The Glory Queen Travels & Tours

The Glory Queen Travels & Tours We are providing international air tickets ,domestic air tickets, inbound tours,outbound tour,car re
(6)

04/04/2020
နတ်မတောင်ဧရာဝတီ အနောက်ဘက်မြစ်ကမ်းရဲ့ အတော်အလှမ်းဝေးရာမှာတိမ် တွေပေါ်ထီးထီးမြင့်တက်နေတဲ့ တောင်ထွတ် တခုရှိတယ်။ အဲဒီ တောင်ကေ...
26/07/2016

နတ်မတောင်

ဧရာဝတီ အနောက်ဘက်မြစ်ကမ်းရဲ့ အတော်အလှမ်းဝေးရာမှာတိမ် တွေပေါ်ထီးထီးမြင့်တက်နေတဲ့ တောင်ထွတ် တခုရှိတယ်။ အဲဒီ တောင်ကတော့ တောင်ပိုင်းချင်းတောင်တန်းတွေထဲမှာ အမြင့်ဆုံး တောင်တစ်ခုပါ။ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးက နတ်မတောင်လို့ အသိများကြပါတယ်။ ပင်လယ်ရေ မျက်နှာပြင်ထက် ပေ(၁၀၀၀၀)ကျော်မြင့်တဲ့ နတ်မတောင်ဟာ အဲဒီ ဧရိယာတစ်ခွင်မှာ အမြင့်ဆုံးဖြစ်ပါတယ်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တွေ အာဏာကြီးတဲ့ အချိန်က သူတို့ရဲ့ အင်္ဂလန်ဘုရင်မကြီးကို ဂုဏ်ပြုပြီး Mt.Victoria လို့ ခေါ်ခဲ့ကြတယ်။

ဒါပေမယ့် ချင်းဘာသာစကားနဲ့ ခေါ(န်)နုသွန် (မြေကမ္ဘာမိခင်နတ်သမီး)လို့ခေါ်ကြပါတယ်။ နတ်မတောင်အရိပ်ထဲ မှာ သေးငယ်ပေမယ့် စိတ်ဝင်စားဖို့ ကောင်းတဲ့ တောင်ပိုင်းချင်းပြည်နယ်ရဲ့ မြို့တော်မင်းတပ် ရှိပါတယ်။

မင်းတပ်ကို ပုဂံကတဆင့် ဖြတ်သွားလို့ရပါတယ်။ ပုဂံဧရာ ဆိပ်ကမ်း ကနေပြီး ဇက်နဲ့ ဖြတ်ကူးရင် တဖက်ကမ်းက ထောက်ရှာပင် ရောက်ပြီး မင်းတပ်ကို ကားနဲ့ ဆက်သွားရပါတယ်။ မြစ်ခြေကိုကျော် ဖြတ်ပြီးတာနဲ့ လမ်းဘေး တစ်လျှောက်မြင်ကွင်းတွေ ပြောင်းလဲသွား ပါပြီ။

အပူပိုင်းခြောက်သွေ့ဇုန်ပတ်ဝန်းကျင်မှာ သစ်ရွက်ချွန်ချွန် လေးတွေနဲ့ ထနောင်းပင်တွေ။ ခြုံပုတ်သေးသေးလေးတွေ၊ ရှားစောင်း အပင်လေးတွေနဲ့၊ လေကပူပြီးခြောက်သွေ့လာတယ်။ ဒါပေမယ့် တောင်တက်လမ်းကို ဖြည်းဖြည်းချင်းပတ်တက်ပြီး ကျောက်တုကို ရောက်တာနဲ့ လေကအေးလာတယ်။ လမ်းဘေး တစ်လျှောက်မှာ မြေနိမ့် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေနဲ့ တခြားသစ်ပင်စိမ်းစိမ်းလေးတွေ တွေ့ လာရပါတယ်။

နောက်ပြီး ခေါင်းပေါ်က အသံတစာစာနဲ့ဖြတ်သွား တဲ့ ကြက်တူရွေး မြီးရှည်လေးတွေရဲ့ အသံကိုကြားရတယ်။အဲဒီတော့ အခုမင်းတပ်ကို ရောက်ဖို့(၁၈)မိုင်ဘဲ လိုတော့တယ်။မင်းတပ်ကို ၀င်တာနဲ့ မြင်ကွင်းတွေကြည့်ရတာ မြေနိမ့်ဒေသနဲ့ မတူဘဲသိသိသာသာ ပြောင်းလဲ သွားတယ်။ တောင်စောင်းမှာ ကြပ်ညပ်နေအောင် ဆောက်ထားတဲ့ တဲအိမ် လေးတွေက တောင်ကမ်းပါးကို ကျောပေးထားပြီး မျက်နှာစာပိုင်းက လမ်းပေါ်ကို အစွန်းထွက်နေတယ်။
အဲဒီမှာ လူတွေမျိုးစုံ ရောက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်က ချင်းပြည်နယ်နေ့ကို ဖေဖော်ဝါရီ (၂၀)ရက်နေ့မှာ နှစ်စဉ် ကျင်းပကြလေ့ရှိပါတယ်။ တကယ်ကို ထူးခြားတဲ့ ပွဲတစ်ပွဲပါ။ မင်းတပ်နဲ့ မတူပီ ပတ်ဝန်းကျင်မှာနေကြတဲ့ ချင်းမျိုးနယ်စု တွေ အားလုံးနီးပါး ဒီနေရာမှာ စုဝေးပြီး ချင်းပြည်နယ်နေ့ အခမ်းအနားကို ကျင်းပကြတယ်။ ဒီနေ့ အခမ်းအနားမှာ ချင်းရိုးရာကပွဲတွေ ၊ ချင်းယဉ်ကျေးမှု အနုပညာပြခန်းတွေ၊ ချင်းရိုးရာပန်းပုတွေ၊ ချင်းရိုးရာနပန်းပြိုင်ပွဲ၊ ဘောလုံးပွဲ အပါအ၀င် ကစားပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဒီနေ့မှာ အ ကောင်းဆုံး အခွင့်အရေးတစ်ခုကတော့ ချင်းတိုင်းရင်းသူတွေရဲ့ ရိုးရာပါးရဲ ဆေးမင်ကြောင်မျိုးစုံကို လေ့လာခွင့်ရခဲ့တာပါပဲ။ ဒီချင်းပြည်နယ်နေ့ ပွဲတော်ဟာ စဖွင့်လိုက်ပြီဆိုတာနဲ့ အကုန်လုံး လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲခွင့်ရတဲ့ ပွဲတော် တစ်ခုပါ။

ချင်းတိုင်းရင်းသူတွေ သူတို့ရဲ့မျက်နှာမှာ ဘာကြောင့် ပါးရဲဆေးမင်ကြောင်ကို ထိုးရတာလဲဆိုတော့ အကြောင်းတွေက အမျိုးမျိုး ပြောနေကြတာပါပဲ။ တစ်ယောက်ကပြောတော့ ရှေးတုန်းက မိန်းမတွေကို ဓါးစာခံအဖြစ် ရန်သူတွေက ဖမ်းဆီးသွားတဲ့ အချိန်မှာ ကွဲကွဲ ပြားပြား မှတ်မိအောင်လို့တဲ့။ တချို့ရဲ့ အပြောအရ ရုပ်ဖျက်ထားကြတာဖြစ်ပြီး ပြန်ပေးဆွဲမခံရအောင် ရှောင်လွှဲနိုင်ဖို့ ဖြစ်သတဲ့။ ဒါပေမယ့် ဘယ်လိုပဲ ပြောကြပြောကြ ချင်းမျိုးနွယ်စု အမျိုးသမီးတွေကတော့ အဲဒီအလေ့အထ ရှိတုန်းပါပဲ။

မြန်မာနိုင်ငံနေရာအနှံ့အပြားက အမျိုးသမီးတွေ ရဲ့ ကြားမှာချင်းစောင် တွေက လူကြိုက်များပါတယ်။ အဲဒီစောင်တွေဟာ လက်ယက် ကန်းစင်တွေ နဲ့ရက်ထားပြီး ထူးခြားကွဲပြားတဲ့ချင်း ရိုးရာလက္ခဏာ အဆင်ဒီဇိုင်း ပုံစံတွေကို ပုံဖော်ထားပါတယ်။ ရှေးတုန်းကတော့ ကျေးလက်ချင်းအမျိုးသမီးတွေဟာ သစ်ပင်တွေကရတဲ့ သဘာဝ ဆိုးဆေးရောင်တွေကို အသုံးပြုပြီး ကိုယ်တိုင် ဗိုင်းငင်ထားတဲ့ ချည်ထည်တွေကို ၀တ်ဆင်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေကို ချင်းတောင်တန်းတွေက ရှာဖွေတွေ့ရှိခဲ့ပါ တယ်။

ဒါပေမယ့် အခုတော့ အဲဒီအလေ့အထနေရာမှာ အဆင်သင့် တင်သွင်းလာတဲ့ ဓာတုဗေဒ ဆိုးဆေးတွေနဲ့ ချည်ငင်စက်တွေက အစားထိုး နေရာယူလိုက်ပါပြီ။ ဘာပဲဖြစ်ဖြစ် မြန်မာလူမျိုးစု တော်တော်များများ ချင်းရိုးရာစောင်တွေကို အသုံးပြုနေကြပါတယ်။ တချို့ဆိုရင် နိုင်ငံရပ်ခြားထိ ထုတ်ကုန်အဖြစ်ဖြန့်ချိနေကြပါတယ်။ ဂျပန်နဲ့ ဥရောပတိုက်ကို အဓိကထား ပြီး ဖြန့်ချိတယ်လို့သိခဲ့ရပါတယ်။

