသာ TBP, BP လက်မှတ် များထုတ်ပေး၍ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပါကြောင်း ပြည်သူများသို့ ကြိုတင်အသိပေးကြေညာ အပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
#နယ်စပ်ဖြတ်သန်းခွင့် #မြဝတီ #မဲဆောက် #တာချီလိတ် #မယ်ဆိုင် #ကော့သောင်း #ရနောင်း

20/02/2024

(Full announcement and translation in Burmese and Thai languages in attached photos)

The Royal Thai Embassy, Yangon wishes to announce two options for submitting visa application effective as of now as follows:

1. Make appointment online through Visa Appointment Booking Online (VABO) at https://thaiconsularyangon.com/visa to submit visa application from Thursday, 22 February 2024 onwards. Valid e-mail is required to fulfill the appointment which can be done up to thirty days in advance. After making the appointment, please take a screen shot and/or print out the appointment confirmation that is sent by e-mail and present it to the Embassy staff on the date of appointment.

2. Collect the queue number in front of the Embassy from 14.00 hrs. on Wednesday, 21 February 2024 for visa application on Thursday, 22 February 2024 and Friday, 23 February 2024 with 200 numbers allocated per day. Those who wish to obtain the queue number are required to present their own valid passports and will receive one non-transferrable queue number per person.

Royal Thai Embassy, Yangon Visa Booking Online

Annoucement on Guidelines for Visa Application (2)
16/02/2024

Annoucement on Guidelines for Visa Application (2)

Annoucement on Guidelines for Visa Application
14/02/2024

Annoucement on Guidelines for Visa Application

28/01/2024

မြန်မာနိုင်ငံသားများ အလည်အပတ် သွားရန် Visa မလိုသည့်နိုင်ငံများ

1 Thailand ( 14 days )
2 Vietnam ( 14 days )
3 Cambodia ( 14 days )
4 Brunei ( 14 days )
5 Laos (14 Days)
6 Indonesia ( 30 days )
7 Philippines ( 30 days )
8 Singapore ( 30 days)
9 Maldives ( 30 days )

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတွင် အသင်းသားအဖြစ် ဝင်ရောက်နိုင်ပါရန် ဖိတ်ခေါ်တိုက်တွန်းခြင်း
13/11/2023

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတွင် အသင်းသားအဖြစ် ဝင်ရောက်နိုင်ပါရန် ဖိတ်ခေါ်တိုက်တွန်းခြင်း

LONG LIVE THE QUEEN MOTHER🙏🇹🇭ယနေ့ (သြဂုတ်လ 12 ရက် 2023 )ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် King Maha Vajirlongkon Rama X ၏ မယ်တ...
12/08/2023

LONG LIVE THE QUEEN MOTHER🙏🇹🇭

ယနေ့ (သြဂုတ်လ 12 ရက် 2023 )ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် King Maha Vajirlongkon Rama X ၏ မယ်တော် Her Majesty Queen Sirikit ၏ သက်တော် ၉၁နှစ်ပြည့် မွေးနေ့ဖြစ်ပြီး15:40 နာရီအချိန် တွင် ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားကြီး တို့သည် ဘုရင်မကြီး Sirikit ၊ မိဖုရား မိဖုရား ၊ တော်ဝင်တော် တော်ဝင်တော် မင်းသမီး Sirivannavari Nariratanarajakanya နှင့် တော်ဝင် တော်ဝင်မင်းသား Dipangkorn Rasmijoti Sirivibulyarajakumar တို့ နှင့်အတူ ကုသိုလ်ပြု ကုသိုလ်ပြု ခဲ့ကြပါသည်။ ဘန်ကောက်မြို့ရှိ King Chulalongkorn Memorial ဆေးရုံတွင် မိဖုရားကြီး မိဖုရား Sirikit ၏ ၉၁ နှစ်မြောက် မွေးနေ့မင်္ဂလာ အခမ်းအနားကိုကျင်းပခဲ့ပါတယ်ရှင့်

✨🙏🏼ချစ်လှစွာသော မေမေ များအားလုံး🙏🏼✨ သက်တော် ရာကျော်ရှည်ပါစေရှင့်💙💙💙

#ใหม
love Bangkok # Dream journey ,Travel,shop
# travel Around Bangkoj

09/06/2023

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ ငွေကျပ် (၁,၂၅၀,၀၀၀) ကျပ် လှူဒါန်း

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါအဝင် ဘေးသင့်ဒေသများသို့ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ကိုယ်စား ဒုတိယဥက္ကဋ္ဌ (၂) ဦးရဲဝင်းနှင့် ယာယီအထွေထွေအတွင်းရေးမှူး ဦးကျော်ဇေယျတို့မှ (၁,၂၅၀,၀၀၀) ကျပ် လာရောက်လှူဒါန်းခဲ့ရာ UMFCCI Task Force အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အဖွဲ့ဝင် ဦးမျိုးသန့်တို့မှ လက်ခံရယူခဲ့ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်သည် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော အဆောက်အဦးများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက် အစားအသောက်များ ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အလှူငွေများ လှူဒါန်းပေးနိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အလျင်မြန်ဆုံး ထိရောက်စွာ လှူဒါန်းပေးလျက်ရှိပါသည်။

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

"" Myanmar Online E Visa ဝန်ဆောင်မူ့ ""မြန်မာ နိုင်ငံသို့ အလည် အပတ်နှင့် ဖြစ်စေ ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမူ Company...
07/04/2023

"" Myanmar Online E Visa ဝန်ဆောင်မူ့ ""

