LU KHAY

LU KHAY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LU KHAY, Travel Company, NWAR KWAY VILLAGE, Pindaya.
(6)

အကြောင်းအမျိုးမျိုးကြောင့်အိမ်က ထွက်လာသူရှိမယ်အကြောင်းအမျိုးမျိုးကြောင့်အိမ်မပြန်နိုင်သေးသူတွေရှိတယ်တူညီတဲ့ သတိရခြင်းကတေ...
07/09/2024

အကြောင်းအမျိုးမျိုးကြောင့်
အိမ်က ထွက်လာသူရှိမယ်
အကြောင်းအမျိုးမျိုးကြောင့်
အိမ်မပြန်နိုင်သေးသူတွေရှိတယ်

တူညီတဲ့ သတိရခြင်းကတော့
အိမ်ပြန်ချင်တာပါပဲ။


#လင်းညီ

အိမ်
21/02/2024

အိမ်

“တစ်ယောက်တည်း နေတယ်ဆိုတာအကောင်းဆုံးတော့ ဟုတ်ချင်မှ ဟုတ်လိမ့်မယ်ဒါပေမယ့်စိတ်အနာတရတော့ အနည်းဆုံးပါပဲ” တဲ့
11/08/2023

“တစ်ယောက်တည်း နေတယ်ဆိုတာ
အကောင်းဆုံးတော့
ဟုတ်ချင်မှ ဟုတ်လိမ့်မယ်
ဒါပေမယ့်
စိတ်အနာတရတော့ အနည်းဆုံးပါပဲ” တဲ့

ဇနီးအတွက် ဧက ၈၀ နေကြာပန်းတစ်ခင်း ပျိုးပေးခဲ့သူအမေရိကန်နိုင်ငံက တောင်သူတစ်ဦးဟာ မင်္ဂလာသက်တမ်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်မှ...
04/08/2023

ဇနီးအတွက် ဧက ၈၀ နေကြာပန်းတစ်ခင်း ပျိုးပေးခဲ့သူ

အမေရိကန်နိုင်ငံက တောင်သူတစ်ဦးဟာ မင်္ဂလာသက်တမ်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်မှာ ဇနီးသည်ကို အံ့ဖွယ်လက်ဆောင်အဖြစ် ဧရာမ နေကြာပန်းခင်းကြီး ပျိုးပေးခဲ့ပါတယ်။ ကန်းဆက်ပြည်နယ်မှာ နေထိုင်တဲ့ လီဝီလ်ဆန်ဟာ ဇနီးသည် ရီနီအတွက် ဧက ၈၀ ကျယ်ဝန်းတဲ့ မြေကွက်ပေါ်မှာ နေကြာပင် ၁.၂ သန်း စိုက်ပျိုးပေးခဲ့တာပါ။

ဝီလ်ဆန်ဟာ သားဖြစ်သူရဲ့ အကူအညီယူပြီး ပြီးခဲ့တဲ့မေလကတည်းက နေကြာပန်းခင်းကြီးကို လျှို့ဝှက်စိုက်ပျိုးခဲ့တာပါ။ '' ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ နေကြာပန်းခင်းကြီးထက် ပိုကောင်းတဲ့ ချစ်သက်လက်ဆောင် မရှိနိုင်တော့ပါဘူး'' လို့ ရီနီက ဆိုပါတယ်။ နေကြာတွေ ပွင့်ချိန်မှာတော့ ခရီးသည်တွေက ရီနီရဲ့ နေကြာပန်းခင်းထဲလာပြီး ဓာတ်ပုံတွေ လာရိုက်ကြပါတယ်။

Ref: Farmer plants massive sunflower field in surprise gift for wife
Team ( ရိုးရာလေး)

📝
20/07/2023

📝

အချစ်ကြောင့်ငိုဖူးဒုက္ခတစ်ချို့ ကြုံဖူးမြတ်နိုးတန်ဖိုးထားရတဲ့တစ်ချို့အရာတွေ စွန့်လွှတ်ဖူးရုံနဲ့လူဖြစ်ရတာ တန်သွားပြီ လို့...
26/02/2023