နတ်မတောင်အမျိုးသားဥယျာဉ်ကလည်း မင်းတပ်အနီးမှာရှိပြီး သွား လည် သင့်တဲ့နေရာတစ်ခုပါ။ အဲဒီ ဥယျာဉ်ကို (၁၉၉၄)ခုနစ်ကတည်းက သစ်တောဌာနရဲ့ ဦးစီးမှုနဲ့ တည်ထောင်ခဲ့ပါတယ်။ စတုရန်းမိုင် (၂၇၉)မိုင်ကျယ်ဝန်းပါတယ်။ ဒါပေမယ့် အဲဒီအချိန်မတိုင်ခင်(၁၉၃၀)ခုနှစ် ကတည်းက ဒီနေရာကို လူသိများခဲ့ပါတယ်။ ဗြိတိသျှ ရုက္ခဗေဒ ပညာရှင် ဖရန့် (ခ်) ကင်းဒန်း ၀ပ်(သ်)ဟာ ဒီနေရာမှာ ရုက္ခဗေဒစူးစမ်းလေ့လာမှုနဲ့ ရှာဖွေစုဆောင်းတာတွေကို အချိန်ကြာကြီးလုပ်ခဲ့ပါတယ်။ သူ့ရဲ့ ပန်းပေါင်းစုံခွဲခြားလေ့လာမှုတွေကြောင့် အပင်မုဆိုးရဲ့ နိဗ္ဗာန်ဘုံ (Plant hunter's Paradise)ဆိုပြီးခေါ်ခဲ့ပါတယ်။ အဲဒီနာမည်နဲ့ပဲ ထုတ်တဲ့ စာအုပ်ဟာ အောင်မြင်ခဲ့သလို နတ်မတောင်ဝန်းကျင်သစ်တောတွေရဲ့ အကြောင်းကို ကမ္ဘာက စိတ်ဝင်စားစေခဲ့ပါတယ်။

ခရီးကြမ်းနှင်ပြီး တောင်တက်ဖို့ စိတ်အားထက်သန်သူတွေဆိုရင် နတ်မတောင်ကို ကန်ပက်လက်မြို့ဘက်ကရော မင်းတပ်မြို့ဘက်ကပါ နှစ်ဖက်စလုံးကတက်နိုင်ပါတယ်။ တကယ်လို့ တောင်တက်သမားတွေဟာ မင်းတပ်ဘက်က စတက်မယ်ဆိုရင် ချင်းချောင်းဘက်ကို ဦးတည်ပြီး ပေ(၂၀၀၀)လောက်လမ်းလျှောက်ရပါတယ်။ ပြီးတော့ ပေ(၄၀၀၀)အမြင့် မှာ ရှိတဲ့ “အေးစခန်း” ကို တက်ရပါတယ်။ အေးစခန်းမှာ အနားယူပြီး ဆက်တက်လိုက်ရင် နတ်မတောင်ထိပ်ကို ရောက်ပါပြီ။ နောက်တနည်းကတော့ တောင်ထိပ်ဆီကို လေးဘီးယက်မောင်းလို့ရတဲ့ ကားတက်ပြီး ထိပ်ဆုံးကိုရောက်ဖို့ မိနစ်(၃၀-၄၀)လောက်လမ်းဆက်လျှောက်ရပါတယ်။ နတ်မတောင်ထိပ်က မြင်ရတဲ့ ရှုခင်းတွေဟာ တကယ့်ကို ရင်သပ်ရှုမောဖွယ် ရှုမငြီးစရာပါ။ ရာသီဥတု သာတဲ့နေ့တွေဆိုရင် အရှေ့ဘက်ခပ်ဝေးဝေးမှာ ငွေရောင်လှိုင်း ကြက်ခွပ် တလက်လက်ထနေတဲ့ ဧရာဝတီမြစ်ကို မြင်ရမှာပါ။

ခရီးသွားဧည့်သည်တွေဟာ “အေးစခန်း” နဲ့လမ်းတစ်လျှောက် က ချင်းရွာတွေမှာ့ ပုံသဏ္ဍန် တိုင်မျိုးစုံကို တွေ့ရမှာပါ။ (အဲဒီတိုင်ကို ရိုးရာနတ်တိုင်လို့ခေါ်ပါတယ် ချင်းဘာသာစကားနဲ့ ပေါင်း (Poung)လို့ အသံထွက်ပါတယ်။) အဲဒီတိုင်တွေမှာ အရေးပါတဲ့လှုပ်ရှားမှု မှတ်တမ်းတွေနဲ့ မိသားစုဘ၀တွေရဲ့အမှတ်တရ နေ့ရက်တွေကို မှတ်တမ်း ရေးထိုးဖို့ပါ။ အိမ်တွေတိုင်း လိုလိုရဲ့ အထဲကိုဝင်ကြည့်လိုက်ရင် တိရစ္ဆာန်မျိုးစုံရဲ့ ဦးခေါင်းခွံတွေကို ဘုတ်ရိုက်ပြီးချိတ်ဆွဲထားတာကို တွေ့ရပါလိမ့်မယ်။

အဲဒီဘုတ်တွေကို အောင်မြင်မှုတံဆိပ်တွေလို့လဲ ခေါ်ကြပါတယ်။ ဒီဘုတ်တွေက အိမ်ပိုင်ရှင်ဟာအမဲလိုက်မုဆိုး ကောင်း တစ်ယောက်ဖြစ်ကြောင်း ရွာကိုဂုဏ်ယူဝင့်ကြားစွာ ကြေငြာထားတဲ့ အမှတ်သားတွေပါ။ ဘုတ်တွေပေါ်မှာ မျောက်တွေ ၊ငှက်တွေ နဲ့ တခြားတိရစ္ဆာန်မျိုးစုံရဲ့ ခေါင်းတွေကို ချိတ်ဆွဲထားပါတယ်။ တကယ်လို့ မုဆိုးတစ်ယောက် မမျော်လင့်ဘဲ တောထဲမှာ ၀က်ဝံတစ်ကောင်ကို ရုတ်တရက်တွေ့တယ်ဆိုရင် ဒါဟာ သူ့အတွက် အတိတ်ကောင်း နိမိတ် ကောင်း တစ်ခုလို့ ယုံကြည်ထားကြပါတယ်။

နတ်မတောင်သွားရာလမ်းတစ်လျှောက်နဲ့ အေးရွာမှာလည်း ပုံစံကွဲပြားတဲ့ ကျောက်ပြင်ချပ်တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီကျောက်ပြင် ချပ်တွေရဲ့အောက်မှာ မြေအိုးတွေရှိပါတယ်။ ဒီကျောက်ပြင်ချပ်တွေဟာ ခန္ဓာကိုယ်က ထွက်ခွာသွားတဲ့ ၀ိဥာဉ်တွေရဲ့ နေအိမ်လို့ ယုံကြည်ကြပြီး မြေအိုးထဲမှာ သေဆုံးသူရဲ့ အရိုးတွေ၊ပြာတွေကို ထည့်မြုပ်ထားပါတယ်။ နတ်မတောင်ဟာ တိရစ္ဆာန်မျိုးစုံ နေထိုင်တဲ့ နေရာတစ်ခုလို့လည်း ထင်ရှားကျော်ကြားပါတယ်။ နို့တိုက်သတ္တ၀ါမျိုးစုံ၊ တွားသွားသတ္တ၀ါမျိုးစုံ လိပ်ပြာမျိုးစုံနဲ့ ငှက်မျိုးပေါင်း(၁၅၀)ကျော်ဟာ နတ်မတောင်ကို သူတို့ရဲ့ ဇာတိရပ်မြေအဖြစ် သတ်မှတ်နေထိုင်နေကြပါတယ်။ အဲတိရစ္ဆာန်တွေထဲက ငှက်ပြာခြောက်ငှက်လေးတွေဟာ နတ်မတောင် ဥယျာဉ်ထဲမှာပဲ တွေ့နိုင်တဲ့ ငှက်မျိုးနွယ်တွေဖြစ်ပါတယ်။

နတ်မတောင်နဲ့ မင်းတပ်ကို သွားဖို့လွယ်ပါတယ်။ ပုဂံကနေပြီးကားနဲ့ နေ့တစ်ဝက်လောက်သွားလိုက်ရင် ကျောက်တုကိုရောက်ပါပြီ။ ကန်ပက်လက် နဲ့ မင်းတပ်မှာ အဆင်ပြေပြေနေလို့ရမယ့် နေရာတွေ အများကြီးပါ မင်းတပ် ကနေ တဆင့် နတ်မတောင်ကို သွားဖြစ်အောင်သွားစေချင်တယ်။

http://nyachitthukalay.blogspot.com
CrTin Maung Hlaing peage

ဇွဲကပင်မြေ မှ ဓါတ်နန်းရှင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင် ~~~~~~~~~~~~~~~~~~~~~~တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသား...
25/07/2016