မြန်မာ နိုင်ငံသို့ အလည် အပတ်နှင့် ဖြစ်စေ ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမူ Company များနှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသော
လာရောက်မည့် နိုင်ငံခြားသား ခရီးသွားများအတွက် Tourist Visa နှင့် Business Visa များ စသဖြင့် ဝန်ဆောင်မှု ပေးနေပါပြီခင်ဗျာ၊၊

လူကြီးမင်းတို့ဧ၊၊် တန်ဖိုးရှိသော အချိန်များ မကုန် ဆုံးပဲ
ဗီဇာ မကျမှာ စိတ်ပူစရာမလိုအောင် လွယ်ကူ လျင်မြန်စေရန် Myanmar Ever Bright Star Travel & Tours မှ အကောင်းဆုံးရွက်ပေးနေပါတယ်၊၊

E Visa ဝန်ဆောင်မှုကို လက်တွဲလုပ်ကိုင်လိုသော Travel agent များ ၊ Company များကိုလည်း လက်ခံဆောင်ရွက်ပေးပါသည်၊၊

Covid - 19 Cover ဖြစ်သော Insurance ဝန်ဆောင်မူ့နှင့်
နိုင်ငံတကာ လေယာဉ်လက်မှတ် များကိုလဲ စျေးနူန်းသက်သက်သာသာဖြင့် ဝန်ဆောင်မူ့ ရရှိနိုင်သည့်အပြင်
သံရုံးကို လူကိုယ်တိုင်သွားလျှောက်စရာမလို
စာရွက်စာတန်းလုပ်ငန်းဆောင်တာများဖြင့် စိတ်ရှုပ်စရာမလိုပဲလူကြီးမင်းတို့ ဧ၊၊် ဧည့်သည်တော်များ အဆင်ပြေပြေ ရောက်ရှိနိုင်ရန်စီစဉ်ပေးချင်တယ်ဆိုရင် အောက်ပါဖုန်းနံပါတ်များကို အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ၊၊

Myanmar Ever Bright Star Travel
Address: (No.-902, C2B, Time Square Condo, Merchant Road, Botahtaung Township, Yangon.
Ph: 09250505559,09961212222

  Travel Fair 2023 ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇-၂၈-၂၉ ရက်များမှာ မနက် ၉ နာရီမှ ညနေ ၆ နာရီထိ သုံးရက်တိုင်တိုင် ကျင်းပသွား...
10/01/2023

Travel Fair 2023 ကို
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇-၂၈-၂၉ ရက်များမှာ မနက် ၉ နာရီမှ ညနေ ၆ နာရီထိ သုံးရက်တိုင်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်.....

ကျင်းပမည့် နေရာကတော့ ရန်ကုန်မြို့ သိမ်ဖြူလမ်းမပေါ်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ်တွေရဲ့ထည်ဝါခန့်ညားမှုတွေကို ကောင်းကောင်းကြီး ခံစားခွင့်ရရှိမဲ့ နေရာဖြစ်တဲ့ ဝန်ကြီးများရုံးပဲဖြစ်ပါတယ်....

အများပြည်သူများအတွက် ဝင်ကြေးကို (အခမဲ့)သတ်မှတ်ပေးထားပြီး
ခရီးသွားချစ်သူတွေအကြိုက်တွေ့စေမည့် ပြည်တွင်း ပြည်ပခရီးစဉ်များ/လေယာဉ် လက်မှတ်များကို အထူးစျေးနှုန်းတွေနဲ့ ယုံကြည်စိတ်ချရတဲ့ Travel Agent တွေမှာ ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်....
ပြပွဲလာရောက်ကြည့်ရှုသူများကို ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များ၊ ခရီးစဉ်များ၊ Lucky Draw များကို ကံစမ်းမဲ ဖောက်ပေးသွားပါမယ်....

"တာဝန်ယူမှုအပြည့်ရှိသော လိုင်စင်ရခရီးသွားကုမ္ပဏီများဖြင့် ခရီးသွားကြပါစို့"

Myanmar Travel Fair 2023တွင် ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း လက်မှုပစ္စည်း အရောင်းဆိုင်များလည်း ဆိုင်ခန်းများ ပါဝင်ပြသလိုပါက
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ
အသင်း(UMTA)
ဖုန်းအမှတ် ၀၉၅၁၃၅၆၅၇, ၀၉၂၀၀၅၆၄၈ သို့ ဆက်သွယ်နိုင်ပါတယ်....

Myanmar Travel Fair 2023
==================
Location- ဝန်ကြီးများရုံး(သိမ်ဖြူလမ်း၊ မဟာဗန္ဓုလလမ်းမှ ဝင်ရန်)
Date- 2023 January (27-28-29)
Time-9AM to 6 PM

29/12/2022

ရက်ချိန်းတိုကင်များ ပြည်လည်ထုတ်ပေးမည်
(၂၉-၁၂-၂၀၂၂ ရက်၊ ဗန်ကောက်)

၁။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ ၇-၁-၂၀၂၃ ရက် (စနေနေ့)မှစတင်၍ အပတ်စဉ် စနေနေ့များတွင် ရက်ချိန်းတိုကင်များကို ကိုယ်တိုင်လာရောက် ထုတ်ယူသည့်စနစ်ဖြင့် သံရုံး၌ နံနက် ၀၉၀၀ နာရီ မှ ၁၂ ၀၀နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ၁၆-၁၂-၂၀၂၂ ရက်တွင် သံရုံး၏ Facebook စာမျက်နှာ ၌ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

၂။ သံရုံး၌ ရက်ချိန်းတိုကင်များထုတ်ပေးရာ၌ ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်ဆုံးသွားသည့် နိုင်ငံကူးလက်မှတ်များကိုသာ ထုတ်ပေးသွားမည်ဖြစ်ပါကြောင်း သိရှိနိုင်ပါရန် ထပ်လောင်းဖော်ပြ အပ်ပါသည်။