အချစ်ကြောင့်ငိုဖူး
ဒုက္ခတစ်ချို့ ကြုံဖူး
မြတ်နိုးတန်ဖိုးထားရတဲ့
တစ်ချို့အရာတွေ စွန့်လွှတ်ဖူးရုံနဲ့
လူဖြစ်ရတာ
တန်သွားပြီ လို့ မတွေးထင်လိုက်ပါနဲ့

ကိုယ့်မှာရှိတဲ့ခွန်အားတွေနဲ့
အားငယ်သူတွေကို တွဲထူဖူးပြီလား

တောင်တန်းနဲ့ ပင်လယ်ဆက်စပ်နေတဲ့
နေရာကနေ တစ်ဖြည်းဖြည်းချင်းဝင်သွားတဲ့ သိပ်လှလွန်းပါတဲ့နေဝင်ချိန်ကိုကောစောင့်ကြည့်ဖူးပြီလား

စိတ်လှုပ်ရှားစရာကောင်းတဲ့
စွန့်စားခန်းကော လုပ်ကြည့်ဖူးပြီလား

ခရီးအရှည်ကြီးတွေကော
ထွက်ဖူးပြီးပြီလား

ပင်လယ်ရေလှိုင်းသံတွေနားထောင်ပြီး
အိပ်စက်ဖူးပြီလား

ကြယ်တွေ ကြွေတာကိုကော
စောင့်ကြည့်ဖူးပြီး

စိတ်ကူးထဲက အိမ်ငယ်လေးနဲ့
စိုက်ခင်းလေးကော ဖန်တီးဖူးပြီလား

အမြင့်ဆုံးဆိုတဲ့နေရာတွေကနေရော
အသံကုန် အော်ဟစ်ဖူးပြီလား

လွတ်လပ်မှုဆိုတာ ကိုကော
ကိုယ်တိုင် အဓိပ္ပာယ်ဖွင့်ဖူးပြီလား

တစ်စုံတစ်ယောက်ဆီက
ထပ်တူကျတဲ့ချစ်ခြင်းမေတ္တာကိုကော လက်ခံဖူးပြီလား

အချစ်ကြောင့်ငိုဖူး
ဒုက္ခတစ်ချို့ကြုံဖူး
တစ်ချို့အရာတွေစွန့်လွှတ်ဖူးရုံနဲ့
လက်လျော့အရှုံးပေးဖို့
စိတ်မကူးလိုက်ပါနဲ့ဦး

ဟေ့..ကျနော်တို့မှာ
ကျနော်တို့မလုပ်ကြည့်ဖူး
မကြုံဖူးသေးတဲ့
အရာတွေ အများကြီးပဲ
လူဖြစ်ရတာ မတန်သေးဘူး
ရှင်သန်ဖို့ပဲ ကြိုးစား…

လူခေး

ဘဝမှာ..ရင့်ကျက်ချင်တယ်ဆိုရင်သက်သာဇုန်(မိဘအိမ်)ကနေ ရုန်းထွက်ပါ။စိတ်ပျော်ချင်တယ်ဆိုရင်‘ရပါတယ်’ ဆိုတာစကားကိုလွယ်လွယ် မသုံးပ...
07/02/2023

ဘဝမှာ..