ဇွဲကပင်မြေ မှ ဓါတ်နန်းရှင် မောင်နှမ နှစ်ဦး၏ သမိုင်းပုံပြင်
~~~~~~~~~~~~~~~~~~~~~~
တစ်ခါက ကရင်ရွာလေးတစ်ရွာမှ ကရင်အမျိုးသားကြီး စ၀်ဖါ့သန့်(သိုင့်)နှင့် ဇနီးဖြစ်သူ နန်ဖေါ့ယာ့်တို့တွင် စံစေ့ဖိုးနှင့် နန်မူးဖါန်ဟုခေါ်သော သားသမီး(၂)ဦး ရှိလေသည်။

အနှစ်နှစ်အလလက ခြိုးခြံချွေတာပြီး ရိုးရိုးသားသား ကြိုးစားစုဆောင်း ခဲ့သမျှ သားကလေး ရှင်သာမဏေ လောင်းဖြစ်ဖို့ အလှူကြီးလုပ်ရန် တောင်ယာထဲတွင် အလုပ်ကြိုးစားနေရင်း ဖခင်ဖြစ်သူ စ၀်ဖါ့သန့်(သိုင့်)မှာ ကျားကိုက်ရင်း တောင်ယာထဲတွင် ဆုံးရှာလေသည်။

ဖခင်ကြီး ဆုံးပါးသွားသည့်နောက်ပိုင်းတွင် မုဆိုးမ နန်းဖေါ့ယာ့တို့ သားအမိကို ဘ၀ဆိုးမှ လွတ်မြောက် စေလိုပါသည်၊ မိမိဘ၀ကို သနားကရုဏာ သက်လှပါ သည်။ ကလေးတွေကိုလည်း ရင်သွေး အရင်အချာ များနှယ် စာနာညှာတာစွာဖြင့် ချစ်ခင်ပါသည်ဆိုသော တစ်ရွာတည်း မုဆိုးဖိုဖြစ်သူ စောဖါ့ပျုဂ်နှင့် နောက်အိမ်ထောင် ပြုလိုက်သည်။ ထိုအခါ အပြစ်မဲ့သော စံစေ့ဖိုးနှင့် နန်းမူးဖါန်တို့ လူမမယ် မောင်နှမနှစ်ယောက်၏ ဖြူစင်သော နှလုံးသား လေးတွေမှာ စိုးရိမ်ထိတ်လန့်ခြင်း၊ ပူပင်သောက ဝေဒနာအရောင်တို့ လွှမ်းမိုးလာခဲ့သည်။

ငြိမ်သက်ခဲ့သော အိမ်ကလေးမှာ နေ့တိုင်းလိုလို ဆဲဆိုသံ၊ ငေါက်ငန်း မာန်မဲသံဖြင့် ဆူညံလာတော့သည်။ ပထွေး၏ ဒေါသနှင့် ယုတ်မာသော၊ ရင့်သီးသော ဆဲဆိုကြိမ်းမောင်းသံများ အောက်မှာ မောင်နှမ နှစ်ယောက် မျက်ရည်ပေါက်ပေါက် ကျခဲ့ရရှာသည်။

နောက်ဆုံးတွင် နန်းဖေါ့ယာ့ခမျာ ဥမမယ် အရွယ်မရောက် သားသမီးနှစ်ယောက်ကို တောအုံချောက်ကြား နွားကျောင်းတဖုံ စပါးထောင်းတစ်လှည့် မခိုင်းရက် ခိုင်းရက်ဖြင့် ခိုင်းခဲ့ရှာရ လေတော့သည်။

တစ်နေ့တွင် ပထွေးဖြစ်သူမှ မောင်နှမနှစ်ဦးအား ယာခင်းသို့ခေါ်ကာ ယာခင်းသွားရာလမ်းတွင် မြင့်မားမတ်စောက် သော တောင်ကမ်းပါးကြီးပေါ်မှ
တွန်းချကာ တစ်ဦးတည်း အိမ်ပြန်လာခဲ့လေသည်။

မောင်နှမနှစ်ဦးမှာ တောင်ပေါ်မှ အကျတွင် ဇွဲကပင်ဘုရားကို အာရုံပြုကာ ကယ်တင်ဖို့ ဆုတောင်းမိလိုက်ကြသည်။ ကမ်းပါးအောက် ၀ါးရုံပေါ်တင်နေလို့ အသက် ချမ်းသာရာ ရခဲ့ကြပါသည်။

ညဥ့်နက်သည်အထိ ဘုရားကို ကြည်ညိုရင်း အရုဏ်ကျင်းလုကာမှ မိခင်ထံပြန်လာကာ အကျိုး အကြောင်း ပြောပြလေသည်။ ကလေးနှစ်ယောက်ကို ကျစ်နေအောင် ဖက်ထားရင်း နန်းဖေါ့ယာ့ မချိတင်ကဲ ခံစားရတော့သည်။ သို့သော် ကလေးနှစ်ယောက်ကို အိမ်မှာ ပြန်လည်၍ ခေါ်ထားဖို့တော့ လုံးဝမဖြစ်နိုင်တဲ့ အခါ ရင်သွေးနှစ်ယောက် အသက်မသေ လုံခြုံအောင် မိမိနှင့်လည်း အလှမ်းမဝေးရအောင် ဇွဲကပင်တောင် ပေါ်က တောအုပ်အငူ လိုဏ်ဂူထဲတွင် ထားခဲ့လေသည်။

မောင်နှမနှစ်ယောက် အမေထားခဲ့သော တောအုပ်အငူ လိုဏ်ဂူထဲကလည်း ဝေးဝေးလံလံကို မသွားဝံ့။ ကြည့်လေ ရာရာ တောအုပ်ကြီးက ပိန်းပိတ်ညိုမှောင်နေသည်။ တစ်ခါမှ မရောက်ဖူးသည့်နေရာ၊ လူသူကင်းဝေး၍ သားရဲတိရစ္ဆာန်တို့ အသံများကိုသာ ကြားရသည့် နေရာမှာ မိခင်က လာပို့ထားခဲ့သည်။

ပထွေးရန်ကို ကြောက်လွန်းလို့သာ နေခဲ့ရပေမယ့် အမေ့ကို မခွဲချင်ကြ၊ လွမ်းပေမယ့်လည်း လမ်းကမသိ၊ တောတိရစ္ဆာန်တို့ ရန်ကရှိသေးသည်။ အနီးအပါးက ရသမျှ တောသီးနှံလေးများကို ခူးဆွတ် စားသောက်ရင်း ဥတုရာသီနှင့် တောဒဏ်ကို ကြံ့ကြံ့ခံနေကြရရှာသည်။

နှမငယ်ကလေးက ဘာမျှမသိရှာသေးတော့ အစ်ကိုဖြစ်သူမှာ ဂရုစိုက်ရသည်။ မျက်စိအောက်က အပျောက်မခံရဲ၊ အဖေကိုတမ်းတ၊ အမေ့ကို လွမ်းရသော ဝေဒနာတို့ကို ကြိတ်မှတ်ခံစားရင်း ဒုက္ခမုန်တိုင်းဒဏ်ကို အလူးအလဲ အံတုနေကြရှာသည်။

ရံဖန်ရံခါတွင် ဇွဲကပင် တောင်သို့ ဘုရားဖူး လာကြသူများ ရောက်လာကြပါ၏။ ၎င်းတို့ပေးသွားသော စားရေရိက္ခာ မစို့မပို့လေးနှင့် မျှတစားရသည့်အခါလည်း ရှိသည်။

ငယ်ရွယ်သူ နှမလေးကို ငဲ့ညှာရလွန်းတော့ အစ်ကို လုပ်သူမှာ ဝလင်သည်ဟုပင် မရှိခဲ့ပေ။တစ်နေ့သော နံနက်တွင် ချမ်းအေးလှသော ရာသီဥတုကို မီးပုံဖိုပြီး မောင်နှမနှစ်ယောက် အံတုရင်ဆိုင်နေကြစဉ် ခံ့ညားသော ရသေ့အိုကြီးတစ်ပါး သူတို့မောင်နှမနှစ်ယောက်ထံ ရောက်လာသည်။

ရသေ့ကြီးမှ ငယ်ရွယ်လှသော သနားဖွယ် မောင်နှမနှစ်ဦးအား ရွှေရောင်ဝင်းနေသည့် ဆေးလုံး သုံးလုံးပေးကာ မီးဖိုအတွင်းသို့ ဆင်းခိုင်းသည်။ ခုန်ဆင်း လိုက်သောအခါ ငယ်ရွယ်နုပျိုသော လုလင်ပျိုနှင့် လုံမပျိုလေး နှစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
မောင်နှမနှစ်ဦးမှ ရသေ့ကြီးပေးခဲ့သော သုံးမကုန်နိုင်တဲ့ အစွမ်းတွေ၊ ဣဒ္ဓိပါဒ်တန်ခိုးတွေ ရကြပြီး ရသေ့ကြီးအား ပေးခဲ့သော ကတိစကားအတိုင်း

"သာသနာတော်အတွက် လုံ့လ၀ီရိယ စိုက်ကြပေတော့၊ သာသနာတော်ကို ကြည်ညို သူတွေ၊ ဟောဒီ ဇွဲကပင်တောင်ကို ဘုရားဖူး လာကြသူတွေ မှန်သမျှ စီးပွားရေး လာဘ်လာဘ တိုးအောင်၊ ကျန်းမာရွှင် လန်းအောင် မင်းတို့မောင်နှမ စောင့်ရှောက် ရစ်ကြပေတော့"

ဟူသော အမှာစကားအတိုင်း သစ္စာပြုကာ ဇွဲကပင်တောင်တော်နှင့် ဆံတော်ရှင်မြတ်အား စောင့်ရှောက် နေခဲ့ပါသည်။

ဇွဲကပင်တောင်ခြေမှ လွမ်းဆွတ်ကြေကွဲဖွယ်ရာ၊ ဂရုဏာသက်ဖွယ် ဓါတ်နန်းရှင်မောင်နှမ ဓာတ်နန်းရှင် စခန်းမှာ လွန်ခဲ့သောနှစ်ပေါင်း(၅၀)ခန့်က နောင်းအိမ်ဆိုင် ဆရာတော် ဦးကေတု ဦးဆောင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ဇွဲကပင် ဆရာတော် ဦးက၀ိဓဇက ဘုရားဖူးများ အပန်းအဖြစခန်းလည်းဖြစ်၊ သတိရ အောက်မေ့ရာလည်းဖြစ်အောင် ထပ်မံမွမ်းမံ ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
Credit:စစ်မာန်ဟုန်