၃။ ထိုသို့ထုတ်ပေးရာ၌ ကိုယ်စားလှယ်များစေလွှတ်ခြင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိသူများကို ရက်ချိန်းတိုကင်များ လုံးဝ(လုံးဝ) ထုတ်ပေးမည်မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

၄။ သံရုံးအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း သက်တမ်းကုန်သူများကို ပထမဉီးစားပေး ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပြီးစီးပါက နှစ်အလိုက် လအလိုက် သက်တမ်းကုန်သူများကို အစဉ်အလိုက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး ကျန်းမာချမ်းသာကြပါစေ၊ လုပ်ငန်းများ အဆင်ပြေကြ ပါစေ။)

ထိုင်းနိုင်ငံ စက်ရုံ/ အလုပ်ရုံနှင့် MOU ကိုယ်စားလှယ်များအား အသိပေးခြင်း(၂၄-၁၁-၂၀၂၂)၁။ မြန်မာနိုင်ငံကူးလက်မှတ် ၂၀၁၅ ခုနှစ...
26/11/2022

ထိုင်းနိုင်ငံ စက်ရုံ/ အလုပ်ရုံနှင့် MOU ကိုယ်စားလှယ်များအား အသိပေးခြင်း
(၂၄-၁၁-၂၀၂၂)
၁။ မြန်မာနိုင်ငံကူးလက်မှတ် ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်အတွင်း ပြုလုပ်ထားသော ရက်စွဲဖြင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကိုဗစ်-၁၉ ကာလ၌ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိသဖြင့် နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးခြင်းကို မြန်မာသံရုံး (ဗန်ကောက်) တွင် ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂။ ယခုအခါ စက်ရုံ/ အလုပ်ရုံများနှင့် ပြင်ပလုပ်ငန်းခွင်များတွင် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် သက်တမ်းကုန်လုပ်သားများမှာ ၂၂၀၀၀ ခန့် ကျန်ရှိနေသောကြောင့် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် သက်တမ်းကုန် PJ စာအုပ်ကိုင်ဆောင်သူများကိုသာ စီမံချက်ဖြင့် လုပ်ဆောင်ပေးမည်ဖြစ်ပါသည်။ သို့ဖြစ်၍ စက်ရုံ၊ အလုပ်ရုံ၊ MOU ကိုယ်စားလှယ်များ အနေဖြင့် ၂၀၂၀ ခုနှစ်နှင့် ၂၀၂၁ ခုနှစ် သက်တမ်းကုန်သူများကို ရွေးထုတ်စာရင်းပြုစု၍ မြန်မာ သံရုံး၏ ကောင်စစ်ဌာန (ဉီးမျိုးဇော်သောင်း၊ ဒေါ်ခင်မာလာဝင်း) သို့ နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး သတ်မှတ်ပုံစံလူစာရင်းနှင့်အတူ တင်ပြကြရန် အသိပေးအပ်ပါသည်။
၃။ သို့ရာတွင် ယခင်ကာလများ၌ တန်းစီ၍ တိုကင်ရက်ချိန်းရယူထားသူများ၊ Call Center မှ ရက်ချိန်းရယူထားသူများ၊ သံဃာတော်များ၊ အရေးပေါ်ဆေးရုံတက်လူနာများ၊ ကျောင်းသားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်အတိုင်း မြန်မာသံရုံးသစ်၊ ကောင်စစ်ဌာနတွင် ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၄။ ၂၀၂၂ ခုနှစ် သက်တမ်းကုန် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသော မြန်မာ ရွှေ့ပြောင်းလုပ်သားများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ ယခင်အတိုင်း ပြန်လည် ပြုလုပ်ပေးမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ဘေးအန္တရာယ်ကင်းဝေးကြပါစေ)
မြန်မာသံရုံးကြီးပေ့ချ်မှာကူးယူဖော်ပြသည်။
SurachaiMintun(TCTF)
26/11/2022

၇-၁၁-၂၀၂၂ ရက်နေ့မှစ၍ PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့်သူများအား ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) တစ်ပါတည်း...
31/10/2022

၇-၁၁-၂၀၂၂ ရက်နေ့မှစ၍ PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်မည့်သူများအား ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) တစ်ပါတည်း လုပ်ဆောင်ပေးမည်ကို အသိပေးခြင်း
(၃၁-၁၀-၂၀၂၂)

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမားဝန်ကြီးဌာန၏ ၆-၉-၂၀၂၂ ရက်နေ့ ထုတ်ပြန်ချက်၊ အပိုဒ် (၂) တွင် “မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင် မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသော OWIC ပါရှိမှ သာလျှင် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွား ရောက်နိုင်မည်ဖြစ်ပြီး OWIC သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည် ဆိုပါက အဆိုပါ OWIC ကို ဆက်လက်ကိုင်ဆောင်၍ ပြည်ဝင် / ပြည်ထွက်များ အသုံးပြုနိုင် ပါသည်” ဟု ဖော်ပြပါရှိပါသည်။

၂။ ထို့ကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် သွားရောက်၍ OWIC ကတ် လုပ်ဆောင်နေကြရခြင်းကြောင့် မြန်မာသံရုံး (ဗန်ကောက်မြို့) အနေဖြင့် PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ထားသူများကို တစ်ပါတည်းပြုလုပ်ပေးနိုင်ရန် အတွက် နည်းပညာပိုင်းဆိုင်ရာ Software များ ဖြည့်ဆည်းတပ်ဆင်ခဲ့ပါသည်။