ရင့်ကျက်ချင်တယ်ဆိုရင်
သက်သာဇုန်(မိဘအိမ်)ကနေ ရုန်းထွက်ပါ။

စိတ်ပျော်ချင်တယ်ဆိုရင်
‘ရပါတယ်’ ဆိုတာစကားကို
လွယ်လွယ် မသုံးပါနဲ့။

အထီးကျန်မဆန်ချင်ဘူးဆိုရင်
တူရိယာ တစ်မျိုးမျိုးကို တီးခတ်နိူင်အောင်လေ့လာပါ။

အချိန်က စကားပြောမပြောသိချင်ရင်
အပင်စိုက်ကြည့်ပါ။

လူတစ်ယောက် ကိုယ့်အပေါ်ကောင်းမကောင်း သိချင်ရင်
ခရီးအတူထွက်ကြည့်ပါ။

ဝမ်းမနည်းချင်ဘူးဆိုရင်
ပြီးဆုံးသွားတဲ့နာကျင်မှုတွေဆီ
ပြန်မသွားပါနဲ့။

မပူလောင်ချင်ဘူးဆိုရင်
ခွင့်လွှတ်တတ်အောင် ကြိုးစားပါ။

နောင်တမရချင်ဘူးဆိုရင်
အိပ်မက်တွေကို လက်မလွှတ်ပါနဲ့။

စွန့်စားရတာ ကြိုက်တယ်ဆိုရင်
အကြိမ်ကြိမ်သဘောကျနေမိသူကို ဖွင့်ပြောပါ။

ဘဝမှာ
အထာကျချင်တယ်ဆိုရင်တော့
မင်းကို လိုသုံးလိုသဘောထားနေကြတဲ့လူတွေကို
မင်းလိုရင်တောင်မသုံးနဲ့ပေါ့။

လူခေး

သယ်ဆောင်ထမ်းပိုးထားရတာလေးလံလာတဲ့အခါတိမ်တွေတောင် ပြိုသေးတာပဲကွယ်သိပ်ကိုပင်ပန်းလွန်းလာတဲ့အခါအချိန်အကြာကြီးဖက်တွယ်သယ်ဆောင်န...
06/02/2023

သယ်ဆောင်ထမ်းပိုးထားရတာ
လေးလံလာတဲ့အခါ
တိမ်တွေတောင် ပြိုသေးတာပဲကွယ်

သိပ်ကိုပင်ပန်းလွန်းလာတဲ့အခါ

အချိန်အကြာကြီး
ဖက်တွယ်သယ်ဆောင်နေမိခဲ့
ကိုယ့်ကိုပင်ပန်းနာကျင်စေတဲ့
အရာတွေအားလုံးကို
လွှတ်ချလိုက်စေချင်တယ်

ပြီးဆုံးသွားတဲ့နာကျင်မှုတွေကိုမေ့စေချင်တယ်

သံစဉ်တွေကိုတိုးတိုးလေးလိုက်ညည်းနေစေချင်တယ်

ကြယ်တွေ တိမ်တွေ နေဝင်ချိန်တွေကို
ငေးနေစေချင်တယ်

အခန်းဝရံတာမှာအပင်ငယ်လေးတွေ
စိုက်စေချင်တယ်

အားတင်းထားပါကွယ်

အမှောင်ညတွေကို
ဖြတ်ကျော်ပြီးလို့
ရောင်နီလည်းဖြာ
ပန်းတွေလည်းပွင့်တဲ့အခါမှ

ခက်ခဲ ခဲ့သမျှကို
ရယ်ရယ်မောမော ဟာသနှောကြမယ်.

နေထွက် နေဝင် မြင်ရတဲ့အရပ်မှာအိမ်ငယ်လေးတစ်လုံးဆောက်ချင်တယ်ခရီးအရှည်ကြီးတွေ ထွက်ချင်တယ်ငါ့ဦးနှောက်နဲ့မှတ်သားနိုင်သမျှ စာအု...
14/01/2023

နေထွက် နေဝင် မြင်ရတဲ့အရပ်မှာ
အိမ်ငယ်လေးတစ်လုံးဆောက်ချင်တယ်

ခရီးအရှည်ကြီးတွေ ထွက်ချင်တယ်

ငါ့ဦးနှောက်နဲ့မှတ်သားနိုင်သမျှ စာအုပ်ကောင်းတွေ ဖတ်ချင်တယ်

ငါ့ခွန်အားနဲ့ တူးဆွနိုင်သေးသမျှ အပင်ငယ်တွေစိုက်ချင်တယ်

ငါ့နှလုံးသားနဲ့ ဆန့်သမျှ
မင်း ကို ချစ်ချင်တယ်

ဒါတွေက
ငါရှင်သန်ချင်နေသေးတဲ့ အကြောင်းပြချက်တွေပေါ့ကွယ်..။

လူခေး

သစ္စာရှိခြင်း နဲ့ ကြင်နာမြတ်နိုးမှုကိုပြတဲ့သင်္ကေတကိုယ့်ကို ပျော်ရွှင်စေတဲ့တစ်စုံတစ်ယောက်ကိုအပေးသင့်ဆုံးလက်ဆောင်🌻PhotoSa...
12/01/2023