ငွေအမြဲဝင်စေသော အဆောင်များ page မှကူးယူဖောပြပါသည်

🇯🇵🎌6Days 4Nights Nara/Osaka/Kyoto/Tokyo Trip🎌🇯🇵$1800~~🔹Nara မြို့တွင်ရှိသော ၇၅၂ခုနှစ်ထဲကဆောက်လုပ်ပြီးစီးခဲ့ပြီးဂျပန်နိုင...
12/07/2016

🇯🇵🎌6Days 4Nights Nara/Osaka/Kyoto/Tokyo Trip🎌🇯🇵
$1800~~

🔹Nara မြို့တွင်ရှိသော ၇၅၂ခုနှစ်ထဲကဆောက်လုပ်ပြီးစီးခဲ့ပြီးဂျပန်နိုင်ငံရဲ့နာမည်ကြီးဘုရားကျောင်းတစ်ဖြစ်လဲ Todaiji (Big Buddha)

🔹သမင်လေးများကိုသဘာဝအတိုင်းလွှတ်ထားပြီး အစာကျွေးရင်းဓါတ်ပုံရိုက်နိုင်တဲ့ Nara Deer Park

🔹လွန်ခဲ့သောနှစ်ပေါင်း၄၀၀ကျော်ကတည်းကဆောက်လုပ်ခဲ့သောOsakaမြို့ရဲ့အထင်ကရနေရာ-ရှေးကျတဲ့ဂျပန်စစ်ပွဲအငွေ့အသက်များကိုခံစားနိုင်တဲ့ Osaka Castle

🔹Fuji တောင်ရဲ့ရှုခင်းကိုအပြည့်အဝခံစားနိုင်ရန် Lake Ashi မှာ၁၅မိနစ်ခန့် သဘောင်္စီးရင်းအပန်းဖြေနိုင်တဲ့ဝန်ဆောင်မှု

🔹Tokyo မြို့ပေါ်မှာရှိသောoutlet များထဲမှအကြီးဆုံးOutlet Sell တစ်နေရာ Gotemba Premium Outlet Sell

🔹Tokyo မြို့ပေါ်မှရှေးအကျဆုံး ပွဲတော်ရက်တိုင်းအစည်ကားဆုံးဘုရားကျောင်းတစ်ခု (Asakusa Sensoji & Nakamise)

🔹အပြန်ဈေးဝယ်ထွက်နိုင်ရန်ဆိုင်ခန်းပေါင်း၃၀၀ကျော်ရှိတဲ့ Aeon Shopping Mall

ဂျပန်နိုင်ငံရု့အထင်ကရနေရာအားလုံးရောက်နိုင်တဲ့ package တစ်ခုဖြစ်လို့လက်မလွှတ်သင့်ဘူးနော်....
ခရီးစဉ်အားလုံး နေ/စား/အဆင့်မြင့်ဟိုတယ်/လေယာဉ်ခ အပြီးအစီး

ခရီးစဉ်အသေးစိတ်ကို -09779620446 တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

🔵လေယာဉ်လက်မှတ်ကြောင့်ဈေးနှုန်းအနည်းငယ်ပြောင်းလဲနိုင်ပါသည်။

11/07/2016
🎌Tokyo Disneyland နှင့် Fuji တောင် ၃ညအိပ် ၅ရက်ခရီး 🎌Special Rate $1500 ဂျပန်နိုင်ငံ၏လူနေမှုဘဝကိုလေ့လာရင်းဂျပန်နိုင်ငံရဲ့အ...
07/07/2016

🎌Tokyo Disneyland နှင့် Fuji တောင် ၃ညအိပ် ၅ရက်ခရီး 🎌Special Rate $1500

ဂျပန်နိုင်ငံ၏လူနေမှုဘဝကိုလေ့လာရင်းဂျပန်နိုင်ငံရဲ့အထင်ကရနေရာတစ်ခုဖြစ်သောမီးတောင်တစ်ဖြစ်လည်းဖူဂျီတောင်ပေါ်တက်ရင်းဂျပန်ရိုးရာအစာအစာများကိုလည်းမြည်းစမ်းကြည့်နိုင်ပါတယ်။
Tokyo Dineyland တွင်ချစ်စရာကာတွန်းဇာတ်ကောင်များနှင့်ဓါတ်ပုံရိုက်ရင်းရင်သတ်ရှုမောစရာရှုခင်း/အဆောက်အဦးများနှင့်ကစားစရာများလည်းစီးနိုင်ပါတယ်။
Customerများအစဉ်ပြေစေရန်နှင့်တနေရာနှင့်တနေရာခရီးကြန့်ကြာမှုမရှိစေရန် Private Car ဖြင့်သာသွားပါမည်။

လေယာဉ်လက်မှတ်ပေါ်မူတည်သဖြင့်ဈေးနှုန်းမှာအနည်းငယ်ပြောင်းလဲနိုင်ပါသည်။

🏢အဆင့်မြင့်Hotel တွင်သာတည်းပါမည်။

နေ/စား/တည်း/transportation/guide အပြီးအစီးငြိမ်း

2 .7.16 Mandaly ခရီးစဉ်ကိုThe Glory Queen Travel & Tours နှင့်လိုက်ပါအားပေးကြသော မိတ်ဆွေသစ်များကို ကျွန်တော်တို့The glor...
04/07/2016

2 .7.16 Mandaly ခရီးစဉ်ကိုThe Glory Queen Travel & Tours နှင့်လိုက်ပါအားပေးကြသော မိတ်ဆွေသစ်များကို ကျွန်တော်တို့The glory queen မှလှိုက်လည်းစွာဖြင့် အထူးကျေးဇူးတင်ရှိပါသည်.....

30/06/2016

ဥရောပတိုက်ကိုသွားမလား.. ဒါလေးတွေ သတိထားး

ဥရောပလို့ တွေးလိုက်တာနဲ့ လည်ပတ်စရာနေရာများပြားပြီး သိပ်ကို လှပတဲ့ရူခင်းတွေ ရဲတိုက်ကြီးတွေ ရှေးခေတ်အဆောက်အဦးတွေ အနုပညာ လက်ရာတွေ နဲ့တူတူ သိပ်ကို အေးဆေး ပြီး ပညာရှင်ဆန် နူးညံပြီး လူကြီး လူကောင်းဆန်ကြတဲ့ ဥရောပတိုက်သားတွေ အကြောင်းရယ် ရာဇဝတ်မူတွေမရှိသလောက်ရှားပါးပြီး ငြိမ်းချမ်းမူ တွေနဲ့ လှပနေမယ့် မြို့တွေ အကြောင်း ကို တွေးမိကြမှာပါ.. ကိုယ်ကိုတိုင်လဲ ဥရောပ ကိုမရောက် ဖူးခင်ကတော့ အရမ်းစိတ်လူပ်ရှားပြီး ကမ္ဘာကြီးရဲ့ တစ်ဘက်ခြမ်းက ကိုယ်တွေနဲ့ လုံးစုံ ကွဲပြားနေတဲ့ နိဗ္ဗာန် ဘုံလေးကို ရူးသွပ်နေခဲ့တာပေါ့ .. အနွေးထည်ထူထူတွေ ဝတ်.. မာဖလာ တွေ တလွင့်လွင့်နဲ့ လည်ရှည် ဖိနပ်ကြီးတွေ စီးပြီး အီတလီ brand အိတ်တွေ ချက်ချက်းဝယ် ချက်ချင်း ကိုင်ပြီး စတိုင်တွေ ထုတ်မယ်ပေါ့ ..
စတိုင်း အရမ်းမိုက်နေမယ့် ဥရောပတိုက်သားလေးတွေ ကိုလိုက်ကြည့်ပြီး စိတ်ကူးတွေ ယဉ်နေမယ်ပေါ့.. မသွားခင် ဥရောပ အကြောင်း ရေးထားတဲ့ blog တွေ website တွေ အသေကြေ ဖတ်တော့ မှပဲ တိုးရစ်တွေအတွက် ခါးပိုက်နိုက် အကြောင်းတွေကို တော်တော်လေးကို စောင်းပေး ပြီးရေးထားတာ တွေ့တော့ နည်းနည်း လန့်လာတယ်.. ဧည့်သည်တွေကိုလဲ သေချာမှာပေါ့ .. ပိုက်ဆံအိတ်.. Passport တွေ ဘာတွေကို သေချာဂရုစိုက်ဖို့ .. ဟိုရောက်မှ ပဲ သူတို့ local guide ရဲ့ သတိပေး မူ တလှေကြီး ကြားမှ ကိုယ်ဟာ ဥစ္စာရူး တစ်ယောက် ဖြစ်သွားတော့တယ်.. စတိုင်လဲ ဓါတ်ပုံရိုက်ချိန် တချိန်သာ ထုတ်ပြီး ဘေးကပ်လာတဲ့ လူတွေကို ကြည့်ရ ဧည့်သည်တွေကိုကြည့်ရနဲ့ ဂနာမငြိမ် ဖြစ်နေတော့တာပေါ့ .. ကိုယ်တွေ Asia မှာခရီးသွားရင်တောင် အဲ့လောက် ဂရုမစိုက်စရာ မလိုဘူး :( တစ်ကယ့်ကို သူပြောတာတွေ မလွန်ဘူးဆိုတာကို ကိုယ်တိုင် အခေါက်ခေါက် အခါခါ သွားပြီးမှ သိလာတော့တယ်.. ကဲ ဒီတော့ ဥရောပကို ခရီးသွားမယ့် လူတွေအတွက် ဥရောပကို အကျည်းတန်စေတဲ့ အလစ်သုတ်ခါးပိုက်နှိုက်များ အကြောင်းကိုဖောက်သည်ချပါတော့မယ်..

နှစ်စဉ်နှစ်တိုင်း ခရီးသွားပေါင်းများစွာဟာ ခါးပိုက်နှိုက်များရဲ့ သားကောင်အဖြစ် ကြုံတွေ့နေရပေမယ့် သတိထားရမယ့် အချက်တွေကို လိုက်နာမယ်ဆိုရင်တော့ သိပ်စိတပူစရာ မလိုပါဘူး။
ဥရောပမှာရှိတဲ့ ခါးပိုက်နှိုက်အပေါများဆုံး မြို့တွေရောက်ရင် သတိထားနိုင်ဖို့ ဒီမှာ အစဉ်လိုက်ရေးပေးလိုက်တယ်...