၃။ ၇-၁၁-၂၀၂၂ ရက်နေ့မှစ၍ PJ နိုင်ငံကူးလက်မှတ်အသစ် လုပ်ဆောင်သူများကို အောက်ပါ အတိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-
(က) PJ နိုင်ငံကူးလက်မှတ်အသစ်နှင့် OWIC ကတ်အတွက် သတ်မှတ်ထားသော ဗန်ကောက်ဘဏ်ငွေစာရင်းအမှတ်- 101-3-481922 သို့ ၁၀၅၀ ဘတ် (၈၀၀ ဘတ် + ၂၅၀ ဘတ်) ပေးသွင်းထားကြောင်း ငွေသွင်းဖြတ်ပိုင်းပါရှိရန်။
(ခ) PJ နိုင်ငံကူးလက်မှတ်ဟောင်းယူဆောင်လာရန်နှင့် နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ရန်ပုံစံတွင် မြန်မာနိုင်ငံ၌ နေထိုင်သော မိသားစုဝင်များအမည်၊ နေရပ် လိပ်စာနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အလုပ်သမားကုမ္ပဏီအမည်တို့ကို ပြည့်စုံ စွာ ဖြည့်စွက်ရန်။
(ဂ) PJ နိုင်ငံကူးလက်မှတ်အသစ်အား မြန်မာသံရုံး (ဗန်ကောက်) တွင် ထုတ်ယူရန်နှင့် OWIC ကတ်အား မဟာချိုင်ရှိ TDCC ရုံးတွင် ရက်သတ္တတစ်ပတ်အတွင်း သွားရောက်ထုတ်ယူရန်။
(ဃ) စက်ရုံလုပ်သားများအတွက် စက်ရုံကိုယ်စားလှယ်တစ်ဉီးမှ စာရင်းနှင့်အတူ တစ်စု တစ်စည်းတည်း TDCC ရုံး၌ သွားရောက်ထုတ်ယူရန်။
၄။ OWIC ကတ် လုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံ၌ နေထိုင်သော မိသားစုများ၏ လိပ်စာ၊ ဖုန်း နံပါတ်တို့ကို မှတ်တမ်းထားရှိမည်ဖြစ်ရာ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် လျော်ကြေး၊ နစ်နာကြေးကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ လိုအပ်ချိန်တွင် မိသားစုများနှင့် ဆက်သွယ်ရန် ပေါ်ပေါက်လာပါကလည်းကောင်း အထောက်အကူရရှိနိုင်မည်ဖြစ်ပါသည်။

၅။ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ PJ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ထားသူများ သည် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ပြုလုပ်ရန် မလိုအပ်ဘဲ မဟာချိုင်ရှိ TDCC ရုံး၌ သွားရောက်ပြုလုပ်နိုင်ပါသည်။ ဤသို့ပြုလုပ်ချိန်တွင် PJ နိုင်ငံကူးလက်မှတ်နှင့်အတူ ၂၅၀ ဘတ် ကို TDCC ရုံး၌ ပေးသွင်းရမည်ဖြစ်ကြောင်းနှင့် နေ့ချင်းပြီးပြုလုပ်ပေးမည်ဖြစ်ပါကြောင်း အသိ ပေးအပ်ပါသည်။

၆။ ပူးတွဲပါလျှောက်လွှာအား ပြည့်စုံစွာဖြည့်စွက်၍ သတ်မှတ်ထားသော စာရွက်စာတမ်းများ နှင့်အတူ (၇-၁၁-၂၀၂၂) ရက်နေ့မှ စတင်၍ OWIC ကတ်များ လျှောက်ထားနိုင်ပါကြောင်း ဖော်ပြအပ် ပါသည်။

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး ကိုယ်ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်းရှိကြပါစေ)

ဗီဇာမလိုသော နိုင်ငံများနှင့် နေခွင့်ပြုသောရက်များကို ဖော်ပြလိုက်ပါတယ်ရှင်.....💁CreditFly to World Travel & Tour
26/08/2022

ဗီဇာမလိုသော နိုင်ငံများနှင့် နေခွင့်ပြုသောရက်များကို ဖော်ပြလိုက်ပါတယ်ရှင်.....💁

Credit
Fly to World Travel & Tour

Scholorship အမျိုးအစားများ ၄မျိုး ရှိတဲ့အထဲက 2023 - 24 ပညာသင်နှစ်အတွက် မြန်မာကျောင်းသားများလျှောက်ထားနိုင်တဲ့ Fully Fund...
25/08/2022

Scholorship အမျိုးအစားများ ၄မျိုး ရှိတဲ့အထဲက
2023 - 24 ပညာသင်နှစ်အတွက်
မြန်မာကျောင်းသားများလျှောက်ထားနိုင်တဲ့ Fully Funded Scholarships များ ကိုဖော်ပြပေးလိုက်ပါတယ်။
လူတိုင်းရင်ထဲစကော်လာ လျှောက်ချင်တယ် ရချင်တယ်ဆိုရင် စာဖတ်လေ့လာ နိုင်ပါမှရပါမယ် ။

ဘယ်အမျိုးအစားက ကိုယ်နဲ့ကိုက်ညီလဲ ဘယ်အချိန် စလျှောက်နိုင်ပြီး ဘယ်အချိန်အထိ နောက်ဆုံး လဲ
ပညာတော်သင်ဆု ပေးတဲ့အဖွဲ့ရဲ့ ပုံစံသတ်မှတ်ချက်နဲ့ကိုက်ညီရဲ့ လား ?