သစ္စာရှိခြင်း နဲ့ ကြင်နာမြတ်နိုးမှုကိုပြတဲ့သင်္ကေတ

ကိုယ့်ကို ပျော်ရွှင်စေတဲ့တစ်စုံတစ်ယောက်ကို
အပေးသင့်ဆုံးလက်ဆောင်

🌻

Photo
Sai Lukhay

ရှင်သန်နေတုန်းအိပ်မက်တွေကိုအကောင်အထည်ဖော်ခဲ့ခရီးအရှည်ကြီးတွေသေချာပြင်ဆင်ပြီးထွက်ခဲ့ကော်ဖီခါးခါးတွေတစ်ဝကြီး သောက်ခဲ့စာအုပ...
01/01/2023

ရှင်သန်နေတုန်း

အိပ်မက်တွေကို
အကောင်အထည်ဖော်ခဲ့

ခရီးအရှည်ကြီးတွေ
သေချာပြင်ဆင်ပြီးထွက်ခဲ့

ကော်ဖီခါးခါးတွေ
တစ်ဝကြီး သောက်ခဲ့

စာအုပ်ကောင်းကောင်းတွေ
အများကြီးဖတ်ခဲ့

မင်းဘေးကလူတွေကို
ပြုံးပျော်အောင်လုပ်ခဲ့

ဝမ်းနည်းနေတဲ့သူတွေကို
ကျောသပ်ပွေ့ဖက်ခဲ့

ကျေးဇူးတင်ကြောင်းတွေ
လေးလေးနက်နက်ပြောခဲ့

တစ်ချို့အရာတွေခွင့်လွှတ်ပြီး
တစ်ချို့အရာတွေကို စွန့်လွှတ်ခဲ့

ဘဝက တိုတယ် သူငယ်ချင်းရဲ့
ရှင်သန်နေတုန်း
မင်း ပေးနိုင်သမျှ မေတ္တာတွေနဲ့
တစ်စုံတစ်ယောက်ကို
ရူးရူးမူးမူး ချစ် ခဲ့။

လူခေး

လေနှင်ရာ လွင့်ပါဘူတာ မရှိတဲ့ ရထားဟာ ‘ ငါ ‘
28/07/2022

လေနှင်ရာ လွင့်ပါ
ဘူတာ မရှိတဲ့ ရထားဟာ ‘ ငါ ‘

မပြတ်သားနိုင်လို့ဖက်တွယ်ကြတဲ့အခါသံသယ ရှင်းပါစေ…ပြတ်သားနိုင်လို့ စွန့်လွှတ်ကြတဲ့အခါအတင်းအဖျင်း ကင်းပါစေ…
18/07/2022

မပြတ်သားနိုင်လို့
ဖက်တွယ်ကြတဲ့အခါ
သံသယ ရှင်းပါစေ…

ပြတ်သားနိုင်လို့
စွန့်လွှတ်ကြတဲ့အခါ
အတင်းအဖျင်း ကင်းပါစေ…

LU KHAY မှ ပုံ(၇)ပုံတင်ခဲ့သည်။
15/07/2022

LU KHAY မှ ပုံ(၇)ပုံတင်ခဲ့သည်။

အချိန်ရဲ့ တိုက်စားမှုတွေ…
13/07/2022

အချိန်ရဲ့ တိုက်စားမှုတွေ…

ဘဝရဲ့အချိန်တော်တော်များများ တစ်ယောက်တည်း ကုန်ဆုံးတာများပါတယ်အထီးကျန်ဆန်လိုက်တာကွာ ဆိုတဲ့အတွေးကတော့ဒီနေ့အထိ မတွေးမိသေး…
07/07/2022

ဘဝရဲ့အချိန်တော်တော်များများ
တစ်ယောက်တည်း ကုန်ဆုံးတာများပါတယ်

အထီးကျန်ဆန်လိုက်တာကွာ ဆိုတဲ့အတွေးကတော့
ဒီနေ့အထိ မတွေးမိသေး…

ခရီးသွားလုပ်ငန်း ပြန်စနိုင်တဲ့ အခါခရီးသွားတစ်ယောက်ကို သစ်ပင် တစ်ပင် မစိုက်မနေရ နဲ့ စာအုပ်တစ်အုပ်ယူဆောင်ရမဲ့အစီစဉ်လေး လုပ...
05/07/2022

ခရီးသွားလုပ်ငန်း ပြန်စနိုင်တဲ့ အခါ

ခရီးသွားတစ်ယောက်ကို သစ်ပင် တစ်ပင် မစိုက်မနေရ နဲ့ စာအုပ်တစ်အုပ်ယူဆောင်ရမဲ့
အစီစဉ်လေး လုပ်မယ်.