Barcelona (စပိန်)
Rome (အီတလီ)
Paris (ပြင်သစ်)
Madrid (စပိန်)
Athens (ဂရိ)
Lisbon (ပေါ်တူဂီ)
Florence (အီတလီ)
London (အင်္ဂလန်)
Amsterdam (နယ်သာလန်)

ဒါပေမယ့် ခါးပိုက်နှိုက်တွေကို မြို့ကြီးတွေမှာပဲ ရှိတယ်လို့ မထင်ပါနင်ငံခြားသား ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ မြို့တိုင်းလိုလိုမှာ ရှိတတ်ပါတယ်..

ခါးပိုက်နှိုက်တွေက ဘယ်သူတွေလဲ
လူအများမထင်ထားတဲ့အချက်ကတော့ ခါးပိုက်နှိုက်အများစုဟာ ၁၀နှစ်မှ ၁၆နှစ်အထိ ငယ်ရွယ်တဲ့ကောင်လေး ကောင်မလေးတွေ ဖြစ်နေတတ်ပါတယ်.. ခရီးသွားအများစုဟာလည်း ဒီကလေးတွေကို သူတို့ပစ္စည်းတွေ ခိုးယူမယ့်သူတွေအဖြစ် သံသယမရှိကြပါဘူး..နောက်တမျိုးကတော့ ကောင်းကောင်းမွန်မွန် ၀တ်စားထားလေ့ရှိပါတယ် ဒါဟာလည်းသင်သံသယ မဖြစ်အောင်လုပ်နည်း တမျိုးပါပဲ.. တခါတလေ သူတို့တွေဟာ အုပ်စုလိုက် လှုပ်ရှားလေ့ရှိပါတယ်.. တယောက် ဒါမှမဟုတ် နှစ်ယောက်က သင့်ကို စိတ်ရှုပ်အောင် လုပ်ပါလိမ့်မယ်.. ကျန်တယောက်က သင်ပစ္စည်းကို ရယူဖို့ကြိုးစားပါလိမ့်မယ်.. အကယ်၍ သင်သာသိသွားလိမ့်မယ်ဆိုရင်တော့ သူတို့ဟာ ပစ္စည်းကို တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းပြီး ထွက်ပြေးသွားကြပါလိမ့်မယ်.. ဒါမှလိုက်လို့မမှီနိုင်အောင်ပေါ့..

ခါးပိုက်နှိုက်များရှိတတ်သောနေရာများ
နိုင်ငံခြားသား အများအပြားရောက်ရှိသောနေရာများ
ဥပမာ-ပြင်သစ်နိုင်ငံမှ အီဖယ်မျှော်စင် လိုနေရာ မှာဆိုရင် အပေါ်တက်ဖို့ တန်းစီနေတဲ့ လူအုပ်ကြီးကြားမှာ နောက်ပီး အဲ့ဒီမှာ ဆိုရင် ခရီးသွားများတော်တော် များများက ပတ်ဝန်းကျင်ကို ကြည့်ရှူလေ့လာဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ ကိုပဲ စိတ်ဝင်တစားရှိကြတဲ့အတွက် လှုပ်ရှားဖို့ အကောင်းဆုံး နေရာပဲ.. ဈေးရောင်းနေကြတဲ့ အမဲကောင်တွေဟာလဲ အုတ်လိုက် ချဉ်းကပ်လာပြီး ဈေးဆစ်ရင်း ပိုက်ဆံအိတ်ဖွင့်ရင်းလဲ အနိုက်ခံရတတ်တယ်.. ဖြစ်နိုင်ရင် အဲ့ဒီနေရာတွေမှာ လုံးဝ ပိုက်ဆံ အိတ်ကို မဖွင့်တာ အကောင်းဆုံးပါပဲ..

အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးနေရာများ
မြေအောက်ရထား၊မြို့တွင်ဘက်စ်ကားများဟာလည်း၊သတိထားရမယ့် နေရာများလည်းဖြစ်တယ်.. သူတို့တွေက အထူးသဖြင့် ပိုမိုလူရှုပ်တဲ့နေရာများကို ပစ်မှတ်ထားကြပါတယ်။
ပြတိုက်များ
ပြတိုက်ဝင်ကြေးပေးဆောင်ရပေမယ့်လည်း ခါးပိုက်နှိုက်များဟာ ခရီးသွားဧည့်သည် အသွင်ရောနှောဝင်ရောက်တတ်ကြပါသေးတယ်.. ဒီလိုချိန်တွေဆို သူတို့ရဲ့ နွေရာသီချိန် ဖြစ်ပြီး ခရီးသွား ဝင်ရောက်မူအများဆုံးကာလတွေမို့ ပြတိုက်တွေ နန်းတော်တွေဟာ တိုးမပေါက်အောင် များပြီး ရေကျော် ပွဲဈေး တိုးရသလို ဖြစ်နေလို့ ဒင်းတို့တွေအတွက်က မဟာ အခွင့်အရေးပါပဲ .. ဧည့်သည်များဟာ ပြတိုက်အတွင်း စိတ်ဝင်တစားကြည့်ရှူလေ့လာနေကြပြီဆိုရင်တော့ စတင်လှုပ်ရှားလေ့ရှိကြပါတော့တယ်..
ဘူတာရုံများ
ဘူတာရုံများဟာ ကြီးမားကျယ်ပြန့်ပြီး လူရှုပ်လေ့ရှိပါတယ်။ခရီးသွားတွေဟာလည်းအထုတ်အပိုးများစွာနဲ့ အလုပ်ရှုပ်နေတတ်ကြပါတယ်။ဒါဟာ ခါးပိုက်နှိုက်တွေ အကြိုက်ဆုံးနေရာပါပဲ.. များသောအားဖြင့်ပဲရစ် ကဘူတာ တွေမှာ သတိထားရမှာပါ..
စားသောက်ဆိုင်များ
လူအများစုဟာ အစားအသောက်စားနေချိန်မှာ ၀န်စည်စလွယ်တွေ ပိုက်ဆံအိတ်တွေကို ခုံနောက်မှာ၊ခုံအောက်မှာ လက်ကိုင်ဖုန်းတွေကို စားပွဲပေါ်မှာ ထားပြီး စိတ်လွတ်လက်လွတ် စားတတ်ကြပါတယ်.. အထူးသဖြင့် မြို့ကြီးတွေရဲ့ square တွေမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေမှာ ဘီယာအေးဆေးထိုင်သောက် ဖုန်းလေးကို စားပွဲပေါ်တင် ပိုက်ဆံအိတ်လေး ဘေးမှာ ချ ထား ဟိုဒီငေးနေပီဆိုရင်တော့ ပါသွားပြီသာမှတ်ပေတော့...
ရွေ့လျားစက်လှေကား
ရွေ့လျားစက်လှေကားတွေဟာလည်းခါးပိုက်နှီုက်များ လှုပ်ရှားရာနေရာပဲ ဖြစ်ပါတယ်။ပစ်မှတ်ထားသူရဲ့အရှေ့မှာ လူနှစ်ယောက်လောက်နဲ့ အနောက်ဘက်မှာ လူနှစ်ယောက် လောက်ကနေရာယူထားတတ်ကြပါတယ်...စက်လှေကားအဆုံးနားရောက်ခါနီးမှာ ထိပ်ဆုံးမှာရှိတဲ့လူတယောက်က ရပ်လိုက်ပြီးလူတွေထပ်ခါရှုပ်ထွေးသွားအောင်ပြုလုပ်ပါလိမ့်မယ်.. ဒီအချိန်မှာ အနောက်မှလူက ခါးပိုက်နှိုက်ဖို့ကြိုးစား ပါတော့တယ်။အကယ်၍ သင်သိသွားခဲ့လျှင် ပစ္စည်းကို ဆန့်ကျင်ဘက်ဖက်စက်လှေကားမှာ ရှိနေတဲ့နောက် အဖော် တစ်ယောက်ကို လက်ဆင့်ကမ်းပါတယ်...
အိတ်ကိုဓားနဲ့ခွဲခြင်း
အချို့ခါးပိုက်နှိုက်တွေဟာ သင့်အိတ်ကို တစ်ကူးတစ်ကဖွင့်ဖို့ မကြ်ုးစားကြတော့ပါဘူး....အလွယ်တကူပဲဓားနဲ့ခွဲပြီးသင့်ပစ္စည်းကို ယူသွားပါလိမ့်မယ်..,
လမ်းဘေးဖျော်ဖြေပွဲများ
ဥရောပရဲ့ လမ်းဘေးဖျော်ဖြေပွဲတွေဟာ တော်တော်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်..ခရီးသွားတွေ တိုးဝေ့ကြည့်နေတတ်ကြပြီး ကိုယ်ဟာလဲ စိတ်လွတ်ကိုယ်လွတ် ငေးနေပီဆိုရင်တော့ သူတို့အတွက် အကွက်ကောင်းပါပဲ

အယောင်ဆောင်ရန်ဖြစ်မှုများ
တခါတခါကျရင် ခရီးသွားဧည့်သည်တွေရဲ့ အနီးအနားလူအုပ်စုတစ်စုဟာ ရန်ဖြစ်ချင်ယောင်ဆောင်ကြပါလိမ့်မယ်..သည်အချိန်မှာ အခြားတစ်ယောက်ကခါးပိုက်နှိုက်ဖို့ကြိုးစားကြပါလိမ့်မယ်..

ရထားအတက်အဆင်းများ
ကိုယ့်ဟာကိုယ် သွားတဲ့ FIT တွေအတွက် အထူးသတိထားရမှာပါ.. ရထားဆိုက်ပြီးတိုးဝင်ချိန်မှာ ပစ်မှတ်ထားတဲ့လူနားမှာရှိတတ်ကြပါတယ်..ရထားဆိုက်ပြီးတိုးဝင်ချိန်မှာပစ်မှတ်ကိုတွန်းတိုက်တိုးဝှေ့တက်ပြီးရထားပေါ်တက်ဖို့ကြိုးစားရင်းခါးပိုက်နှိုက်ပါတယ်.. ပြီးရင်တံခါးမပိတ်ခင်မှာ အလျှင်အမြန်ပြန်ဆင်းသွားကြပါတယ်...