စာဖတ်ပျင်းပြီး စကော်လာ ရချင်သူဆိုရင်တော့ ဆက်မဖတ်ပါနဲ့ တော့။

လာမယ့်နှစ်အတွင်းမှာ ပညာတော်သင်လည်းသွားချင်တယ်၊ ငွေကြေးလည်းအများကြီးမကုန်ကျချင်တဲ့ သူတွေအတွက် လျှောက်ထားနိုင်မယ့် Scholarship တွေကို စုစည်း ပေးလိုက်ပါတယ်။

ယခုပြောပြပေးသွားမယ့် Scholarship အမျိုးအစားတွေက Fully Funded Scholarship အမျိုးအစားဖြစ်ပြီး

*Tuition Fee / ကျောင်းလခ
*လစဥ်နေထိုင်အသုံးစရိတ်
*စားသောက်စရိတ်
*လေယာဥ်ခရီးစရိတ် အသွားအပြန်
* visa ကြေး

အစရှိသဖြင့် ပညာတော်သင်အတွက် ကုန်ကျစရိတ်အကုန်လုံးကိုထောက်ပံ့ပေးသွားမယ့် ပညာသင်ဆု အမျိုးအစားတွေဖြစ်တဲ့အတွက်ကြောင့် လက်မလွှတ်ဘဲ လျှောက်ထားကြည့်ကြပါလို့ တိုက်တွန်းပါရစေ ။

ဒါ့အပြင် တစ်ချို့ Scholarship တွေက လျှောက်လွှာဖွင့်နေချိန်၊ လက်ခံနေချိန် ဖြစ်တဲ့အတွက်ကြောင့် အသေးစိတ်ကို အောက်ပါ Link တွေကတစ်ဆင့် ဖတ်ပြီး အမြန်လျှောက်ထားလိုက်ပါ။

တချို့ ကလည်း ရက်လိုသေးတာမို့ သေချာပြင်ဆင်ချိန်ရှိပါတယ်။

နိုင်ငံအလိုက် Fully Funded Scholarship အမျိုးအစားတွေကို ဖော်ပြပေးထားတဲ့အတွက်ကြောင့် ကိုယ်ပညာတော်သင်သွားချင်တဲ့နိုင်ငံ နဲ့ Program အမျိုးအစားကို ရွေးချယ်ပြီး လျှောက်ထားနိုင်ပါတယ်။

1) DAAD Scholarship

https://www2.daad.de/deutschland/stipendium/datenbank/en/21148-scholarship-database/?detail=50076777

2) Chevening Scholarship 2023 in the UK | Fully Funded
Link: https://scholarshipscorner.website/chevening-scholarship/

3) Schwarzman Scholarship Program 2023-24 in China | Fully Funded
Link: https://scholarshipscorner.website/schwarzman-scholars-programme/

4) Singapore International Graduate Award 2023 | Fully Funded
Link: https://scholarshipscorner.website/fully-funded-singapore-international-graduate-award/

5) Lester B. Pearson Scholarship 2023 in Canada | Fully Funded
Link: https://scholarshipscorner.website/lester-b-pearson-scholarship-canada/

6) Australian Awards Scholarship :

https://www.dfat.gov.au/people-to-people/australia-awards

7) Harvard University Scholarships Website :

https://scholarships.harvard.edu/international-students

8) Fullbright Scholarship Official Website :

https://foreign.fulbrightonline.org/

9) Lukasiewicz Scholarship by Government of Poland

https://nawa.gov.pl/en/students/foreign-students/the-ignacy-lukasiewicz-scholarship-programme

ကျောင်းသားများအားလုံး လိုချင်တဲ့ပညာသင်ဆုတွေရရှိကြပြီး အိပ်မက်တွေပြည့်၀ကြနိုင်ကြပါစေ။

တကယ်ဖတ်ကြည့်ပြီးဖြစ်နိုင်ချေရှိတယ်လို့ ယုံကြည်မှ ကျမ ဆီက အကူအညီတောင်းပါ။

#မကံ့ကော်
( မိမိကိုယ်တိုင် ဝင်မဖတ်ကြည့်ပဲနှင့် ကျနော် ကျမ ရနိုင်မလား လာမမေးပါနှင့် )

ထိုင်းကို အောက်လမ်းကနေလာရင်လွယ်လား?ညီလေးရေ...အောက်လမ်းကနေ ထိုင်းကိုလာတော့မယ်ဆိုရင် ပထမဆုံး မြဝတီကိုလာရမယ်ညီလေး။ မြဝတီကပွ...
10/08/2022

ထိုင်းကို အောက်လမ်းကနေလာရင်လွယ်လား?

ညီလေးရေ...

အောက်လမ်းကနေ ထိုင်းကိုလာတော့မယ်ဆိုရင် ပထမဆုံး မြဝတီကိုလာရမယ်ညီလေး။ မြဝတီကပွဲစားတွေအိမ်မှာလူစုပြီး အယောက်(၃၀)တစ်သုတ်လောက်ကို သူတို့ကားတွေနဲ့ထိုင်းနယ်စပ်တောထဲကို ပို့ပေးကြတယ်။ အဲ့ဒီတောထဲက တဲအကြီးကြီးထဲမှာလူစုပြီး အယောက် (၁၀၀) လောက်ပြည့်ပြီဆို ည(၈)နာရီလောက်မှာ သောင်ရင်းမြစ်ကို အားလုံးဖြတ်ကူးရတယ်။ ညဘက်မှောင်မှောင်မဲမဲကြီးတောထဲလမ်းလျှောက်ရတာညီလေးရေ။ ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်တပ်ရဲကင်းတွေရှိတော့ ဖုန်းမီးလေးတောင်ဖွင့်ထွန်းလို့မရဘူးရယ်။ ခါးကုန်းပြီး မြန်မြန်ပြေးသွားကြရတော့ ချော်လဲတဲ့သူလဲ၊ ခိုက်မိတဲ့သူခိုက်မိနဲ့ အသံတွေထွက်တာပေါ့ကွာ။