အပင်တွေကို အရင်ကလို လွတ်တဲ့နေရာ လမ်းဘေးဝဲယာ စိုက်တာမျိုးမဟုတ်ပဲ(ရှင်သန်နိုင်နှုန်းနည်းပါး)
သီးသန့် တောင်ကုန်းကျယ်တစ်ခုရဲ့ စိုက်ကွင်းမှာ စနစ်တကျ စိုက်ပျိုးစေမယ်.
(ကျနော်သေချာပြုစုစောင့်လျှောက်ပါ့မယ်)

နောင်၁၀နှစ်ကျော်တဲ့အခါ အဲဒီနေရာက
အပင်စိုက်ပျိုးခဲ့ဖူးသူတိုင်း ကိုယ်စိုက်တဲ့အပင်ကိုအလွမ်းပြေလာကြည့် အနားယူနိုင်တဲ့ ဘေးမဲ့ ပင်ပေါင်းစုံ သစ်တောကြီး ဖြစ်လာစေမယ်..

အဲဒီသစ်တောရဲ့အလယ်မှာ ခင်ဗျားတို့ ကျနော်တို့ အမှတ်တရစာလေးနဲ့လက်မှတ်တွေပါတဲ့ စာအုပ်စာပေ အမျိုးအစားစုံလင်တဲ့စာကြည့်တိုက် အကြီးကြီးရှိမယ်

တစ်ခါတစ်လေ စိတ်ကူး အိပ်မက်တွေဟာ
လက်တွေ့မှာ တကယ်ဖြစ်လာတတ်တာကို ကျနော်ယုံတယ်…

လူခေး

အမြဲ ကြိုးစားအမြဲ စာဖတ်အမြဲ အလုပ်လုပ်အမြဲ လိမ္မာနေဖို့ မလိုအပ်ပါဘူး..တစ်ခါတစ်လေသည်းခံပေးသင့်တဲ့အရာတွေလောက်ပဲသည်းခံတကယ်ပြ...
05/07/2022

အမြဲ ကြိုးစား
အမြဲ စာဖတ်
အမြဲ အလုပ်လုပ်
အမြဲ လိမ္မာနေဖို့ မလိုအပ်ပါဘူး..

တစ်ခါတစ်လေ
သည်းခံပေးသင့်တဲ့အရာတွေလောက်ပဲသည်းခံ
တကယ်ပြုံးချင်တဲ့ အခြေအနေမှာပဲ ပြုံး
ခွင့်လွှတ်ပေးသင့်တဲ့အရာတွေပဲ ခွင့်လွှတ်

စိတ်ပင်ပန်းလွန်းတဲ့အခါ
ခံစားချက်တွေ ရှိလာတဲ့အခါအမျိုးမှာ
အရက် ကို မူးနေအောင်သောက်
ဆေးလိပ်ကို ခပ်ပြင်းပြင်းရှိက်ဖွာ
စိတ်ပါလက်ပါ ငို ချ ရီချ
အထာကျကျပေါ့

လောကမှာ ဟန်ဆောင်ရတဲ့အလုပ်ဟာ
အပင်ပန်းဆုံး ပဲ

ကျနော်ကတော့ ခင်ဗျားတို့ကို
ကိုယ့်စိတ်ရင်းအမှန် ကိုယ်ပုံစံ ကိုယ့်စိတ်လေးအတိုင်း
နေကြည့်စေချင်တယ်

ဒီလိုနေတာက ဘာမှမရဘူးဆိုခဲ့ရင်တောင်
နောင်တလည်းရမှာမဟုတ်ဘူး

လူခေး

Address

NWAR KWAY VILLAGE
Pindaya

Telephone

+959442987181

Website

Alerts

Be the first to know and let us send you an email when LU KHAY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LU KHAY:

Share

Category


Other Pindaya travel agencies

Show All