အိတ်ကူသယ်ပေးသူများ
ဘူတာရုံအချို့မှာလှေကားထစ်များကို အတက်အဆင်းလုပ်ရတတ်ပါတယ်..သည်အခါမျိုးမှာ သင့်အိတ်ကို ကူသယ်ပေးပါမယ်.. ပြီးရင်အစောင့်အရှောက်မရှိချိန် လူပျက်ချိန်မျိုးမှာ အလစ်သုတ်လေ့ရှိပါတယ်..ဘယ်သူ့ကိုမှ မယုံပါနဲ့..

ခါးပိုက်နှိုက်များသုံးလေ့ရှိသောနည်းလမ်းများ

ပရဟိတအလှူခံများ ပြင်သစ်မှာတော့အများဆုံးသုံးတဲ့နည်းလမ်းပါ.. ဆွံ့အနားမကြားအမျိုးသမီးငယ်လေးများဟာ သင့်ဆီလာပြီးအလှူခံပါလိမ့်မည်.. ပြီးရင် လက်မှတ်ထိုးခိုင်းပါလိမ့်မည်.. တကယ်တော့ အလှူခံတာဟာ အတုအယောင်ပါ..သင်လက်မှတ်ထိုးဖို့စာရွက်ကိုထုတ်ပြီး အလုပ်ရှုပ်နေချိန်မှာ ခါးပိုက်နှိုက်ဖို့ကြိုးစားကြပါလိမ့်မယ်..

ဘယ်သူတွေကပစ်မှတ်လဲ
လူတိုင်းဟာ ခါးပိုက်နှိုက်တွေရဲ့ ပစ်မှတ်အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်... ဒါပေမယ့် သူတို့ဟာ လွယ်ကူဆုံးသူတွေကိုပဲအရင်ဆုံးပစ်မှတ်ထားတတ်ကြပါတယ်..
ခရီးသွားဧည့်သည်များ
ခါးပိုက်နှိုက်တွေရဲ့အမြင်မှာ သင်ဟာခရီးသွားဧည့်သည်ပုံဆိုရင်တော့ သင်ဟာအလိုအလျောက်ပစ်မှတ်ဖြစ်သွားပါပြီ...
အိတ်အများအပြားနဲ့လူတွေ
သင်ဟာ ခရီးဆောင်အိတ်တစ်ဖတ်တစ်ချက်စီနဲ့ကျောပိုးအိတ် နဲ့ဆိုရင်တော့ ခါပိုက်နှိုက်တွေအတွက် ပစ်မှတ်ဖြစ်ချင်စရာပါပဲ
အာရှသားများ
အာရှသားများအထူးသဖြင့် တရုတ်လူမျိုးတွေဟာ ခါးပိုက်နှိုက်တွေအတွက် ရွေးချယ်စရာ အကောင်းဆုံးတွေပါပဲ.. ခရီးသွားတဲ့ တရုတ်တွေဟာ ချမိးသာကြပါတယ်.. တရုတ်နိုင်ငံသား အများအပြားဟာ ကတ်တွေမသုံးကြပါဘူး ဒါကြောင့် သူတို့ဟာ ပိုက်ဆံအများအပြားကိုသယ်ပြီး ခရီးသွားလေ့ရှိပါတယ်..ဒါကို သူတို့လည်းကောင်းကောင်းသိပါတယ်.. ဖြစ်နိင်ရင် တရုတ် အုပ်စု နောက်က ကပ်မလိုက်ပါနဲ့ .. သူတို့နဲ့ရော ပြီး သင်ပါ ပစ်မှတ်ဖြစ်သွားနိုင်ပါတယ်..

ခါးပိုက်နှိုက်ရန်ကဘယ်လိုကာကွယ်မလဲ

သင်သယ်မသွားနိုင်တဲ့အရာတွေကို အလစ်မသုတ်နိုင်ပါဘူး ဒါကြောင့် သင်လိုအပ်သလောက်ပစ္စည်းနဲ့ ငွေကြေးကိုပဲသယ်ဆောင်သွားသင့်ပါတယ်..ငွေသားကိုအများကြီးမသယ်သွားသင့်ပါဘူး.. visa , master card တွေ လုပ်သွားပါ.. အခုဆို လုပ်ရတာအရမ်းလွယ်ကူနေပါပြီ.. ဟိုမှာ ပိုက်ဆံကုန်သွားရင်လဲ ဒီကနေ လှမ်းထည့်ပေးလို့ရပါတယ်... နောက်ပြီး တချို့ shopping တွေဆို euro 1000 ဖိုးလောက်အထိပဲ cash နဲ့ဝယ်လို့ရလို့ card လုပ်သွားတာလျင် အကောင်းဆုံးပါပဲ..
euro ငွေ အကြွေလေးတွေ လဲသွားပါလမ်းဘေး မုန်ဝယ်စား ရေဝယ်သောက်ဖို့အတွက် ၁၀၀ တန် ၂၀၀ တန်တွေ ခနခန လူမြင်ခံလို့မကောင်းပါဘူး..
သင့်ရဲ့အိတ်တွေကို အသေအချာ သော့ခတ် ဇစ်ပိတ်ထားပါ..
အမျိုးသားများဟာ ပိုက်ဆံအိတ် များကိုဘောင်းဘီအရှေ့အိတ်မှာထားရပါမယ်..
သင့်ရဲ့ဖုန်းကို စားပွဲပေါ်လုံးဝ လုံးဝ မထားခဲ့ပါနဲ့
သင့်ရဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာများကို မတူညီတဲ့အိတ်များထဲမှာခွဲထည့်ထားပါ..
အမျိုးသမီးများ အိတ်ကိုတစောင်းလွယ်ပြီး ရှေ့ဘက်မှာထားပါ..
Passport ပထမစာမျက်နှာကို ဖုန်းနဲ့ ဓါတ်ပုံရိုက်ထားပါ.. ဗီဇာ စာမျက်နှာကိုလဲ ဓါတ်ပုံရိုက်ထားပါ.. ဈေးဝယ် ပြီး tax refund ပြုလုပ်တဲ့အခါ ..ခနခန passport ထုတ်ရခြင်းမှ ကင်းဝေးအောင်ပါ....

ဥရောပကိုခရီးသွားခြင်းဟာ အံ့သြဖွယ်အခွင့်အရေးတစ်ခုပါ.. ဒါကို ခါးပိုက်နှိုက်တွေကြောင့် စိတ်အနှောက်အယှက်မခံရအောင် သတိထားပြီး ကာကွယ်နိုင်ကြပါစေ..

MZ I love travelling post မှကူးယူဖော်ပြပေးပါသည်

ကျိုက်ထီးရိုးစေတီတော်တွင် သတ်မှတ်ချက်ထက် ပိုဆောက်ထားသော ရိုးရိုးလေး တည်းခိုခန်းပေါင်း ၁၀၆ခန်းရှိ၊ အဆိုပါ အခန်းများအား ယေ...
30/06/2016

ကျိုက်ထီးရိုးစေတီတော်တွင် သတ်မှတ်ချက်ထက် ပိုဆောက်ထားသော ရိုးရိုးလေး တည်းခိုခန်းပေါင်း ၁၀၆ခန်းရှိ၊ အဆိုပါ အခန်းများအား ယနေ့မှစပြီး တစ်လအတွင်း လုပ်ငန်းမရပ်နားပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောဆိုလိုက်ပါတယ်။
သတင်း အပြည့်အစုံကို www.mizzimaburmese.com တွင် ဆက်လက်ဖော်ပြသွားပါမည်။
#မဇ္ဈိမ

NEWS FLASH: "ငြိမ်းချမ်းရေး'' အမွေအနှစ်ထားခဲ့ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့ကလေးမြန်မာနိုင်ငံ အတွင်း ကမ္ဘာလှည့် ခရီးသည်တွေ အလာ ရောက်ဆုံးမြို့တွေထဲမှာ နံပါတ် ၄ ချိတ်...
29/06/2016

ရှမ်းပြည် မြောက်ပိုင်း သီပေါမြို့ကလေး

မြန်မာနိုင်ငံ အတွင်း ကမ္ဘာလှည့် ခရီးသည်တွေ
အလာ ရောက်ဆုံးမြို့တွေထဲမှာ နံပါတ် ၄ ချိတ်တဲ့မြို့။

လည်ပတ် စရာ နဲ့ သဘာဝကျ တဲ့
အလှ နဲ့ ညှို့ချက်ပြင်း တဲ့မြို့လေးပါ ။

ဘော်ကြိုဘုရား၊ ဟော်နန်း၊
တောတွင်း လမ်းလျှောက်၊ ရေတံခွန်တွေ၊
လှေခရီး စဉ်တွေ နဲ့ နာမည် ကျော်တဲ့မြို့လေးပါ ။

ဟော်နန်း ဆိုပေမဲ့ ဒါက ဟော်နန်း
အစစ်တော့ မဟုတ်ပါဘူး တစ်ကယ့် ဟော်နန်း
တော်ကြီးက ဒုတိယ ကမ္ဘာစစ် အတွင်းက ပျက်စီးသွားပါပြီ ၊။

လက် ရှိ ကျန်နေခဲ့တဲ့ နောက်ဆုံး
စော်ဘွား အိမ်ရှေ့စံ ဘဝ နဲ့ နေစဉ် က အိမ်တော်ပါ ။

ရှမ်း လူမျိုးတို့ ရဲ့ လွမ်းမော ဘွယ်ဇါတ်လမ်း
နဲ့ သမိုင်း အတိတ်ကို ထင် ဟတ် နေဆဲပါ၊၊။

ပုံထဲက နေရာလေးက မြစ်ဆုံ နမ္မတူမြစ် နဲ့ နတ်မ
မြစ်ဆုံရာ၊ ဒုဋ္ဌဝတီမြစ်ကို မွေးဖွားရာ နေရာ လေးပါ။

အဲ့နေရာမှာ ကျောက်ထစ် လေးတွေရှိတယ် ။

ရေတံခွန် အသေး
လေးတွေ ကျောက်တန်း လေးတွေ နဲ့ ပေါ့ ။

ရေက ကြည်လိုက်တာမှ
အောက်ခြေ ထိမြင်ရတယ်။ ခုချိန်မို့လှတာ။