အဲ့တော့ ကင်းတဲဘက်ကနေ ဓာတ်မီးအကြီးကြီးတွေနဲ့လှမ်းထိုးကြတယ်။ ဓာတ်မီးရောင်ကျလာပြီဆို ရွံ့ထဲမှောက်နေကြတာညီလေးရေ။ ဓာတ်မီးရောင်လည်း ပျောက်ရော လမ်းပြကထပြေးတော့တာပဲ။ အနောက်ကလူအုပ်ကြီးလည်း အသားကုန်လိုက်ပြေးကြရတော့တာပေါ့။ ဖိနပ်တွေဆိုတာ ဘယ်နားကျန်ခဲ့လို့ ကျန်မှန်တောင်လှည့်မကြည့်ရဲဘူး။ လူအုပ်လိုက်ကြီးဆီက တဝေါဝေါအသံတွေထွက်လာတော့ ထိုင်းစစ်တပ်ဘက်က သေနတ်တွေထဖောက်ပါလေရော။ သေနတ်သံလည်းကြားရော တစ်ချို့တွေကကြောက်ပြီးနောက်ပြန်လှည့်ပြေးကြတယ်။ အနောက်ကစောင့်ပေးတဲ့လမ်းပြက လိုက်ဆွဲခေါ်ပေမယ့် မရတဲ့အဆုံး သူတို့ကိုချန်ထားခဲ့ပြီး လွတ်အောင်ပြေးရတော့တာပဲညီလေးရေ။ သူတို့နဲ့ရောပြီး ကိုယ်ပါအပစ်ခံရနိုင်တယ်မဟုတ်လား။

အဲ့လိုတွေရုန်းရင်းဆန်ခတ်ဖြစ်တော့ ထိုင်းကင်းတဲဘက်က ခရာမှုတ်သံတွေ၊ ကားသံတွေပါထွက်လာပါလေရော။ အရှေ့လမ်းပြက “ဆက်ပြေး.. ဆက်ပြေး” လို့အော်ပြီး အသားကုန်ကိုပြေးတာ။ အနောက်ကလူတွေလည်း ပိန်းတောတွေကြား ဗွက်တွေ၊ ကျောက်စူးခဲတွေထဲ အသက်လုပြေးကြရတော့တာပေါ့။

အဲ့လိုနာရီဝက်လောက်ပြေးပြီးတော့ တောင်ခြေတစ်ခုကိုရောက်တယ်ညီလေး။ တောင်ခြေမှာ လူပြန်စုကြတော့ လာတုန်းက အယောက်(၁၂၀)ကျော်ဟာ (၉၄)ယောက်ပဲကျန်တော့တယ်။ အဖမ်းပဲခံရလား၊ လွတ်ပဲသွားလားတော့ မသိနိုင်တော့ဘူးလေ။

အဲ့ဒါနဲ့ မိန်းကလေးတွေကိုအရှေ့ကထားပြီး တောင်စတက်ရတယ်ညီလေးရေ။ တောင်ကမက်လား၊ မမက်လားဆို ဝမ်းလျားမှောက်ပြီးကို ကုတ်ဖဲ့တက်ရတာ။ တောင်ထိပ်ပေါ်ကိုရောက်ဖို့ (၄၅)မိနစ်လောက်တောင်ကြာတယ်။ တောင်ထိပ်လည်းရောက်ရော ဘေးပတ်ပတ်လည်ကိုမြက်ခြောက်တွေကာထားတဲ့ကားတွေနဲ့လာခေါ်ကြတယ်။ တစ်စီးကို အယောက်(၃၀)ကျော် ငပိသိပ်သလိုတင်တာညီလေးရေ။ ကားက လေမဝင်တဲ့အပြင် အထဲမှာတစ်ယောက်ပေါ်တစ်ယောက်ထပ်ပြီးထိုင်ကြရတော့ အသက်တောင်မနည်းရှူရတာရယ်။ အဲ့လို (၁)နာရီကျော်လောက်ကားစီးပြီးတော့ တောထဲတစ်နေရာမှာထပ်ဆင်းရတယ်။ ည(၁၁)နာရီလောက်ကြီးပေါ့။ အဲ့ကနေ မနက်(၇)နာရီလောက်အထိ တစ်တောင်တက်၊ တစ်တောင်ဆင်းနဲ့လမ်းအကြာကြီးလျှောက်ရတယ်ညီလေး။ ကျွတ်တွေတွယ်လိုက်တာကတော့ ပြောမနေပါနဲ့တော့ကွာ။

မနက်(၇)နာရီလောက်အထိ လမ်းလျှောက်ပြီးတဲ့အခါကျတော့ ကားတွေနဲ့ထပ်လာခေါ်တယ်။ တစ်နာရီကျော်လောက် တောင်ပေါ်လမ်းအတိုင်းကားစီးပြီးတော့ အရိပ်ကောင်းတဲ့တောအုပ်ကြီးထဲမှာ ပြန်ချပေးပြန်တယ်။ အဲ့ဒါမနက်(၉)နာရီလောက်ရှိနေပြီနော်။ ထမင်းမစားရတဲ့အပြင် ပါလာတဲ့ရေတွေပါကုန်သွားကြလို့ တစ်ချို့ဆို ချောင်းရေတွေတောင်ခပ်သောက်ကြရတာ။ ခဏနားပြီးတော့ ထိုင်းလမ်းပြက ရေနှစ်ပုံးရယ်၊ ထမင်းနဲ့အရွက်ကြော်တစ်ယောက်တစ်ထုတ်စီလာပေးတယ်။

နေ့လည်(၂)နာရီလောက်ရောက်တော့ ပိတ်စအထူကြီးတွေကာထားတဲ့ကားနဲ့ တစ်စီးကို အယောက်(၃၀)လောက် ငပိသိပ်ထပ်တင်ကြပြန်တယ်။ ဒီတစ်ခါကျတော့ တစ်ယောက်ပေါ်တစ်ယောက် အထပ်လိုက်အိပ်ပြီးသွားရတာညီလေးရေ။ ငိုချင်လိုက်တာဆိုတာ မပြောပါနဲ့တော့။

ည(၇)နာရီလောက်ရောက်တော့ ထိုင်းမြေပြန့်ကိုရောက်တယ်။ အဲ့ဒီကစိုက်ခင်းတွေမှာ လူတွေချပြီးထပ်စောင့်ခိုင်းပြန်တယ်။ ပွဲစားတွေတစ်သုတ်ပြီးတစ်သုတ်လူတွေလာလာချတာ စိုက်ခင်းထဲလူအယောက်(၃၀၀)ကျော်သွားတယ်ညီလေး။ ည(၁၀)နာရီခွဲတော့ အယောက်(၃၀)ကို တစ်စီးနဲ့ လူတွေထပ်တင်၊ အပေါ်ကမိုးကာစကြီးအလုံအုပ်ပြီး တစ်ညလုံးမောင်းပြန်လေရော။ ထိုင်းအဝေးပြေးကားလမ်းတွေကကောင်းပေမယ့် ကားတစ်ချက်ဆောင့်လိုက်ရင် အောက်ဆုံးကလူခမျာမသက်သာလှဘူးပေါ့။ တစ်ညလုံးမောင်းပြီး မနက်(၅)နာရီမှာ လူတွေပြန်ချတယ်။

နောက် သွားမယ့်မြို့အလိုက် ကားတွေခွဲပြီးထပ်ခေါ်သွားတယ်ညီလေး။ ကိုယ်နဲ့ချိတ်ထားတဲ့​အခန်းရောက်မှပဲ ရေချိုးပြီးနားရတော့တယ်ညီလေးရေ။ တစ်ကိုယ်လုံးနာကျင်၊ ကိုက်ခဲလိုက်တာမှ ပြောမနေပါနဲ့တော့ကွာ။ သွားရတာ (၂)ညအိပ် (၃)ရက်ဆိုပေမယ့် လမ်းကြောင်းမရှင်းရင် (၁)ပတ်၊ ရက်(၂၀)လောက်အထိ တောထဲနေပေတော့ပဲ။

အကိုကတော့ လာမယ်ဆို အောက်လမ်းကမလာစေချင်ဘူးညီလေးရေ။ မတတ်သာလို့ လာရမယ်ဆိုရင်လည်း ၅၀-၅၀ပဲလို့ ပြောပါရစေ။ လူဆိုတာ အမြဲတမ်းကံကောင်းမနေနိုင်ဘူးလေ။ အခုထိလည်း အောက်လမ်းကလာတဲ့လူတွေမိနေကြတုန်း၊ ပျောက်နေကြတုန်းပဲ။ အကောင်းဆုံးကတော့ MOU နဲ့ တရားဝင်ချိတ်ဆက်ပြီးလာတာအကောင်းဆုံးပဲညီလေးရေ။ ကိုယ့်ဝမ်းနာကိုယ်သာသိဆိုတော့လည်း အဆင်ပြေတဲ့ပုံစံအမျိုးမျိုးနဲ့ အသက်ရှင်ဖို့ရပ်တည်ကြရတာပဲမဟုတ်လား?

ဒါကတော့ အကိုသိတဲ့အသိတစ်ယောက်ပြောပြတာလေးကို ညီလေးသိအောင်ပြန်ပြောပြတာပါ။

အကို့ညီလေး အရာရာမှာစဉ်းစားချင့်ချိန်နိုင်ပါစေရယ်လို့...

ညီလေးရဲ့အကို
အရုဏ်သစ်

ကမ္ဘာလှည့်ဗီဇာ (Tourist Visa)  လျှောက်ထားနိုင်ကြောင်း အသိပေးခြင်း( ၄-၈-၂၀၂၂ ရက် ၊ ဗန်ကောက်)နိုင်ငံခြားသားများအနေဖြင့် ကမ...
04/08/2022

ကမ္ဘာလှည့်ဗီဇာ (Tourist Visa) လျှောက်ထားနိုင်ကြောင်း အသိပေးခြင်း
( ၄-၈-၂၀၂၂ ရက် ၊ ဗန်ကောက်)

နိုင်ငံခြားသားများအနေဖြင့် ကမ္ဘာလှည့်ဗီဇာ(Tourist Visa)များကိုဗန်ကောက်မြို့ မြန်မာသံရုံး၌ ၁-၈-၂၀၂၂ရက် မှစတင်၍ လျှောက်ထားနိုင်ပါကြောင်း မြန်မာနိုင်ငံတော်အစိုးရ၏ ကြေညာချက်ကို အသိပေးဖော်ပြအပ်ပါသည်။ ကမ္ဘာလှည့်ဗီဇာ (Tourist Visa) လျှောက်ထားရာ တွင် လိုအပ်သည့်အချက်အလက်များနှင့်စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
- ဗီဇာလျှောက်လွှာပုံစံ၊
- လွန်ခဲ့သည့် (၃) လအတွင်း ရိုက်ကူးထားသော ကာလာဓာတ်ပုံ၊
- (၆) လသက်တမ်းရှိ နိုင်ငံကူးလက်မှတ်၊
- ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားကြောင်းလက်မှတ်၊
- ၄၈ နာရီအတွင်း ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးထားသည့် RT-PCR ဆေးစစ်ချက် (သို့မဟုတ်) သတ်မှတ်ထားသည့် ATK ဆေးစစ်ချက်၊
- မြန်မာ့အာမခံလုပ်ငန်းမှ ဝယ်ယူထားသည့် ကိုဗစ်-၁၉ ကျန်းမာရေးအာမခံပေါ်လစီ၊ (မြန်မာ့အာမခံလုပ်ငန်း၏ Website ဖြစ်သည့် www.mminsurance.gov.mm တွင် အသေးစိတ် ကြည့်ရှုလေ့လာပြီး online မှ ဝယ်ယူခြင်းကို ဆောင်ရွက်နိုင်ပါသည်။)