မိုးတွင်း ရေတက် နေချိန်ဆို
ကျောက်တန်း တွေမမြင်ရဘူး။ သာမန်မြစ်တစ်ခုပဲ။

သီပေါကနေ တစ်နာရီကြာ လှေစီးသွားရင်
ရောက်ပါတယ် .. Foreigners တွေ
သဘောကျတဲ့ သီပေါက boat trip လေးပေါ့။

# credit ...
ပုံပိုင်ရှင်များ အားလုံးကို ကျေးဇူး တင်ပါတယ် ။

ခင်မင် လေးစား စွာဖြင့်..
Nan....(͡° ͜ʖ ͡°)(͡° ͜ʖ ͡°)(͡° ͜ʖ ͡°)(͡° ͜ʖ ͡°)(͡° ͜ʖ ͡°)(͡° ͜ʖ ͡°)
Nan Hla Hla Tin post မှကူးယူဖော်ပြပါသည်

Tiger Air Special Promotion Yangon-Singapore Round Trip -119USDရန်ကုန်-စကာင်္ပူအသွားအပြန်လက်မှတ်119USD ဖြင့်ဝယ်ယူနိုင်ပါသည...
02/06/2016

Tiger Air Special Promotion

Yangon-Singapore
Round Trip -119USD

ရန်ကုန်-စကာင်္ပူအသွားအပြန်လက်မှတ်119USD ဖြင့်ဝယ်ယူနိုင်ပါသည်။

21/05/2016

“ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများ နှင့်
မင်းကွန်းဆရာတော်ဘုရားကြီး၏ အောင်ပဏာမနှင့်
အောင်ဆုတောင်း”
••••••••••••••••••••••••••••••••••••••••••••••••••••••••
“ကဆုန်လပြည့် ဗုဒ္ဓနေ့အကြောင်း သိကောင်းစရာများ”
•••••••••••••••••••••••••••••••••••••••••••••••••••••••••••
(၁)။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏
ထူးခြားချက်မှာ (ဗျာဒိတ်၊ဖွားမြင်၊ဗောဓိပင်၊စံဝင်၊
နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍-
❦ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း၊
❦ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း၊
❦ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း၊
❦ပရိနိဗ္ဗာန်စံတော်မူသောနေ့ဖြစ်ခြင်း၊

ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့်
ဤနေ့ကို “ကဆုန်လပြည့် ဗုဒ္ဓနေ့”ဟု
အမွှမ်းတင် ခေါ်ဆိုကြပါသည်။

(၂)။ ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို
အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို
“ကဆုန်လပြည့် မာရ်အောင်နေ့”အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

(၃)။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို “ဝိဆခ်ဒေး”ဟု
ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

(၄)။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော
နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို
ရေသွန်းလောင်းလေ့ ရှိကြပါသည်။

(၅)။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော
သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

(၆)။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

(၇)။ “အသနဗောဓိယမထေရ်”၏ အလောင်းသည်
တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

(၈)။ “ဂန္ဓောဒကတိဿမထေရ်”၏ အလောင်းသည်
ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

(၉)။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ်
ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား
ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမှုကို
ပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

“မင်းကွန်းဆရာတော်ကြီး၏
အောင်ပဏာမ နှင့် အောင်ဆုတောင်း”
••••••••••••••••••••••••••••••••••••••••••••••••••
“ဇယော ယံ စက္ကပါဒဿ၊
နမော တေ ပုရိသုတ္တမ။
ဇယံ နော တွံ ပဂ္ဂဏှဿု၊
ယာဝ နိဗ္ဗာန ပတ္တိယာ။”
● ပုရိသုတ္တမ = ဗောဓိဆုကြီး၊ ရွယ်တိုင်းပြီးအောင်၊
ရှာမှီးပြုလုပ်၊ ကြိုးအားထုတ်၍၊ ပုရိသုတ္တမ၊
နာမထင်ရှား၊ ရှင်တော်မြတ်ဘုရား။
● အယံ = အကနိဋ္ဌ၊ မိုးမှဗြဟ္မာ၊ အရိယာတို့၊ မင်္ဂလာသျှန္တီ၊
အောင်ခွန်းချီသည့်ဤအခါကာလ၊ ဤသမယသည်ကား။
● စက္ကပါဒဿ၊ = ငါးပါးမာရ်ညွန့်၊ ရန်အဝှန့်ကို၊ မရွံ့မထိတ်၊
ခြင်္သေ့စိတ်ဖြင့်၊ နင်းနှိပ် အံ့ငှာ၊အသင့်ပါသား၊
တစ်ရာ့ရှစ်ကွက်၊ ပြိုးပြိုးပြက်သည့် စက်တော်ခွေရုံ၊
ခြေတော်အစုံရှိတော်မူသော။
● တေ = ရှင်တော်ဘုရား၏၊
● ဇယော = ဇာတိခေတ်ပေါင်း၊တိုက်တစ်သောင်းဝယ်၊
ရိုက်ညောင်းခြိမ့်ညံ၊အောင်ပွဲခံသော၊အခါပါဘုရား။
● နမော = ငါးပါးမာရ်ဟုန်၊ အောင်မြင်ပုံကို၊
အာရုံရှေ့သွား၊ အဦးထား၍၊ ဝပ်တွားရိုကျိုး၊
ရှိခိုးကန်တော့ပါ၏ဘုရား။
● တွံ= ရှင်တော်ဘုရားသည်
● နော = ကဆုန်လပြည့်၊ ဗုဒ္ဓနေ့၌ ချမ်းမြေ့ပူဇာ၊ မင်္ဂလာကို၊
သဒ္ဓါရှေ့ပြေးပြုအံ့ရေးဖြင့်၊စည်းဝေညီမူ၊ ရှိကြပါကုန်သော၊
တပည့်တော်တို့အား။
● ယာဝ နိဗ္ဗာန ပတ္တိယာ= နိဗ္ဗာန်ဟူသည်၊ ဘေးမဲ့ပြည်သို့၊
ကိုယ်စီကိုယ်င ရောက်ဆိုက်ကြသည့်၊ကာလတိုင်အောင်။
● ဇယံ = ဘေးဒဏ်ရန်စွယ်၊အန္တရာယ်ကို လှန်ပယ်နှင်မောင်း၊
အောင်ြမင်ကြောင်းဟုတောင်းသမျှအောင်ဆု၊အစုစုကို။
● ပဂ္ဂဏှဿု =ရွတ်တိုင်းပြီးမြောက်၊ခရီးပေါက်အောင်၊
ချီးမြှောက်သောအား၊ ပေးသနားတော်မူပါအရှင်ဘုရား...။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက မင်းကွန်း
ဆရာတော်ဘုရားကြီး အရှင်ဝိစိတ္တသာရာဘိဝံသ
ရေးသား ပူဇော်တော်မူသော ဂါထာဖြစ်ပါသည်။】
-【အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊
မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ (မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များမှ”-】
Posted by►
www.facebook.com/youngbuddhistassociation.mm

“တရားတော်များ နှင့်
အဆုံးအမများအား Liked/Share
လုပ်ခြင်းဖြင့် ဓမ္မဒါနကုသိုလ်