(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအားလုံး ကျန်းမာချမ်းသာကြပါစေ။)

สถานเอกอัครราชทูตสาธารณรัฐแห่งสหภาพเมียนมาร์ในกรุงเทพฯได้รับเกียรติให้อัพเดทประกาศล่าสุดโดยสาธารณรัฐแห่งสหภาพเมียนมาร์ ชาวต่างชาติสามารถขอวีซ่าท่องเที่ยวได้ที่สถานเอกอัครราชทูต ณ กรุงเทพฯเริ่มตั้งแต่วันที่ 1 สิงหาคม พ.ศ. 2565 โดยมีวัตถุประสงค์เพื่อเยือนประเทศเมียนมาร์

เอกสารที่ต้องใช้ในการยื่นวีซ่าท่องเที่ยวมีดังต่อไปนี้

- แบบฟอร์มท่องเที่ยว - รูปถ่ายสีพื้นหลังสีขาว เป็นรูปถ่ายปัจจุบันหรือย้อนหลังไม่เกินสามเดือน - อายุพาสปอร์ตต้องมีหกเดือนขึ้นไป - ใบรับรองการฉีดวัคซีน
- ผลการตรวจ RT-PCR เชิงลบหรือผลการตรวจ ATK แบบ มืออาชีพ 48 ช่วงโมงกอนเดินทาง - ประกันสุขภาพสำหรับ โควิด-19 จากประกันเมียนมาร์ มีให้ที่เว็บไซต์ของประกันเมียนมาร์ www.mminsurance.gov.mm

Announcement

The Embassy of the Republic of the Union of Myanmar in Bangkok has the honour to provide an update on the latest announcement by the Republic of the Union of Myanmar that foreign nationals are available to apply Tourist Visa at the Embassy in Bangkok starting from 1 August 2022 with the purpose of visiting to Myanmar. The required documents are as follows,
- Visa Application Form – attached herewith
- Color photo taken within the past three months
- A valid passport not expiring for at least six months from the date of entry into Myanmar
- A certificate of vaccination
- A negative RT-PCR test result or Professional ATK Test Result within 48 hours of Travel
- The health insurance for COVID-19 from Myanmar Insurance will be available at the Myanmar Insurance’s website www.mminsurance.gov.mm

In Myanmar, the Insurance business started in 1826. After the first Anglo-Myanmar War, the Europeans started to do their businesses in Myanmar and foreign Insurance Companies began to operate in Myanmar in order to provide insurance covers for those businesses.

အဲအေးရှားလေကြောင်းလိုင်းနဲ့ ဒွန်မောင်းလေဆိပ်ကနေ ထွက်ခါမယ်ဆိုရင် Domestic departure ၃လွှာ မှာ ဂိတ် ၁၅ အပြင်ဘက်မှာ RDT Tes...
01/08/2022

အဲအေးရှားလေကြောင်းလိုင်းနဲ့ ဒွန်မောင်းလေဆိပ်ကနေ ထွက်ခါမယ်ဆိုရင် Domestic departure ၃လွှာ မှာ ဂိတ် ၁၅ အပြင်ဘက်မှာ RDT Test စစ်ဆေးသွားလို့ ရပါတယ်ရှင်။ မနက် ၆- ညနေ ၈ အတွင်း နဲ့ ၁၅ မိနစ်စောင့် ရုံပါပဲနော် 🤗🤗

Credit # Air Asia

PUBLIC HEALTH REQUIREMENTS FOR FOREIGN TRAVELERS WHO WISH TO ENTER INTO MYANMAR THROUGH COMMERCIAL AIR TRANSPORT (1-8-20...
31/07/2022

PUBLIC HEALTH REQUIREMENTS FOR FOREIGN TRAVELERS WHO WISH TO ENTER INTO MYANMAR THROUGH COMMERCIAL AIR TRANSPORT (1-8-2022)
လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် မြန်မာနိုင်ငံသားခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များ
(၁-၈-၂၀၂၂)

[UPDATE] 🔥ဩဂုတ်လ (၁)ရက်နေ့ မှ စတင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်မဝင်ရောက်မှီ (၄၈) နာရီ အတွင်း စစ်ဆေးထားသော RDT သို့ RT- ...
31/07/2022

[UPDATE] 🔥
ဩဂုတ်လ (၁)ရက်နေ့ မှ စတင်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်မဝင်ရောက်မှီ (၄၈) နာရီ အတွင်း စစ်ဆေးထားသော RDT သို့ RT- PCR (Negative) စစ်ဆေးချက် မဖြစ်မနေလိုအပ်ပါပြီနော်.......
လေကြောင်းခရီးစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် မြန်မာနိုင်ငံသားခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာသတ်မှတ်ချက်များ
(၁-၈-၂၀၂၂)

Address

No 17/19 , 4th Floor , Room 502 , 52nd Street (Lower Block) , Botahtaung Township
Pazundaung
11162

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

09250505559

Alerts

Be the first to know and let us send you an email when MEBS Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MEBS Tours:

Videos

Share

Category

Nearby travel agencies


Other Travel Agencies in Pazundaung

Show All