ယူနိုင်ပါသည်။”

12/05/2016

💛💛ချစ်ရလေသောေ သာဂေါရန် ဂျီ💛💛💛
☺☺☺အပိုင်း၂☺☺☺

မေး = Home stayကဘယ်လိုလည်း???🏠🏠🏠
ဖြေ= အိမ် တစ်အိမ် ဒါမှမဟုတ် ရွာထည်းက အိမ်တစ်အိမ်မှာ စုပေါင်းပြီနေကြတာ စားတာကတော့အိမ်ရှင်ကိုချက်ကျွေးခိုင်းရတာပေါ့ အိမ်သာ ရေချိုးခန်းလည်း ရွာပုံစံပေါ့
မေး = ပင်လယ်စာ ကော ပေါလား.??🐋🐟🐙🐚🐌🐠
ဖြေ=ဂေါရန်ဂျီ ကထွက်တဲ့ ရေထွက်ပစ္စည်းတွေကို တခြားဈေးကွက်ဝယ်လိုအားများတဲ့နေရာတွေကိုပို့တည် ဘာဖြစ်လို့ဆိုလည်းဆိုတော့ ဂေါရန်ဂျီ မှာ ဈေးကွက်ဝယ်လိုအားနည်းတည် တနည်းပြာရရင် ဧည့်နည်းတေးတည် ပြီတော့ မီးမရတေးလို့ ရေထွက်ပစ္စည်းတွေကိုလှောင်ထားဖို့ အအေးခန်း ကိုအချိန်ပြည့်မသုံးနိုင်တေးတော့ ပင်လယ်စာတွေကို မလှောင်ထားနိုင်ဘူး
ရေသေရက်ဆို ပင်လယ်စာ အရနည်းပြီ ရေရှင်ရက်ဆို ပင်လယ်စာ အရများတည်
မေး =သွားရင် ကြိုတင်booking
လုတ်ထားဖို့လိုလား???🏩🏩🏩🏩
ဖြေ =လိုအပ်ပါတည်; နေရေး ထိုင်ရေး သွားရေးလာရေး စားရေးသောက်ရေးတွေကအားလုံးမှာအကန့်သက်တွေ နဲ့မလို့ပါ တခြားဖွင့်ဖြိုးပြီးနေရာတွေလိုလိုအပ်တာတွေကိုလွယ်တကူမရပါဘူး။အစီစဉ် အသေ ခြာမရှိဘဲနဲ့သွားရင် ကံကောင်းရင် အဆင်ပေပြီး ကံမကောင်းရင် အစစအရာရာ အခက်ခဲကြုံနိုင်ပါတည် အဲ့သည့်အခါကျရင် ခရီးကပန်း ထားတဲ့အရှိန်နဲ့ ကမ်းခြရောက်ပြီး အဆင်မပြေတာနဲ့ ဆို သဘာဝကပေးထားတဲ့ အလှအပတွေကိုခံစားချင်စိတ် ပျောက်ပြီး ငါလာတာမှားပြီဆိုတဲ့စိတ်ဖြစ်မိရော😕😕😕
မေး = ဒါဆို ဘယ်လိုမျိုးရွေးချယ်သင့်လည်း📑📑📑
ဖြေ= မိမိ ကို သက်တောင့်သက်သာနဲ့ တစ်ကယ့်ကို အစဉ်ပြေပြေ serviceပေးနိုင်မည့် Travel agent တွေကိုရွေးချယ်သင့်ပါတည်🔭🔭🔭🔭🔭🔭🎒👠👠
မေး= ပင်လယ်ကမ်းခြေ ရဲ့အလှ နဲ့ လှိုင်းတွေအကြောင်းရှင်ပြပေးပါအုံး🏊🏊🏊🏊🏊🌊🌊🌊🌊🌊
ဖြေ = ဟုတ်ကဲ့ပါ ဂေါရန်ဂျီကျွန်းက ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက် သဘဝကပေးထားတဲ့ တန်ဖိုးမမြတ်နိုင်တဲ့လက်ဆာင်တစ်ခုပါ ပင်လယ်ကမ်းခြေတစ်ခုရဲ့ ကောင်းချင်း အချက်လက်တွေနဲ့ပြည့်စုံနေပါတည် ။လေကားထစ် ၄၀၀ ကျော်ရှိတဲ့ မြဝတီ စေတီပါကနေ ပင်လယ်ပြင်ကြီးကိုကြည့်မည်ဆိုရင် ပင်လယ်ပြင်ကိုနှစ်ဖက်မြင်တွေ့ရတဲ့မြင်ကွင်းက ဘယ်ပန်ချီရေးလို့မမှီပါဘဲ နောက်ပြီး တောင်ပေါကနေ ညနေစောင်းမှာ ပင်လယ်ပြင်ကြီးထည်းကို နေလုံးကြီးဝင်သွားတဲ့နေဝင်ဆည်းစာအလှကြည့်ရတာကလည်း ရင်ကိုထိစေပါတည် ။ဒီနေရာမှာတစ်ခုပြောချင်တာက ဘုရားပေါ ညနေစောင်း မှတက်သာအကောင်းဆုံးပါ
ကျွေချိုင်ကမ်းခြေက ရေစော့လိုကောင်းပါတည် လှိုင်းစီးလို့လည်းကောင်းတည် လှိုင်းကဆွဲလှိုင်းမဟုတ်ဘဲ ကမ်းခြေကိုပြန်ပို့ပေးတဲ့လှိုင်းအမျိုးစားဖြစ်တဲ့အတွက်အန္တရာယ်ကင်းပါတည် 🏄🏃🏊⚽
မေး = ကမ်းခြေက ရုတ်တရက်နက်ဆင်းသွားတာမျိုးရှိလား???😱😱😱😱
ဖြေ=ကမ်းခြေက ကလွန်ရှေလျှားတာကြောင့် အားလုံးအနေထားကိုမသိပါ ဒါပေမဲ့ ဒေသခံတွေပြာကြားချက်အရတော့ အန္တရာယ်မရှိဘူးလို့တော့သိရတည်☺☺☺☺
မေး= ဘယ်နေရာတွေမှာ ရေငုံလို့အကောင်ဆုံးလည်း???
ဖြေ= ပုဂံ သိုက် 🚤⛵🚣🏊🏄ခရုကျွန်း ဂေါရန်ဂျီ ဘက်တွေမှာ အကောင်းဆုံးပေါ့ ရေကြည်ချက်နဲ့ ရှု့ခင်း အလှတွေကတော့ 9 ကျော်တည်🙌🙌🙌👬👪
မေး = ဘာတွေရှောင်ရမလည်း?.???❎❎❎❎
ဖြေ =ကုန်းပေါမှာဆိုရင် ဒေသခံတွေ စိုက်ပျိုးထားတဲ့ အသီးအနှံ တွေနဲ့ ဒေသခံတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကိုပိုင်ရှင်ခွင့်ပြုချက်မရဘဲမယူပါနဲ့🌿🌿🌽🌽🌻🌽🍁🌳
ကမ်းခြမှာဆိုရင် အေ ရးကြီးဆုံးက ကမ်းခြရဲ့အလှတရားတွေကိုဖျက်စီးပစ်မဲ့ အမိုက်သရိုက်များကိုမထားပစ်ခဲ့ပါနှင့်(ကျွပ်ကျွက်အိပ် ဘီယာဘူခွံ တစ်ခါသုန်း ဖေါ့ဘူး အမျိးမျိုး) 🚯🚯🚯🚯🚯🚯
ရေငုံ့ရင် ပင်လယ်ထည်းက ကျောက်ခက် ကျောက်ပန်း သန္တာကျောက်တန်းတွေကိုမချိုးပါနှင့် တစ်ခါတစ်လေရွာသားတွေလာရောင်းတဲ့ ကျောက်ခက်ကျောက်ပန်းတွေကိုလည်းမဝယ်ပါနဲ့; ဘာလို့လည်းဆိုတော့ ဒါတွေက ကျွန်တော်တို့သားစဉ်မြေးဆက်ထိန်းသိန်းရမည့် မြန်မာ့ရတနာတွေပါ🚮🚮🚯🚯🚫🚫🚫❎❌
မေး= ဆက်သွယ်ရေးပိုင်းကောကောင်းလား???📶📶📶📶📶📶
ဖြေ=MPT နဲ့ ကမ်းရိုတန်း ဖုန်းတွေဘဲသုံးလို့ရတည် MPT internat ကောင်းချက်က 9 ကျေိာတည်📶📶📶📶
မေး=မသွားခင် ဘာတွေပြင်ဆင်ရမလည်း????🚌🚌🚌🚌🚌🚌
ဖြေ; = ဦးထုတ် သို့မဟုတ်ထီး 👒👒👒🎩🎩🌂🌂🌂
မိမိအမြဲအသုန်းပြုနေတဲ့ ဆေးဝါး
Sun block
ကမ်းခြေစီးဖိနပ်
နေကာမျက်မှန်
Camrea ကောင်းကောင်း
ဖုန်းအားသွင်းရန် power bank
မေး = ဂေါရန်ဂျီကိုသွားလည်မည်ဆိုရင် broတို့နဲ့ဆက်သွယ်လို့ရပါလား💌💌💌
ဖြေ   = ဟုတ်ကဲ့ ကျွန်တော်တို့ The glory queen travel &tours က( Ministry of Hotel and Tourism)အသိမှတ်ပြု ထုတ်ပေးထား တဲ့ လိုက်စဉ် ရ company တစ်ခုဖြစ်တာကြောင့် စိတ်ချစွာဖြင့်ဆက်သွယ်လို့ရပါတည်👪👪👪👪👪
မေး =bro အရေးကြီးဆုံပြောကြားချင်တာကဘာပါ
လည်း???😊😊😊😊😊
ဖြေ = ဂေါရန်ဂျီ ကမ်းခြ သည် ယခုမှ ဖွင့်ဖြိုးဆဲ ကမ်းခြေတစ်ခုဖြစ်တာကြောင့် မသွားခင် သေခြာစွာပြင်ဆင်ပါ agency များနှင့်သွားရင်လည်း အသေချာမေးပါ မိမိ တို့ ရဲ့ ခရီးစဉ် ရေးဆွဲတာ အားနည်းမှု့ကြော င့် ဂေါရန်ဂျီ ရဲ့ပုံရိပ်ကိုမထိ ခိုက်ပါစေနဲ့ 🙏🙏🙏🙏🙏
မေး=bro တို့ကို ဆက်သွယ်လို့ရမည့်phone လေးပေးပါလား?????
ဖြေ=ဟုတ်ကဲ့ပါ; 0973222819 09779620446 ကျေးဇူးတင်ပါတည် 🏊🏊🏊🏊🏊🏊🏊🏊🏄🏄🏄🏄⚽⚽⚽🐳🐳🐳🐋🐟🐡🐙🐬🐚🐌🍵🍸🍹🍷🍻🌊🌊🌊🌊

Address

Yangon
123

Alerts

Be the first to know and let us send you an email when The Glory Queen Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Category